Switch Mode

Chapter – 144

အနိုင်ရခြင်း

Chapter – 144 အနိုင်ရခြင်း

ချန်ရှန် မတ်တပ်ရပ်ကာ သူ၏ခါးကို ဆွဲလိုက်တယ် ၊ ဆေးဆရာမကြီးအား ကြည့်ကာ နေပါတယ် ။ အဘယ် ကြောင့် ဆိုသော် သူဆေးလုပ်ပုံ အစအဆုံးအား ဆေးဆ ရာမကြီး မြင်တွေ့ ပြီးဖြစ်တယ့် အတွက် သက်သေခံခိုင်း ခြင်းပါပဲ ။
ဆေးပြုလုပ်ခြင်း လုပ်ငန်းစဉ်သာမက ဈေးနှုန်းအရပါ အဆင့်မြင့် ဝိဉာဉ်တော် ဆေး ၂ မျိုးဟာ အလတ်တန်းစား ၃ မျိုးထက် များစွာ သာလွန်နေပါတယ် ။
ဆေးဆရာမကြီးမှ –
“အမှန်ပါပဲ ၊ ဆေးလုပ်တယ့် ဖြစ်စဉ် အကုန်လုံးက မျက်မြင် ကိုယ်တွေ့ ပါ ၊ ဆေးပင်တွေ နေရာချခြင်းက စလို့ အခဲ ပြုလုပ်ခြင်း အဆင့်ထိ အကုန်လုံးကို ငါတွေ့ တယ် ။ သူ မရိုးမဖြောင့် မလုပ်ပါဘူး ။ ဆေးတွေ ရဲ့ နွေးနေမှု လတ် ဆတ်မှုတို့ဟာ မကြာသေးမီကမှ လုပ်ထားကြောင်း သက် သေပါပဲ”
လုဇန်းနန် မျက်လုံးများ ပြူးလျက် လျင်မြန်စွာပင် ချန် ရှန် နား သွားကြည့်တယ် ။ အချို့ သော စစ်မှန်သော သိုင်း ပညာနယ်ပယ်မှ ဆေးပညာရှင်များဟာလည်း လာကြည့် ကြပါတယ် ။ ဒီလို ဆေးတစ်မျိုးကိုသာ လုပ်နိုင်ကြသော လူ များ ဖြစ်ပြီး အောင်မြင်မှုဟာလည်း တော်တော် နည်းကြပါ တယ် ။
ကျောက်စိမ်းသေတ္တာလေးမှာ အပူငွေ့ များ ထွက်နေ လျက်ပင် ရှိပါတယ် ။ နှုတ်ခမ်းကို ဖွင့်လိုက်တယ့်အခါ မှာ တော့ မွှေးရနံ့ ဟာ နှာခေါင်းထဲ တိုးဝင်လာပြီး တော်တော် ကို လတ်ဆတ် မွှေးကြိုင်လှပါတယ် ။ ဒါကတော့ အဖြူ ရောင် ကျောက်စိမ်းဆေး ပင် ဖြစ်တယ် ။
တခြားသေတ္တာလေးထဲမှာတော့ သလင်းကျောက်လို ကြည်လင်လှသော အခွံပုံစံ ဆေးငါးလုံး ရှိနေတယ် ။ ဆေး ၏ အလယ်မှာတော့ အဖြူရောင်အငွေ့ လေးများ ယှက် သန်းကာ ရှိနေပြီး ဒါဟာ ချီဒြပ်စင်ဆေး ဖြစ်ပါတော့တယ် ။ အရည်အသွေးများဟာလည်း တော်တော်ကို ကောင်းမွန် လှပြီး လူများစွာ ပိုမို အံ့အားသင့်စေတယ့် အချက်မှာ ချန် ရှန်ဟာ ဆေးပင် တစ်စုံစာဖြင့် ဆေးငါးလုံး ရအောင် လုပ် နိုင်တာပါပဲ ။
သေတ္တာ အသီးသီး အတွင်းမှ လတ်ဆတ်သော ဆေး များကို ကြည့်ရင်း လုဇန်းနန် လက်သီးကို ကျစ်ကျစ် ပါ အောင် ဆုပ်လျက် ရှိတယ် ။ တစ်ကိုယ်လုံးဟာ တုန်နေ လျက် ရှိပြီး ချွေးများပြန်လျက် တီးတိုးရေရွတ်နေတယ် ။
“မဖြစ်နိုင်ဘူး ၊ မင်းဘယ်လိုမှ ဒီလို အဆင့်ဆေးကို မ လုပ်နိုင်ဘူး ၊ မဟုတ်သေးဘူး မဖြစ်နိုင်ဘူး”
