Switch Mode

Chapter – 124

လျှိုရှိုယန်

Chapter – 124 လျိုရှိုယန်

အသက်ငယ်ငယ် ခပ်ချောချော လူတစ်ယောက်ဟာ လှပါတယ့် အပြာရောင် ၀တ်ရုံကို ၀တ်ဆင်ထားပြီး မိုးပေါ် မှ တဖြည်းဖြည်း ဆင်းလာတယ် ။ ချန်ရှန် ၏ ရှေ့ မှာ မတ် တပ်ရပ်ကာဖြင့် သူ၏ လက်အား ဒူးလေးဆီသို့ ဆန့်ထုတ် လိုက်ပါတယ် ။ ဒူးလေးဟာ တဖြည်းဖြည်းချင်း မြင့်တက် သွားကာ ထိုလူ ၏ လက်ထဲသို့ ရောက်ရှိသွားပါတော့ တယ်။
ချန်ရှန် လည်း မီးဝင်းဝင်းတောက်သော မျက်လုံးများ နှင့် ထိုလူအား ကြည့်နေတယ် ။ ထိုလူငယ်၏ ပုံရိပ်အား သူ၏ စိတ်ထဲမှာ စွဲထင်ကျန်နေအောင် မှတ်သားထားမိ တယ် ။ သူသာ မသေခဲ့ပါက ထိုလူအား ဆယ်ဆ ပြန်လည် ပေးဆပ်စေမည် ဖြစ်သည် ၊ ဆယ်ဆ မဟုတ် အဆတစ်ရာ ဟုပင် ပြန်လည် ကျိန်ဆိုမိနေတယ် ။
ချန်ရှန် ၏ မီးတောက်နေသော မျက်လုံးများကို ကြည့် ရင်း ထိုလူငယ်ဟာ ခပ်ပါးပါး ပြုံးကာ –
“ချန်ရှန် ၊ ဟ ဟ ၊ မော်တယ် သိုင်းလောကရဲ့ သလင်း ကျောက် တစ်သိန်း တန်သူလေးပေါ့ ။ ဒီလိုကောင်လေးက ဒီလောက် တန်ဖိုးရှိမယ်လို့ ဘယ်သူထင်မလဲ ။ ငါဒီလေး ကို ယူမယ် ၊ ဒါပေမယ့် မင်းဆီက နေ ဓားမြ တိုက်တယ်လို့ တော့ မထင်စေချင်ဘူး ၊ ငါက ဒါကို ယူရုံပါပဲ ဘာလို့လဲဆို တော့ ဒီလို မိစ္ဘာလက်နက်ဟာ မင်းလိုလူလက်ထဲမှာထား ရင် သိုင်းလောက အသိုင်းအဝိုင်းတစ်ခုလုံးအတွက် အလွန် ပဲ အန္တရာယ် ရှိလှတယ်”
“အခြေခံ အကြောင်းရင်းက ဘာလဲ ၊ မင်းဟာ မှ မဟုတ်တာ မင်းတိုက်တာလည်း မဟုတ်ဘူးလေ ၊ ငါတို့ ပြင်းထန်သော သိုင်းပညာဂိုဏ်းက ခွင့်ပြုမှာ မဟုတ်ပေဘူး”
ချန်ရှန် အံကြိတ်လျက် ပြောလိုက်တယ် ။
“အခုသေချာတာကတော့ မင်းကို ငါ အမှုန့်ကြိတ်ပစ် လို့ရတယ်ဆိုတာပဲ”
လူငယ်က ရက်စက်ဖွယ် ပြုံးကာ သူ၏ ခြေထောက် အား ချန်ရှန် ခေါင်းကို နင်းချလိုက်ပါတယ် ။ အညစ်ကြေး များ အားလုံးဟာ ချန်ရှန် မျက်နာမှာ စွန်းထင်းလျက် ။
ချန်ရှန် သူ့ နှလုံးသား တစ်ခုလုံး သွေးထွက်သွားသလို ခံစားလိုက်ရတယ် ။ သူနဲ့လဲ အရင်က တွေ့ ဆုံခဲ့ဖူးခြင်း မရှိ သို့သော် လည်း ယခု တဖက်ရန်သူမှာ သူ့ထက် အင်အား သာလွန်နေပြီး သူ၏ ဂုဏ်သိက္ခာအားလုံး နင်းခြေခံလိုက် ရ ပြီ ဖြစ်ပါတယ် ။ မော်တယ် အဆင့် ဆိုတာ စစ်မှန်သော ပညာရှင်များ အဖို့ ပုရွတ်ဆိတ်လေးများ သာသာ ပါပဲ ။
ဒီအချိန်မှာ ချန်ရှန် ဟာ ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရ ရှိထားပါပြီ ။ သူ၏ လက်များမှ မြေကြီးများကို စုပ်ကိုင်ကာ ခေါင်းပြန်ထောင်ထဖို့ ကြိုးစားနေတယ် ။ လူငယ်ကို ကြည့် ကာ အံကြိတ်ကာဖြင့် မေးလိုက်တယ် ။
“မင်း နာမည် က ဘယ်သူလဲ”
“စစ်မှန်သော သိုင်းပညာ ဂိုဏ်း က လျိုရှိုယန် ပဲ ၊ မင်းက လက်စားချေချင်လို့လား ၊ ငါကတော့ မင်း ဒီအခွင့် အရေး ရသွားမှာကို ကြောက်မိပါရဲ့ ၊ မင်းကို သားရဲဂိုဏ်း လက်အပ်ပြီး ဆုငွေ ထုတ်ဦးမှပဲ”
လျိုရှိုယန် က လှောင်ရီကာဖြင့် ချန်ရှန် ခေါင်းအား ထပ် မံ နင်းချ လိုက်ပြန်ပါတယ် ။
ထိုအချိန်မှာတော့ ချန်ရှန် ရင်ထဲမှာ အမုန်းမီးတောက် များဟာ အဆုံးမရှိတော့ပါဘူး ။ သူ၏ သိက္ခာကို ပြန်လည် ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ ။ သူဟာ စစ်မှန်သော ပညာ ရှင် များ အဖို့ ပုရွတ်ဆိတ်လေး သာ ဖြစ်သော်လည်း အရှုံး မပေးချင်ပေ ။ ဆေးဆရာမကြီး တုန်းကလည်း သူဟာ အနာခံ ပြီး တော်လှန်နိုင်ခဲ့သည် မဟုတ်ပါလော ။
မင်းမှာသာ စွမ်းအား မရှိရင် ဂုဏ်သိက္ခာဆိုတာ ဘာ ကို ပြောမှာလဲ ၊ မင်းမှာသာ စွမ်းအား အလုံအလောက် ရှိရင် ဘယ်သူမှ မင်းသိက္ခာကို ကျအောင် မလုပ်နိုင်ဘူး ။ မင်း အသက် သေ မှာကို တော့ ဘယ်တော့မှ မကြောက်နဲ့ ။
ချန်ရှန် သူ့ကို သူ့ပုံရိပ်မှ ပြန်ပြောနေသလို ခံစားလိုက် ရ တယ် ။
“ငါ ပိုသန်မာဖို့ လိုအပ်တယ်”
ချန်ရှန် စိတ်တင်းလိုက်တယ် ။ ဒါမှသာ သူ လက်စား ပြန် ချေ နိုင်မည် မဟုတ်ပါလော ။
ချန်ရှန် စွမ်းအားများ စုစည်းကာ ခေါင်းထောင်လိုက်ပါ တယ် ။ သူ၏ လက်ထဲရှိ မြေကြီးများမှာ သွေးကြောပြာ များ ပေါ်လာမှုကြောင့် အမှုန့်များ ဖြစ်သွားကြတယ် ။ သူ၏ မျက်နာမှာလည်း တင်းမာနေလျက်ရှိပြီး –
“လျိုရှိုယန် ၊ ငါ ချန်ရှန် ၊ မင်း နဲ့ အမုန်းတရား မရှိခဲ့ဘူး ၊ ဒါပေမယ့် မင်းက ငါ့ကို ဒီလို လုပ်ခဲ့တယ် ၊ ငါ ကျိန်ပြော တယ် ၊ ငါချန်ရှန် မသေခဲ့ရင် မင်း ငါ့ကို အဆ တစ်ရာ မဟုတ် သေးဘူး အဆတစ်ထောင်ကွာ ပြန်ပေးဆပ်ရလိမ့် မယ် ။ ငါမင်းကို ဖျက်ဆီးရုံတင် မဟုတ်ဘူး ၊ မင်းနောက် မှာ ရှိနေတယ့် စစ်မှန် တဲ့ သိုင်းပညာဂိုဏ်းကိုပါ တစ်စစီဖြိုခွဲ ပစ်မယ်”
စကားလုံး တိုင်းဟာ မိုးကြိုးပစ်သံလိုပင် ကျယ်လောင် ကာ တိကျ ပြတ်သားလှတယ် ။ လူတိုင်းပင် ထိတ်လန့် သွားကြပါတယ် ။
“ဟဟ ၊ မင်းမှာ ဒီလို လုပ်ဖို့ အခွင့် အရေး မရှိပါဘူး”
လူငယ်လည်း ပြောပြီးတာနဲ့ အမူအရာ ပြောင်းသွားပါ တယ် ။ တချိန်တည်းမှာပင် ကြီးမားလှသော ရေများ ချန်ရှန် ရှေ့ တွင် ပေါ်လာကာ ချန်ရှန် ၏ ကိုယ်ဟာလည်း ရေထဲသို့ ပျောက်ကွယ် သွားပါတော့တယ် ။
လူတိုင်းပါးစပ် အဟောင်းသား ဖြစ်သွားကြတယ် ။ အံ့ အားသင့်စရာပင် ချန်ရှန် ဟာ လွတ်မြောက်သွားလို့ပါ ။ ချန်ရှန် ၏ စကားလုံးများ အရ ချန်ရှန် နဲ့ စစ်မှန်သော သိုင်း ပညာဂိုဏ်းတို့ဟာ ရန်ငြိုးရန်ဘက်များ ဖြစ်သွားလေပြီဟု လူတိုင်းက သတ်မှတ်လိုက်ကြပါတယ် ။
ချန်ရှန် ဟာ ရေလွတ်မြောက်ခြင်း အကွက်ကို သုံးသွား တာ ဖြစ်ပြီး လျိုရှိုယန်ဟာ ပုံဆောင်ခဲများသုံးကာ မြေကြီး အား ဖြိုခွဲ မွှေနှောက် ရှာဖွေသော်လည်း ချန်ရှန်အား မတွေ့ ရတော့ချေ ။
“သားရဲဂိုဏ်း ၊ စစ်မှန်သော သိုင်းပညာဂိုဏ်း ၊ ဘယ်လို ဖြစ်မလဲ ဆိုတာ သိချင်ရင် ငါ့ကို စောင့်နေကြ”
ချန်ရှန် လက်သီးများ စုပ်ကာ မြစ်ကမ်း နံဘေးတွင် လှဲ လျောင်း နေပါတယ် ။
“ကောင်းပ ၊ မင်း သက်သာအောင်လုပ်”
စုမေးယို က ပြောလိုက်ပါတယ် ။
“စစ်မှန်သော သိုင်းပညာနယ်ပယ်ကိုသာ မြန်မြန် ၀င် အောင် လုပ်စမ်းပါ။ အဲဒိအခါ ငါလည်း ငါ့ရဲ့ ပြင်းထန်လှတဲ့ မိစ္ဆာကျင့်စဉ်တွေကို ပြလို့ရမယ် ။ မင်း တခြားလူတွေကို သေတာထက် ဆိုးအောင်ကို လုပ်နိုင်လိမ့်မယ် ။ ကမ္ဘာ ဆုံး တဲ့ထိ နောင်တ ရနေစေရအောင် လုပ်ပစ်လိုက်လို့ရတယ်”
ဘိုင်ယုယု ဟာ ဒေါသတကြီး ပြောနေပါတော့တယ် ။ ချန်ရှန် ခံလာရတာကို တော်တော် မခံချိ မခံသာ ဖြစ်နေပုံ ပါပဲ ။ ချန်ရှန် စိတ်ထဲတောင် အနည်းငယ် နွေးသွားပါတော့ တယ် ။
“နောက်တစ်ကြိမ် အမတော်တို့ကို စိတ်ပျက်စေမိပြန် ပြီ”
ချန်ရှန် အဖြူရောင်ကျောက်စိမ်းဆေးကို ထုတ်ကာ သောက်လိုက်ပြီး ကမ်းခြေပေါ် တက်သွားပါတယ် ။ သူ၏ ဒဏ်ရာများမှာ ပြင်းထန်လှပြီး ပြန်လည်ကောင်းမွန်စေရန် အချိန် တချို့ လိုအပ်မှာ ဖြစ်ပါတယ် ။
“ဘာမှ မဖြစ်ပါဘူး ။ ဒီလိုအခြေအနေကြုံတာတောင် မင်းက ထွက်မလာနိုင်လို့လား ၊ မင်းမသေသေးသမျှ အကုန်လုံးက အေးဆေးပဲ ။ မင်းအပေါ်မှာ အဓိက က အချိန် ပဲ လိုတယ် ။ ငါနဲ့ ညီမတော်တို့ မင်းကို ပြိုင်ဘက် ကင်း သိုင်းပညာရှင်တစ်ယောက်ဖြစ်အောင် လုပ်ပေးလို့ ရတယ်”
ဘိုင်ယုယု က ပြန်ပြောပါတယ် ။ သူမအသံဟာ ချန်ရှန် ကို အားပေးနေသလိုပါပဲ ။
“ဟူးးး”
ချန်ရှန် ထိုက်ကျိ နတ်နဂါး ကျင့်စဉ်ကို ကျင့်ကာဖြင့် သူ၏ ထိခိုက်မှုများအား ပြန်လည်ကုသပါတယ် ။ ထို့ နောက် အဖြူရောင် ကျောက်စိမ်း ဆေးတစ်လုံးထပ်စား လိုက်တယ့် အခါမှာတော့ ပိုမို ကောင်းလာပါပြီ ။
“ဒီ လျိုရှိုယန် က တော်တော် စွမ်းအားကြီးတယ် ။ သူဟာ နိဗ္ဗာန် အဆင့်နယ်ပယ် ကိုတောင် ရောက်လုနီးနီး ပဲ ။ သမပိုင်း နယ်ပယ် ရဲ့ အလယ်အဆင့်တော့ ရှိမယ် ထင် တယ်”
စုမေးယို က ပြောပါတယ် ။
စစ်မှန်သော သိုင်းပညာနယ်ပယ်မှာ အဆင့် ၉ ဆင့်ရှိ ပါတယ် ။ ဒီ ၉ ဆင့်ပြီးရင်တော့ မြင့်မြတ်သောဘုံ ၃ ဆင့် ကို ရောက်ပါမယ် ။
အဆိုပါ မြင့်မြတ်သော ဘုံသုံးဆင့် နယ်ပယ် တွေ က တော့ စိတ်စွမ်းအားသိုင်းပညာနယ်ပယ် ၊ ဝိဉာဉ်တော် သိုင်းပညာနယ်ပယ်နဲ့ သမပိုင်း နယ်ပယ်တို့ပဲ ဖြစ်ပါတယ် ။ စိတ်စွမ်းအားသိုင်းပညာနယ်ပယ်မှာ နတ်အတွင်းအား အာရုံများဟာ ပြင်းထန်လှပါတယ် ။ ဝိဉာဉ်တော် သိုင်းပညာနယ်ပယ် မှာတော့ ဒီလို ပြင်းထန်လှတယ့် နတ် အတွင်းအားအာရုံ အဆင့်ကို အောင်မြင်ပြီးတဲ့ အခါ ထို လူ ဟာ စိတ်စွမ်းအားမှာ ထိပ်ဆုံးဖြစ်သွားမှာ ဖြစ်ပါတယ် ။ နောက်ဆုံး သမပိုင်း နယ်ပယ်မှာတော့ ခန္ဓာကိုယ်ဟာ ပြင်း ထန်လှတယ့် သတ်မှတ်မှုများကို ခံနိုင်မှာဖြစ်ပြီး အခက်ခဲ ဆုံး အဆင့်ပါပဲ ။ အဘယ်ကြောင့်ဆိုသော် လေ့ကျင့်သူ၏ ကိုယ်ဟာ အလွန် မာကျော သန်မာနေဖို့ လိုအပ်ပါတယ် ။ ထို အဆင့်ကို သာ အထွတ်အထိပ်ရောက်သွားပါက နိဗ္ဗာန် အဆင့်ရဲ့ ဆင်းရဲ ဒုက္ခဒဏ်ကို ခံစားရမှာပါ ။ ဒီဒုက္ခများ အား ခံနိုင်ပြီ ဆိုပါက နိဗ္ဗာန် အဆင့်သို့ တက်လှမ်းနိုင်မည်ပဲ ဖြစ် ပါတော့တယ် ။
ဒီအဆင့်ဟာ မော်တယ်ကမ္ဘာမှာ ထိပ်ဆုံးပါပဲ ။
ချန်ရှန် ကြောက်နေမိတုန်းပါ ။ ခုနတုန်းက ချန်ရှန် ဟာ လျိုရှိုယန်ေ၇ှ့ တွင် ဘာမျှကို မလုပ်နိုင်လိုက်ပါဘူး ။ တကယ်လို့ သူသာ စစ်မှန်သော ပညာရှင်ဖြစ်နေရင်တော့ အနည်းငယ် ပိုမို ခံနိုင်မည်ဟု တွေးမိလိုက်ပါတယ် ။
“မင်းရဲ့ ထာဝရမိစ္ဆာ ကိုယ် ကို သေချာ လေ့ကျင့် ပြီး ရင် မင်းလည်း သမပိုင်းနယ်ပယ် ကို အေးဆေး သွားနိုင် ပါ တယ်”
ဘိုင်ယုယု ကပြောပြပါတယ် ။
ချန်ရှန် ဟာ ဂိုဏ်းမှ ထွက်လာပြီးနောက် သူဟာ အဖြူ ရောင် ကျောက်စိမ်းဆေး ၂ လုံးကိုသာ ယူခဲ့တာပါ ။ ဒါဟာ မော်တယ် အဆင့် ပညာရှင် အတွက် အလွန်ကို အကျိုးရှိ တဲ့ အားအင်ပြည့်ဖြိုးစေသော အဆင့်မြင့် ဝိဉာဉ်တော် အဆင့် ဆေးပဲ ဖြစ်ပါတယ် ။ ချန်ရှန် တနေ့လုံး နားနေပြီး နောက်မှာတော့ သူ၏ စွမ်းအား တ၀က်လောက်ဟာ ပြန်ရ လာပါပြီ ။
သူဟာ ယခု ကမ်းနဲ့ မနီးမဝေးက ဂူတစ်ခုထဲမှာ ရှိနေ တာပါ ။ သူဟာ ယခု ဂူအား သူ၏ နူးညံ့သော အငွေ့ လက် ချောင်းများကို အသုံးပြုကာ ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ် ။
ဒီအချိန်မှာ ချန်ရှန် ဟာ သူ၏ ဒဏ်ရာများကို ကုစားရင်း အချိန်များလည်း ပိုနေတာပါ ။ ဒီဂူထဲပုန်းနေ ရင်း မှ သူ၏ အဖေပေးထားသော မီးဖိုကို ထုတ်လိုက်ပါ တယ် ။
ချန်ရှန် ဒန်ရှန် မျှော်စင်မှ ဝိဉာဉ်တော် အဆင့် ဆေး ပြုလုပ်ရန် ပါဝင်ပစ္စည်းများစွာအား ၀ယ်ယူခဲ့တာပါ ။ ဆေး တစ်ခုစီ အတွက် အနည်းဆုံး ဆယ်စုံ စာတော့ ရှိပေလိမ့် မယ် ။ အဖြူရောင်ကျောက်စိမ်းဆေးအတွက် ကုန်ကျ တယ့် ပမာဏမှာ ဆေးတစ်စုံစာအတွက် သလင်းကျောက် ၂၀၀၀ ခန့် ဖြစ်လေသည် ။ သူဟာ ဆယ်စုံစာ ၀ယ်ခဲ့တာ ဖြစ်ပြီး ချီဒြပ်စင်ဆေးအတွက် လိုအပ်သည့် ဆေးပင်တစ်စုံ စာဖိုးမှာလည်း ၁၅၀၀ ခန့် ကုန်ကျပါတယ် ။ ဒါကိုလည်း ၁၀ စုံ ၀ယ်ခဲ့တာပါ ။ ဒီဆေးများဟာ အဆင့်မြင့် ဝိဉာဉ်တော် အဆင့် ဆေးတွေကြားမှာ အသုံးများတယ့် ဆေးတွေပဲ ဖြစ် ပါတော့တယ် ။
သိုင်းဒြပ်စင်ဆေး နှင့် ဝိဉာဉ်တော်အမှုန့် စုဆောင်း ရေး ဆေးတို့မှာ အဆင့်နိမ့် ဝိဉာဉ်တော် အဆင့်ဆေး များ ဖြစ် ကြပါတယ် ။ အဆိပ်အရည်ပျော်ဆေး နှင့် ချီပေါက်ကွဲ ဆေး တို့ဟာ တော့ အလယ်အလတ် ဝိဉာဉ်တော် အဆင့် ဆေးများ ဖြစ်ကြပါတယ် ။ ဒါတွေ အားလုံး အတွက်ကို တော့ ချန်ရှန် ဟာ အစုံ ၂၀ စီ ၀ယ်ယူခဲ့တယ် ။ သူဟာ ချီ ဓာတ်ဆေးအား ကောင်းမွန် ကျွမ်းကျင်စွာ ပြုလုပ်နိုင်တာ မို့ ဒီလို တခြားဝိဉာဉ်တော် အဆင့် ဆေးတွေကိုလည်း ကောင်းစွာ ပြုလိမ့်နိုင်လိမ့်မည်ဟု ကိုယ့်ကိုကိုယ် ယုံကြည် နေမိပါတယ် ။
ဝိဉာဉ်တော် အမှုန့် စုဆောင်ခြင်း ဆိုတာ သလင်း ကျောက် ပုံဆောင်ခဲလေးများကို ရေမှာ ပြုလုပ်တာ ဖြစ်ပါ တယ် ။ ဒါဟာ ချန်ရှန် အတွက် ဆေးဖက်ဝင် အမှုန့်အား ပထမဆုံး အကြိမ် ပြုလုပ်ခြင်းပါ ။ ဒါပေမယ့် ဆေးအခဲ ထက် စာလျှင် ပိုမိုလွယ်ကူပါတယ် ။ အဘယ်ကြောင့် ဆို သော် ၎င်းတို့အား အခဲ ပြုလုပ်ရန် မလိုအပ်သောကြောင့် ပဲ ဖြစ်ပါတယ် ။
၈ ကြိမ်လောက် ကျရှုံးပြီးတယ့် နောက်မှာတော့ သူဟာ အောင်မြင်စွာပဲ ပြုလုပ် နိုင်ခဲ့ပါပြီ ။ လေးရက်သာ ကြာမြင့် ခဲ့တာ ဖြစ်ပြီး ဒါတွေအားလုံးကို အဆင့်နိမ့် မီးဖို လေးမှာသာ ပြုလုပ်ခဲ့ခြင်းပါ ။
နောက်တစ်ခါကတော့ သိုင်းဒြပ်စင်ဆေး အလှည့်ပါ ။ ထိုအရာထဲမှာတော့ ပြင်းထန်လှော ဒြပ်စင်တွေပါဝင်ပြီး ပြု လုပ်ဖို့ တော်တော် ခက်ခဲပါတယ် ။ တကယ်တော့ ချီဓာတ် ဆေးထက်ပင် ပြုလုပ်ရခက်ခဲပြီး ချန်ရှန် အနေဖြင့် ၁၀ ရက် လောက်ကို ကြာသွားပါတယ် ။ ၁၅ ကြိမ်လောက် ကျရှုံးပြီး နောက်မှာတော့ အောင်မြင်သွားခဲ့ပါပြီ ။ နဂါးမီးတောက် မီး ဖို နဲ့ ပြုလုပ်တယ့် အခါ သူဟာ သုံးကြိမ်မှာ ၁ ကြိမ်သာ ကျရှုံးခဲ့ပြီး ၂ ကြိမ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ် ။
အဆင့်နိမ့်ဝိဉာဉ်တော် အဆင့် ဆေးများဟာ ချန်ရှန် အရင်က ပြုလုပ်ခဲ့ဖူးသော ဆေးသုံးမျိုးထက် ပိုမို ခက်ခဲစွာ ပြုလုပ်ရတာပါ ။ ဒါပေမယ့်လည်း ဒီလို အဆင့်နိမ့် ဝိဉာဉ် တော်ဆေးများကို ပြုလုပ်ရတယ့် အတွေ့ အကြုံကြောင့် သူဟာ တခြား ဆေးများကိုလည်း ကျွမ်းကျင်စွာ ပြုလုပ် နိုင် တော့မှာပါ ။
ဥပမာ – အဆင့်နိမ့်ဆေးတစ်မျိုး ဖြစ်တယ့် စိတ်ရှုပ် စေသော ဝိဉာဉ်တော် အမှုန့်ကို ချန်ရှန် ဟာ တစ်ခါတည်း ဖြင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ် ။ ဒီဆေးဟာ ဖျန်း ခြင်း ခံလိုက်ရပါက တဖက်လူ၏ စိတ်များကို ရှုပ်ထွေးစေ ပြီး ငိုက်မျဉ်းသွားစေပါတယ် ။ ဒါကို အများအားဖြင့် သားရဲ များဖြင့် ရင်ဆိုင်သောအခါမှာ အသုံးများလှကြတာပဲ ဖြစ် ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset