Chapter – 143 မဖြစ်နိုင်သော
ချန်ရှန် ပြုံးကာဖြင့် ခေါင်းညိမ့်လျက်ရှိတယ် ။ သူ့အပြုံး ဟာ လျို့ဝှက်မှုဆန်လှပါတယ် ။ တကယ်လို့ လုမျိုးနွယ်မှ မပေးဘူးဆိုပါက သူတို့ သိက္ခာပင် ကျမည် ဖြစ်ပါတယ် ။
ချန်ရှန် နောက်ဆုံးမှာတော့ သူ၏ ပစ္စည်းများကို လျင် လျင် မြန်မြန် ပင် ထုတ်ပါတယ် ။ ဆေးဆရာမကြီးဟာ သူ ၏ မီးဖိုအတွင်းအား သေချာစွာ စစ်ဆေးပြီး မသမာမှု မလုပ် နိုင်ရန် ဖြစ်ပါတယ် ။ ဒီအချိန်မှာ လူအုပ်ကြီး တစ်ခုလုံးဟာ လည်း ငယ်ရွယ်တဲ့ ဆေးပညာရှင် ၂ ယောက်ကို အရမ်းပင် စိတ်ဝင်တစား ကြည့်နေကြပါတော့တယ် ။
လူတိုင်း ဟာ ချန်ရှန် နိုင်ဖို့ မဖြစ်နိုင်လောက် ဟု ထင် ကြတယ် ။ ပထမအချက် အနေဖြင့် ချန်ရှန် ဟာ ဆေးဆရာ မကြီး ၏ ကြီးကြပ်မှုအောက်မှာ လုပ်နေရသောကြောင့် ဖိအားများဖြင့် ရင်ဆိုင်ရပါလိ့မ်မယ် ။ ဒုတိယ အချက် အနေ ဖြင့် ချန်ရှန်ဟာ လုမျိုးနွယ် လို ကျောထောက်နောက်ခံ မျိုး နွယ် အင်အား မရှိပါဘူး ၊ ဒီလို ဆေးပညာမျိုးနွယ်များ ဟာ ဆေးပင်ကအစ ကြွယ်ဝကြလှပါတယ် ။ နောက်ဆုံးအချက် အနေဖြင့် ချန်ရှန် ၏ ခါးတွင် ဆေးပညာ သက်သေခံအဆင့် ကတ်ပြား မရှိခြင်း ပါ ။
ချန်ရှန် ဆေးပင်များကို စတင် ရွေးချယ်နေတယ် ။ စည်းမျဉ်းများအရ ဆေးပင်များကို ကြိုတင် ပြင်ဆင် ခွဲခြား ထားပါက စည်းကမ်း ဖောက်ခြင်း ဖြစ်ပါတယ် ။ ပြိုင်ပွဲမှ သာ ပြင်ဆင်ရမှာပါ ။
ဆေးဆရာမကြီး ဟာ ချန်ရှန် အနားမှာ ကပ်ပြီး သေချာ ကြည့်နေတယ် ။ ချန်ရှန် မှ အဖြူရောင် မြက်တစ်ခုကို ထုတ်တာ မြင်လိုက်ရတယ့်အခါ သူမ မျက်လုံးပြူးသွားပါ တယ် ။
အဖြူရောင်မြက်ဟာ အဖြူရောင် အရိုး ပုံစံနှင့် တူပါ တယ် ။ တောက်ပလျက်ရှိနေပြီး အဖြူရောင် ကျောက်စိမ်း လေး လိုပါပဲ ။ ဒါဟာ အဖြူရောင် ကျောက်စိမ်းရိုး မြက် ပါ ။ အဖြူရောင် ကျောက်စိမ်းဆေး ပြုလုပ်ရန် အဓိက လိုအပ် သော အရာဖြစ်တယ် ။