အဆင့်မြင့် ဝိဉာဉ်တော် ဆေး ၂ မျိုးကိုလုပ်နိုင်ခြင်း မဆို ထား နှင့် ၊ တစ်မျိုးထဲ လုပ်ရင်တောင် ချန်ရှန် နိုင်နေ ဦး မှာ ဖြစ်ပါတယ် ။
“မင်းက ငါကြီးကြပ်တာ ညံ့ဖျင်းတယ်လို့ ဆိုလိုချင်တာ လား”
ဆေးဆရာမကြီး က အေးစက်စက်မေးလိုက်ပါတယ် ။
လုဇန်းနန် စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ထိန်း ကာဖြင့် –
“မဟုတ်ပါဘူး ၊ ဆရာမကြီးကို သံသယ လုံးဝ မ၀င်ပါ ဘူး ။ ကျွန်တော် ဆိုလိုတာက ဆရာမကြီး မမြင်အောင်များ လှည့်ဖြား လိုက်လား လို့ပါ”
“ဟုတ်တယ် ။ ချန်ရှန် ဒီလို အဆင့်မြင့် ဝိဉာဉ်တော် ဆေး ၂ မျိုးကို လုပ်နိုင်တယ် ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ဘူး ၊ ဒီလောက် ဆေးပင်တွေ ရှားပါးနေတယ့် အချိန်မှာ သူ ဘယ်လို ဒါတွေ ၀ယ်ပြီး လုပ်နိုင်မှာလဲ ။ သူပျောက်နေတဲ့ အချိန်တုန်းကလည်း သူဟာ အားဖြည့်နေတုန်းဖြစ်ပြီး သူ ရနံ့ မြို့ တော်ကို ရောက်တဲ့အခါတုန်းက သူသာ ဒီလို တကယ် လုပ်နိုင်ရင် စစ်ဆေးမှု ခံယူခဲ့မှာပေါ့”
စင်အောက် ရှိ လူတစ်ယောက်က ကျယ်လောင်စွာ အော်ပြောပါတယ် ။
ဒါဟာ ဘာလို့လဲ ဆိုတော့ လူအများစုဟာ လုဇန်းနန် ဘက်မှ လောင်းထားကြလို့ပါပဲ ။
ချန်ရှန် အေးစက်စက် ပင် ပြုံးကာ စင်ရှေ့ သို့ထွက်ပြီး ကျယ်လောင်စွာဖြင့် –
“ဟုတ်ပါတယ် ၊ ဒီလို ဆေး ၂ မျိုးလုပ်ဖို့ ဆေးပင်တွေ အများကြီး လိုအပ်ပါတယ် ။ ဒါပေမယ့် ကျွန်တော် ဟာ အပြင် ကမ္ဘာမှ လာခဲ့တယ်ဆိုတာကို မမေ့ပါနဲ့ ။ ကျွန်တော့မှာ ဆေးဖက်ဝင်သတ္တုသစ်သီး နဲ့ အကြော တစ်ထောင် အသီးလည်း ရှိတယ် ။ ဒါ့အပြင် အတွင်းစည်း စစ်ဆေးမှု ခံယူတုန်းကလည်း မိုးပြာရောင် သိမ်မွေ့ သီးကို တွေ့ ခဲ့သေးတယ်လေ ၊ ဒါတွေကို ရောင်းပြီး လိုအပ်တယ့် ဆေးပင် တွေ အများကြီး ၀ယ်နိုင်တာပေါ့ဗျ”
“ကျွန်တော် ဟာ လျိုရှိုယန် ဆိုတယ့် စစ်မှန်သော သိုင်း ပညာ ဂိုဏ်းက လူကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ် ၊ ဒါပေမယ့် ကျွန်တော် အဖြူရောင်ကျောက်စိမ်း ဆေး အနည်းငယ်ကို ယူသွားခဲ့တယ် ။ ကျွန်တော် ပျောက် နေတယ့် အချိန်တစ်လျှောက်လုံးမှာ ဆေးပညာကို လေ့ လာခဲ့တာပဲ ။ မယုံရင် ဒန်ရှန် တောင်ယွမ် ကို သွားပြီး မစ္စလီကို မေးနိုင်တယ် ။ သူမ ဆီက ကျွန်တော် ဆေးပင် တွေ အများကြီး ၀ယ်ခဲ့တာပဲ”
ထို့နောက် ချန်ရှန် ဟာ အစိမ်းရောင် ကျောက်စိမ်းပြား လေးကို ထုတ်လိုက်တယ် ။ ထိုကတ်ပေါ်မှာတော့ ရွှေရောင် အစင်းလေးစင်း ရှိနေပြီး နောက်ကျောတွင် သွေး ဖြင့် ရေးထိုးထားသော အမှတ်အသား ၁၀ ခု ရှိနေ တယ် ။ ဒါဟာ အဆင့် ၄ ဆေးပညာရှင်ဖြစ်ကြောင်း သက် သေပါပဲ ။
“အဲဒိနောက် ကျွန်တော်ဟာ စစ်ဆေးမှုကို သွားခံယူခဲ့ တယ် ၊ ဒီမှာ ကျွန်တော့ သက်သေပဲ”
ချန်ရှန် သူ၏ လက်ကို မြောက်ပြလိုက်ပါတယ် ။ ည လယ်ကြီးတွင်ပင် ရွှေရောင် အစင်းလေးစင်းဟာ အဆင့် ၄ ပညာရှင်ဖြစ်ကြောင်း ကို တောက်ပစွာ သက်သေပြလျက် ရှိပါတယ် ။
ထိုအချိန်မှ အောက်ရှိ ပရိတ်သတ်များဟာ ငြိမ်ကျသွား ကြပါတယ် ။ အဆင့် ၄ ပညာရှင်တဲ့လား . . . ၊ ချန်ရှန် ဟာ လုဇန်းနန် ထက်ပင် အနည်းငယ် ငယ်ပါသေးတယ် ။ သူတို့ နှစ်ယောက်ဟာ အဆင့် တစ်ခုသာ ကွာသော်လည်း ထို ကွာခြားမှုကပင် ကောင်းကင် နှင့် မြေကြီးလိုပါပဲ ။
လူတိုင်း တုန်လှုပ်နေကြကာ ချန်ရှန် ကို စိတ်ထဲမှ ကြိတ် ကျိန်ဆဲ နေကြပါတယ် ။ လုဇန်းနန် ကို ရက်ရက်စက် စက် ဒေါက်ဖြုတ်မချ ခင်မှာ ကြောင်လက်သည်းဖွက်သလို နေ ခဲ့ ခြင်းကြောင့်ပါ ။
လုဇန်းနန် ချန်ရှန် ကို လက်ညိုးထိုးကာဖြင့် –
“မင်းး . . . မင်း . . . မင်းး တ . . တကယ်ပဲ . . .”
“အား”
လုဇန်းနန် သွေးများ ပါးစပ်မှ အန်ထွက်လာတယ် ။ သူ ဆိုးရွားစွာပင် ရှုံးနိမ့်သွားခဲ့ရပါပြီ ။ တည်ဆောက်ရေးဆေး ၃ လုံး နှင့် နေကိုးစင်းမီးတောက်အသီး ။ တကယ်ကို ကြီး မားတဲ့ လောင်းကြေးကြီးပါ ။ နဂိုက သူဟာ နိုင်မည်ဟု ကျိန်းသေ ယူဆထားလို့ သာ ဒီလို လောင်းဝံ့ခဲ့ခြင်း ဖြစ်ပါ တယ် ။ ဒါပေမယ့်လည်း သူ ၏ မျိုးနွယ်ဆီမှ ခွင့်ပြုချက်ပင် မရခဲ့ပါ ။ ဒီနေ့ပြီးရင် သူတော့ ကောင်းကောင်း ဒုက္ခရောက် တော့မည် ဆိုတာကို သိနေပါတော့တယ် ။
“ခင်ဗျား ဒန်ရှန် တောင်ယွမ် ရဲ့ ဆေးပညာရှင်များ ၏ စစ်ဆေးခြင်း စနစ်ကိုတောင် သံသယ ဖြစ်နေရင် ဒီထက်ပို ပြီး ခင်ဗျားကို သက်သေပြစရာ မရှိတော့ဘူး ။ ခင်ဗျား အရှုံး ကို ၀န်ခံလား မခံဘူးလား ။ တကယ်လို့ လောင်းကြေးကို ကျွန်တော် မရရင်တော့ ကျွန်တော် ဘာလုပ်မိမလဲ မသိ သေးဘူး ၊ စိတ်တော့ မဆိုးပါနဲ့”
ချန်ရှန် အေးစက်စက်ပင် ပြောလိုက်တယ် ။
“လောင်ကြေးကို မတတ်နိင်ရင်လည်း မလိုက်သင့်ပါ ဘူး”
ချန်ရှန် ၏ အလောင်းအစားဟာ သူ့ကိုယ်ပိုင်ပါ ။ ဒါပေ မယ့် လုဇန်းနန် မှာတော့ သူ့မျိုးနွယ် ပစ္စည်းပါပဲ ။ ဒီလို အချက် ကြောင့်ပင် ၎င်းတို့ နှစ်ယောက်ရဲ့ ကွားခြားချက် ကို မြင်နိုင်ပါတယ် ။
လုဇန်းနန် ချန်ရှန် ကို စိုက်ကြည့်နေတယ် ။ သူ၏ မျက် လုံးများ မှာတော့ မုန်းတီးမှုများ ပြည့်လို့ နေပါတယ် ။ ချန် ရှန် ၏ ပုံစံမှာ လည်း ရုတ်တရက်ပင် ပိုမို အေးစက်သွား သလိုပါပဲ ။ လုဇန်းနန် ၏ စိတ်ထဲ ဘာရှိလဲဆိုတာ သူရိပ်မိ နေတယ်လေ ။
အကြွေးရှင် ဆိုတာ သေသွားရင် အကြွေး ဆပ်စရာ မလိုတော့ဘူး မဟုတ်ပါလား ။
လူများစွာ ဟာ ချန်ရှန် ကို ကြိတ်ကျိန်ဆဲနေကြသော် လည်း ဘာမျှတော့ မလုပ်ဝံ့ပေ ။ နောက်ပြီး အဆင့် ၄ ဆေး ပညာရှင်မှာ တစ်ဂိုဏ်းလုံးတွင်မှ ၁၀ ယောက်သာ ရှိသော ကြောင့် လေးစားခံရသူများပါ ။ ဒါ့အပြင် ၎င်းတို့ဟာ ဂိုဏ်း အတွက် လိုအပ်သော ဆေးများကို ပြုလုပ်ပေးရသည့် အတွက် ၎င်းတို့၏ ပုံရိပ်မှာ ထင်ရှားလှပါတယ် ။
ချန်ရှန် ထိုက်ကျိ နတ်နဂါး ကျင့်စဉ်ကို ပြုလုပ်လိုက် ပါ တယ် ။ သူ၏ အသက်ရှုပုံကို ပုံစံပြောင်းလိုက်ခြင်း ဖြစ်ပြီး ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ဆေးဆရာမကြီး နဲ့ ဂိုဏ်း ချုပ်တို့လို ရှေးဟောင်း ပညာရှင် ဆရာကြီးများဟာ ချန်ရှန် ၏ အားအင်အစစ်ကို မခန့်မှန်း မိနိုင်အောင် ဖြစ်ပါတယ် ။ မူလက ဆေးဆရာမကြီးဟာ ချန်ရှန် ကို စစ်မှန်သော သိုင်း ပညာရှင် ဖြစ်နေပြီ ဟု သံသယ ရှိမိသော်လည်း အခြေခံ တည် ဆောက် ရေး ဆေး သုံးလုံးကို တွေ့ တဲ့အခါ ဒီလို မတွေးတော့ပါဘူး ။ ချန်ရှန် တစ်စို့ ခြင်း အခြေအနေသို့ ရောက်ရှိကာ ၎င်းဆေးများအား အသုံးပြုလိမ့်မည်ဟု တွေး လိုက်မိလို့ပါ ။
လုဇန်းနန် ဟာ သွေးများစွာ ထွက်လျက် ရှိနေတယ် ။ ဒါမျိုးဟာ မြင်ရခဲ့ပါတယ် ။ ချန်ရှန် ကို အရမ်းကို မုန်းတီး ကာ နာကျည်းစွာ ခံစားရလို့သာ ဖြစ်တယ် ။ နောက်ပြီး ချန် ရှန် ဟာ ပါးနပ်စွာ အစအဆုံး လှည့်စားခဲ့တာဖြစ်ပြီး အလွယ်တကူပင် အရာများစွာအား အနိုင်ရခဲ့သွားခဲ့ပါပြီ ။ ဒါ ဟာ လုဇန်းနန် ရဲ့ အတွေ့ အကြုံနုနယ်ပုံကို လှောင် ပြောင် လိုက် သလိုပါပဲ ။ သူဟာ ထင်ပေါ်စွာနေရတာကို နှစ်သက်ပြီး ချန်ရှန် လို နှိမ့်ချကာ ဉာဏ်မများ တတ်တာ ကြောင့် အရှုံးနှင့်သာ ရင်ဆိုင်လိုက်ရခြင်း ဖြစ်ပါတယ် ။
အစမှာ လုဇန်းနန် ဟာ ကတ်ကြီး တပြပြ ဖြင့် သူ့ကိုယ် သူ ဘယ်တော့မှ မရှုံးနိုင်ဟု ယူဆကာ ချန်ရှန် တိုးသမျှ လောင်း ကြေး များအား လိုက်တိုးခဲ့တာဖြစ်တယ် ။ ဒါပေ မယ့် ယခု အဆုံးမှာတော့ ကြီးစွာသော ဆုံးရှုံးမှုကြီး ဖြစ်ခဲ့ ပါပြီ ။
“ချန်ရှန် . . . ငါ့ကို စောင့်နေလိုက်”
လုဇန်းနန် ကြောက်မက်ဖွယ် ကြုံးဝါးလိုက်တယ် ။ သွေးများစွာ အန်ထွက်လျက် ထွက်ခွာသွားပါတော့တယ် ။
“ဟဲဟဲ”
ချန်ရှန် ရယ်မောပြီး သာ နေလိုက်တယ် ။ အေးဆေး ပင် နောက်ထပ် ချီဒြပ်စင်ဆေး ၁၀၀ နှင့် သလင်းကျောက် တစ်သိန်း တို့အား ယူကာ ဆေးဘုရင် ခြံဝန်းထဲသို့ ပျော်ရွှင် စွာ ပြန်လာခဲ့ပါတော့တယ် ။
ဒြပ်စင်ဆေး ၁၀၀ ရှိပြီးနောက်မှာတော့ ၁၀ လုံးဟာ လောင်ဆုရီ၏ ချက်ချင်း စားတာကို ခံလိုက်ရပြီး ဒီနဂါးလေး ဟာ တော်တော် ပင် လောဘကြီးပါတယ် ။ ဒါ ဟာ ချန်ရှန် အတွက် ၀မ်းနည်းဖွယ် ဖြစ်ပေမယ့် သူမ အတွက်လည်း ဒီလိုမျိုး စားရဖို့ဆိုတာ သိပ်မရှိနိုင်ပါဘူး ။ ချန်ရှန် ဟာ ဒြပ်စင်ဆေးများ စားမှုကို တင်းကြပ်ထားတာ ဖြစ်ပြီး ဒီဆေးသည် ချီဓာတ်ဆေးလို မဟုတ်ပေ ။ ချီဓာတ် ဆေးက အလွယ်တကူပဲ လုပ်နိုင်တာပါ ။
တော်ဝင်ပြိုင်ပွဲကြီး ၂ ခုဟာ ဆိုရင် ပြီးဆုံးသွားပြီ ဖြစ်ပြီး ၂ ခုလုံးမှာလည်း ချန်ရှန် သာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ် ။ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ နောက်လိုက်များဟာ ချန်ရှန် ရခဲ့သော အရာများကို ကြည့်ကာ ကြိတ်မနာလို ဖြစ် နေကြပါတယ် ။ လက်ရှိမှာပင် အနည်းဆုံးတော့ ချန်ရှန် မှာ ဒြပ်စင်ဆေး ၃ လုံး ရှိနေပြီး ဒီဆေးတွေဖြင့် သူဟာ အချိန်မရွေး စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ၀င်ရောက် နိုင်မှာ ဖြစ်ပါတယ် ။
ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာ ရှင် ဆိုတာကို မည်သူမျှ မသိရှိသေးပါဘူး ။ တစ်ခါတရံ မှာ တော့ စွမ်းအားများ လွတ်သလို ဖြစ်သွားတတ်ပါတယ် ။
တတိယမြောက် နောက်ဆုံး ပြိုင်ပွဲကတော့ သိုင်းပ ညာ ပြိုင်ပွဲဖြစ်ပြီး ၁၀ ရက် အကြာမှ ကျင်းပမှာ ဖြစ်ပါတယ်။ ဒါဟာ ဂိုဏ်းချုပ်၏ ကြေညာချက်ဖြစ်ပြီး ထို ၁၀ ရက် အတွင်းမှာ အားလုံးသော အတွင်းစည်း နောက်လိုက်များ ဟာ အချင်းချင်း သိုင်းပညာ ဖလှယ် ကြပါတယ် ။ တချို့ သော စစ်မှန်သည့် သိုင်းပညာနယ်ပယ်မှ ပညာရှင်များ ဟာ ၎င်းတို့၏ နည်းစနစ် ကျင့်စဉ်များကို ပြောပြပြီး တချို့ တွေ ဟာတော့ သက်ကြီးဝါကြီး ခြံဝန်းမှ သက်ကြီးများထံမှပင် သင်ကြားကြလျက် ရှိနေပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset