Switch Mode

Chapter – 121

ရနံ့မြို့တော်

Chapter – 121 ရနံ့မြို့ တော်

ချန်ရှန် ပျော်ရွှင်မှုကြောင့် ထခုန်မိတယ် ။ စိတ်လှုပ် ရှား မှုများ အပြည့်ဖြင့် ရယ်မောနေပါတယ် ။ တချိန်တည်း မှာပဲ တစ်ခုခုကိုလည်း စိုးရိမ်သွားမိတယ် ။ ခုချိန်သာ တစ် ယောက်ယောက် က လာရောက် စစ်ဆေးပါက ဒုက္ခတွေ့ မှာ ကြောင့်ပါ ။
အမြန်ဆုံးပင် အသီး အလုံး ၂၀ အား ခူးလိုက်ပါတယ် ။ ထိုအသီးများအား ချန်ရှန် သုံးမည် ဆိုပါက အချိန်ကြာမြင့် စွာ သုံးနိုင်မည်ဖြစ်ပြီး ထပ်မံပြီးလည်း သီးလာနိုင်ပါသေး တယ် ။
“တကယ်လို့ ငါသာ သေစေနိုင်တယ့် ချီဓာတ်တွေ ပေါ များတဲ့ နေရာသွားနိုင်ရင် ငရဲဝိဉာဉ်တော်မြက်ကိုပါ စိုက် နိုင်မယ် ထင်တယ်”
ချန်ရှန် သူ၏ အိပ်ယာမှာ လဲလျောင်းရင်း စဉ်းစားနေ တယ် ။ စိတ်လည်း အတော် လှုပ်ရှားမိကာ စုမေးယိုကို မေးမိပါတယ် ။
“ငါတော့ တခါမှ မကြိုးစားခဲ့ဘူးဘူး ၊ နောက်ပြီး ငရဲ ဝိဉာဉ်တော် မြက်ဟာ စိုက်ဖို့ အလွန်ခက်ပြီး အရမ်းလည်း ရှားပါးလှတယ် ။ ဒါပေမယ့် အခွင့်အရေး ရှိတယ့်အခါကျ ရင်တော့ မင်းစမ်းကြည့်ပေါ့”
စုမေးယို က ပြန်ဖြေတာပါ ။
ငရဲဝိဉာဉ်တော်မြက်ကို အသုံးပြုပြီး ပြုလုပ်တယ့် အား အင်ပြန်လည် ပြည့်ဖြိုးဆေးများမှာ အရမ်းကို အစွမ်း ထက်လှတယ် ။ ၎င်းဆေးများအဆင့်ဟာ အလယ်အလတ် သိမ်မွေ့ အဆင့်ပဲ ဖြစ်ကြပါတယ် ။
တကယ်လို့ တစ်ယောက်ယောက်သာ ချန်ရှန် ရက် ၂၀ ဖြင့် မိုးပြာရောင် သိမ်မွေ့ သစ်သီးအား အလုံး ၂၀ စိုက်နိုင် လိုက်တယ် ဆိုတာကို သိမယ် ဆိုပါက ရူးသွပ်သွားကြပေ လိ့မ်မည် ။ ဒါကပဲ ချန်ရှန် ၏ မည်သူမျှ မသိသော လျို့ ဝှက် ချက် တစ်ခု ဖြစ်နေပါတော့တယ် ။
ဆေးဘုရင်ခြံဝန်းမှ ထွက်လာပြီးနောက် ချန်ရှန်ဟာ အမှတ် ၁၆ ခြံဝန်းသို့ ရောက်ရှိလာပါတယ် ။ ရှောင်ဒို နဲ့ တခြား လူများကို မတွေ့ ရသဖြင့် ပတ်ဝန်းကျင်တွင် စုံစမ်း ကြည့်ရာ ၎င်းတို့အား မည်သည့် မစ်ရှင်မျှ မပေးသေးသည့် အတွက် သူတို့ကိစ္စဖြင့် သူတို့ လည်ပတ်နေကြသည်ဟု သိသွားပါတယ် ။
“ကျွန်တော် ဒန်ရှန် တောင်ယွမ် ကိုသွားပြီး အဆင့် ၃ ဆေးပညာ စစ်ဆေးမှုကို သွားဖြေလိုက်ဦးမယ်”
ချန်ရှန် စာ ချန်ခဲ့ပြီးနောက် ဒန်ရှန် တောင်ယွမ် သို့ သွား ရောက်ရန် ပြင်ဆင်ပါတယ် ။ သူဟာ အဆင့် ၃ ဆေးပညာ ရှင် ဖြစ်ကြောင်း သက်သေခံခိုင်းဖို့ပါ ။
အဆင့် ၃ ဆေးပညာရှင်ဟာ မတူညီတဲ့ အလယ်လတ် ဝိဉာဉ်တော် အဆင့် ဆေး ၂ မျိုးကို ပြုလုပ်နိုင်ရမှာပါ ။ ဒီ လို ပြုလုပ်တယ့်အခါ ပေးထားတယ့် အချိန်အတွင်း ကျရှုံး မှုကို ခွင့်ပြုတယ့် အရေအတွက်ဟာ အလွန်တိကျလွန်း လှ တယ် ။ ချန်ရှန် ဟာ ဒီ ဂုဏ်ထူးကို လိုချင်တာဖြစ်ပြီး ဒါကို ရပါက လူအများ၏ လေးစားမှု နဲ့ သူ့ကို ရန်ရှာမှုများမှ ကင်း ဝေးနိင်လိမ့်မည် ဖြစ်ပါတယ် ။
ဒန်ရှောင်တောင်ယွမ် ဟာ တောင်ယွမ် စီရင်စု မှာ ရှိတာ ဖြစ်ပြီး ယခုဂိုဏ်းနဲ့ အလွန်ပဲ ဝေးလှပါတယ် ။ လူတစ် ယောက် သာမန်လိုပဲ ရထားလုံးဖြင့် သွားမည်ဆိုပါက အနည်းဆုံး တစ်လလောက်တော့ ကြာပေလိမ့်မယ် ။
ဒါပေမယ့်လည်း ချန်ရှန် မှာတော့ အနီရင့်ငှက်၏ တောင်ပံများ ရှိသည့်အတွက် ၁၀ ရက် လောက်နဲ့ပင် ရောက်ရှိနိုင်မှာပါ ။
“ဒန်ရှန် တောင်ယွမ် မှာ မင်းကို စောင့်နေမယ့် မှော် ဆရာမလေး ရှိတယ်”
စုမေးယို သူ့ကို နောက်လိုက်ပါတယ် ။
ဟွာယုယန် . . . ၊ ချန်ရှန် ဟာ ဒီ ဆွဲဆောင်မှု ရှိလှတဲ့ မိန်းကလေးကို မေ့နိုင်မည် မဟုတ်ပေ ။ သူမကို တွေးလိုက် ရုံဖြင့်ပင် သူ၏သွေးများ ဆူလာသယောင် ခံစားလိုက်ရပါ တယ် ။
“မှော်ဆရာမလေး ရဲ့ နာမည်ရင်းက ဟွာယုယန် မဟုတ် ဘူးဆို ၊ ဒါကြောင့် မင်းတော့ ရှာရခက်မှာပဲလို့ တွေး ပြီး စိတ်ပျက်နေပြီမလား”
စုမေးယို က ရယ်မောကာ ဆိုပါတယ် ။
“သူမသာ တကယ် ဒန်ရှန်တောင်ယွမ် က ဆိုရင် သူမကို တွေ့ ဖို့ သိပ်မခက်လောက်ဘူး ထင်တာပဲ”
ချန်ရှန် နှာခေါင်းကို ကုတ်ကာ ပြောလိုက်တယ် ။ ရှီမန် မြို့ ရဲ့ အပြင်ဖက်ကို ရောက်တယ့် အခါမှာတော့ သူဟာ တောင်ပံများကို ထုတ်ကာ တိမ်များအထက်မှ တောင်ယွမ် စီရင်စု ရှိရာသို့ ပျံသန်းသွားပါလေတော့တယ် ။
ရနံ့မြို့ တော် . . .
ဒါဟာ တောင်ယွမ်မရောက်ခင် အနီးဆုံး မြို့ တော် ပါ ။ တောင်ယွမ် စီရင်စု တစ်ခုလုံးမှ အကြီးဆုံး မြို့ ကြီးများမှ တစ်ခုလို့ သတ်မှတ်လို့ ရပါတယ် ။ မြို့ ထဲကို လျှောက်ရုံဖြင့် အမျိုးမျိုးသော အနံ့ အသက်များကို ရနိုင်ပါတယ် ။ သူ လျှောက်နေတယ့် နေရာတိုင်းမှာ များစွာသော အပင်များမှ ပန်းပွင့်များဟာ ပွင့်လန်းနေကြပြီး အလွန်ပင် လှပသည့် မြို့ တော်ကြီးပါပင် ။
ချန်ရှန် ဟာ ၁၀ ရက်လုံးလုံး ပျံသန်းခဲ့ပြီး ဖြစ်ပါတယ် ။ ထူထဲနက်နဲသိပ်သည်းလှသည့် တောတောင်အလီလီကို ဖြတ်သန်းပြီးသည့်နောက်မှာမှ ယခုလို လှပလှသည့် မြို့ တော်ကြီးသို့ ရောက်လာခြင်းဖြစ်ပါတယ် ။ ထိုအချိန် မှာ သူဟာ မြစ်ကမ်းနံဘေး တစ်ခုမှာ ထိုင်နေပြီး လေပြေအေး များ သူ့ကို ဖြတ်တိုက်တာကို ခံစားနေပါတယ် ။ သစ်ပင်များ မှာ ပန်းပွင့်များပွင့်နေပြီး ကမ်းစပ်မှာလည်း ခရမ်းရောင် အရွက်များကြွေလွင့်နေပုံကို ကြည့်ရင်း သူ၏ စိတ်ဝိဉာဉ်မှာ သန့်စင် လန်းဆန်းလို့ နေပါတော့တယ် ။
မြို့ ထဲမှာတော့ ဒန်ရှန် မျှော်စင် ရှိနေပါတယ် ။ ဒန်ရှန် တောင်ယွမ်၏ ဝိသေသ တစ်ခုဆိုရင် လည်းမမှားပါဘူး ။ ၎င်းဟာ အလွန်ပင်ကျယ်ဝန်းလှပြီး များစွာသော ဆေးပင် များကို ရောင်းချလျက်ရှိပါတယ် ။ အမျိုးမျိုးသော အလယ် အလတ် တန်းစား ဆေးများ ၊ အဆင့်မြင့် ဝိဉာဉ်တော် ဆေး များ လည်း ရှိနေပြီး ၎င်းတို့အားလုံးဟာ လည်း အလွန် ပင် ဈေးကြီးမြင့်လှပါတယ် ။
ပတ်ဝန်းကျင်ကို တစ်ချက်စုံစမ်းပြီးနောက်မှာတော့ နောက်ဆုံးချန်ရှန် ဒန်ရှန် မျှော်စင်သို့ ရောက်ရှိလာပါတယ် ၊ အထပ် ၂၀ ရှိသည့် ကြီးမားသော မျှော်စင်ကြီးပဲ ဖြစ်ပါ တယ် ။ ခြံဝန်း ဧရိယာဟာလည်း အတော်ပင် ကျယ်ဝန်းပြီး ၎င်းဟာ မြို့ လယ်ခေါင်မှာ တည်ရှိနေတာပါ ။
မျှော်စင်ကြီးဟာ ရှေးဆန်လှပီး ကမ္ဘာဦးကတည်းက ရှိခဲ့သလိုပါပင် ။ ထ်ိပ်ဖျားမှာ နွယ်ပင်များဟာ ရစ်ပတ်လျက် ရှိပြီး အရောင်စုံလှတယ့် ပန်းများဟာ ဖူးပွင့်နေကြတယ် ။ အချိန်တိုင်းမှာ ဝိဉာဉ်တော်ငှက်များဟာ ထိပ်ဖျားမှာ လာ ရောက် နားခိုကြလေ့ရှိပြီး အလွန်ပင် လှပလှတယ့် မြင် ကွင်းပါပဲ ။
“နာမည်နဲ့တင် လိုက်ဖက်ပါပေတယ် ။ နေရာတိုင်းမှာ မွှေးရနံ့ တွေချည်းပဲ ၊ ဟွာယုယန် တစ်ကိုယ်လုံး မွှေးကြိုင် နေတာ မထူးဆန်းပေဘူး”
ချန်ရှန် ရေရွတ် မိပါတယ် ။ ဟွာယုယန် ၏ ဆွဲမက် ဖွယ် ကိုယ်ဟန်နဲ့ အနံ့အသက် ကို သူမမေ့နိုင်ပါ ။
ပထမထပ် ဒန်ရှန် မျှော်စင် ကို ၀င်လာပြီးနောက် ချန်ရှန် ဟာ ဖောက်ထွင်းမြင်ရတယ့် နံရံကပ် စင်များကို တွေ့ လိုက်ရတယ် ။ အထဲမှာတော့ ကျောက်စိမ်းပုလင်း များ ၊ သေတ္တာများဟာ အပြည့်ပါပဲ ။ တံဆိပ်များ ကပ်ထား ပြီး ဆေးအမည်များကိုလည်း ရေးထားပါသေးတယ် ။
အထဲမှာတော့ လူများစွာ ရှိနေပြီး အများစုဟာ အဆင့် ၉ အဆင့် ၁၀ ပညာရှင်များပါ ။ ဒါပေမယ့်လည်း ချန်ရှန် ဟာ အဆင့် ၁၀ ပညာရှင်များစွာ၏ အမျိုးမျိုးသော ချီဓာတ် များ ကို အာရုံခံမိနေတယ် ။ ကြည့်ရတာတော့ ဒီမျှော်စင်တွင် ပုန်းကွယ်နေတယ့် အစောင့်များစွာ ရှိနေမည့်ပုံပါ ။
ချန်ရှန် ဟာ ဆိုင်မှ လှပသည့် ကောင်မလေးထံတွင် ဒီမျှော်စင် အကြောင်းအရာများကို စုံစမ်းသိရှိခဲ့ရပါတယ် ။ ဒီအထပ် ၂၀ မှာ ပထမ ၅ ထပ်ဟာ ဆေးများ ရောင်းတာ ဖြစ်ပါတယ် ။ ခြောက်ထပ်မှ ၉ ထပ်ကိုတော့ ဆေးပြုလုပ် ဖို့ အသုံးပြုတာဖြစ်ပြီး ဆယ်ထပ် မှာ ဆေးပညာရှင်များ လက် ခံတယ့် နေရာကို ထားရှိပါတယ် ။ အပေါ်ထပ် ၁၁ ထပ်မှ အထပ် ၂၀ ထိကိုတော့ ဆေးပင်များစိုက်ပျိုးခြင်းများ မျှော် စင်မှ ၀န်ထမ်းများ နားခိုရေးများ အတွက် အသုံးပြုပါတယ်။
“ကျွန်တော် ဆေးပင်ဆေးမြစ်တွေ ရောင်းချင်ရင် ဘယ် အထပ်ကို သွားရမလဲဗျ”
ချန်ရှန် လေသံ တီးတိုးဖြင့် မေးလိုက်ပါတယ် ။ ချန်ရှန် ဟာ ဆေးပင်ရောင်းမည့်လူများအား ဒန်ရှန် မှ ကောင်းမွန် စွာ ဆက်ဆံလိ့မ်မည်ဟု ထင်ထားတာပါ ။ ဟွာယုယန် အကြောင်းကိုလည်း စုံစမ်းဖို့ သူစဉ်းစားထားပါသေးတယ် ။
“သခင်လေး ၊ ဘယ်လိုအဆင့်အမျိုးအစား ဆေးပင်မျိုး ကို ရောင်းမှာလဲရှင့်”
လှပလှသည့် ၀န်ထမ်းကောင်မလေး က မေးလိုက်ပါ တယ် ။
“ကျွန်တော် ဆေးဖက်ဝင်သတ္တုသစ်သီး ကို ရောင်းချင် တာပါ”
ချန်ရှန် လေသံတီးတိုး ဖြင့် ပြောလိုက်တယ့် အခါ ကောင်မလေး အံ့အားသင့်သွားပါတယ် ။
သူမဟာ ချန်ရှန် နောက်နေတာ မဟုတ်ဘူးဆိုတာကို တော့ သိပါတယ် ။ ဒါ့အပြင် ဒန်ရှန်မျှော်စင်ကို မည်သူမျှ လာရောက်လှောင်ပြောင်ရဲမည် မဟုတ်ချေ ။
“သခင်လေး ၊ ကျွန်မနောက်က လိုက်ခဲ့ပါ”
ဆေးဖက်ဝင်သတ္တုသစ်သီးဟာ ဒန်ရှန် မှာတောင် တော်တော် ရှားပါးကာ အနည်းငယ်မျှသာ ရှိပါတယ် ။ ယခု တော့ ရောင်းမည့်လူ ရှိလာပြီလေ ၊ မည်သူက မ၀ယ်ပဲ နေပါ မည်နည်း ။ ဒါကြောင့်ပဲ ချန်ရှန်ဟာ အခုတော့ VIP အခန်းသို့ ရောက်ရှိခဲ့တာပါ ။
အဆင့်မြင့် ဝိဉာဉ်တော် လက်ဖက်ရည်ကို သောက်ရင်း ချန်ရှန် သက်ပြင်းချမိတယ် ။
“ အ . . . ၊ တော်တော် ကောင်းတယ့် လက်ဖက်ရည်ပဲ ၊ ဒီလို လက်ဖက်ရည်မျိုးနဲ့ ဧည့်ခံနိုင်တယ့် ဒန်ရှန် ရဲ့ ကြွယ် ၀ မှုကတော့ အံ့မခန်းပါပဲ”
ချန်ရှန် နဲ့ ဆွေးနွေးရန် ရောက်ရှိလာသူကတော့ သက် လတ်ပိုင်းအရွယ် မိန်းမတစ်ဦးပဲ ဖြစ်ပါတယ် ။ တည်တည် ငြိမ်ငြိမ်ဖြင့် အနြေ္ဒ အလွန် ရလှပါတယ် ။
ချန်ရှန်လည်း အလျင်မြန်ပင် ထကာ ပြုံးပြီး အရိုအသေ ပေးလိုက်ပါတယ် ။ ဒီမိန်းမဟာ သက်ကြီးဝါကြီး ဂိုဏ်းသား တစ်ယောက် ဖြစ်ရမယ်လို့လည်း ချန်ရှန် ထင်မိလိုက်ပါ တယ် ။
အမျိုးသမီးဟာ အပြာရောင်ပြောင်ဝတ်စုံကို ၀တ်စင် ထားပြီး သူမ၏ ကိုယ်ဟန်မှာ နဲ့ အလွန် လိုက်ဖက်လှပါ တယ် ။ ချန်ရှန် တုန်လှုပ်မိတယ့် အချက်ကတော့ ဒီ အမျိုး သမီး ၏ စွမ်းအားအစစ်မှန်ကို သူ မခန့်မှန်းနိုင်လို့ပါ ။
“သိပ်ယဉ်ကျေးစရာမလိုပါဘူး ကျွန်မက အိမ်တော် ထိန်း မျှသာပါ ။ သခင်လေး ဖြစ်ချင်တာပြောပါ”
အမျိုးသမီးက ခပ်ပါးပါး ပြုံးကာ ပြောလိုက်ပါတယ် ။ အသံဟာလည်း သြဇာ ပြည့်ဝ လှတယ် ။
ချန်ရှန် ဟာ ဒီအမျိုးသမီးမှာ စစ်မှန်သော ပညာရှင် တစ်ယောက်ဖြစ်မယ် ဆိုတာကို သေချာသွားပါတယ် ။ ဒန်ရှန်ကတော့ ဒီလို လူကိုတောင် အစောင့်အဖြစ်သာ ထား သည့်သဘောပါပဲ ။
“ကျွန်မကို မစ္စ လီ လို့ ခေါ်နိုင်ပါတယ် ။ သခင်လေး ရဲ့ သစ်သီးကို ကြည့်လို့ ရနိုင်မလား”
မစ္စလီ က ပြုံးကာ ပြောလိုက်တယ် ။
သူမနာမည်ကို ကြားလိုက်တဲ့အခါ ချန်ရှန် နည်းနည်း အံ့သြသွားတယ် ။
“ခင်ဗျားဟာ ရနံ့မြို့ တော်ရဲ့ အုပ်ချုပ်ရေးမှူး လီရှို ရဲ့ ဇနီးများလားဗျ”
“အတိအကျပါပဲ ၊ သခင်လေးက ခုမှ ဒီကို ရောက်ဖူး တာနဲ့တူတယ် ။ ကျွန်မ မနဲ့ ကျွန်မယောကျာ်းဟာ ဒန်ရှန် တောင်ယွမ် ရဲ့ စစ်မှန်သော နောက်လိုက်တွေပါ”
မစ္စလီ က ပြန်ဖြေပါတယ် ။
ချန်ရှန်သူ၏ အသီးကို ထုတ်လိုက်တယ် ။ အခုတော့ ဒီမြို့ အကြောင်း သူနားလည် လာပါပြီ ။ အုပ်ချုပ်ရေးမှူး တို့ လင်မယားဟာ တောင်ယွမ်ရဲ့ အတွင်းစည်းများ ဖြစ်ကြပြီး သူတို့ ၂ ယောက်လုံးဟာ စစ်မှန်သော ပညာရှင်များလည်း ဖြစ်ကြပါတယ် ။
“ဒါကို ဘယ်လောက် ဘယ်လောက်နဲ့ ရောင်းဖို့ သခင်လေး မှန်းထားသလဲ”
မစ္စလီ အကြည့်တစ်ချက်နဲ့ပင်အသီးကို အစစ်ဖြစ် ကြောင်း အသိအမှတ် ပြုလိုက်ပါတယ် ။ အသီးအပေါ်မှ ဝိဉာဉ်တော် ချီဓာတ်များပင် ထွက်နေပါသေးတယ် ။
ဒီကို မလာခင်က ချန်ရှန် ဟာ ဈေးကို စုံစမ်းခဲ့ပြီးသား ပါ ။ ဒီအသီး တန်ဖိုးဟာ အလယ်အလတ်အဆင့် သလင်း ကျောက် ၇ သောင်းခန့် တန်ပါတယ် ။ ဒီအသီးကို မိုးပြာ သိမ်မွေ့ သစ်သီး နဲ့ အဆင့်တူလို့ သက်မှတ်လို့ ရပေမယ့် ဒါက သိမ်မွေ့ သီးထက် ၁၀ ဆ လောက် သက်သာပါတယ် ၊ သ်ိမ်မွေ့ သီးက တော့ လေလံပွဲတွေမှာပါ ရောင်းချလေ့ ရှိ ကြတာဖြစ်ပြီး ဈေးမှာလည်း ပိုမို ကြီးမားသွားနိုင်ကြောင်း ကို ဖော်ပြစရာ လိုတော့မည် မထင်ချေ . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset