Chapter – 126 မိန်းမတို့အသည်းနှလုံး
ချန်ရှန် ဆေးပြုလုပ်သင့် မလုပ်သင့် စဥ်းစားရင်း ရင် တွေ တဒိန်းဒိန်း ခုန်နေတယ် ။ အကြောတစ်ထောင် သစ် သီး ၊ ဆေးဖက်ဝင်သတ္တုသစ်သီး နဲ့ မိုးပြာရောင် သိမ်မွေ့ သစ်သီး တို့ဟာ သူ့မှာ အလုံး ၂၀ ကျော်လောက်စီ ရှိပြီး သူ အခါ ၂၀ လောက်တော့ စမ်းသပ်နိုင်မှာပါ ။ နှစ်တစ်ထောင် သားရဲ ဆေးအတွင်းမှာ ရှိတယ့် ဒြပ်စင်များဟာလည်း သူ ၅ ကြိမ်လောက် ကြိုးစားလို့ ရနိုင်ပါသေးတယ် ။ ဒါ့အပြင် ခရမ်းရောင်ဝိဉာဉ်တော်သစ်သီး ၊ နှစ်တစ်ထောင် ဂျင်စင်း မြက် ၊ ဂျင်စင်းမည်း ၊ သွေးဝိဉာဉ်တော်မြက် ၊ မြေကြီး ဝိဉာဉ်တော် မြက် နဲ့ တခြားဆေးဖက်ဝင် အပင်များစွာ က တော့ သူ့မှာ အလျှံပယ် ရှိနေပါတယ် ။
ချန်ရှန် သူ့ကိုယ်သူ ကာကွယ်ရန် စစ်မှန်သော သိုင်း ပညာနယ်ပယ်သို့ ရောက်ရှိရန် လိုနေပြီဆိုတာကို သိနေ တယ် ။ နောက်တစ်ခါ ဒီလို စစ်မှန်သော ပညာရှင်များနှင့် တွေ့ ပါက လွတ်မြောက်နိုင်ချင်မှ လွတ်မြောက်နိုင်ပေလိမ့် မယ် ။
စုမေးယို တခဏမျှ စဉ်းစားကာဖြင့် –
“ဆေးလုပ်တယ့်အခါ နဂါးမီးတောက် မီးဖိုကိုပဲ သုံး စမ်းပါ ။ ဘာလို့လဲဆို အချိန်အများကြီး ကြာမှာမို့လို့ပဲ ။ ၁ လ ၂ လ လောက်ကြာနိုင်တာဆို ၁၀ ရက်လောက်နဲ့ ပြီး သွားလိမ့်မယ် ။ ဒီဆေးပင်တွေကို ဆေးဖက်ဝင်အမှုန်များ အဖြစ် ဖုတ်ဖို့ မင်းဟာ ပြင်းထန်လှတယ့် အပူချိန်ကို လို အပ်လိမ့်မယ်”
ချန်ရှန် ခေါင်းညိမ့်ကာ တုံ့ပြန်လိုက်ပြီး အခြေခံ တည် ဆောက်ရေးဆေးလုပ်ဖို့ လိုအပ်တယ့် ဆေးပင်များကို ထုတ်လိုက်တယ် ။ သူဟာ လက်ရှိ တောင်အတွင်းမှာ ပုန်း နေတာ ဖြစ်ပြီး ပိုမိုစိတ်ချရစေရန် မြစ်ကမ်းမှ တောင်နံရံ ထိအောင် လိုဏ်ခေါင်းတူးထားပါသေးတယ် ။ ဘယ်လိုမှ အလွယ်တကူ ရှာတွေ့ နိုင်မည် မဟုတ်ပေ ။
စုမေးယို နဲ့ ဘိုင်ယုယု တို့ ထွက်လာကြတယ် ။ ဂူမှာ အလင်းရောင် ကောင်းစွာ ရရှိပြီး နေရထိုင်ရ မဆိုးလှပေ ။ ဒါ့အပြင် ရေကန်လေး ဘေးမှာပါ တည်ရှိနေတာပါ ။
“ဆေးပင်တစ်ခုချင်း စီ ကို ယူပြီး လေးပိုင်း အညီအမျှ ပိုင်းလိုက်”
စုမေးယိုဟာ ဆေးပင်များကို တစ်ချက်ကြည့်ရင်း အမိန့် ပေးလိုက်ပါတယ် ။
“ဘယ်လို ၊ လေးပိုင်းပိုင်းရမှာလား”
ချန် ရှန် နားမလည် သလို မေးလိုက်တယ် ။
“ဒါပေါ့ ၊ ဆေးဖက်ဝင်သတ္တု သစ်သီးကိုလည်း လေး ပိုင်း အညီအမျှပိုင်း ၊ နောက် မိုးပြာသစ်သီးကိုကောပဲ အခု နားလည်ပြီလား ၊ အခြေခံတည်ဆောက်ရေးဆေးရဲ့ တစ်စုံ ချင်း စီကို လေးပိုင်းပိုင်းပြီး တစ်ပိုင်းစီ သန့်စင်လိုက် ။ မင်းရဲ့ ဆေးပင်အားလုံးမှာ လုံလောက်တယ့် ဝိဉာဉ်တော် ချီ ဓာတ် တွေ ရှိတယ် ။ ဒါကြောင့် တခါထဲတော့ အကုန်လုံး မပျက် စီး သွားနိုင်ဘူး ။ တကယ်လို့ မင်းကျရှုံးခဲ့ရင်တောင် မှ သိပ် မဆုံးရှုံးနိုင်တော့ဘူးပေါ့”
စုမေးယို ဟာ ခပ်ဖျော့ဖျော့ ပြုံးကာ ပြောပါတယ် ။ တစ်ချိန်တည်းမှာပင် စုမေးယိုဟာ ဓားတစ်လက်ဖြင့် သတ္တု သစ်သီးအား ခွဲနေပါတော့တယ် ။
ချန်ရှန် အခုတော့ နားလည်သွားပါပြီ ။ သူလည်း ဒီ လို လုပ်ဖို့တော့ ကြံပါသေးတယ် ။ ဒါပေမယ့် သူအသုံးပြုခဲ့ သော အသီးများမှာ အရည်အသွေး သိပ်မကောင်းလှပါ ချေ ။
ဆေးပင်များမှ ဝိဉာဉ်တော် ချီဓာတ်များ ပြန့်ကွဲမှု ကို ကာကွယ်ရန် စုမေးယိုဟာ ချန်ရှန် ၏ နဂါးတံတွေးအား ရေ များ ရောကာ ဖြတ်တောက်ထားသော ဆေးပင်များအား စွတ်ဖြန်းပေးနေလျက် ရှိပါတယ် ။ ဒီလိုနည်းဖြင့် ချီဓာတ် များ ကွဲဖြာထွက် ပြန့်ကွဲမှုကို ကာကွယ်ပေးရုံသာမက ပိုမို ပြီး အကျိုးဖြစ်ထွန်းစေပါတော့တယ် ။
“အမတော် မေးယို ၊ အမတော်ဟာ လှပသလောက် ဉာဏ်လည်း ကောင်းလိမ့်မယ်လို့ မထင်မိခဲ့ဘူး ။ ပါး ဖောင်း ရင် ဦးနှောက် မရှိဘူးလို့ ဘယ်သူပြောလဲ ၊ မဟုတ် တာတွေ နော့”
ချန်ရှန် ရယ်မောကာ ပြောလိုက်တယ် ။ ဒါဟာ မျက်နာ ချိုသွေးရာတော့ မရောက်ပါချေ ။
“ငါ့ ညီမတော်လေး သာ ဉာဏ်မကောင်းရင် ဒီလို စွမ်း အားကြီးမှာ မဟုတ်ဘူး ။နောက်ပြီး အစွမ်းထက်လှတယ့် ဆေးပညာရှင်လည်း ဖြစ်လာမှာ မဟုတ်ပေဘူး”
ဘိုင်ယုယု ကပြောပါတယ် ။
စုမေးယို ဆူဆောင့်ကာဖြင့် –
“ကောင်းပြီ ကောင်လေး ၊ အရင်က မင်း ငါတို့ နှစ် ယောက် ကို ပါးသာဖောင်းပြီး ဉာဏ်မရှိဘူးလို့ သတ်မှတ် ခဲ့သလား မသတ်မှတ်ခဲ့ဖူးလား”
ချန်ရှန် ဘိုင်ယုယု သာမန် ထက် ပိုမို အေးစက်လာ တာကို မြင်လိုက်ရတယ် ။ ထို့နောက်မှာတော့ ဘိုင်ယုယု ၏ ပါးမို့မို့ များကို ကြည့်ကာ အလျင် အမြန် ပင် –
“အမတော် မေးယို ၊ ဘာလို့ အမတော် ယုယု ကို ဆွဲ ထည့် လာတာလဲဗျ ။ ကျွန်တော်က နောက်နေရုံတင်ကို”
ချန်ရှန် ဟာ ဒီ အလှအဂေး ၂ ယောက်ထံမှ အရာ အား လုံးကို မြင်ခဲ့ဖူးပါတယ် ။ သူဘယ်တော့ မျှ မေ့နိုင်မည် မဟုတ်ပေ ။ သူမတို့ ၂ ယောက်စလုံးဟာ အတူတူပါပဲ ။ နောက်ပြီး ၎င်း တို့ ဟာ အမျိုးသမီး များ ဖြစ်တဲ့အတွက် ဒီ ကိစ္စဟာ သူမတို့ နှလုံးသားထဲ ပိုမို ပြင်းထန်စွာ သတိရ နေ ပါလိမ့်မယ် ။ ဒါပေမယ့်လည်း ချန်ရှန် ဟာ အဲဒိအချိန်မှာ ကောင်းမွန်စွာ ဆက်ဆံခဲ့တာ သူမတို့အတွက် ဘုရားပေး တဲ့ ဆုပါပဲ ။
ယခုအခါ သူမတို့ ၂ ယောက်ဟာ ၎င်းတို့အား ချန်ရှန် ပကတိအတိုင်း မြင်ခဲ့ဖူးတာကို သတိရသွားကြတယ့် အတွက် မျက်နာများပင် ရဲသွားကြတယ် ။ ဒါပေမယ့်လည်း ချန်ရှန် က တော့ ဆေးပင်များကို ညှပ်ရင်းမေ့မေ့ပျောက် ပျောက်ပင် ဖြစ်နေပုံပါ ။ သူမတို့၏ မျက်နာအမူအရာကို မြင်သဖြင့် ရပ်တန့်သွားတာလည်း ဖြစ်နိုင်ပါတယ် ။
ချန်ရှန် ဟာ တခြားလိုအပ်သော ဆေးပင်များကို မဖြတ်တောက်ခင် အဓိက ဆေးပင်များကို အရင် ဖြတ် တောက် ပစ်ပါတယ် ။ သေချာကို ဂရုတစိုက် ပြုလုပ် ရတာ ပါ ။ တခုခုမှားသွားပါက ဆေးပြုလုပ်ရာမှာ အကျိုးသက် ရောက်စေသွား မှာ ကြောင့်ပဲ ဖြစ်ပါတယ် ။
“အမတော်တို့ ၊ ဘယ်လိုလူမျုိးကို ကြိုက်လဲဗျ ။ အမ တော်တို့ ဟာ အထွတ်အထိပ် စွမ်းအား ပိုင်ရှင်များ ဖြစ် တဲ့ အတွက် ကြိုက်မယ့် လူတွေတော့ များမှာပဲမလား”
ချန်ရှန် စပ်စပ် စုစု မေးလိုက်ပါတယ် ။ ဒီ အမျိုးသမီး ၂ ယောက်ဟာ အချိန် အကြာကြီး တည်ရှိခဲ့ကြပုံပါ ။ သူမတို့ ဆီ မှ ချန်ရှန် ဟာ များစွာသော သမိုင်းဝင်အကြောင်း အရာ များ ကို သိရှိခဲ့ရပြီး တခြားသူမတို့ အကြောင်းကိုတော့ ဘာ မျှ မသိခဲ့သေးပါချေ ။ သူမတို့ဟာ ဆေးဆရာမကြီးကဲ့သို့ ပင် တခြားမော်တယ် ကမ္ဘာမှ လူများပင် ဖြစ်နိုင်သည်ဟု ချန်ရှန် သံသယ ဖြစ်မိပါတယ် ။
“ငါဟာ စွမ်းအားကြီး လူများစွာနဲ့ ကြုံတွေ့ ခဲ့ရသော် လည်း ငါဟာ သူတို့ကို တစ်ယောက်မှ မကြိုက်ဘူး ။ ငါ့ ဘ၀ တစ်လျှောက်လုံးမှာ ဒီလို ခံစားချက်မျိုး တစ်ခါမျှ မဖြစ် ဘူးသေးဘူး ။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ငါကျင့်ခဲ့ တယ့် အခြေခံ ကျင့်စဉ်တစ်မျိုးဖြစ်တယ့် ရက်စက်မှု နတ် မိစ္ဆာ ကျင့်စဉ်ကြောင့် ပဲ ။”
ဘိုင်ယုယု က အေးစက်စွာ ပြောပါတယ် ။
“လူတစ်ချို့ က လိုက်ကြိုက်တဲ့အခါမှာလည်း သူတို့ဟာ ငါ့ကို ရှုံးနိမ့်အောင် မလုပ်နိုင်တာကြောင့် ငါဟာ ငြင်းပယ် ခဲ့ တာပဲ ဖြစ်တယ်”
ဘိုင်ယုယု အမှန် အတိုင်း ပြောနေတာပါ ။ ချန်ရှန် လဲ တော်တော် အံ့သြကာ နည်းနည်း လည်း သံသယ ဖြစ်မိ သွားပါတယ် ။ စုမေးယို ကို တချက်ကြည့်လိုက်တယ့် အခါ မှာတော့ သူမမျက်လုံးတွင် ဘိုင်ယုယု နဲ့ ပတ်သတ်ပြီး စိုးရိမ်ပုံ ပေါ်နေပါတယ် ။
“အမတော် မေးယို ကကော ဗျ”
ချန်ရှန် မေးလိုက်တယ် ။ သူတို့ဟာ အချိန်အကြာကြီး အတူတူ နေလာသောကြောင့် မိသားစု ဆန်ကြပါတယ် ။ တခါတရံမှာလည်း သူဟာ တခြားကိစ္စကြီးများအား တိုင် ပင်လေ့ ရှိပါတယ် ။
“ငါတကယ်ပဲ ယောကျာ်းကောင်းကောင်း ရှာချင်ပါ တယ် ။ ငါ့ရဲ့ ဆရာရဲ့ စွမ်းအားဟာ တကယ်ပဲ ကြီးလှတယ် ၊ ဒါပေမယ့်လည်း ငါတို့ကို အပြည့်အ၀ တော့ ကာကွယ် မ ပေး နိုင် ဘူး ။ ငါတို့ဘာသာလည်း ရပ်တည်လို့က အဆင် မပြေ ပြန်ဘူးမလား”
စုမေးယို အသံ တီးတိုး ဖြင့် ပြောပါတယ် ။ ထို့နောက် မှာ တော့ ရယ်မောကာဖြင့် –
“ငါ့ကို ဒီလို မကြည့်စမ်းပါနဲ့ ။ သာမန်လူက ငါ့ကို မလိုက်ဘူး ကွ ၊ ဘာလို့လဲ ဆိုတော့ ငါက ဆေးပညာရှင် တစ်ယောက်လေ ။ လူတော်တော် များများ ဟာ ဒီလို ပြင်း ပြ တယ့် ဆန္ဒ မရှိကြပေဘူး ။နောက် ငါ့ရဲ့ ဂုဏ်သတင်း ဟာ ငါ့ အမထက်တောင် ရက်စက်တယ်ကွ”
ဒီလို လှပပြီး ဆွဲဆောင် မှုရှိလှတယ့် မိန်းကလေးဟာ ဘယ်လိုများ ရက်စက်တယ့် ဂုဏ်သတင်း ရှိတာပါလိ့မ် ။ ချန်ရှန် မယုံကြည်နိုင်ဖြစ်နေပါတယ် ။
ဒီ အမျိုးသမီး ၂ ယောက်ဟာ သူ့ကို ဖုံးကွယ်ထားသော အရာများ ၊ လိမ်ထားသော အရာများပင် ရှိလမ့်မည်ဟု ချန် ရှန် သံသယ ဖြစ်မိတယ် ။ သူမတို့ဟာ မော်တယ် ကမ္ဘာ မှ မဟုတ်ပဲ ကောင်းကင် နယ်ပယ် မှ ဖြစ်မည်ဟုလည်း ထင်နေမိပါတယ် ။
ဒါပေမယ့် ကောင်းကင် နယ်ပယ်က လူများဟာ မော် တယ် ကမ္ဘာတွင် မည်ကဲ့သို့ ပေါ်ပေါက်လာပါမည်နည်း ။ ဘုံ ၃ ခုရဲ့ ဆုံမှတ် ဖြစ်ပေါ်တယ့် အချိန်မှသာ မော်တယ် ကမ္ဘာ ကို ဆင်းသက်နိုင်မည် မဟုတ်ပါလော ။
“သူမတို့ဟာ လွန်ခဲ့တယ့် နှစ် တစ်သိန်း ဘုံသုံးခု အကြား နောက်ဆုံး စစ်ပွဲ တုန်းက ဒီကို ရောက်လာတာ များ လား”
ချန်ရှန် သူ့ဟာသူ စဉ်းစားရင်း တုန်လှုပ်မိသွားတယ် ။ ဒါပေမယ့်လည်း ဒီအတွေကို ချက်ချင်းပင် ဖယ်ထုတ်မိ လိုက် ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဘုံသုံးခု ပေါင်းမိ လျှင်တောင်မှ ကောင်းကင်နယ်ပယ် နှင့် မော်တယ်နယ် ပယ် တို့ဟာ ကွဲပြားနေဦးမှာ မို့လို့ပါပဲ ။
“သိပ်လည်း စဉ်းစားမနေနဲ့ဦး ၊ မင်းကောင်းကောင်းနေ ပြီး မင်းရဲ့ ယန် ယန် နတ်အတွင်းအားတွေကို အား ကောင်း လာအောင် လုပ် ။ အဲခါကျမှ ငါနဲ့ ငါ့အမလည်း သက်သာ လာ မှာ ။ ငါလည်း မင်းကို ငါ့ကောင်လေး အဖြစ် စဉ်းစား မှာပေါ့”
စုမေးယို ပြုံးကာဖြင့် ကညုတုတု ပြောပါတယ် ။ ချန်ရှန် စိတ်များ ပရမ်းပတာ ဖြစ်သွားရပါတော့တယ် ။
“အဟွတ် ၊ အဟွတ် ၊ ကျွန်တော့မှာ ရှန်းရှန်းရှိတယ်”
ချန်ရှန် ပြန်ပြောလိုက်တယ် ။
“အဲဒိတော့ ဘာဖြစ်လဲ ။ ငါသာ မင်းမိန်းမ ဖြစ်ချင်စိတ် ရှိမယ် ဆိုရင် တခြားအရာတွေ စဉ်းစားနေလိမ့်မယ်လို့ မင်း ထင်လား”
စုမေးယို ခပ်လှောင်လှောင်ပြုံးကာ ချန်ရှန် မျက်နာ ကို ထိရင် ပြောလိုက်ပါတယ် ။ ချန်ရှန်လည်း ရှက်ရွံ့နေသော မိန်းကလေး တစ်ယောက်ကဲ့သို့ ရှက်သွားကာ တဖက်သို့ လှည့်သွား ပါတော့တယ် ။ သူ၏ ရင်များဟာလည်း တဒိန်း ဒိန်း ခုန်လျက်ပါပဲ ။
ဆေးပင်များဟာ စနစ်ကျစွာ စီထားပြီး ဖြစ်ပါတယ် ။ ချန်ရှန် အခြေခံတည်ဆောက်ရေး ဆေးအား စတင်ပြုလုပ် ပါပြီ ။ ချန်ရှန် ဟာ သူ့ဟာသူ အရင်လုပ်တာဖြစ်ပြီး ကျရှုံး မှ သာ စုမေးယို အား သူကြုံရတယ့် အခက်အခဲများကို ပြော ပြ ပါတယ်။
သူ့မှာ မူလက ဆေးပင် ၁၅ စုံ စာ သာ ရှိသော်လည်း ဖြတ်တောက် ပစ်လိုက်သည့် အတွက် ယခုအခါ အစုံ ၆၀ စာ ရှိနေပြီ ဖြစ်ပါတယ် ။ သူဒီထက်ပိုပြီး ကျရှုံးမှာတော့ မဟုတ်ဟု ယုံကြည်နေမိပါတော့တယ် ။
နဂါးမီးတောက် မီးဖိုအား အသုံးပြုပြီး တည်ဆောက် ရေးဆေး ပြုလုပ်ရန် ချန်ရှန်အဖို့ တစ်နာရီသာ ကြာပါတယ် ၊ ဒါပေမယ့် ဒါဟာ ဆေးပင်များအား ဖြတ်တောက်ထားတာ မို့ပါ ။ ဒါ့အပြင် သူဟာ ဆေးပြုလုပ်တယ့် အလယ်လောက် မှာလည်း ကျရှုံးခဲ့ရပြန်ပါတော့တယ် . . . ။