အဖြူရောင်ကျောက်စိမ်း ဆေးဟာ အဆင့်မြင့် ဝိဉာဉ် တော်ဆေး ဖြစ်ပြီး ချီဒြပ်စင် ဆေး နှင့် အဆင့်အတူတူပါပဲ ။ သာမန်အားဖြင့် အဆင့် ၄ ပညာရှင်သာလျှင် ပြုလုပ်နိုင် တာ ဖြစ်ပြီး ယခု ပြင်းထန်သော သိုင်းပညာဂိုဏ်းတွင် အဆင့် ၄ ပညာရှင်မှာ ၁၀ ဦးသာ ရှိပါတယ် ။ ဒီလို နည်းပါး လှတယ့် အဆင့်မြင့် ဆေးပညာရှင် အရေအတွက်ကြောင့် ဂိုဏ်းဟာ ဒြပ်စင်ဆေးကို အလျင်မီအောင် မပြုလုပ်နိုင်ပါ ။ ဒန်ရှန်တောင်ယွမ် မှ ဈေးသက်သက် သာသာ ဖြင့် ၀ယ် ယူ ရတာ ဖြစ်ပြီး ဂိုဏ်း ၂ ဂိုဏ်းဟာ ကောင်းမွန်သော ဆက်ဆံ ရေးများ ရှိကြပါတယ် ။
ဆေးဆရာမကြီး ချန်ရှန် ၏ အကြံကို အမြင်ကတ်သွား တယ် ။ ကြောင်လက်သည်းဖွက်သလို နေနေတာ ဖြစ်ပြီး ချန်ရှန် အဖြူရောင် ကျောက်စိမ်းဆေးအတွက် ဆေးပင် တွေ ထုတ်လိုက်ကတည်းက လုဇန်းနန် တော့ ရှုံးပြီဆိုတာ သိလိုက်တယ် ။
“မင်းလုပ်နေတာ အရှက်မရှိဘူးလို့ မထင်ဘူးလား”
ဆေးဆရာမကြီး ချန်ရှန် ကို ပြောလိုက်ပါတယ် ။
“ဟက် ၊ ကျွန်တော်တို့ ဒီလောင်းကြေးကို သဘောတူ ထားတာပဲ ၊ ဒါကလောင်းကစားပဲ ၊ မမျှတဘူး ဆိုတာ မရှိ ဘူး ။ ကျွန်တော်လုပ်နိုင်တယ့် အမြင့်ဆုံးဆေးကို လုပ်တာ ပဲ ။ သူက ကျွန်တော့အပေါ် နားလည်နိုင်မှု စွမ်းရည် မရှိ တာ လေ ။ သူသာ စိတ်ကြီးဝင်ပြီး မာနခေါင်ခိုက်နေပုံ မပေါ် ရင် ဒီလို ဆိုးဆိုးဝါးဝါး ရှုံးမှာ မဟုတ်ဘူး”
ချန်ရှန် ခပ်ပြုံးပြုံး ပြောလိုက်တယ် ။
“ဟက်ဟက်”
ဆေးဆရာမကြီး ခပ်လှောင်လှောင် လုပ်ပြီး ဘာမျှ မ ပြောတော့ချေ ။ ချန်ရှန် အလွန်ဉာဏ်နီဉာဏ်နက် များ လှတာကို သိရှိလိုက်ရပြီး သူမပင် ရောင်းစားခံနိုင်ရသည် ဟု တွေးမိနေပါတယ် ။
လုဇန်းနန် ဟာ ချန်ရှန် နှင့် ခပ်ဝေးဝေးမှာ ရှိနေတာမို့ ချန်ရှန် ဘာဆေးလုပ်နေလဲဆိုတာကို မမြင်ပါဘူး ။ သူလဲ ဂရုမစိုက်တော့ပဲ သူ့ဆေးသူသာ အာရုံစိုက် လုပ်ဆောင်ပါ တော့တယ် ။ ဒါပေမယ့်လည်း ချန်ရှန် ကတော့ လုဇန်းနန် တစ်ယောက် အလယ်လတ်ဝိဉာဉ်တော်အဆင့် ဖြစ်သော သိုင်းဒြပ်စင်ဆေးကို ပြုလုပ်နေကြောင်း သတိပြုမိလိုက်ပါ တယ် ။
ချန်ရှန် သူ၏ ဆေးပင်များအား မီးဖိုထဲထည့်ကာ အဖြူ ရောင် ဝိဉာဉ်ဓာတ်များ လောင်းထည့်လိုက်တယ် ။ ဒါဟာ အဖြူရောင် ကျောက်စိမ်းဆေး လုပ်ဖို့ အဓိက လိုအပ်တဲ့ အချက်တစ်ခုပါပဲ ။ တစ်ဖက်မှာတော့ ဆေးကို အေးဆေး စွာ ပြုလုပ်လျက်ရှိပြီး တခြား တဖက်မှာလည်း နောက်ဆေး တမျိုး အတွက် ပြင်ဆင်နေပါတယ် ။
“ရှန်ဇန်မြက် ၊ နှစ်တစ်သောင်း ဝိဉာဉ်တော် အသီး ၊ ဝိဉာဉ်တော် သလင်းကျောက် နဲ့ တော်ဝင်ဒြပ်စင်အခွံ ။ မင်း တကယ်ပဲ ဒြပ်စင်ဆေး လုပ်နည်း သိတာလား”
ဆေးဆရာမကြီး သက်ပြင်းရှည်ကြီးချလျက် သူမ၏ အသံမှာလည်း အံ့သြနေလျက် ရှိပါတယ် ။ သူမ နှင့် မတွေ့ တဲ့ သုံးနှစ်တာလောက်အတွင်း ချန်ရှန် ဒီလောက်ထိ တိုး တက်လာမည် မထင်မိပါဘူး ။ ချန်ရှန် ဟာ တကယ်ပဲ အဆင့်မြင့် ဝိဉာဉ်တော် အမျိုးအစား ဆေး ၂ မျိုးကို ဖော် စပ် နိုင်တာပဲ ဖြစ်ပါတယ် ။
“သိုင်းပညာ တူမလေး ရေ ၊ ကျွန်တော် က ခင်ဗျားရဲ့ ဦးရီးတော် သာမန် ဖြစ်လာတာ မဟုတ်ဘူးဗျ ။ ကျွန်တော့ မှာ ခိုင်မာတယ့် အခြေခံ ရှိတယ်”
ချန်ရှန် ဂုဏ်ယူ ဟန်ဖြင့် ပြောပါတယ် ။
“အဲဒိတော့ မင်းက အဆင့် ၄ ပညာရှင်လား”
ဆေးဆရာမကြီး တုန်လှုပ်စွာ မေးလိုက်တယ် ။
“ဒါပေါ့ဗျ ၊ ဒါပေမယ့် ကျောက်စိမ်းပြားက အရမ်းကြီး နေတယ် ၊ အဲဒိအပေါ်က သွေးတွေကလည်း အများကြီး ဖြစ်တယ် ။ တော်တော် ကြည့်ရဆိုးတာပဲ ၊ အဲဒါကြောင့် လုဇန်းနန် လို ခါးမှာ မချိတ်ထားတာပဲ”
ချန်ရှန် ပြုံးကာ ပြောလိုက်ပါတယ် ။
အသက် ၂၀ ဖြင့် အဆင့် ၄ ပညာရှင် . . .
ချန်ရှန်ကို မုန်းနေပေမယ့် လည်း လေးစားမိပါတယ် ။ သူမဟာ စကားများ ဆွံ့ အလျက် ဘာပြောရမှန်းပင် မသိ ဖြစ်နေပါတော့တယ် ။
“ဆရာမကြီး ၊ ခင်ဗျားနဲ့ ဒန်ရှန် ဂိုဏ်းချုပ်တို့ဟာ ဆက် ဆံ မှု ရှိကြတယ် မဟုတ်လား”
ချန်ရှန် မေးလိုက်ပါတယ် ။ သူဟာ ဆေးများ လုပ်နေ လျက် နတ်အတွင်းအား အာရုံမှ တဆင့် စိတ်ချင်း စကား ပြောဆိုနေတာပါ ။
ဆေးဆရာမကြီး၏ ကိုယ် နည်းနည်း တုန်သွားကာ –
“မင်းကို မပြောပြနိုင်ဘူး”
“အနှေး နဲ့ အမြန်တော့ ခင်ဗျား ကျွန်တော့ကို ရှုံးပြီး ကျွန်တော့ မိန်းမ ဖြစ်လာမှာပဲ ၊ အဲဒိချိန်ကျ ခင်ဗျား အကြောင်း အကုန် သိရမှာ”
“ဟက်ဟက်”
ဆေးဆရာမကြီး လှောင်လိုက်တယ် ။
“ဘာပဲ ဖြစ်ဖြစ် အဲဒိ အချိန်က နည်းနည်းတော့ ကြာဦး မှာပဲ ၊ အဲဒိအခါ ကျွန်တော်လည်း ကောင်းကင်နယ်ပယ် ကို ရောက် နေလောက်ပြီ”
တကယ်ကိုပဲ ဆေးဆရာမကြီးဟာ နိဗ္ဗာန် အဆင့် လောက် ရှိနေတာဖြစ်ပြီး မော်တယ်ကမ္ဘာ၏ ထိပ်ဆုံးမှာ ရပ်တည် နေတာပါ ။ ဒါ့အပြင် ဆေးပညာမှာလဲ ထိပ်ဖြစ် တာ ကြောင့် သူမ၏ တိုးတက်မှုများဟာ အံ့မခန်းပါပင် ။
ချန်ရှန် ဟာ သူမကို ထပ်မပြောတော့ပဲ ဆေးလုပ်ခြင်း ကိုသာ အာရုံစိုက်နေပါတယ် ။
လေးနာရီ ကြာ ပြိုင်ပွဲ ဖြစ်တယ့်အတွက် ပြိုင်ပွဲကြီးဟာ ည အချိန်တိုင်အောင် မပြီးသေးပါဘူး ။ အခုအချိန်မှာ တော့ လောင်းကစားသမား များသာ ကျန်ရှိနေကာ ၎င်းတို့ လောင်းကြေးများ အနိုင်အရှုံးပေါ်ရေးအတွက် စောင်ကြည့် လျက် ရှိကြပါတယ် ။
သူဟာ လုဇန်းနန် ကို နောက်ဆုံးအချိန်ထိ ပညာစွမ်း ကို ထုတ်ဖော်မပြသ သေးပါ ။ တကယ်တော့ ဒီလိုဆေး များ ပြုလုပ်ရန် ချန်ရှန် အတွက် တစ်နာရီလောက်သာ ကြာ ပါတယ် ။ ဒါပေမယ့် ထိုသို့ တစ်နာရီဖြင့် ပြီးလိုက်ပါက လုဇန်းနန် မှ တစ်ခုခု ညစ်ပြီး ပြသနာ ရှာနိုင်သည် မဟုတ် ပါလား ။
“ကံကောင်းစွာပဲ ဝုကွမ်ချင်ကို သွေးသောက်တပည့် အ ဖြစ် လက်မခံ ခဲ့တာ ၊ နောက်မို့ဆို သူမက ကျွန်တော့ ကို အဘိုးလေး လို့ ခေါ်နေရဦးမယ်”
ချန်ရှန် ရယ်မောလျက် ပြောပါတယ် ။ ဒီအချိန်မှာပဲ သူ ဟာ ဆေးနှစ်မျိုးလုံးကို ပြုလုပ်ပြီး ဖြစ်ပါတယ် ။
“ကွမ်ချင် ရဲ့ ပါရမီ က တော်တော် မြင့်တယ် ။ ငါသူမကို သေချာလေ့ကျင့်ပေးမှာကြောင့် မင်းထက်ကို သာနေစေရ မယ် ၊ သိပ်လည်း မြောက်မနေနဲ့”
ဆေးဆရာမကြီးက ယုံကြည်ချက် အပြည့်ဖြင့် ပြောပါ တယ် ။
“အကောင်းဆုံးပေါ့”
ချန်ရှန် ခပ်ပြုံးပြုံးပင် ပြောလိုက်တယ် ။ သူ၏ မျက်လုံး ထဲမှာတော့ တစ်ခုခု စိတ်ရှုပ်ထွေးနေသလိုပါပဲ ။
“ကျွန်တော့ရဲ့ အနာဂတ် မိန်ုးမကို လေ့ကျင့်ပေးတဲ့ အ တွက် ၊ ကျေးဇူးပါ ။ သူမ ရဲ့ ကံတရားက ကျွန်တော့ မိန်းမ ဖြစ်ဖို့ပဲ”
လောင်ဆုရီ ထပ်မံ မွှေလိုက်ပြန်ပါပြီ ။
ချန်ရှန် ကြက်သည်းမွှေးညှင်းများပင် ထသွားပါတယ် ၊ ဒါပေမယ့် နတ်အတွင်းအား အာရုံကိုပင် သုံးကာ ပြောဆို နိုင်တာကို ကြည့်ပြီး ချန်ရှန် သူမကို လေးစားသွားပါတယ် ။ ဒီကောင်မလေးဟာ ဆေးဆရာမကြီး ရှေ့ မှာပင် မရှောင် ချေ ။ ၎င်းကောင်မလေးအား ဆေးဆရာမှကြီး ရှေ့ မှာ ယခု လို နောက်ပြောင်ခြင်း မလုပ်ဖို့ အခါ တစ်သ်ိန်းလောက် သတိ ပေးခဲ့ပြီး ဖြစ်ပါတယ် ။ ဒါဟာ အလွန် အန္တရာယ် များ သည် မဟုတ်ပါလား ။
“ဘာာာာာ”
ဆေးဆရာမကြီး အသံက ထူးထူးခြားခြားကို အေးစက် သွားပါတယ် ။ သူမဟာလည်း ဝုကွမ်ချင် မှ ချန်ရှန်အပေါ် စိတ်ဝင် စားနေကြောင့် သိတယ် ။ ချန်ရှန် မှလည်း သူမကို အလွန်ပင် ကူညီပြီး အားပေးခဲ့ကြောင်း သိပါတယ် ။ ဒါပေ မယ့် ၎င်းတို့ ၂ ယောက် ဒီလိုတွေ ဖြစ်မယ်ဟု ဆေးဆရာမ ကြီး မထင်မိခဲ့ပါ ။
“ဒီတစ်ကြိမ်မှာ ဂိုဏ်းချုပ်က သူမကို ခေါ်သွားတာ တခြား ဂိုဏ်းက ငယ်ရွယ်တဲ့ ပညာရှင်တွေ နဲ့ တွေ့ ဆုံဖို့ပဲ ၊ သူမ စိတ်ကို တကယ်ပဲ ရင့်ကျက်အောင် ပြောင်းလဲနိုင် သွားမှာ ။ မင်းထက်သာတယ့်လူတွေ တွေ့ မှာပေါ့”
ဆေးဆရာမကြီး အေးစက်စက်ပင် ပြောပါတယ် ။
ချန်ရှန် ရုတ်တရက်ပဲ မကျေနပ်သလို ခံစားလိုက်ရပြီး
“တကယ်လား ၊ စောင့်ကြည့်ကြတာပေါ့”
လေးနာရီပြည့်ရန် နာရီဝက်လောက်သာ လိုပါတော့ တယ် ။ လုဇန်းနန် မတ်တပ်ထရပ်ကာ စိတ်လှုပ်ရှားနေ သော မျက်လုံးများဖြင့်ကြည့်နေတယ် ။ ထို့နောက် ကျယ် လောင်စွာ ရယ်မောကာဖြင့် –
“ချန်ရှန် ၊ မင်းရှုံးပြီး ။ ငါအလယ်အလတ် အဆင့် ဝိဉာဉ်တော်ဆေး ၃ မျိုးကို လုပ်လိုက်ပြီကွ”
၎င်းကို ကြီးကြပ်နေသည့် စစ်မှန်သော သိုင်းပညာနယ် ပယ် မှ ဆေးဆရာကြီးကလည်း ခေါင်းညိ့မ်ကာ –
“လုဇန်းနန်က အဆိပ်ပျော်ဆေး ၊ သိုင်းဒြပ်စင် ဆေး နဲ့ ချီပေါက်ကွဲဆေး တို့ကို အောင်မြင်စွာ ပြုလုပ်ပြီးပါပြီ ။ အားလုံးဟာ အလယ်အလတ်ဝိဉာဉ်တော်အဆင့် ဆေး တွေပါ ၊ အရည်အသွေးကလည်း ထိပ်တန်းပါပဲ”
ညလယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ရလဒ်ကို စောင့်နေသည့် လူအုပ်ကြီးမှာ ကျယ်လောင်စွာ အော်ဟစ် အားပေး ကြပါတယ် ။ ၎င်းတို့အားလုံး လုဇန်းနန် သာ နိုင် လိ့မ်မည် ဟု ထင်ကြတာပါ ။ အလယ်အလတ်ဝိဉာဉ် တော် အဆင့် ဆေး ၃ မျိုးကို လုပ်နိုင်သည့် အဆင့် ၃ ဆေး ပညာရှင်ပင် မဟုတ်ပါလား ။
ချန်ရှန် က ရယ်မောကာဖြင့် –
“သိပ်ပျော်မနေပါနဲ့ ၊ ကျွန်တော် လုပ်တာ မပြီးသေးဖူး”
“အဲဒိတော့ ဘာဖြစ်လဲ ၊ မင်းက ဆေး ၄ မျိုး လုပ်နိုင် မှာ မို့လို့လား”
လုဇန်းနန် လှောင်ရယ်ကာ စိတ်ကူးထဲတွင် ငရဲ ဝိဉာဉ်တော် မြက် နှင့် တည်ဆောက်ရေးဆေး ၃ လုံးတို့ ကို မြင်ယောင်နေပြီ ဖြစ်ပါတယ် ။
လေးနာရီ ဆိုသော အချိန် ပြည့်သည်နှင့် ချန်ရှန် ဟာ မီးဖို အဖုံးကို ဖွင့်လိုက်ပါတယ် ။ လေသံ ခပ်မာမာဖြင့် –
“အဆင့်မြင့် ဝိဉာဉ်တော်ဆေး ၂ မျိုးဖြစ်တဲ့ အဖြူရောင် ကျောက်စိမ်း ဆေးနှင့် ဒြပ်စင်ဆေးတို့ကို ပြု လုပ်ပြီးပါပြီ”
မူလက ၎င်းတို့ နိုင်မည်ဟု ယူဆသည့် လူများဟာ ၎င်း တို့၏ အပြုံးများ အေးခဲသွားကြတယ် ။ ချန်ရှန် ဘက်မှ လောင်းပြီး ရှုံးပြီဟု ထင်ကြသူများဟာလည်း ၎င်းတို့ ကြား တာ အမှန်ပင် ဟုတ်ပလေစ ဟု ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်လျက် ရှိနေကြတယ် ။
“မဖြစ်နိုင်ဘူး”
လုဇန်းနန် ချက်ချင်းပင် အော်လိုက်ပါတော့တယ် . . .။