Switch Mode

Chapter – 123

အသက်ဝင်နတ်မိစ္ဆာဒူးလေး

Chapter – 123 အသက်ဝင်နတ်မိစ္ဆာဒူးလေး

“မင်းက ချန်ရှန်မလား”
သက်လတ်ပိုင်း အရွယ် လူကြီးက သူ၏ လက်ထဲရှိ စာရွက်အား ချန်ရှန်အား ပေးရင်း မေးလိုက်ပါတယ် ။ ထို အပေါ်မှာတော့ ချန်ရှန်၏ သွင်ပြင်နဲ့ ဆင်တူလှသော ပုံရိပ် တစ်ခုရှိနေတယ် ။ ချန်ရှန်ဟာ သာမန်လို ၀တ်ဆင်ထားပေ မယ့်လည်း သူ၏ မျက်လုံးများ ၊ မျက်နာ ၊ နှာခေါင်း နှင့် ပါး စပ် တို့မှာ ငြင်းမရအောင် တူနေပါတယ် ။
အစောပိုင်းထဲက ချန်ရှန်ဟာ သူ့အား သားရဲဂိုဏ်းမှ သူ၏ ပုံဆွဲကာ နေရာတိုင်းတွင်ကပ်ပြီး ဆုငွေထုတ်ထား တာကြောင့် သူတော်တော် သွားလာရအဆင်မပြေပါ ။ သူ ဟာ သားရဲဂိုဏ်း၏ နောက်လိုက်ကိုသတ်ပြီး သူ့ဘ၀ သူ ကယ်တင်ခဲ့ပေမယ့် ခုတော့ သားရဲဂိုဏ်းဟာ သူ့အား ရန်သူ တစ်ယောက်လို အလိုရှိနေပါပြီ ။ ဒီဂိုဏ်းနဲ့ကိစ္စ ပြတ် မှသာ သူသွားရလာရ လွယ်ကူတော့မှာဖြစ်ပါတယ် ။
“အဲဒိတော့ ခင်ဗျားက ကျွန်တော့ကို သတ်ပြီး ဆုငွေ တစ်သိန်း လိုချင်တယ်ပေါ့”
ချန်ရှန် သူ၏ လက်သီးများကို စုပ်ကာ လေးလေးနက် နက်မေးလိုက်ပါတယ် ။ ဒီလူဟာ သူ့ကို မြင်ဖူးတယ့် လူ တစ်ဦးဦး က လွှတ်လိုက်တာ ဖြစ်မည်ဟု ချန်ရှန် ထင်မိပါ တယ် ။
ယခုအခါ တောင်ကြားတွင် သိုင်းပညာရှင် ထောင် ဂဏန်းလောက် ရှိနေတာဖြစ်ပြီး အများစုမှာ မော်တယ် အဆင့် ပညာရှင်တို့သာ ဖြစ်ပါတယ် ။ သူတို့ ဒီနေရာကို လာ တာ မည်သည့် ရတနာမျှ မတွေ့ ပေမယ့် သလင်း ကျောက် တစ်သိန်း က သူတို့ ရှေ့ မှာ ရှိနေပြီ ဖြစ်ပါတယ် ။ ဒါပေမယ့် ဘယ်သူမှ ဘာမျှ မလုပ်သေးပဲ အခြေအနေကို သာ စောင့်ကြည့်နေဟန်ပါ ။ ဒါ့အပြင် ချန်ရှန် ဟာ ရင်ဆိုင် ဖို့ လွယ်ကူတဲ့လူ မဟုတ်တာကိုလည်း သူတို့ အသေအချာ သိနေတယ်လေ ။
“သားရဲဂိုဏ်းက မင်းခေါင်းကို ဆုငွေ ၁ သိန်း ထုတ် ထားတယ်လေ ၊ ဒါပေမယ့် မင်းမခုခံဘူး ဆိုရင်တော့ ခေါင်း မဖြတ်တော့ပါဘူး ။ အလောင်းအတိုင်း ချန်ပေးမယ်”
ထိုလူက အေးစက်စက် ပြုံးကာ ပြောပါတယ် ။
ထိုလူမှာ အမည်းရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ထူး ဆန်းလှသော ချီဓာတ်တစ်မျိုး သူ၏ ကိုယ်မှ ထွက်နေပါ တယ် ။ ၎င်းဟာ သူ့ဝန်းကျင် ရှိ လူများနဲ့ များစွာ ခြားနား ပါ တယ် ။ ဒါ့အပြင် ဒီလို ချီဓာတ် နဲ့ အသက်ရှူပုံဟာ တစ်ခုခု နဲ့ တူနေသလို သူခံစားလိုက်မိတယ် ။
“ခင်ဗျားက အဆိပ်တစ်ရာ ဂိုဏ်းကလား”
ချန်ရှန် အေးစက်စက် မေးလိုက်ပါတယ် ။
အဆိပ်တစ်ရာ ဂိုဏ်းဟာ အဓိကမိစ္ဆာဂိုဏ်း ၅ ခု ထဲ က တစ်ဂိုဏ်းဖြစ်ပြီး ချန်ဝူ စီရင်စု ၉ ခုလုံးမှာ ကြောက်စရာ အ ကောင်း ဆုံးဂိုဏ်းတွေထဲမှ တစ်ဂိုဏ်းလည်း ဖြစ်ပါတယ် ။ အဘယ်ကြောင့်ဆိုသော် အဆိပ်တစ်ရာ ဂိုဏ်းဟာ အဆိပ် မှာ ကျွမ်းကျင်လှပြီး သူတို့ဟာ လူတစ်ယောက်ကို မမြင်ရ လောက်အောင် သတ်နိုင်ပါတယ် ။ သေသွားတယ့်လူ မှာ လည်း သူဘယ်လိုသေသွားလဲ ဆိုတာတောင် သိလိုက်ရ မှာ မဟုတ်ပါပေ ။
အဆိပ်တရာဂိုဏ်း ဆိုသည့် နာမည်ကို ကြားရုံဖြင့် လူ တိုင်းဟာ ရုတ်တရက် အမူအရာများ ပြောင်းကုန်ကြတယ်။ ချန်ရှန် တို့ အနီးမှ ရှောင်ဖယ်ကာ သွားကြပြီး ခပ်လှမ်းလှမ်း ကသာ ရပ်ကြည့်နေကြပါတယ် ။ သူတို့ဟာ သေမှာကို ကြောက်လို့ ဖြစ်ပြီး အဆိပ်ရန်မှ ဝေးဝေးနေခြင်း ဖြစ်ပါ တယ် ။
ထိုလူလည်း အံ့သြစွာပင် ခနဲ့တဲ့တဲ့ ဖြင့် –
“တကယ်ကို ပြောင်မြောက်လှတယ့် မျိုးဆက်သစ် တစ်ယောက်ရဲ့ ခန့်မှန်း မှုပေပဲ ။ မင်းဟာ အမြင်ကောင်း ကောင်း ရှိတယ်”
ချန်ရှန် ယခုမနီးမဝေးမှာ စစ်မှန်သော သိုင်းပညာရှင် များဟာလည်း ကြည့်နေကြကြောင်း သတိပြုမိလိုက်တယ်။ ဒါမတိုင်ခင်ကသာ အဆိပ်တစ်ရာဂိုဏ်းက လူ မဟုတ်ဘူး ဆိုပါက ၎င်းတို့ဟာ လာရောက်တိုက်ခိုက်ကြမှာဖြစ်ပြီး ယခု အခါမှာတော့ ကြည့်သာ ကြည့်နေကြပါတယ် ။
အဘယ်ကြောင့်ဆိုသော် သူတို့ဟာ ချန်ရှန် ရှုံးတာကို သာ ကြည့်ပြီး ချန်ရှန် သေသည့် အခါမှသာ အလွယ်တကူ သလင်းကျောက် တစ်သိန်း အား သွားရောက်ထုတ်ယူ ရန် ကြံစည်နေကြလို့ပဲ ဖြစ်ပါတယ် ။ သလင်းကျောက် တစ်သိန်း ဆိုသည့် ပမာဏမှာ ထိုကဲ့သို့ ပညာရှင်များ အတွက်ပင် များလှသည့် ပမာဏပါပေ ။
“သလင်းကျောက် တစ်သိန်း က ငါ့အတွက်ပဲ”
ထိုလူက ခပ်လှောင်လှောင် ပြောပါတယ် ။ ချက်ချင်း ပင် သူ၏ လက်ကို ဝှေ့ ယမ်းလိုက်သည့် အခါမှာတော့ မရေ တွက်နိင်သော အပ်များဟာ ချန်ရှန် ဆီသို့ ပျံသန်းလာပါ တော့တယ် ။ အားလုံးဟာ အရောင်မရှိ သော အဆိပ်ငွေ့ များ ပါဝင်နေကြလျက်ပါ ။
ချန်ရှန်ဟာ အဆိပ်တစ်ရာ ဂိုဏ်းမှ ဆိုသည်ကို သိပြီး သည်နှင့် သတိထားနေတာဖြစ်တယ် ။ အဘယ်ကြောင့် ဆို သော် ထိုဂိုဏ်းသည် လက်နက်ပုန်းများဖြင့် အလစ်တိုက် ခိုက်တတ်သောကြောင့်ပါ ။ ဒီလို လက်နက်ပုန်းတွေ လာ တာကို မမြင်မိပါက သူသေမည်မှာ အသေအချာပါပင် ။
ချန်ရှန် ၏ ကိုယ်မှာ အမည်းရောင်ချီဓာတ် တစ်ခု ရုတ် တရက် ကာရံလိုက်တယ် ။ ထိုအမည်းရောင်ချီဓာတ်များ ဟာ မျက်စိတမှိတ်အတွင်းမှာပင် ရေများအဖြစ်သို့ ပြောင်း လဲသွားပြီး ချန်ရှန် ပတ်လည်တွင် ကာရံသွားကြပါတယ် ။ အဆိပ်အပ်များဟာ ရေထဲသို့သာ တိုးဝင်ပျောက်ကွယ် သွားကြရပါတော့တယ် ။
ချန်ရှန်ဟာ အမည်ရောင်လိပ်ရဲ့ အကာအကွယ် စွမ်း အင်ကို အသုံးချလိုက်တာဖြစ်ပြီး ထိုရေ၏ သိမ်မွေ့ လှပုံ ဟာ မမြင်နိုင်လောက်အောင်ပါပဲ ။ အဆိုပါ အကာကွယ် တွင် ပြင်းထန်လှသည့် စွမ်းအားများရှိနေတယ် ။ အဆင့် ၁၀ ရှိသည့် မော်တယ် ပညာရှင်များမှ တချိန်တည်း တိုက် ခိုက်မည်ဆိုလျှင်တောင် ထိုအကာကွယ်ကို ဖျက်စီးလို့ ရနိုင်ရုံမျှသာ ရှိမှာပါပဲ ။
အပ်များဟာ ရေထဲသို့ တိုးဝင်ပျောက်ကွယ်သွားတဲ့ နောက်မှာတော့ ၎င်းတို့၏ အရ်ိပ်ပင် မမြင်ရတော့ပါချေ ။ ဒီ အရာကို ကြည့်ရင်း အမည်းရောင်ဝတ် လူဟာ ဒေါသဖြစ် သွားတယ် ။ သူကိုယ်တိုင်ဟာလည်း အဆင့် ၁၀ ပညာရှင်ဖြစ်ပြီး ခုနက အပ်များတွင် သူ၏ စွမ်းအားများကို အပြည့်အ၀ ထည့်ကာ လွှတ်လိုက်ခြင်းပါ ။ ဒီလိုနည်းဖြင့် အဆင့် ၉ ၁၀ ရှိသူ ရာပေါင်းများစွာအား တိုက်ခိုက် အနိုင် ယူပြီးဖြစ်ပေမယ့် ချန်ရှန်ကိုတော့ မရခဲ့ပါချေ ။
အမည်းရောင်လိပ်နတ်ကျင့်စဉ်ဟာ အနည်းငယ်သာ သူတတ်သေးသော်လည်း တတ်ပြီးသော စွမ်းအားက ပင် ပုံမှန်တော့ မဟုတ်ပါချေ ။ ဒါ့အပြင် ချီဓာတ်ဟာလည်း အနည်းငယ် မျှသာ ကုန်တာဖြစ်ပြီး ချန်ရှန်ဟာ ယခု စွမ်း ရည်အား အဆင့် ၁၀ ရောက်ပြီးမှသာ ကျင့်ကြံခဲ့တာ ဖြစ်ပါ တယ် ။ ထိုသို့ အကာအကွယ် ယူပြီးနောက်မှာတော့ ချန်ရှန် ဟာ ခုန်တက်သွားကာ ထိုလူဆီသို့ ရောက်သွားပါ တော့တယ် ။
အဆိပ်တစ်ရာ ဂိုဏ်းမှ နောက်လိုက်များဟာ သိပ် မသန်မာကြပါဘူး ။ ဒါပေမယ့် လည်း သူတို့၏ အဆိပ်နှင့် လက်နက်ပုန်းများကတော့ ကြောက်စရာပါ ။ ချန်ရှန်၏ လျင်မြန်မှုကလည်း အံ့မခန်းပါပင် ။ ထိုလူ နောက်ထပ် ဘာ မျှ ထပ်မလုပ်နိုင်ခင်မှာပဲ ဘေးသို့ ရောက်သွားတာကို လူ အားလုံးဟာ မြင်လိုက်ကြရတယ် ။
ချန်ရှန် ပုံဆောင်ခဲတစ်ခုကို ထုတ်လိုက်တယ် ။ မြေကြီး များ ပင် အက်ကွဲကာ တုန်လှုပ်သွားကြပါတယ် ။ ချန်ရှန် ဟာ မြေကြီး အဆင့် စွမ်းရည်ဖြစ်တယ့် ကောင်းကင်ဖြို ပုံ ဆောင်ခဲ အကွက်ကို သုံးလိုက်တာဖြစ်ပြီး သူ၏ ပုံဆောင်ခဲ မှာ ပြင်းထန်လှသော စွမ်းအားများကို သယ်ဆောင်သွားပြီး ထိုလူ ထံသို့ ထိသွားပါတော့တယ် ။ သွေးများဟာလည်း ပန်း ခနဲ ပါးစပ်မှ ထွက်လာပါတယ် ။
သက်လတ်ပိုင်းအရွယ် လူ ဟာ သူ၏ အရိုးများ ၊ ကိုယ် တွင်း အင်္ဂါများတော့ ထိခိုက်သွားပြီဆိုတာကို သိလိုက်ရ တယ် ။ ချန်ရှန် တိုက်ခိုက်မှုဟာ ဒီလောက်ပြင်းထန်လိမ့် မယ်ဟု မထင်ထားမိပါဘူး ။ သာမန် အဆင့် ၁၀ ပညာရှင် ဟာ ဒီလိုလုပ်နိုင်ဖို့ မဖြစ်နိုင်ပါပေ ။
ချန်ရှန် နာကျင်နေသာ အဆိုပါလူအား အေးစက်စက် ဖြင့်ပင် ပြုံးပြီး ကြည့်နေတယ် ။ ထိုသူကို သတ်မည်ဟု ကြံ ရွယ်နေစဉ်မှာပဲ ထိုလူဟာ အမည်းရောင် ဒူးလေး တစ်လက် ကို ဆွဲထုတ်လိုက်တာ မြင်လိုက်ရပါတယ် ။ ထို ဒူးလေးမှ အမည်းရောင် မြားတစ်ချောင်း သူ၏ နှလုံးသား ဆီသို့ ပစ်လွှတ်လိုက်တာကိုလည်း သူမြင်လိုုက်ရပါတော့ တယ် ။
အလွန်ပင် လျင်မြန်လှတယ် ။ ချန်ရှန် သူ၏ အမည်း ရောင်လိပ် အကာအကွယ်ကို သုံးလိုက်ပြီး မြားဟာလည်း ချန်ရှန် ဆီသို့ လာနေပါတယ် ။ ထိသွားတယ့် အခါမှာတော့ ကျယ်လောင်စွာ မြည်ဟည်းသွားပြီး ချန်ရှန် တစ်ကိုယ်လုံး လည်း တုန်သွားတယ် ။ တဆက်တည်းမြားဟာလည်း ချန်ရှန် ရှေ့ ရင်အုံနားမှာ ရပ်သွားပါတော့တယ် ။
“နီးနီးလေးပဲ လိုတော့တယ် ၊ ငါ့ကို ထိုးမိမတတ်ပဲဟ”
ချန်ရှန် အလန့်တကြားပင် ခုန်ကာ မြေကြီးပေါ်မှ လူထံ သို့ ပုံဆောင်ခဲတစ်ခု ထပ်မံ ပစ်လွှတ်လိုက်တယ် ။ မိုးပြာ ရောင် ချီဓာတ်များဟာလည်း ထွက်ပေါ်လာပြီး ထိုလူကို ပြင်းထန်စွာ ထိမှန်သွားကာ သွေးများ ဟာ နေရာအနှံ့ သို့ လွင့်ထွက်သွာပါတော့တယ် ။
ချန်ရှန် သက်ပြင်း ရှည်တစ်ခုကို ချလိုက်မိတယ် ။ ခုနက မြားဖြင့် တိုက်ခိုက်မှုကို စဉ်းစားရင်း သူနည်းနည်း တော့ လန့်သွားပါတယ် ။ ဒါကိုကြည့်ခြင်းအားဖြင့် ပစ်လွှတ် လိုက်သော ဒူးလေးသည် အလွန်ပင် ပြင်းထန်လှသော ချီဓာတ်များ ပါဝင်မှာကို သူသိလိုက်တယ် ။ သူက အကာ အကွယ်ကိုတောင် ဖောက်လာနိုင်သည် မဟုတ်ပါလော ။
ချန်ရှန် ပြုတ်ကျနေသည့် ဒူးလေးကို ကောက်ယူကာ ဆေးကြောလိုက်ပါတယ် ။ ထို့နောက် သူ၏ ချီဓာတ်များ အား အထဲသို့ လောင်းထည့်လိုက်သောအခါ ဒူးလေးတွင် ရုတ်တရက် အမည်းရောင် မြားတစ်ချောင်း တပ်ပြီးလျက် သား ဖြစ်သွားတာကို တွေ့ လိုက်ရပါတယ် ။
“ဒါ အဆင့် ၇ ဝိဉာဉ်တော် လက်နက်ထဲက တတိယ အဆင့် ဖြစ်တယ့် အသက်ဝင် နတ်မိစ္ဆာ ဒူးလေး မဟုတ် လား”
ခပ်လှမ်းလှမ်း မှ ပြောနေသံကို ကြားလိုက်ရတယ် ။ အားလုံးဟာ ဆူညံဆူညံ ဖြစ်သွားကြပါတယ် ။ အဆင့် ၇ ဝိဉာဉ်တော် လက်နက်ဟာ တကယ်ကို ရှားပါးလှပြီး စစ် မှန်သော သိုင်းပညာရှင်တို့သာ ကိုင်တွယ်ကြတာ ဖြစ်ပါ တယ် ။ ဒါတင်မက ထို အဆင့် ၇ ထဲကမှ ထိပ်သီးလက် နက် ၁၀ ခုဟာ ပိုမိုပင် အစွမ်းကြီးပါသေးတယ် ။
ချန်ရှန် ဒီလက်နက်ဟာ အသုံးပြုရလွယ်ကူပြီး ကောင်း မွန် လှတာကို သိသွားတယ် ။ သိုင်းပညာရှင်များ အတွက် အသုံးတည့်လှပြီး စွမ်းအားလည်း တကယ်ကို ကြီးမားပါ ပေတယ် ။ သူဟာ ဒါကို သိမ်းမည်လုပ်စဉ်မှာပင် ကြောက် စရာ ကောင်းလှသော ချီဓာတ်လှိုင်းများဟာ ကောင်းကင် ပေါ် မှ သူ့ထံသို့ ကျလာပါတယ် ။
ချီဓာတ်များဟာ တကယ်ကို ပြင်းထန်လှပြီး သူ၏ ကိုယ်ပေါ်အား တောင်ကြီး တစ်လုံးဖြင့် ဖိချလိုက်သလိုပါ ပင် ။ ထိုအချိန်မှာ သူ၏ ကိုယ်ထဲရှိ အတွင်းပိုင်းအားလုံး ဖျစ်ညှစ်လိုက်သလို ခံစားလိုက်ရပြီး အက်ကွဲသလိုပင် ဖြစ် သွားရပါတယ် ။ ပါးစပ်အပြည့် သွေးများ ထွက်ကာဖြင့် မြေ ကြီး ပေါ်သို့ လဲကျသွားပါတော့တယ် ။
သူ့ကို တစ်စုံတစ်ယောက်က တိုက်ခိုက်လိုက်တာပါ ။ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ လူဆိုတာတော့ အသေ အချာ ပါပင် ။ ကြည့်ရတာတော့ ယခု လက်နက် အား လိုချင်သည့်သူ တစ်ဦးဦး ဖြစ်နိုင်တယ်ဟု ချန်ရှန် တွေး လိုက် မိပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset