Switch Mode

Chapter – 134

စတုတ္ထအဆင့်ဆေးပညာ

Chapter – 134 စတုတ္ထအဆင့်ဆေးပညာရှင်

“မင်းရဲ့ ဆရာက ဘယ်သူလဲ”
လူကြီးတစ်ဦးက သက်ပြင်းချရင်း မေးလိုက်တယ် ။
သူ၏ အသံမှာ လေးစားမှုများ ပါဝင်နေပြီး ချန်ရှန် ကို လေးစားစွာ ကြည့်နေတယ် ။ ဒီအချိန်မှာ အားလုံးဟာ ချန် ရှန် ကို အထင်မသေးဝံ့တော့ချေ ။ တချိန်တည်းမှာပင် သူ တို့၏ ခုနက အပြုအမူများအတွက် ရှက်ရွံ့ သွားကြပါတယ်။
“ကျွန်တော ဟာ ပြင်းထန်သော ဆေးဘုရင်ခြံဝန်းက နောက်လိုက်တစ်ဦးသာ ဖြစ်ပါတယ် ။ ကျွန်တော့မှာ ဆရာ တော့ မရှိဘူး ။ ဒါပေမယ့် ဆရာမကြီးကတော့ တခါတရံ လမ်းညွှန်ပေးတတ်တယ်”
ချန်ရှန် တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ် ။ ဖြေသံကို ကြားတယ့်အခါ အားလုံးဟာ သက်ပြင်းများ ချကာ ကြောက်ရွံ့ သွားကြပါတယ် ။
ပြင်းထန်သော ဆေးပညာခြံဝန်း တဲ့လား . . .
၎င်းတို့ဟာ မမြင်ဘူးပေမယ့် နာမည်ကတော့ ကျော် ကြားနေပါတယ် ။ အဘယ်ကြောင့်ဆိုသော် ဒါဟာ ပြင်းထန်သော ဆေးဘုရင်၏ ခြံဝန်းဖြစ်ပြီး ဆေးဆရာမ ကြီး ၏ ခွင့်ပြုချက်နဲ့ သာ ၀င်ရောက်နိုင်တာပါ ။ ဆရာမကြီး ဟာ အလွန်လျို့ ဝှက်ဆန်းကြယ် လှသော်လည်း သူမ၏ ဆေးပညာအစွမ်းကတော့ ချန်ဝူနယ်မြေကြီး တစ်ခုလုံးမှာ အတော် ထင်ရှားပါတယ် ။
ဆေးပညာရှင်တိုင်း လိုလို ဟာ ဆေးဆရာမကြီး ဆေးဘုရင်ဖြစ်လာပြီလို့ ယုံကြည်ကြတယ် ။ ဒါပေမယ့် သူ မ ဟာ ဒီလိုတော့ မဖြစ်သေးပါချေ ။ လမ်းကြောင်းပေါ်သာ ရောက်နေတာ ဖြစ်ပါတယ် ။
ချန်ရှန် ဟာ ဆေးဘုရင် ခြံဝန်းကို ၀င်ရောက်နိုင်သော ခြွင်းချက် သာလျှင် ဖြစ်တယ် ။ ယောင်ဟွာရှန်း လို အဆင့် ၃ ဆေးပညာရှင်ကိုပင် ၎င်း၏ တပည့်အဖြစ် လက်ခံခဲ့ခြင်း ကို မစ္စလီ ကြားပြီးသားပါ ။
ချန်ဝူ နယ်မြေကြီး မှာ အကျော်ကြားဆုံး ဆေးပညာရှင် ၂ ယောက်သာ ရှိပါတယ် ။ တစ်ဦးမှာ ဒန်ရှန်တောင်ယွမ် ၏ ဂိုဏ်းချုပ်ဖြစ်ပြီး နောက်တစ်ဦးမှာ ဆေးဆရာမကြီး ဖြစ် ပါတယ် ။ နောက်ပြီး ၎င်းတို့ ၂ဦးစလုံးဟာလည်း အလွန် ပင် လျို့ ဝှက်ကြပါတယ် ။
ချန်ရှန် ဟာ ဆေးဆရာမကြီး၏ လမ်းညွှန်မှု ကို ရရှိတဲ့ အတွက် ချန်ရှန် ဟာ တခြားလူများထက် သာနေမယ် ဆို တာ ရှင်းနေပါပြီ ။
ချန်ရှန် ဟာ အဖြူရောင် ကျောက်စိမ်းဆေးအား ပိုမို လျင်မြန်စွာပင် လုပ်နိုင်ပြီး များစွာ ပြုလုပ်ခဲ့ပါတယ် ။ လူကြီး များ အားလုံး နှလုံး တစ်ကြိမ် ထပ်တုန်သွားရပြန်ပါပြီ ။ သူတို့ ချန်ရှန် ကို အထင်သေးမိခဲ့ကြတယ့် အတွက် ခေါင်း ပင် မဖော်ရဲကြလောက်အောင် ဖြစ်နေကြပါတယ် ။
ချန်ရှန် ခဏလောက် နားနေပြီးတယ့် အခါမှာတော့ အခြေခံ တည်ဆောက်ရေး ဆေးအား ပြုလုပ်ဖို့ စတင်ပါ တော့တယ် ။
အဆင့် ၄ ဆေးပညာရှင် ၁၀ ယောက်တို့ မျက်တောင် ပင် မခပ်ကြချေ ။ ချန်ရှန် ဆေးပင်များအား ကျွမ်းကျင်စွာ စီ မံ နေပုံကို ကြည့်ရင်း လျို့ ဝှက်စွာပင် တုန်လှုပ်နေကြတယ်။ ချန်ရှန် အကြိမ်များစွာ ပြုလုပ်ခဲ့ပြီးတာကို ရိပ်စားမိကြပြီး အနည်းဆုံးတော့ သူတို့ထက်သာပေသည် ။ သူတို့ပင် ဒီလို ကျွမ်းကျင်စွာ မခွဲခြား နိုင်ပါဘူး ။
အခု ဆေးပညာရှင်တို့ ချန်ရှန် ကို ကြည့်နေပုံမှာ တော် ၀င် ဆေးဆရာကြီးတစ်ယောက်အား ကြည့်နေသလိုပါပင်။ ဒါ့အပြင် တည်ဆောက်ရေး ဆို ပြုလုပ်ခြင်းဆိုတာလည်း မတွေ့ ရသလောက်ပင် ရှားပါးလှတယ့် အတွက် သူတို့ အားလုံး စိတ်လှုပ်ရှားနေကြတယ် ။
ချန်ရှန် မိုးပြာရောင် သိမ်မွေ့ သီးကို ဘယ်လိုရခဲ့လဲ ဆိုတာကိုလည်း သိချင်နေကြပြီး တချို့ ဆို သူတို့ကို နည်း နည်း ရောင်းလျှင် ကောင်းမည် ဟုပင် တွေးနေကြပါသေး တယ် ။
ဆေးပင်များကို စီမံပြီးနောက်မှာတော့ ချန်ရှန် ဟာ လျင်မြန်သော နှုန်းဖြင့်ပင် မီးဖိုထဲသို့ ပစ်ထည့်နေပါတယ် ။ ထို့နောက် မီးဖိုထဲတွင် အစဉ်လိုက်ပြန်လည် နေရာချထား ကာ အားလုံးသော လူများဟာ ချန်ရှန် ပြုလုပ်ပုံကို မှတ် သား နေကြပါတော့တယ် ။
ချန်ရှန် သူ၏ မျက်လုံးများ ပိတ်လိုက်တယ် ။ သူ၏ လက် ၂ ဖက်ကို မီးဖို ကို ကိုင်လျက် မီးတောက်များ အား လောင်းထည့်နေပါတယ် ။ ထို့နောက် သူ၏ နတ်အတွင်း အား အာရုံများအား အသုံးပြုကာ မီးဖိုတွင်းရှိ ပြောင်းလဲမှု များအား လေ့လာမှတ်သားနေတယ် ။ မီးတောက်များဟာ ဆေးပင်များအား တငွေ့ ငွေ့ ဖြင့် လောင်ကျွမ်းနေပါတော့ တယ် ။
ဒီလိုနဲ့ ဆေးပညာရှင်များဟာ မီးဖိုကို စိုက်ကြည့်နေကြ ကာ ရှိပြီး အပူချိန် ပြောင်းလဲမှု အနည်းငယ်မှ လွဲလို့ တခြား ပြောင်းလဲမှုကို မတွေ့ ကြပါချေ ။ မီးဖိုထဲမှ အချိ်န်ရဲ့ ပြောင်း လဲမှုကိုပင် သိနိုင်စွမ်း မရှိကြပါချေ ။
တစ်နာရီ ကြာပြီးနောက် ချန်ရှန် သူ၏ မျက်စိများကို ဖွင့် လိုက်တယ် ။ ထို့နောက် ပြုံးကာဖြင့် –
“အောင်မြင်သွားပြီ”
ဘယ်လို ၊ အောင်မြင်သွားပြီတဲ့လား . . .
လူအားလုံးဟာ ချန်ရှန် ကျောက်ရုပ်တစ်ရုပ်လို တည် ငြိမ်စွာ ရပ်နေတာကို မြင်ရပေမယ့်လည်း ဒါဟာ နောက်စ ရာ မဟုတ်ဟု ထင်မိတယ် ။ တကယ်ပဲ အောင်မြင်သွား ပေ တာလားဟု သံသယများ လည်း ဖြစ်သွားကြပါတယ် ။ တစ်နာရီ သာသာ ဖြင့် တကယ်ပဲ လုပ်နိုင်ခဲ့တယ် ။
မစ္စလီဟာ မျက်ခုံးများ ရှုံ့ ကာ သံသယ ဖြင့် မီးဖိုအဖုံး အား မကြည့်လိုက်တယ် ။ သူမ ရုတ်တရက်ပင် ထအော် မိ လိုက်ပါတယ် ။ အဘယ်ကြောင့်ဆိုသော် ဆေး ၂ လုံး ကို တွေ့ လိုက်ရလို့ပါပဲ ။
“သူတကယ်ပဲ တည်ဆောက်ရေးဆေး ၂ လုံး လုပ်နိုင် တယ်”
မစ္စလီ အံ့အားသင့်စွာ ပြောပါတယ် ။
ပုံမှန် တစ်လုံး ရလျှင်ကို တော်တော် အံ့သြစရာပါ ။ ဒါ ပေမယ့် ချန်ရှန် ဟာ တကယ်ပဲ ၂ လုံး တောင် လုပ်နိုင်ခဲ့ပါ တယ် ။ ဒါဟာ မစ္စလီ အတွက် အလွန်ပဲ ကြောက်မက်ဖွယ် ဖြစ်သွားစေပါတယ် ။ တော်တော် ကို ထိတ်လန့်မိသွားတာ ပါ ။
လူကြီး ၁၀ ယောက်ဟာလည်း ပိုမို ပင် လန့်သွားကြ ပါတယ် ။ ပါးစပ်အဟောင်းသားဖြင့် ကြောင်ငေးကာ ကြည့် နေကြပါတယ် ။
“ဒါ အခြေခံ တည်ဆောက်ရေး ဆေးလား”
လူကြီး တစ်ယောက် က ရေရွတ်ပြောဆိုပါတယ် ။
“ဟုတ်ပါတယ် ။ တည်ဆောက်ရေးဆေးပါ ။ ဒါကို အကြောတစ်ထောင် အသီး ၊ ရွှေရောင် နဲ့ မိုးပြာရောင် သတ္တုသစ်သီး နဲ့ သိမ်မွေ့သီးနဲ့ အတူတူပါပဲ”
လူကြီးတစ်ဦးက ပြောပြပါတယ် ။
သူတို့ ခံစားချက်ကို ပင် သူတို့ မဖော်ပြနိုင်တော့ပေ ။ ချန်ရှန် ကိုပင် မနာလို ဖြစ်မိကာ အံ့သြတကြီး ကြည့်နေကြ တယ် ။ ချန်ရှန် သာ သူတို့ ကို တပည့်အဖြစ် လက်ခံမည် ဆိုပါက ချက်ချင်း ဒူးထောက်ကြမည်ပင် ။
ချန်ရှန် ဟာ အခု အဆင့် ၄ ပညာရှင် ဖြစ်သွားပြါ့ပီ ။ သူတို့ထက်ပင် သာကာ တည်ဆောက်ရေးဆေးအား ပြု လုပ် နိုင်ခဲ့တာ ဖြစ်ပါတယ် ။
ဒီဆေးပြုလုပ်နိုင်ခြင်းဟာ နတ်အတွင်းအား အာရုံ အရမ်းကောင်းမွန်သော အဆင့် အား ရောက်ရှိနေပြီ ဆိုတာကို ပြသရုံမျှ မက ချီဓာတ်များဟာလည်း အဆင့် မြင့် မားလှနေပြီ ဆိုတာကို ပြသခြင်း လည်း ဖြစ်ပါတယ် ။
မစ္စလီ အပါအ၀င် လူကြီး ၁၀ ယောက်ဟာ ဘာမျှ မပြော နိုင်ကြတော့ပါချေ ။ ချန်ရှန် ဟာ ယခု သူတို့ အတွက် ပုံမှန် လူသား မဟုတ်တော့ပါဘူး ။
ချန်ရှန် ကျောက်စိမ်းပြား တစ်ခုကို လက်ခံရရှိခဲ့တယ် ။ ရွှေရောင် အစင်းလေးခု ရှိနေပြီး ထိုအနောက်မှာတော့ အမှတ်အသား ၁၀ ခုအား သွေးနှင့် နတ်အတွင်းအားများ အသုံးပြုကာ သူ၏ နာမည်ကို ထွင်းထားပါတယ် ။ ဒီ အမှတ်အသား ၁၀ ခု ကတော့ ချန်ရှန် ကို ကြီးကြပ်တယ့် လူတွေ ရဲ့ အမှတ်အသားပဲ ဖြစ်ပါတော့တယ် ။
ချန်ရှန် ဟာ တည်ဆောက်ရေး ဆေး ၂ ခုကို ပြုလုပ် ခဲ့ တာ ဖြစ်တယ် ။ ချန်ရှန် ဟာ တစ်လုံးသာ ရယူတာကြောင့် မစ္စလီဟာ အားနာလျက် ရှိနေတယ် ။ ဒါကြောင့် ချန်ရှန် အား သလင်းကျောက် ၁သိန်း အား ပေးလိုက်ပါတယ် ။ ချန် ရှန် မှာသာ မိုးပြာသီး မရှိပါက သူတို့ ဒီဆေးကို ရမည် မဟုတ်ပေ ။
“ချန်ရှန် ၊ မင်းကို စစ်မှန်သော သိုင်းပညာနယ်ပယ် က အစောင့် အနည်းငယ် ထည့်ပေးလိုက်ရမလား ၊ လမ်းမှာ အန္တရာယ် များလွန်းတယ်”
မစ္စလီ က ပြောပါတယ် ။
“မစ္စလီ ၊ ခင်ဗျား ရဲ့ ကြင်နာမှု အတွက် ကျေးဇူး အများ ကြီး တင်ပါတယ် ။ ဒါပေမယ့် မလိုပါဘူးဗျ”
ချန်ရှန် ခပ်ပြုံးပြုံး ပင် ပြောလိုက်ပါတယ် ။ အဘယ် ကြောင့် ဆိုသော် ပြင်းထန်သော သိုင်းပညာဂိုဏ်းချုပ် ၏ စကားအရ ချန်ရှန် ကို သတ်ဖို့ ကြိုးစားသူဟာ ဂိုဏ်း ၏ နံပတ် ၁ ရန်သူ ဖြစ်လာမည် ဖြစ်ပြီး ဒီလို အရာကို မည်သူမျှ ခံစားချင်မည် မဟုတ်ပေ ။ နိဗ္ဗာန် အဆင့်မှ ပညာရှင်များ ပင် စမ်းမကြည့်ရဲလောက်ပါဘူး ။
ချန်ရှန် ရနံ့ မြို့တော်မှ ထွက်ခွာလာပြီး တောင်ပံများ အသုံးပြုကာ ပြင်းထန်သော သိုင်းပညာ စီရင်စု ဆီသို့ ပျံ သန်း သွားပါတော့တယ် ။ ချန်ရှန် လုံခြုံမှု ရှိစေရန် မစ္စလီ နှင့် အဆင့် ၄ ပညာရှင် ၁၀ ယောက်ဟာ ချန်ရှန် အကြောင်း သတင်းမပြန့်စေကြပါဘူး ။ ချန်ရှန် နဲ့ ပတ်သက်ပြီး လျို့ ဝှက်ထားကြပါတော့တယ် ။
ဒီအချိန်မှာ ပြင်းထန်သောာ သိုင်းပညာဂိုဏ်းမှ အကြောင်း အမျိုးမျိုးကြောင့် အဝေးရောက်နေသော နောက်လိုက်အားလုံးဟာ တော်ဝင်ပြိုင်ပွဲကြီးကို ပါဝင်ကြ ရန် ပြန်လာနေကြပြီ ဖြစ်တယ် ။ ဒါဟာ ၁၀ နှစ်မှ တစ်ကြိမ် ကျင်းပတာကြောင့် ၎င်းတို့၏ စွမ်းအားများအား ဘယ်လို ကြီးလာတယ် ဆိုတာကို ပြသရန် အကောင်းဆုံး အခွင့် အရေးပါပင် ။ ဒါတင်မက ဂိုဏ်း၏ အတော်ဆုံးမျိုးဆက် သစ်များ မွေးထုတ်ပေးရာလည်း ဖြစ်ပါတော့တယ် ။
ချန်ရှန် ဟာ လေထဲ ပျံသန်းရာမှာ အေးဆေး သက်သာ စွာ ပါပဲ ။ ဒါဟာ ချီ အတောင်ပံများ၏ စွမ်းအားကြောင့်ပါ ။
“အကိုတော် ချန် ၊ ကျွန် မ ကို အဲဒိတည်ဆောက်ရေး ဆေး ပေးပါလား”
လောင်ဆုရီ ခပ်တိုးတိုး ဆိုပါတယ် ။ ချန်ရှန် ရနံ့ မြို့ မှ ပြန်လာပြီးနောက် သူမ၏ ချစ်စဖွယ် ပုံစံအမျိုးမျိုးဖြင့် ချန်ရှန် ဆီမှ ဆေးအား တောင်းနေပါတော့တယ် ။
“မပေးဘူး ။ ငါလည်း တကယ် လိုနေလို့ ။ ဆေးပင်တွေ ရှာတွေ့ တာစောင့်ဦး ၊ ငါမင်းအတွက် လုပ်ပေးပါ့မယ်”
ချန်ရှန် ပြန်ပြောလိုက်တယ် ။
“နည်းနည်းလေးပဲ ပေးမြည်းပါ ၊ လျာနဲ့ပဲ လျက်မယ် လေ”
လောင်ဆုရီ ထပ်မံ တီတီတာတာ ပြောနေပါတယ် ။ သူမ အသံလေးဟာ အလွန် သနားစရာကောင်းပေမယ့် ချန်ရှန် ငြင်းခဲ့ပြန်ပါတယ် ။ သူမ ပါးစပ်ထဲသာ ရသွားပါက အသားတုံး ရသွားသည့် ခွေးလိုပင် ပြန်ရတော့မည် မဟုတ် ချေ ။
လောဘကြီးတဲ့ နဂါးမလေး ဟာ ထိန်းသိမ်းရတော့ လွယ်ကူပါတယ် ။ သူမဟာ ဆေးများကို အလွန်ကြိုက်ပြီး အဆင့်မြင့် ဆေး ဖြစ်လေလေ သူမက ပိုစားချင်လေပါပဲ ။ ဒါချန်ရှန် အဖို့ တော်တော် အမြင်ကတ်စရာပါ ။
လေထဲမှာ ပျံသန်းရင်း အောက်မှ အသံတစ်ခုကို ချန်ရှန် ကြားလိုက်ရတယ် ။ သူငုံ့ကြည်တယ့် အခါမှာတော့ အဖြူရောင် ၀တ်ရုံဝတ် မိန်းကလေးအား လူတစ်စုမှ ဝိုင်း ထားတာကို မြင်လိုက်ရပါတယ် ။ သူဟာ ယခု ဒန်ရှန် နဲ့ ပြင်းထန်သော သိုင်းပညာ စီရင်စု ၏ နယ်စပ်ကို ရောက်ရှိ နေတာ ဖြစ်ပြီး အခြေအနေက ပရမ်းပတာပါပဲ ။
“ဝုကွမ်ချင် ၊ ဒီကို ဘယ်လို ရောက်နေတာပါလိ့မ်”
ချန်ရှန် ချက်ချင်းပင် ဆင်းလာပါတယ် ။
ဝုကွမ်ချင်ဟာ မူလက မာနခပ်ကြီးကြီး မိန်းကလေး ဖြစ်ပေမယ့် ချန်ရှန် နှင့် တိုက်ပြီးနောက် သူမအမှားကို သိ ကာ ချန်ရှန် အား အထင်ကြီးလေးစားလျက် မာန မရှိတော့ ပါ ချေ ။
လူတစ်ယောက်ဟာ အမှား ပြုလုပ်တယ် ဆိုတာ သာမန်ပါပဲ ။ ဒါပေမယ့် ဒီ အမှားကို နားလည်အောင် မကြိုးစားရင်တော့ အဲဒိအမှားကပဲ အဲဒိလူကို ပြန်လည် ဒုက္ခပေးမှာ ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset