Switch Mode

Chapter – 128

ရက်စက်သောနတ်မိစ္ဆာစွမ်းအင်

Chapter – 128 ရက်စက်သောနတ်မိစ္ဆာစွမ်းအင်

ချန်ရှန် နဂါးမီးတောက် မီးဖိုကို မဖွင့်သေးပါဘူး ။ ဒါပေ မယ့် အထဲမှာ တည်ဆောက်ရေးဆေး ရှိနေတယ်လို့ သူသိ နေပါတယ် ။ သူ၏ ရယ်သံ ၊ ထွက်နေသောချွေးများ ၊ စိုစွတ် နေသော မျက်လုံးများမှ သူယခုရလဒ်ကို အောင်မြင်စေရန် ဘယ်လောက်တောင် ခံစားခဲ့ရသလဲ ဆိုတာ ပြနေပါတယ်။
အသက်အားဖြင့် ၁၉ နှစ် ရှိတဲ့ လူငယ်တစ်ယောက် ဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေး ကိုတောင် မပြု လုပ်ရ သေးပါလျက် အခြေခံတည်ဆောက်ရေးဆေးကို တိုက် ရိုက်ပြု လုပ်ခဲ့ပါတယ် ။ စုမေးယို ပင် တော်တော့ကို အံ့အား သင့်လျက် ရှိနေတယ် ။ သူမထင်တာက ချန်ရှန် ဟာ သူယခု ပိုင်ဆိုင်ထားသော ဆေးပင်များ ကုန်စင်သည်ထိ မအောင်မြင်ပဲ သူအပင်များ ထပ်မံစိုက်ပျိုးကာ ပြန်လည် ဆေးပြုလုပ်ပေလိမ့်မည်ဟု ယုံကြည်ထားတာပါ ။ ယခု တော့ ချန်ရှန် ဟာ တကယ်ကို အောင်မြင်သွားခဲ့ပါပြီ ။ သူမ ဟာလည်း ဒီလို သိမ်မွေ့ အဆင့် ဆေးကို ပြုလုပ်ခဲ့တာ ၃ နှစ် မှ ၅ နှစ်လောက်ထိ ကြာမြင့်ခဲ့သောကြောင့် ချန်ရှန် ကို လည်း ဒီလိုသာ ဖြစ်လိ့မ်မယ်လို့ ထင်ခဲ့တာပါ ။
ချန်ရှန် လည်း ရယ်မောပြီးနောက်မှာပဲ အိပ်ပျော်သွား ပါလေတော့တယ် ။ သူအားအင်များ မရှိတော့သလိုကို ပင် ပန်းနေပြီ ပဲ ဖြစ်ပါတယ် ။
စုမေးယို နဲ့ ဘိုင်ယုယုတို့ မီးဖိုကို ဖွင့်ကြည့်လိုက်ကြ တယ် ။ သူတို့ဟာ အထဲမှာတော့ ရွှေရောင် နှင့် မိုးပြာရောင် တို့ ရောယှက်လျက် လှပလှသော သလင်းကျောက်ဆေး လေး တစ်ခုကို တွေ့ လိုက်ကြရတယ် ။ ဒါဟာ အခြေခံ တည်ဆောက်ရေး ဆေးပါပဲ ။ အရည်အသွေးကလည်း သူမတူပါဘူး ။ ချန်ရှန် ပြုလုပ်ခဲ့သော ဆေးတိုင်းသည် အရည်အသွေး ကောင်းမွန်နေတာတော့ မထူးဆန်းတော့ ပါချေ ။
“ဒီကောင်လေး ရဲ့ နတ်အတွင်းအား အာရုံက တကယ် ပဲ နဂိုထက်တောင် ကောင်းလာသလိုပဲ”
ဘိုင်ယုယု ချန်ရှန် ၏ နဖူးပေါ်သို့ သူမ၏ လှပလှသော လက်များဖြင့် ထိကာ အံ့သြတကြီး ပြောလိုက်တယ် ။
ဒါဟာ ဘိုင်ယုယု မှ ချန်ရှန် ကို ပထမဆုံး အကြိမ် ထိ လိုက်ခြင်းပါ ။ သူဟာ ပင်ပန်းလွန်းလို့ မျောနေသလိုသာ ဖြစ်ကာ အသိစိတ်တော့ ရှိနေပါသေးတယ် ။ သူ ဘိုင်ယုယု ၏ အထိအတွေ့ ကို သာယာစွာ ခံစားမိနေပါတယ် ။
“ညီမတော်လေး ၊ မင်းသူ့ကို သန့်ရှင်းပေးဖို့ မကူညီ ချင် ဘူးလား ။ မင်းက သူ့ကို ဆုချီးမြင့်တယ့် အနေနဲ့ နည်း လမ်း ကောင်းလေးတွေ သုံးလေ့ရှိတာကို သတိရမိလို့ပါ”
ဘိုင်ယုယု ပြုံးလျက် ပြောလိုက်တယ် ။
စုမေးယို လည်း ခပ်ဖျော့ဖျော့ ရယ်မောကာဖြင့် –
“အမတော် ၊ ဒီကောင်လေးက အမတော် အမတော် လုပ်ပေးတာ ပိုကြိုက်လိမ့်မယ်ထင်တယ် ။ သူနဲ့ ကျွန်မ ဟာ ပိုမို ရင်းနီးကြပေမယ့် အမတော်သာ သူ့ကို နူးနူးညံ့ညံ့ ဆက်ဆံပြီး လုပ်ပေးရင် သူသေမတတ်ကို ပျော်သွားလိမ့် မယ်လို့ ကျွန်မ ထင်တယ် ။ အမတော် ရဲ့ သဘောကျမှုကို ပို လိုအပ်နေမှာပါ”
ဘိုင်ယုယု ပုံစံဟာ အေးစက်သွားတယ် ။ သူမ၏ ရေခဲ လို ဖြူဖွေးသော မျက်နာလေးမှာလည်း ရဲလို့သွားပါတယ် ။ ထို့နောက် အေးစက်စွာဖြင့်ပင် –
“မဟုတ်တာတွေ မပြောစမ်းပါနဲ့ ။ မင်းရဲ့ ခန္ဓာကိုယ်ကို သူ ဘယ်လိုကြည့်လဲ မသိဘူးလား ။ မင်းအ၀တ်တွေကို ဆွဲ ချွတ်ပစ်ဖို့လည်း သူက ၀န်လေးမှာ မဟုတ်ဘူး ။ အရင်ထဲ က သူက မင်းကို ပိုနှစ်သက်တာပါ ။ နောက်ပြီး ပြီးခဲ့တဲ့ အချိန်တုန်းကလည်း မင်းသူ့ကို နမ်းလိုက်သေးတယ် မလား ။ အဲဒိထဲက ဒီကောင်လေး ၀က်လို ဖြစ်သွားတော့ တာပဲ”
စုမေးယို လည်း ရယ်မောကာဖြင့် ချန်ရှန် ၏ အ၀တ် အစားများအား ချွတ်ပေးပါတယ် ။ ချန်ရှန် ဟာ အခုတော့ အ၀တ် အစား ကင်းမဲ့လို့ နေပါပြီ ။ စုမေးယို မျက်နှာမှာ လည်း ရဲတွတ် လျက် ရှိပါတယ် ။
“ဒီကောင်လေး ဟာ သူ့ကိုယ်သူ တော်တော် နှိပ်စက် ခဲ့တာပဲ ။ ဘာပဲဖြစ်ဖြစ် အခု သူ့ကိုယ်ဟာ လက်စွပ်ထဲမှာ တုန်းက မြင်ရတာထက် အများကြီး ပိုကြည့်ကောင်းတယ်”
စုမေးယို ပြုံးကာဖြင့် ချန်ရှန် ကိုယ်အား ဆေးကြော ပေး ရင်း ပြောပါတယ် ။
“အမတော် ၊ လာကူပါဦး ၊ ကျွန်မတို့ သူ့ကိုယ်ကို မြင်ဖူး ပြီးသားပဲမလား ၊ သူ့အတွက် အခု တခုခု မလုပ်ပေးချင် ဘူးလား”
စုမေးယို ရယ်မောကာ မေးလိုက်တယ် ။
လက်ရှိမှာတော့ ချန်ရှန် ဟာ ပြင်းပြင်းထန်ထန် လေ့ ကျင့် ခဲ့မှု များကြောင့် မလှုပ်နိုင်ပါဘူး ။ ဒါပေမယ့် အမျိုးသမီး ၂ ဦး၏ အပြန်အလှန် ပြောနေသံများကိုတော့ ကြားနေရတယ် ။ ထူးခြားတယ့် ခံစားမှုတစ်မျိုးပင် ဖြစ်ပေါ် မိပါတယ် ။
ဘိုင်ယုယု လည်း လာရောက်ကာ အေးစက်စက်ဖြင့် –
“သူ့ကိုယ်ကို ဘယ်နကြိမ် မြင်ဘူးလဲဆိုတာကို မမှတ် မိတော့ဘူး ။ ဒါပေမယ့် ငါဒေါသမပြေသေးဖူး ဖြစ်နေတယ်”
ဒီလိုပြောပေမယ့်လည်း ဘိုင်ယုယု သဘက်တစ်ထည် ဖြင့် ချန်ရှန် အား သုတ်ပေးပါတော့တယ် ။
ချန်ရှန် ရှက်မိသွားတယ် ။ ဒီအမျိုးသမီး ၂ ယောက် သူ့ ကို ကွင်းအတွင်းမှ တကယ်ကို ထပ်တလဲလဲ ချောင်းကြည့် ဖူးတာပဲ ။ တချိန်တည်းမှာ ပျော်လည်း ပျော်သွားခဲ့တယ် ။ ဒီလို ခံစားမှုမျိုးက စိတ်ကျေနပ်မှုများ ပေးသည် မဟုတ်ပါ လော ။
“အမတော် ၊ တစ်နေ့မှာ အမတော် က ကျွန်မကို မလို အပ်တော့မှာကို စိုးရိမ်မိတယ်”
စုမေးယို က ပြောပါတယ် ။ သူမမျက်နာမှာ စိုးရိမ်ပူပန် မှုများအား မြင်တွေ့ နေရပြီး ဘိုင်ယုယု ကတော့ ချန်ရှန် အား သန့်စင်ပေးလျက် ရှိနေတယ် ။
ဘိုင်ယုယု လည်း တခဏမျှ ငြိမ်သက်သွားကာ သက်ပြင်းချပြီး –
“ငါ့ရဲ့ အမုန်းတရားတွေ ပြေတယ့်အချိန်ကျ ငါ ရက်စက် တဲ့ နတ်မိစ္ဆာ စွမ်းရည်ကို မသုံးတော့ဘူး ။ အဲဒိအခါ မင်းငါ့ ကို ငါကွယ်ရမယ်”
စုမေးယို ပြုံးကာဖြင့် –
“မစိုးရိမ်ပါနဲ့ ၊ အဲဒိအချိန် ဒီကောင်လေး အမတော် ကို ကာကွယ် ပါလိ့မ်မယ်”
ပြောနေရင်း ချန်ရှန် ရင်ဘတ်အား ပုတ်လိုက်တယ် ။
ဘိုင်ယုယု ဘာမှထပ်မပြောတော့ပါ ။ ချန်ရှန် ဟာ နောင် အနာဂတ်တွင် အရမ်းကို စွမ်းအားကြီးလာလိမ့်မယ် ဆိုတာကို သူမသိပါတယ်။ ဒါကြောင့် သူမကို ကာကွယ် ဖို့ ဆိုတာ ပြသနာ မရှိပါဘူး ။ ဒါပေမယ့် အဲဒိအချိန် သူမ မှာ စွမ်းအား မရှိတော့တယ့် အခါ မည်သူမျှ ဂရု မစိုက်တော့မှာ ကို စိုးရိမ်နေမိတယ် ။
“အမတော် ၊ ဆရာက ဒီ ရက်စက်တဲ့ နတ်မိစ္ဆာ ကျင့်စဉ် ကို ကျွန်မတို့အတွက် ကျင့်ခဲတယ် ။ အမတော် ကို ဒီလို တော့ မလုပ်စေချင်ဘူး”
စုမေးယို ကပြောတယ် ။
“ငါသိပါတယ် ။ ငါ့အတွက် မစိုးရိမ်နဲ့ ၊ ငါ့မှာ အသိရှိပါ သေးတယ်”
ဘိုင်ယုယု ပုံစံမှာ အနည်းငယ် စိတ်ရှုပ်ထွေးဟန် ပေါ် နေ ပါတယ် ။
ချန်ရှန် ဒီလို အလှပဂေး ညီအမ ၂ ယောက်တွင် ဒီလို မျိုး ဇာတ်လမ်းတွေ ရှိလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါ ။ ဒါပေ မယ့် စုမေးယိုဟာ ဘိုင်ယုယု မှ တစ်စုံတစ်ခု ပုန်းကွယ် ထားတာ ရှိလိမ့်မည် ဟု အမြဲ ခံစားမိနေပါတယ် ။
ချန်ရှန် စုမေးယို တို့၏ ပြုစုပေးမှု ကြောင့် တော်တော် သက်သာ လာပြီ ဖြစ်ပါတယ် ။ ရုတ်တရက် ထလိုက်ကာ သူ၏ အ၀တ်အစားများကို ယူပြီး ၀တ်လိုက်တယ် ။
“ကျေးဇူးပါ အမတော်တို့”
စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာ ချန်ရှန် ကိုယ်ကို အကြိမ် များစွာ ထိတွေ့ ခဲ့တယ် ။ သူတို့ဟာ ချန်ရှန် အား ဒီအဖြစ် အပျက် ကို မပြောလိုကြချေ ။ ချန်ရှန် ယခု လို ရုတ်တရက် ထလိုက်သည့် အတွက် သူမတို့ ရှက်ရွံ့ ဒေါသထွက်သွား စေမိသွားပါတယ် ။ သူမတို့ ဟာ ရှက်သွေးများ ဖြာလျက် အံကြိတ်ကာ ချန်ရှန် အား ကြည့်နေကြတယ် ။
“မင်းနိုးနေတာလား”
ဘိုင်ယုယု အေးစက်စွာ မေးလိုက်တယ် ။ ခုနက အပြု အမူ နှင့် အပြောအဆိုများဟာ တမျိုးရှက်ဖို့ကောင်းနေပါ တယ် ။
ချန်ရှန် စပ်ဖြဲဖြဲ ဖြင့် –
“မဟုတ်ပါဘူး ။ ကျွန်တော် နိုးခါစပဲ ရှိသေးတယ် ။ အမ တော် တို့ ကျွန်တော့ ကို ဒီလို ဂရုတစိုက် လုပ်ပေးလိမ့်မယ် လို့ မတွေးမိခဲ့ဘူး”
“မင်း ငါ့ ကို အမှန်တိုင်းပြောစမ်း ၊ မင်းး ငါနဲ့ ငါ့ညီမ တို့ ပြောတာတွေ ကြားလား မကြားဘူးလား”
ဘိုင်ယုယု ၏ အသံ နဲ့ ပုံစံဟာ အေးစက်လျက် ရှိပြီး ချီဓာတ်များပင် ထွက်ပေါ်နေတာကြောင့် ချန်ရှန် တုန်လှုပ် သွားတယ် ။
“ဟုတ်တယ် ။ ဒါပေမယ့် ကျွန်တော် အာရုံစိုက်လို့ မရ ပါဘူး ။ ကျွန်တော့ ကိုယ်ရဲ့ အာရုံတွေဟာ မဲ့နေပြီး ဒါပေ မယ့် နတ်အတွင်းအား အာရုံကတော့ ကျန်သေးတာပေါ့”
ချန်ရှန် အမှန် တိုင်း ပြောလိုက်တယ် ။ ဘိုင်ယုယု ၏ ပုံစံ ပိုမို ဒေါသထွက်လာတာကို ကြည့်ရင်း အလျင်အမြန် ပင် –
“အမတော် ယုယု ၊ အမတော် တို့ ချောင်းကြည့်တာကို ဘယ်သူ့ကို မှ မပြောပါဘူး ။ ကျွန်တော် အမတော်ကို လည်း သေချာပေါက် ကာကွယ်ပေးမှာပါ ။ ရက်စက်တဲ့ နတ်မိစ္ဆာ စွမ်းအင်ဟာ လူတွေကို ဘာလုပ်နိုင်တယ် ဆိုတာ မသိပေမယ့် အမတော်အတွက် တော်တော်ပဲ စိုးရိမ် မိပါ တယ်”
“အဲဒါတွေ မေ့လိုက်တော့”
ဘိုင်ယုယု သူမ၏ မျက်လုံးများကို မှိတ်ကာသက်ပြင်း ရှည်ကြီး ချလိုက်တယ် ။ ခုနက ပြောခဲ့တာတွေကို ပြန်ပြီး တွေး မိတယ့်အခါ သူမ တော်တော် အနေခက်နေပုံပါ ။
ဘိုင်ယုယု က တော့ မေ့ပစ်ဖို့ ကြိုးစားနေပေမယ့် စုမေး ယို ကတော့ ဒီလို မဟုတ်ချေ ။ သူမဟာ ရှက်ရွံ့ ပေမယ့် ချန်ရှန်ဘေးလာကာ သူ၏ လက်မောင်းကို ဆွဲဆိတ်လိုက် ပါတယ် ။ ဒါပေမယ့် သူမ အားမသုံးလိုက်ပါ ။ ချန်ရှန် ဖြစ်နေတာကြောင့် ပါပဲ ။
“ငါ့စိတ်တွေကို မင်းအတွက် ဖြုန်းနေမိတာပဲ ။ မင်းက အိပ်ချင်ယောင်ဆောင်ပြီး ငါနဲ့ ငါ့အမကို တမင်သက်သက် ကစားနေတာ”
စုမေးယို စိတ်တိုစွာ ပြောလိုက်တယ် ။ ဒါဟာ သူမ၏ ဒေါသတကြီး အမူအယာအား ချန်ရှန် ပထမဆုံးအကြိမ် တွေ့ ဖူးခြင်းပါ ။ ဒီလိုပုံစံလေးကပင် တမျိုးလေး ချစ်စရာ ကောင်းသည်ဟု သူစိတ်ထဲ မှတ်ယူလိုက်တယ် ။
“အမတော် မေးယို ၊ အမတော်က စိတ်တိုတယ့်အချိန် မှာတောင် တကယ်ကို ချစ်ဖို့ ကောင်းတာပဲ”
ချန်ရှန် ဘာတွေ မှားနေလဲ မသိပေမယ့် စိတ်ထဲ ရှိတယ့် အတိုင်း အမှန် ပြောလိုက်တယ် ။ ဒါကပင် စုမေးယို အား ပိုမိုဒေါသထွက်သွားစေတယ် ။
ချန်ရှန် ခေါင်းကုတ်လိုက်ပြီး ပြုံးကာ –
“အမတော်တို့ ၊ ကျွန်တော့ ကိုယ်ရဲ့ ဘယ်နေရာက ကြည့်ကောင်းလဲဗျ ၊ အမတော်တို့ ဘယ်နခါ ကြည့်ဖူးလဲ”
ဘိုင်ယုယု အဖြေမပေးပေ ။ သူမ၏ မျက်လုံးများဟာ မှိတ်လျက်ပင် မကြားချင်ယောင် ဆောင်နေပါတယ် ။ စုမေးယို ဟာလည်း ဆွံ့ အလျက် ရှိနေပါတယ် ။ သူမတို့ ဟာ အမှန် တိုင်း ပြောရန် ၀န်လေးလျက်ရှိပြီး သူတို့ဟာ တကယ်ပဲ ခိုးကြည့်ခဲ့ကြလို့ ဖြစ်ပါတယ် ။
“နောက် ထပ် မပြောနဲ့တော့”
ဘိုင်ယုယု အေးစက်စွာ အမိန့်ပေးလိုက်တယ် ။ သူမ ဟာ တကယ်ကို ဂရုမစိုက်ပေမယ့် ချန်ရှန် ဒီအကြောင်း အရာများ ပြောတာကို ရပ်တန့်ရန် ဟောက်လိုက်ခြင်း ဖြစ် ပါတယ် ။
စုမေးယို လည်း စိတ်လျော့ကာဖြင့် စကားလမ်းလွှဲ လိုက်ပါတယ် ။
“မင်းရဲ့ ဆေးလုပ်တယ့် အကြောင်းပြောပါဦး ။ မင်းရဲ့ နတ်အတွင်းအား အာရုံတွေ ဘယ်လို ရသွားတာလဲ”
ဒါကို ပြောလိုက်တယ့် အခါ ချန်ရှန် လည်း ပဟေဠိ ဖြစ် နေသဖြင့် သူကြုံခဲ့ရတာကို လျင်မြန်စွာ ပြောပြလိုက် ပါတယ် ။
“မင်းတကယ်ပဲ ကလေးလေး တစ်ယောက်ကို တွေ့ ခဲ့ တာလား”
ဘိုင်ယုယု အလျင်စလို မေးကာ ချန်ရှန် ဘေးနားသို့ ရောက်လာပါတယ် ။
ချန်ရှန်လည်း ခေါင်းညိမ့်လိုက်တယ့် အခါ စုမေးယို မှ ဘိုင်ယုယု ထံ တုန်လှုပ်ဟန် ဖြင့် ကြည့်လိုက်တယ် ။
“အေးဆေးနေ ၊ မလှုပ်နဲ့ ။ မင်းရဲ့ အခြေအနေကို ကြည့်မလို့”
ဘိုင်ယုယု သူမ၏ လက်နှစ်ဖက်အား ထုတ်ကာ ချန် ရှန် ၏ ပါးအား ထိလိုက်တယ် ။
ချန်ရှန် မျက်နှာတွင် အေးစက်ညင်သာသော လက် ၏ အထိအတွေ့ ကို ခံစားလိုက်မိတယ့် အတွက် အော်လိုက် မိတယ် ။
“အေးနေတာပဲ ၊ အမတော်ယုယု ၊ အမတော် ကျွန်တော့ မျက်နာကို ထိတာ တော်တော် နေလို့ကောင်း တယ်”
“မဟုတ်တာတွေ ပြောမနေနဲ့”
ဘိုင်ယုယု အေးစက်သော လေသံဖြင့် တီးတိုးပြော လိုက်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset