Chapter – 125 ပျောက်ဆုံးနေခြင်း
ချန်ရှန်ဟာ အသက် ၁၉ နှစ်ပြည့်ပြီးဖြစ်ကာ မတူညီ သော အဆင့်နိမ့် ဝိဉာဉ်တော် အမျိုးအစား ဆေး ၄ မျိုး အား ပြုလုပ်နိုင်နေပြီ ဖြစ်ပါတယ် ။ သူသာ ဒန်ရှန် မျှော်စင် သို့သွားကာ ဆေးပညာအသိအမှတ်ပြု လက်မှတ်ယူမည် ဆိုပါက လူများ ထိတ်လန့်သွားကြပေလိမ့်မည် ။
လ၀က်လောက်ကြာတယ့်အခါ သူဟာ ပိုမို ကောင်းမွန် လာပါပြီ ။ နောက်ပြီး သူ၏ အတွင်းပိုင်းကလီစာများဟာ ပြင်းထန်စွာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ယခုအခါ ပြန်လည် သက်သာလာပြီ ပဲ ဖြစ်ပါတယ် ။ အချိန်၏ ကုစားမှုကား အံ့ မခန်းပါပင် ။
ချန်ရှန် ဟာ မူလက အလယ်အလတ်အဆင့် ဆေးများ ကို ပြုလုပ်ရန် ရည်ရွယ်ပြီး ဆေးပညာစစ်ဆေးမှု ခံယူမည် ဟု ဆုံးဖြတ်ထားတာပါ ။ ဒါပေမယ့် အခုအခါမှာတော့ သူဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေး ၂ မျိုးကို ပြုလုပ်ပြီး မှသာ အဆင့် ၄ လက်မှတ်ယူမည်ဟု စဉ်းစားလိုက်ပါတော့ တယ် ။
သူ၏ တပည့် ဖြစ်ခဲ့ဖူးသော ယောင်ဟိုင်ရှန်း ပင် အဆင့် ၃ ပညာရှင်သာ ဖြစ်ပါတယ် ။ အဆင့် ၃ နှင့် ၄ ဟူ သည်မှာ ကိန်းဂဏန်း အားဖြင့် တစ်ခုသာ ကွာခြားသော် လည်း အမှန်တကယ်တော့ ကောင်းကင် နှင့် မြေကြီး ကဲ့သို့ပင် ဖြစ်ပါတယ် ။ အဆင့် ၄ ပညာရှင်ဟာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး ၂ မျိုးကို ပြုလုပ်နိုင်ပြီး အလွန်တော်တဲ့ ပညာရှင်များ အဖြစ် သတ်မှတ်ထားကြပါတယ် ။ ဒါဟာ ဘာလို့လဲ ဆိုတော့ လူတိုင်းဟာ ချန်ရှန် လိုမဟုတ်ပေ ။ ချန်ရှန် ဟာ အများဆုံး ၁၀ ကြိမ် အကြိမ် ၂၀ လောက်ဖြင့် ဆေး ၏ လိုအပ်ချက်ကို သိမြင်သောကြောင့်ပါ ။
ချန်ရှန် ဟာ ချီဒြပ်စင်ဆေးပြုလုပ်သူ ပညာရှင်တချို့ ဟာ အကြိမ် ရာပေါင်းများစွာ ကျရှုံးကြကြောင်း ကြားဖူး ထား ပါတယ် ။ ဒါကြောင့်ပဲ တချို့ ပညာရှင်များစွာ တို့ဟာ ဆက် မလုပ် ကြတော့ပဲ လက်လျော့လိုက်ကြတာ ဖြစ်ပါ တယ် ။
မျက်စိတမှိတ် အတွင်းလောက်မှာပဲ ၂ လ ဆိုတယ့် အချိန် ဟာလည်း ကုန်ဆုံး သွားခဲ့ပြန်ပါပြီ ။ သူဟာ အလယ် အလတ် ဝိဉာဉ်တော် ဆေး ၂ မျိုးဖြစ်တယ့် ချီပေါက်ကွဲ ဆေး နှင့် အဆိပ် အရည်ပျော် ဆေးတို့အား အောင်မြင်စွာ ပြု လုပ် နိုင်နေပြီ ဖြစ်ပါတယ် ။
ချီပေါက်ကွဲဆေး တွင် ချီဓာတ်များဟာ ပြင်းစွာပါဝင် ကြပြီး သောက်သုံးမည် ဆိုပါက ချီဓာတ်များဟာ ချက်ချင်း ကို ထွက်လာကာ ထွက်လာသော ချီဓာတ်များဟာ အလွန် ပင် ပြင်းထန် လှပါတယ် ။ ဒါဟာ သုံးစွဲသူ၏ ချီဓာတ်ကို ချက်ချင်း တိုးမြင့်ပေးတာဖြစ်ပြီး ချီဓာတ်လုံးဝ မကျန်တော့ သည့် သူသည် ယခုဆေးကို သောက်သုံးလိုက်ပါက ပြင်း ထန် သော တိုက်ကွက် တစ်ကွက်စာလောက်ကို တိုက်ရန် လုံလောက်သော ချီဓာတ် ပမာဏအား ရရှိသွားမည်ပဲ ဖြစ် ပါတယ် ။
တိုက်ပွဲ ဆိုသည်မှာ အပိုဆောင်း တစ်ချက်နှင့်ပင် တ ဖက်ရန်သူ အား ပွဲသိမ်းစေနိုင်ကာ အနိုင်ရနိုင်ပါတယ် ။
အဆိပ် အရည်ပျော်ဆေးကတော့ အဆိပ်ဖြေဆေး တစ်မျိုး ဖြစ်ပြီး အထူးစွမ်းဆောင် ရည် ရှိသော ချီဓာတ်များ ကို ထုတ်လွှတ်ပေးတာပါ ။ ခန္ဓာကိုယ်ထဲရှိ အဆိပ်ဓာတ် ကို ဟန့်တားကာ အဆိပ်များအား ဆီး သို့ မဟုတ် ချွေးပေါက် များမှ ဖြတ်ကာ ပြေပျောက်စေလိုက်ခြင်းပဲ ဖြစ်ပါတယ် ။ သိုင်း ပညာရှင်တို့ သားရဲများကို အမဲလိုက်သောအခါ တွင် ယခုဆေး ၂ လုံးလောက်သာ ယူသွားမည် ဆိုပါက စိတ် ချ စွာ အမဲလိုက်နိုင်မည် ဖြစ်ပါတော့တယ် ။
အလယ်အလတ် ဝိဉာဉ်တော် အဆင့် ဆေး ၂ မျိုး အား ပြုလုပ်ပြိးနောက် သူဟာ ဆေးပညာတွင် တော်တော် နားလည်လာပြီ ဖြစ်ပြီး အဆင့်မြင့် ဝိဉာဉ်တော် ဆေးပြု လုပ်ရန် အခြေခံကောင်းများစွာလည်း ရှိနေပြီ ဖြစ်ပါတယ် ။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ချန်ရှန်ဟာ ၂ လလောက် ပျောက်ကွယ်နေခဲ့တာ ဖြစ် ပါတယ် ။ အခုထိကို သူ၏ ဂိုဏ်းသို့ မပြန်ရသေးပဲ ပုန်းခို နေကာ ဆေးများ ပြုလုပ်လေ့ကျင့်နေတာပါ ။ ဂိုဏ်းချုပ် နှင့် ဆရာကြီး ဝု တို့ဟာ လူများစေလွှတ်ကာ သူတို့၏ ဦးရီး တော်လေးအား လျို့ ဝှက်စွာ ရှာဖွေခဲ့ကြပါသေးတယ် ။ ချန် ရှန် ဟာ ငတုံးမဟုတ်ဘူးဆိုတာကို ကောင်းကောင်း သိ ကြ ပြီး စီနီယာ အနေအထားမို့ သိပ်မလေးမစားလည်း မပြုရဲ သလိုပါပဲ ။
“ဒီကောင်လေး သေလို့ မရဘူး ၊ တော်ကြာ ဆရာ ဒါ မှ မဟုတ် ဟိုလူအိုကြီး ထွက်လာပြီး လိုက်ရှာကုန်မှဖြင့် အကုန် လုံး ငရဲ သွားကုန်ရမယ်”
ဆရာကြီး ဝု စိုးရိမ်သော လေသံဖြင့် ပြောပါတယ် ။
“ကျွန်တော်တို့ ရရှိတယ့် သတင်းတွေ အရ သူဟာ လွတ် မြောက်သွားပြီး ဒီ ၂ လ အတွင်း သူ့အရိပ်တောင် မြင် ရခြင်း မရှိဘူး ၊ ကြည့်ရတာတော့ ပြန်လည်း ကုစားနေတုန်း ပဲ ထင်တယ် ။ လျိုရှိုယန် ဒီ မျိုးမစစ်လေး က တကယ်ပဲ ဒီ လို အရာမျိုးကို လုပ်ရဲတယ် ။ ခင်ဗျား မှတ်မိလားတော့ မသိ ဘူး ။ လွန်ခဲ့တယ့် နှစ် တစ်ရာတုန်းက ကျွန်တော့ကို တစ်ခါ ဆန့်ကျင်ဖူးတယ် ။ ခင်ဗျားသာ မတားခဲ့ရင် သူ့ရဲ့ ပါးစပ်ကို ဖြတ်ရိုက်နှင့်ပြီးပြီ”
ဂိုဏ်းချုပ် ဒေါသတကြီး ဖြင့် ပြောဆိုပါတယ် ။ သူ၏ အမူ အရာ ကို ကြည့်ခြင်းဖြင့် ထိုလူအား ချက်ချင်းပင် သတ် ပစ် ချင်နေတယ် ဆိုတာ သိသာပါတယ် ။
ဆရာကြီး ဝု မှ ဆိုပါတယ် .
“ဂိုဏ်းချုပ် ၊ ဒီ လျိုရှိုယန် ဆိုတာ စစ်မှန်သော သိုင်းပ ညာ ဂိုဏ်းရဲ့ ရတနာ တစ်ပါးပဲ ။ သုံးနှစ်ထဲနဲ့ သမပိုင်း နယ် ပယ် ကို ရောက်သွားတာနော် ။ နိဗ္ဗာန် အဆင့်ကို ရောက် ဖို့ ဆိုတာက လည်း သိပ်မလိုလောက်ဘူး ။ ဒီလို နိဗ္ဗာန် အဆင့်ကို ရောက်ရင် အားလုံးထဲမှာ သူဟာ အမြန်ဆုံး ဖြစ် လိမ့်မယ် ထင်တယ်”
“သောက်ရေး မပါတဲ့ အမြန်ဆုံးပါ ။ သူ နိဗ္ဗာန် ရဲ့ ဒုက္ခ အဆင့်ကို မကျော်ဖြတ်နိုင်ရင် ဘာမှ လုပ်မရပါဘူး”
ဂိုဏ်းချုပ် အပြင်ဘက်သို့ ငေးကာ ပြောဆိုပါတယ် ။ သူ၏ မျက်လုံး များဟာလည်း မှေးစင်းလို့ နေပါတယ် ။
“ကျွန်တော် သားရဲဂိုဏ်းကို သွားဖို့လိုတယ် ။ ချန်ရှန် အပေါ်မှာ ဆုငွေ ထုတ်ထားတာကို ရုပ်သိမ်းပေးဖို့ တွန်း အား ပေးရမှာပဲ ၊ ဒီကောင်လေး က နောက် ဒီထက်ပိုပြီး ဒုက္ခတွေ တွေ့ ရတော့မှာ”
“ဒီ သားရဲ ဂိုဏ်းဟာ သူတို့ရဲ့ နိဗ္ဗာန်အဆင့် ရောက် ခါနီး ပညာရှင် သုံးယောက်ပေါ် မှီခိုပြီး ကျွန်တော်တို့ ဂိုဏ်း ကို မှီဖို့ ကြိုးစားနေကြတာဖြစ်တယ် ။ ဒါဟာ တကယ်ကို မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ့်အပြင် ချန်ရှန် ကိုပါ ဆု ငွေ ထုတ်ရဲသေးတယ်”
ဆရာကြီးဝု က ဒေါသတကြီးဖြင့် ပြောဆိုပါတယ် ။
“ကျွန်တော် တို့ သုံးယောက်ဟာ နိဗ္ဗာန် အဆင့် နဲ့ သိပ် မလို တော့ဘူးဆိုတာကို သူတို့ သိတယ် ။ ဒီအချက်ကို သူ တို့ က အခွင့်ကောင်းယူပြီး ကျွန်တော်တို့က ဒီ နိဗ္ဗာန် ဒုက္ခ ကို ဖြတ်ကျော်နေတုန်းမှာ ချန်ဝူ နယ်မြေကြီး ရဲ့ အင်အား အကြီး ဆုံး ဆိုတယ့် နေရာကို ယူမယ်ဆိုတဲ့သဘောပဲ ။ အဲ ဒိ အချိန်မှာပဲ စစ်မှန်သော သိုင်းပညာဂိုဏ်းက ပြသနာ ရှာ တော့တာပဲ”
ဂုဒွန်ချန် အလောတကြီး ပြောပါတယ် ။
နိဗ္ဗာန် အဆင့် ကို ရောက်ရန် ဒုက္ခ ကိုးခုကို ကို ကျော် ဖြတ် ရမည် ဖြစ်ပါတယ် ။ သိုင်းပညာရှင်၏ စွမ်းအား ဟာ မြင့်မားပါက ထိုဒုက္ခမှ သေးသွားမည် ဖြစ်သည် ။ ဒီ လို အခက် အခဲ တစ်ခု ကျော်ဖြတ်ပြီးတိုင်း မှာ အင်အား အဆ မတန် ကြီးလာ မည်ဖြစ်ပြီး နောက်ထပ် အခက်အခဲဒုက္ခ မှာ လည်း ပိုမို ကြောက်မက်ဖွယ် ကောင်းနေမှာ ဖြစ်ပါတယ် ။ သမိုင်းမှာ တော့ ဒီလို ဒုက္ခတွင်း ၉ ခုကို များစွာသော ပညာ ရှင် များဟာ ကျရှုံးခဲ့ကြတယ် ။ ဂိုဏ်းချုပ် နဲ့ ဆရာကြီး ဝု တို့ မှာလည်း ဒီအရာများကို အကြိမ်ကြိမ် ခံစားထားဖူးပြီးသား များ ဖြစ်ကြပါတော့တယ် ။
“တတိယ ညီမတော် က လည်း ဘယ်ကို သွားပြီး တံခါး ပိတ် ကျင့်လဲ ဆိုတာ မသိဘူး ။ လျို့ ဝှက်ဆန်းကြယ် နယ် ပယ် ထဲမှာလည်း တစ်ခါမျှ မမြင်မိဘူး ။ ။ အမြဲတမ်း သူမ ဆိုတာ လျို့ ဝှက်နေတာ ။ ကျွန်တော်တို့ ဂိုဏ်းဟာ သူမရဲ့ ဆေးပညာ စွမ်းရည်အပေါ်မှာ မှီခိုနေရပါတယ် ဆိုမှ”
ဂိုဏ်းချုပ် အကူအညီမဲ့သလို သက်ပြင်းချလိုက်ပါ တယ် ။ ဂိုဏ်းမှာ သူမလို ပညာရှင်မျိုးဆိုတာ မရှိဘူး ဆို တာ သူ အသိပါပင် ။
“ဟုတ်ပ ၊ သူမဟာ နဂိုက ဆေးဘုရင်မ တစ်ယောက် ဖြစ်နိုင်တယ့် အခွင့်အရေး ရှိတယ် ။ အခုတော့ ကြီးမား တဲ့ အခက်အခဲ ဒုက္ခကြီးကို ဖြတ်ကျော်နေတုန်း ပြင်းပြင်းထန် ထန် ဒဏ်ရာရသွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ ။ သူမ ရဲ့ ခရမ်းရောင်လမီးဝိဉာဉ်တော် ဟာ လည်း အားနည်း သွား ရပြီ ။ တော်တော် ၀မ်းနည်းစရာပါပဲ”
ဆရာကြီး ဝု သက်ပြင်းချ လျက်ပြောပါတယ် ။
ချန်ရှန် ဟာ ဆေးဆရာမကြီးအား ဆေးဘုရင်မ တစ် ယောက် ဖြစ်မည်ဟု ထင်ခဲ့တာပါ ။ သူမဟာလည်း စုမေး ယို ကဲ့သို့ပင် ဆေးဘိုးအေ တစ်ယောက် အဆင့်သာ ဖြစ် မယ် လို့ မထင်ခဲမိပါ ။ ဒါပေမယ့် ထိုအဆင့်ဆိုသည်မှာပင် ရောက်ရှိရန် ခက်ခဲလွန် လှတာပါ တယ် ။
ဂူထဲတွင် ပုန်းအောင်းနေစဉ် ချန်ရှန် ဟာ သူ့ကို လူ သန်း ပေါင်းများစွာ ရှာနေလိမ့်မယ် လို့ မထင်တော့ပါ ။ အဓိ က ရှာရခြင်းမှာ ဆုငွေ ကြောင့်ပါပဲ ။ ၎င်းတို့အား လုံး ချန်ရှန် ဒဏ်ရာ အပြင်းအထန် ရသွားတယ်ဆိုတာကိုလည်း သိကြ ပါ တယ် ။ ဒါကြောင့်မို့ ချန်ရှန် ကို အလွယ်တကူ သတ်ကာ ဆုငွေ ၂ သိန်းအား ရယူ ရန် အားခဲနေကြတာပါ ။
သားရဲဂိုဏ်းဟာ ယခုအခါ ဆုငွေကို တိုးမြင့်လိုက်ပြီ ပဲ ဖြစ်ပါတယ် ။ ဒါဟာ ဂုဒွန်ချန် သားရဲဂိုဏ်းကို သွားပြီး နောက် မှာ ဖြစ်သွားတာပါ ။ ၎င်းတို့ ၏ ရည်ရွယ်ချက်မှာ သိ သာထင်ရှားပါတယ် ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းကို ဆွ ပေးခြင်း ဖြစ်ပြိး ဂိုဏ်းချုပ်မျက်နာကိုတောင် မထောက် ပဲ တမင် လုပ်ပစ်ခြင်းပါ ။
သားရဲဂိုဏ်းနဲ့ ပြင်းထန်သော သိုင်းပညာဂိုဏ်းတို့ ကြားက အမုန်း တရားဟာ အလွန်ပဲ ကြီမားလှတယ် ။ အ ဘယ်ကြောင့် ဆိုသော် ဟွမ်ဂျိရှန် ခေါ် ဂိုဏ်းချုပ်ဟောင်း ဟာ ၎င်းသားရဲဂိုဏ်းချုပ်ကို သတ်ပစ်ခဲ့ဖူးပါတယ် ။ ဒါကြောင့်ပဲ ၎င်းတို့ကြားက အမုန်းတရားဟာ မည်သည့် နည်းနှင့်မျှ ကျေအေးမည် မထင်တော့ပေ ။
ထို့အတူ ဂုဒွန်ချန် ဟာ လည်း ခပ်တည်တည်ပါပဲ ။ ချန်ရှန် ထက် စွမ်းအား ကြီးသော မည်သူမဆို ချန်ရှန် အား သတ်ကာ ဆုငွေ ယူမည် ဆိုပါက ထိုလူဘယ်သူဖြစ်ဖြစ် ကိစ္စ မရှိပါချေ ။ ထိုလူဟာ ပြင်းထန်သော သိုင်းပညာဂိုဏ်း ၏ နံပါတ် ၁ ရန်သူ ဖြစ်လာမည် ဖြစ်ပါတယ် ။ ထိုအချိန် မှာ ပြင်းထန်သော သိုင်းပညာဂိုဏ်း တစ်ခုလုံးမှ သက်ကြီး ပညာ ရှင် များစွာကို စေလွှတ်ကာဖြင့် လုပ်ကြံသူ ဖြစ်ဖြစ် သူမ ဖြစ်ဖြစ် အသက်နဲ့ကိ်ုယ် အိုးစားကွဲသွားမည် ဖြစ်ပါ တယ် ။
ပြင်းထန်သော သိုင်းပညာဂိုဏ်း၏ သက်ကြီးပညာရှင် များ အားလုံးဟာ အလွန်ပင် စွမ်းအားကြီးလှပြီး ၎င်းတို့ အား လုံး ဟာလည်း ဂိုဏ်းချုပ်၏ တချက်လွှတ် အမိန့်ပါပဲ။ ဂိုဏ်းချုပ်ဟာ သားရဲဂိုဏ်းနဲ့ ရန်ငြိုးများကြောင့် ပဋိပက္ခ ဖြစ် ခဲ့တာ ဖြစ်သော်လည်း ယခုအခါမှာတော့ သူ၏ ဦးရီးတော် လေး လုံခြုံရေးအတွက် ပြုလုပ်တယ်ဆိုတာကို အပြင်လူ များ သိနိုင်လိမ့်မည် မဟုတ်ချေ ။
လွန်ခဲ့သော ၂ လ အတွင်း ချန်ရှန် ဟာ ဆေးပညာကို သေချာ သင်ယူခဲ့ရုံသာမက များစွာသော ချီဓာတ်ဆေးများ ကိုလည်း ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ် ။ အလုံး ၁၀၀၀ ထက်ပင် ပို နိုင် ပါသေးတယ် ။ အကုန်လုံးကို သူဟာ ရောင်းပစ်ရန် ရည်ရွယ်ထားတာပါ ။ ဒီမတိုင်ခင်ကလည်း ချီဓာတ်ဆေး များစွာအား ရရှိခဲ့တာဖြစ်ပြီး အားလုံးကို စားပစ်လိုက်ပြီး ဖြစ်ပါတယ် ။ ယခုသူလိုအပ်နေသော အရာ မှာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး ပြုလုပ်ရန် အတွက် လိုအပ်သော ဆေး ပင်များ ကို ၀ယ်ယူဖို့ သလင်းကျောက်များပဲ ဖြစ်ပါတယ် ။ အဘယ်ကြောင့်ဆိုသော် သူဟာ အဆင့်မြင့် ဝိဉာဉ်တော် ဆေးများကို ပြုလုပ်ခဲ့တုန်းက အကြိမ်အားလုံးမှာ ကျရှုံး ခဲ့ လို့ပဲ ဖြစ်ပါတော့တယ် ။
“အခု မင်း အခြေခံတည်ဆောက်ရေး ဆေးကို စလုပ် သင့်ပြီ ၊ ခက်ခဲမှုကတော့ အဆင့်မြင့် ဝိဉာဉ်တော်ဆေး တွေ လိုပဲ ။ မင်းမှာ အဆင့်မြင့် ဝိဉာဉ်တော်ဆေး လုပ်ဖို့ ဆေးပင် မရှိတော့တာကြောင့် ခုမင်း တည်ဆောက်ရေး ဆေး ဘယ်လို လုပ်ရမလဲဆိုတာ သင်သင့်ပြီ ။ မင်းအောင် မြင်သွားရင် မကြာခင်မှာပဲ စစ်မှန်သော သိုင်းပညာနယ် ပယ်ကို ရောက်သွားလိမ့်မယ်”
စုမေးယို က ပြောပါတယ် ။
ချန်ရှန် တော်တော် အူမြူးသွားမိတယ် ။ တချိန်တည်း မှာလည်း သည်းမခံနိုင်သလို ဖြစ်သွားတယ် ။ အခြေခံ တည် ဆောက် ရေး ဆေးအတွက် လိုအပ်သော ပစ္စည်း များ မှာ အလွန် ပင် ဈေးကြီး လှပါတယ် ။ သူပြုလုပ်လို့ ကျရှုံးသွားသည့် အခါတိုင်း သူ့ရင်ထဲ သွေးထွက်သွားသလို ကို ခံစားရပါတယ် ။
“မင်းက ဘာကို ကြောက်နေတာလဲ ။ နှစ်တစ်ထောင် သားရဲဆေး က မင်းအတွက် မလိုအပ်လှပါဘူး ။ ဒါကို အစားထိုးဖို့ မင်း သားရဲတွေကို အေးဆေး လိုက်ဖမ်းပြီး သူတို့ရဲ့ သားရဲဆေးတွေကို ယူလို့ ရနေတာပဲ ။ ဆေးပင် တွေ အတွက်ဆိုရင်လည်း မင်းမှာ နဂါးတံတွေး ကျင့်စဉ် ရှိနေတယ်လေ ။ ဘာတွေ တွေးကြောက်နေတာလဲကွ”
စုမေးယို က ထပ်မံ ပြောကြား လိုက်ပါလေတော့ တယ်. . . ။
. . . . . . . . . . . . . . . . . . . . . . . .
***စကားချပ်***
အရင် အခန်းမှာ တုန်းက လျိုရှိုယန် ဟာ ချန်ရှန် ထက် အင်အားကြီးပါလျက် အပြင်းအထန် တိုက်ခိုက်ရခြင်း ရည် ရွယ်ချက် မှာ ၂ မျိုးရှိပေသည် ။ ပထမ ရည်ရွယ်ချက်မှာ လူတိုင်းဟာ အလကားရသော ငွေ (သလင်းကျောက်) များ ကို လိုချင်ကြတာချည်းဖြစ်ပါတယ် ။ နောက်တစ်ချက်မှာ ယခု အခန်းတွင် ရှင်းပြခဲ့သည့် အတိုင်း ပြင်းထန်သော သိုင်းပညာဂိုဏ်းသည် လက်ရှိတွင် ဂိုဏ်းအားလုံးထဲတွင် နံပတ် ၁ နေရာ ရှိနေတာ ဖြစ်ပြီး တခြားဂိုဏ်းများမှာ ဒီ အချက်ကို သဘော မကျကျ ချေ ။ ဒါကြောင့် ထိုဂိုဏ်းမှ လူ ဆိုသည်နှင့် ဂိုဏ်းကို အရှက်တကွဲ ဖြစ်စေရန် ဖိနှိပ်ကြခြင်း ဖြစ်ပါတယ် ။ ဂိုဏ်းထိပ်သီးပိုင်းများမှလည်း သိုင်းပညာ ထိပ်တန်း အဆင့်ကြီးများ၏ အခက်အခဲများကို ဖြတ်ကျော် သည့် ကာလ ဖြစ်သောကြောင့် ဒီလို ကိစ္စလောက်ကို ဂရု မထားလောက်ဟု ယူဆ ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ် ၊ ယခုအခန်းမှသာ ဇာတ်ရည်လည်နိုင်သောကြောင့် ရှင်းပြ ရခြင်း ဖြစ်ပါတယ် ခင်ဗျာ . . . ။