Chapter – 137 ဆရာတူတူဝရီး
၀ုကွမ်ချင် မျက်နာ ရဲခနဲ ဖြစ်သွားကာ ချန်ရှန် သူမကို ဒီလိုကြီး ပြောလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး ။ ဒါပေမယ့်လဲ သူမရင်ထဲ ကြိတ်ကျေနပ်သွားတယ် ။ ချန်ရှန် ဟာသူ့ကို ချီးမွမ်းကာ စိတ်ဝင်စားလာပြီ မဟုတ်ပါလား ။
ချန်ရှန် ဒေါသအိုးပေါက်ကွဲ ပစ်ချင်နေပါပြီ ။ ထို့နောက် အိနြေ္ဒဆယ်ကာ ဖြင့် –
“ကျွန်တော် ပြောချင်တာက ခင်ဗျားရဲ့ ကိုယ်လုံး က အရမ်းလှတယ်လို့ပါ”
“အန်းးး”
ဝုကွမ်ချင် ခေါင်းညိမ့်လျက် ထွက်ခွာသွားပါလေတော့ တယ် ။
ချန်ရှန်လည်း ဝုကွမ်ချင် ထွက်သွားတာကို သေချာ အောင် ကြည့်ပြီနောက် သူ၏ ရင်ဘတ်အား ဒေါသတကြီး ဖြင့် –
“နဂါးလေး ၊ မင်းငါ့ရှေ့ မပေါ်လာနဲ့ ၊ မင်းဖင်ကို စုတ်ပြတ် သွားအောင် ကန်ပစ်မယ်”
လောင်ဆုရီ က ခပ်လှောင်လှောင် ဖြင့် –
“ခင်ဗျားက ပထမတော့ သူမ နှလုံးသားကို ချုပ်ကိုင် တယ် ။ နောက်ကျ ရက်ရက်စက်စက်ကို နင်းချေပစ်လိုက် တယ် ၊ ဒီက နဂါးလေးက အဲလိုတွေ မကြိုက်ဘူး”
“နောက်မှ ဆက်ပြောကြတာပေါ့”
ချန်ရှန် သက်ပြင်းချလိုက်တယ် ။ ဝုကွမ်ချင် သူ့ကို စိတ် ၀င်စားနေတယ်ဆိုတာကို သူမြင်နေ၇ပါတယ် ။
ချန်ရှန် ရှောင်ဒို နှင့် ဇုရွန် တို့အား အမှတ် ၁၆ ခြံဝန်း မှာ အမြဲတမ်း စောင့်နေကြပါ ။ ဒါပေမယ့် သူတို့ ၂ ယောက်ပေါ် မလာပဲ ဆရာကြီးဝု သာ ရောက်လာပါတယ် ။
“ဟဲဟဲ ၊ တူကတုံးလေး ၊ ခင်ဗျားက တကယ်ကို ကောင်းတယ် ။ ကျွန်တော် ပြန်လာတာ သိတာနဲ့ လာတွေ့ တော့တာပဲ”
ချန်ရှန် ပြုံးကာပြောလိုက်ပါတယ် ။
“မျိုးမစစ် ဦးရီးတော်လေး ၊ မင်းမသေဘူးပေါ့ ၊ ငါတကယ်ကို မပျော်ရွှင်မိဘူး ။ မင်းငါတို့ကို အချိန်အတော် ကြာ စိုးရိမ်အောင် လုပ်ခဲ့တာ သိလား”
ဆရာကြီး ဝု သက်ပြင်းချလိုက်တယ် ။ သူချန်ရှန်ကို ဆူပစ်ချင်နေတာ ကြာပါပြီ ။
“ဟို ငတုံးလေးကော”
ချန်ရှန် စပ်ဖြဲဖြဲ ပြုံးကာ မေးလိုက်ပါတယ် ။
“ဂိုဏ်းချုပ်က ဝုကွမ်ချင် အတွက် စီစဉ်ပေးနေတယ် ၊ သူမ ခရီးတစ်ခုထွက်ပြီး သူမရဲ့ တစ်စို့နေတယ့် အခြေအနေ ကို ကျော်လွတ်ကာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ရောက်သွားလိမ့်မယ်လို့ မထင်မိဘူး ၊ ငါတို့ ဂိုဏ်းချုပ် နဲ့ ပြိုင်ဖက်ကင်း ဂိုဏ်းချုပ်တို့ သူမကို ဘယ်လို ဆုပေးရမလဲ ဆိုတာ တိုင်ပင်နေကြတယ်”
ဆရာကြီး ဝု ပြောပါတယ် ။ ချန်ရှန် ဘေးမသီရန်မခ ပြန်လာ နိုင်တာကို မြင်ပြီး စိတ်ချမ်းသာသွားပုံပါ ။ ချန်ရှန် ဟာ ဝုကွမ်ချင်ကို ကယ်ပြီး သူမကို ကူညီပေးခဲ့ခြင်းအား ကြားခဲ့ပြီ ဖြစ်ပါတယ် ။
“မင်း ဖက်တီးလေးနဲ့ ဟိုကောင်လေး ကို စောင့်နေတာ လား ။ မင်းစောင့်မနေနဲ့တော့ ။ သူတို့ ၂ ယောက် အခြေခံ တည်ဆောက်ရေး ရဖို့ ဘယ်မှာ ကြိုးစားခဲ့လဲ ဆိုတာ တော့ မသိဘူး ။ ဒါပေမယ့် တံခါးပိတ် ကျင့်ကြံနေတယ် ဆို တာကိုတော့ သိတယ် ။ သူတို့ ပြိုင်ပွဲ စမှ ပေါ်လာမှာကို ပဲ ကြောက်မိတယ်”
ဆရာကြီးဝု က ပြောပြပါတယ် ။
ဇုရွန် နှင့် ရှောင်ဒို တို့ဟာ တည်ဆောက်ရေးဆေး စား ပြီး ဖြစ်ပါတယ် ။ သူတို့ဘယ်က ရလဲဆိုတာတော့ မသိနိုင် ပါချေ ။
“ဘာဖြစ်ခဲ့တာလဲ”
ချန်ရှန် အံ့သြတကြီးမေးလိုက်တယ် ။
“ရှောင်ဒို ပြောပုံအရ သူတို့ မြွေမျက်စိလို့ ခေါ်တယ့် လူ ဆီက ရတာနဲ့ တူတယ်”
ဆရာကြီး ဝု က ပြောပြပါတယ်။
ချန်ရှန် ခေါင်းညိတ်ကာဖြင့် သူ၏ သူငယ်ချင်းများ အတွက် ပျော်သွားမိပါတယ် ။
“ဆေးဆရာမကြီးကော ထွက်လာပြီလားဗျ”
ချန်ရှန် ထပ်မေးလိုက်ပြန်ပါတယ် ။
“သူမ ထွက်လာပြီ ၊ အခု ဆေးဘုရင် ခြံဝန်းထဲမှာ ၊ ငါနဲ့ ဂိုဏ်းချုပ်တို့ သူမနဲ့တောင် သိပ်အထွေအထူး မပြောဖြစ် သေးဘူး ၊ အထူးသဖြင့် မင်းက ဦးရီးတော် ဆိုတယ့်အ ကြောင်းပေါ့ ၊ မင်းဟာမင်းသာ ရှင်းပြလိုက်ပါတော့”
ဆရာကြီးဝု ပြုံးလျက် ပြောပါတယ် ။
ချန်ရှန် ဆေးဘုရင်ခြံဝန်း ၏ ၀င်ပေါက်မှာ ရပ်ကာ သူ၏ ကျောက်စိမ်းကဒ် အား အပေါက်ထဲ ထည့်လိုက်တယ် ။ ဂိတ်တံခါးလည်း ပွင့်သွားပါတယ် ။ ချန်ရှန် ၀င်ရုံပဲ ရှိသေး တယ် အမည်းရောင်ဝတ်ရုံဝတ်ကာ မျက်နှာဖုံး တပ်ထား သော လူတစ်ဦး သူ့ ရှေ့ မှာ ပေါ်လာပါတယ် ။ ရုတ်တရက် မို့ ချန်ရှန်လည်း ခုန်ရှောင်လိုက်ပါတယ် ။
“ဆရာမကြီး ၊ ခင်ဗျား ကျွန်တော့ကို သေအောင်လို့ များ ခြောက်နေတာလား”
ချန်ရှန် လေများ ရှူထုတ်ကာ မေးလိုက်တယ် ။
“မင်း မသေပါဘူး ၊ ဟိုသစ်ပင်ကို မင်းဘယ်က ရတာ လဲ”
ဆရာမကြီး မေးလိုက်တယ် ။ ဆန္ဒစောလျက် ရှိတာ ကို သူမ အသံမှာ မြင်နိုင်ပါတယ် ။
ချန်ရှန်ဟာ မိုးပြာရောင် သိမ်မွေ့ သစ်သီးကို ခြံဝန်းထဲ စိုက်ထားတာ ဖြစ်ပါတယ် ။ ဆရာမကြီး မမြင်နိုင်အောင် သူ မဖွက်နိုင်ခဲ့ပါပေ ။
“ကျွန်တော် တောင်ပေါ်က တွေ့ တာ ဘာလို့လဲ”
ချန်ရှန် ပြန်ပြောလိုက်တယ် ။
“ဒါ မိုးပြာရောင် သိမ်မွေ့ သစ်သီးပင်ပဲ ၊ နေ့တိုင်း များ စွာသော ချီဓာတ်တွေကို စုယူပြီး အသီးပြုလုပ်တဲ့ ဖြစ်စဉ် ကို ပြုလုပ်နေတယ် ။ ဒါ့အပြင် အမြန်နှုန်းကလည်း တော် တော် ကို မြန်တယ် ။ အခု ဆို ပန်းတွေ တောင် ပွင့်နေပြီ”
ဆေးဆရာမကြီး ၏ အသံမှာ စိတ်လှုပ်ရှားမှုများ အပြည့် ပါပင် ။
ချန်ရှန် လည်း တော်တော် အံ့အားသင့်သွားပါတယ် ။ သာမန် အခြေအနေမှာ အသီးတချို့ သီးဖို့ နှစ် တစ်ထောင် နှစ်ထောင်လောက် လိုအပ်လိ့မ်မယ်လို့ သူထင်တာပါ ။ ဒါ ပေမယ့် သူယခု ၈ လလောက်ပဲ ကြာသေးတယ် အပွင့်တွေ ပွင့်နေပြီ ဖြစ်ပါတယ် ။ ဒီလို နှုန်းနှင့်သာ ဆိုပါက သူတစ် နှစ် တစ်နှစ် အသီးများစွာ ရပေလိ့မ်မည် ။ တကယ်ကို အကျိုး ဖြစ်ထွန်းပါပြီ ။
“ကျွန်တော် သွားကြည့်လိုက်မယ်”
ချန်ရှန် လျင်မြန်စွာ ပြေးသွားတယ် ။ အပင်ပေါ်မှာ ပန်း ပွင့် ၂၀ ကို တွေ့ လိုက်ရတယ့်အခါ သူပျော်ရွှင်စွာပင် အော် ရယ်မိပါတယ် ။
“ဟားဟား ၊ ငါအချမ်းသာဆုံး လူ ဖြစ်ပြီကွ”
ဆေးဆရာမကြီး ချန်ရှန် ခေါင်းအား ခေါက်ကာ အေး စက်စက် ပြောပါတယ် ။
“သိပ်လည်း မာနကြီးမနေနဲ့ ၊ အသီးတောင် မသီးသေး ဘူး ၊ ဒါနဲ့ ဒီရက်တွေမှာ မင်းဘယ်ရောက်နေတာလဲ ၊ ငါမင်း ကို မုန်းပေမယ့်လည်း မင်းဟာ ဆေးဘုရင် ခြံဝန်းရဲ့ အဖွဲ့ ၀င် တစ်ယောက် ဖြစ်နေသေးတယ်မလား ၊ မင်းကို နည်း နည်းလေးတောင် ထိခိုက်ခံခွင့်မပြုနိုင်ဘူး ။ မင်းငါ့ကို ဆရာ အဖြစ် လက်ခံတာ ပိုကောင်းတယ် ။ ငါမင်းကို နတ်ကျင့် စဉ်တွေ သင်ပေးနိုင်တယ် ။ နောက်ပြီး မင်း တစ်စို့တဲ့ အခြေ အနေကို ကျော်လွှားဖို့ တည်ဆောက်ရေးဆေးလည်း လုပ် ပေးနိုင်တယ်ကွ”
ချန်ရှန် သူ၏ နားကို ကုတ်လျက် ခပ်လှောင်လှောင် ပြောလိုက်ပါတယ် ။
“နာမည် မရှိတဲ့ ကောင်မလေး ၊ ကျွန်တော်ဟာ သားရဲ ဂိုဏ်းက စစ်မှန်သော ပညာရှင်ကို သတ်လိုက်တယ် ဆိုတာကို နားလည် သဘောပေါက်သင့်တယ် ။ နောက်ပြီး ကျွန်တော် ဟာ ကန့်သတ်နယ်မြေထဲမှာ ပိတ်လှောင်ခံခဲ့ ရတယ် ဆိုတာကိုကောပေါ့”
“သိတယ်လေ ၊ ဟို လူကြီးသာ ငါ့ကို အဲလို ခေါ်တာ အဲတော့ မင်းက . . .”
ဆေးဆရာမကြီးဟာ ငတုံးမဟုတ်ပါ ၊ သူစဉ်းစားလိုက် မိပြီးနောက်မှာတော့ သူမကိုယ်လုံး တုန်သွားတယ် ။
ချန်ရှန် ကြည့်ပြီး သူ၏ သွေးသစ္စာအမှတ်အသားကို ထုတ်ပြကာ ကျယ်လောင်စွာ ရယ်လိုက်ပါတယ် ။ သူ၏ ရယ်သံဟာ ဂိုဏ်းချုပ်ဟောင်းကြီး၏ ရယ်သံလိုပါပဲ ။
“ဒါဟာ ကျွန်တော့ရဲ့ တပည့်ခံခဲ့တယ့် သက်သေပဲ ။ ဆရာကြီးဟာ အရူးကြီးလို ဆိုပေမယ့် သူကတကယ်တော် တဲ့လူပါ ၊ ကျွန်တော့ကို အများကြီး သင်ပေးခဲ့တယ် ။ ဒီလို မှ မဟုတ်ရင် ရနံ့မြို့ တော် မှာ သေတာ ကြာပြီ”
ချန်ရှန် ဂုဏ်ယူစွာ ပြောလိုက်ပါတယ် ။
ဆေးဆရာမကြီးလက်များဟာ တုန်ယင်နေတယ် ။ သူမ ဆရာတပည့် သွေးသစ္စာ စာချုပ်ကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်နေတယ် ။ ဟွမ်ဂျိရှန်၏ ချီဓာတ်များကိုပင် ခံစား မိနေသလိုပင် ။
ဆေးဆရာမကြီး သက်ပြင်းရှည်ကြီးကို ချကာ ဖြေး ညှင်းစွာ ပြောပါတယ် ။
“ဂိုဏ်းချုပ်နဲ့ ဆရာကြီးဝု ကော သိလား”
“ဒါပေါ့ သိတယ် ၊ သူတို့ ကျွန်တော့ကို ဦးရီးတော် လို့ ခေါ်တယ် ။ ခင်ဗျားက ဒီလို မခေါ်ရင်လည်း ကိစ္စ မရှိပါဘူး ။ ခင်ဗျား ကျွန်တော့ကို မုန်းနေတယ် ဆိုတာ သိပါတယ် ။ ခင်ဗျား ကို ဖိအား မပေးတော့ပါဘူး”
ချန်ရှန် စာချုပ်ကို ပြန်ယူ ကာ သက်ပြင်းချလျက် ပြော လိုက်ပါတယ် ။
ဆေးဆရာမကြီး ရပ်နေရင်း ဆွံ့အနေပါတယ် ။ သူမ၏ ဆရာဟာ တကယ်တော်တာ ဖြစ်ပြီး ဟွမ်ဂျိရှန် ဟာလည်း ထို့ အတူ ပါပဲ ။ ၎င်း လူ ၂ယောက်၏ စွမ်းအားများကြောင့် သာ မဟုတ်ရင် သူမ ဒီနေ့ထိ အသက်ရှင်နိုင်ခဲ့မှာ မဟုတ် ပါဘူး ။ သူမဟာ အဆိုပါ လူ ၂ ယောက်အား အလွန်ပင် လေးစားးကာ ဦးထိပ်ထားလျက် ရှိတာဖြစ်ပါတယ် ။ ဒါပေ မယ့် ချန်ရှန် ကတော့ . . .
“ဦး . . . ဦးရီးတော်”
ဆေးဆရာမကြီးကလည်း သူ့ကို ဒီလိုခေါ်ပါတယ် ။ ခပ် တောင့် တောင့် အနေအထားဖြင့် သူမအသံမှာ မုန်းတီးမှု များလည်း ပါဝင်နေသလိုပါပဲ ။
“ဟဲဟဲ ၊ ကတုံးလေး နဲ့ငတုံးလေးက ကျွန်တော်ကို ဦးရီးတော်လေး လို့ခေါ်တာ ခင်ဗျားလည်း ဒီလိုခေါ်နိုင်ပါ တယ်”
ချန်ရှန် ရယ်မောလိုက်ပါတယ် ။ သူက ပိုမို ဂုဏ်ယူ မိ တယ် ။ သွားများပင် ဖြီးလို့ ရှိနေပါတယ် ။
ဆေးဆရာမကြီး မကျေမနပ် ဖြစ်နေပါတယ်။ ချန်ရှန် ကို သူမ၏ ပညာသင်အဖြစ် ခေါ်ယူချင်စိတ်ဟာ အခုတော့ ဆုံးခန်း တိုင်သွားပါပြီ ။ သူမ၏ ဦးရီးတော်အား တပည့်အ ဖြစ် ပြုလုပ်ခြင်းဟာ တကယ်ကို ရယ်စရာပင် မဟုတ်ပါ လား ။
“လူအများရှေ့ မှာတော့ သာမန်လိုပဲ ပြောဆို ဆက်ဆံ ကြတာပေါ့ ၊ ဒါပေမယ့် ဘယ်သူမှ မရှိရင် ကျွန်တော့အပေါ် လေးစားမှုထားပါ”
ချန်ရှန် ပုံစံက အလျင်စလိုပါပဲ ။
“ဒီကိစ္စ ကို လျို့ ဝှက်ထားပေးပါ ။ ဘယ်သူမှ မသိစေနဲ့ ဒီလိုမှ မဟုတ်ရင် ကျွန်တော် ဒုက္ခ ရောက်သွားလိမ့်မယ်”
“ငါ အရူး မဟုတ်ပါဘူး ။ မင်းငါ့ကို ဒီအကြောင်း သင်ပေး နေစရာ မလိုဘူး ။ နောက်ပြီး အခုမင်းဟာ အရမ်း စိတ် အနှောက်အယှက် ဖြစ်ဖွယ်ပဲ”
ဆေးဆရာမကြီး အေးစက်စွာ ပြောပါတယ် ။
“ဆရာမကြီး ၊ ဝုကွမ်ချင်ဟာ မကြာခင်ကပဲ စစ်မှန် သော သိုင်းပညာနယ်ပယ်ကို ရောက်ရှိခဲ့တယ် ။ ဒီလို မ ရောက်ရှိခင်မှာ သူမဟာ မီးဝိဉာဉ်တော်နဲ့ ပေါင်းစည်းသွား ခဲ့တာ ။ ကျွန်တော်ရှေ့ မှာပဲ ဒီလို ဖြစ်သွားတာ ။ သူမဟာ မိန်းကလေး တစ်ယောက်ဖြစ်ပြီး သူမ ပါရမီဟာလည်း မဆိုးလှ ပါဘူး ။ နောက်ပြီး သူမဟာ အဆင့် ၂ ဆေးပညာ ရှင် လည်း ဖြစ်တယ် ။ ခင်ဗျားရဲ့ တပည့်အဖြစ်သာ လက်ခံ လိုက်ရင် တော်တော် ကောင်းမှာပဲ”
ချန်ရှန် ရယ်မောကာ ပြောလိုက်ပါတော့တယ် . . . ။