Switch Mode

Chapter – 127

တစ်စို့ခြင်း

Chapter – 127 တစ်စို့ခြင်း

ပထမ အကြိမ် တည်ဆောက်ရေး ပြုလုပ်တဲ့အခါ ချန်ရှန်ဟာ ကျရှုံးခဲ့ပါတယ် ။ ဒီအခြေခံ တည်ဆောက်ရေး ဆေးဟာ အဆင့်မြင့် ဝိဉာဉ်တော်ဆေးများလိုပဲ ပြုလုပ်ရ တော်တော် ခက်ခဲတယ် ဆိုတာကို တွေ့ လိုက်ရတယ် ။ ဒါတင်မက ဒြပ်စင်ဆေး နဲ့ အဖြူရောင်ကျောက်စိမ်း ဆေး တို့ထက် ပင် ပြုလုပ်ရတာ ဆယ်ဆ ခက်ခဲတာပါ ။ ဒီလို အဆင့်မြင့် ဝိဉာဉ်တော် ဆေးများပြုလုပ်ခြင်းမှာ ချန်ရှန် ဟာ ကျရှုံးခဲ့ပေမယ့်လည်း အတွေ့ အကြုံများစွာ ရရှိခဲ့ပါ တယ် ။
တကယ်လို့ တစ်ယောက်ယောက်ဟာ ဆေးပင် အလုံ အလောက် မရှိပါက သူတို့ဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေးများကို ပြုလုပ်ရန် ကြိုးစားမည်မဟုတ်ပေ ။ သူတို့ ဒီ လို တည်ဆောက်ရေးဆေး လုပ်မည်ဆိုလျှင်တောင်မှ အဆင့်နိမ့် သိမ်မွေ့ ဆေးများကို အရင်လုပ်ကြမည် ဖြစ်ပါ တယ် ။ ချန်ရှန် ယခုလို ဆေးပင်အဖိုးတန်များစွာ အသုံး ပြု ကာ တည်ဆောက်ရေးဆေးအား လုပ်နေသည်ကို ဆေး ပညာရှင်ကြီးများ သိပါက သေအောင်ဆူပါလိ့မ်မယ် ။
ဒီလို အရာတွေဟာ ချန်ရှန် အတွက် မရှားပါးလှပါ ။ သူ့ကိုသာ အချိန်တချို့ ပေးလိုက်ပါက လိုအပ်သလောက် ကို သူဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ် ။ မျိုးစေ့ပေးတာနဲ့ သူ၏ နဂါးတံတွေးကို အသုံးပြုကာ မိုးပြာအသီးလို အသီးကိုပင် တစ်လ လောက်နဲ့ အလုံး ၂၀ လောက်ရရှိအောင် စွမ်း ဆောင် နိုင်တာပဲ ဖြစ်ပါတယ် ။
အခြေခံတည်ဆောက်ရေးဆေး ပြုလုပ်ရန် ချန်ရှန်ဟာ နဂါးတံတွေးကိုလည်း ပြုလုပ်ထားပါတယ် ။ အဘယ် ကြောင့်ဆိုသော် ယခုလက်ရှိ ဆေးပင်များ နှင့် ဆေးလုပ် ရာတွင် လောက်ငှမှု မရှိမှာ စိုးသောကြောင့် ဖြစ်ပါတယ် ။
အချိန်တွေ ကုန် ဆုံးသွားတာ ရက် ၂၀ လောက်ကြာ တဲ့ အခါမှာတော့ ချန်ရှန် တည်ဆောက်ရေးဆေး ပြုလုပ် ရာမှာ အကြိမ် ၅၀ လောက်ကို ကျရှုံးခဲ့ပါတယ် ။ သူ့မှာ ယခု ဆေးပင် ၈ စုံစာ သာ ရှိပါတော့တယ် ။
“တည်ဆောက်ရေးဆေးက အဖြူရောင် ကျောက်စိမ်း ဆေး နဲ့ ဒြပ်စင် ဆေး ထက်ကို ခက်နေတာပဲ ။ ငါအောင် မြင်တော့မယ်လို့တော့ ထင်နေတယ်”
ချန်ရှန် စိတ်လှုပ်ရှားနေမိတယ် ။ အကြိမ်များစွာ ကျရှုံး ပြီးတဲ့နောက်မှာ သူဟာ လိုအပ်ချက်များကို နားလည်လာ ပြီး သိမ်မွေ့ တဲ့ ခံစားမှုမျိုးကို ခံစားမိနေပါတယ် ။
စုမေးယို ဟာလည်း သူမ၏ အတွေ့ အကြုံများအား ချန် ရှန်ကို ပြောပြခဲ့ပြီးဖြစ်တယ် ။ လိုအပ်တယ့် အရေးကြီး သော အချက်အလက်များအား ချန်ရှန် လမ်းလွဲမှုမရှိစေရန် အတွက် ပြသ ပေးလေ့ရှိပါတယ် ။
ချန်ရှန် ဟာ အောင်မြင်စွာ ဆေးပြုလုပ်နိုင်မယ့် အဆင့် ကို တဖြည်းဖြည်းချင်း နီးလာပါပြီ ။ ယခုတော့ သူဟာ နောက်ဆုံး အဆင့်ဖြစ်တယ့် ဆေးခဲခြင်းအဆင့်ကို ရောက် ရှိနေပြီ ဖြစ်ပါတယ် ။ သူသာ ဒါကို အောင်မြင်စွာပြုလုပ် နိုင် သွားမည် ဆိုပါက ဒြပ်စင်ဆေး နှင့် အဖြူရောင်ကျောက် စိမ်း ဆေးတို့ ပြုလုပ်တယ့် အခါမှာ ပိုမို လွယ်ကူလိမ့်မယ် ဟု ယုံကြည်နေပါတော့တယ် ။
နဂါးမီးတောက် မီးဖိုမှာ အနီရောင် အလင်းတန်းဟာ ဖြာ ထွက် နေပါတယ် ။ အချိန်တိုင်း ချီဓာတ်အပူတွေဟာ ထွက်နေကြပြီး ချန်ရှန် သူ၏ လက်ကို မီးဖိုပေါ်မှာ တင်ထား ကာ ချီဓာတ် များနှင့် နတ်အတွင်းအား အာရုံများကို ထည့် သွင်း လျက်ရှိပါတယ် ။
ဒီအချိန်မှာ ချန်ရှန် ၏ စိတ်ဟာ မီးပင်လယ်ကြီးပါပင် ။ များစွာသော ဆေးပင်တွေဟာ အမျိုးမျိုးသော အပူချိန် နှင့် ဖုတ်ခြင်း ခံနေရတာဖြစ်ပါတယ် ။ သူ ဆေးပင်များကို အမှုန်များ အဖြစ်သို့ ဖြည်းညင်းစွာ ပြောင်းနေတယ် ။ အရောင်အမျိုးမျိုးသော ချီဓာတ်များဟာလည်း မီးဖိုမှ ထွက် နေလျက် ရှိပြီး ချန်ရှန် ဟာ နတ်အတွင်းအား အာရုံများ သုံး ကာ ဝိဉာဉ်တော် ချီဓာတ်များအား ပေါင်းစည်းသွားကြစေ ရန် ဖိနှိပ် ဖျစ်ညှစ်လျက် ရှိပါတယ် ။
ဒီလို ဆေးပင်များကို မီးပင်လယ်အတွင်း အမှုန်များ ဖြစ်သွားစေရန် ပေါင်းစပ်သောအခါ နည်းနည်းလေးမျှ မီးလောင်ကျွမ်းသွားလို့ မရပေ ။ တကယ်တော့ ဒါဟာ ဆေး ပညာ ရှင်၏ နတ်အတွင်းအား အာရုံကို စမ်းသပ်မှု တစ်ခုဟုလည်း ပြောလို့ ရပါပေတယ် ။
နဂါးမီးတောက် မီးဖို အတွင်း မီးတောက်များဟာ ၁၀ ရက် ၁၀ ည တိုင်တိုင် လောင်ကျွမ်းနေလျက် ရှိတယ် ။ ဒါပေမယ့် အပြင်က ကြာချိန်မှာတော့ နာရီဝက်သာ ရှိသေး ပေသည် ။ ဒီလိုအချိန်မှာတောင် ဆေးပင်များဟာ ပြည့်ဝ စွာ ပေါင်းစပ်ခြင်း မရှိကြသေးပေ ။
အခုချိန်မှာ ချန်ရှန်ဟာ ချွေးများတော်တော် ထွက် နေ ပါပြီ ။ သူ၏ ချီဓာတ်များဟာ အလွန် ပြင်းထန်သောကြောင့် ချီဓာတ်များ ကုန်ဆုံးသွားမည်ကို တော့ စိုးရိမ်စရာမလိုချေ ၊ ဒါပေမယ့် နတ်အတွင်းအား အာရုံများကို တော့ တော် တော် အားစိုက်ထည့်နေရာဖြစ်ပြီး အဘယ်ကြောင့်ဆို သော် သူ၏ ထိုအာရုံများအား အမှုန့်များစွာပေါ်မှာ နစ်မြုပ် ထားကာ တချိန်တည်းမှာပင် ပြင်းထန်လှသော ဝိဉာဉ် တော်ချီဓာတ်များနှင့် ပေါင်းစပ်နေရသော ကြောင့် ဖြစ်ပါ တယ် ။
ဒီလို အားကောင်းလှတယ့် နတ်အတွင်းအား အာရုံများ ၏ လှုံ့ ဆော်မှုများကြောင့် ချီဓာတ်များဟာ တဖြည်းဖြည်း ဖြင့် ပေါင်းစပ်လာကြတယ် ။ အခု အရေးကြီးဆုံး အဆင့် ဖြစ်သော ချီဓာတ် များနှင့် အမှုန်များကို ပေါင်းစပ် အခဲပြု လုပ်ရန် ပဲ ကျန်တော့ပါတယ် ။ ဒီဖြစ်စဉ်တွင် အမှားတစ်ခု ကို မျှ လက်မခံပါချေ ။ ချီဓာတ် မလုံလောက်တာပဲ ဖြစ်စေ ၊ ဆေးအမှုန်များ အနည်းငယ် ပြန့်လွင့်ရင်ပဲ ဖြစ်စေ တစ်ခုခု ဖြစ်ပါက အရာအားလုံးဟာ အလကား ဖြစ်သွားပေ မည် ။
ဒီအဆင့် မှာကိုပဲ ချန်ရှန်ဟာ အကြိမ်များစွာ ကျရှုံးပြီး ပြီ ဖြစ်ပါတယ် ။
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံများကို အသုံးပြု ကာ ဆေးအမှုန်များမှ ဆေးအခဲအဖြစ် တဖြည်းဖြည်း ပြောင်းလဲနေတယ် ။ ဒီအချိန်မှာ ချန်ရှန် နဂါးတံတွေးများ အား တစ်စက်ချင်းချနေပြီး ဆေးခဲရန် အဆင့်ကို ပြုလုပ် နေ ပါ တယ် ။ ထိုအချိန်မှာပဲ မီးဖိုကြီးဟာ ပေါက်ကွဲသွား ပါ တော့တယ် ။
နဂါးမီးတောက် မီးဖို ဟာ တော်တော်ကို တုန်သွားပါ တယ် ။ ချန်ရှန် ၏ မျက်နှာမှ ချွေးများဟာ မိုးပေါက်များလို စီးကျ နေပြီး မျက်ခုံးများဟာလည်း ရှုံ့ တွလျက် ရှိပါတယ် ။ သူ၏ ပုံစံမှာ ဖြူဖတ်ဖြူလျော်ဖြင့် ယခုအခါမှာတော့ ဒီဆေး ကို အခဲ ပြုလုပ်ခြင်းဟာ နဂါးမီးတောက် မီးဖိုကို ပင် ပေါက် ကွဲစေတယ် ဆိုတာကို နားလည်သွားပါတယ် ။
စုမေးယို သူမ၏ လှပသော လက်မှာ ပိုးသားပဝါ လေး ကို ကိုင်ထားတယ် ။ စိုးရိမ်စွာဖြင့် ချန်ရှန်အား ကြည့်နေ လျက် ရှိပြီး ဘိုင်ယုယု ၏ မျက်လုံးများမှာလည်း ပြူးကျယ် လျက် ရှိပါတယ် ။ ချန်ရှန်ကို အားပေးတယ့်အကြည့်များ ဖြင့် ကြည့်နေကြတယ် ။
“ငါတစ်ကြိမ် ကျရှုံးပြန်ပြီ ။ ဒီတစ်ခေါက်ကတော့ ၁၀ ဆ မက နာကျင် မိသလိုပါပဲ ။ ဒါဟာ ငါ့ရဲ့ တကယ်ပဲ တစ် စို့ ခြင်း အခြေအနေကို ရောက်နေပြီလား ။ ငါ့ရဲ့ နတ် အတွင်းအား အာရုံတွေဟာ မလုံလောက်သေးလို့ ဖြစ်လိမ့် မယ် ။ငါဒါကို ကျော်ဖြတ်ဖို့လိုနေပြီ”
ချန်ရှန် စဉ်းစားနေမိတယ် ။ ယခုအခါ သူ၏ နတ်အ တွင်းအား အာရုံများဟာလည်း ကုန်ခန်းသလောက် ဖြစ် ကာနေပေမယ့် ဆက်လက်ပြုလုပ်ဖို့ လိုအပ်နေပါတယ် ။
နတ်အတွင်းအား အာရုံဟာ အဓိက လိုအပ်တဲ့ စွမ်း ရည်တစ်ခု ဖြစ်ပြီး သိုင်းပညာရှင်တို့ဟာ မြင့်မားတဲ့ အာရုံ ကို လိုအပ်ပါတယ် ။ နတ်အတွင်းအား အာရုံဟာ ခန္ဓာ ကိုယ် အပြင်က ချီဓာတ်များကို စုစည်းဖို့ လိုအပ်တာဖြစ်ပြီး ဒီလိုမဟုတ်ပါက ပြန့်ကွဲသွားနိုင်ပါတယ် ။ ဒီလို ကိစ္စတွေ ဖြစ်တယ့် ဆေးပညာရှင်တို့ ဆေးလုပ်ခြင်း ၊ လက်နက်ပ ညာရှင် တို့ ဝိဉာဉ်တော် လက်နက်များ ပြုလုပ်ခြင်း စသည့် အလုပ်များမှာ လုံလောက်သော နတ်အတွင်းအား အာရုံ မရှိပါက ကျရှုံးရန် သေချာသလောက်ပါပင် ။
သိုင်းပညာရှင် တစ်ယောက်ဟာ ၎င်းတို့၏ နတ်အ တွင်းအား အာရုံများ ကုန်ဆုံးသွားပြီ ဆိုပါက သာမန်လူလို ပါပင် ။ မည်သည့် ချီဓာတ်များမျှ မသုံးပဲ စွမ်းအားထုတ်နေ သည့် လူနှင့်ပင် တူသွားပါလိမ့်မယ် ။
ချန်ရှန် ဟာ သူ၏ စွမ်းရည်များ ကျဆင်းလာသယောင် ခံစားမိတယ် ။ ဒါကြောင့် ထိုက်ကျိနတ်နဂါး ကျင့်စဉ်ကို ခွဲခြမ်း စိတ်ဖြာကာ သူ၏ ပြင်းထန်လှသော ချီဓာတ်များကို ထိန်းချုပ်နေပါတော့တယ် ။ ချီဓာတ်များအား နက်နဲစွာ တကိုယ်လုံး စီးဆင်းစေလျက် သူ၏ ကိုယ်ဟာ မည်သည့် နာကျင်မှု ကိုမျှ ခံစားရတော့မည် မဟုတ်ပေ ။ တချိန်တည်း မှာပင် သူ၏ စစ်မှန်သော ချီဓာတ်များ နှင့် ဝိဉာဉ်တော် ဓာတ်များကို လျင်မြန်စွာ ပေါင်းစည်းပြီး နတ်အတွင်းအား အာရုံများကို ထုတ်ရန် ကြိုးစားနေပါတယ် ။
ချန်ရှန် သူ၏ ကိုယ်အား သွေးများ လျှံကျသည်ထိကို လုပ်လျက်ရှိတယ် ။ ချွေးများဟာလည်း အလျံပယ်ကို ထွက်ကာ ပင်ပန်းနွယ်နယ်လျက် ရှိပါတယ် ။ စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာ ချန်ရှန် ဒီလိုလုပ်နေတယ့် ရည်ရွယ်ချက် ကို သိကြတယ် ။
“မင်းကိုယ်မင်း သိပ်တွန်းအား ပေးမနေနဲ့ ၊ အရှုံးပေး လိုက်တော့”
စုမေးယို ညင်သာစွာ သက်ပြင်းချလျက် တီးတိုးပြော လိုက်တယ် ။ ချန်ရှန် သူ့ကိုယ်သူ ဒီလို ညှင်းပန်းနှိပ်စက် နေတာကို ဆက်သည်းမခံနိုင်တော့လို့ပါ ။
အရှုံးပေးရမယ် တဲ့လား . . . ။
ချန်ရှန် ဒီတစ်ကြိမ်မှသာ သူမအောင်မြင်ပါက တည် ဆောက်ရေးဆေး ပြုလုပ်ခြင်းတွင် ကျရှုံးသွားမည်သာမက သူ၏ တစ်စို့နေသော အခြေအနေကိုလည်း ကျော်ဖြတ်နိုင် လိမ့်မည် မဟုတ်ပေ ။
ဆေးဆရာမကြီး သူမ၏ စူပါပါဝါ များကို သုံးပြီး သူ့ကို ဆန့်ကျင်တယ့်အခါ သူ့မှာ ခုခံနိုင်ဖို့ အားမရှိခဲ့ခြင်းများ ၊ လျိုရှိုယန် သူ့ကို စော်ကားကာ ဂုဏ်သိက္ခာ ကျစေတုန်းက လည်း သူမတတ်နိုင်ခဲ့ခြင်းများ စသည်တို့ကို သတိရသွား တယ့် အခါမှာတော့ သူ့ကိုယ်သူ ပြောမိတယ် ။ ဘယ်ကိစ္စ မဆို အားအင်ကြီးမားမှသာ ခံနိုင်ရည် ရှိမည် ဖြစ်သည် ။ သူဟာ တကယ်ကိုပဲ တည်ဆောက်ရေး ဆေးကို ပြုလုပ်ဖို့ လိုအပ်နေတာဖြစ်ပြီး ဒါကပဲ သူ့ကို စစ်မှန်သော သိုင်းပညာ နယ်ပယ် ရောက်ရန်ဖြစ်နိုင်မှာကြောင့်ပါပဲ ။
ချန်ရှန် ဟာ ယခုအခါ ချွေးစေးများစွာ ထွက်နေရုံသာ မက သွေးများလည်း ထွက်လျက် ရှိပါတယ် ။ သူ၏ ငုပ်လျိုး နေတယ့် စွမ်းအားများကို နှိုးဆွရန် ဒီလို ကိုယ့်ကိုကိုယ် ညှင်းပန်းခြင်းကိုသာ ဆက်လက်ပြုလုပ်နေပါတယ် ။
ချန်ရှန်ဟာ သတိမေ့မတတ်ဖြစ်နေပေမယ့် နတ်အ တွင်းအား အာရုံများကို ဆက်လက် စူးစိုက်ထုတ်လွှတ်နေ ပြီး နဂါးမီးတောက် မီးဖိုထဲရှိ တည်ဆောက်ရေးဆေး လုပ်ငန်းစဉ်ကို ထိန်းချုပ်လျက် ရှိနေပါတယ် ။
မမျှော်လင့်စွာပဲ ချန်ရှန် သူ့ကိုယ်ကို ဆုံးရှုံးလိုက်ရ သလို ခံစားလိုက်ရတယ် ။ သူ့ကိုယ်သူ ဘယ်လို နှိပ်စက် နေပါစေ သူနာကျင်မှုများမခံစားရတော့ပါပေ ။ ချန်ရှန် ရုတ်တရက် နိုးလာသလိုပါပဲ ။ သူ့ကိုယ်သူ အဖြူရောင် အလင်းတန်းများ ပြည့်နေတယ့် နေရာလွတ်ကြီးတစ်ခု မှာ တွေ့ လိုက်ရတယ် ။ တော်တော် လည်း အံ့သြသွားပြီး ထို နေရာလွတ်မှာပင် နို့စို့အရွယ် ကလေးသေးသေးလေး တစ် ယောက်ကို တွေ့ လိုက်ရပါတယ် ။ မွေးခါစလေးလိုပင် မျက်လုံးလေးများဟာ ပိတ်နေပြီး တော်တော် ချစ်စရာ ကောင်းပါတယ် ။
ရုတ်တရက် ကလေးလေး ဟာ သူ၏ မျက်လုံးများ ပွင့် လာပါတယ် ။ ချန်ရှန် သေချာကို စိုက်ကြည့်နေမိပြီး ကလေးလေး မှလည်း သူ့ကို ကြည့်နေပါတယ် ။
ကလေးလေး က သူ့ကို ပြုံးပြပါတယ် ။ထို့နောက် ချန်ရှန် လည်း ထိုနေရာမှ ထွက်ခွာသွားပြီး ဆေးပြုလုပ် နေ ရာ ဆီသို့ ပြန်လည် ရောက်ရှိလာပါတော့တယ် ။ အံ့အား သင့်ဖွယ် ခံစားမိတာကတော့ သူ၏ နတ်အတွင်းအား အာရုံ များ အလျံပယ် အားကောင်းလွန်းနေတယ် ဆိုတာပါပဲ ။ အရင်ကထက်ကိုပင် အဆများစွာ သာလွန်လျက် လုံးဝ သုံးစွဲရခြင်း မရှိသေးသလို ပြည့်ဝ စွာ ရှိနေပါတယ် ။
စုမေးယို နဲ့ ဘိုင်ယုယု တို့ဟာလည်း ထူးဆန်းတယ့် ခံစားမှုမျိုး ခံစားလိုက်ရပြီး သူမတို့ ထင်တာကတော့ ချန်ရှန် လက်လျော့လိုက်ပြီလို့ပါ ။ ဒါပေမယ့် ချန်ရှန် ပါးစပ် လှုပ်ခတ်သွားကာ ယုံကြည်မှုရှိတယ့် အပြုံးတစ်ခု လင်းလက် သွားတာကို မြင်လိုက်ကြရပါတော့တယ် ။
တခဏကြာပြီး နောက် မှာတော့ ချန်ရှန် မျက်လုံးများ ပွင့်လာကာ ခေါင်းများလှုပ်ရမ်းကာဖြင့် ရယ်မောလိုက်ပါ တယ် ။
“ဟားးး ဟားးး . . . ၊ ငါအခု အခြေခံ တည်ဆောက်ရေး ဆေး လုပ်နိုင်ပြီကွ”
ချန်ရှန် ၀မ်းသာ ကြည်နူးစွာဖြင့် ပြောလိုက်ပါလေ တော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset