Chapter – 131 နဂါးမလေးအမှတ်အသား
လူတွေဟာ ရှင်တို ကို ဘယ်လိုလေ့ကျင့်ရမယ်ဆို တာ သေချာ မသိကြပေ ။ စုမေးယို နဲ့ ဘိုင်ယုယု တို့ပင် သေချာ မသိကြပါ ။ လမ်းညွှန်မှု မရှိပဲ ထင်သလို လေ့ကျင့်မည် ဆို ပါက အကျိုး မရှိ ဖွယ်ရာသာ ဖြစ်ပေလိ့မ်မည် ။
လောင်ဆုရီ ဟာ ရှဉ့် အဖြစ် ပြောင်းလဲနိုင်တာကို သူမ အမှန် ပြောနိုင်တယ် လို့ ချန်ရှန် ယုံကြည်မိတယ် ။ အဘယ် ကြောင့်ဆိုသော် ဒီလို အရာမျိုးကို မမြင်နိုင်သော စိတ်ဝိဉာဉ် ရှိမှသာ လေ့ကျင့်နိုင်မှာပါ ။
“ကျွန်မ က ဒါကို ပုံစံ ၇၂ မျိုး ပြောင်းလဲခြင်းလို့ ခေါ် တယ် ။ ဒါဟာ ရှင်တို ကို သုံးနိုင်တယ့် စိတ်ဝိဉာဉ်တော် ကို လေ့ကျင့်တာပဲ ။။ ဒါကို ကျွန် မ ဟာ အခွံကနေ ထွက်တုန်း က သိခဲ့ရတာဖြစ်ပြီး ကျွန်မ မိဘတွေ အမွေ ပေးခဲ့ပုံပဲ ။ သူတို့ဟာ ကျွန်မကို အများကြီး သင်ပေးတယ် ။ အများစု ကတော့ ခေါင်းထဲမှာပေါ့”
လောင် စုရီ ချိုသာသော အသံလေးဖြင့် ပြောပါတယ် ။
“မင်း နတ်နဂါး သိုင်းစွမ်းရည်ကို သိလား”
ချန်ရှန် မေးလိုက်တယ် ။
“ဒါပေ့ါ ၊ ကျွန်မ လုပ်တတ်တယ်”
ကောင်မလေး က ပြန်ဖြေပါတယ် ။
“ဒါဆို မင်း က ငါနဲ့ ပူးပေါင်းဖို့ သဘောတူလား”
“အန်းး ၊ ခင်ဗျားက လူကောင်းတော့ မဟုတ်ပေမယ့် လူဆိုး တော့လည်း မဟုတ်ပါဘူး ။ သဘောတူလိုက်ပါ့ မယ်လေ”
ကောင်မလေးက ပြန်ပြောတယ် ။
“ကတိပြုကြတာပေါ့ ။ ကတိပြုပြီး သွားရင်တော့ ဖျက်လို့ မရဘူးနော်”
ဒီကလေးမလေး ဟာ ချန်ရှန် ကို နေရခက်အောင် လုပ် နေပြန်ပါပြီ ။ ထို့နောက် မှာတော့ ချန်ရှန် ဟာ လက်ချင်း ချိတ်လျက် ကတိပြုလိုက်ပါတယ် ။
“ကောင်းပြီ ။ ကျွန်မတို့ နဂါးမျိုးနွယ်ဟာ လူသားနဲ့ ကတိထားကြပြီးပြီ ။ ခင်ဗျား ကတိ ပျက်တာနဲ့ နာကျင်စွာ ခံစားရလိ့မ်မယ် ။”
လောင်ဆုရီ ပြုံးကာဖြင့် ပြောလိုက်တယ် ။ သူမ၏ သေးသွယ် လှပသော လက်များဟာ ချီဓာတ်ဆေးများအား ကစားနေပါတယ် ။
လက်ရှိမှာတော့ ချန်ရှန် အတွက် ချီဓာတ်ဆေးဟာ ဂျယ်လီများ လိုပါပင် ။ ယခုသူ့လိုပဲ သကြားလုံး စားသလို စားနေသော ကလေးမလေး တစ်ယောက် ရှိလာပြီ မဟုတ် ပါလော ။
“ကောင်မလေး ၊ မင်း ငါ့ဘေးက ဒီလိုပဲ လိုက်နေမှာ လား ၊ ဒီလက်စွမ်ထဲ ၀င်မလား”
ချန်ရှန် မေးလိုက်ပါတယ် ။ ဒီ ချစ်စဖွယ် ကောင်မလေး အား စုးမေယို တို့ဖြင့် ကွင်းအတွင်း ကစားစေချင်မိတယ် ။
ကောင်မလေး လည်း သူမ၏ ခေါင်းများကို ခါယမ်းကာ ပင် –
“ဒါက အလုပ်လုပ်မှာ မဟုတ်ဘူး ။ ကျွန်မဟာ ဒီလို ထူး ဆန်းတယ့် ပစ္စည်းတွေထဲ မ၀င်နိုင်ဘူး ။ ဒါက အကျိုးသက် ရောက်ရှိမှာ မဟုတ်ဘူး ဘာလို့လဲဆိုတော့ ကျွန်မဟာ ရှင်တို ကျင့်စဉ်ကို ကျင့်နေလို့ပဲ”
ချန်ရှန် ဟာ ကောင်မလေးကို သူ့နောက်မှ ယခုလို အမြဲ လိုက်မနေစေချင်ပါ ။ ဒါဟာ မသင့်တော်ရုံမျှမက သူမ ၏ လုံခြုံရေးအတွက်လည်း အလွန် အရေးကြီးပေတယ် ။
“စိတ်မပူပါနဲ့ ၊ ကျွန်မမှာ ဒါကို ဖြေရှင်းဖို့ နည်းလမ်း ရှိ တယ်”
လောင်ဆုရီ ရယ်မောကာ ရုတ်တရက်ပဲ အဖြူရောင် အလင်းတန်း တစ်ခုဟာ ချန်ရှန် လက်ကို လာရောက်ထိ မှန်လာတယ် ။ သူ၏ လက်နွေးသွားတာကို ခံစားလိုက်ရပြီး ထိုလက်မှာလည်း အားများ ကောင်းလာသလို ခံစားလိုက် ရ ပါတော့တယ် ။
သူတော်တော် တုန်လှုပ်သွားပါတယ် ။ ဒီလို နွေးထွေး မှုဟာ လက်မှတဆင့် ရင်ဘတ် အထိပါ ရိုက်ခတ်သွားလို့ ပါ ။ သူလျင်မြန်စွာ အ၀တ်အစားများ ချွတ်လိုက်တယ့် အခါ မှာတော့ နဂါး အစွယ်များ နှင့် လက်သည်းများ ကို မြင်လိုက်ရပြီး ဒီလို အဖြူရောင် အလင်းတန်းဟာ အရမ်းကို လှပါပါတယ် ။
ချန်ရှန် ၏ ကျစ်လျစ်သော ကြွက်သားများဖြင့် ပေါ် မှ အဖြူရောင် တက်တူးပုံစံဟာ ချန်ရှန် ကို တမျိုးကြည့်ပျော် သွားပါစေတယ် ။
ကောင်မလေး ၏ အားအင်ဟာလည်း ချန်ရှန် အတွက် တော်တော် အံ့သြဖွယ်ရာပင် ။ သူ့ထက်များစွာ အားကြီး တယ်ဆိုတာကို ရှင်းလင်းစွာ မြင်နေရပါတယ် ။
“ကျွန် မ က စွမ်းတယ်မလား ။ ဒီလိုနည်းနဲ့ ကျွန်မဟာ ခင်ဗျားနောက်ကို လိုက်နိုင်တယ်”
လောင်ဆုရီ နူးညံ့သော အသံဖြင့် ပြောပါတယ် ။ သူမ ဟာ သူမ ၏ အသံအား ရှင်းလင်းစွာ ထုတ်လွှတ်နိင်နေပြီ ဖြစ်ပေမယ့် ဒါဟာ ချန်ရှန် ၏ တက်တူးမှ ပြောနေသလိုပါပဲ။
“ဘေးမှာ တခြားလူတွေ ရှိနေရင် စကားမပြောနဲ့”
ချန်ရှန် သက်ပြင်းချမိတယ် ။ ဒီ အချိန်မှာ တစ်ခုခုကို စိုးရိမ်နေပါတယ် ။ အဘယ်ကြောင့် ဆိုသော် ဒီနဂါးမလေး ဟာ ပြောင်စပ်စပ် ဖြင့် အရမ်းကို ချစ်စရာကောင်းနေလို့ပါ ။
“ကျွန်မ သိပါတယ် ။ ခင်ဗျားလိုမျိုး အကို ငတုံးတစ် ယောက် မဟုတ်ဘူး”
ကောင်မလေး ပြုံးကာ ပြန်ပြောပါတယ် ။ ဒီအကြိမ်မှာ တော့ သူမဟာ နတ်အတွင်းအား အာရုံကို သုံးလိုက်တာ ဖြစ်ပါတယ် ။ ထို့နောက် မှာတော့ ချန်ရှန်လည်း ရနံ့ မြို့ တော် သို့ ပြေးပါလေတော့တယ် ။
သိပ်မကြာခင်မှာပဲ လောင်ဆုရီ နဲ့ ညီအမတ ၂ ယောက် အပြန်အလှန် ပြောနေတာကို ကြားလိုက်ရတယ် ။ ဒါဟာ ၎င်းညီအမ ၂ ယောက် အပြင်လူဖြင့် ပထမဆုံး စ စကားပြောခြင်းပါပင် ။ ယခုတော့ ချန်ရှန် နဲ့ အတူ ၃ ဦး ရှိ နေပြီ ပဲ ဖြစ်ပါတယ် ။
ရနံ့မြို့ တော်ကြီးဟာ အဖြူရောင် နှင်းများဖြင့် လွှမ်းခြုံ ထားသည့်တိုင်အောင် လှပနေတုန်းပါပဲ ။ မြို့ တစ်ခုလုံး မွှေး ကြိုင်စွာဖြင့် အလွန် စိတ်ကို လန်းဆန်းစေပါတယ် ။
ချန်ရှန် နောက်ဆုံးတစ်ကြိမ်တုန်းက ရောင်းထားသော အသီး မှ သလင်းကျောက်ဟာ သိပ်မကျန်တော့ပါ ။ တည် ဆောက်ရေးဆေး လုပ်ရန် မှာလည်း ဆေးပင်တစ်စုံစာသာ ကျန်ပါတော့တယ် ။ ဒါဟာ သူမျိုးစေ့ချဖို့ စီမံထားတဲ့ တစ်စုံ စာပါပဲ ။
ကံကောင်းစွာပင် သူ့မှာ ချီဓာတ်ဆေးများစွာ ရှိနေပါ တယ် ။ ယခုတော့ သူ့မှာ ကောင်မလေးစားဖို့ ပေးအပြီး အလုံး ၂၀၀ လောက်ကျန်ပါသေးတယ် ။
ချီဓာတ်ဆေး တစ်လုံးဟာ သလင်းကျောက် ၅၀၀ တန် ပါတယ် ။ အလုံး ၂၀၀ ရှိသောကြောင့် ၁၀၀၀၀၀ ရရှိမှာပါ ။ ဒါကြောင့် ၎င်းတို့အား ရောင်းရန် ဒန်ရှန်မျှော်စင်သို့ ထွက် ခွာလာခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ် မစ္စလီကတော့ သူ့ကို အကြည့် တစ်ချက် ဖြင့်ပင် မှတ်မိပါတယ် ။ ဒါတင်မက သူ ဟာ အုပ်ချုပ်ရေးမှူး၏ အမျိုးသမီး ဖြစ်သည့်အတွက် သူ၏ သတင်းများလည်း ကြားဖူးနေမည် ဖြစ်ပါတယ် ။
ချန်ရှန် ဟာ အချိန်အတော်ကြာ ရနံ့မြို့ တော်မှ ပျောက် ဆုံးနေတာ ဖြစ်ပြီး ယခင်က ဒီကိစ္စ ဟာ အုပ်ချုပ်ရေးမှူး အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ် ။ ၎င်းနှင့် ပြင်းထန် သော သိုင်းပညာဂိုဏ်း ဂိုဏ်းချုပ်တို့ဟာ ရင်းနှီးကြပြီး ဂိုဏ်း ချုပ်မှ ချန်ရှန် အား ရှာရန် အကူအညီတောင်းဖူးပါတယ် ။
“မစ္စ လီ ၊ ကျွန်တော် ပြန်လာတယ်နော် ။ အခုတစ်ခါ တော့ ချီဓာတ်ဆေး အလုံး ၂၀၀ ပါ”
ချန်ရှန် ပြုံးလျက်ပြောလိုက်တယ် ။
“သခင်လေးက ချန်ရှန်လား”
မစ္စလီ မေးလိုက်ပါတယ် ။ သူမတော်တော် အံ့သြနေပုံ ပါ ။ ကောလဟာလများအရ ချန်ရှန် ဟာ အသတ်ခံရတယ် ဟု သတင်းထွက်နေတာ ဖြစ်ပြီး ယခုလို သူ့ရှေ့ ပေါ်လာ ကာ ရုတ်တရက် ချီဓာတ်ဆေး ၂၀၀ အား လာရောင်းမည် ဟု မထင်မိပါချေ ။
ချန်ရှန် ဟာ ဒီကိုရောက်ရောက်ချင်းပင် ဒန်ရှန် ကို လာခဲ့တာ ဖြစ်ပြီး သူ၏ ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး ဘာမျှ မစုံစမ်းခဲ့ပါဘူး ။ သူ၏ တိုးတက်လာသော ခွန်အား များနှင့် နတ်အတွင်းအား အာရုံများ အရ မစ္စလီ၏ အဆင့် ကို ယခုအခါ မှန်းဆကြည့်နိုင်နေပြီ ဖြစ်ပါတယ် ။ သူမဟာ စစ်မှန်သော သိုင်းပညာနယ်ပယ် ဒုတိအဆင့်ပါပင် ။
“မစ္စလီ ၊ ကျွန်တော့ကို မှတ်မိသေးရဲ့ လား ၊ ကျွန်တော် တကယ်ပဲ မြောက်ခံရပါပြီ”
ချန်ရှန် အနည်းငယ် အံ့သြသွားတယ် ။ ဒါပေမယ့် ပြုံးနေဆဲပါပင် ။
“သခင်လေးကို အခု အသိအမှတ် ပြုဖို့ ခက်ခဲတယ်၊ သားရဲဂိုဏ်းက သခင်လေး ဂိုဏ်းကို ဆုငွေ ၃၀၀၀၀၀ ထုတ်ထားတယ် ။ သခင်လေးကို ရှာဖို့ မြို့ တွင်း မြို့ ပြင်မှာ လူတွေ အများကြီးပဲ”
ချန်ရှန် မျက်ခုံးများ မြင့်တက်သွားပါတယ် ။
“ဟဟ ၊ သလင်းကျောက် ဆု အတွက် ကျွန်တော့ကို လိုချင်တယ့် မည်သူမဆို လာ ကြိုးစားလှည့်ပါ ။ သူတို့ ဘယ်လောက်များများ အရေးမကြီဘူး ။ နောက်ဆုံးမှာ သူတို့ သေခြင်းနဲ့သာ အဆုံးသတ်သွားလိမ့်မယ်”
ချန်ရှန် ပြောနေရင် အမဲလိုက်ခြင်း နဲ့ ဆိုင်သော ချီဓာတ်များစွာ ထွက်ပေါ်လာပါတယ် ။ မစ္စလီပင် ထိတ်လန့် ကာဖြင့် နောက်သို့ ဆုတ်သွားတယ် ။ ဒီလိုလူငယ်လေးမှ အားကောင်းပြင်းထန်လှသော ချီဓာတ်များ ထွက်လာတာ ကြောင့် ပါ ။ သာမန်လူသာ ဆိုပါက လိပ်ပြာပင် လွင့်သွား လောက်ပါတယ် ။
ချန်ရှန် ၏ စွမ်းအားဟာ မစ္စလီကို သံသယ တခု ၀င်စေ ပါတယ် ။ ချန်ရှန် ၏ အားကို ကောင်းစွာ မှန်းမရပေမယ့် အရင်တစ်ခေါက်ကထက်တော့ ပိုမိုစွမ်းအားကြီးနေမယ် ဆိုတာ သေချာ သလောက်ပါပင် ။
“ဒီမှာ သလင်းကျောက် ၁၀၀၀၀၀ ။ သခင်လေး အရင် တခေါက်က ပြောတဲ့လူအကြောင်း ဂိုဏ်းချုပ်ဆီက စုံစမ်း ထားပြီးပြီ ။ သူမကို တွေ့ ချင်ရင်တော့ ဒီမှာ ခဏစောင့်ပါ ။ တကယ်တော့ ဒီမှာနေတာက သခင်လေး အတွက် ပို ကောင်းလိ့မ်မယ်လို့ ထင်တယ် ။ ဒန်ရှန်တောင်ယွမ် နဲ့ ပြင်း ထန်သော သိုင်းပညာဂိုဏ်းတို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံ ရေး ရှိကြတယ် ။ သခင်လေး ရဲ့ ဂိုဏ်းချုပ်ကလည်း ပြော ထားတယ် ။ သခင်လေး ဒီကို ပြန်လာရင် ဒီမှာ အကောင်း ဆုံး နေထိုင်နိုင်စေရပါမယ်”
မစ္စလီ ဖြေးဖြေးချင်း ပြောပြသွားပါတယ် ။ သူဟာ ယခု ချန်ရှန် အကြောင်းကို နားလည်နေပြီး ပြင်းထန်သော သိုင်း ပညာဂိုဏ်းချုပ်ပင် ဒီကို အလည်လာရခြင်းမှာ သာမန် တော့ မဟုတ်ပါချေ ။
ချန်ရှန် ခေါင်းညိမ့်ကာ ရယ်မောရင်း –
“ကျေးဇူးအများကြီး တင်ပါတယ် ဗျာ ။ ကျွန်တော် ဆေး ပင် အချို့ ၀ယ်လိုက်ဦးမယ် ။ ဟို မိန်းကလေး ဟွာယု ယန် လာရင်သာ ကျွန်တော့ကို ခေါ်လိုက်”
အဖြူရောင် ကျောက်စိမ်း ဆေးလုပ်ရန် ဆေး အစုံ ၂၀ စာ အတွက် ကုန်ကျငွေမှာ သလင်းကျောက် ၄၀၀၀၀ ဖြစ်ပြီး ဒြပ်စင်ဆေး အစုံ ၂၀ စာအတွက်မှာ သလင်းကျောက် ၃၀၀၀၀ ဖြစ်ပါတယ် ။ အချိန်တခဏ အတွင်းမှာပင် ချန်ရှန် ဟာ သူ့ငွေ အားလုံး ၏ တ၀က်ကျော် အား သုံးစွဲလိုက်ပြီး ဖြစ်တယ် ။ ဒါပေမယ့်လည်း သူဒီ အဆင့်မြင့် ဝိဉာဉ်တော်ဆေး ၂ မျိုးကို ချောမွေ့ စွာ ပြုလုပ် နိုင်လိမ့်မည်ဟု ယုံကြည်နေမိတယ် ။
ချန်ရှန်ကို အံ့သြသွားစေတာကတော့ သူ့ကို အထပ် ၂၀ မြောက်မှာ ထားလို့ပဲ ဖြစ်ပါတယ် ။ ဒီအထပ်မှာ နားနေ သူများဟာ တကယ့်ထိပ်သီး သူဋ္ဌေးကြီးများ ပညာရှင်များ သာ ဖြစ်ကြတာပါ ။ အားလုံးဟာ ဆေးပညာရှင်များ မဟုတ်ပေမယ့်လည်း အနည်းဆုံးတော့ မစ္စလီ နဲ့ အဆင့် တူတွေ ချည်းသာ ဖြစ်ပါတောတယ် ။
ချန်ရှန် ယခုလို နေထိုင်ရခြင်းဟာ တကယ်ပဲ သူ့အ တွက် ကျေနပ်စရာပါ ။ အနည်းဆုံးတော့ သူ့လုံခြုံရေး အတွက် စိတ်ပူစရာမလိုတော့ချေ . . . ။