Switch Mode

Chapter – 142

နောက်ဆုံးရိုက်ချက်

Chapter – 142 နောက်ဆုံးရိုက်ချက်

“တည်ဆောက်ရေးဆေး ၃ လုံး ကြေး ၊ ခင်ဗျားလောင်း မှာလား”
ချန်ရှန် မေးလိုက်တယ် ။
“ပြိုင်ပွဲမှာ အနိုင်ရသူဟာ ပိုမို အဆင့်မြင့်တဲ့ လူပါပဲ”
ခုနက ချန်ရှန် ဟာ ဒီလိုလောင်းကြေးကိုပင် အသေး စား လောင်းကြေး ဟု ခေါ်ခဲ့ပါတယ် ။ အားလုံးသော လူတွေ မှာတော့ ၎င်းတို့ဟာ ဘ၀တစ်လျှောက်လုံး ဒီလို ဆေးကို မြင်ရန်ပင် ခက်ခဲလှတယ် ။ ဒါပေမယ့် ချန်ရှန်ကတော့ တချီ ထဲ ဖြင့် ဆေး ၃ လုံး အား ထုတ်ကာ လောင်းကြေးထပ်ခဲ့ သည် မဟုတ်ပါလော ။ လူများစွာဟာ ချန်ရှန်အား ကျိန်ဆဲ လို့ နေပါတော့တယ် ။
ဆေးဆရာမကြီးဟာလည်း ကြောင်အလျက် ရှိနေ တယ် ။ ချက်ချင်းပင် ချန်ရှန် အား –
“မင်းဒါတွေ ဘယ်ကရ လာတာလဲ”
တစ်ချိန်တည်းမှာ လုဇန်းနန်ဟာလည်း မေးမြန်နေပါ တယ် ။
“မင်း ဒီ တည်ဆောက်ရေးဆေးတွေ ဘယ်က ရလာ တာလဲ”
ဒီဆေးတွေကိုသာ ချန်ရှန် ကိုယ်တိုင် ပြုလုပ်သည် ဆို ပါက လုဇန်းနန် ဘ၀ မတွေးရဲစရာပင် ။
“ခင်ဗျား တို့ကိစ္စ မဟုတ်ပါဘူး ။ ခု လောင်းမှာလား မ လောင်းဘူးလား”
ချန်ရှန် မေးလိုက်တယ် ။ ဂရုတစိုက် ကြည်တတ်သူ များ အဖို့ သေချာကြည့်မည် ဆိုပါက ဆေးသုံးလုံးတွင် ၂ လုံးမှာ အရောင်ရင့်လျက်ရှိပြီး တစ်လုံးမှာတော့ စိုနေပါ တယ် ။
လူတိုင်းဟာ ချန်ရှန် ကိုယ်တိုင်လုပ်ခြင်း မဟုတ်ဟုသာ ယုံကြည်နေကြတယ် ။ ဆေးဆရာမကြီးပင် မဖြစ်နိုင်ဟု ယူ ဆ နေတာပဲ ဖြစ်ပါတယ် ။ သူမ စိတ်ထဲမှာတော့ ချန်ရှန် ဟာ စောလွန်းသေးတာဖြစ်ပြီး မီးဝိဉာဉ်တော် မရှိတာ သူမအသိပင် မဟုတ်ပါလား ။
“ခင်ဗျား မတတ်နိုင်လို့ မလောင်းဘူးဆိုလည်း ပြသနာ မရှိပါဘူး”
ချန်ရှန် စိတ်ပျက်ဟန်ဖြင့် ဆေးများအား ပြန်သိမ်း လိုက်ပါတယ် ။
လုဇန်းနန် ဟာ လောင်းဖို့ မတတ်နိုင်ဘူးတဲ့လား . . .
ဒီစကားကြောင့် ၎င်းဟာ ဂိုဏ်းအတွင်း မျက်နာ ပြနိုင်မည် မဟုတ်ပဲ ရယ်စရာလူအဖြစ် လု မျိုးနွယ် တစ်ခုလုံးမှာ အထင်ခံရတော့မှာ ဖြစ်ပါတယ် ။ တည်တည် ငြိမ်ငြိမ်ဖြင့်ပင် –
“ငါ့မှာ အခုတော့ အဲဒိဆေး မရှိသေးဘူး ။ ဒါပေမယ့် ငါရှုံးရင် ဒီ တည်ဆောက်ရေး ၃ လုံးကို ဆယ်ရက်အတွင်း ပေးပါမယ်”
ချန်ရှန်မှာ တည်ဆောက်ရေးဆေး ၃ လုံးရှိနေခဲ့တာ ဖြစ်ပြီး သူမစားရသေးပေ ။ လူတိုင်းဟာ ချန်ရှန် စစ်မှန် သော သိုင်းပညာနယ်ပယ် ရောက်ရန် ပြင်ဆင်နေတာလို့ ယူဆ ကြတယ် ။ ဒီဆေးတွေဖြင့် ပြင်ဆင်မှုများ လုပ်နေ တာ ကို မြင်တွေ့ နိုင်ပြီး မကြာခင်မှာ စစ်မှန်သော သိုင်း ပညာရှင် အဖြစ် ရောက်ရန် သိပ်မလိုတော့ခြင်း ကိုပါ တွေ့ နိုင်ပါတယ်။
စင်မြင့်ပေါ်မှ ပြိုင်ပွဲဝင် ဆေးဆရာ အိုကြီးများဟာ သက်ပြင်း ကိုယ်စီ ချမိကြတယ် ။ သူတို့မှာ ယခုလို တန်ဖိုး ကြီး ပစ္စည်းများ မရှိပေ ဒါပေမယ့် သူတို့ ငယ်ရွယ်သော ပညာရှင် ၂ ယောက်၏ အစွမ်းကို သိပ်အထင်မကြီးမိကြ ပါ ချေ ။
လူတိုင်းဟာလည်း ချန်ရှန် ဆေးများ ဘယ်က ရသလဲ ဆိုတာကို အရမ်း သိချင်နေကြတယ် ။ ချန်ရှန် ၏ ဆေးများ အကြောင်း ဆေးဆရာမကြီးမှ မေးသောအခါပင် သူဟာ ပြန်မဖြေ ခဲ့ပါချေ ။
ဆေးပညာပြိုင်ပွဲကြီးဟာ ကြီးကျယ်လှတယ် ။ ပြိုင်ပွဲ ၀င်များဟာ သက်ဆိုင်ရာ ဆေးစာရင်းတွင် ပါဝင်သော ဆေးများအား ပြုလုပ်ရမည်ဖြစ်ပြီး အမြင့်ဆုံး ပြုလုပ်လို့ ရ သော ဆေးမှာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး တစ်မျိုး ပြု လုပ်ခြင်း ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ဆေးဆရာ အား လုံး လိုလိုဟာ အလယ်အလတ်အဆင့် ဝိဉာဉ်တော် ဆေး များကိုသာ ပြုလုပ်နိုင်ကြတာ ဖြစ်ပါတယ် ။ လုဇန်းနန် ဟာ အလွယ်တကူ ပဲ ဒီပွဲကို ယှဉ်ပြိုင်ခဲ့တာပါ ။ သူဟာ အလယ် အလတ် ဆေးသုံးမျိုး ပြုလုပ်တတ်သော အဆင့် ၃ ဆေးပ ညာရှင်ပင် မဟုတ်ပါလား ။
ပထမဆုံးပွဲကတော့ ယှဉ်ပြိုင်သူများဟာ အဆင့်နိမ့် မော်တယ် ဆေး ဖြစ်သော ကိုယ်ငြိမ်းဆေး ကို နာရီဝက် ဖြင့် ပြုလုပ်ရမှာ ဖြစ်ပါတယ် ။
မျက်စိတမှိတ်အတွင်းပင် နာရီဝက် ဆိုသော အချိန် ဟာ ကုန်ဆုံးသွားပြီး ပထမဆုံး ပြုလုပ်ပြီးသူကတော့ လု ဇန်းနန် ပါပဲ ။ ချန်ရှန်ကတော့ တမင်သက်သက်ပင် နောက် ကျမှ ပြီးပါတယ် ။ သူဟာ မီးဖိုကို သတ်မှတ်ချိန် မတိုင်မီ လေးမှာသာ ဖွင့်လိုက်တာ ဖြစ်ပါတယ် ။ ဒါဟာ လုဇန်းနန် အား သူ၏ အရည်အချင်းကို မခန့်မှန်းနိုင်အောင်ပါ ။ ဒါ့အပြင် သူလည်း သိပ်အားစိုက်စရာ မလိုပါဘူး ။
ဆေးဆရာမကြီးဟာ ချန်ရှန် ကို စိုက်ကြည့်နေတယ် ။ ဒီလို ဆေးလောက်ကတော့ ချန်ရှန် အလွယ်တကူ ပြုလုပ် နိုင်မှာကို သူမ သိပြီးသားပါပဲ ။
ပထမပွဲမှာ ပြိုင်ပွဲဝင် ငါးယောက် ဟာ ထွက်ခွာသွားရ ပါတယ် ။
ဒုတိယပွဲကတော့ ယှဉ်ပြိုင်သူများဟာ အလတ်စား ဆေး ဖြစ်သော မှော်ကျောက်ဖရုံဆေးကို ပြုလုပ်ရမှာ ဖြစ် ပြီး တတိယ ပွဲမှာတော့ အဆင့်မြင့်မော်တယ်ဆေး ဖြစ် သော ရိုးရိုးဒြပ်စင်ဆေးကို ပြုလုပ်ရမှာပါ ။ ပြိုင်ပွဲ ၂ ရပ်လုံး အတွက် သတ်မှတ်ချိန်ကတော့ တစ်နာရီခွဲပဲ ဖြစ်တယ် ။
ထိုနှစ်ပွဲလုံးမှာလည်း လုဇန်းနန် သာ ပထမဆုံး ပြီးဆုံး ပြီး ချန်ရှန်ကတော့ နောက်ဆုံးမှ မီးဖိုကို ဖွင့်ခဲ့ပြန်ပါတယ် ။ ဒီလိုအချက်ကြောင့်ပဲ လုဇန်းနန် ဟာ စိတ်ထဲမှာ ကြိတ် ဂုဏ်ယူလျက် ရှိတယ် ။
ပြိုင်ပွဲ ၂ ရပ်ပြီးတယ့် အခါမှာတော့ စင်မြင့်ပေါ်မှ ပြိုင်ပွဲ ၀င် ၆ ဦး ထွက်ခွာသွားရတယ် ။
မွန်းတည့်ချိန်လို့ ရောက်ရှိလာပါပြီ ။ ဒါပေမယ့်လည်း ပြိုင်ပွဲဟာ မပြီးဆုံးသေးပါဘူး ။ နားချိန်ဟာ မရှိသလောက် နည်းပြီး ဒါဟာပင် ဆေးပညာရှင်၏ စွမ်းရည်ကို စမ်းသပ် နေတာပဲ ဖြစ်ပါတယ် ။ ပရိတ်သတ်များစွာဟာ စောင့်ကြည့် ဆဲ ဖြစ်ပေမယ့် တချို့ စိတ်မရှည်သော သူများဟာ ပြန်သွား ကြပါတယ် ။
စတုတ္ထပြိုင်ပွဲကတော့ အဆင့်နိမ့်ဝိဉာဉ်တော်ဆေး ဖြစ်သော ချီဓာတ်ဆေး ပြုလုပ်ရမှာပါ ။ ခွင့်ပြုချိန်က တစ် နာရီ ဖြစ်တယ် ။
စစ်မှန်သော သိုင်းပညာ နယ်ပယ် အောက်ရှိ ဆေးဆ ရာ များအတွက်ကတော့ စိတ်ရှည်ဖို့လိုအပ်ပါတယ် ။ ဒီ အဆင့်မှာတော့ ထွက်ခွာသွားသူ အများဆုံးဖြစ်ပြီး ဆေး မလုပ်နိုင်သူများ ၊ ဆေးပင်များ ကြိုတင်မပြင်ဆင်လာသူ များ ဟာ ယှဉ်ပြိုင်နိုင်ခြင်း မရှိကြတော့ပါ ။ ချန်ရှန် အပါအ ၀င်မှ ၁၅ ဦးသာ ကျန်ရှိပါတယ် ။
ချန်ရှန် စိတ်ထဲမှာတော့ ချီဓာတ်ဆေးဟာ သူအမြဲ လုပ် နေကျ ဆေးပါ ။ နောက်ပြီး လောင်ဆုရီ အတွက် အမြဲ တမ်း လုပ်ပေးရတာ ဖြစ်ပြီး ထို လောဘကြီးတဲ့ နဂါးမလေး ဟာ ဒီဆေးကို ဂျယ်လီလို အများကြီးစားရတာ ကြိုက်နှစ် သက်သူပါ ။ ဒါပေမယ့်လည်း တမင်သက်သက်ပင် မီးဖို ကို နောက်ဆုံးမှ ဖွင့်မြဲပါပင် ။ လုဇန်းနန် ကတော့ အမြဲပင် အရင်ဆုံး ဖွင့်တာဖြစ်ပြီး ၎င်း၏ လျင်မြန်မှုမှာ မဆိုးလှပါ ချေ ။
အချိန်ပြည့်သွားပါပြီ ၊ ယခုအခါမှာတော့ ပညာရှင် ၈ ဦး သာ စင်ပေါ်တွင်ရပ်နေလျက် ရှိပြီး မကြာခင်မှာပင် ခုနစ်ဦး သာ ကျန်ပါတော့တယ် ။ ဆေးဆရာမကြီး ခေါင်းတဆတ် ဆတ် ငြိမ့်လျက် ဒီရလဒ်ကို ကျေနပ်နေတယ် ။ ချန်ရှန် နှင့် လုဇန်းနန် အပြင် တခြား မော်တယ် ပညာရှင် ၅ ဦးသာ ချီဓာတ်ဆေးအား တစ်နာရီအတွင်း ပြုလုပ်နိုင်ခဲ့ပါတယ် ။
မကြာခင်မှာပဲ ညနေစောင်းသွားပြီ ဖြစ်ကာ နေမင်းကြီး ကတော့ တောက်ပနေဆဲပါ ။ ဒါပေမယ့် အခုအချိန်ဟာ နောက်ဆုံး ပြိုင်ပွဲကြီး ပြုလုပ်မယ့် အချိန်လည်း ဖြစ်ပါတယ်၊
“အခုက နောက်ဆုံးပြိုင်ပွဲပဲ ၊ ပြိုင်ပွဲဝင်တိုင်းဟာ ကိုယ် ကြိုက်ရာကို ကိုယ်လုပ်နိုင်တယ် ။ ခွင့်ပြုချိန် က ၄ နာရီ ၊ မင်းတို့ အဆင့်နဲ့ လုပ်နိုင်သမျှထဲမှာ အမြင့်ဆုံးဆေးတွေ လုပ်ကြပေါ့ ။ ပွဲပြီးလို့ အမြင့်ဆုံး ဆေးလုပ်နိုင်သူက အနိုင် ရရှိမယ် ။ မတူညီတဲ့ ဆေးတွေလည်း လုပ်နိုင်သေးတယ် နော် ၊ မင်းတို့ အဆင့်တူနေရင်တောင် အမျိုးအစား များများ လုပ်နိုင်သူက နိုင်မှာပေါ့”
ဆေးဆရာမကြီးက အော် ပြော ပါတယ် ။
လုဇန်းနန် ပြုံးလျက် ရှိနေတယ် ။ အဘယ်ကြောင့် ဆို သော် သူဟာ အဆင့် ၃ ပညာရှင် ဖြစ်တာနဲ့ အညီ အလယ် အလတ် ဝိဉာဉ်တော်အဆင့် ဆေး ၃မျိုးအား ပြုလုပ်နိုင် တာ ကြောင့် ကျိန်းသေနိုင်မည် ဟု ယုံကြည်နေတယ် ။ တကယ်လို့ ချန်ရှန် နှင့် တခြားလူများ ထိုကဲ့သို့ အလယ် အလတ် ဝိဉာဉ်တော် ဆေး တစ်မျိုးမျိုး ပြုလုပ်နိုင်လျှင် တောင်မှ သူဟာ လေးနာရီအတွင်း ဆေး ၃ မျိုးလုံး ပြုလုပ် နိုင်မှာ ဖြစ်တာကြောင့် နိုင်မည် ဟု သာ မျှော်လင့်နေပါ တယ် ။
ချန်ရှန် လုဇန်းနန်အား ပြုံးလျက် –
“အကိုတော် လု ၊ ခင်ဗျားကြည့်ရတာ ယုံကြည်မှုတွေ တော် တော် ကို ရှိနေသလိုပဲ ၊ ခင်ဗျားနိုင်မယ်လို့ကို ထင် နေပုံရတယ် ။ ကျွန်တော်တို့ လောင်းကြေးလေး နည်းနည်း ထပ်တိုးရင် ဘယ်လိုလဲဗျ”
ချန်ရှန် တကယ်ကို လောင်းကြေး မြှင့်ချင်နေတာပါ ။ ဒီ အခြေအနေဟာ တော်တော် စိတ်ဝင်စားစရာပါပဲ ။ အနိုင် ရရှိသူကတော့ အကျိုးများလှမည်မှာ အသေအချာပါပင် ။
ပရိတ်သတ်ထဲမှ လူများစွာဟာ လောင်းကြေးနှင့် ပတ် သက်ပြီး ဆွေးနွေးနေကြတယ် ။ အများစုဟာ လောင်း နေ ကြပြီး အဓိက ကတော့ လုဇန်းနန် ဘက်မှသာ လောင်းကြေးထပ်သူ များလျက် ရှိပါတယ် ။ ဒါ့အပြင် ၎င်း ၏ ခါးရှိ် အဆင့် ၃ ကျောက်စိမ်းပြားကြောင့်ပင် သူ၏ ဂုဏ် ဟာ ခွန်အား တစ်ရပ်ပင် ဖြစ်ပါတော့တယ် ။
ဆေးဆရာမကြီး ဟာ ချန်ရှန် ကို အနည်းငယ် ပြုံး လျက် ကြည့်နေတယ် ။ လုဇန်းနန် တစ်ယောက်တော့ ဒီနေ့ ကံမကောင်းနိုင်ဟုလည်း ရိပ်မိနေပါတယ် ။ လွန်ခဲ့သော အချိန်တုန်းက သူမဟာ ချန်ရှန် နှင့် လောင်းရာမှာ ရှုံးနိမ့် ခဲ့ ပြီး ဆေးဘုရင် ခြံဝန်းထဲသို့ ၀င်ခွင့်ပြုခဲ့ရလေတယ် ။
လောင်းကစားသမားတိုင်းဟာ ၎င်းတို့ နိုင်မည်ဟုသာ တွေးတတ်လေ့ရှိတာကြောင့် လောင်းကြေးများ တိုးလေ့ ရှိ ကြပါတယ် ။ ၎င်းတို့ ပိုင်ဆိုင်သမျှကိုပင် ပုံအောကာ ပြိုင် ဖက်အား ဖိအားပေးတတ်ကြတယ် ။ ချန်ရှန် နှင့် လုဇန်းနန် တို့ စိတ်ထဲမှာလည်း ကိုယ့်ကိုကိုယ် သာ နိုင်မည်ဟု ထင် ကြလျက် လောင်းကြေးတိုးခြင်းကို မငြင်းနိုင်လောက်ပါ ။
“မင်းကြိုက်တယ့် ပမာဏပြော ၊ ငါ့ဘက်က အဆင် သင့်ပဲ”
လုဇန်းနန် ပြောလိုက်တယ် ။ သူ၏ မျက်နာမှာလည်း ယုံကြည်မှု အပြည့်ဖြင့် ရှိနေပါတယ် ။ တခြား ဆေးဆရာ များမှာတော့ သူတို့နဲ့ မဆိုင်သလိုပင် ဆေးများ စတင် ပြု လုပ်လျက် ရှိပါပြီ ။
“ကျွန်တော် ကြားတာကတော့ ဆေးဘုရင်တောင် မှာ နေကိုးစင်း မီးတောက် အသီး ရှိတယ်လို့ကြားတယ်”
ချန်ရှန် ခပ်ပြုံးပြုံးဖြင့် ပြောပါတယ် ။
“ကျွန်တော် က ငရဲ ဝိဉာဉ်တော် မြက်ကို ထုတ်မယ် ၊ ခင်ဗျားကော နေကိုးစင်း မီးတောက် အသီး နဲ့ လောင်းဝံ့ လား”
အမည်းရောင် ငရဲဝိဉာဉ်တော်မြက် ထွက်လာပါ တယ် ။ ပရိတ်သတ်အားလုံး အော်သံများ ကြားလိုက်ရပြီး ၎င်းဟာ လက်ဝါးအရွယ်သာ ရှိပေမယ့် အလွန်ပင် တန်ဖိုး ရှိ လှပါတယ် ။ အဘယ်ကြောင့် ဆိုသော် ၎င်းမြက်ဟာ သိပ် ကို ရှားပါးလွန်းသော ဆေးဖက်ဝင် တစ်မျိုး ဖြစ်နေလို့ပါပဲ ။
နေကိုးစင်း မီးတောက် သစ်သီး ဟာလည်း တန်ဖိုးကြီး လှတယ့် အဆင့်မြင့် သိမ်မွေ့ အဆင့် မီးဓာတ် ဆေးဖက်ဝင် ပစ္စည်း ဖြစ်ပါတယ် ။ အဓိကအားဖြင့် ၎င်းကို အဆင့်မြင့် သိမ်မွေ့ ဆေး ဖြစ်သော နေမီးဆေးမှာ သုံးတာပါ ။ ၎င်း ဆေးဟာ အလွန် အစွမ်းထက်လှပြီး မီးတောက် အရည် အသွေးကို ဆက်တိုက် မြှင့်တင်ပေးတာပါ ။ ဆေးပညာ အတွက် လိုအပ်သော မီးတောက်ကို ပြုလုပ်ပေးနိုင်ပြီး စုမေးယို ပြောစကားအရ အဆိုပါ နေမီးဆေးဟာ မီးဝိဉာဉ် တော် ရှိသူများ စားသုံးရန် အကောင်းဆုံးဆေးပါပဲ ။
ချန်ရှန် ဟာ လက်ရှိမှာ ၎င်းဆေးကို မသုံးရသေးပါဘူး ၊ ဒါပေမယ့် နောင်အခါ လိုအပ်လာနိုင်ပါတယ် ။ စုမေးယို ပြောပုံအရ ဆေးပညာခရီးလမ်းတွင် လျှောက်လှမ်းမည့် လူအဖို့ မီးဝိဉာဉ်တော်ကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ် ။
“ကောင်းပြီ ၊ ငါလောင်းမယ်”
လုဇန်းနန် အံကြိတ် လျက် ပြန်ပြောပါတယ် ။
“ကျွန်တော် က အကိုတော် လု မလောင်းလောက်ဖူး လို့ ထင်ထားတာ ။နောက်ပြီး အဲဒါက လုမျိုးနွယ် ရဲ့ အရမ်း တန်ဖိုးကြီး ရတနာ တစ်ခုမလား”
ချန်ရှန် စိုးရိမ်ဟန် ဖြင့် မေးလိုက်ပါတယ် ။ အကယ်လို့ လု မျိုးနွယ်ကသာ ငြင်းဆန်ပါက သူရဖို့ အခွင့်အရေးရှိ မည် မဟုတ်ပေ ။
“ငါလုပ်နိုင်ပါတယ်”
လုဇန်းနန် အလောတကြီးပင် ပြောလိုက်ခြင်း ဖြစ်ပါ တော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset