Switch Mode

Chapter – 122

နဂါးရှာဖွေခြင်း

Chapter – 122 နဂါးရှာဖွေခြင်း

“ရှစ်သောင်း”
ချန်ရှန် အသင့်တော်ဆုံး ဈေးကို ပြောလိုက်တယ် ။ မစ္စ လီလည်း ခေါင်းတစ်ချက်ညိမ့်ကာဖြင့် သူမ၏ လက်မှာ ရှိ သော ကွင်းလေးအား လှည့်ကာ ထူးဆန်းသော အိတ်လေး ကို ထုတ်ပြီး ချန်ရှန် ဆီ ပေးလိုက်ပါတယ် ။
“ဒီ မှာ သလင်းကျောက်တုံး ၈၀၀၀၀ ပါ ၊ သခင်လေး စစ်ဆေးကြည့်နိုင်ပါတယ်”
မစ္စလီ ပြုံးလျက် ဆိုပါတယ် ။
ချန်ရှန် သူ၏ နတ်အတွင်းအား အာရုံများ ကို အသုံးပြု ကာ စစ်ဆေးလိုက်တယ့် အခါမှာတော့ သလင်းကျောက် ၈၀၀၀၀ ကို တွေ့ လိုက်ရတယ် ။ သူတို့လောကမှာ ဒီလို အရောင်းအ၀ယ် ကိစ္စကြီးများ ပြုလုပ်တယ့်အခါ ပညာရှင် တို့ဟာ ဒီလိုသာ စစ်ဆေးကြတာဖြစ်ပြီး အဆင့်နိမ့်ပညာရှင် များမှာတော့ ထိုကဲ့သို့ အစွမ်းမရှိပါချေ ။
“မစ္စ ၊ ကျွန်တော် တစ်ခုလောက် မေးလို့ရမလားဗျ ၊ ဒီကနေပြီး အပြင်ကမ္ဘာက ဒန်ရှန် ဆေးဖက်ဝင် တိုင်းပြည် လို့ ခေါ်တယ့်နေရာကို စေလွှတ်တယ့် မိန်းကလေး တစ် ယောက် အကြောင်းသိချင်လို့ပါ”
ချန်ရှန် မေးလိုက်ပါတယ် ။
မစ္စလီလည်း ခေါင်းခါယမ်းကာဖြင့် –
“ကျွန်မ မသိပါဘူး ၊ ဒါတွေကို ဂိုဏ်းချုပ်ကသာ စီမံတာ ဖြစ်ပြီး သူမ သွားလား ပြန်လာလားဆိုတာတောင် မသိတာ ပါ ။ နောက်ပြီး အဲလို စေလွှတ်သူတိုင်းကို ဟွာယုယန် ဆို တဲ့ နာမည်ပေးလေ့ရှိတယ်”
ချန်ရှန် သက်ပြင်းသာ ချမိပါတယ် ။
“တကယ်လို့ ကျွန်မ ဂိုဏ်းချုပ်နဲ့ ဆုံတယ့်အခါကျ သခင် လေး အတွက် စုံစမ်းထားပေးပါ့မယ် ။ သခင်လေးလည်း ဒီကို မကြာခဏလာလိမ့်မယ်လို့ မျှော် လင့်ပါတယ်”
မစ္စလီ ပြုံးလျက် ဆိုပါတယ် ။
ချန်ရှန် လည်း အရိုအသေပေးကာ ထွက်လာပါတော့ တယ် ။ သူ့မှာ ယခု သလင်းကျောက် တစ်သိန်း ရှိနေပြီ ဖြစ် ပြီး ဒါဟာ နည်းပါးတယ့် ပမာဏ မဟုတ်ပါဘူး ။ ဒါကြောင့် ပဲ သူဟာ မျှော်စင်မှ ဆင်းလာကာ ဆေးဖက်ဝင် အပင်တချို့ ဝယ်ဖို့ ထွက်လာပါတယ် ။
ဒန်ရှန်တောင်ယွမ် နဲ့ ရေခဲလေတောင်ကြား ဂိုဏ်းချုပ် တို့ဟာ အလွန်ပင် ပဟေဠိ ဆန်လှပါတယ် ။ လူအများစု သူ တို့၏ မျက်နာများကို မမြင်ဘူးကြပါ ။ ဒါပေမယ့် ချန်ရှန် သေ ချာ သိတယ့်အချက်က တော့ ဒီဂိုဏ်းချုပ် ၂ ဦးလုံး ဟာ မိန်းမများ ဖြစ်တယ် ဆိုတာပါပဲ ။ ဒန်ရှန် ဆေးတိုင်းပြည်နှင့် ဒန်ရှန် မျှော်စင်တို့၏ အိမ်တော်ထိန်း များကို မိန်းမများ ထားခြင်းအား ကြည့်ခြင်းဖြင့် ချန်ရှန် ဟာ ဒီလို ထင်ခြင်းဖြစ်ပါတယ် ။
“ဒန်ရှန် တောင်ယွမ် ဂိုဏ်းချုပ်နဲ့ ဆေးဆရာမကြီးတို့ ဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်မှုများ ရှိနေ မလား မသိ”
ချန်ရှန် သံသယ ပင် ၀င်သွားမိပါတယ် ။
ချန်ရှန်ဟာ ယခု အဆင့်နိမ့်နဲ့ အလယ်အလတ် အဆင့် ဆေးများ ပြုလုပ်ရန် ဆေးပင်များစွာ ၀ယ်ပြီး ဖြစ်ပါ တယ် ။
အခုတော့ သူဟာ မတူညီတယ့် အဆင့်နိမ့် ဝိဉာဉ် တော်ဆေး ၂ မျိုးအား မည်ကဲ့သို့ ပြုလုပ်ရမည်ကိုသာ သင် ကြားရတောမှာ ဖြစ်ပါတယ် ။ တစ်ခုကတော့ ဝိဉာဉ်တော် အမှုန့်စုဆေး ဖြစ်ပြီး ဒါဟာ အားနည်းတယ့် ဝိဉာဉ်တော် အကြောရှိသူများ အတွက် အကြိုက်ပဲ ဖြစ်ပါတယ် ။ ဒါကို သောက်လိုက်ပါက ၎င်းတို့၏ ဝိဉာဉ်တော်အကြောများ အရည်အသွေး တိုးတက်လာမည်ဖြစ်ပြီး ဝိဉာဉ်တော် ချီ ဓာတ်များကိုလည်း ကောင်းစွာ စုပ်ယူနိုင်သွားမှာ ဖြစ်ပါ တယ် ။ ရောင်းရလွယ်တဲ့ အဆင့်နိမ့် ဝိဉာဉ်တော် ဆေး တစ်မျိုး ပင် ဖြစ်ပါတယ် ။
နောက်ဆေးတစ်မျိုးကတော့ သိုင်းဒြပ်စင်ဆေးပါ ။ ပြင်းထန်သော ချီဓာတ်တစ်မျိုး ပါဝင်တာဖြစ်ပြီး ဒါကို သောက်လိုက်ပါက သောက်သုံးသူအား ချီဓာတ်များ တိုး ပွားစေကာ အဆင့်တစ်ခုကို ရောက်ရှိစေမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုး အနည်းငယ်တော့ ရှိပါတယ် ၊ အဆက်မပြတ် သောက်သုံးမယ်ဆိုပါက ခန္ဓာကိုယ် အတွက် အန္တရာယ်များစေပါတယ် ။ ဒါပေမယ့် အဆင့် ၁၀ ပညာရှင်များ အကြိုက်ဖြစ်ပြီး ဘာလို့လဲဆိုတော့ ပညာရှင် တို့ သားရဲများနဲ့ တိုက်ခိုက်တယ့်အခါ ၎င်းတို့၏ အားများကို တိုးတက်စေမှာ ဖြစ်ပြီး အလွယ်တကူ အနိုင်ရစေမှာမို့ပါ ။ သေသေချာချာ အသုံးပြုပါက ဘေးထွက်ဆိုးကျိုးဆိုတာ မရှိနိုင်ပါဘူး ။
ဒါတင်မက ချီပေါက်ကွဲဆေး နဲ့ အဆိပ်အရည်ပျော် ဆေး စသော အလယ်အလတ်အဆင့် ဆေးများကို ပါ ပြုလုပ်ရန် ရည်၇ွယ်ချက်ရှိနေပြီး သူသာ အဆင့် နိမ့် ဝိဉာဉ် တော်ဆေးများကို အောင်မြင်စွာ ပြုလုပ်ပြီးပါက ထပ်မံပြုလုပ်ရန် ရည်၇ွယ်ချက်ဖြင့် ၀ယ်ခဲ့ခြင်းဖြစ်ပါတယ် ။
တကယ်တော့ သိုင်းဒြပ်စင် ဆေး နှင့် ဝိဉာဉ်တော် အမှုန့် စုဆေး တို့ဟာ ချီဓာတ်ဆေး ပြုလုပ်တာထက် များ စွာ လွယ်ကူပါတယ် ။ ဒါ့အပြင် ဈေးလည်း သိပ်မကြီးမြင့် လှပါဘူး ။
သိုင်းဒြပ်စင်ဆေးကို သလင်းကျောက် ၃၀၀ လောက်ဖြင့် ၀ယ်နိုင်ပြီး ဝိဉာဉ်တော်အ မှုန့်စုဆေးအား ၄၀၀ ဖြင့် ၀ယ်ယူနိုင်ပါတယ် ။ ဆေးပြုလုပ်ဖို့အတွက် လိုအပ်တယ့် ဆေးပင်များဟာလည်း ထိုဈေးမျှလောက်ပါပဲ ၊ အဘယ်ကြောင့်ဆိုသော် ဆေးပင်တစ်စုံစာလျှင် အနည်း ဆုံး လေးလုံး ပြုလုပ်နိုင်မှာဖြစ်ပြီး ဒါကြောင့် ဆေးလုံးသည် ပင် ပိုမို သက်သာလောက်ပါတယ် ။
ချန်ရှန် ဟာ ဆေးတစ်ခုချင်းစီအတွက် အစုံ ၂၀ စာ ဆေးပင်များကို ၀ယ်ယူ ခဲ့ပါတယ် ။ ထို့နောက်မှာတော့ ဒန်ရှန် မျှော်စင်မှ ခပ်မြန်မြန်ပင် ထွက်လာပါတော့တယ် ။ အဘယ်ကြောင့်ဆိုသော် သားရဲဂိုဏ်းမှ သူ့ခေါင်းအား သလင်းကျောက် တစ်သိန်းဖြင့် အလိုရှိနေလို့ပါပဲ ။ ချန်ဝူ စီရင်စု အားလုံးမှာ ထိုသတင်းဟာ ပြန့်နှံ့ လို့ နေပါတော့ တယ် ။
အဆိုပါ သလင်းကျောက် တစ်သိန်းဆိုတာ ချန်ရှန် အမြင်မှာ ဘာမှမဟုတ်လှပေမယ့် တခြားလူအများအမြင် မှာတော့ တကယ်ကို များပြားလှတယ့် ပမာဏပါ ။ အဘယ် ကြောင့် ဆိုသော် ထိုပမာဏဖြင့် ချီဒြပ်စင်ဆေး သို့မဟုတ် ချီဓာတ်ဆေးများစွာကို ၀ယ်ယုနိုင်မှာပါ ။ ဒီလိုသာရမယ် ဆိုပါက ၎င်းတို့၏ စွမ်းအားများလည်း တိုးလာမည် မဟုတ် ပါလော . . . ။
ချန်ရှန် မျှော်စင်မှ ထွက်လာပြီးနောက် မြို့ ပြင်ဖက်သို့ ထွက်လာခဲ့ပါတယ် ။ နောက်ယောက်လိုက်သူများ ရှိပါက လည်း မြို့ ပြင်မှာဆိုပါက လူများ မထိခိုက်နိုင်လို့ပါ ။ ၎င်းတို့ သာ တစ်ခုခု ပြုလုပ်လာမည် ဆိုပါက ချန်ရှန် ဟာ ငြိမ်ခံ နေမည် မဟုတ်တာတော့ အသေအချာပါပင် ။
ချန်ရှန် ဟာ ယခုထိတော့ စစ်မှန်သော ပညာရှင်များ ကို မတွေ့ သေးပါ ။ ဒါပေမယ့်လည်း ထိုသို့ပညာရှင်များစွာ နဲ့ တွေ့ ခဲ့လျှင်တော့ . . . ။
မြို့ ထွက်ပေါက်နားရောက်တယ့် အခါမှာတော့ နဂါး ဟိန်းဟောက်သံကြီးတစ်ခုကို ရုတ်တရက် ကြားလိုက်ရပါ တယ် ။ ဒီလိုရုတ်တရက်ထွက်ပေါ်လာတယ့် အသံကို တမြို့ လုံးဟာ သဲကွဲစွာ ကြားလိုက်ကြရပါတယ် ။ အသံ ကြီး ဟာ လူတ်ိုင်း၏ နားစည်အား ဗုံဖြင့် အနီးကပ် တီးလိုက် သလိုပင် ပြင်းထန်လှပါတယ် ။
ချန်ရှန် ခေါင်းမော့ ကြည့်လိုက်မိတယ် ။ မနီးမဝေး ကောင်းကင်တွင် အနီရောင်တိမ်များ ရဲနေကာ နဂါးတစ် ကောင်ပုံစံသို့ ပြောင်းသွားတာကို မြင်လိုက်ရပါတယ် ။ ဒါပေမယ့်လည်း တခဏတာပါပဲ ၊ ချက်ချင်းပင် ပြန်လည် ပျောက်သွားပါတော့တယ် ။
နဂါးဟောက်သံကြီးကြောင့် သစ်ကိုင်းများမှ ငှက်များ ဟာလည်း လန့်ပြေးကြနေသည်မှာလည်း အများအပြားပါ ပင် ။ လူတိုင်းဟာ ကြောက်ရွံ့ထိတ်လန့်ပုံပေါ်နေကြပါ တော့ တယ် ။
ချန်ရှန် လည်း ယခုအခြေအနေအား စုမေးယို နဲ့ ဘိုင် ယုယု တို့ကို မေးမြန်းလိုက်ပါတယ် ။ ၎င်းတို့လည်း ထိုအသံ ကို ကြားလိုက်ကြရတာဖြစ်ပြီး ကြည့်လိုက်တဲ့အခါ အနီ ရောင် တိမ်များကို မြင်လိုက်ကြရတာ ဖြစ်ပါတယ် ။
“နဂါး မွေးဖွားခြင်းပဲ”
စုမေးယို စိတ်လှုပ်ရှားမှုတ၀က် ကြောက်ရွံ့ မှု တ၀က် ဖြင့် ပြန်ပြောပါတယ် ။ နဂါးကြီး မော်တယ်ကမ္ဘာမှာ ပေါ်လာ ခြင်းဟာ တကယ်ကို ကြောက်စရာကောင်းလှ ပါ တယ် ။ ဒီနဂါးသာ အရွယ်ရောက်လာပါက လူသားလော က ခေါ် မော်တယ်ကမ္ဘ္ဘာအတွက် ကြီးစွာသော ပျက်စီးမှု များ ဖြစ်မည်မှာ အမှန်ပင် ဖြစ်ပါတယ် ။
“နဂါးက ဘယ်လို မွေးလာတာလဲ”
ချန်ရှန် မြို့ ပြင်ဖက်လျှောက်လာပါတယ် ။ သူတွေ့ နေ တာတောင်မှပဲ ယုံကြည်ဖို့ ခက်ခဲနေပါတယ် ။
“သိပ်တော့ မသေချာဘူး ၊ ငါတို့ ဆရာ တစ်ခါပြော ဖူးတယ် ။ နဂါးဟာ ၎င်းရဲ့ ဥအခွံကနေ ထွက်လာတယ့် အခါ နဂါးတိမ်တိုက်တွေဟာ ကောင်းကင်မှာ ဖြစ်ပေါ်လာ တယ် တဲ့ ၊ တဆက်တည်း နဂါးရဲ့ ဟိန်းဟောက်သံကိုလဲ ကြားရမယ်လို့ ဆိုတယ် ။ နဂါးမွေးဖွားခြင်းဆိုတာ အဲဒါပဲ”
ဘိုင်ယုယု ဟာ တစ်ခုခုစိုးရိမ်နေပုံဖြင့် ရှင်းပြပါတယ် ။
“ဒီနဂါးသာ မသမာသူရဲ့ ချုပ်ကိုင်မှုကို ခံရရင် မတွေး ရဲစရာပဲ”
စုမေးယို ရဲ့ မျက်ခုံးများ မြင့်တက်သွားတယ် ။ သူမ ၏ ချစ်စဖွယ် မျက်နာမှာလည်း ဖြူဖတ်ဖြူလျော် ဖြစ်သွားကာ ဖြင့် –
“ချန်ရှန် ၊ မင်း မြန်မြန်သွားသင့်တယ် ၊ မင်းသာ နဂါးကို ရှာနိုင်ရင် မင်းဟာ နဂါးသိုင်းကျင့်စဉ်တွေကို လေ့ကျင့် ထား တယ့်အတွက် နဂါးကို ထိန်းသိမ်း သွန်သင်နိုင်ဖို့ လွယ်နေလိ့မ်မယ်”
နဂါးကို ထိန်းသိမ်းရမယ်တဲ့လား . . .
ချန်ရှန် သူ့ကို နောက်နေတာလားဟုပင် ထင်မိပါတယ်၊ သူဒီလို လုပ်နိုင်လိမ့်မယ်လို့ မယုံကြည်နိုင်ဖြစ်နေပါတယ် ။ ဒါ့အပြင် ယခုအခါ လူများစွာဟာ ထိုနေရာသို့ ပြေးသွားနေ ကြပြီ ဖြစ်ပါတယ် ။
“မင်း ဒီမှာ ဘာရပ်လုပ်နေတာလဲ ၊ မြန်မြန်သွားလေ”
ဘိုင်ယုယု ၏ အေးစက်စက် လေသံဟာ ကျယ်လောင် စွာ ထွက်ပေါ်လာပါတယ် ။ ချန်ရှန်လည်း လူအုပ်နဲ့ ရောကာ ကဆုန်ပေါက် ပြေးသွားပါတော့တယ် ။ သူဟာ အတောင်ပံ ကို အသုံးပြုချင်ပေမယ့်လည်း သားရဲဂိုဏ်းမှ စစ်မှန်သော ပညာရှင် တစ်ယောက်ယောက်မြင်သွားမည် ကို ကြောက် နေမိတာပါ ။ ဒီလိုသာမြင်သွားပါက ဘာကောင်းကျိုးမျှ ရှိ တော့မည် မဟုတ်ပေ ။
သူပြေးနေစဉ်မှာပဲ ချီဓာတ်များ အတက်အကျ ဖြစ်လာ တာကို ခံစားမိလိုက်ပြီး စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ပညာရှင်အချို့ ရောက်လာကြောင်း သိလိုက်ရပါတယ် ။ ထိုသို့ ပညာရှင်များ များသထက် များလာကာ ၎င်းတို့ ရဲ့ အမြန်နှုန်းမှာလည်း မြန်ဆန်လွန်းလှပါတယ် ။ တချို့ မှာ လည်း ၎င်းတို့၏ ဝိဉာဉ်တော် လက်နက်များပေါ်တွင် မတ် တပ်ရပ်ကာဖြင့် ပျံသန်းသွားနေကြပါတယ် ။
၎င်းတို့၏ ချီဓာတ်များအား ဝိဉာဉ်တော် လက်နက်များ ပေါ် ထည့်သွင်းကာ နတ်အတွင်းအားအာရုံများကို အသုံးပြု ထိန်းချုပ်ကာဖြင့် လက်နက်ပျံများ အဖြစ် ပြုလုပ်လိုက်ကြ ခြင်းပါ ။ ဒါပေမယ့် သိပ်အမြန်ကြီးပျံသန်းတာတော့ မဟုတ် ပေ ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ပြုတ်ကျနိုင်သလို မျိုး အခြေအနေတချို့ ရှိနေခြင်းကြောင် ဖြစ်ပါတယ် ။ ဒီလို ပျံသန်းနိုင်ရန် လိုအပ်သည့် လက်နက်အဆင့်မှာ ဝိဉာဉ် တော် အဆင့် ၇ မှသာ ရနိုင်မှာ ဖြစ်ပါတယ် ။
အချိန်တခဏအတွင်းပင် စစ်မှန်သော ပညာရှင် ၃၀ ကျော် လောက် ကို ချန်ရှန် တွေ့ လိုက်ရတယ် ။ များစွာ သော အဆင့်နိမ့်မြင့် ပညာရှင်များစွာကို ဒီနေရာမှ ဆွဲ ဆောင်လျက် ရှိနေပါတယ် ။
လူအုပ်ကြီး ဟာ တိမ်အနီများ ဖြစ်ပေါ်တယ့် နေရာကို သွားနေကြတာဖြစ်ပြီး လူအများစုဟာ ထိုနေရာတွင် ထူး ဆန်းသော ရတနာ တစ်ခုခု ဖြစ်ပေါ်နေလိမ့်မည်ဟု ထင် ကြ တာပါ ။
တစ်နာရီလောက်ကြာပီးနောက် မှာတော့ ခုနက နဂါး ပုံပေါ်ရာ တိမ်နီများ နား ရောက်လာကြပါတယ် ။ လူတိုင်း ဟာ တောင်ကြားတွင် သေချာစွာ လိုက်ရှာကြသော်လည်း မည်သည့် အရာမျှ မတွေ့ ရှိကြပါချေ ။
“ချန် ရှန်”
လူတစ်ယောက်ဟာ ရုတ်တရက် ထအော်လိုက်တယ်။ လူတိုင်းဟာလည်း ချက်ချင်းပင် အံ့သြသွားကြပါတယ် ။ လူ တိုင်းဟာ ချန်ရှန် ၏ နာမည်ကို သိနေကြတာဖြစ်ပြီး သလင်းကျောက် တစ်သိန်း နဲ့ တွဲသိကြတာပဲ ဖြစ်ပါတယ်။
ချန်ရှန် ချက်ချင်း တုံ့ပြန်ပြီး မဖြေလိုက်ပါဘူး ။ ဒါပေ မယ့် လည်း သက်လတ်ပိုင်း အရွယ် အမည်းရောင် ၀တ်ရုံ ၀တ် ဆင်ထားသော လူတစ်ယောက်ဟာ စာရွက်ပြားတစ် ခု လက်တွင် ကိုင်လျက် ချန်ရှန်ဆီသို့ လျှောက်လှမ်းလာ နေ ပါတောတယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset