Chapter – 141 အသေးစားလောင်းကြေး
လောင်ဆုရီ ခပ်လှောင်လှောင် ရယ်မောကာ ချန်ရှန် ၏ မျက်နာသုန်မှုန်နေတာကို ကြည့်နေတယ် ။ သူမရယ်သံ ဟာ ချန်ရှန်ကို ပိုဒေါသထွက်စေပါတယ် ။ သူမဖင်မှာ အညို အမည်းများ စွဲသွားသည်ထိ ပိတ်ကန်ပစ်ချင်နေမိတယ် ။
“နဂါးလေး မင်းကို တပတ် ၁၀ ရက်လောက် အငတ် ထား မယ်လို့ ဆုံးဖြတ်လိုက်ပြီ”
ချန်ရှန် ဒေါသတကြီး လက်သီးဆုပ်ကာ ပြောဆိုပါ တယ် ။
“မလုပ်ပါနဲ့ ၊ ကျွန်မက စတာပါ ။ ခင်ဗျားက လူဆိုးပဲ ၊ ကျွန်မ က ခင်ဗျားရင်ထဲ ရှိတာကို ပြောလိုက်ရုံပါပဲ ။ ဝုကွမ် ချင် ဘယ်လောက် ပျော်သွားလဲ မြင်လား ၊ ခုတော့ တချက် ခုတ် နှစ်ချက်ပြတ်ပဲ”
လောင်ဆုရီ ဂုဏ်ယူနေဟန်ပါ ။
ကံကောင်းစွာပဲ ဒီ နဂါးမလေးဟာ ဝုကွမ်ချင် နှင့် ဟွာရှန်ယူ တို့ရှေ့ မှာသာ မွှေတာပါ ။ ဆေးဆရာမကြီးလို စွမ်းအားကြီး လူရှေ့ မှာသာ ဒီလိုဆိုပါက သူ့မှာ အသက် ၁၀ ဆက် ရှိတောင် လောက်မည် မဟုတ်ပေ ။ ချန်ရှန် နား မ လည်တာက ဒီနဂါးလေးဟာ တစ်နှစ်သားတောင် မပြည့် သေးပဲ ဆန်းကြယ်လှပါတယ် ။ ဒီလိုကိစ္စတွေကို နားလည် နေသည် မဟုတ်ပါလော ။
နောက်နေ့မှာတော့ဆေးပညာပြိုင်ပွဲ ရောက်ရှိလာပြီ ဖြစ်ကာ လူတစ်ရာလောက်ပဲ စာရင်းပေးထားတာပါ ။ စည်း မျဉ်းများဟာလည်း အလွန်ပင် တင်းကြပ်လှတယ် ။ ဒါ့ အပြင် လူများစွာရှေ့ မှာ ပြုလုပ်ပြရမှာ ဖြစ်တာကြောင့် ရှိန် မနေဖို့ သတ္တိတော့ လိုအပ်ပါတယ် ။
သာမန်အားဖြင့် ဆေးပြုလုပ်ခြင်းဟာ သီးသန့်ခန်းတွေ မှာ သာ ပြုလုပ်ကြတာဖြစ်ပြီး ဖိအား မရှိလှပေ ။ ဒါပေမယ့် ယခု ပြိုင်ပွဲ ကတော့ အားလုံး၏ အရှေ့ စင်မြင့်ပေါ်မှာ ပြု လုပ် ရမှာ ဖြစ်ပါတယ် ။ ဒါဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ စစ် ဆေးသည့် သဘောပါ ။ ဒါ့အပြင် ပတ်ဝန်းကျင်ဟာလည်း အလွန် ဆူညံနေတာကြောင့် အာရုံများနိုင်ပါတယ် ။ ဒါကပင် ဆေးဆရာ၏ အဆင့်ကို စမ်းသပ်ခြင်းပါပဲ ။
ဒီနေ့ စင်မြင့်ပေါ်မှာတော့ လူအနည်းငယ်ရှိပြီး ကွင်းထဲ မှာတော့ လူများစွာ ရှိနေတယ် ။ ကြည့်ရှုနေသူများဟာ ဆူ ညံနေလျက်ရှိပြီး လူအများစုမှာ ချန်ရှန်လည်း ယခုပွဲတွင် ပါဝင်မည်ဆိုတာကို သိနေကြပါတယ် ။ ဒါကြောင့် ချန်ရှန် ကို ဆူညံမှုများ ပြုလုပ်ကာ အနှောက်အယှက်ပေးဖို့ ကြံ ရွယ်နေကြပြန်ပါသေးတယ် ။
ချန်ရှန် ရှောင်ဒို နှင့် တခြားလူများကို မမြင်တွေ့ ရပါ ။ ဂိုဏ်းချုပ်လည်း ရှိမနေပဲ အပြင်သွားကြတာ ဖြစ်ပေလိ့မ် မည် ။ ဒီအချက်ကို ပဲ ချန်ရှန် ဟာ ဇုရွန်တို့ကို သိပ်မကျေနပ် မိပေ ။ ချန်ရှန် ကို နှုတ်ဆက်ဖော်ပင် မရပဲ သွားကြပြီး ဝုကွမ်ချင်ကမှ နှုတ်ဆက်ပါသေးတယ် ။ သူမ၏ အပြုအမူ ကြောင့် ရင်ထဲနွေးသွားပြီး သူမကို အနည်းငယ်ပင် သဘောကျမိ သွားပါတယ် ။
ဒီပွဲကြီး တစ်ခုလုံးကို ဆေးဆရာမကြီးက ကြီးကြပ် ကွပ်ကဲတာ ဖြစ်ပါတယ် ။ သူမ၏ မီးတောက် မျက်လုံးများ မှာ အားလုံးကို ကြည့်နေလျက်ရှိပြီး ပြိုင်ပွဲဝင်များဟာလဲ လန့်လျက် ရှိနေကြတယ် ။ ဒီလျို့ ဝှက်ဆန်းကြယ်လှသော မိန်းမကို မည်သူမျှ မကြောက်ပဲ နေ၀ံ့မည် မဟုတ်ပေ ။ သူမ သာ စိတ်ဆိုးပါက ချန်ရှန် ကိုကြည့်ပြီး သင်ခန်းစာ ယူနိုင်ပါ တယ် ။
ဆေးဆရာမကြီးဟာ ချန်ရှန် ကို သေလောက်အောင် ဆန့်ကျင်နေသော်လည်း ချန်ရှန် ဟာ ဆေးဘုရင်ခြံဝန်းထဲ နေ ထိုင်နေတာ ဖြစ်တယ် ။ လူတစ်ချို့ ထင်ကြတာကတော့ ဆေးဆရာမကြီးဟာ တမင်သက်သက် ချန်ရှန် ကို ထိုနေ ရာ ရောက်အောင် ပို့လိုက်တာဖြစ်ပြီး ၎င်းနဲ့ ပိုမို ထိပ်တိုက် တွေ့ ချင်လို့ပါ ။
“ချန်ရှန် ၊ မိုးပြာအသီးရဲ့ ကြီးထွားနှုန်းက မြန်လှချည် လား ၊ ငါတွေ့ တုန်းကထက် အများကြီးပို ကြီးလာတယ်”
ဆေးဆရာမကြီးက စပ်စပ်စုစု မေးပါတယ် ။
“မသိဘူးလေ ၊ ဒါပေမယ့် ဒီလို မြန်မြန် ကြီးလာတဲ့ ကိစ္စ ဟာ ခင်ဗျားနဲ့ မသက်ဆိုင်ဘူးမလား ၊ ဒါကို ကျွန်တော် စိုက် တာလေ”
ချန်ရှန် ခပ်တည်တည်ပဲ ပြောလိုက်တယ် ။ ဂုဏ်ယူ ၀ံ့ကြွားစွာ ပြုံးလျက် ပါပဲ ။
“ဟက်ဟက် ၊ မင်းက ဒီအသီးတွေ အများကြီး နဲ့ ဘာလုပ် မှာတုန်း ၊ တည်ဆောက်ရေးဆေး လုပ်နည်းကို တောင် မသိပဲနဲ့”
ဆေးဆရာမကြီးက အေးစက်စက် လှောင်လိုက် ပါ တယ် ။
“ကျွန်တော် က စားလို့ မရနိုင်တော့ဘူးလား ၊ ဒါ ကျွန် တော့ဟာ ။ ကျွန်တော်ဘာလုပ်လုပ် ခင်ဗျား အလုပ် မဟုတ် ပါဘူး”
ချန်ရှန် ရယ်မောကာ ပြောလိုက်တယ် ။ ဆေးဆရာမ ကြီး ဒေါသထွက်ကာ ကိုယ်ပင် တုန်သွားပါတယ် ။ သူက တော့ ကျေနပ်နေလျက် ပြုံးနေမိပါတော့တယ် ။
“ဆေးပညာရပ် ပြိုင်ပွဲ စမယ် ၊ တစ်ယောက်ယောက် က မသမာမှု လုပ်ရင် သို့မဟုတ် စည်းကမ်း ချိုးဖောက်ရင် ဂိုဏ်းကနေ သေချာပေါက် ထုတ်ခံရမယ် ။ နေရာ မြန်မြန် ယူကြပါ”
ဆေးဆရာမကြီး အော်ပြောလိုက်တယ် ။ အမိန့်ဆန် ပြီး အေးစက်လှတယ့် လေသံကြောင့် လူတိုင်းဟာ လန့် နေကြပြီး ကွင်းပြင်ကြီးတစ်ခုလုံး တိတ်ဆိတ်နေလျက် ရှိ တယ် ။
ချန်ရှန် နေရာရွေးဖို့ ပြင်ဆင်နေတုန်းမှာပဲ ရုတ်တရက် ဆေးဆရာမကြီး ပြောသံကို ကြားလိုက်ရတယ် ။
“ချန်ရှန် မင်းက ငါ့ဘေးမှာ လုပ်ရမယ် ။ မင်းကဉာဏ် များ တတ်တယ် ။ ငါ့မျက်စိကို လှည့်စားပြီး တစ်ခုခုလုပ်မှာ ကို ငါစိုးရိမ်မိတယ် ။ ငါ မင်းဆေးဘယ်လိုလုပ်လဲဆိုတာ ကြည့်ချင်တယ်”
တခြားဆေးပြုလုပ်သူများဟာ ကွင်းပြင်ကြီး အလယ်ရှိ မြင့်မားသော စင်ပေါ်တွင် ရှိနေပြီး ဆေးဆရာမကြီးမှာ ခပ် လှမ်းလှမ်း မှ ရပ်နေတာပါ ။ ဒါကြောင့်ပါဝင်သူများဟာ စိတ် အေးလျက်ရှိကြတယ် ။ ဆရာမကြီးသာ သူတို့အနားမှာဆို ပါက အသက်ရှုဖို့ပင် သူတို့အတွက် ခက်ခဲပါလိ့မ်မယ် ၊ အဘယ်ကြောင့် ဆိုသော် အားလုံးဟာ သူမကို ကြောက်ရွံ့ တာကြောင့်ပဲ ဖြစ်ပါတယ် ။
ချန်ရှန် သက်ပြင်း ခပ်တိုးတိုး ချမိပါတယ် ။ သူမကို ကြောက်လို့တော့ မဟုတ်ပါ ။ နောက်ပြီး သူ၏ သိုင်းပညာ တူမလည်း ဖြစ်နေပြီး အရင် ချီဓာတ်ဆေး ပြုလုပ်တုန်းက လည်း သူ့ကို ကြီးကြပ်ခဲ့ဖူးပါတယ် ။
ဒီအချိန်မှာ အသက် ၂၀ လောက်ရှိမည့် လူငယ်လေး တစ်ယောက်ဟာ စင်မြင့်ရှိ ဆေးဆရာမကြီးထံ လျှောက် လာပါတယ် ။ လူအားလုံးဟာ အံ့အားသင့်လျက် ထိုလူ၏ မျက်နှာမှာလည်း စိတ်ကြီးဝင်နေပုံပါပဲ ။ သူ၏ ခါးတွင် ချိတ် ထားသော အဖြူရောင် ကျောက်စိမ်းကတ်ပြာမှာ လူအား လုံးအား ရင်သပ် ရှုမော ဖြစ်စေပါတယ် ။
လူတိုင်း ထိုလူငယ်၏ အနေအထားကို သိသွားကြပါ တယ် ။
“ဆေးဘုရင်တောင် ရဲ့ လုမျိုးနွယ်က အဆင့် ၃ ဆေး ပညာရှင် လေး မလား ၊ သူ့နာမည်က လုဇန်းနန် တဲ့ ငါ မှတ် မိတယ် ။ ဒီလို ငယ်ငယ်လေးနဲ့ စစ်မှန်သော သိုင်းပညာ နယ်ပယ်ကို ရောက်ရှိရုံမျှမက အဆင့် ၃ ဆေးပညာရှင်လဲ ဖြစ်တယ် ။ ကြည့်ရတာတော့ နောင်တစ်ချိ်န်မှာ သူဟာ ဒီ နယ်တဝိုက် အထူးချွန်ဆုံး လူအဖြစ် နာမည်ကြီးမှာပဲ”
လူကြီး တစ်ဦးက ဆိုပါတယ် ။
ချန်ရှန် ဒီလူ အကြောင်းကို ဝုကွမ်ချင် ထံမှ ကြားဖူးပြီး သားပါ ။ ထိုလူ၏ လု မျိုးနွယ်စု အကြောင်းကိုလဲ သိရှိပြီး ၎င်း မျိုးနွယ်ဟာ များစွာသော ဆေးပင်တွေကို ချုပ်ကိုင် ထားတာ ဖြစ်ပါတယ် ။ သူတို့မှာ မိုးပြာရောင်သိမ်မွေ့ ပင် တောင် ရှိနေပြီး ရောင်းချခြင်းတော့ မပြုကြပါ ။ များစွာ သော သိုင်းပညာရှင်များလည်း ရှိနေကာ ကောလဟာလ များအရ နိဗ္ဗာန်အဆင့် အဖိုးကြီးတစ်ယောက် ပင် ရှိနေ တယ် လို့ သတင်းများ ပြန့်နေပါတယ် ။
“နောက်လိုက် လုဇန်းနန် မှ ဆေးဆရာမကြီးကို နှုတ် ဆက်ပါတယ်”
လူငယ်က လေးစားစွာပင် ဂါရ၀ ပြုပါတယ် ။ ဒါပေမယ့် မာန ကြီးနေပုံပါပဲ ။
“မင်းက ဘာလုပ်ချင်လို့လဲ”
ဆေးဆရာမကြီးဟာ လုဇန်းနန် ကို သိပ်မကြည်သလို ပင် ကြည့်နေတယ် ။ သူမရင်ထဲ ကြည့်မရဖြစ်နေပြီး ချန်ရှန် က ထိုလူငယ်ထက် ပိုမို ဖော်ရွေတယ်ဟု ခံစားလိုက်မိပါ တယ် ။
“ကျွန်တော် ဟာ မနေ့ညကပဲ စစ်မှန်သော သိုင်းပညာ နယ်ပယ်ကို ရောက်သွားပါတယ် ။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ အဲဒိလို ပညာရှင်တွေ ပါဝင်ခွင့် မရှိဖူး သိရတယ် ။ ကျွန် တော် ကတော့ ပါဝင်ချင်ပါတယ် ။ ဘာလို့လဲဆိုတော့ ချန် ရှန် နဲ့ ပြိုင်ချင်လို့ပဲ”
လုဇန်းနန် ချန်ရှန် ကို ကြည့်လျက်ပြောပါတယ် ။ သူ၏ မျက်လုံးများမှာ ရန်မူသလို အငွေ့ များ ဖြင့် ပြည့်နေတယ် ။
“ငါဟာ အဆင့် ၃ ပညာရှင်ဖြစ်ပြီး စစ်မှန်သော သိုင်း ပညာ နယ်ပယ်ကိုလည်း ရောက်ရှိနေပြီဖြစ်တယ် ။ မင်းထက် အများကြီးသာတယ်”
ချန်ရှန် သက်ပြင်းချမိတယ် ။ ထိုလူ၏ ပါရမီ မဆိုးလှ တာကို ၀န်ခံသော်လည်း အတွေ့ အကြုံ ရှိပုံမပေါ်လှပါ ။ ရှုံး လျှင်တော့ ညစ်လိမ့်မည်ကို ကြိုတင်မြင်ယောင် မိနေပါ တယ် ။
တခြားလူများ၏ အတွေးမှာတော့ တော်တော် အံ့သြ နေ လျက် ရှိတယ် ။ လုဇန်းနန် ဟာ စစ်မှန်သော ပညာရှင် ဖြစ်နေပြီး အသက် ၂၀ သာ ရှိသဖြင့် ရှောင်ဒိုထက် ၂ နှစ် သာ ကြီးပါတယ် ။ ဒါ့အပြင် ဆေးပညာရှင် တစ်ယောက်လဲ ဖြစ်နေပါတယ် ။ ဒါကြောင့် လူအများ အမြင်မှာတော့ လု ဇန်းနန် ဟာ ရှောင်ဒိုထက် ပိုမို ပါရမီပါလှတယ်လို့ တွေးနေ ကြတာပါ ။
“ဒါက ဆေးပညာပြိုင်ပွဲပါ ၊ မင်းကို ပါဝင်ခွင့်ပြုမယ် ။ ဒါ ပေမယ့် သိုင်းပြိုင်ပွဲမှာဆိုရင်တော့ မင်းဟာမင်း စဉ်းစား ကြည့်”
ဆေးဆရာမကြီးလည်း ပြောပြီး ပြန်လွှတ်လိုက်တယ် ၊ သူမဟာ ချန်ရှန် လုဇန်းနန် ကို နိုင်မလား ရှုံးမလား ဆိုတာ ကို ကြည့်ချင်နေပါပြီ ။
ချန်ရှန်လည်း ရယ်မောကာဖြင့် –
“အကိုတော် လု က နှစ်တစ်ထောင်မှာ တစ်ယောက် မရှိနိုင်တယ့် ပါရမီရှင် တစ်ယောက်ပဲ ။ ခင်ဗျားနဲ့ ပြိုင်ရမှာ ၀မ်းသာမိပါတယ် ။ ခင်ဗျားက ကျွန်တော့ အတွက်နဲ့ ပြိုင် မှာ ဆိုတာကြောင့် နည်းနည်း လေး လှုပ်လှုပ်ရှားရှား ဖြစ် သွားအောင် လောင်းကြေးလေး နည်းနည်း ထပ်လိုက်ကြစို့ လား”
ချန်ရှန် လောင်းဖို့ ထပ်မံ ကြိုးစားနေပြန်ပါပြီ ။ ပြီးခဲ့တဲ့ အချိန်တုန်းက စစ်မှန်သော ပညာရှင်ကို တပည့်အဖြစ် ရရှိ ခဲ့ပြီး ဆေးဘုရင်ခြံဝန်းထဲ ၀င်ခွင့်ရခဲ့ပါတယ် ။ ယခုအကြိမ် တွင် ကော သူဘာလောင်းမှာပါလိ့မ် . . . ။
ဆေးဆရာမကြီး တော်တော် စိတ်ဝင်စားသွားတယ် ။ ချန်ရှန် ၏ ခြေလှမ်းတိုင်းကို သူမ ပိတ်ပင်သော်လည်း ချန် ရှန် ကို အာရုံစိုက်လျက်ရှိတယ် ။ သူမ တံခါးပိတ်ကျင့်ရာ မှ ထွက်လာတုန်းက ချန်ရှန် ဟာ သိသိသာသာ တိုးတက်လာ တာကို သတိထားမိပါတယ် ။
“မင်း ကြိုက်ရာ လောင်းပါ”
လုဇန်းနန် မာနကြီးတဲ့ပုံဖြင့် ပြုံးနေတယ် ။ သူဟာ စစ်မှန် သော ပညာရှင်ဖြစ်ပြီး ဒန်ရှန် တောင်ယွမ် မှ အဆင့် ၃ ဆေးပညာရှင် လက်မှတ်ရတစ်ဦး ဖြစ်တယ် ။ သူ့အတွက် ရှုံးစရာမရှိဟု ယုံကြည်နေပါတယ် ။
“မင်းက စ လောင်းမယ် ပြောတာဆိုတော့ မင်းပဲ ပြော ပါ”
လုဇန်းနန် မေးလိုက်တယ် ။ ချန်ရှန် မှာ ကြွယ်ဝချမ်း သာ နေမယ် လို့တော့ သူသိနေတယ် ။ လောင်းကြေးဟာ လူတိုင်း အံ့အားသင့်မည် မလွဲပေ ။ ဒါပေမယ့်လည်း သူစိုး ရိမ်ခြင်း မရှိပေ ။ သူကို နိုင်မည် မဟုတ်ပါလား . . . ။
လောင်းကြေးထပ်သော ကစားသမားတိုင်းကတော့ ဒီ လို အတွေးကိုယ်စီ ရှိကြတာပါပင် ။
ချန်ရှန် ခပ်ဖျော့ဖျော့ ပြုံးကာ လက်ကို လှည့်ပြီး မိုးပြာ ရောင် တောက်နေသော ဆေးသုံးလုံးကို ထုတ်လိုက်ပါ တယ် ။
ချန်ရှန် ဟာ တကယ်ပဲ လောင်းကြေးအတွက် အခြေခံ တည်ဆောက်ရေးဆေး ၃ လုံးအား အသုံးပြုမည် ဖြစ်ပါ တော့ တယ် . . . ။