Chapter – 130 အဖြူရောင်နဂါး
ချန်ရှန် လျင်မြန်စွာပင် ဆင်းလာပြီး သူ၏ နဂါးအငွေ့ များကို ထုတ်လိုက်ပါတယ် ။ အဘယ်ကြောင့်ဆိုသော် သားရဲ အများစုဟာ နဂါးကို ကြောက်ကြသောကြောင့်ပါ ။ သားရဲ ဖြစ်တယ့် အဖြူရောင် ရှဥ့်ဟာ စိတ်ထွေပြားသွားပုံ ရကာ သစ်ပင်ကြီးတစ်ပင်အား ၀င်တိုက်သွားပါတော့တယ်
ချန်ရှန် လည်း ပုံဆောင်ခဲ တစ်ခုအား ပြုလုပ်ကာ ရှဉ့် အား ပစ်ရန် ရွယ်လိုက်တယ် ။ ရုတ်တရက်ပဲ အဖြူရောင် အလင်းတန်းများ စုသွားတာ မြင်လိုက်ရတယ် ။ ထို အလင်း များဟာ ခဏကြာမှာတော့ ပျောက်ကွယ်သွားပြီး အသားဖြူဖြူ အဖြူရောင် ၀တ်ရုံကို ၀တ်ဆင်ထားသော ကောင်မလေး အသွင် ပေါ်လာပါတယ် ။ ချန်ရှန် တော်တော် အံ့သြသွားပါတယ် ။ ကောင်မလေးဟာ သူ၏ ခေါင်းလေးကို ကိုင်ကာ ပါးစပ်ပိတ်လျက် မျက်လုံးများမှလဲ မျက်ရည်များ ကျနေတာကို သနားစဖွယ် မြင်တွေ့ လိုက်ရ ပါတယ် ။
ရှဉ့်လေးမှ ၇ နှစ် ၈ နှစ် အရွယ် မိန်းကလေး တစ်ဦး အသွင် ပြောင်းသွားတာကို ကြည့်ရင်း ချန်ရှန် ပြန်ဆုတ် လိုက်ပါတယ် ။ သားရဲများဟာ ပုံစံပြောင်းနိုင်တယ်လို့ ကြား ဖူးသော်လည်း အရမ်းကြီးမားကာ စွမ်းအားရှိသောပုံများ သို့သာ ဖြစ်ပါတယ် ။
“မင်းဘာလို့ ငါ့ဆေးကို ခိုးတာလဲ”
ချန်ရှန် အေးစက်စက် မေးလိုက်တယ် ။ သူမကို မုန်းနေသော်လည်း အရမ်းချစ်စဖွယ် ကောင်းနေသဖြင့် ချန်ရှန် ဟာ အေးစက်စက်ဖြင့်သာ ကြည့်နေမိတယ် ။
“ကျွန်မ ဗိုက်ဆာတယ် ၊ ခင်ဗျား က ကျွန်မစိတ်ကို ထွေပြား သွား အောင် လုပ်လိုက်တာကို ၊ ခုတော့ ခေါင်းနာသွားပြီ ။ ခင်ဗျား ကို မုန်းတယ်”
ကောင်မလေးဟာ ပြောနေရင်း မျက်ရည်များကျလာ ပါတယ် ။ နှုတ်ခမ်းများကို ကိုက်ကာ ချန်ရှန် ကို စိုက်ကြည့် နေပါတယ် ။
ချန်ရှန် ရုတ်တရက်ပဲ ကောင်မလေး၏ ခေါင်းပေါ်မှ အရာသေးသေး လေး ၂ ခုကို ဖြတ်ခနဲ မြင်လိုက်တယ် ။ ၎င်း ဟာ သမင်ချိုပုံစံမျိုးပါပဲ ။
သမင်ချို . . . ၊ မဖြစ်နိုင်ဘူး ၊ နဂါးချိုများလား . . .
ချန်ရှန် ဒီအရာ ၂ ခုနဲ့ ပတ်သတ်ပြီး တခုခုကို လျင်မြန် စွာ သတိရသွားတယ် ။ လွန်ခဲ့သော ၈ လ ခန့်က ဖြစ်ပေါ်ခဲ့ သော နဂါးမွေးတဲ့ကိစ္စပါ ။ ဒီမိန်းကလေးဟာ နဂါးကနေ ပုံ ပြောင်းထားခြင်းပေလော . . . ။
“နဂါး . . . ၊ ဒီကလေးဟာ တကယ်ပဲ နဂါးပဲ ။ ဘယ်လို နည်းနဲ့ ဖြစ်ဖြစ် ငါတို့သူ့ကို ထိန်းသိမ်းရမယ်”
စုမေးယို စိတ်လှုပ်ရှားစွာဖြင့် လျင်မြန်စွာ ပြောလိုက်ပါ တယ် ။
“သူက အားကြီးတယ် ။ နဂါးပေါက်လေး ဖြစ်ပေမယ့် အားနည်းဟန် လုံးဝမရှိဘူး”
ဘိုင်ယုယု က သတိပေးပါတယ် ။
ရုတ်တရက်ပဲ ချန်ရှန် တွေသွားတယ် ။ သူတကယ်ပဲ ဒီ လို နဂါးလေးနဲ့ ဆုံတွေ့ ရလိ့မ်မယ်လို့ မမျှော်လင့်မိခဲ့ပေ ။ စိတ်ကို လျော့ချကာ ဖြင့် ချီဓာတ်ဆေး အနည်းငယ်အား ထုတ်ပြီး ကောင်မလေးထံ ပေးလိုက်ပါတယ် ။ ပြုံးကာဖြင့် ကောင်မလေးအား –
“ကောင်မလေး ၊ ငါတောင်းပန်တယ် ။ မင်းဗိုက်ဆာ တယ်လို့ ပြောရင် မင်းကို ပေးမှာပေါ့ ။ ငါက မင်းကို သူခိုး ထင်လို့”
ကောင်မလေးလည်း ချန်ရှန် လက်ထဲ မှ ချီဓာတ်ဆေး ၅ လုံးကို ကြည့်နေတယ် ။ သူမ၏ မျက်ရည်များဟာ ထပ်မ ကျတော့ပေ ။ သူမ၏ လက်များကို ထုတ်ကာဖြင့် ချန်ရှန် ဆီ မှ ဆေးများကို လျင်မြန်စွာ ယူလိုက်ပါတယ် ။ အမြန် နှုန်းကို ကြည့်ရင်း ချန်ရှန် မျက်လုံးပြူးသွားပါတယ် ။
“ငါ့ကို အခု ခွင့်လွှတ် ပြီလား”
ချန်ရှန် ထိုင်ချကာ ချစ်စဖွယ် ကောင်မလေးကို ကြည့် ပြီး မေးလိုက်တယ် ။
ကောင်မလေး ဆေးများကို စားပြီးတယ့် အခါမှာတော့ ချန်ရှန် ကို ပြုံးကာဖြင့် –
“နောက်ဆယ်လုံးလောက်ပေးမယ် ဆိုရင်တော့ ခွင့် လွှတ်ပါ့မယ်လေ”
ချန်ရှန် ဒီလို ငယ်ငယ်လေးက ဒီလောက်သွက်လိမ့် မယ်လို့ မထင်မိပါ ။ ဒါတောင် နဂါးမွေးကာစ အဆင့်ပဲ ရှိ ပါသေးတယ် ။ အရွယ်သာ ရောက်လာပါက ဘယ်လိုများ တောင် ဉာဏ်ကြီးလိမ့်မလဲဟု မတွေးနိုင်တော့ပါ ။
ချန်ရှန်မှာ ချီဓာတ်ဆေးဟာ များစွာ ရှိပါတယ် ။ သူ အလုံး ၂၀ လောက်ထုတ်ပေးလိုက်တယ် ။ ကောင်မလေး ဟာလည်း အကုန်စားပစ်လိုက်ပါတယ် ။ ဒီအချိန် ကောင် မလေးဟာ ချန်ရှန် ကို မအောင့်နိုင်တော့တယ့် ပုံစံဖြင့် ကြည့်နေပါသေးတယ် ။ ချစ်စဖွယ် ကောင်းလှပြီး သနား စဖွယ် ပုံစံလေးကြောင့် စုမေးယို ထွက်ပြီး ဖက်ပစ်ချင်စိတ် ကို မနည်းအောင့်ထားရပါတယ် ။
ချန်ရှန် ဟာ ယခုအခါ ကလေးလေးအား သကြားလုံး ကျွေးနေရသလိုပါပဲ ။ ထို့နောက် နောက်ထပ် ၁၀ လုံးခန့် ထုတ်ကာ မေးလိုက်တယ် ။
“ကောင်မလေး ၊ မင်းက ဘယ်လိုပုံပြောင်း . . .”
“ကျွန်မ နာမည် လောင် ၊ ကျွန်မကို ကောင်မလေး လို့ မခေါ်နဲ့”
(လောင် ဆိုသည်မှာ – နဂါး ဟု အဓိပ္ပာယ် ရပါတယ်)
“လောင် ၊ ဘာလို့ မင်း ရှဉ့်ပုံပြောင်းရတာလဲ”
ချန် ရှန် မေးလိုက်တယ် ။
ကောင်မလေးက စပ်ဖြဲဖြဲဖြင့် –
“ခုနက ပဲ လောင် လို့ ခေါ်သေးတယ် ။ ဒီ အကိုကြီး က တော် တော် တုံးတာပဲ ။ ခင်ဗျား တုံးလှတာကြောင့် ကျွန်မ ကပဲ ပြောပြမယ် ။ ကျွန်မ က နဂါးပဲ ဘယ်သားရဲကို မဆို မြင်တာနဲ့ လိုက်ပြောင်းနိုင်တယ် ၊ ဘယ်လိုလဲ စွမ်းတယ် မလား”
ချန်ရှန် ပါးစပ် အဟောင်းသား ဖြစ်သွားတယ် ။ ကောင် မလေးဟာ နဂါး ဖြစ်ကြောင်း ရိပ်မိပေမယ့် ဒီလို မြင့်မားတဲ့ အစွမ်းမျိုး မရှိနိုင်ဘူးလို့ ထင်ခဲ့တာပါ ။ သူမကိုယ် သူမလည်း ဒီလို ထုတ်မပြောမိဘူး ထင်မိတာပါ ။
“ဟူးးးး ၊ ခင်ဗျား ကို ကျွန်မ က နဂါးလို့ ပြောဝံ့လိမ့်မယ် လို့ မစဉ်းစားမိဘူးမလား”
ကောင်မလေး က ရယ်လျက် ပြောပါတယ် ။
ချန်ရှန် အံ့သြသွားရပြန်ပါပြီ ။ ခုနကပဲ သူဒီလို တွေးမိ သေးတယ် မဟုတ်ပါလော ။
“အရူးပဲ ။ ကျွန်မက တော်တော် ဉာဏ်ကောင်းတယ် ။ ကျွန်မကို နဂါးဖြစ်ကြောင်း သိနေတယ် ဆိုတာကို ကျွန်မ သိပြီးသားပါ”
ကောင်မလေး နှင်းများကို လက်ဖြင့် ဆုပ်ကိုင်ကာ ဘောလုံးလို လုံးနေပါတယ် ။ စပ်ဖြဲဖြဲ ရယ်မောကာ ချန်ရှန် အား နှင်းလုံး ဖြင့် ပစ်ပေါက်လိုက်တယ် ။
နှင်းလုံးဟာ ချန်ရှန် ၏ မျက်နာကို ထိသွားပြီး ကောင် မလေး လည်း ပိုပျော်သွားပုံပါပဲ ။
“ကျွန်မ နာမည် လောင်ဆုရီ ၊ အသစ်မွေးဖွားလာတယ့် အဖြူရောင်နဂါး ပဲ”
လောင်ဆုရီ ရယ်မောကာ ပြောပါတယ် ။
“ခုနတုန်းက တစ်ယောက်ယောက် ကျွန်မကို နဂါးဖြစ် ကြောင်း ကျွန်မကို ထိန်းသိမ်း သင့်ကြောင်းပြောသံကြား လိုက်တယ် ။ ဟုတ်ရဲ့ လား”
ချန်ရှန် တော်တော် ကြီး တုန်လှုပ်သွားတယ် ။ ညီအမ ၂ ယောက်လည်းပဲ တုန်လှုပ်သွားကြပါတော့တယ် ။ ဒီ နဂါးပေါက်စ ကောင်မလေးဟာ သူတို့စိတ်ထဲက ပြောနေ သံကိုပင် ကြားနိုင်နေပါရောလား ။
လောင်ဆုရီ ချန်ရှန် ၏ လက်ကို စိုက်ကြည့်နေတယ် ။ ကွင်းလေးဟာ မမြင်နိုင်ပေမယ့် နဂါးလေးကတော့ မြင်နေ သလိုပါပဲ ။ ချန်ရှန် သူ့ အကြောင်းကို ဒီကောင်မလေးတော့ အကုန် သိနေပြီ ဆိုတာကို သိလိုက်တယ် ။
“ကောင်းပ ၊ တော်တော် အစွမ်းထက်တာပဲ ။ ယင် နဲ့ ယန် နတ်အတွင်းအား သွေးကြော ၊ ရှင်တို ဝိဉာဉ်တော် နဲ့ ခင်ဗျားရဲ့ ကျင့်စဉ်တွေဟာလည်း ကျွန်မတို့ရဲ့ အစွမ်းထက် ဆုံးတွေ ဖြစ်တဲ့ နဂါးသိုင်းနဲ့ ထိုက်ကျိ နတ်နဂါးသိုင်းစွမ်း အင်တွေပဲ ။ မိုးပြာနဂါးမိစ္ဆာ ဓားသွား ကိုလည်း ပိုင်ဆိုင် ထားသေးတာပဲ ။ အဲဒါ ကျွန်မတို့ နဂါးမျိုးနွယ် ရဲ့ မိုးပြာ နဂါး အကူအညီ နဲ့ လုပ်ထားတာလေ”
လောင်ဆုရီ ၏ မျက်နာလေးဟာ အနည်းငယ် လန့်နေ ပုံပါ ။ ဒီလို သာမန်လူတစ်ယောက်ဟာ ကောင်းကင်ဘုံ က ရတနာများကို ပိုင်ဆိုင်လိ့မ်မယ်လို့ မထင်မိပါ ။
ချန်ရှန် ကြောင်နေတုန်းပါပဲ ။ ကောင်မလေးကို တော် တော့ ကို အံ့သြမိနေပါပြီ ။
“ခင်ဗျား က ချန်ရှန် ဆိုတာ ဖြစ်မယ် ။ လူတွေ အကုန် လုံး ခင်ဗျားကို လိုက်ရှာနေကြတယ် ။ တောထဲမှာ လူများ စွာ ခင်ဗျား နာမည်ကို ပြောပြောနေတာ ကြားနေရတယ် ။ ခင်ဗျား ဟာ တော်တော် အစွမ်းထက်တယ့် လူဆိုတာ သိ ပြီးသားပါ”
လောင်ဆုရီ နှုတ်ခမ်းများ ကိုက်ကာ ချန်ရှန် ကို ဗိုက် ထပ်ဆာ နေဟန်ဖြင့် ကြည့်နေပါတယ် ။
ချန်ရှန် မှာတော့ အံ့သြလွန်းသဖြင့် သေနိုင်ပါတယ် ။ ဒီ ကောင်မလေး မှာ သူ၏ ဖြစ်ကြောင်းကုန်စင် အား အလုံးစုံ သိမြင်နေသည် မဟုတ်ပါလော ။
သက်ပြင်းတစ်ချက် ချကာဖြင့် ချီဓာတ်ဆေးများ ပါဝင် သော သေတ္တာတစ်လုံးအား ပေးလိုက်တယ် ။
“ကောင်မလေး ၊ ငါဟာ လူကောင်းတစ်ယောက်တော့ မဟုတ်ပေမယ့်လည်း မင်းကို ဒီလို အရာမျိုးတွေ နေ့တိုင်း စားဖို့ ပေးနိုင်မယ့်လူကို မင်းသေချာပေါက် ရှာတွေ့ မှာ မဟုတ်ဘူး”
ချန်ရှန် ပြုံးကာ ပြောလိုက်တယ် ။
စိတ်ကို လျော့ချကာဖြင့် ဒီကောင်မလေး သူ့ကို ပူးပေါင်း လာလိမ့်မည် ကို စောင့်ကြည့်လျက် ရှိတယ် ။
“တကယ်တော့ ကျွန်မသာ ကျွန်မရဲ့ နဂါး ပုံကို ပြောင်း လိုက် မယ် ဆိုရင် ကျွန်မအတွက် တော်တော် ဒုက္ခများ တယ် ။ ခင်ဗျားမှာ ကောင်းတယ့် အရာတွေ အများကြီး ရှိပါတယ် ။ ဒါပေမယ့် ကျွန်မနဲ့ တိုက်ခိုက်ဖို့တော့ စိတ်ကူး မယဉ်သင့်ဘူး”
လောင်ဆုရီ သူမ၏ ခေါင်းကို တဆတ်ဆတ် ငြိမ့်ကာ ဖြင့် ချီဓာတ်ဆေးများအား ဆန်စေ့များ ဝါးစားသလို စား နေ ပါတယ် ။ တော်တော် ဆာလောင် နေပုံပါပဲ ။
“ငါ မင်းကို ဒါတွေ စားဖို့ ပေးနိုင်တယ် ။ ငါ က မင်း နဲ့ ဘာလို့ တိ်ုက်ရမှာလဲ ။ အကူအညီ တစ်ချို့ သာပေးပါ ။ မင်း ဟာ ငယ်သေးပေမယ့် ငတုံး မဟုတ်ဘူုးလို့တော့ ထင်တာ ပဲ”
ချန်ရှန် ပြောလိုက်တယ် ။
လောင်ဆုရီ သူမပါးစပ်ထဲသို့ ဆေးများ ထိုးသိပ်ထည့် နေတယ် ။ ဝါးစားနေရင်း ချန်ရှန် ကို ကြည့်နေပုံမှာ အသည်းယား စရာပင် ။ သူမ၏ ပါးလေးများအား ထိချင် စိတ်အား မနည်းထိန်းထားရပါတယ် ။
“ခင်ဗျား ဘယ်လို ရှင်တို ဝိဉာဉ်တော်ကို လေ့ကျင့်လဲ မသိပေမယ့် နည်းလမ်းကို ရှင်သေချာမသိဘူး ဆိုတာတော့ သေချာတယ် ။ ဒါပေမယ့် ကျွန်မက သိတယ် ၊ ခင်ဗျား သိသင့်တာက ကျွန်မတို့ နဂါးတွေဟာ အစထဲက ဘာမှ မလေ့ကျင့်ခဲ့ဘူး ။ ရှင်တိုဝိဉာဉ်တော် ကိုသာ လေ့ ကျင့်ပြီး ကျွန်မတို့ ကိုယ်တွေ ပေါ်လာတဲ့အထိပဲ ။ နောက်ပြီး ကျမှ ကျွန်မတို့ ဥခွံတွေ ထဲ က ထွက်လာကြတာပေါ့”
လောင်ဆုရီ ချစ်စဖွယ် ပြောဆိုနေတာပဲ ဖြစ်ပါတော့ တယ် . . . ။