Chapter – 140 ရှင်းမပြနိုင်သော
မကြာမီမှာပင် ချန်ရှန် သူ့ရှေ့ မှ တောင်ကြီးတစ်ခုကို တွေ့ လိုက်ရပါတယ် ။ ထိပ်မှာတော့ ကျောက်စိမ်းတိုကင် ပြားများ ရှိနေတယ် ။ သူအံ့သြသွားတာကတော့ တိုကင် များဟာ တောင်ထိပ်တစ်ခုလုံးကိုပင် ဖုံးလွှမ်းကာ အခု တစ် သောင်းလောက် ရှိနေတာ ဖြစ်ပါတယ် ။
နာရီဝက်လောက်ဖြင့် ချန်ရှန် ဟာ တောင်ထိပ်ကို ရောက်ရှိခဲ့တာပဲ ဖြစ်တယ် ။ ကျောက်စိမ်းပြား တစ်ခုကို ယူ လိုက်ပြီး လျင်မြန်စွာပင် ဂိုဏ်းသို့ ပြန်လာပါတော့တယ် ။ ဒြပ်စင်ဆေး အလုံး ၁၀၀ နှင့် သလင်းကျောက် တစ်သိန်း တို့အား အလွယ်တကူပင် ရရှိပါတောမည် ။
အပြန်လမ်းမှာလည်း ချန်ရှန် ဟာ ချွေးများထွက်ပြီး မော ပန်းကာ ပြေးလွှားနေသော လူအုပ်ကြီးကို မစတော့ ပါဘူး ။ လူအုပ်ကြီးကတော့ သူ့ကို မြင်တယ့်အခါ ကျိန်ဆဲ နေကြပြီး ပစ္စည်းများစွာဖြင့် ပစ်ပေါက်ပါတယ် ။ တစ်ခုမှ တော့ ထိမှန်ခြင်း မရှိပါပေ ။
တစ်နာရီလောက်နဲ့ ချန်ရှန် ဟာ ဂိုဏ်းကို ပြန်ရောက် လာ ခဲ့ပြီး ကျောက်စိမ်းပြားအား ဆရာကြီး ဝု ကိုပေးလိုက် ပါတယ် ။
စပ်ဖြဲဖြဲ ဖြင့် ပင် –
“ကျွန်တော် မဟုတ်တာ ဘာမှ မလုပ်ပါဘူးနော်”
“ကောင်လေး ၊ မင်းက တော်တော် ဉာဏ်နီဉာဏ် နက် များတာပဲ”
ဆရာကြီး ဝု ပြုံးလျက် ပြောဆိုပါတယ် ။ ဒီအချိန်မှာ ဝုကွမ်ချင် ၊ရှောင်ဒို ၊ ဇုရွန် နှင့် ဆူဝဲလောင် တို့ဟာလည်း ချန်ရှန် ပြန်အလာကို စောင့်မျှော်နေကြတယ် ။
ချန်ရှန် အနိုင်ရခဲ့ခြင်းဟာ ကျိန်ဆဲချင် စရာ ကောင်းပေ မယ့် မည်သည့် စည်းမျဉ်းကိုမျှ ချိုးဖောက်ခဲ့ခြင်း မရှိပေ ။ တစ်ခုပဲ ပြောစရာရှိသည်မှာ ပြိုင်ပွဲစည်းမျဉ်း မပြည့်စုံခြင်း ပါ ။ နောက်ပြီး ဂိုဏ်းမှ အဖိုးကြီးများဟာလည်း ဒီလို ရှားပါး လှပြီး စွမ်းအားကြီးလှတယ့် စစ်မှန်သော ချီ တောင်ပံများ မော်တယ် သိုင်းပညာရှင် တစ်ယောက်မှာ မရှိလောက်ဖူး ဟု မျှော်လင့်ခဲ့ကြတာပါ ။ သူတို့သာ မက တခြားလူအား လုံးလည်း ယခုလို ထင်ကြတာပဲ ဖြစ်ပါတယ် ။
ဆရာကြီး ဝု ချန်ရှန် အား ချီဒြပ်ဆေးများ ပါသော သေတ္တာ လေး နှင့် သလင်းကျောက် တစ်သိန်းပါ အိတ် ကို ပေးလိုက်ပါတယ် ။ ချန်ရှန် ဟာလည်း မယူပဲ ဇုရွန် ကို အကုန် ပေးတာပါ ။ ချီဒြပ်စင်ဆေး အလုံး ၁၀၀ ဟာ ငါးသိန်းတန် တာ ဖြစ်ပြီး သလင်းကျောက် နှင့်ပေါင်းပါက ၆ သိန်းဖိုးပါ ။ ဒီလိုဖြင့် သူဆပ်စရာ ရှိသော အကြွေးအား ပေး လိုက်ခြင်း ဖြစ်ပါတယ် ။
