Chapter – 129 စစ်မှန်သောသိုင်းပညာနယ်ပယ်
အလှပဂေး ၂ ယောက်တို့ဟာ ချန်ရှန် သူမတို့၏ ကိုယ် သင်းရနံ့ များအား ခိုးရှူရှိုက်နေသည်ကို သိရှိကြတယ် ။ ချန်ရှန် ဟာလည်း ဘိုင်ယုယု ၏ လှပသောလက်လေးများ မှ အေးစက်စက် အရသာကို ခံစားနေရတယ် ။ ဒီလို ခံစား မှုမျိုး ကြာကြာ ခံစားရပါစေဟုပင် ချန်ရှန် ဆုတောင်းနေမိ ပါတယ် ။
ခဏကြာတယ့် အခါမှာတော့ ဘိုင်ယုယု ပါးစပ် အ ဟောင်းသား ဖြစ်ကာ လက်များကို ပြန်ရုပ်လိုက်တယ် ။ စု မေးယို အား ခေါင်းညိမ့်ပြကာ –
“ဒါအမှန် ပဲ ၊ ငါ ကလေးလေး ကို မြင်ခဲ့တယ်”
စုမေးယို အံ့သြသော အပြုံးတစ်ခု ပြုံးသွားတာကို မြင် လိုက်ရတယ် ။ ထို့နောက် သူမသည်လည်း ချန်ရှန် ၏ ပါး ကို ကိုင်ကာ သူမ၏ မျက်လုံးများကို မှိတ်လိုက်ပါတယ် ။
ချန်ရှန် စုမေးယို၏ ချစ်စရာကောင်းလှသော မျက်နာ လေးအား ကြည့်နေမိတယ် ။ ဒါတင်မက လှပသော ဖွံ့ ဖြိုး လှသော လျိုမြောင်လေး ကို လည်း မြင်နေရတယ့်အခါ ချန် ရှန် ဖွဖွလေး ကိုက်ပစ်ချင်စိတ်ပင် ပေါက်လာပါတော့တယ်။
“အဲဒိတော့ ၊ အဲဒိကလေးက ဘာလဲ”
ချန်ရှန် မသေချာသလို မေးလိုက်တယ် ။
စုမေးယို ပျော်ရွှင်ဟန်ဖြင့် ရယ်မောကာ –
“ဒါဟာ မင်း ပဲ ဒါပေမယ့် ကလေးလေးပေါ့ ။ တချိန် တည်းမှာပင် ဒါဟာ မင်းရဲ့ နတ်အတွင်းအား အာရုံအခြေ အနေ ပဲ ။ မင်းရဲ့ ဝိဉာဉ်လို့လည်း ပြောလို့ရတယ် ။ ဒါကို စိတ်လို့ ပြောလို့ရပေမယ့်လည်း မင်းရဲ့ နတ်အတွင်းအား အာရုံ နဲ့ မင်းရဲ့ ဝိဉာဉ် ပေါင်းစပ်မှုပုံစံပါပဲ”
“အဲဒါက စွမ်းအားကြီးလား”
ချန်ရှန် စုမေးယို ပျော်ရွှင်စွာ ရယ်မောနေပုံကို ထောက် ရှုခြင်းဖြင့် သာမန်တော့ မဟုတ်ဘူးဟု ထင်မိတယ် ။
“အလွန်ပဲ စွမ်းအားကြီးတာပေါ့ ။ မင်းဟာ ရှင်တို ရဲ့ ပထမ အဆင့်ကို ရောက်နေပြီလို့ ပြောလို့ရတယ်”
ဘိုင်ယုယု ခေါင်းညိမ့်ကာ ပြပါတယ် ။
“မင်းငါ့ကို ကတိပေးခဲ့တာတွေ အလကား မဖြစ်ဘူးလို့ တော့ မျှော်လင့်ပါတယ်”
*******စကားချပ်******
ရှင်တို ဆိုသည်မှာ ဝိဉာဉ်တော် နည်းလမ်း ဟု အဓိပ္ပာယ် ရပါသည် ။ စိတ်ဝိဉာဉ် ကို လေ့ကျင့်ခြင်း နည်း တစ်မျိုးပါပင် ။ ဂျပန် လူမျိုးတို့ ရိုးရာ အသုံးဖြစ်ပြီး အကျယ် ကို Wikipedia မှာ လေ့လာကြည့်နိုင်ပါတယ် ။
ရှင် တို တဲ့လား . . . ။
ချန်ရှန် စိတ်ရှုပ်ထွေးသွားတယ် ။ ဒါပေမယ့် ဘိုင်ယုယု ၏ မျက်လုံးများ မှ နွေးထွေးသော အရိပ်အယောင် ကို မြင်ရ သည့် အတွက် သူမ၏ အသိအမှတ်ပြုမှုတော့ ရရှိလိုက်ပြီ ဖြစ်ကြောင်း ချန်ရှန် သိလိုက်ပါတယ် ။ ဒီအချက်ဟာ ချန်ရှန် ကို တော်တော် စိတ်လှုပ်ရှားသွားစေမိတယ် ။ စုမေးယို ပြောခဲ့သလိုပင် သူဟာ ဘိုင်ယုယု ကို အနည်း ငယ် ပိုမိုနှစ်သက်သလိုပါပဲ ။ ဘာကြောင့်လဲဆိုတာတော့ မသိပေမယ့် ဘိုင်ယုယု နဲ့ ပတ်သတ်ပြီး သူဒီလိုအမြဲ ခံစား နေရတယ် ။ ဒီလှပတယ့် ရေခဲ မိန်းမပျိုဟာ သူမကို ချစ်ခင် လာစေအောင်ပင် စွမ်းဆောင်နိုင်သည်လား မသိနိုင်ပါချေ။
“ရှင်တို ဆိုတာ စိတ်ဝိဉာဉ်တော်ကို တာအိုနယ်ပယ် ထဲ ၀င်တာပဲ ။ မင်းရဲ့ နတ်အတွင်းအား အာရုံတွေကို လေ့ ကျင့် တာပေါ့ ။ ဒါဟာ သိုင်းပညာနဲ့ ကွဲပြားခြားနားတယ် ။ သိုင်းပညာစွမ်းအင် ဆိုတာကတော့ မင်းကိုယ်ရဲ့ အားအင် ကို အဓိက ထုတ်လွှတ်တာပဲ ။ ရှင်တိုကတော့ မင်းရဲ့ စိတ် ဝိဉာဉ်စွမ်းအားကို ထုတ်တာ ။ မင်းလေ့ကျင့်တာ အဆင့် တစ်ခု ရောက်ရင် မင်းရဲ့ စိတ်ဝိဉာဉ် ( လိပ်ပြာ ) ဟာ မင်း ကိုယ်ကို စွန့်ပြီး တခြား ကမ္ဘာတွေက်ိုတောင် သွားနိုင်တယ် ၊ ၎င်းကို မမြင်နိုင်ဘူး ၊ ဒါပေမယ့် ဒါဟာ သိုင်းပညာရှင်တိုင်း မက်တယ့် အိပ်မက်ပဲ”
ဘိုင်ယုယု ခပ်ပါးပါး ပြုံးပြီး ပြောလိုက်တယ် ။ ဒါဟာ အဘယ်ကြောင့်ဆိုသော် သူမလေ့ကျင့်သော ရက်စက်တဲ့ နတ်မိစ္ဆာ စွမ်းရည်ဟာ နောက်ပိုင်း မပျောက်ကွယ်ရင် သူမဟာ အလွန်ကို အစွမ်းထက်တယ့် လူတစ်ယောက် ဖြစ် လာမှာကြောင့်ပါပဲ ။
“မင်း စဉ်းစားကြည့်စမ်း ၊ မင်းက တော့ အိမ်မှာရှိနေ မယ် ။ မင်းရဲ့ စိတ်ဝိဉာဉ်ကတော့ ကောင်းကင် နဲ့ မြေကြီး အကြား လျှောက်သွားပြီး မြေလျိုးမိုးပျံနေမယ် ။ ထိုအရာ ကလည်း မင်းအားနဲ့ အတူတူပဲ ။ ဘယ်လောက် စွမ်းတယ် ဆိုတာ တွေးမိရဲ့ လား ။ နောက်ပြီး ကမ္ဘာကြီးရဲ့ ဝိဉာဉ် တော် ချီဓာတ်တွေကို အသုံးပြုပြီး မင်းရဲ့ ပုံစံကိုတော့ ပုံဖော်လို့ လိုတယ်”
စုမေးယို ဟာ စိတ်လှုပ်ရှားဟန် ဖြင့် ရှင်းပြပါတယ် ။ သူမဟာ ဒီလို အခြေအနေကို အရမ်းတောင့်တာနေတာ လည်း ဖြစ်ပါတယ် ။
“မသေနိုင် ပြီး ဖျက်ဆီးလို့ မရနိုင်မှာပဲ”
ချန်ရှန် တုန်လှုပ်လျက် တီးတိုး ရေရွတ်မိပါတယ် ။
“မှန်တယ် ။ ရှင်တို အဆင့်ကို ၀င်ရောက်ဖို့ မင်းဟာ အလွန် ရှားပါးပြီး သင့်တော်လှတယ့် အခြေအနေကို လိုအပ်တယ် ။ ဒီကလေးဟာ မင်းရဲ့ စိတ်ဝိဉာဉ်တော် အသစ် မွေးဖွားခြင်းပဲ ။ ဒီကလေး အရွယ်ရောက်လာတာနဲ့ မင်းနဲ့ ပုံစံတူလာမှာပဲဖြစ်တယ်”
ဘိုင်ယုယု ပြောပြပါတယ် ။
“အနာဂတ်မှာ မင်းဟာ နတ်အတွင်းအား အာရုံတွေကို လွယ်ကူစွာ ပြုလုပ်နိုင်မယ် ။ ဘယ်လိုအထူးပြုလုပ်ရမယ် ဆိုတာတွေတော့ ငါတို့လည်း သိပ်မသိဘူး ။ လူအများကြီး လည်း သိလောက်မယ် မထင်ဘူး ။ ဘာလို့လဲဆိုတော့ အနည်းးငယ်မျှသော လူတွေသာ ဒါကို လုပ်နိုင်တာမို့ပဲ”
စုမေးယိုက တခုခု နောင်တရနေဟန်ဖြင့် ပြောပါတယ်
ချန်ရှန် ရဲ့ ပုံစံဟာ ပျော်နေပုံပါ ။ တည်ဆောက်ရေး ဆေးအား အောင်မြင်သွားရုံမက သူ၏ နတ်အတွင်းအား အာရုံ၏ အဆင့်ဟာလည်း ခုန်တက်ခဲ့ပါပြီ ။ ရှင်တို ဆိုတဲ့ အဆင့်ကိုပါ ၀င်ရောက်နိုင်ခဲ့တာပါ ။ အထူးပျော်တယ့် အချက်ကတော့ ရေခဲမိန်းမပျို ဘိုင်ယုယု ၏ မျက်နာသာ ပေးမှုကို ရလိုက်တာပါပဲ ။
“ဒါတွေအားလုံးဟာ အမတော်တို့ရဲ့ အားပေးမှုတွေ ကြောင့်ပါ ။ ပထမပိုင်း ကျွန်တော့ကို အရှုံးပေးလိုက်ဖို့ အတွက် ပြောပေမယ့် အမတော်တို့ရင်ထဲမှာတော့ ကျွန်တော့ကို အောင်မြင်စေချင်ကြမယ် ဆိုတာ သိပါတယ် ၊ ကျွန်တော် ကလည်း အမတော်တို့ကို ထပ်မံ စိတ်မပျက် စေလိုတာကြောင့် ရှိသမျှ အစွမ်း အကုန်ထုတ်ရတာပဲ”
ချန်ရှန် ပြုံးနေတယ် ။ ဒီအပြုံးဟာ လှောင်ပြုံးမဟုတ် တာတော့ သေချာပါတယ် ။
“မင်းဆေးပညာအစွမ်းကို မြန်မြန် အသုံးချပြီး စစ်မှန် သော သိုင်းပညာနယ်ပယ်ကို ၀င်အောင်လုပ်”
ဘိုင်ယုယု လည်းပြန်ပြောလိုက်ပါတောတယ် ။ စုမေး ယိုလည်း ဘိုင်ယုယု ဘေးသွားကာ ခါးကို ဖက်လိုက်တယ်။ သူမမျက်နှာတွင် စိုးရိမ်မှုများ ပေါ်နေသလိုပါပင် ။
ချန်ရှန် မှာ ယခု ဆေးပင် ၇ စုံစာကျန်နေပါသေးတယ်။ သူလည်း ယခု သက်သာနေပြီ ဖြစ်တယ့်အတွက် ဆေး လုပ်ဖို့ ပြင်ဆင်ပါတယ် ။ အချိန်တမိနစ်မျှတောင် မဖြုန်းချင် တော့ပေ ။
၃ ရက်ကြာပြီးနောက် မှာတော့ ချန်ရှန် ဟာ တည် ဆောက်ရေးဆေး ၄ လုံး ပြုလုပ်နိုင်ခဲ့ပါတယ် ။ သူဟာ သုံး ကြိမ် ကျရှုံးခဲ့ပေမယ့် ဒီရလဒ်ကိုပဲ ကျေနပ်မိတယ် ။
ချန်ရှန် တည်ဆောက်ရေးဆေး ၅ လုံးကိုကြည့်ရင်း သက်ပြင်း ချမိတယ် ။ ဒီဆေးတစ်လုံးဟာ သလင်းကျောက် ၁၀၀၀၀ တန်ပါတယ် ။ ဒါခန့်မှန်ခြေသာ ရှိပါသေးတယ် ။ မူလက သူဟာ ဒီဆေးကို ရဖို့ ဆေးပညာရှင်တစ်ယောက် ကို အကူအညီ တောင်းဖို့ နည်းလမ်းသာ ရှိခဲ့တာပါ ။
ချန်ရှန် ဆေးကို သောက်လိုက်ပြီး စတင်လေ့ကျင့်ပါ တယ် ။ ချီဓာတ်များဟာ သူ၏ စွမ်းအင်သိုလှောင်ရာ အတွင်း မှာ ဒြပ်စင် အစေ့လေးများ အဖြစ် ဖိနှိပ်ခြင်း ခံ ကြရပါတယ် ။
သူဒီမှာ ပုန်းခိုနေတာဟာ ၈ လ ရှိနေပြီ ဖြစ်ပြီး သူ ဒါကို သတိမထားမိခဲ့ပါ ။ ဒါဟာ ရှောင်တိမ်းမှုအတွက် လုံလောက်ပြီ ဖြစ်ပြီး ဂိုဏ်းမှလည်း သူ၏ သတင်းကို မစုံ စမ်း နိုင်ခဲ့သေးပါ ။
လူများစွာ ထင်ထားတာကတော့ ချန်ရှန် ဟာ ဒဏ်ရာ အပြင်းအထန် ရပြီး နောက် သူ့ကိုယ်သူ ပြန်လည် မကုစား နိုင်တော့ပဲ တောနက်ထဲ သေကာ သားရဲများ စားခြင်း ခံ လိုက်ရပြီ ဟု ထင်နေကြတာပါ ။
ချန်ရှန် ဟာ တောင်အတွင်းမှာ ပုန်းအောင်းကာ ကျင့်ကြံနေခဲ့တာဖြစ်ပြီး သူ၏ ဆေး ၅ လုံးကိုလည်း စားပစ် လိုက်ပြီး ဖြစ်ပါတယ် ။ တည်ဆောက်ရေးဆေးထဲတွင် ပါသည့် ချီဓာတ်များမှာ သူခန့်မှန်းထားသည်ထက် များစွာ ပိုပြီး အစွမ်းထက်လှပါတယ် ။
ညအချိန် မှာတော့ နှင်းများဟာ ကျလျက်ရှိပြီး တောင် တစ်ခုလုံးဟာ နှင်းများဖြင့် ဖုံးလွှမ်းလျက် ရှိပါတယ် ။ ငွေ ရောင် လမင်းကြီးဟာလည်း ကောင်းကင်ယံတွင် ထိန်ထိန် သာလျက် နှင်းစက်များ ပေါ် ပက်ဖြန်းလျက်ပါ ။ လေအေး များကို ဖြတ်ပြီး အမည်ရောင် ကိ်ုယ်ကျပ်ဝတ်စုံ ၀တ်ထား သော လူတစ်ယောက်ဟာ ထွက်ပေါ်လာတယ် ။ သစ်ရွက် များ အပင်များကို ဖြတ်ကာ ဖြင့် ၎င်း ၏ အမြန်နှုန်းမှာ အံ့ မခန်းပါပင် ။ နှင်းစက်များပေါ်တွင် ခြေရာတောင်ထင်ကျန် ခဲ့ခြင်း မရှိပါဘူး ။
ဒီအချိန်မှာ ချန်ရှန်ဟာ ပျော်ရွှင်စွာ တရှိန်ထိုး ပြေးနေ တာ ဖြစ်ပြီး စိတ်လှုပ်ရှားမှုများဟာလည်း ဖော်မပြတတ် နိုင် လောက်အောင်ပင် ။ သူဟာ တောင်ကြားထဲမှာ အကြာ ကြီး နေထိုင်ရင်း ပျောက်ကွယ်နေခဲ့တာဖြစ်တယ် ။ အခု သူ ဟာ စစ်မှန်သော သိုင်းပညာ နယ်ပယ် ကို ရောက်ရှိသွား ပြီ ဖြစ်ကာ အသက်အငယ်ဆုံး သိုင်းပညာရှင်များထဲမှ တစ် ယောက်ပင် ။ သူ၏ အော်ဟစ်သံများမှာ တစ်တောလုံးကို မြည်ဟည်းလျက် သစ်ရွက်များပင် ကြွေကျလာခဲ့ရပါတယ်။
ချန်ရှန် ၏ စွမ်းအင် သိုလှောင်ရာအတွင်းရှိ သားရဲ ၅ ကောင် အတွင်းတွင် ဒြပ်စင် အစေ့လေး ၇ စေ့ဟာ လင်းလက် တောက်ပနေပြီး မိုးပြာနဂါး ကတော့ အစေ့ ၃ စေ့ တောက်ပနေတာ ဖြစ်ပါတယ် ။ ဒါတွေအားလုံးဟာ အခြေခံ တည်ဆောက်ရေး ဆေးမှ များစွာသော ချီဓာတ် များကြောင့် ပင် ဖြစ်ပါတယ် ။ စစ်မှန် သော သိုင်းပညာ နယ် ပယ် ဒုတိယ အဆင့် လို့ သူကိုယ်သူ ခန့်မှန်းမိသော်လည်း ပထမ အဆင့် လိုပါပင် ။ သူ၏ အားဟာ အဆင့်တူများ ကြားတွင် အမြဲသာလျက် ရှိလို့ပါပဲ ။
ချန်ရှန် လျင်မြန်စွာပင် ထွက်လာကာ ရနံ့ မြို့ တော်သို့ ဦးတည်လိုက်တယ် ။ အဖြူရောင် ကျောက်စိမ်းဆေး နှင့် ဒြပ်စင် ဆေးများ ပြုလုပ်ရန် ဆေးပင်များ ၀ယ်ချင်သော ကြောင့်ပါ ။ ဒါတွေကို ဘယ်လိုအောင်မြင်အောင် လုပ်ရ မည်ကို သိပြီးနောက် ဂိုဏ်းသို့ မပြန်ခင် အဆင့် ၄ လက်မှတ် ကို ရချင်သေးပါတယ် ။
လမ်းတစ်လျှောက်တွင် ချန်ရှန် ဟာ ချီဓာတ်ဆေးများ အား လေထဲ မြောက်ကာ ပါးစပ်ဖြင့် ဖမ်းနေတယ် ။ သူ့မျက် လုံး ထဲ မှာတော့ ဒီဆေးဟာ အပျင်းပြေ ဝါးနေရုံသာပင် ။
“စစ်မှန်သော သိုင်းပညာနယ်ပယ် ရဲ့ စွမ်းအား ဟာ အဆင့်တွေ နဲ့ မတူဘူးပဲ ၊ ငါအခု တောင်တစ်လုံးလုံး ကို တောင် အမှုန့် ခြေပစ်နိုင်လိမ့်မယ် လို့ ထင်နေတယ်”
ချန်ရှန် စိတ်လှုပ်ရှား စွာ ပြောလိုက်တယ် ။ သူ၏ ပါးစပ် ကို ဟ ကာ ချီဓာတ်ဆေးအား မြောက် ပစ်လိုက်ပါလေ တော့တယ် ။
ရုတ်တရက်ပဲ အဖြူရောင် အလင်းတစ်ချက် လက်ကာ သွားပြီး လေထဲမှ ဆေး သူ့ဆီ မရောက် မီ ဖြတ်ယူသွားပါ တယ် ။
“မျိုးမစစ် ၊ မင်းက တကယ်ပဲ ငါ့ဆီက နေ လုရဲတယ် ပေါ့”
ချန်ရှန် ဟာ လက်ရှိ သူ၏ အားကို မစမ်းသပ်ရသေးပါ ၊ တည်တည်ငြိမ်ငြိမ် ဖြင့် ပင် ရှိနေပြီး ယခု သူ့ကို လာရောက် စော်ကားသောကြောင့် စမ်းသပ်ဖို့ အခွင့်အ လမ်း ပေါ်ပြီပဲ ဖြစ်ပါတယ် ။
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံများကို ထုတ်လိုက်ပြီး မကြာခင်မှာပဲ တစ်စုံတစ်ခုဟာ အရှေ့ တည့် တည့် ပျံသန်းနေတယ် ဆိုတာ သိသွားတယ် ။ လျင်မြန်စွာ ပဲ အတောင်ပံများကို ထုတ်ကာ လိုက်တယ့် အခါ မှီလာ ပါ တော့တယ် ။ သူသာ သာမန် လမ်းလျှောက်လိုက်မည် ဆို ပါက မမှီနိင်သောကြောင့် တောင်ပံသုံးခြင်းပါ ။
“ဘာကောင်ကြီးလဲဟ ၊ မြန်လိုက်တာ”
ချန်ရှန် နည်းနည်း အံ့သြသွားတယ် ။ သူဟာ ယခု စစ် မှန်သော ပညာရှင် တစ်ယောက် ဖြစ်နေပြီး ဒါတောင်မှ ယခု ထိုအရာဟာ သူ့ထက် မြန်နေပါတယ် ။ ၎င်းကို ဖမ်းမိ ဖို့ရာ အလွန်ကို ခက်ခဲပါပေတယ် ။
မကြာခင်မှာပဲ တောအောက်ခြေမှ ရှဉ့်အဖြူ တစ်ကောင် ဟာ သစ်ပင်ကို ခုန်ကူးတာ တွေ့ လိုက်ရ ပါ တယ် ။ အမြန်နှုန်းကတော့ ကြောက်မခန်း လိလိပါပင် ။
ထိုအကောင်ဟာ လျင်မြန်လှသော သားရဲ ပါပင် ။
“ဒါသာမန် သားရဲတော့ မဟုတ်ဘူး ။ အရမ်းမြန်လွန်လှ တယ်”
စုမေးယို ရေရွတ် လိုက်ပါတော့တယ် . . . ။