Chapter – 138 ကံကြမ္မာကိုငါးမျှားခြင်း
မီးဝိဉာဉ်တော် . . .
ဒီစကားကို ဆေးဆရာမကြီး ကြားတယ့်အခါ တွေ သွားပါတယ် ။ ဒါကို ကြည့်ခြင်းအားဖြင့် သူမတော်တော် တုန်လှုပ်သွားမယ် ဆိုတာ အသေအချာပါပဲ ။
“မင်းပြောတာ အမှန်ပဲလား”
ဆေးဆရာမကြီး က ချန်ရှန် ပြောတာကို မယုံနိုင်သလို ပင် ဖြစ်နေဆဲပါ ။
“ကျွန်တော်ပြောတာ မယုံရင် ခင်ဗျားသွားကြည့်ပေါ့”
ချန်ရှန် ခပ်ပြုံးပြုံးပင် ပြောလိုက်ပါတယ် ။
“ငါ ဘယ်တပည့်မှ မွေးဖို့ စိတ်မပါဘူး ။ ဒါပေမယ့် သူမ ကိုတော့ ငါလမ်းညွှန်မှုပေးပြီး ငါ့တပည့်ကို စောင့်ရှောက် ပါ့မယ် ။ ဒီချန်ဝူ နယ်မြေ တစ်ခုလုံးမှာ မီးဝိဉာဉ်တော် အသုံးပြုပုံကို သိတယ့်လူ သိပ်မရှိလှဘူး”
ဆေးဆရာမကြီးက ဂုဏ်ယူဟန်ဖြင့် ဆိုပါတယ် ။ သူမ မှာ ခရမ်းရောင် လမီးဝိဉာဉ်တော် ပိုင်ဆိုင်ကြောင် ဟွမ်ဂျိ ရှန် မှ ချန်ရှန် အား ပြောပြီးလောက်ပြီဟု သူမ ခန့်မှန်းမိ တယ်လေ ။
ချန်ရှန် ပြုံးစိစိဖြင့် –
“ဆေးဆရာမကြီး ၊ အခု ခင်ဗျားက ကျွန်တော့ ရဲ့ သိုင်း ပညာ တူမ ပေါ့ ။ တကယ်လို့ ခင်ဗျားကို နိုင်တဲ့အခါ ကျွန် တော့ မိန်းမ ဖြစ်လိ့မ်ဦးမယ်”
ဆေးဆရာမကြီး တခဏမျှ တွေသွားပြီး ခနဲ့တဲ့တဲ့ဖြင့် –
“ဒါပေါ့ ၊ အဲဒိကိစ္စ က ခုနဲ့ မဆိုင်ဘူးထင်တယ်”
တစ်ချိန်တည်းမှာပင် သူမကို ချန်ရှန် နိုင်သွားမည် စိုးရိမ် သွားမိတယ် ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ် ဟောင်းကြီးဟာ ဘယ်တော့မှ တပည့် လက်ခံလေ့ မရှိတာ ကြောင့်ပါ ။
“ခင်ဗျား ရုပ်မဆိုးပါစေနဲ့လို့ မျှော်လင့်တာပဲ”
ချန်ရှန် ခပ်ပြုံးပြုံး ပြောလိုက်ပါတယ် ။
“ငါပြောပြီးပြီမလား ၊ ငါရွှီရှန်းရှန်း ထက်တော့ မလျော့ ပါဘူးလို့ ။ ငါ့သွင်ပြင် နဲ့ ပတ်သတ်ပြီး မင်းဘာမှ သံသယ ဖြစ်နေစရာ မလိုပါဘူး”
ဆေးဆရာမကြီးက စိတ်ဆိုးဆိုးနဲ့ ပြောပါတယ် ။
“ဟဲဟဲ ၊ စကားမများစေချင်ရင် ခင်ဗျား မျက်နာဖုံး ချွတ် လိုက်လေ ၊ ကျွန်တော် ကြည့်ကြည့် မယ်”
ဆေးဆရာမကြီး ပြောစကားများကြောင့် ချန်ရှန်ဟာ ပို မို သိချင်လာပါတယ် ။ အဘယ်ကြောင့်ဆိုသော် သူဟာ သူမ နှင့် အရမ်းရင်းနီးသလို ခံစားနေရတာကြောင့်ပါ ။ ဒါ့ အပြင် သူမအသံနှင့်မျက်နာက မတူသလို ဖြစ်နေလို့ပါပဲ ။
ဆေးဆရာမကြီးက အေးစက်စွာပင် လှောင်ပြုံးပြုံးကာ ထွက်သွားပါတော့တယ် ။
“နဂါးလေး ၊ မင်းဒီမိန်းမကို မြင်နိုင်လား:”
ချန်ရှန် မေးလိုက်တယ် ။ လောင်ဆုရီမှာ ဒီလို သာမန် မ ဟုတ်တဲ့ အစွမ်းတွေ ရှိတတ်သည် မဟုတ်ပါလော ။
“မသေချာဘူး ။ ဒီမိန်းမကြီးက တော်တော်ပဲ လျို့ ဝှက် ဆန်းကြယ်လှတယ် ။ သူမတစ်ကိုယ်လုံးကို ခရမ်းရောင် လ မီးချီဓာတ်တွေနဲ့ ဖုံးထားတယ်”
လောင်ဆုရီ က ပြောပါတယ် ။
“နဂါးတံတွေးကို သာ မြန်မြန် လုပ် ၊ ကျွန်မ အသီး စား ချင်ပြီ”
“အီး ပဲ စားတော့ ၊ ဆေးပညာကို အလကား အသုံးချ နေ တယ်”
“ကျွန်မက ကြိုးစားကြည့်ချင်ရုံပါ”
လောင်ဆုရီ ရေရွတ် လိုက်ပါတယ် ။
ချန်ရှန် သူ၏ အသီးများကို ကြည့်ရင်း ပြုံးနေမိတယ် ။ ထို့နောက် ဆေးဘုရင်ခြံဝန်းမှ ထွက်ခွာသွားပါတယ် ။ တော်ဝင်ပြိုင်ပွဲအတွက် စာရင်းပေးဖို့ပါပဲ ။ ချန်ရှန် ဟာ ဆေး ပညာရော သိုင်းပညာရောသာမက အမြန်နှုန်း ပြိုင်ပွဲ မှာလည်း စာရင်းပေးခဲ့ပါတယ် ။ သူအကုန်လုံး အနိုင်ရချင် နေ တာပါ ။ ပြိုင်ပွဲ တစ်ပွဲ အနိုင်ရလျှင် ဒြပ်စင်ဆေး ၁၀၀ ရရှိမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် သလင်းကျောက် တစ်သိန်း လည်း ပါပါသေးတယ် ။ သူသာ ပထမ အကုန်လုံး ရမယ် ဆိုပါက ချီဒြပ်စင်ဆေး အလုံး ၃၀၀ နှင့် သလင်းကျောက် သုံးသိန်း ရနိုင်မည် ဖြစ်ပါတယ် ။
ချန်ရှန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိတယ် ။ နဂါးလေးရဲ့ အကူအညီကိုလည်း ယူရမှာ ဖြစ်ပြီး သူဆေးပင် များဝယ်ဖို့အတွက် သလင်းကျောက်တွေ လိုအပ်နေတာပါ။
ရှစ်လလုံးလုံး ပျောက်ဆုံးနေပြီးနောက် ချန်ရှန် ဟာ ဂိုဏ်းကို ပြန်ရောက်လာခြင်းက ဂိုဏ်းတစ်ခုလုံးအား အုတ် အုတ် ကျက်ကျက် ဖြစ်စေပါတယ် ။ သူ့ခေါင်းကို လူတိုင်း လိုချင်နေတယ်ဆိုတာ ဖော်ပြနေစရာပင်မလိုချေ ။ တ ကယ်တော့ သူ၏ ဂိုဏ်းအတွင်းမှ နောက်လိုက်များမှာ ပင် ချန်ရှန် ကို လုပ်ကြံဖို့ စိတ်ကူးမျိုး ၇ှိနေကြတယ် ။ သလင်း ကျောက် သုံးသိန်းဆိုတာ ဒြပ်စင်ဆေးများစွာကို ၀ယ်ယူလို့ ရနိုင်ပြီး ဒီလိုဆေးတွေ အများကြီး နှင့် သာ ဆိုပါက ၎င်းတို့ ၏ ကျင့်စဉ်များကို တိုးတက်လာနိုင်ပြီး အဆင့်မြင့် ပညာရှင် များ ဖြစ်သွားနိုင်မှာပါပဲ ။
သို့သော်လည်း ပြင်းထန်သော သိုင်းပညာဂိုဏ်းဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခိုင်မာတယ့် ရပ်တည်ချက် ရှိနေပါ တယ် ။ ချန်ရှန်ကို ဆန့်ကျင်ဖို့ ကြိုးစားသူမှန်သမျှ ကွပ်မျက် ခြင်း ခံရမည် ဖြစ်တယ် ။ လျို့ ဝှက်စွာ စိတ်ကူးထားကြတာ ကတော့ အကယ်လို့ ချန်ရှန် နှင့်သာ ဆုံတွေ့ ပြိုင်ဆိုင်ရ ပါက ရေကုန်ရေခန်း တိုက်ခိုက်မည်ဟု ဖြစ်ပါတော့တယ် ။
ချန်ရှန် နှင့်အတူ တခြား ရိုက်ခတ်လာသော သတင်း တစ်ပုဒ်ကတော့ ဝုကွမ်ချင် စစ်မှန်သော သိုင်းပညာရှင် ဖြစ် သွားတယ့် သတင်းပါပဲ ။ ဒီသတင်းက များစွာသော ဂိုဏ်း သားများ၏ အသည်းအား ခွဲလိုက်သလိုပါပဲ ။ သူမဟာ ယခု ဒီလို ပညာရှင်ဖြစ်သွားသည့်အတွက် သူတို့ကို လှည့်ပင် ကြည့်တော့မည် မဟုတ်ချေ ။ ဒါ့အပြင် ဒီသတင်းကို ကြား ပြီး မိန်းကလေး ဂိုဏ်းသူများစွာဟာလည်း တော်တော် မနာလို ဖြစ်နေကြပါတော့တယ် ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းမှာ ငယ်၇ွယ်ပြီး ထူးချွန် လှတယ့် ပညာရှင် စာရင်းကို ထုတ်ပြန်မည် ဆိုပါက ဝုကွမ် ချင်ဟာ ပထမ ရပေလိမ့်မည် ဖြစ်ပါတယ် ။ သို့သော်လည်း ချန်ရှန် ဟာ သူ စစ်မှန်သော သိုင်းပညာနယ်ပယ် အဆင့် ကို ရောက်ရှိနေခြင်းအား ဖုံးကွယ်ထားခြင်းကြောင့် ဖြစ်ပါ တယ် ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ တော်ဝင်ပြိုင်ပွဲမှာ သူက အလှည့် အ ပြောင်းလေး တစ်ခု လိုချင်လို့ ဖြစ်ပါတယ် ။ သူ ဒီလို ပညာ ရှင် ဖြစ်နေတာကို သိသွားကြပါက ဂိုဏ်းချုပ်နှင့် ဆရာကြီး ဝု တို့မှ သူ့ကို ပါဝင်ခွင့် ပြုကြမည် မဟုတ်ပေ ။
ချန်ရှန် လည်း မကြာခင် ဆေးဘုရင်ခြံဝန်းသို့ ပြန်ခဲ့ပါ တယ် ။ ဝုကွမ်ချင် နဲ့ ဆေးဆရာမကြီးတို့ စကားပြောနေ ကြ သည်ကို ချန်ရှန် တွေ့ လိုက်ရတယ် ။
ဆေးဆရာမကြီး ယခုလို ခြွင်းချက် နောက်တစ်ခု ထပ် မံ ပြုလုပ်လိမ့်မယ်လို့ သူမထင်မိပါဘူး ။ ဒီလို ဆေးဘုရင် ခြံဝန်း ထဲ သို့ ဘယ်သူမှ ၀င်ခွင့်ရှိသည် မဟုတ်ပေ ။ ဝုကွမ် ချင် ချန်ရှန် ကို မြင်တယ့်အခါ ခေါင်းငုံ့သွားပါတယ် ။ သူမ ပုံ မှာလည်း အသက်မဲ့သွားသလိုပါပဲ ။
ဆေးဆရာမကြီး သူမ၏ အတွေ့ အကြုံများအား ပြန် လည် ပြောပြနေပါတယ် ။ တစ်ခုခုတော့ မှားနေတာကို သူမ သိသွားတယ် ။
“ချန်ရှန် မင်း သူမကို ဘာလုပ်ထားလဲ”
ဆေးဆရာမကြီး အသံအေးစက်စက်ဖြင့် မေးလိုက်ပါ တယ် ။ ချီဓာတ်များပင် အသံတွင် ပါဝင်နေပါတယ် ။
ထိုအချိန်မှာ ချန်ရှန် ဝုကွမ်ချင်အား အဘယ်ကြောင့် ဒီ ဆေးဘုရင်ခန်းမကို ၀င်ခွင့်ပြုလိုက်လဲဆိုတာ နားလည်မိ သွားတယ် ။ တစ်ယောက်ယောက် ရှိနေပါက သူ့ကို ဦးရီး တော်လေး ဟု ခေါ်စရာ မလိုတော့ပြီ မဟုတ်ပါလား ။
“ဂျင်းအကြီးစား ကြီးက ဂျင်းအသေးလေးထက် လန်း တယ်ဟ”
ချန်ရှန် ရေရွတ်နေမိတယ် ။
ဝုကွမ်ချင်က
“သူဘာမှ မလုပ်ပါဘူး ။ ကျွန် . . .မ . . .”
“မင်းဘာလို့ မြန်မြန်မသွားသေးတာလဲ ၊ ငါဒီမှာ ဆေး ပညာ သင်ပေးနေတယ်”
ဆေးဆရာမကြီးက ဆူလိုက်ပါတယ် ။ ချန်ရှန်လည်း ခပ် တိုး တိုး ကျိန်ဆဲကာ မြန်မြန် သွားလိုက်ပါတော့တယ် ။
ချန်ရှန် မိုးပြာသီး ပင် ရှိရာ ခြံဝန်းထဲသို့ ရောက်ရှိလာ ပါ ပြီ ။ လျို့ ဝှက်စွာပင် နဂါးတံတွေးများအား လောင်းချလိုက် ပါတယ် ။ သူ အသီး မြန်မြန် သီးစေချင်လှပါပြီ ။ တည် ဆောက်ရေးဆေးတွေ အများကြီး လုပ်နိုင်မည် မဟုတ်ပါ လော ။
တော်ဝင်ပြိုင်ပွဲကြီးကလည်း နီးကပ်လာပါပြီ ။ ဒီရက် တွေမှာ ဆေးဆရာမကြီးဟာ ဝုကွမ်ချင်အပေါ် တော်တော် ဂရုစိုက်တာကို သူ တွေ့ ရပါတယ် ။ စိတ်ရှည်လက်ရှည် ပင် သင်ကြားပေးပြီး ဆေးပင်များစွာကိုလည်း ပေးပါသေး တယ် ။
ချန်ရှန် ဟာ ဝုကွမ်ချင် တစ်ယောက် ဆေးပင်တွေ ဒီ လောက် ရှားပါးနေတာတောင် အဆင့် ၂ ပညာရှင် ဖြစ်လာ တာကြောင့် လေးစားမိပါတယ် ။ သူမဟာ အနာဂတ်မှာ မီး ဝိဉာဉ်တော် ဖြင့် ထင်ရှားသော ဆေးပညာရှင် တစ်ဦး ဖြစ် လာမည်ဟု ယုံကြည်နေပါတယ် ။
ချန်ရှန် လျို့ ဝှက်ဆန်းကြယ် နယ်ပယ်ထဲမှ ထွက်လာ တဲ့အခါ သတင်းတစ်ခုကို ကြားလိုက်ရတယ် ။ ရှောင်ဒို ၊ ဇုရွန် နှင့် ဆူဝဲလောင် တို့သုံးယောက် စစ်မှန်သော ပညာရှင်များ ဖြစ်သွားတယ် ဆိုတာပါပဲ ။ လက်ရှိမှာ ဂိုဏ်း ချုပ် နှင့် တွေ့ ဆုံနေကြပါတယ် ။
“စစ်မှန်သော ငတုံးသုံးယောက် ၊ ကောင်းစားသွားပြီ ပေါ့”
ချန်ရှန် တီးတိုး ရေရွတ်မိတယ် ။ ၎င်းတို့လက်ထဲ တည် ဆောက်ရေးဆေး များစွာ ရှိနေလိမ့်မယ်လို့ သူ သံသယ ဖြစ်မိပါတယ် ။
တော်ဝင်ပြိုင်ပွဲမှာ မည်သည့် စစ်မှန်သော ပညာရှင် မျှ မပါဝင်တာကြောင့် ချန်ရှန် ဟာ သူသာ ပြိုင်ပွဲအားလုံးတွင် အနိုင်ရလိ့မ်မယ်ဟု ယုံကြည်နေမိတယ် ။ သလင်းကျောက် သုံးသိန်း ဒြပ်စင်ဆေး ၃၀၀ ဟာ နည်းလှတယ့် ပမာဏ မဟုတ်ချေ ။ ချီဒြပ်ဆေးဟာ တစ်လုံးလျှင် ၅၀၀၀ တန်ပါ သည် ။ ဒါကြောင့် အလုံးသုံးရာ ဆိုပါက တစ်သန်းခွဲ ရရှိ မှာ ဖြစ်ပါတယ် ။
ချန်ရှန် စိတ်လှုပ်ရှားစွာဖြင့် အမှတ် ၁၆ ခြံဝန်းထဲသို့ ၀င် လာတယ် ။ ဇုရွန် ၏ ရယ်သံဟာ ခြံဝန်းတစ်ခုလုံးအား ပြန့် နှံ့ နေပြီး ဂိုဏ်းချုပ်ဟာ ထိုင်ခံမှာ လှဲလျောင်းနေလျက် ရှိပါ တယ် ။ ဇုရွန် ဟာ စစ်မှန်သော ပညာရှင် ဖြစ်သွားပြီဆိုတာ ချန်ရှန် သိပါတယ် ။ ဇုရွန် ဒီလို ဖြစ်လာာသည့်အတွက် အ ထူး ပျော်နေမည် ဆိုတာလည်း ပြောနေစရာလိုမည် မထင် ချေ ။
“ညီတော်လေး ချန် ၊ မင်း မသေဘူးပေါ့”
ဇုရွန် ချန်ရှန် ၀င်လာတာကို ဆီးကြိုရင်း မေးပါတယ် ။
ချန်ရှန် က ခနဲ့တဲ့တဲ့ ဖြင့် –
“လူတိုင်း ဘာလို့ ဒီမေးခွန်း ပဲ မေးနေကြလဲမသိဘူး ဗျာ ၊ သေသွားတာကမှ ကောင်းဦးမယ်”
ရှောင်ဒို ရယ်မောနေတယ် ။
“အကိုတော် ချန် ၊ ကျွန်တော်တို့တော့ ကံကောင်းတာ ပဲ ။ အကိုတော် ဇု က ကျွေးဖို့ ဖိတ်ထားတယ် ။ သူ့ကို မွဲ သွားအောင် လုပ်စို့”
ဆူဝဲလောင် ကလည်းရယ်မောကာဖြင့် –
“ငါကတော့ ပြင်ဆင်ပြီးပြီ ။ ချန်ရှန် ၊ မင်း ပြီးခဲ့တဲ့ အချိန် တွေမှာ အားလုံးကို တော်တော် စိုးရိမ်ရအောင် လုပ်တယ် ။ မင်းပြန်လာတာ တကယ်ကောင်းတယ် ကွ ။ ဒါပေမယ့် ငါတို့ကတော့ မင်းနဲ့ အတူ တော်ဝင်ပြိုင်ပွဲမှာ မပါရတော့ ဘူး ပေါ့ကွာ”
ချန်ရှန် ကလည်း ရယ်မောကာဖြင့် –
“ကောင်းတာပေါ့ဗျာ ၊ ကျွန်တော်တော့ ပြိုင်ပွဲ သုံးခုလုံး ကို စာရင်းပေးပြီးပြီ ။ အကုန်ပထမ ယူမယ်လေ ဟဲဟဲ”
ငွေကြေးကိစ္စ အကျိုးအမြတ် ကိစ္စ မှာတော့ ဇုရွန် ဟာ သူတို့အားလုံးထဲတွင် အတွက်ချက်တတ်ဆုံးပါ ။ သူ့စိတ် ထဲ တန်ဖိုးကြီး တစ်ခုကို မြင်လိုက်ရသလိုဖြင့် –
“မင်း အကုန်လုံး နိုင်ရင် အများကြီး ရမှာ မဟုတ်လား”
ရှောင်ဒို နှင့် ဆူဝဲလောင် တို့ဟာလည်း ရုတ်တရက် သဘော ပေါက်သွားပြီး တုန်လှုပ်သွားကြပါတယ် ။
“စစ်မှန်တယ့် နောက်လိုက်တွေ ဖြစ်လာပြီးနောက် မှာ ငါတို့ဟာ ဒြပ်စင်ဆေး ၁၀၀ သလင်းကျောက် ၅ သောင်း နဲ့ အသုံး ပြုပြီးသား ဝိဉာဉ်တော် အဆင့် ၃ လက်နက် သာရ မယ် ။ အနည်းဆုံးအနေနဲ့ အခု ငါတို့ ဒြပ်စင်ဆေး ၁၀၀ သလင်းကျောက် တစ်သိန်း နှစ်စဉ် ရမှာပေါ့ ။ ဒါပေမယ့် တော်ဝင် ပြိုင်ပွဲတော့ မပြိုရတော့ဘူး”
ဇုရွန် က ၀မ်းနည်းစွာ ပြောပါတယ် ။ ရုတ်တရက် သူ၏ စွမ်းအား များကို ပင် ဖုံးကွယ်ကာ ၀င်ပြိုင်ချင်စိတ်များ ဖြစ် ပေါ်လာပါတော့တယ် . . . ။