Chapter – 136 အပြန်လမ်း
ချန်ရှန်၏ နောက်ကျောမှ ကုတ်ရာခြစ်ရာများကို ကြည့် ပြီးနောက် ဝုကွမ်ချင် တော်တော် အားနာနေပုံပါ ။
“ကျွန်မ တောင်းပန်ပါတယ် ။ ကျွန်မ ကို ကူညီခွင့်ပြုပါ”
ချန်ရှန် က ခပ်ဖျော့ဖျော့ ပြုံးကာဖြင့် –
“ရပါတယ် ၊ ဒါက ဒဏ်ရာသေးသေးလေးပါ”
သူက ဒီလို ပြောသော်လည်း ဝုကွမ်ချင်က သူ့အား လဲလျောင်းစေကာ ရေအေးအေးများဖြင့် လောင်းပေးနေပါ တယ် ။ ချန်ရှန် မှာ လှပသော လက်ချောင်းလေးများဖြင့် သူ၏ ကျောအား နှိပ်နယ်ပေးနေသဖြင့် သက်တောင့်သက် သာ ရှိလှပါတယ် ။
“ဝုမိန်းကလေး ၊ မင်း ဘာနဲ့ ပေါင်းစပ်သွားတယ် ဆိုတာ မင်းသိလား”
ဝုကွမ်ချင်မျက်နာမှာ နီနေလျက် ရှိပါတယ် ။ ဒါသူမ အ တွက် ပထမဆုံးအကြိမ် ယောကျာ်းတစ်ယောက် နှင့် အနီး ကပ် နေနေခြင်း ဖြစ်ပါတယ် ။ သူမ ကိုယ်တိုင်ကလည်း ဒီ ယောကျာ်းအပေါ် သာယာမိနေတာကြောင့် ဆိုတာက တော့ အထူး ဖော်ပြစရာလိုတော့မည် မထင်ချေ ။ သူမက ညင်သာစွာဖြင့် –
“ကျွန်မ မသိဘူး ၊ သခင်လေး ချန် က ကောင်းကောင်း သင်ကြားပေးလို့ပါ ။ ခုက စပြီး ကျွန်မကို ကွမ်ချင် လို့ပဲ ခေါ် ပါနော်”
ချန်ရှန် လျို့ ဝှက်စွာ ပြုံးပြီး –
“ငါ မှတ်မိသေးတယ် ၊ ငါတို့ ပထမဆုံးတွေ့ တုန်းက မင်းပုံစံဟာ တော်တော် ပဲ ကောင်းတယ် ။ ခုကျ မင်းက ကလေးမလေး လိုပါပဲလား ၊ ငါ့ကိုလဲ ချန်ရှန် လို့ပဲခေါ်ပါ ၊ ဘာလဲ သခင်လေး အရေးမပါတာတွေ”
ဝုကွမ်ချင် “အန်” ဟု သာ ပြောပြီး မျက်နာမှာ နီနေ လျက်ပါပဲ ။
“ချန်ရှန် ၊ ကျွန်မဟာ ကိုယ့်အရေးပါမှုလေး ကို မသိတဲ့ ရေတွင်းထဲက ဖားလိုပါပဲ ။ နောက်ပြီး ကျွန်မရဲ့ အလှနဲ့ ပါရမီ ကြောင့် ကျွန်မဟာ စိတ်ကြီး ၀င်ခဲ့တယ် ။ ဒါပေမယ့် ရှင်နဲ့ တိုက်ပြီးနောက် ကျွန်မ အမှားတွေကို ကျွန်မ သိသွား တယ် ။ ဒီလိုမှ မဟုတ်ရင် ကျွန်မ အမှားတွေကို သိခဲ့မှာ မဟုတ်ဘူး ။ ဒီထက်ပို မှားပြီးရင်းမှား နဲ့ ကျင့်စဉ်တွေပါ လမ်းမှား ရောက်သွားမှာပါ ။ ရိုးသားစွာ ၀န်ခံရရင် ရှင်နဲ့ တိုက်ပြီး ကတည်းက ကျွန်မရဲ့ တစ်စို့နေတယ့် အခြေ အနေဟာ ပွင့်သွားသလိုပါပဲ”
ချန်ရှန် ပြုံးကာဖြင့် –
“မင်းက အခုတော့ အရမ်းငယ်ရွယ်တဲ့ စစ်မှန်သော သိုင်းပညာရှင် ဖြစ်သွားပြီ ။ ဒါနဲ့ မင်းအသက်ဘယ်လောက် ရှိပြီလဲ”
ဝုကွမ်ချင် တစ်ယောက် ချန်ရှန် ဟာ လိုက်လျောညီ ထွေ ရှိသူဆိုတာ သိသွားတယ် ။ သူ့ကိုသာ လေးလေးစား စား ဆက်ဆံပါက သူကလည်း ဖော်ရွေစွာ ပြောဆိုဆက် ဆံမည်မှာ မလွဲပေ ။
သူမက လျာကို ထုတ်ကာဖြင့် –
“မိန်းကလေး တစ်ယောက် အသက်ကိုမေးတာ ရိုင်း တယ်လို့ ရှင်မထင်ဘူးလား ၊ ဒါပေမယ့် ကျွန်မပြောပြပါမယ် ၊ ဒီနှစ်မှာ ၂၈ နှစ်ပြည့်တာပဲ”
“အာ ၊ ဟားဟား ဒါဆို အမကြီးပဲ”
ချန်ရှန် ရယ်မောကာ ပြောလိုက်ပါတယ် ။ ချန်ရှန် ဂိုဏ်း ရဲ့ အလှဆုံးကောင်မလေးနဲ့ အတူတူပူးပေါင်းမယ် ဆိုတာကို ငြင်းစရာမရှိပါဘူး ။
ချန်ရှန် နဲ့ တိုက်ပြီးကတည်းက ဝုကွမ်ချင်ဟာ ယုံကြည် မှု မရှိတော့ပါဘူး ။ ဒါပေမယ့် ယခုတော့ သူမဟာ စစ်မှန် သော သိုင်းပညာနယ်ပယ်ကိုတောင် ၀င်ရောက်နိုင်ခဲ့ပြီ ဖြစ် ကာ ကိုယ့်ကိုကိုယ် ယုံကြည်မှုများဟာလည်း အထွတ် အထိပ်သို့ ရောက်နေပါပြီ ။ ဒါပေမယ့်လည်း သူမဟာ မာန ကြီးတော့မည် မဟုတ်ပေ ။ ယခု သူမ ပိုမိုလှပလာပြီး ရင့် ကျက်လာသယောင်ပါပဲ ။
“ချန်ရှန် ၊ ငါဘာနဲ့ ပေါင်းစပ်သွားတယ် ဆိုတာကို မင်း ကော သိလား”
ဝုကွမ်ချင် ပြုံးကာ ချန်ရှန် နောက်ကျောကို ဖိလျက် မေးပါတယ် ။ ထိုကုတ်ခြစ်ရာများဟာ မကြာခင်မှာပဲ ပိုမို လင်းလာကြတယ် ။
“အဲဒါကို အပြာရောင်ကြယ်မီးဝိဉာဉ်တော် လို့ ခေါ် တယ် ။ အထူးကောင်းမွန်ပြီး ရှားပါးလှတယ့် ဝိဉာဉ်တော် ပဲ ။ တနည်းအားဖြင့် ခင်ဗျား ဒီအရာနဲ့ ထူးဆန်းတဲ့ မီး တောက် ကို ဖန်တီးထုတ်လွှတ်နိုင်လိ့မ်မယ် ။ ဒီမီးတောက် ဟာ မီးမျို့ စေ့ ကနေ လာတာ ၊ ဒါက ဆေးပညာအတွက် လည်း အရမ်းကို အကျိုးရှိတယ်”
ချန်ရှန် ပြန်ပြောတယ် ။ မနာလိုတဲ့ အကြည့်နဲ့ ကြည့် ကာ ဆက်ပြောပြန်ပါတယ် ။
“ဒီအရာက အရမ်းလဲ စွမ်းအားကြီးတယ် ။ တကယ် တော့ ဆေးဆရာမကြီးဟာ သူမရဲ့ မီးဝိဉာဉ်တော်ကြောင့် သူမရဲ့ ဆေးပညာမှာ အောင်မြင်လာတာပဲ”
ဝုကွမ်ချင်ဟာ သိုင်းဝိဉာဉ်တော် တွေ အကြောင်း ကြားဖူးပေမယ့် မီးဝိဉာဉ်တော် အကြောင်းကိုတော့ ခုမှ ပထမဆုံး ကြားဖူးခြင်းပါ ။ သူမဟာ ဒီလို ရှားပါး အဖိုးတန် လှတယ့် ရတနာကို ရခဲ့တာ သိသွားတယ့် အခါ သူမ အရမ်း စိတ်လှုပ်ရှားသွားပါတယ် ။ ချန်ရှန် သာ မရှိခဲ့ရင် ဒီ မီးဝိဉာဉ်တော်ရဲ့ ဖျက်ဆီးခြင်းကို ခံနေရပြီးပြီဆိုတာကို လည်း သိနေပါတယ် ။
“ချန်ရှန် ၊ ငါကဆေးတွေလည်း လုပ်နိုင်တယ် ။ ငါအခု ပဲ ရနံ့မြို့ တော်ကို သွားပြီး တရားဝင် အဆင့် ၂ ဆေးပညာ ရှင် ဖြစ်နေပြီ ။ မင်းငါ့ကို လမ်းပြနိုင်မယ်လို့ မျှော်လင့်ပါ တယ်”
ဝုကွမ်ချင် ချစ်စဖွယ်ပြုံးကာ ချန်ရှန်ကို ပြောလိုက်ပါ တယ် ။
ချန်ရှန် ပြုံးပြီး ခေါင်းညိမ့်ကာဖြင့် –
“ကူညီပါ့မယ် ။ ကျွန်တော်တို့ ပထမဆုံး အကြိမ်တွေ့ တုန်းကထက်တောင် ခင်ဗျားက လှလာသေးတယ် ။ တခါ တရံ မှာ အလှစစ် ဆိုတာ လှပါတယ့် မျက်နာ တစ်ခုအပေါ် မမှီခိုဘူး ။ နှလုံးသား ဘယ်လောက် လှသလဲ ဆိုတဲ့အပေါ် ပဲ မှီခိုတယ်”
ဝုကွမ်ချင် သူမ ခေါင်းကို ငုံ့ကာဖြင့် –
“အ ၊ ကျေးဇူးပါ”
ချန်ရှန် နောက် မှ ကုတ်ခြစ်ရာများမှာ ပျောက်ကွယ် သွားပါပြီ ။ ဒါဟာ ဝုကွမ်ချင်၏ ပြန်လည်ကုစားခြင်းဆိုတာ ချန်ရှန် သိတယ် ။ သက်ရောက်မှုက တော်တော် ကောင်း ပါတယ် ။
“ အ ၊ ဂိုဏ်းရဲ့ တော်ဝင်ပြိုင်ပွဲ ကျင်းပဖို့ ၈ ရက်ပဲ လို တော့တယ် ။ ငါတို့မှာ အချိန် မရှိတော့ဘူး”
ဝုကွမ်ချင် ရုတ်တရက် ပြောလိုက်တယ် ။
“ဒီလို အရာကို ဘာကြောင့် စိတ်ပူနေတာလဲဗျ”
ချန်ရှန် ရယ်မောသံ နဲ့အတူ တောင်ပံကြီး ၂ ခုဟာ သူ၏ နောက်ကျောမှ ထွက်လာပါတယ် ။ ဝုကွမ်ချင် ခေါင်း နည်းနည်း ငုံ့သွားပြန်ပါတယ် ။ သူမ ချန်ရှန် နဲ့ အနီးကပ် အချိန်တခဏကြာ နေရဦးမယ် ဆိုတာကို သိတယ် ။ ဒါပေ မယ့် သူမကိုယ်တိုင်လည်း ဒီလိုအရာမျိုး လျို့ ဝှက်စွာ လို ချင်နေသည် မဟုတ်ပါလော ။
ချန်ရှန် ဝုကွမ်ချင်ကို ပွေ့ ကာ တောင်ပံများဖြန့်ပြီး တိမ် တိုက်များအကြား ပျံသန်းသွားပါတော့တယ် ။ ဝုကွမ်ချင် ၏ မျက်နာမှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော်လျော် ဖြစ်နေပါ တယ် ။
“ကွမ်ချင် ၊ ခင်ဗျားကို နှစ်တစ်သန်းလောက်က ကျင့်စဉ် တစ်ခုကို ပေးခဲ့တယ် ။ ဒါကို မပေါက်ကြားစေဖူးလို့ ယုံကြည်ပါတယ်”
ချန်ရှန် စိုးရိမ်ပုံ နဲ့ ပြောလိုက်တယ် ။
“အ ၊ ငါ ကတိပေးပါတယ် ။ ဘယ်သူ့ကိုမှ မပေါက်ကြား စေရပါဘူး”
ဝုကွမ်ချင် ခေါင်းညိမ့်ပြောပြီး သူမ၏ လက်နှစ်ဖက် ဖြင့် ချန်ရှန် ၏ ခါးအား ဖက်ထားပါတယ် ။ ချန်ရှန် ကလည်း သူ၏ လက်လက်များဖြင့် လှပသော ခါးလေးအား ပွေ့ ထား လျက် ၎င်းတို့ ၂ ယောက်ဟန်ပန် မှာ အလွန် ကဗျာဆန်လှ ပါတယ် ။
ရှီမန် မြို့ ကို ရောက်ဖို့ သူတို့ ၂ ယောက် ၃ ရက်သာ ကြာခဲ့တယ် ။ မြို့ ကြီးက သက်ဝင်လှုပ်ရှားလျက်ပါပဲ ။ လွန် ခဲ့တယ့် သုံးရက်က ချန်ရှန် နှင့် အချိန်တော်တော်ကြာ နီးကပ်စွာ ရှိနေမှုကို သတိရရင်း သူမနှလုံးသားဟာ နွေး ထွေးလျက်ရှိပါတယ် ။
“ကွမ်ချင် ၊ ခင်ဗျားမှာ ဆရာ မရှိဘူးမလား ၊ ဆေးဆရာ မကြီး နဲ့ မိတ်ဆက်ပေးပါ့မယ် ။ သူမမှာလည်း တပည့်မ မရှိ ဘူးလေ”
ချန်ရှန် ပြောလိုက်တယ် ။ ဝုကွမ်ချင် ဒီစကားကြားတဲ့ အခါ တော်တော် အံ့ အားသင့်သွားပါတယ် ။ အဘယ် ကြောင့် ဆိုသော် ကောလဟာလ များ အရ ဆေးဆရာမ ကြီးဟာ ချန်ရှန် ကို သတ်ချင်နေတာဖြစ်ပြီး ယခုတော့ ချန်ရှန် တို့ ဆက်ဆံရေးဟာ ကောင်းမွန်နေတယ်လို့ ထင်ရ လို့ပါ ။
ကုန်လွန်ခဲ့တဲ့ ရက်တွေ အတွင်း ချန်ရှန် ဟာ ဝုကွမ်ချင် အကြောင်း များစွာ သိခဲ့တယ် ။ ဝုကွမ်ချင်ဟာ လေဟာနယ် မော်တယ် မျိုးနွယ်မှ လာတဲ့လူဖြစ်တယ် လို့ မထင်မိခဲ့ပါဘူး ။ ပါရမီ အလွန်ပါပြီး ပြိုင်ဘက်ကင်း သိုင်း ပညာဂိုဏ်း ၏ ခေါ်ယူခြင်းကို ခံခဲ့ရပါတယ် ။ ထို့နောက် စွမ်း အားကြီးပြီး ချမ်းသာသော နောက်လိုက်များနှင့် ပေါင်းမိ ကာ သူမကိုယ်တိုင် ထိုအုပ်စု ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ် လာပါတော့တယ် ။
“အ”
ဝုကွမ်ချင် ပျော်ရွှင်စွာ ခေါင်းညိမ့်မိပါတယ် ။ သူမသာ ဆေးဆရာမကြီး၏ တပည့် ဖြစ်ပါက သူမအတွက် များစွာ အကျိုးရှိပေလိ့မ်မည် ဖြစ်ပါတယ် ။ ဆေးဆရာမကြီးဟာ အလွန် နားလည်ရခက်ပြီး သူမ တခါးပိတ်ကျင့်ကြံနေတာ ဟာ သုံးနှစ်နီးပါး ရှိပြီ ဖြစ်ပါတယ် ။
သူတို့ ဂိုဏ်းကို ရောက်တယ့်အခါ ချန်ရှန် နဲ့ ဝုကွမ်ချင် တို့ လမ်းလျှောက်လာနေကြပုံမှာ အလွန်ဆွဲဆောင်မှု ရှိလှ တဲ့ စုံတွဲ လိုပါပဲ ။ လူများစွာ ဟာ သူမကို သိကြပြီး ဂိုဏ်း ရဲ့ အလှဆုံး စာရင်းမှာ နံပတ် ၁ အဖြစ် အသိအမှတ်ပြုထား ကြ တာ ဖြစ်ပါတယ် ။ ချန်ရှန် ကတော့ လူများစွာရဲ့ အသိ အမှတ် ပြုခြင်း ခံထားရသူ ဖြစ်ပြီး ဒီဂိုဏ်းမှာသာမက ချန်ဝူ နယ်မြေကြီး တစ်ခုလုံးမှာ နာမည်ကျော်လျက် ရှိပါတယ် ။ သလင်းကျောက် သုံးသိန်းတန် ပင် မဟုတ်ပါလား ။
ချန်ရှန် နဲ့ ဝုကွမ်ချင်တို့ အမှတ် ၁၆ ခြံဝန်း ရှေ့ ရောက် လာပါတယ် ။ အရင်လိုပဲ တိတ်ဆိတ်ခြောက်သွေ့ လျက်ပါ။ သူတို့ ၂ ယောက် ပညာဖလှယ်ခဲ့သော နေရာဖြစ်ပြီး အဲဒိ တုန်းကတော့ အမှတ် ၅၀၀ ပေါ့ ။ ဒီလိုအမှတ် ၅၀၀ မှ ရှေ့ ဆုံး ရောက်သွားလိ့မ်မည်လို့ မည်သူထင်ပါမည်နည်း ။
“ကွမ်ချင် ၊ ခင်ဗျား ဆရာကြီး ဝု ကိုသွားရှာပြီး ခင်ဗျား အတွက် စီစဉ် ခိုင်းလိုက်ပါ ။ နောက်ပြီး ခင်ဗျားက စစ်မှန် သော သိုင်းပညာရှင် ဖြစ်နေပြီ ။ ပထမဆုံး ခြံဝန်းဆိုတာ ခင်ဗျား မျက်လုံးထဲမှာ လွင့်မျောနေတယ့် တိမ်လိုပါပဲ”
ချန်ရှန် ပြုံးလျက် ပြောလိုက်ပါတယ် ။ ဝုကွမ်ချင် သူမ ကိုယ် သူမ ဂုဏ်ယူရမှာတောင် စနိုးစနောက် ဖြစ်နေတယ်။ အသက် ၃၀ ပင် မပြည့်သေးပဲ စစ်မှန်သော သိုင်းပညာရှင် တစ်ယောက် ဖြစ်နေပါပြီ ။ ဒါ့အပြင် မီးဝိဉာဉ်တော်ပါ ရှိနေ ပါသေးတယ် ။
ဒါပေမယ့် သူမဟာ ချန်ရှန် နဲ့ ချခဲ့ပြီးကတည်းက များ စွာ ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ် ။ ဒါကြောင့် သိပ်အံ့သြဟန် မရှိတော့ပဲ –
“ငါ့အတွက် မင်းနဲ့ ခြံဝန်းအတူတူနေဖို့ ဆိုတာ ဖြစ်နိုင် ပ မလား ၊ ငါဟာ ပညာရှင် ဖြစ်လာပေမယ့် မင်းဆီက အများ ကြီး သင်ယူ ရဦးမယ် ။ အနည်းဆုံးတော့ မင်းကြောင့် ငါ အများကြီး ပြောင်းလဲသွားခဲ့ပြီ”
ချန်ရှန် တခဏ မျှ စဉ်းစားပြီးနောက် –
“ကျွန်တော့ ရဲ့ သတိုးသမီးလောင်းလေး မနာလိုမှာ လဲ စိုးရိမ်မိတယ်”
သူ ရှန်းရှန်းကို အရမ်း သတိရနေတယ် ။ ဒီ ပြိုင်ပွဲကြီး ပြီးသွားရင်တော့ သူမကို သွားရှာမည်လို့ စဉ်းစားမိပါတယ်။
ဝုကွမ်ချင် တုန်လှုပ်သွားကာ နှုတ်ခမ်းကို ကိုက်လျက် ရှိနေတယ် ။ နာကျင်မှုများကို မျက်လုံးမှာ ပေါ်ကာ –
“မင်းမှာ သတို့သမီးလောင်း ရှိတာလား ၊ သူမက ဒီဂိုဏ်း ကပဲလား”
ချန်ရှန် က ပြုံးကာဖြင့် –
“မဟုတ်ပါဘူး ၊ သူမနဲ့ ကျွန်တော် ဟာ အပြင်ကမ္ဘာ မှာ ကတည်းက သိကြတာ ။ ရွှီရှန်းရှန်း လို့ ခေါ်တယ် ။ ကောင်း ကင်ဘုံ နတ်လက်နက် အင်ပါယာ ကပါ”
ရွှီရှန်းရှန်း တဲ့လား . . .
ဝုကွမ်ချင် တုန်လှုပ်သွားတယ် ။ ချန်ရှန် ပြင်းထန်သော သိုင်းပညာဂိုဏ်းမှ မိန်းမလှလေးများကို ဘာကြောင့် စိတ် မ၀င်စားသလဲဆိုတာ နားလည်သွားမိတယ် ။ သတို့သမီး လောင်း ရှိနေပြီးမှတော့ တခြားမိန်းကလေးများကို စိတ်ဝင် စားရန် မလိုတော့ချေ ။
ဝုကွမ်ချင် ခေါင်းငိုက်စိုက်ကျသွားတယ် ။ သူမရင်ထဲ အလွန်ကို ၀မ်းနည်းနေမိပါတယ် ။
“ခင်ဗျားရဲ့ ရင်ဘတ်က တော်တော် ကြီးတာပဲ ၊ ခင်ဗျား နဲ့ အလွန် လိုက်တယ်”
ဒီအချိန်မှာ လောင်ဆုရီ ချန်ရှန် ၏ အသံကို တုပြီး ပြော လိုက်တာပါ ။ ချန်ရှန်ကော ဝုကွမ်ချင်ပါ ကြောင်အသွားကြ ပါ လေတော့တယ် . . . ။