Chapter – 139 ပြိုင်ပွဲ
“ကျွန်တော် တို့ဟာ အမှတ် ၁၅ ရဲ့ စစ်မှန်သော နောက် လိုက်တွေ ဖြစ်ကြတယ် ။ အကိုတော် ချန်ထက်တော့ နှာ တစ်ဖျား သာသွားပြီပေါ့”
ရှောင်ဒို ကနောင်တရနေပုံ ပေါ်ပေမယ့် တော်တော် ဂုဏ် ယူ နေပုံပါ ။ ချန်ရှန် ထက် သာသွားပြီ မဟုတ်ပါလား။
“မင်းတို့ တည်ဆောက်ရေးဆေးတွေ အများကြီး ဘယ် က ရတာလဲ”
ချန်ရှန် သိချင်သဖြင့် မေးလိုက်ပါတယ် ။
“ဇုရွန် က ငါ အရင် ဒြပ်စင်ဆေးတွေ တွေ့ ခဲ့တဲ့ နေရာ ကို ခေါ်သွားတယ် ။ ငါတို့ ၃ လလောက် ရှာခဲ့ကြတယ် ။ နောက်ဆုံးမှာတော့ တည်ဆောက်ရေးဆေး သေတ္တာကို တွေ့ ရှိခဲ့ကြတယ် ။ အထဲမှာ ဆေး ရှစ်လုံး ပါတာကြောင့် ငါတို့ တစ်ယောက် ၂ လုံးစီ ယူလိုက်ကြတယ် ။ မင်း အ တွက် တောင် ၂ လုံး ချန်ထားသေးတယ်”
ဆူဝဲလောင် က ပြောကြားပါတယ် ။
၎င်းတို့ တကယ်ပဲ တွေ့ ခဲ့ကြတာပါလား . . .
ချန်ရှန် စိတ်ထဲ ၀မ်းသာမိသွားပါတယ် ။ ဆူဝဲလောင် ၏ ကံကား ကောင်းလွန်း လှပါတယ် ။ ဒါပေမယ့် ဇုရွန် ၏ တွန်း အား ကြောင့်သာ မဟုတ်လျှင် ၎င်းတို့ ဒီလိုနေရာကို ၃ လ ကြာကြာ တူးဆွ ကြလိ့မ်မည် မဟုတ်ပေ ။
ဇုရွန် က ခပ်ပြုံးပြုံးဖြင့် –
“ငါက သစ္စာရှိပါတယ် ။ ယူလိုက် ၊ သလင်းကျောက် ၆ သိန်းဟာ ဖြစ်နိုင်တယ့် အနည်းဆုံး ဈေးပဲ”
“ဟက် ၊ ကျွန်တော် တော့ မွဲသွားတယ် ။ သူ့ကို ၇ သိန်း တောင် ပေးလိုက်ရတယ်”
ရှောင်ဒို လေသံ တီးတိုးဖြင့်ပြောပါတယ် ။
“မတတ်နိုင်ဘူး ၊ မင်းတို့ဒါကို ငါ့ကြောင့် အဓိက ရတာ ၊ မင်းတို့အားလုံး ဒီအချက် ကို သတိပြုမိသင့်တယ်”
ဇုရွန် သူ၏ ခေါင်းကို ခါယမ်းပြီး ပြုံးကာ ပြောပါတယ် ။
ချန်ရှန် ပထမတော့ ဇုရွန် နဲ့ ဆူဝဲလောင် တို့အား သစ္စာ ရှိတယ်လို့ ထင်ခဲ့မိတယ် ။ ငွေစကားပြောလိမ့်မယ်လို့ မမျှော်လင့် မိပါဘူး ။ ခပ်လှောင်လှောင် လေသံဖြင့် –
“ကျွန်တော့မှာ တည်ဆောက်ရေး ဆေး အတွက် လို အပ်တယ့် ပစ္စည်းတွေ အကုန် ရှိတယ် ။ ဆေးဆရာမကြီး ကလည်း ဆေးလုပ်ဖို့ ကူညီမယ်လို့ ပြောထားတယ်”
“အကိုတော ဆူ ၊ ဒါတွေကို လေလံ ပစ်ကြစို့”
ဇုရွန် သူ၏ နှုတ်ခမ်းကို ကွေးကာဖြင့် လျင်မြန်စွာပင် ဆေးများအား ပြန်ယူသွားပါတယ် ။
ချန်ရှန် လည်း ရယ်မောကာဖြင့် –
“ကျွန်တော် မယူဖူးလို့ ပြောမိလို့လား ၊ ဒါပေမယ့် အခု တော့ ပေးစရာ မရှိသေးဘူး ။ ကျွန်တော် ဆုရတာ စောင့် ပါဦး ၊ အဲကျ ပေးတာပေါ့”
သူတို့သာ လေလံတင်ရောင်းပါက ဈေးမြင့်မြင့် ရမှာပါ ၊ ချန်ရှန် ဟာ သူတို့ဆီမှ လည်း အကျိုးအမြတ် ရနိုင်ပါတယ် ၊ အဘယ်ကြောင့် ဆိုသော် သူဟာလည်း စစ်မှန်သော သိုင်း ပညာရှင် ဖြစ်နေတာကြောင့် ဒီဆေးကို မလိုတော့ပါ။
ဇုရွန် လည်း သူသာ လေလံတင်ပါက အကျိုးများမယ် ဆိုတာကို သိပါတယ် ။ ဒါပေမယ့်လည်း ချန်ရှန် ဟာ သူ့သူ ငယ်ချင်း ဖြစ်နေတာကြောင့် ပြန်လာကာ ပေးပါတယ် ။ ချန်ရှန်ကို စစ်မှန်သော သိုင်းပညာနယ်ပယ် မရောက်သေး ဟု ထင်နေကြတာပဲ ဖြစ်ပါတော့တယ် ။
ဇုရွန် ဟာ ယခု ချမ်းသာနေပါတယ် ။ သူ့မျက်နှာမှာ တော့ အောင်မြင်မှု အရိပ်အယောင်များကို မြင်တွေ့ နိုင်ပြီး ချန်ရှန် တို့မှာလည်း တနေ့ လုံး တညလုံး တန်ဖိုးကြီး အစား အစာများ စားသောက်ကာဖြင့် ဟိုတယ်တွင် ပင်ပန်းသွား သည်ထိ နေထိုင်ကြပါတယ် ။
ဘေရှင်းချိန်ရောက်တယ့်အခါမှာတော့ ဇုရွန် မျက်နာ မှာ ၀မ်းနည်းမှုများအား မြင်တွေ့ လိုက်ကြရတယ် ။ ရှောင် ဒို နဲ့ တခြားလူများ သူ့ကို ဒီလောက်နွှာလိမ့်မည် ဟု မထင် မိခဲ့ပေ ။
တော်ဝင် ပြိုင်ပွဲဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် အောက်ရှိ လူတိုင်းပြိုင်နိုင်သော ပြိုင်ပွဲတစ်ခုပါ ။ ထိုသို့ သော ပညာရှင်များမှာ ပြိုင်ပွဲ၏ တခြား အလုပ်များကို သာ လုပ်ဆောင် ခွင့် ရကြတာ ဖြစ်ပါတယ် ။ ၎င်းတို့မှာလည်း သီးသန့် ပြိုင်ပွဲ ရှိကြတယ် ။ ဒါပေမယ့် ထိုသို့သော ပြိုင်ပွဲ ဟာ ချန်ဝူ နယ်မြေကြီး ရဲ့ ဂိုဏ်းများအကြား ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ် ။ ဒီလိုပွဲဆိုတာကတော့ ခမ်းနားကြီးကျယ်ကြ လှ ပါတယ် ။
ဒီနေ့မှာတော့ ရှီမန် မြို့ ထဲရှိ လမ်းများအားလုံးတွင် ရှင်း လင်းနေပါတယ် ။ အဘယ်ကြောင့်ဆိုသော် ပြိုင်ပွဲ စတင် မှာ ဒီနေ့ကြောင့်ပါပဲ ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းမှာတော့ ဂုဒွန်ချန် ဟာ လေးထောင့်ကွင်း ရဲ့ စင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေပါတယ် ၊ လက်ကို နောက်ပစ်လျက် ထောင်သောင်းချီသော တပည့် များကို ကြည့်နေတယ် ။ ဒါဟာ သူတံခါးပိတ် ကျင့် ကြံရာမှ ထွက်လာပြီး ပထမဆုံး အကြိမ် အားလုံးနှင့် တွေ့ ဆုံ ခြင်း ဖြစ်ပါတယ် ။
ဂုဒွန်ချန် ဟာ ပထမပိုင်းမှာ ပြိုင်ဖက်ကင်း ဂိုဏ်း နှင့် ပေါင်းစည်းသည့် အကြောင်းများကို ပြောဆိုတယ် ။ ထို့ နောက်မှာတော့ ရင်းနှီးဖွယ် စကားများကို ပြောဆိုပြီး တ ဆက်တည်းမှာပဲ မကြာသေးမီက စစ်မှန်သော သိုင်းပညာ နယ်ပယ်ကို ရောက်ရှိခဲ့သော နောက်လိုက်များအား ချီးမွမ်း ပါတယ် ။ ဝုကွမ်ချင် ၊ ရှောင်ဒို ၊ ဇုရွန် နှင့် ဆူဝဲလောင် တို့ အား ဆုများ ချီးမြင့်သော အခါမှာတော့ အားလုံးဟာ မနာ လို ဖြစ်ရသည် အထိပါပဲ ။ တချိန်တည်းမှာပဲ စိတ်လှုပ်ရှား မှု များလည်း ဖြစ်ပေါ်နေပါတော့တယ် ။
ထို့နောက်မှာတော့ ဂုဒွန်ချန် ဟာ ချန်ရှန် ကို အပစ်ရှာ ပြောဆိုပါတယ် ။ ချန်ရှန် ဟာ ပြီးခဲ့သော ပထမခြံဝန်းနေရာ ယှဉ်ပြိုင်တုန်းက များစွာ ပျက်စီးစေခဲ့ကြောင်း ၊ ဂိုဏ်း အတွက် တော်တော် ဆုံးရှုံးသွားကြောင်း ၊ နောက်လိုက် များစွာလည်း ဒဏ်ရာရသွားကြောင်း ပြောဆိုနေပါတော့ တယ် ။
ချန်ရှန် သူ့ သိုင်းပညာ တူ လေး ကို တော်တော် အထင် သေးမိသွားတယ် ။ လူအများရှေ့ မှာ ရှုံ့ ချနေခြင်းဖြစ်ပေ မယ့် ချန်ရှန်ဟာ သိပ်တော့ ဂရုမစိုက်လှပါချေ ။ သူ့ အ ကြောင်း ဘယ်လိုပင်ပြောပြော ထိုလူဟာ သူ့ကို ဦးရီးတော် လို့ ခေါ်နေရသည် မဟုတ်ပါလော ။
အရေးမပါတာတွေ ပြောပြီးနောက်မှာတော့ ဂုဒွန်ချန် ဟာ ပြိုင်ပွဲ စတင်ကြောင်း ပြောဆိုပြီး ပထမဆုံးပွဲကို ကျင်း ပ ပါတယ် ။
ပထမဆုံးပွဲဟာ အမြန်နှုန်း ပြိုင်ပွဲပါ ။ ပွဲကို တနေ့လုံး ကျင်းပမှာ ဖြစ်ပါတယ် ။ ပြိုင်ပွဲဝင်များဟာ ဂိုဏ်း၏ လေး ထောင့် ကွင်းအလယ်မှ ထွက်ခွာကာ ရှီမန်မြို့ အစွန်ရှိ တောင်ထိပ်မှ ဂိုဏ်းတိုကင်လေးကို ယူကာ ပြန်လာရမှာ ဖြစ်ပြီး ပထမဆုံးပြန်ရောက်သူဟာ အနိုင်ပါပဲ ။
ပြီးခဲ့သော နှစ်တွေတိုင်း ဒီလို တပတ်ဟာ ၆ နာရီ မျှ ကြာပြီး ဒါတောင် အမြန်ဆုံး ပြိုင်ပွဲဝင်၏ စံချိန်ပါ ။ ဒါကို ကြည့်ခြင်းဖြင့် တော်တော် ဝေးတယ်ဆိုတာ ထင်ရှားပါ တယ် ။ ပြိုင်ပွဲတလျှောက် နားနေမိပါက တခြားလူက ကျော်တက် သွားမည် ဖြစ်ပါတယ် ။ ဒါဟာ ခံနိုင်ရည် နှင့် ချီဓာတ် ဘယ်လောက်များလဲ ဆိုတာကို စမ်းသပ်တာပါ ။
“ပြိုင်ပွဲမှာ ၊ ဘယ်လို ပဋိပက္ခ မျိုးကိုမျှ ခွင့်ပြုမှာ မဟုတ် ဘူး ။ တွေ့ တာနဲ့ အပစ်ပေးခံရမယ် ၊ အဆင်သင့်ပဲလား”
ဆရာကြီး ဝု ကျယ်လောင်စွာ အော်ပြောပါတယ် ။
များစွာသော ဂိုဏ်းသားများဟာ ပထမဆုံးအကြိမ် ယှဉ်ပြိုင်ဖူးကြတာပါ ။ အလွန်ပင်စိတ်လှုပ်ရှားလျက် သူတို့ ကိုယ်သူတို့ ပထမ ရလိမ့်မည်ဟု ထင်နေကြပါတယ် ။
ပြိုင်ပွဲမှာ လူ ၃ သိန်းလောက် ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ် ပြီး ရှေ့ မှာ တန်းစီခြင်း ခံရသူဟာ အခွင့်အရေးများလှပါ တယ် ။ မူလက ချန်ရှန် ဟာ ရှေ့ မှာ ရှိသော်လည်း ဂုဒွန်ချန် မှ နောက်ဆုံးသို့ ပို့လိ့မ်မည်ဟု မည်သူမျှ ထင်မည် မဟုတ် ချေ ၊ ဒါသက်သက်ဒုက္ခ ပေးခြင်းပါပဲ ။
“ချန်ရှန် ၊ ရှင် သေချာပေါက် ပထမ ဖြစ်လိ့မ်မယ်”
ဝုကွမ်ချင် ဟာ ယခုတော့ အေးအေးဆေးဆေး ဖြစ်နေ ပုံပါပဲ ။ သူမ ပြုံးကာဖြင့် ချန်ရှန် ကို ကြည့်နေပါတယ် ။ သူမ ချန်ရှန် နှင့် ဆုံသည့် အခါတိုင်း ပျော်ရွှင် မိသလို ခံစားရပါ တယ် ။
ဇုရွန် နှင့် ရှောင်ဒို တို့ဟာ ဝုကွမ်ချင်အား လျို့ ဝှက်စွာ မျှော်လင့်မိကြသောလည်း ချန်ရှန် ဒီိလို ထိပ်တန်း အလှ ပဂေး နှင့် အကြည်စိုက်နေမည်ဟု မမျှော်လင့်မိကြချေ ။ ဒါ ကြောင့် ချန်ရှန် ပေါ်ပင် သိပ်မကျေနပ်ကြပါ ။ ယခု သူမဟာ စစ်မှန်သော သိုင်းပညာရှင် ဖြစ်လာသောကြောင့် များစွာ သော ပညာရှင်များဟာ သူမကို စိတ်ဝင်စားလျက် ရှိပါ တယ် ။ ဒါပေမယ့်လည်း သူမဟာ ဆေးဆရာမကြီး နှင့် ယှဉ်တွဲ လျှောက်လာတာကို မြင်တဲ့အခါ ဘယ်သူမှ သွား မစ ၀ံ့ကြချေ ။
“ကျွန်တော် က ပြိုင်ပွဲ ၃ ခုလုံးကို ပါဝင်မှာဗျ ဟဲဟဲ”
ချန်ရှန် ရယ်မော ပြောဆိုလိုက်တယ် ။ ဒါကို ကြားပြီး နောက် ဂိုဏ်းချုပ် နှင့် ဆရာကြီး ဝုတို့ အမူအရာ ပြောင်းလဲ သွားပါတယ် ။ ချန်ရှန်သာ အားလုံးမှာ ပထမရခဲ့ပါက ဆုတွေ အားလုံးကို သူပင်သိမ်းသွားမည် မဟုတ်ပါလော ။
ဆရာကြီး ဝု ရှင်းလင်းပြတ်သားသော အသံဖြင့် –
“ တစ် . . . နှစ် . . . သုံး . . . စ”
ချန်ရှန် နဲ့ တခြားလူများဟာ ရှေ့ မှ လူအုပ်ကြီး ရုတ် တရက် ဝုန်းကနဲ ထွက်သွားကြတာကို မြင်လိုက်ရတယ် ။ ၎င်းတို့ အော်ဟစ် ပြေးလွှားသွားမှု များကြောင့် ရှီမန် တစ် မြို့ လုံးပင် တုန်လျက် ရှိနေတယ် ။ တောရိုင်းကောင်များ အား လွှတ်ပေးလိုက်သလိုပါပင် ။
ဒီအချိန်မှာ ချန်ရှန် ဟာ ကလေး တစ်ယောက်လိုပင် ပြေးသွားတယ် ။ ပျော်ပျော်ရွှင်ရွှင် ဖြင့် ဖြေးညင်းစွာပင် လေးထောင့် ကွင်း ထဲရှိ မီးခိုးလုံးများထဲသို့ သွားနေပါတယ်
ရုတ်တရက်ပဲ ချီဓာတ်အပူများ ပတ်ပတ်လည်မှာ ပြန့် ထွက်သွားပြီး ဂုဒွန်ချန် ၊ ရှောင်ဒို နှင့် တခြားလူများလည်း ခံ စား မိလိုက်ကြပါတယ် ။ ရုတ်တရက်ကြောင့် ကြောင်အ သွား ပြီးနောက် –
“မျိုးမစစ်လေး ၊ ဒီကောင်လေးက တကယ်ကို ကြမ်းပ”
ဇုရွန် ချက်ချင်းပင် ကောင်းကင်ပေါ်မှ ချန်ရှန် အား ကြည့်ကာ အော်လိုက်ပါတယ် ။ မီးတောင်ပံကြီးများ တဖြတ်ဖြတ် ခတ် ကာ အရှေ့ သို့ ပျံသန်းသွားပါတော့ တယ် ။
“ဒါညစ်တာပဲ ၊ မမျှတဘူး ၊ အမြန်ပြန်ဆင်းစမ်း”
တချို့ သော စစ်မှန်သော ပညာရှင်များမှ အော်ပြော တယ် ။ ၎င်းတို့ဟာ ပြိုင်ပွဲမှာ မပါဝင်သော်လည်း ၎င်းတို့၏ တပည့်များကတော့ ပါဝင်နေသည် မဟုတ်ပါလော ။
“အကိုတော်ချန် ၊ ခင်ဗျား လုပ်တာ မမှန်သေးဘူး ၊ မြန် မြန် ပြန်ဆင်းလာ”
ရှောင်ဒို ကြိတ်မနာလိုနေတာပါ ။ ဒီလို ချီဓာတ် တောင် ပံ များဖြင့်သာ ဆိုပါက အလွယ်တကူပင် ပထမ ရမှာပင် ဖြစ်ပါတယ် ။
ချန်ရှန် လည်း ရယ်မောရင်းဖြင့်သာ ပြန် မပြောပါ ။ စည်းမျဉ်းထဲမှာ မပျံသန်းရဖူးလို့ ပါဝင်ခြင်း မရှိတာ အားလုးံ အသိပင် မဟုတ်ပါလော ။
ချန်ရှန် တဖြည်းဖြည်း ဖြင့် လူအုပ်ကြီး ရှေ့ ရောက်လာ ပါတယ် ။ ၎င်းအောက်မှ ပြိုင်ပွဲဝင်များဟာ ချန်ရှန် ကို တွေ့ သွားကြပြီး ထို့နောက်မှာတော့ ဆဲဆို အော်ဟစ်သံများ ညံ လာပါတော့တယ် ။ တချို့ ဆိုလျှင် ဖိနပ်များကိုပင် ချွတ်ကာ တချို့ ကလည်း ကျောက်ခဲများဖြင့် ပစ်ပေါက် နေကြပါ တယ် ။
“မျိုးမစစ်လေး ၊ မြန်မြန် ပြန်ဆင်းလာစမ်း ။ဒါက မမျှ ဘူး ၊ ငါတို့က ပြေးနေတာကွ”
လူကြီးတစ်ဦးက ဒေါသတကြီး အော်ပြောတယ် ။
ချန်ရှန် အောက်ရှိ ဖိနပ်ပျံများ ၊ အုတ်ခဲပျံများ နှင့် တခြား အရာများကို ကြည့်ရင်း ရယ်မောနေတယ် ။
“ဒုတိယ နဲ့ တတိယ ဆု ကျန်သေးတယ် ။ အဲဒိအပေါ် မှာပဲ ခင်ဗျားတို့ အာရုံစိုက်သင့်တယ် ။ ဒါမှမဟုတ်ရင် ဘာမှ ရမှာ မဟုတ်ဘူးနော်”
၎င်းတို့အား ရယ်မောပြီးနောက် ချန်ရှန် သူ၏ အနီရင့် ငှက် တောင်ပံများအား ခတ်ကာ မျက်စိတမှိတ်အတွင်း မှာ ပင် အဝေးကြီးသို့ ရောက်ရှိသွားပြီ ဖြစ်ပါတယ် ။ လူများ အားလုံးဟာ ကျိန်ဆဲသံများနှင့်အတူ ကျန်နေခဲ့ပါတော့ တယ် ။ ဒါဟာ စည်းမျဉ်းမှာ အကြုံးဝင်နေဆဲ ဖြစ်တာ ကြောင့် ဘာမျှမတတ်နိုင်တော့ပဲ ချန်ရှန်ကို သာ စိတ်ထဲ ကျိန်ဆဲနေကြလျက် ရှိပါတော့တယ် . . . ။