Chapter – 135 အပြာရောင်ကြယ်မီးဝိဉာဉ်တော်
ဝုကွမ်ချင် ရဲ့ လက်မှာ သွေးတွေဖြင့် ပြည့်နေပြီး သူ မ ၏ ပါးမို့မို့ မှာလည်း ဓားရှရာ တစ်ချက် ရှိနေတယ် ။ အဆင့် ၃ ဝိဉာဉ်တော် လက်နက်ဟာ သူမလက် မှ ၂ ပိုင်းကျိုး သွားပြီး လူ ၂၀ ကျော်လောက် သူမကို ဝိုင်းလျက်ရှိနေပါ တယ် ။ ဒါပေမယ့် သူမမျက်နာမှာ ပြတ်သားမှုများကို မြင် ရပြီး သူမဟာ နောက်ဆုတ်ဖို့ ရည်ရွယ်ချက် မရှိပုံပါပဲ ။ သူ မ ဟာ အကူညီမဲ့ကာ သေခြင်းတရားနှင့် ရင်ဆိုင်ရမှာ ကို ပင် မမှုပဲ တည်ငြိမ်လျက် ရှိပါတယ် ။
“ကောင်မလေး ၊ ငါတို့ကို ရတနာကိုပေး ၊ အသက်ကို ချမ်းသာပေးမယ်”
ခပ်ချောချော လူတစ်ဦးဟာ အေးစက်စွာ ပြောလိုက် တယ် ။ ဝုကွမ်ချင် ဟာ ချောမောလှပလှသော်လည်း သူ ဟာ သူမလက်ထဲမှာ ကိုင်ထားသည့် အရာကိုသာ စိတ်ဝင် စားနေပုံပါ ။
“သေရင်တောင်မှ ရလိမ့်မယ် မထင်နဲ့”
အပြာရောင် ပုတီးလုံး လိုတစ်ခုဟာ ဝုကွမ်ချင် ၏ လက်မှာ ပေါ်လာပြီး သူမဟာ ထိုအရာကို အလျင်အမြန်ပဲ မျိုချလိုက်ပါတယ် ။
“မိန်းမယုတ်မ ၊ မင်းဒီရတာကို စားရဲတယ်ပေါ့”
ထိုလူကာ ဒေါသတကြီး ကြုံးဝါကာ ပြေးလာပါတယ် ။
ဝုကွမ်ချင် မြိုချပြီးနောက် သူမတစ်ကိုယ်လုံး နာကျင်မှု ကို ခံစားလိုက်ရပြီး အံကြိတ်ကာဖြင့် နာကျင်မှုကို ခံယူနေ ပါတယ် ။ ဒီိလိုကြောင့်ပဲ သူမမှာ အားအင်များ မရှိတော့ပဲ လူကြီး ၏ ဓားဟာ သူမဆီသို့ စိုက်လာပါတော့မယ် ။ မီးလုံး တစ်လုံး ကောင်းကင်ပေါ်မှ ကျလာတယ် ။ ထိုလူ၏ ကိုယ် အား ထိမှန်သွားပြီးနောက်မှာတော့ သွေးထွက်သံယိုဖြင့် စူးစူးဝါးဝါး အော်ဟစ်သွားပါတော့တယ် ။
ဝုကွမ်ချင် ဟာ သူမရှေ့ မှာ အရပ်ရှည်ရှည် သဏ္ဍာန် တစ်ခု ပေါ်လာတာကို သာ တွေ့ လိုက်ရတယ် ။ ထိုအရာ ၏ နောက်မှာတော့ ကြီးမားသော တောင်ပံကြီးများဟာ မီး တောက်များ ထွက်လျက် ရှိနေပါတယ် ။
ချန် ရှန် . . .
ဝုကွမ်ချင် ဟာ ကြီးမားသော မီးတောင်ပံကြီးများ ဖြင့် ချန်ရှန် ကို မှတ်မိသွားပါတယ် ။ ဘယ်လို့ကြောင့်မှန်း မသိပေမယ့် ချန်ရှန် ဒီလို သူမရှေ့ မှာ ပေါ်လာခြင်းဟာ သူမ အတွက် လုံခြုံသွားသလို ခံစားလိုက်ရပါတယ် ။ ယိုင်တိုင် တိုင်ဖြင့် နာကျင်မှုကို ခံစားရင်း သူမဟာ မသက်မသာ ပုံစံ ဖြင့် –
“ကျွန်မကို ကယ်တာ ကျေးဇူး တင်ပါတယ်”
ချန်ရှန် မီးတောင်ပံကြီးများ ဟာ ကျော်ကြားလှတယ် ။ ဒီထက် အံ့သြစရာ ကောင်းတာက ဝုကွမ်ချင် ၏ ရန်သူများ ဟာလည်း သူ့ကို သိနေခြင်းပါ ။
“ဟား ဟား ဟား ၊ အဲဒိတော့ သလင်းကျောက် ၃ သိန်း တန်တဲ့ ချန်ရှန်ပေါ့”
လူတစ်ယောက် က ရယ်မောပြီး ပြောပါတယ် ။ ဒါပေ မယ့် သူ့ရယ်သံဟာ လျင်မြန်စွာ ပျောက်ကွယ်သွားတယ် ။ အဘယ်ကြောင့်ဆိုသော် ချန်ရှန် ဟာ ခုနက ချောမော သော လူ၏ ခေါင်းအား နင်းချကာ မြေမြုပ်ပစ်လိုက်ခြင်း ကြောင့်ပါပဲ ။ ချန်ရှန် ဟာ ထိုလူအား သတ်လိုက်ပြီ ဖြစ်ပါ တယ် ။
“သူတို့ဟာ စစ်မှန်သော သိုင်းပညာဂိုဏ်းက လူတွေ ၊ ကျွန်မဟာ မမျော်လင့်ပဲ အလုံးလေး တစ်လုံးကို တွေ့ ခဲ့ တယ် ။ သူတို့ မြင်တယ့် အခါ ကျွန်မဆီက လုချင်ကြတော့ တာပဲ ။ သူတို့ လွန်ခဲ့တယ့် ၁၀ ရက်ကတည်းက ကျွန်မကို လိုက်ဖမ်းနေတာပါ”
ဝုကွမ်ချင် အံ့ကြိတ်ကာ ပြောဆိုတယ် ။ ဒီအချိန်မှာ ပဲ သူမဟာ နာကျင်မှုကို တော်တော်ခံစားနေရတာ ဖြစ်ပါ တယ် ။
ချန်ရှန် အေးစက်စက် ပင် လှောင်လိုက်တယ် ။
“စစ်မှန်သော သိုင်းပညာဂိုဏ်းသားတွေလား ၊ မင်းတို့ က ကောင်းလှချည်လား ၊ ငါတို့ ပြင်းထန်သော သိုင်းပညာ ဂိုဏ်းဝင် ကို တောင် နှောက်ယှက်ရဲတယ်”
“ချန်ရှန် ၊ မင်းက ငါ့တို့ ဂိုဏ်းရဲ့ အလိုရှိတယ့် စာရင်း မှာ ပါ ပါချင်လို့လား”
ထိုလူ က ခပ်ပြုံးပြုံး ဆိုပါတယ် ။
“အားလုံးကို ငါ့ဆီ လာဖို့ ဖ်ိတ်ခေါ်ပါတယ်”
ချန်ရှန် ကျယ်လောင်စွာ အော်ပြောလိုက်တယ် ။ ထိုအ သံ နှင့်အတူ ချီဓာတ်များလည်း ပါသွားခဲ့ပြီး ထို လူရဲ့ ကိုယ် ကို ထိကာ သွေးများ အန်ထွက်သွားစေပါတော့တယ် ။ ဒါ တင် မက အသံ၏ တုန်ခါအားကြောင့် ၄င်းကိုယ်ထဲရှိ အရိုး များအားလုံး ကျိုးသံများပါ ကြားလိုက်ရပြီး သေဆုံးသွားခဲ့ ပြီ ဖြစ်ပါတယ် ။
၎င်း ဂိုဏ်းသားများဟာ ဆွံ့ အသွားကြတယ် ။ သူတို့ ၏ မျက်နာများမှာလည်း ထိတ်လန့်ပုံပေါ်နေကြပြီး စကား ဖြင့်ပင်ချန်ရှန် ဟာ သူတို့ထဲမှ တစ်ယောက်ကို သတ်လိုက် လို့ပါ ။ ချန်ရှန် ၏ အားကုန်သာ ဆိုရင်တော့ . . .
“ပြန်ပြီး လျိုရှိုယန် ကို ပြောလိုက် ၊ ဒီကြားထဲ အသေမ ခံ နဲ့ဦးလို့ ၊ ငါလက်နဲ့ သတ်ချင်သေးလို့”
ချန်ရှန် ခပ်တည်တည် ပဲ ပြောလိုက်ပါတယ် ။ ချန်ရှန် ၏ ပါးစပ်မှ မမြင်နိုင်သော ဖိအားဟာ ထိုလူအားလုံးကို လွှမ်းခြုံသွားကာ သွေးများအန်ထွက်လျက် ဒူးထောက် သွားပါလေတော့တယ် ။ မျက်နာမှာတော့ နာကျင်မှုများကို တွေ့ ရပြီး တချို့ ဆို အော်ဟစ်လျက် ပင် ရှိနေကြပါတယ် ။
“ဟက် ဟက်”
ချန်ရှန် အေးစက်စက် လှောင်လိုက်တယ် ။ မကြာမီ မှာ ပင် ထိုလူများဟာ သွေးများ အဆက်မပြတ်ထွက်လာ သဖြင့် ဖိအားမှာလည်း ပျောက်ကွယ် သွားပါတော့တယ် ။ တကယ်တော့ ချန်ရှန် ၎င်းတို့ကို မသတ်ချင်ပါ ။
အခုတော့ ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာ နယ် ပယ် ပထမ အဆင့်ကို ရောက်ရှိနေပြီဖြစ်ပါတယ် ။ သူ့ရှေ့ မှ မော်တယ် သိုင်းပညာရှင်တို့မှာ သူ့အတွက် ပုရွတ်ဆိတ် လေးများလိုပါပဲ ။ သူသာ ဆန္ဒ ရှိပါက မျက်စိ တမှိတ် အတွင်း မှာပင် အငွေ့ လုပ်လိုက်လို့ ရပါတယ် ။
ဝုကွမ်ချင် ချန်ရှန် နောက်မှာ ရပ်နေရင်း ဖြစ်ပျက်သမျှ ကို ရှင်းလင်းစွာ မြင်နေရတယ် ။ ချန်ရှန် ၏ အားကိုမြင်ပြီး သူမ တော်တော် အံ့အား သင့်နေပါတယ် ။ သူပထမဆုံး ချန်ရှန် ကို စတွေ့ တဲ့ အချိန် က ထက်ကို ပိုမို သာလွန်နေ တယ်လို့ တွေးမိပါတယ် ။ ဒီလို ဘေးမသီရန်မခ ပြန်လာ တာကို ကြည့်ရင်း သူမ သက်ပြင်းချမိတယ် ။ သူမဟာ ချန်ရှန် ကို စိုးရိမ်မိခဲ့လို့ပါပဲ ။
ချန်ရှန် တစ်ဖက်လှည့်ကာ ဝုကွမ်ချင် ကို ဖက်လိုက် တယ် ။ ထို့နောက် သူ၏ အတောင်ပံများကို ထုတ်ကာ မျက် စိ တမှိတ် အတွင်းမှာပဲ အဝေးသို့ ပျံသန်း သွားပါလေတော့ တယ် ။ စစ်မှန်သော သိုင်းပညာဂိုဏ်းသား တို့ဟာလည်း သက်ပြင်း ကိုယ်စီ ချလျက် ရှိတယ် ။ ခုနကပဲ သူတို့ဟာ သေမလို ခံစားလိုက်ရပြီး သူတို့ ချန်ရှန် ကို အလွန် မုန်းနေ ပေ မယ့် စွမ်းအားကိုတော့ လေးစားမိသွားကြတယ် ။ ချန် ရှန် ရှေ့ မှ သူတို့ဟာ ပုရွတ်ဆိတ်လေးများ လိုပါပဲ ။
ဝုကွမ်ချင် ၏ လှပသော ကိုယ်အား ကိုင်ထားရင်း သူမ ၏ ကိုယ်လေးဟာ တုန်နေတာကို ခံစားလိုက်ရပါတယ် ။ သူမ ကိုယ်အပူချိန်ဟာ ပူခြစ်နေလျက်ရှိပြီး ဝုကွမ်ချင် တော်တော် နာကျင်စွာ ခံစားနေရတယ် ဆိုတာကို ချန်ရှန် သိသွားပါတယ် ။
“မင်း ဘာ စားလိုက်တာလဲ”
ချန်ရှန် တောင်ထိပ်တစ်ခု မှာ ဆင်းလိုက်တယ် ။ ဝုကွမ် ချင် ၏ ခါးအား ကိုင်ကာ သူမ ကိုယ်တွင်းကို အာရုံခံကြည့် မိတယ် ။ သူမ၏ ကိုယ်ထဲမှာ အပြာရောင် မီးတောက်များ ထွက်နေတာကို တွေ့ ရတာကြောင့် အံ့သြသွားမိတယ် ။ ဒီ မီးတောက်တွေဟာ အပူချီလှိုင်းများ ထွက်လျက် ရှိပြီး ထို အရာများကို သန့်စင်ရန် ဝုကွမ်ချင် ၏ စစ်မှန်သော ချီဓာတ် များက ကြိုးစားနေလျက် ရှိပါတယ် ။
“ကျွန်မလည်း မသိဘူး ၊ လွယ်လွယ်ပဲ သိမ်းလိုက်တာ ၊ ဒီ အလုံးမှာ တော်တော် များတယ့် မီးဝိဉာဉ်တော် ချီဓာတ် တွေ ပါဝင်တယ်”
ဝုကွမ်ချင် သွားများ ကြိတ် လျက် ပြောပါတယ် ။ သူမ ဟာ အလွန် နာကျင်စွာ ခံစားနေရသော်လည်း မျက်ရည် တစက် မကျပေ ။ ဒီလိုလူရှေ့ မှာ သူမ အားနည်းတယ်ဟု အထင်ခံရမှာ ဆိုးသောကြောင့်ပဲ ဖြစ်ပါတယ် ။
ဝုကွမ်ချင်ဟာ တော်တော် နာကျင်လာပုံ ပေါက်နေ သဖြင့် ချန်ရှန် လည်း အကြံထုတ် လျက် ရှိပါတယ် ။
“အပြာရောင်ကြယ်မီး ဝိဉာဉ်တော် ပဲ ၊ ကောင်းကင် ကနေ ကြယ် ၇၂ လုံးဟာ မော်တယ် ကမ္ဘာကို ကျလာတဲ့ အခါ အဲဒါတွေဟာ မီး ဝိဉာဉ်တော်တွေ ဖြစ်လာတာပဲ ။ ဒါ က အဲဒိကြယ်မီးတွေ ထဲက တစ်ခုပဲ ။ အပြာရောင် အနေနဲ့ တောက် လောင် တယ်”
လောင်ဆုရီ က ပြောပါတယ် ။ သူမ အသံမှာလည်း အံ့သြမှုများ ပါဝင်နေတာကို ကြားလိုက်ရပါတယ် ။
မီးဝိဉာဉ်တော် . . .
ဒါဟာ တကယ့်ကို မီးဝိဉာဉ်တော် ပါပဲ ။ ဒဏ္ဍာရီလာ ပစ္စည်း လည်း ဖြစ်တယ် ။ နာမည် နဲ့ တင် ဆွဲဆောင်မှု ရှိ လှပါတယ် ။ ယခုတော့ ဝုကွမ်ချင် မှ ထိုအရာကို ပိုင်ဆိုင် နေပါပြီ ။ စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာလည်း အတော်ပင် အံ့သြနေကြတယ် ။ ဆေးဆရာမကြီး မှ လွဲပြီး တခြားလူထံ မှာ ဒီလို မီးဝိဉာဉ်တော်မျိုး ပိုင်ဆိုင်တာကို သူတို့ မမြင်ဖူး ကြလို့ပါ ။
ဆေးပညာရှင် တစ်ယောက် မှာသာ မီး ဝိဉာဉ်တော် ရှိ ပါက ဆေးများ ပြုလုပ်ရန် အလွန် အသုံးတည့်မှာပါ ။ ဆေး ပညာရှင် အားလုံး၏ မျက်လုံးထဲမှာတော့ တကယ့်ကို ရှားပါး ပစ္စည်းပင် ။
“တောင့်ထား ၊ မင်း ဒါနဲ့ ပူးပေါင်းနိုင်ရမယ်”
ချန်ရှန် ဝုကွမ်ချင် ၏ လက်များကို ကိုင်လျက် သူမကို ညင်သာစွာ အားပေးနေတယ် ။
ဝုကွမ်ချင် လည်း ခေါင်းညိမ့်ကာ အကြံရပြီး သူမ၏ ကျင့်စဉ်များကို သာ ကျင့်ကြံနေတော့တယ် ။ ဒါပေမယ့် သူ မ ၏ စွမ်းအင် သိုလှောင်ရာအား ချီဓာတ်များမှ အဆတ်မ ပြတ် ဖိနှိပ်နေသလို ခံစားနေရပါတယ် ။
နာကျင်မှုများကို မသက်မသာ ခံစားနေရပြီး သူမအ တွက်တော့ ယခုသေသည်ထက်ပင် ဆိုးသော ခံစားမှုမျိုး ဖြစ် ပေါ် နေပါတယ် ။ ချန်ရှန် ၏ ရင်ဘတ်အား မှီထားပြီး သူမ ၏ လက်များကလည်း ချန်ရှန် ၏ ခါးအား ဖက်ထား လျက် ရှိပါတယ် ။ သူမ၏ လက်သည်းများဖြင့် ချန်ရှန် နောက်ကျော အား ကုတ်ဖဲ့လျက် ရှိပြီး နာကျင်မှုကြောင့်ပါ။ ချန်ရှန် မှလည်း သူမ၏ ကျောအား ညင်သာစွာ ပွတ်ပေးနေ မိပါတော့တယ် ။
“မဟုတ်သေးဘူး ။ သူမရဲ့ အတွင်းအားဟာ အားနည်း လွန်းတယ် ။ ဒီဝိဉာဉ်တော်ကို မပေါင်းစပ်နိုင်ဘူး ဖြစ်နေ တယ် ။ အနီရင့်ငှက် ကျင့်စဉ်ကို မြန်မြန် သင်ပေးလိုက် ၊ သူ မရဲ့ နားလည် နိုင်မှု စွမ်းရည် က မဆိုးဘူး ။ ဒီလို အတွင်း အား နိမ့်ပေမယ့် သူမ အောင်မြင်သွားလိမ့်မယ်”
စုမေးယို က ပြောပါတယ် ။ သူမသည်လည်း လူသားတစ်ဦး မီးဝိဉာဉ်တော် နှင့် ဘယ်လိုပေါင်းစပ်မည် ကို ကြည့်ချင်ပုံပါပဲ ။
ချန်ရှန် ဖြည်းညင်းစွာဖြင့် တချို့ သော လမ်းစဉ်များ အား ဖတ်ပြတယ် ။ သူတစ်ပိုဒ် ဖတ်ပြီးတိုင်း အကြောင်း အရာ ကို ရှင်းပြပါတယ် ။ ဝုကွမ်ချင်ဟာ နာကျင်နေပေမယ့် ဂရုတစိုက်ပင် နားထောင်နေပြီး ချန်ရှန် ကိုလည်း နှလုံး သားထဲမှ ကျေးဇူး အရမ်းတင်နေမိပါတယ် ။ ချန်ရှန် ဟာ သာမန် မဟုတ်တဲ့ ကျင့်စဉ်များစွာကို တတ်နေမယ် ဆိုတာ သူမ သိနေတယ် ။ ချန်ရှန် ပြောပုံများ အရ သူမချီဓာတ်များ အား ပြုလုပ်တယ့် အခါမှာတော့ နာကျင်မှုများဟာ တဖြည်းဖြည်း ပျောက်ကွယ် သွားပါတော့တယ် ။
၃ ရက် ကြာပြီးနောက်မှာတော့ ဝုကွမ်ချင် ၏ မျက်လုံး များ ပွင့်လာပါတယ် ။ သူမဟာ နွေးထွေးတဲ့ နေရာမှာ လှဲ နေတာကို သိသွားပြီး သူမမျက်နာ ဟာ ကြည်လျက် ရှိပါ တယ် ။ ချန်ရှန် ဟာ သူမကို ပြုံးကာဖြင့် ကြည့်ရင်း –
“ဂုဏ်ယူပါတယ် ၊ မင်း စစ်မှန်သော သိုင်းပညာနယ် ပယ် က ပညာရှင် ဖြစ်သွားပြီ”
ဝုကွမ်ချင် တော်တော် ကြီး အံ့အား သင့်သွားပါတယ် ။ ချန်ရှန် ပွေ့ ထားရာမှ လျင်မြန်စွာ ထရပ်လိုက်တယ် ။ ဒီ အချိန်မှာ သူမ၏ ချီဓာတ်များဟာ အလွန် များပြားနေတာ ကို ခံစားလိုက်ရပြီး အပြာရောင်များ ဖြစ်နေတာကိုလည်း တွေ့ လိုက်ရပါတယ် ။ ဒါ့အပြင် အနီရင့်ငှက် သားရဲ ပုံစံ ၂ ခု ကိုလည်း သူမ စွမ်းအင် သိုလှောင်ရာမှာ တွေ့ လိုက်ရပါ တယ် ။
“ကျေးဇူးတင်ပါတယ်”
ဝုကွမ်ချင် ပြောလိုက်ပါတယ် ။ ဒီအချိန်မှာ ဒီနည်းသာ သူမ ပြုလုပ်နိုင်တာ ဖြစ်ပြီး ချန်ရှန် ကို သူမအား ကူညီခဲ့ သည့် အတွက် ဘယ်လိုပေးဆပ်ရမည် ကို မသိဖြစ်နေပါ တယ် ။ ထို အချိန်မှာပဲ သူမ၏ လက်သည်းများမှာ သွေး များ ပေကျံနေတာကို တွေ့ လိုက်ရပြီး ချက်ချင်းပင် သူမ ချန်ရှန် ကျော အား နာကျင်မှုကြောင့် ကုတ်ဖဲ့မိတာကို သတိ ရသွားပါတယ် ။
“ရှင်ရော အဆင်ပြေရဲ့ လား ၊ ကျွန်မ ကြည့်ပါရစေဦး”
ဝုကွမ်ချင် အလျင်အမြန်ပြောလိုက်ပါတယ် ။ သူမ၏ မျက်နာမှာလည်း စိုးရိမ်မှုများပြည့်လျက် . . . ။