Chapter – 132 ဟွာရှန်ယူ
ချန်ရှန် အခြေခံတည်ဆောက်ရေးဆေး အောင်မြင်စွာ ပြုလုပ်ပြီးနောက်မှာ အဆင့်နိမ့် သိမ်မွေ့ ဆေးများ ဖြစ်တဲ့ အဖြူရောင်ကျောက်စိမ်းဆေး နှင့် ဒြပ်စင်ဆေးတို့ ပြုလုပ် ရာမှာ လွယ်ကူနေပါတော့တယ် ။ အကြိမ်အနည်းငယ် ကျရှုံးပြီးနောက်မှာတော့ အောင်မြင်သွားပါတော့တယ် ။
တကယ်ကို ၃ ရက်သာ ကြာခဲ့တယ် ။
အဖြူရောင် ကျောက်စိမ်းဆေး ၁၅ ဒြပ်စင်ဆေး ၂၀ ဖြစ်ပြီး သူဒြပ်စင်ဆေး ပြုလုပ်သည့် အခါတိုင်း နဂါးမလေး ဟာ အမြဲတမ်း တ၀က်ယူယူ စားသွားပါတယ် ။ ဒါပေမယ့် လည်း သူဟာ တစ်စုံစာကို လေးလုံး ပြုလုပ်နိုင်ခဲ့တာပါ ။
ချန်ရှန် သူ၏ အခန်းထဲမှာ ချွေးများ ပြန်နေရပါပြီ ။ ကောင်မလေး တစ်ယောက် သူ၏အိပ်ယာပေါ်မှာ လဲလျောင်းနေတာကို တွေ့ လိုက်ရလို့ပါပဲ ။
ပန်းရောင် အကာကွယ် တစ်ခုကို ၀တ်ဆင်ထားပြီး သူမ၏ ဖြူဖွေးသော အသားအရေ နှင့် ကိုယ် ကို ဖုံးကွယ် ထားတယ် ။ ကြည့်လိုက်ရုံဖြင့်ပင် ကျက်သရေရှိ လှပတင့် တယ်ကာ ချစ်စဖွယ်လည်း ကောင်းနေပါတယ် ။
ချန်ရှန် ဒီလို ညို့ ဓာတ် ရှိပြီး ဖမ်းစားနိုင်လွန်းတဲ့ ပုံရိပ် ကို ဘယ်တော့မှ မေ့မည်မဟုတ်ပေ ။ သူချက်ချင်းပဲ ဒီ ပုံရိပ် ဟာ လှပလှတယ့် ဟွာယုယန် ဖြစ်မယ် ဆိုတာကို သိလိုက် တယ် ။
“ဒါ ကျွန်တော့ အိပ်ယာလေ ၊ ထတော့”
ချန်ရှန် ဒီလို သူဘာလို့ ရုတ်တရက် ပြောလိုက်မိလဲ ဆို တာ သူ့ကိုယ်သူ သတိမထားမိလိုက် ။
ကောင်မလေး က အပြုံးချိုချို လေးဖြင့် သူမ၏ မျက်လုံး များဟာလည်း ၀မ်းနည်းနေသလိုပါပဲ ။ ငြင်သာ စွာ ရယ်မောကာဖြင့် –
“ရှင် ကျွန်မကို အစေခံ အဖြစ်လက်မခံ ခဲ့တာကို နောင် တ ရနေတယ်ဆိုတာ သိတယ် ။ ရှင် ၀မ်းမနည်းဘူးလား”
ချန်ရှန် တကယ်တော့ သူ့ ရင်ထဲ နည်းနည်းနောင်တ ရမိတယ် ။ ဒါပေမယ့် သူ၏ မျက်နာမှာတော့ အရိပ်အ ယောင် မပြပေ ။
“ကျွန်တော် အခု ခင်ဗျားကို တွေ့ ပြီလေ ။ နာမည်ပြော ပြတော့”
“ဟွာရှန်ယူ”
ကောင်မလေး လှပမွှေးကြိုင်လှသော ပိုးပဝါ တစ်ထည် အား ထုတ်ကာ ချန်ရှန် ၏ နဖူးမှ ချွေးများကို သုတ်ပေးနေ တယ် ။ ထို့ နောက် ပြုံးကာဖြင့် –
“ကျွန်မ နာမည် ခေါ်လို့ ကောင်းရဲ့ လား”
( ဟွာရှန်ယူ ဆိုသည်မှာ လမင်းကြီး၏ ပန်း ရနံ့ ဟု အဓိပ္ပာယ် ရပါသည်)
“ခေါ်လို့ ကောင်းပါတယ် ။ ခင်ဗျား က တော်တော် လည်း လှတယ် ။ စွမ်းအားလည်း ကြီးတယ် ။ အဲဒိတော့ ခင်ဗျား ဟာ ဘယ်သူလဲ”
ချန်ရှန် သူ၏ ခေါင်းကို ညိမ့်ကာဖြင့် မေးနေပါတယ် ။
ဟွာရှန်ဂျီ ဟာ စားပွဲ အစွန်း မှာ ထိုင်နေပြီး လက်ဖက် ရည် အိုးအား ဖြေးညင်းစွာ ငှဲ့ နေတယ် ။ သူမ၏ လှုပ်ရှား မှု တိုင်းဟာ ချစ်စဖွယ် လှပနေတယ် ။ မြင်ကွင်းဟာ သူ့ အ တွက် တကယ်ကို မျက်စိပသာဒ ဖြစ်လှပါတယ် ။
“ကျွန်မက အစေခံ သာသာ ပါပဲ ။ ကျွန်မ ဆရာဟာ ဒန်ရှန် ဂိုဏ်းချုပ် ဖြစ်တယ် ဆိုရင်တောင် ဒန်ရှန် ကနေ ကြိုက်တဲ့ချိန် ထွက်ခွာ သွားနိုင်တယ် ။ ဒါပေမယ့် ကျွန်မ ဟာ မှီခိုစရာ မရှိသေးပါဘူး”
ဟွာရှန်ယူ ချန်ရှန် အား စိုက်ကြည့်လျက် ပြောပါတယ်။
ချန်ရှန် ဟာ ဒီမိန်းမနဲ့ ပတ်သတ်ပြီး သိပ်တော့ မသိလှ ပေမယ့် အရင်တည်းက သူမဟာ သူ၏ အစေခံ ဖြစ်ချင်နေ တယ် ဆိုတာကို သိပါတယ် ။ ဘာကြောင့်လဲဆိုတာတော့ မသိပေ ။
ဟွာရှန်ဂျီ မတ်တပ်ရပ်လိုက်တယ် ။ သူမ၏ နောက် ကျောမှ ပြတင်းပေါက်ကို မှီကာ ချန်ရှန် နှင့် မျက်နာချင်း ဆိုင်ပါ ။ သူမ သက်ပြင်းချကာ –
“ချန်ရှန် ၊ ရှင်ဟာ တော်တော် အုတ်အုတ်ကျက်ကျက် ဖြစ်အောင် လုပ်ခဲ့တယ်နော်”
“တင်ပါးကြီးတွေက တကယ်မိုက်တယ်ဟ”
အသံတစ်ခု ရုတ်တရက် ကြားလိုက်ရတယ် ။
ချန်ရှန် ဟွာရှန်ယူ ကို ကြောင်ကြည့်နေတယ် ။ သူမ မျက်နာ တပြင်လုံးဟာ ရဲရဲနီလျက် ချန်ရှန် ကို မျက်လုံး အပြူးသားဖြင့် ကြည့်နေပါတယ် ။
အသံဟာ တကယ်ကို ချန်ရှန် အသံနဲ့ တူပါတယ် ။ ဒါပေမယ့် သူပြောတာ မဟုတ်ပေ ။ နဂါးမလေး လောင်ဆုရီ လက်ချက်သာ ဖြစ်ပါတယ် ။ ချန်ရှန် သူ၏ ရင်ဘက်ကို ရိုက် လိ်ုက်မိတယ် ။ ကောင်မလေး ဒီလို လူတစ်ယောက် အသံ နဲ့ တထေရာတည်း တူအောင် လုပ်နိုင်သည့် စွမ်းရည်မျိုး ရှိ လိမ့်မယ်လို့ သူမထင်ခဲ့ပါ ။
ချန်ရှန် ဘာပြောရမှန်း မသိဖြစ်နေတယ် ။
“ရှင် တစ်ခုခု ပြောလိုက်တာလား”
ဟွာရှန်ယူ မျက်မှောင် ကြုတ်ကာ မေးလိုက်တယ် ။ သူမ ကိုယ် သူမ နားကြားမလွဲနိုင်ဟုလည်း သေချာနေပါ တယ် ။ ချန်ရှန် လည်း ဒီလိုတော့ မပြောလောက်ဖူးဟု တွေ ဝေနေပြီး သူမကြောင်အလျက် ချန်ရှန် ကို ကြည့်နေ တာပါ ။
ချန်ရှန် ဟာ ခပ်မဲ့မဲ့ပြုံးနေတယ် ။ သူမပြော ဘယ်သူ ပြောတယ်လို့ ပြောရပါ့မလဲ ။ စိတ်လေလေဖြင့်ပင် –
“ကျွန်တော် က ခင်ဗျား ကိုယ်လုံးဟာ တော်တော် လှ တယ်လို့ ပြောလိုက်တာပါ”
ချန်ရှန် အလျင်အမြန်ပဲ ရှင်းပြလိုက်တယ် ။
“ဟက် ဟက် ၊ ရှင့်ရဲ့ သတ္တိတွေ တိုးလာပြီပဲ ။ ကျွန်မ ကို တောင် ပြောဝံ့နေပြီပေါ့”
ဟွာရှန်ယူ ခပ်လှောင်လှောင် ပြောပါတယ် ။ သူမ စိတ် ထဲ မှာတော့ တော်တော် လှုပ်ရှားနေတယ်။
ချန်ရှန် သူ့အတွက်သူ လက်ဖက်ရည် ငှဲ့ နေတယ် ။ သူ သောက်နေတုန်းမှာပဲ နတ်အတွင်းအား အာရုံများကို အသုံး ပြုကာ စပ်ဖြဲဖြဲ နဂါးမလေးကို သတိပေးလိုက်ပါ တယ် ။
“ကောင်မလေး ၊ မင်းတော့ သေမယ် ။ အကြောင်းပြ ချက် တစ်စုံတစ်ခု မရှိပဲ ဒီလို မလုပ်စမ်းပါနဲ့ ။ ဒီလို စကား လုံးမျိုးဟာ ငါနှလုံးရောဂါ ရနိုင်တယ်ကွ”
“ကျွန် မ ခံစားရတာ အမှန် ကျွန်မပြောတာပဲ”
ကောင်မလေး က စပ်ဖြဲဖြဲ ဖြင့် ပြောပါတယ် ။
“ဒီလို မိန်းမလှ နဲ့ တော့ စ သင့်တယ်”
“ချန်ရှန် ၊ ဆေးဆရာမကြီး နဲ့ အဆင်မပြေတာတောင် မှ အဲဒိဂိုဏ်းမှာပဲ နေတုန်းလား ။ သူမက တော်တော် စွမ်း တယ် ။ ရှင့်ရဲ့ အနာဂတ် စီမံချက် က ဘယ်လိုလဲ”
ဟွာရှန်ယူ ထူးဆန်းသော အကြည့်တစ်မျိုးဖြင့် ကြည့် ကာ မေးလိုက်တယ် ။
“ကျွန်တော် လိုအပ်တယ့် အစီအစဉ်က ဘယ်လိုလဲ ဟုတ်လား ၊ ဒီမိန်းမ က ကျွန်တော့ကို ထပ်မဆန့်ကျင်ရဲပါ ဘူး ဟဲဟဲ”
ချန်ရှန် ဆေးဆရာမကြီးမှ သိုင်းပညာဦးရီးတော် လို့ ခေါ်တော့မှာ ကို တွေးရင်း ကျေနပ်မိသလို ဖြစ်သွားတယ် ။
ဟွာရှန်ယူ မျက်မှောင်ကြုတ်ကာ ချန်ရှန် ဘေးနား လျှောက်လာတယ် ။
“ဘာလို့လဲ”
“ဒါ ကတော့ ကျွန်တော့ လျို့ ဝှက်ချက်ပေါ့ ။ ခင်ဗျားကို မပြောပြနိုင်ဘူး”
ချန်ရှန် ပြန်ဖြေလိုက်တယ် ။ သူ၏ မျက်နာမှာလည်း ကျေနပ်တယ့် အပြုံးဖြင့် ပြုံးနေပါတယ် ။
“အမတော်ဟွာ ရေ ၊ ခင်ဗျား ဒန်ရှန် တောင်ယွမ် မှာ စွမ်းအားကြီးပြီး မြင့်မားတယ့် ဂုဏ်အဆင့်အတန်း မရှိဘူး လား”
ချန်ရှန် သူ၏ လျို့ ဝှက်ချက်များ ပေါ်မည် ဆိုးသဖြင့် စကား လမ်းကြောင်းလွှဲလိုက်တယ် ။
“ကျွန်မကို ရှန်ယူ လို့သာ ခေါ်ပါ ။ ဒါမှ မဟုတ်ရင် ရှင် နဲ့ မပြောတော့ဘူး”
ဟွာရှန်ယူ သူမ၏ လက်များအား ချန်ရှန် ၏ နှုတ်ခမ်း ကို ပိတ်ကာ ပြောလိုက်တယ် ။ ချန်ရှန် စိတ်တွေပင် ပျံ့ လွင့် သွားသလို ပါပဲ ။
“ရှန်ယူ ၊ အိုကေ”
ဟွာရှန်ယူ ဖြေးဖြေးလေး ရယ်လိုက်တယ် ။
“ကောင်းတယ် ၊ ကျွန်မ ဒန်ရှန် တောင်ယွမ်မှာ ခေါင်း ကိုက်စရာ ကိစ္စတွေကို ရှင်းနေရတယ် ။ အမြဲတမ်း ကျွန်မ ဟာ အလုပ်များနေတာပေါ့ ။ ရှင်နဲ့ တွေ့ ဖို့ ကျွန်မ အတော် ကြိုးစားခဲ့တာပဲ”
“ရှန်ယူ ကျွန်တော့အပေါ် ဘာလို့ အရမ်းကောင်းနေရ တာလဲ”
ချန်ရှန် စပ်စုလိုက်တယ် ။ ဒီမိန်းကလေးရဲ့ ပစားပေးမှု ဘာကြောင့် သူရနေသလဲဆိုတာ မသိဘူးဖြစ်နေတယ် ။
“ရှင့်ရဲ့ တည်ကြည်ခန့်ညားမှု အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘူးလား”
ဟွာရှန်ယူ ဆွဲဆောင်မှု ရှိစွာ ချန်ရှန် အား ကြည့်နေပါ တယ် ။ ချန်ရှန် ရင်ခုန်သံများ မြန်လျက်ပါ ။
“ဒါပေါ့ ၊ ဒါပေမယ့် ခင်ဗျားရှေ့ ရောက်ရင်တော့ ယုံကြည်မှု မရှိတော့ဘူုး”
ချန်ရှန် ခေါင်းများ ခါယမ်းလိုက်တယ် ။
ဟွာရှန်ယူ ဒီလို ပုံစံမျိုး ချန်ရှန် ဆီမှ တွေ့ သည့်အ တွက် ခပ်ပြုံးပြုံး ဖြစ်သွားတယ် ။ သူမလဲ ချန်ရှန် ကို စိတ် အနှောက်အယှက် ထပ်မပေးတော့ပဲ လွန်ခဲ့သော ရက်များ အတွင်း ချန်ရှန် ဂိုဏ်းမှာ ကြုံခဲ့သော အရာများကိုသာ နား ထောင်နေပါတော့တယ် ။
သူတို့ ဟာ ညနက်တယ့်ထိ စကားပြောနေကြပြီး ချန် ရှန်ဟာလည်း တော်တော်ပင်ပန်းနေပြီး ဖြစ်တာကြောင့်ပဲ အနားယူ ချင်နေပါပြီ ။
“နောက်လဲ ကျနေပြီ ဆိုတော့ ကျွန်မလဲ အခန်းပြန် တော့မယ်”
ဟွာရှန်ယူ ပြောလိုက်တယ် ။ သူမ မတ်တပ်ရပ်လိုက် ပြီး လှည့်လိုက်တယ့် အခါမှာပဲ ချန်ရှန် ၏ အသံကို ကြား လိုက် ရပါတယ် ။
“ဒီမှာပဲ နေလေ ၊ အတူတူအိပ်မယ်”
ငရှုပ်မလေး လောင်ဆုရီ ချန်ရှန် အသံတုဖြင့် ပြော လိုက်ခြင်းပါ ။
ချန်ရှန် ပါးစပ် အဟောင်းသား ဖြစ်သွားပြန်ပါတယ် ။ ဒါ ဟာ သူပြောတာ မဟုတ်ပါဘူး ။ လောင်ဆုရီ ၏ စနောက် ခြင်းကို ခံလိုက်ရတာပဲ ဖြစ်ပါတယ် ။
ရုတ်တရက်ပဲ ဟွာရှန်ယူ ၏ ချစ်စဖွယ် မျက်နာမှာ ပန်း နု ရောင် သန်းသွားကာ ချန်ရှန် ဘက်ပြန်လှည့်လာပြီး ချန်ရှန် ကို ခေါက်ပစ်လိုက်တယ် ။
“ရှင်ဟာလေး ဆိုးသထက် ဆိုးနေတာပဲ ။ ရှင့်မှာ သတို့ သမီးလောင်းလည်း ရှိတယ်လေ”
လောင်ဆုရီ ၏ စနောက်မှုကြောင့် ချန်ရှန် ဟာ သူမ၏ တင်ပါးသေးသေးလေးအား နီရဲသွားအောင် ပိတ်ကန်ပစ် ချင်စိတ်တွေ ဖြစ်နေပါပြီ ။ ဒါဟာ ဟွာရှန်ယူ ရှေ့ မှာမို့သာ တော်တော့ပါတယ် ။ ဆေးဆရာမကြီး ရှေ့ မှာသာ သူ့ကို ဒီ လိုလုပ်ပါက သူ့ ဘ၀ မတွေးရဲစရာပါပင် ။
ချန်ရှန် ဒီလို စဉ်းစားမိပြီးနောက် စိတ်တွေ ရှုပ်သွား တယ် ။ ယခု ဒီကောင်မလေးကို သူနဲ့ လိုက်မလားဟု မေးခဲ့ မိခြင်းဟာ ဒုက္ခ များကို ဆွဲခေါ်လာသလို ဖြစ်လေပြီဟု စဉ်းစာမိနေတယ် ။
“ကျွန်တော် ဆိုလိုတာက ခင်ဗျား ဒီမှာပဲ အိပ်လိုက် ၊ ကျွန်တော် ကတော့ လေ့ကျင့် လိုက်ဦးမယ်လို့ ပြောတာပါ”
ချန်ရှန် ခပ်မဲ့မဲ့ပင် ရှင်းပြနေတယ် ။
“ဟက် ၊ မလိုဘူး”
ဟွာရှန်ယူ ခပ်လှောင်လှောင် ငြင်းလိုက်တယ် ။ ဒါပေ မယ့် သူမရင်ထဲမှာတော့ ပျော်နေပါတယ် ။
ဒါဟာ အဘယ်ကြောင့်ဆိုသော် အရင်က သူမဟာ ချန် ရှန်ကို ဒန်ရှန်တောင်ယွမ် သို့ လိုက်ရန် မခေါ်နိုင်ခဲ့ပါဘူး ၊ သူမ ၏ ခန္ဓာကိုယ်အား ရင်းပြီး သူမ၏ အလှများ လှစ်ဖော် ပြသ တာတောင် မှ မအောင်မြင်ခဲ့ပေ ။ အခုတော့ ချန်ရှန် ဟာ သူ့ဆုံးဖြတ်ချက်ကို နောင်တရနေပုံပေါ်ပြီး သူမ ကို လိုချင်ပုံပေါက်နေလို့ပါ ။ ကြိတ်ပြီး ကျေနပ်လို့နေတယ်။
ချန်ရှန် ဟွာရှန်ယူ ၏ အတွေးများကို မသိပေ ။ ထို့ နောက် မှာတော့ တံခါးကို အမြန်ပင် ပိတ်ကာ သူ၏ အ၀တ် များအား ချွတ်လိုက်ပြီး သူ၏ ရင်ဘတ်ပေါ်ရှိ နဂါးပုံ တက်တူးကို ထုရိုက်နေပါတော့တယ် ။
“နာတယ် ၊ နာတယ်”
လောင်ဆုရီ ၏ ငိုသံလို ကို ချန်ရှန် ကြားတာတောင်မှ ဆက်လက် ထုရိုက်နေပါသေးတယ် ။ ဒါပေမယ့်လည်း သိပ် မကြာခင်မှာပဲ စပ်ဖြဲဖြဲ အသံ တစ်ခုကို ကြားလိုက်ရတယ် ။
“အရူး ၊ ခင်ဗျား ကျွန်မကို နာကျင်အောင် မလုပ်နိုင်ဘူး ၊ ခင်ဗျားကိုယ် ခင်ဗျား နာအောင်လုပ်နေတာပဲ ။ တကယ့် အရူးလိုပါပဲလား ၊ ကိုယ့်ဟာကိုယ် ရိုက်နေတယ် ဟားး ဟားး ဟား”
“ကောင်မလေး ၊ ငါ့ကို စိန်မခေါ်နဲ့နော် ၊ မင်းကို ငါ ဘာ ဆေးမှ မကျွေးပဲ ထားလိုက်မယ်”
ချန်ရှန် ဒေါသတကြီး မဟုတ်ပဲ ခပ်တည်တည်သာ ပြောလိုက်တာပါ ။ သူဒေါသထွက်လေလေ ကောင်မလေး ပျော်လေလေ ဖြစ်မယ် ဆိုတာ သိလို့ပါပဲ ။
“မလုပ်ပါနဲ့ ၊ ကျွန်မက ရှင့်ကို စနောက်ရုံလေးတင်ပါ ၊ ကျွန်မ မှားသွားပါတယ်”
လောင်ဆုရီ လေသံတီးတိုး ဖြင့် ပြောလိုက်ပါလေ တော့တယ် . . . ။