“ညီတော်လေး ချန် ၊ ကျေနပ်တယ်မလား”
ဇုရွန် က ရယ်မော ပြောဆိုတယ် ။
ချန်ရှန် ကလည်း သရော်ဟန်ဖြင့် –
“ဖက်တီးကြီး ၊ ဒီလိုပဲ ဖြစ်သင့်ပါတယ် ။ ခုတော့ ကျွန် တော့ လက်ထဲက ဆုဟာ ခင်ဗျားလက်ထဲ ရောက်ပြီပေါ့”
ရှောင်ဒို တို့လည်း ချန်ရှန် ကို အထင်သေးသလို ကြည့် နေကြတယ် ။ လမ်းပေါ်မှာ ပင်ပန်းကြီးစွာ ပြေးလွှားနေ သော သူများ နှင့် ယှဉ်ပြိုင်ရသည်မှာ ချန်ရှန် အတွက် တ ကယ်ကို လွယ်ကူလှပါတယ် ။
ရှောင်ဒို တို့ အဖွဲ့ နှင့် စကားပြောဆိုပြီးတယ့် အခါမှာ တော့ ချန်ရှန်လည်း ဆေးဘုရင် ခြံဝန်း ဆီသို့ ပြန်လာခဲ့ပါ တယ် ။ ထို့နောက် အပင်ရှိရာသွားကြည့်ပြီးတဲ့အခါ ဆေး ဆရာမကြီး နှင့် ဝုကွမ်ချင် တို့ ရှိမနေတာကို သတိပြုမိသွား ပါတယ် ။
ဒီရက်တွေ မှာ ချန်ရှန် ရေခဲလေ တောင်ကြား နှင့် နတ် လက်နက် အင်ပါယာမှ ရွှီရှန်းရှန်း နှင့် လန်ယုလန် တို့ လေ့ ကျင့်ရေးဆင်းနေဆဲ ဆိုတာကို ကြားခဲ့ရတယ့်အတွက် သူမ တို့နှင့် မဆက်သွယ်နိုင်သေးပါဘူး ။
လွန်ခဲ့တဲ့ အချိန်ကာလ များစွာကတည်းက ရှန်းရှန်း ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ၀င်ရောက်နိုင်ခဲ့ တာ ဖြစ်ပြီး သူလည်း ဒီနယ်ပယ် ၀င်ရောက်ပါက သူမကို ရှာမည်ဟု ဆုံးဖြတ်ခဲ့တာပါ ။ ဒါပေမယ့်လည်း မရှာနိုင်သေး တာကြောင့် သူ စိတ်ညစ်လို့နေတယ် ။
ပြိုင်ပွဲဟာ ပြီးဆုံးသွားပါပြီ ။ ပြန်ရောက်လာတယ့် လူ များစွာဟာ ကွင်းပြင်ထဲ လဲကျလျက် တချို့ ကလည်း ချန်ရှန် ကို ကျိန်ဆဲနေကြပါတယ် ။ ချန်ရှန် အလွယ်တကူပဲ ပထမ ရသွားခဲ့သည် မဟုတ်ပါလော ။ ဘာမျှ အားစိုက်စရာ မလိုပဲ အချိန်တခဏဖြင့် ပထမရသွားခြင်းကို မနာလိုကျိန် ဆဲ ကြခြင်းဟာ အဆန်းတော့ မဟုတ်ပါပေ ။
ချန်ရှန် ဟာ ယခု ဆေးဘုရင်ခြံဝန်းထဲတွင် နားနေပြီး ဆေးပညာပြိုင်ပွဲ အတွက် ပြင်ဆင်နေလျက်ရှိတယ် ။ ဒီပွဲ ကိုတော့ လူအနည်းငယ်သာ ပါဝင်မှာ ဖြစ်ပါတယ် ။ အဘယ်ကြောင့်ဆိုသော် ပြင်းထန်သော သိုင်းပညာဂိုဏ်း မှာ ဆေးပညာရှင်ဟာ အနည်းငယ်သာ ရှိတာပါ ။ ဒါ့အပြင် ဆေးပင် ၇ှားပါးမှုကြောင့် ပြိုင်မည့်လူဟာ ကိုယ်လုပ်မည့် ဆေးအတွက် ကိုယ့်ဟာကိုယ် အပင် ယူလာရမှာဖြစ်ပါ တယ် ။ တချို့ ဆေးပညာရှင်များဟာ လည်း ပြိုင်ပွဲမှာ ဆေး လုပ်တာဟာ သူတို့နည်းတွေ ရသွားမှာ စိုးရိမ်သောကြောင့် ယှဉ်မပြိုင်ကြပေ ။
ပြိုင်မည့် လူများဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ မဖြစ်ရပါဘူး ။ ဒါကြောင့် ဒီပွဲမှာ ဒီလိုပညာရှင်များ ပါမည် မဟုတ်ပေ ။ ချန်ရှန် အတွက် လုံးဝ ဖိအားမရှိပါ ။
“ဒေါက် ဒေါက် ဒေါက်”
ဝုကွမ်ချင် ဟာ ချန်ရှန် တံခါးကို ခေါက်ပြီး နှိုးလိုက်ပါ တယ် ။ ချန်ရှန်ဟာ နားနေသော်လည်း သူ၏ အာရုံခံမှုများ မှာ နိုးကြားလျက်ရှိပြီး အလွန်ပင် အားကောင်းပါတယ် ။
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံများကို ထုတ်ပြီး ချီဓာတ်များကို လေ့လာလိုက်သည့်အခါ ဝုကွမ်ချင် ဖြစ် ကြောင်း သိရှိသွားတယ် ။ အချိန်ကား ညလယ်လောက် ဖြစ်နေပြီး ကောင်မလေး တစ်ယောက်က ကောင်လေး၏ တံခါးကို လာခေါက်ခြင်းပါ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ချန်ရှန် စိတ် လှုပ်ရှားမိ သွားပါတယ် ။
အိပ်ယာမှ အလျင် အမြန်ပင် ထကာ တံခါးကို ဖွင့်ပေး လိုက်တယ် ။
“ကွမ်ချင် ၊ ဘာကိစ္စ ရှိလို့လဲ”
ချန်ရှန် မေးလိုက်တယ် ။ ဒါ့အပြင် ပြိုင်ပွဲ ပြီးနောက် သူမ နှင့် ဆေးဆရာမကြီးကို မတွေ့ ရတော့သောကြောင့် ၎င်းတို့ အတူတူ ပျောက်နေတာ ပဟေဠိ လိုပါပင် ။
“ငါတို့ စကားပြောလို့ ရမလား”
ဝုကွမ်ချင် ခပ်တိုးတိုး ပြောပါတယ် ။ လှပပြီး ချစ်စဖွယ် ပြုံးလျက် ချန်ရှန် ကို ကြည့်နေတယ် ။ ဒီအချိန်မှာ သူမဟာ ပိုမို ယုံကြည်မှု ရှိနေဟန် ရှိပြီး အရင်ကတွေ့ ခဲ့သော ၀မ်း နည်းမှု အရိပ်အယောင်များအား မတွေ့ ရတော့ပါ ။ ဒါကို ကြည့်ခြင်းအားဖြင့် သူမ တည်ငြိမ်နေပြီ ဆိုတာကို သိနိုင်ပါ တယ် ။
ချန်ရှန် လည်း ပျော်သွားပါတယ် ။ ဖြစ်နိုင်လျှင် ဒီလို မိန်းကလေး အား ခံစားချက်ကြီးဖြင့် တစ်သက်လုံး ၀မ်းနည်းနေမှာ မလိုလားပါဘူး ။
“ရတာပေါ့”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။
ဝုကွမ်ချင် ဟာ သာမန် အဖြူရောင် စကပ်ကို ၀တ်ဆင် ထားပြီး ဆံပင်ကိုလည်း စည်းထားတယ် ။ မိတ်ကပ်မပါပဲ သဘာဝ အတိုင်း လှပါနေပါတယ် ။ သူမ သွင်ပြင် နှင့် လှုပ် ရှားမှုတိုင်းဟာလည်း ရင်ခုန် စရာ ဖြစ်နေတာကြောင့် ချန်ရှန် ၏ ငယ်ရွယ်သော သွေးများဟာ ဆူနေလျက် ရှိပါ တယ် ။
“ချန်ရှန် ၊ ငါ မနက်ဖန် ဂိုဏ်းချုပ်နဲ့ သွားရမယ် ၊ မင်းရဲ့ ပြိုင်ပွဲကို မကြည့်နိုင်တော့တာကြောင့် တောင်းပန်ပါတယ်။ ခွင့်လွှတ်နော်”
ဝုကွမ်ချင် အားနာဟန် ဖြင့် ပြောပါတယ် ။
“ငါတကယ် မင်းရဲ့ အစွမ်းကို ကြည့်ချင်တာပါ”
ချန်ရှန် ကလည်း ပြုံးကာဖြင့် –
“ရပါတယ် ၊ ဂိုဏ်းချုပ်က ခင်ဗျားကို ခေါ်သွားတယ် ဆို ကတည်းက အရေးကြီးလို့ ဖြစ်မယ် ။ အခွင့်အရေးကို လက် လွှတ် မခံပါနဲ့ ။ နောက်ပိုင်း ကျွန်တော့ရဲ့ ယှဉ်ပြိုင်မှုတွေ ကို ကြည့်နိုင်တယ့် အခွင့်အရေး အများကြီး ရှိပါတယ် ။ ဂိုဏ်း ပေါင်းစုံ ပြိုင်ပွဲတွေမှာတောင် အတူတူပြိုင်ပြီး ဂိုဏ်းရဲ့ ဂုဏ် ကို မြှင့်တင်နိုင်ပါသေးတယ်”
ဂိုဏ်း အချင်းချင်း ယှဉ်ပြိုင်သော ပြိုင်ပွဲများဟာ များစွာ ရှိနေပါတယ် ။
ဒီအချက်ကို စဉ်းစားမိပြီး သူမ မျက်နှာ အနည်းငယ် နီ သွား သလိုပါပဲ ။ ဒီလိုပုံရိပ်များကို ပုံဖော်ရင်း ယခုပင် စိတ် လှုပ်ရှားမိနေတယ် ။
“အင်း ၊ ချန်ရှန် ၊ ဆေးဆရာမကြီး ဆီက ငါကြားခဲ့တာ တော့ မနက်ဖြန် မင်း ပြိုင်ဖက်ကောင်းတစ်ယောက် နဲ့ ရင် ဆိုင်ရလိ့မ်မယ် ။ ဒီလူဟာ စစ်မှန်သော သိုင်းပညာနယ် ပယ် ကို ရောက်ဖို့ ဆံချည် တမျှင်စာလောက်ပဲ လိုတော့ ပြီး အဆင့် ၃ ပညာရှင်လည်း ဖြစ်တယ်လို့ တောင် ကောလ ဟာလ တွေ ထွက်နေတယ်”
ဝုကွမ်ချင် က ပြောပါတယ် ။
ချန်ရှန် သူ၏ ခေါင်းကို ငြိမ့်ကာဖြင့် –
“ကျွန်တော် ဂရု စိုက်မှာပါ ။ ဒါနဲ့ ဂိုဏ်းချုပ်က ဘယ်သွားမှာလဲ”
ဝုကွမ်ချင် တခဏ မျှ စဉ်းစားပြီးနောက် –
“ငါတစ်ယောက်တည်း ကိုပဲ ခေါ်သွားမှာ မဟုတ်ဘူး ၊ ရှောင်ဒို ၊ ဇုရွန် နဲ့ ဆူဝဲလောင် တို့လည်းပါတယ် ။ ဘာလို့ လဲ ဆိုတော့ ငါတို့ဟာ အငယ်ဆုံး စစ်မှန်သော သိုင်းပညာ ရှင်တွေလေ ။ ကြည့်ရတာ တခြားဂိုဏ်းက ဒီလို ပညာရှင် တွေ နဲ့ တွေ့ ဆုံပြီး တစ်ခုခု ဆွေးနွေးဖို့ ထင်တာပဲ”
“ဒါ ကိစ္စကြီးပဲ”
ချန်ရှန် လည်း သွားချင်မိတယ် ။ ဒါပေမယ့် သူဟာ ပြိုင် ပွဲ မှာ ယှဉ်ပြိုင်နေတုန်းပင် မဟုတ်ပါလော ။
ဝုကွမ်ချင် ရုတ်တရက်ပဲ လေသံ တီးတိုးဖြင့် –
“ချန်ရှန် ၊ မင်း နဲ့ လန်ယုလန် ဟာ သွေးသောက် မောင် နှမတွေလို့ ငါကြားတယ် ။ ငါ့ကို လည်း သွေးသောက် အမ အဖြစ် လက်ခံလို့ မရနိုင်ဘူးလား ၊ မင်းဘေးမှာ ရှိနေချင်လို့ ပါ”
ဝုကွမ်ချင် မျက်နှာ ရဲလျက် ရှိတယ် ။ ချန်ရှန် ကို ကြည့် နေသော မျက်လုံးများတွင် မျှော်လင့်ချက်များ အပြည့်ပင် ၊ ရွှီရှန်းရှန်း ဟာလည်း သတို့သမီးလောင်း ဆိုတာ သိသည့် အတွက် သူ့မှာ အခွင့်အရေးမကြီးတော့ချေ ။ ဒါပေမယ့် ချန် ရှန် နှင့် အတူတူ ရှိနေချင်သေးတာကြောင့် ဒီလိုနည်းလမ်း ကို သုံးလိုက်ရတာပါ ။
ချန်ရှန် သူမကို တွေတွေစိုက်ကြည့်လျက် သူ၏ လက်များကို ဆန့်ထုတ်ပြီး ဝုကွမ်ချင် ၏ လှပသော မျက် နှာလေးအား ကိုင်လိုက်ပါတယ် ။ ဒီလိုအပြုအမူကြောင့် ဝုကွမ်ချင်ဟာ အရမ်းကို ကျေနပ်သွားပြီး ချန်ရှန် ကို ရွှန်း ရွှန်း စားစား ကြည့်နေလျက် အဖြေကို စောင့်နေတယ် ။
ချန်ရှန် တစ်ခုခု ပြောဖို့ ကြံနေတုန်းမှာပဲ အရှုပ်ထုပ် နဂါးမလေးဟာ သူ၏ အသံကိုတုကာ အလျင်အမြန်ပင် ပြန် ပြောလိုက်ပါတယ် ။
“ခင်ဗျားကို ကျွန်တော့ အမ မဖြစ်စေချင်ဘူး ၊ မိန်းမ ပဲ ဖြစ်စေချင်တာ”
သေပြီလေ . . .
ထိုကဲ့သို့ ချန်ရှန် စိတ်ထဲမှ ရေရွတ်လိုက်မိတယ် ။ ချန်ရှန် ထိုနဂါးလေးကို သတ်ပစ်ချင်နေပါပြီ ။ ဇာတ်ရှိန် အမြင့်ဆုံး အချိန်များမှာ အမြဲလို ဒုက္ခ ပေးတတ်လွန်းပါ တယ် ။
ချန်ရှန် ပြောစကားကြောင့် ဝုကွမ်ချင် ကိုယ်လုံးပင် တုန် သွားပါတယ် ။ ချန်ရှန် မျက်နှာကို အံ့သြဟန်ဖြင့် ကြည့်ကာ စိတ်လှုပ်ရှားမှုများကို လည်း မြင်နေရပါတယ် ။ ဒါပေမယ့် သူမစိတ်မှာလည်း ဒါမျိုး ချန်ရှန် မပြောလောက် ဟု ထင်နေမိတယ် ။
“နောက်လဲ ကျနေပြီ ။ ငါသွားတော့မယ်”
ဝုကွမ်ချင် ပြုံးကာ မတ်တပ် ရပ်လိုက်တယ် ။ ထို့ နောက် မှာတော့ ထွက်ခွာသွားပါတော့တယ် ။
ချန်ရှန် စိတ်ရှုပ်ထွေးလျက် သူ၏ အခန်းထဲတွင် ထိုင် နေတယ် ။ သူ ဘယ်လိုရှင်းပြရပါ့ . . . ၊ သူလွယ်လွယ် ကူကူ ရှင်းပြလို့ ရတော့မည် မဟုတ်ပေ ။
တစ်ကိုယ်လုံးပင် ပေါက်ကွဲ ထွက်သွားတော့မလို ခံစား နေရပါတော့တယ် . . . ။