Switch Mode

Chapter – 133

ဆေးပညာစစ်ဆေးမှု

Chapter – 133 ဆေးပညာစစ်ဆေးမှု

အခြေအနေ ဟာ သိပ်မဆိုးလှတာကြောင့် ချန်ရှန် သိပ် အာရုံမစိုက်တော့ပါ ။ အရင်က စုမေးယို ဟာ သူ့ကို ပြော ဖူးပါတယ် ။ တစ်ခုခု အခြေအနေ ဆိုးပါက ဒီနဂါးမလေး ဆီ က အားကိုသူငှားယူနိုင်ပြီး သူ့အားနဲ့ နဂါးမလေး အားတို့ ပေါင်းရင် တော်တော် ကြောက်စရာ ကောင်းမှာပါ ။
ဒါတင်မက ချန်ရှန် ပိုလိုချင်တယ့် အချက်ကတော့ လောင်ဆုရီ ဟာ သူ့ကို ရှင်တို နည်းလမ်းအား သင်ကြား ပေး နိုင်တာပဲ ဖြစ်ပါတယ် ။ သူ၏ လက်ရှိ ဝိဉာဉ်တော် လေးမှာ အရမ်း ငယ်သေးသော်လည်း အနည်းဆုံးတော့ ၁ နှစ် ၂ နှစ် သားတော့ ရှိပေလိ့မ်မယ် ။
ချန်ရှန် မှာ နဂါး တစ်ကောင် ရှိပြီး ဒီလိုသင်ကြားမယ် ဆိုတာကို ကောင်းကင်နယ်ပယ် မှ လူများ သိမယ်ဆိုပါက ဆူပူခြင်းကို ခံရမည် ဖြစ်ပါတယ် ။ သူဟာ ဒီနဂါးနှင့် ပတ်သက်ပြီး အကျိုးအမြတ် များစွာ ရရှိခဲ့တာပဲ ဖြစ်ပါတော့ တယ် ။
ချန်ရှန် ဟာ အဖြူရောင် ကျောက်စိမ်း ဆေး နှင့် ဒြပ်စင်ဆေး တို့ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါ တယ် ။ ဒါကြောင့် သူဟာ မနက်ဖြန်မှာ ဆေးပညာ စစ်ဆေး မှု အဆင့် ၄ ကို ခံယူဖို့ စီစဉ်ထားတယ် ။ ဒါပြီးရင်တော့ သူ အဆင့် ၄ ပညာရှင်ဖြစ်ပြီ ဖြစ်ပါတယ် ။
နောက်နေ့မှာတော့ ချန်ရှန် ဟွာရှန်ယူ တစ်ယောက် ဒန်ရှန် မျှော်စင်မှ ထွက်သွားကြောင်း သိလိုက်ရတယ် ။ သူ အရေးကြီးပြောစရာ တစ်ခုခု ရှိပါက မစ္စလီအား ပြောနိုင်တာပါ ။
ချန်ရှန် ဟွာရှန်ယူ ဟာ သာမန်အစေခံတော့ မဟုတ်ပေ ဘူး ဟု ရုတ်တရက် ခံစားလိုက်ရပါတယ် ။ မစ္စလီပင် သူမအား လေးစားရလို့ပါ ။
ချန်ရှန် ဆေးပညာ စစ်ဆေးမှုလုပ်တယ့် နေရာသို့ ယခု ရောက်ရှိလာပါတယ် ။ သူရောက်တယ့်အခါ ဆေးပညာရှင် စစ်ဆေးမှု၏ တိုးလာမှုများကို တွေ့ လိုက်ရတယ် ။ ဒါတွေ ကတော့ အဆင့် ၃ ပညာရှင်ဟာ အလယ်လတ်ဝိဉာဉ် တော်အဆင့် ဆေး သုံးမျိုးကို ပြုလုပ်နိုင်ရမှာ ဖြစ်ပြီး အဆင့် ၄ ပညာရှင်မှာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး သုံး မျိုးအား ပြုလုပ်နိုင်ရမှာ ဖြစ်ပါတယ် ။ အရင်ထက် ဆေး တစ်မျိုး တိုးလိုက်တာပါပဲ ။
ချန်ရှန် ဟာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး ၂ မျိုးနှင့် အဆင့်နိမ့် သိမ်မွေ့ ဆေးဖြစ်တယ့် တည်ဆောက်ရေးကို သာ လုပ်နိုင်တာပါ ။
ဒန်ရှန်တောင်ယွမ် ၏ စစ်ဆေးမှုဟာ တင်းကြပ်လှပါ တယ် ။ ဆေးပင် တစ်စုံစာသာ ပေးမည် ဖြစ်ပြီး ကျရှုံးပါက တ၀က်ခ ပေးချေ ရမှာပါ ။ အောင်မြင်မယ်ဆိုရင်တော့ အဆိုပါဆေးအား ဒန်ရှန် ကို ပေးရပါမယ် ။
ချန်ရှန် ဟာ မစ္စလီကို တွေ့ လိုက်ရတယ် ။ ချန်ရှန် နှင့် ဟွာရှန်ယူ တို့ ဆက်ဆံရေးဟာ ကောင်းမွန်လှတယ်ဆိုတာ ကို သိပြီးနောက် သူမဟာ ချန်ရှန် ကိုလေးလေးစားစား ပင် ဖြစ်လာပြီး ဒီလို ခံစားမှုများဟာ ချန်ရှန် အဖို့တော့ အသား ကျ နေပါပြီ ။
“မစ္စလီ ၊ ကျွန်တော် အဆင့် ၄ စစ်ဆေးမှုမှာ ပြိုင်ချင်ပါ တယ် ။ ဒါပေမယ့် ကျွန်တော်က အဆင့်မြင့် ဝိဉာဉ်တော် ဆေး ၂ မျိုးနဲ့ အဆင့်နိမ့် သိမ်မွေ့ ဆေးတစ်မျိုးသာ လုပ်တတ်တာ ။ ကျွန်တော် ပါလို့ ရမရ မသိလို့ပါ”
ချန်ရှန် မေးလိုက်တယ် ။
“ဘယ်လို”
မစ္စလီ သူ များ နားကြားမှားလားဟု ချန်ရှန် ကို မသင်္ကာသလို ကြည့်နေတယ် ။ တော်တော် လည်း အံ့သြ နေကာ ဒီလို အသက် ၂၀ အရွယ်လေးက ဒီလိုအဆင့်ဆေး များ ပြုလုပ်နိုင်နေသည် မဟုတ်ပါလော ။ ဒါဟာ ယုံကြည် ဖို့ တော်တော် ခက်ခဲပါတယ် ။ သူမ၏ နှလုံးခုန်သံများပင် မြန်ဆန် လာခဲ့ရပါတယ် ။ ချန်ရှန် ဟာ စစ်မှန်သော ပညာ ရှင် ဖြစ်ပြီး သူလုပ်တတ်သော ဆေးဟာလည်း အခြေခံ တည်ဆောက်ေ၇း ဆေးသာ ဖြစ်လိ့မ်မယ်လို့ သူမ တွေး လိုက် မိပါတယ် ။
တည်ဆောက်ရေးဆေး နှင့် အဆင့်မြင့် ဝိဉာဉ်တော် အဆင့် ၏ ခက်ခဲမှုဟာ တူတူပါပဲ ။ ဒါကို ဆေးပညာရှင် လို လို သိပြီး ဒါတင်မက ချန်ရှန် ဟာ တည်ဆောက်ရေးပင် များစွာကို ၀ယ်ခဲ့တာလည်း သိပါတယ် ။
“အဆင်ပြေရဲ့လား ၊ ကျွန်တော့ကို အဆင့်မြင့် ဝိဉာဉ် တော် ဆေးအစား အဆင့်နိမ့်သိမ်မွေ့ ဆေး နဲ့ အစားထိုးဖို့ လေ ။ ခုတော့ ကျွန်တော့မှာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး လုပ်ဖို့ အချိန် မရှိတော့ဘူး ။ ကျွန်တော့်ဂိုဏ်းပြန်ပြီး တော် ၀င် ပြိုင်ပွဲ သွားပြိုင်လိုက်မယ်”
ချန်ရှန် က ပြောလိုက်ပါတယ် ။
အဆိုပါတော်ဝင် ပြိုင်ပွဲ အကြောင်းကို ချန်ရှန် ဟာ မနေ့ညက ဟွာရှန်ယူ ထံမှ ကြားသိခဲ့ရတာဖြစ်ပြီး ပွဲမစ ခင် ၁၀ ရက်လောက် လိုပါသေးတယ် ။ ပြင်းထန်သော သိုင်းပ ညာဂိုဏ်း၏ တော်ဝင်ပြိုင်ပွဲဟာ သိုင်းပညာရော ဆေးပ ညာ ပါ ပြိုင်တဲ့ပွဲပါ ။ ဒါကို ဆယ်စုနှစ် တစ်စု ကို တစ်ကြိမ် ကျင်းပတာ ဖြစ်ပြီး ဂိုဏ်း၏ နောက်လိုက်အားလုံးကို ကြီး မား သော စမ်းသပ်မှုကြီးပင် ဖြစ်ပါတယ် ။
“ရပါတယ် ။ ဒါပေမယ့် ခု ငါတို့မှာ မိုးပြာရောင် သိမ်မွေ့ သီး ကုန်နေတာကလွဲလို့ ကျန်တာ အဆင်ပြေတယ်”
မစ္စ လီ ဟာ အံ့အားသင့်နေပေမယ့် အပြင်ပန်းမှာတော့ ထုတ် မပြပါချေ ။
“ကျွန်တော့မှာ မိုးပြာရောင် သိမ်မွေ့ သီး ရှိတယ်”
ချန်ရှန် မှာလည်း တစ်လုံးသာ ရှိတာပါ ။ ဒါကို မူလက အစေ့ အဖြစ် စိုက်ပျိုးရန် ရည်ရွယ်ထားပေမယ့် သူ့ခြံဝန်း လေးထဲမှာ အပင်ကြီး ရှိနေတာကြောင့် သိပ်တော့ စိုးရိမ် စရာ မရှိချေ ။
“ကောင်းတယ် ။ ဖြစ်စဉ် တစ်ခုလုံးကို ကျွန်မနဲ့ ဒန်ရှန် ရဲ့ အဆင့် ၄ ပညာရှင် ၁၀ ဦးတို့ ကြီးကြပ်မှာ ၊ လက်ခံရဲ့ လား”
မစ္စလီ က မေးလိုက်တယ် ။
ချန်ရှန် ချက်ချင်းပင် ခေါင်းညိ့မ်ကာ မစ္စလီနောက်သို့ လိုက်သွားပါတယ် ။ ချန်ရှန် ၁၀ ထပ်မြောက်ကို ရောက်ရှိ လာခဲ့ပြီး ဒါဟာ စစ်ဆေးမှု လုပ်တယ့်နေရာပါ ။
ချန်ရှန် အဆင့် ၄ ပညာရှင် ၄ ဦးကို မြင်လိုက်တယ် ။ အားလုံးဟာ သက်ကြီးရွယ်အိုများဖြစ်ကာ ဆံပင်များဖြူပြီး ၎င်းတို့ဟာ တစ်ယောက်ကို တစ်ယောက် လေးစားကြပါ တယ် ။ မစ္စလီ မှလည်း ထိုလူများအား အလွန် ပင်လေးစား လှတယ် ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးဟာ ဂုဏ်ပြုခံရဆုံးတွေ ဖြစ်လို့ပါပဲ ။ ဒါ့အပြင် ၎င်းတို့ဟာ ဒန်ရှန် အတွက် ဆေးများစွာ ပြုလုပ်ပေးကြသူများလည်း ဖြစ်ပါ တယ် ။ အားလုံး ဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် အထက်တွေ ချည်းပါပင် ။
ချန်ရှန် ၎င်းတို့ကို တွေ့ လိုက်တယ့်အခါ လေးစားစွာ ဂါရ၀ ပြုလိုက်တယ် ။ ၎င်းတို့ဟာ ဆေးများ ပြုလုပ်ခြင်းဖြင့် သာ အချိန်ကုန်နေကြလေ့ ရှိပြီး အပြင်ထွက်ခဲလှပါတယ် ။ သူတို့အတွက်လည်း ထွက်စရာ ကိစ္စ မရှိပဲ ဒါပေမယ့် ယခု အခါ ၎င်းတို့ရှေ့ မှာ ရှိနေသော လူငယ်လေးမှ အဆင့် ၄ အတွက် စစ်ဆေးမှု ခံယူမယ် ဆိုတာ သိသွားကြတယ့် အခါ တော်တော် အံ့သြကာ အထင်လည်း နည်းနည်း သေး သွားကြပုံပါ ။ ဒါထက်ပိုအံ့အားသင့်သွားကြတာကတော့ ချန်ရှန် ဟာ တကယ်ပဲ အဆင့် မြင့် ဝိဉာဉ်တော်ဆေး ၂ ခု နဲ့ အဆင့်နိမ့် သိမ်မွေ့ ဆေး ၁ မျိုး ပြုလုပ်နိုင်တယ်ဆိုတဲ့ အချက်ပါပဲ ။
သူတို့ ၁၀ ယောက်လုံး ကိုယ်တိုင် တည်ဆောက်ရေး ဆေးအား ဘယ်တော့မှ အောင်မြင်အောင် မလုပ်နိုင်ခဲ့ကြ ပါ ။ သူ့တို့မှာ ပစ္စည်းတွေ ရှိပေမယ့် စုသားထားကြပါတယ်။
“ငါတို့အားလုံးတောင် မအောင်မြင်တာကို ဒီကောင် လေး က လုပ်မယ်တဲ့လား ။ ဒီကောင်လေး ကောင်းကင် နဲ့ မြေကြီးရဲ့ ကြီးမားမှုကို မသိပေဘူး ။ ဒါဟာ မိုးပြာသီးကို သက်သက် ဖြုန်းနေတာပဲ”
လူကြီးတစ်ယောက်ဟာ တခြားတစ်ယောက်ကို လေ သံ တီးတိုးဖြင့်ပြောနေတယ် ။ သူ၏ အသံမှာ အထင်သေး မှုများ ပါနေသလိုပါပဲ ။
ချန်ရှန် ဒါကို ကြားတယ့် အခါ ရယ်သာနေလိုက်ပြီး ဘာမျှ မပြောတော့ချေ ။ သူဟာ တည်ဆောက်ရေးဆေးကို အကြိမ်ကြိမ် အောင်မြင်ထားသည် မဟုတ်ပါလော ။
မူလက ဒီလူကြီးတွေဟာ သူတို့အချိန် အကုန်ခံပြီး ချန် ရှန် စစ်ဆေးမှုကို ကြီးကြပ်ဖို့ တွန့်နေကြသော်လည်း မစ္စလီ ထံမှ ချန်ရှန် နဲ့ ဟွာရှန်ယူ တို့ဟာ မိတ်ဆွေတွေဆိုတာကို ကြားသိရသောကြောင့် ၎င်းတို့ဟာ ပျော်ပျော်ပဲ လာကြည့် ကြပါတယ် ။ ဒါကပင် ချန်ရှန် ကို ဟွာရှန်ယူ နဲ့ ပတ်သတ် ပြီး သံသယ ပိုမိုကြီးထွားသွားတယ် ။
ဟွာရှန်ယူ ဂိုဏ်းချုပ် ၏ အစေခံများစွာထဲမှ တစ်ဦး လို့ သာ ပြောခဲ့ပေမယ့် သူမ၏ အစစ်မှန်ဟာ ဒီထက်မြင့်နေသ လိုပါပဲ ။
ချန်ရှန် နဂါးမီးတောက် မီးဖိုကို ထုတ်လိုက်တယ် ။ စိတ် မရှည်စွာ ကြည့်နေသော လူကြီးများထံ စစ်ဆေးဖို့ပေး လိုက်ပါတယ် ။ မီးဖိုဟာ အလွန်လှပပြီး ဒါဟာ သာမန် မဟုတ်ဘူးဆိုတာ မြင်နိုင်ရန် ခက်ခဲလှပါတယ် ။
ချန်ရှန် ဟာ စစ်ဆေးမှု စည်းမျဉ်းတွေကို သိရှိပြီး ဖြစ် ပါတယ် ။ အဆင့် ၄ ပညာရှင် ၁၀ ယောက်၏ ကြီးကြပ်မှုကို ခံယူ ရမည် ပဲ ဖြစ်တယ် ။
ချန်ရှန် ဟာ ဆေး စလုပ်ပါပြီ ။ ဒြပ်စင်ဆေး အတွက် ဒန်ရှန် မှ ထောက်ပံ့သော ဆေးပင်များမှာ မဆိုးလှချေ ။ ချန်ရှန် အကောင်းဆုံး ကြိုးစားခဲ့ပြီး နာရီဝက်ဖြင့်ပင် အောင်မြင် ခဲ့ပါတော့တယ် ။
“ချီဒြပ်စင်ဆေးကို လုပ်ပြီးပြီဗျ”
ချန်ရှန် မျက်နာမှာ ပြန်နေသော ချွေးအနည်းငယ်အား သုတ်ရင်း ပြောလိုက်တယ် ။
လူကြီး ၁၀ ယောက်လည်း တစ်ယောက်မျက်နာ တစ် ယောက် ကြည့်နေကြတယ် ။ မယုံကြည်နိုင်စွာ ဖြင့် ရှိနေ ကြပြီး နာရီဝက်ဖြင့် လုပ်ခြင်းဟာ မည်သို့ ဖြစ်နိုင်ပါမည် နည်း ၊ သူတို့ပင် မလုပ်နိုင်ပါ ။
ဒါပေမယ့် မစ္စလီကတော့ ယုံကြည်နေတယ် ။ သူချန်ရှန်၏ အပြုအမူတွေကို သိနေသည် မဟုတ်ပါလော ၊ ချန်ရှန် လုပ်သွားတွေ အားလုံးဟာ တုန်လှုပ်စရာတွေချည်း ပင် ။ သူမကိုယ်တိုင်ပင် မီးဖို အဖုံးကို ဖွင့်ကာ ကြည့်လိုက် တဲ့ အခါမှာတော့ အဖြူရောင် ဆေးလေး ၅ လုံးကို တွေ့ ရ ပါတော့တယ် ။
မစ္စလီ အံ့သြမှု နဲ့ အတူ သက်ပြင်းချမိတယ် ။ သူမဟာ ဆေးပညာရှင် စစ်စစ် မဟုတ်သော်လည်း သာမန်အားဖြင့် ဆေးပင် တစ်စုံစာမှာ ၄ လုံးသာ ရတာကို သိနေတယ် ။ ဒါတင်မက သူမမှာရှိနေသော ပညာရှင် ၁၀ ယောက် ထဲမှ အများစုဟာ ၃ လုံးသာ ထုတ်နိုင်ကြတာပါ ။
လူကြီး ၁၀ ယောက်လည်း စုရုံးကာဖြင့် ဆေးငါးလုံး ကို ပဟေဠိ ဆန်သော မျက်လုံးများဖြင့် ကြည့်နေကြတယ် ။ ချန်ရှန် ဟာ တစ်ခုခု မသမာ လုပ်တယ်လို့ပင် သံသယ ၀င် နေကြပါတယ် ။ ဒါပေမယ့် သူတို့ လက်ထဲမှာ ရှိသော ဆေး ငါးလုံးဟာ နွေးနေတုန်းပင် ရှိပါသေးတယ် ။ဒါတင်မက ဆေး ပင်များမှ ထွက်သော ရနံ့ ဟာလည်း လုပ်ပြီးခါစ အနံ့ လိုပါပဲ ။
သူတို့ ၏ ပိန်ချုံးသော ကိုယ်လုံးများမှာ တုန်နေကြပါ တယ် ။ ချန်ရှန် ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြပြီး မကောင်းဆိုးဝါး တစ်ကောင်ကို မြင်တွေ့ ရသလိုပါပင် ။ သူတို့ အတွက် အသက် ၂၀ လူငယ်လေးမှ အချိန်နာရီ ၀က် ဖြင့် ချီဒြပ်စင်ဆေး ၅လုံးအား ထုတ်နိုင်ခြင်းကို ယုံကြည်ရန် ခက်ခဲနေကြပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset