ဇမ္ဗူဒီပါတောင်ကျွန်းသခင်
အပိုင်း ၉၃
…
” အကြီးအကဲ ဟန်က ဘယ်လိုဆေးလုံးမျိုးကို ဖန်တီးချင်တာလဲ။ ”
တတ်နိုင်သ၍ အချိန်များများ ရစေနိုင်ရန် ယဲ့ဖန် ကြိုးစားနေခဲ့ရသည်။ လက်ရှိအချိန်တွင် သူ လက်မလျော့ချင်သေးပါ။
” သေချာတာပေါ့ ….။ ငါက ဒုက္ခပင်လယ်ကို ဖြတ်ကျော်ပြီး နတ်ဘုရားတံတားကို ကျော်ဖြတ်လို့ တခြားကမ်းစပ်ထိ ရောက်ရှိအောင် အစွမ်းထက်မဲ့ နတ်ဘုရားဆေးလုံး တစ်ခုကို ဖန်တီးဖို့ လုပ်နေတာလေ။ ”
အကြီးအကဲ ဟန်ကမူ ယဲ့ဖန်၏ စိတ်ကို သိရှိနေသည့်အတိုင်း ပြောလာခဲ့သည်။
” ဘာမှ လာပြီး အချိန်ဖြုန်းမနေနဲ့။ မင်းကို ဘယ်သူမှ လာမကယ်ဘူး။ အေးအေးဆေးဆေး နေပြီး အဓိက ဆေးဝါးအဖြစ် သန့်စင်ခံဖို့ စောင့်နေလိုက်။ ”
” အဲ့ဒီသူရဲကောင်း နောက်တစ်ကြိမ်ပေါ်လာမှာကို မကြောက်ဘူးလား .. ။ ”
ယဲ့ဖန် ထိတ်လန့်ကြောက်ရွံ့နေမှု အလျင်းမရှိဘဲ တည်ငြိမ်စွာ ပြန်ဖြေလေသည်။
” ဒါ့အပြင် အဲ့ဒီ သူရဲကောင်းအေကြာင်းကို အကြီးအကဲ ဟန် မသိသေးဘူးနဲ့ တူတယ်။ ”
အကြီးအကဲ ဟန်၏ အမူအရာမှာ မပြောင်းလဲခဲ့ပေ။
” သူက ဘယ်လို နောက်ကြောင်း ဇစ်မြစ် ရှိနေခဲ့လို့လဲ။ ”
” သူက ရှေး မြင့်မြတ် မျိုးနွယ်စုတွေက လာတာလေ။ သူ့ရဲ့ မိသားစုက ကျန်းမိသားစုပဲ။ ”
ယဲ့ဖန် သက်ပြင်းချရင်း ဆက်ပြောပါတော့တယ်။
” စိတ်ဝိညာဉ် အပျက်အစီး သုခဘုံမှာ အပျက်အစီးကြီး ကြုံရအောင် လုပ်သေးတယ်မလား။ အဲ့ဒီတော့ ကျွန်တော့်ရဲ့ တကယ့် နောက်ကြောင်း ဇစ်မြစ်ကိုလည်း ဘယ်သိမလဲ။ ကျွန်တော်က ကျန်း မျိုးနွယ်နဲ့ အချိတ်အဆက် ရှိထားပြီးတဲ့ သူ။ ဒါကြောင့်သာ သူရဲကောင်းက လာရှာတာ။ ”
ယဲ့ဖန်သည် ယခုကိစ္စကို အလွန်အမင်း အရေးကြီးကာ လေးနက်သည့်ကိစ္စသဖွယ် ပြောနေခဲ့ပြန်သည်။
အကြီးအကဲ ဟန်သည်လည်း တိတ်တဆိတ် နားထောင်နေခဲ့ရင်း အမူအရာ မပြောင်းလဲသွားပေ။ အေးစက်သော လေသံဖြင့်သာ ဆက်ပြောလာတော့သည်။
” မင်းလိုကောင်က ဘာ်လိုလုပ် ကျန်းမျိုးနွယ်နဲ့ မိတ်ဆွေဖြစ်မှာလဲ။ ”
” အရင်တုန်းက အပြင်လောကမှာ ထွက်ပြီး ပျောက်ဆုံးသွားတဲ့ ကျန်း မိသားစုက သမီးငယ်ကို ကျွန်တော် ကယ်တင်ခဲ့ဖူးတယ်လေ။ ဒါေကြာင့်မလို့ သာ သူတို့နဲ့ ဒီလို အချိတ်အဆက် ရှိသွားရတာပေါ့။ မယုံဘူးဆိုရင် မြူခိုးဝေ သုခဘုံကို သွားပြီးကျွန်တော် လိမ်နေတာ ဟုတ်၊ မဟုတ် မေးကြည့်လိုက်။ သိပ်မကြာခင်တုန်းကပဲ ကျွန်တော် ကျန်းမျိုးနွယ်နဲ့အတူ မြူခိုးဝေ သုခဘုံကို ရောက်ခဲ့သေးတယ်။ ”
အကြီးအကဲ ဟန်၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပါတော့သည်။ စိတ်ဝိညာဉ် အပျက်အစီး သုခဘုံသည် ယန်နိုင်ငံတော်၏ အဓိကနယ်မြေကြီး ခြောက်ခုထဲမှ တစ်ခုပင် ဖြစ်နေသည်။ ထို့ကြောင့် ကျန်း မိသားစု၏ ကျူးကျော်ဝင်ရောက်မှုကို သူတို့ သိနေသည်မှာ မဆန်းပါ။
” မင်း ဘာပဲ ပြောပြော ငါကတော့ မင်းကို အသက်ရှင်လျက် ထားမှာ မဟုတ်ဘူး။ ”
” အကြီးအကဲ ဟန် …။ ရှေးဟောင်း မျိုးနွယ်စုတွေကို ဆန့်ကျင်တဲ့ ကိစ္စရပ်ရဲ့ အကျိုးရလဒ်ကို စဉ်းစားကြည့်လိုက်စမ်းပါ။ ဘယ်သူမှ မသိဘဲ လုပ်လို့ ရနိုင်မယ်လို့ မထင်လိုက်လေနဲ့။ ဒီနေ့ ကျန်း မျိုးနွယ်ရဲ့ သူရဲကောင်းနဲ့ အကြီးအကဲ ဟန်တိုက်ခိုက်ခဲ့ ပြီးပြီ။ ဒီတော့ သူတို့တွေ သဲလွန်စ ရှာတွေ့သွားမှာပဲ။ ”
” ကောင်စုတ်လေး…. မင်းက ဒီလောက်အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကောက်ကျစ်နေလိုက်တာ။ ငါ့ကို ဒီလိုမျိုး အရူးလုပ်လို့ ရမယ်လို့ ထင်နေတာလား။ ငါ့ကို လာပြီး အထင်မသေးနေနဲ့။ ”
” မင်း ပိုပြီးတော့ စကားပြောလေလေ၊ အမှား ပိုပြီးတော့ လုပ်မိလေလေပဲ။ နောက်ဆုံးတော့ ဘာတွေဖြစ်ခဲ့လည်းဆိုတာ ငါ နားလည်သွားပြီ။ အဲ့ဒီသူရဲကောင်းက ကျန်း မိသားစုရဲ့ သူရဲကောင်းဆိုတာ အမှန်ပဲ။ သိပ်မကြာခင်တုန်းကပဲ ခရမ်း သူရိယ သုခဘုံကို သူပြေးဝင်သွားသေးတယ်။ ဒါမှမဟုတ် မင်းနောက်ကို လိုက်ဖမ်းနေတာပဲ ဖြစ်ရမယ်။”
အကြီးအကဲ ဟန် ရှင်သန်နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ အချိန်ကြာလွန်းလှပြီ ဖြစ်သည်။ ယခုတလောတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို စဉ်းစားလိုက်ပြီးသည့်နောက် ဖြစ်ပျက်နေသော အကြောင်းအရာများကို ချက်ချင်းပင် ကောက်ချက်ချနိုင်သွားသည်။
” ခွေးမသားကြီး ဟန် …။ ကိုယ့်ကိုကိုယ် အရမ်း အထင်ကြီးလွန်းနေတာပဲ။ ကပ်ဆိုး ဆိုက်လာတာကို စောင့်လိုက်စမ်းပါ။ ”
” ခွေးမသားလေး …။ မင်းသာအေးအေးဆေးဆေးနေသင့်တာ .. အခုအချိန်ထိတောင် ငါ့ကို လှည့်စားဖို့ ကြိုးစားနေသေးတယ်ပေါ့။ ငါ မင်းကိုဘယ်လို နှိပ်စက်မလဲဆိုတာ စောင့်ကြည့်နေလိုက်စမ်း။ ”
ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ရယ်မောပြီးသည့်နောက် ယဲ့ဖန်အား ဆွဲယူလာကာ သူ ပြောသည်။
” မစိုးရိမ်နဲ့ …။ ငါတို့ကို ဘယ်သူမှ လာမနှောက်ယှက်ဝံ့ဘူး။ ငါ ဒီနေရာမှာ မရေမတွက်နိုင်တဲ့ တာအို သေင်္ကတတွေကို ထွင်းထုထားတာ။ အကယ်၍ ဒီဂူထဲကိုတခြားတစ်ယောက်ယောက် ဝင်လာခဲ့မယ်ဆိုရင်တောင် သေချာပေါက် ငါတို့ကို ဘယ်သူမှ မြင်နိုင်မှာ မဟုတ်ဘူး။ ဒီနေရာကြီးက အပြင်လောကနဲ့ ပိုင်းခြားထားပြီးသား။”
ယဲ့ဖန်နောက်သို့ လိုက်လာခဲ့သော ကျန်းမိသားစုမှ သူရဲကောင်းများသည် အကြီးအကဲ ဟန်အား အတော်လေး စိုးရိမ်စေခဲ့သည်။ တစ်ချိန်တည်း၌ပင် ယဲ့ဖန်အတွက် သူ စိုးရိမ်နေခဲ့သည်။ ထို့အပြင်သူသည် တစ်ဖက်သူ၏ လက်ထဲမှ ဓားအား လုယူကာ ဆွဲပြေးလာသည်နှင့် တူနေခဲ့သည်။
အကြီးအကဲ ဟန်သည်လည်း ယဲ့ဖန်အား ခေါင်းမှ ခြေထောက်အထိ အစအဆုံးလေ့လာ ရှာဖွေတော့သည်။
” မင်း ခန္ဓာကိုယ်ပေါ်မှာ အသုံးမဝင်တဲ့ ပစ္စည်းတွေနှင့်ပဲ ပြည့်နေတာပဲ။”
ပထမဆုံးအနေဖြင့် ကြိုးပျက်သွားသောကျောက်စိမ်းအား အထပ်ထပ် အခါခါ ချည်ကာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပစ်ချလိုက်လေသည်။
ယဲ့ဖန်သည်လည်း စိတ်ထဲမှ တာအိုရသေ့အား ကြိမ်ဆဲနေမိခဲ့သည်။
အဲ့ဒီ သေသင့်တဲ့ ဖက်တီးကောင်ကြီး ငါ့ကို ဒီ ကျောက်စိမ်းက အသက်အန္တရယ် ကာကွယ်ပေးနိုင်တယ်လို့ ပြောပြီး အဆုံးသတ်မှာ ( ဘာမှအသုံးမဝင်ဘူး။ )
” တွမ့်သဲ့…တွမ့်သဲ့ သေသင့်တဲ့ အဘိုးကြီး။ ”
” ဒါက ဘာလဲ .. ။ ”
ဗုဒ္ဓ၏ အသွင်သဏ္ဍာန် ပါဝင်ေနေသာဗောဓိသစ်စေ့ကို အကြီးအကဲ ဟန် ကိုင်ကာ မေးလာခဲ့သည်။
” သဘာဝအတိုင်း ပေါ်နေတဲ့ ပုံစံပါလား။ ဘာဖြစ်လို့ ဒီပုံစံက မြင်ရတာ ရင်းနှီးနေတာလဲ။ အရှေ့ဘက် လူရိုင်းတောထဲက ကတုံးတွေနဲ့ တူလှချည်လား။”
ယဲ့ဖန်မှာမူ ပြောစရာစကား ကင်းမဲ့သွားခဲ့ရလေသည်။ အကြီးအကဲ ဟန်သည် ဗောဓိသစ်စေ့ကို အဝေးသို့ လွှတ်ပစ်လိုက်ကာ မျက်နှာချင်းဆိုင်ရင်း ပြောလာခဲ့သည်။
” ကောင်းပြီ။ အခုတော့ မင်းကို အိုးထဲထည့်ဖို့ အချိန်ပဲ။ ”
” အကြီးအကဲ ဟန် ..။ ကျွန်တော် အသက်ရှင်ဖို့ အချိန် သိပ်များများစားစား မကျန်တော့ဘူး။ ကျေးဇူးပြုပြီး တစ်နပ်လောက်တော့ ဝဝလင်လင် ကျွေးနိုင်မလား။ ”
” အချိန်မဖြုန်းနေနဲ့လို့ ပြောသားပဲ။ မင်းအချိန်ဆွဲနေတော့ရော ဘာဖြစ်လဲ။ မြန်မြန်သာ သွားပြီး ဝင်လိုက်စမ်းပါ။ ”
အဲ့ဒီနောက် ယဲ့ဖန်အား အိုးကြီးများ ရှိရာနေရာသို့ခေါ်လာကာ ရွေးချယ်ခိုင်းလိုက်သည်။
” ဒါတွေက မင်းရဲ့ ရပိုင်ခွင့်ပဲ။ ”
ယဲ့ဖန်သည်လည်း အခွင့်အရေးတစ်ခုမှ မရှိသည်ကို စတင်ပြီး ကျိန်ဆဲနေတော့သည်။
” အဘိုးကြီး ဟန် …။ ငါ မင်းကို သေတဲ့အထိ ကျိန်ဆဲနေမှာပဲ။ ဘိုးဘေးတွေကိုလည်း ကျိန်ဆဲမယ်။ မင်းရဲ့ မျိုးဆက် ရှစ်ဆက် အမျိုးသမီးတွေကိုလည်း ဖျက်စီးပစ်မယ်။ ”
အကြီးအကဲ ဟန်ကမူ ရှေးဟောင်းရေတွင်းပျက်အတိုင်း တည်ငြိမ်၍သာ နေခဲ့လေသည်။ နားကန်းနေသူတစ်ယောက်ပမာ ပြုမူနေရင်း ယဲ့ဖန်အား အိုးကြီးထဲသို့ ပစ်ချလိုက်တော့သည်။ ထို့နောက် ကျောက်တုံးအခဲ၏ ထောင့်တစ်ခုဆီသို့လျှောက်ကာ ဖန်ပုလင်းတချို့ကို လှုပ်ရှားရင်း ထူးခြားသော အရည်များကို အိုးကြီးထဲသို့ လောင်းချတော့သည်။
” ဒါ ဘာကြီးတွေလဲ။ ”
မွှေးပျံ့သော ရနံ့များကို ရှူရှိုက်ရင်း ယဲ့ဖန်မေးလိုက်တော့သည်။
” ဒါက ဆေးပေါင်းစုံကနေ ထုတ်လာတဲ့ ဆေးရည်တွေပဲ။ ဆေးကြိုချက်တဲ့ အချိန်မှာ အဓိက အသုံးဝင်တယ်။ အကယ်၍ မင်း ဆက်ပြီးတော့ သန့်စင်နေမယ်ဆိုရင် သေချာပေါက် ဆေးပေါင်းတစ်ရာ ဆေးရည်ကို ရရှိနိုင်လိမ့်မယ်လေ။ ”
ပြောရင်းနှင့်ပင် ပုလင်းထဲရှိ ရှိသမျှအရည်များကို လောင်းချနေပြန်သည်။
” နောက်ဆုံးတော့လည်း ဒီစိတ်ဝိညာဉ် စွမ်းအားတွေကို ငါ စုမိသွားပြီ။ ငါ လိုအပ်တဲ့ နတ်ဘုရားဆေးလုံးကို ငါ လုပ်နိုင်တော့မယ်။ ”
ပထမဆုံးအနေဖြင့် အနက်ရောင်ကျောက်စိမ်း နတ်ကြာပန်းစေ့ကို ယူဆောင်လာခဲ့သည်။ တောက်ပနေသော ထိုကြာစေ့သည် မွှေးပျံ့နေကာ အတွင်းအင်္ဂါများအထိပါ လှုပ်ခတ်စေနိုင်တဲ့အထိ မွှေးပျံ့နေခဲ့သည်။ ရနံ့တစ်ခုတည်းနှင့်ပင် လူတစ်ယောက်အား လန်းဆန်းသွားစေနိုင်ရန် ကူညီပေးနိုင်မှု ရှိနေခဲ့သည်။ အနက်ရောင် ကျောက်စိမ်း နတ်ကြာပန်းစေ့ကို ယူဆောင်လာပြန်သည်။ တောက်ပနေသော ထိုကြာစေ့သည် မွှေးပျံ့နေကာ အတွင်းအင်္ဂါများအထိပါ လှုပ်ခတ်စေနိုင်တဲ့အထိ မွှေးပျံ့နေခဲ့ပါသည်။ ရနံ့တစ်ခုတည်းနှင့်ပင် လူတစ်ယောက်အား လန်းဆန်းသွားစေနိုင်ရန် ကူညီပေးနိုင်မှု ရှိနေခဲ့သည်။
” ခွေးမသားလေး …။ မင်း ဒါကို မြိုချမလား။”
အကြီးအကဲ ဟန်က ယဲ့ဖန်ကို ကြည့်ကာ အော်ဟစ်မေးမြန်းတော့သည်။
” မဖြစ်နိုင်တဲ့ကိစ္စတွေ တွေးမနေနဲ့ .. ။ ”
ပြီးနောက် ကြာစေ့အား အိုးထဲသို့ ထည့်ဖို့ချိန်ရွယ်လိုက်ကာ ဓားတစ်လက်အား ထုတ်ဖို့ ချိန်ရွယ်လိုက်သည်။ အဲ့ဒီနောက် ယဲ့ဖန်၏ ဘယ်ဘက် လက်မောင်းအား ဓားဖြင့် စိုက်ချလိုက်တော့သည်။ ဓားအားဆွဲထုတ်လိုက်ချိန်တွင် သွေးများ ပန်းထွက် လာခဲ့သည်။
” ဆေးတွေ….ဆေးတွေ…။ မင်းရဲ့ အဓိကပါဝင် ပစ္စည်းတွေနဲ့ စွမ်းအားအဆီအနှစ်ဆိုတာ အသွေးတွေ အသားတွေထဲမှာ ရှိနေတာ။ ဒါပေါ့ .. မင်းရဲ့ ဒီသွေးတွေကို ငါ့ရဲ့ ဒီဆေးအိုးကြီးအတွက် ကောင်းကောင်း အသုံးချပေးရတာပေါ့။”
အကြီးအကဲ ဟန်သည် သူ၏ ရက်စက်လှသော အသွင်သဏ္ဍာန်ကို လက်ရှိအချိန်မှသာ ထုတ်ဖော်ပြသလာခဲ့တော့သည်။ သူပျက်စီးသွားသော လက်မောင်းကို ခပ်ဖွဖွပွတ်သပ်နေရင်း ပြောလာခဲ့သည် ။
” မင်းကို ရှာဖို့ ငါ ဒီနေ့ လက်မောင်းတစ်ဖက် ဆုံးရှုံးခဲ့ရတယ်။ ဒါပေါ့ …။ တန်ကြေးနဲ့ ထိုက်တန်အောင် မင်းကိုကောင်းကောင်း သန့်စင်ပစ်ရမယ်။ ငါအောင်မြင်မှပဲ ရမယ်။ ကျရှုံးလို့ မဖြစ်ဘူး။ ”
သွေးများ ပန်းထွက်လာခဲ့ပြီးသည့်နောက် အကြီးအကဲ ဟန်၏ ဓားမြောင်သည် ယဲ့ဖန်၏ ညာဘက် လမ်းမောင်းဆီသို့ နောက်တစ်ကြိမ် ထိုးစိုက်လာခဲ့ပြန်သည်။
အကြီးအကဲဟန်သည် သူ၏ ကြောက်စရာကောင်းလွန်းလှသော အသွင်သဏ္ဍာန်အား ထုတ်ဖော်နေချိန်တွင် အသေကောင် တစ်ကောင်ကဲ့သို့ အင်အားချိနဲ့ မနေခဲ့ချေ။ မျက်လုံးနှစ်ဖက်သည်လည်း တောက်ပသောအလင်းတန်းများဖြင့် သက်ဝင်လှုပ်ရှားနေခဲ့ကာ ယဲ့ဖန်၏ ခြေထောက်များကို ဓားဖြင့် အကြိမ်ကြိမ် ထိုးစိုက်လိုက်တော့သည်။
ခြေလက်များမှ ပြင်းထန်သော နာကျင်မှုကြောင့် ယဲ့ဖန်၏ မျက်လုံးများသည်လည်း ဖြူဖျော့၍သာ နေခဲ့သည်။
” အံ့ဩစရာ ကိစ္စ ဖြစ်လာဖို့ ဘာမှမျှော်လင့်မနေနဲ့ … ။”
ပြောရင်းနှင့်ပင် ယဲ့ဖန်၏ ရင်ဘတ် တည့်တည့်သို့ ဓားဖြင့် စိုက်ချလိုက်သည်။
” မင်း ချက်ချင်း သေသွားအောင် မင်းရဲ့နှလုံးတည့်တည့်ကိုတော့ ငါ မစိုက်ထားဘူး။ ဒီ ဆေးပေါင်းတစ်ရာ ဆေးရည်ထဲမှာ စိမ်နေလိုက်။ ဒါဆိုရင် အချိန် နည်းနည်းတော့ အသက် ပိုရှည်လိမ့်မယ်။ ငါမင်းကို အခုအချိန်မှာ နိုးထနေစေချင်တယ်။ ဒါမှသာ ဆေးဝါးကိုကောင်းကောင်း သန့်စင်နိုင်မှာ။”
သရဲတစ်ကောင်နှင့် တူညီသော အကြီးအကဲ ဟန်သည် လျှာကို ထုတ်ကာ ဓားမြှောင်မှ သွေးများကို လျှက်နေခဲ့သည်။
” ဒီလိုမျိုး ချိုမြိန်တဲ့ အရသာနဲ့ ဘယ်လိုဆေးမျိုး ထွက်လာမလဲဆိုတာကို မစောင့်နိုင်တော့ဘူး။ ”
” တကယ့် ခွေးမသားကြီး ”
ယဲ့ဖန်သည် အံကြိတ်ကာ တစ်ခွန်းချင်းပြောလာတော့သည်။ တစ်ကိုယ်လုံး နာကျင်မှုများဖြင့် ပြည့်နေပြီးနောက် သူ၏ အသက်သည်လည်း တဖြည်းဖြည်း ပျောက်ဆုံးလာတော့မည်။ ထို့ကြောင့် အကြီးအကဲ ဟန်က ရိုးရှင်းလှသည့် ကျောက်စိမ်းတစ်ခုအား ထုတ်ယူလာကာ ကျောက်စိမ်း နှင်းကြာပန်းစေ့အား ထုတ်လာခဲ့ပြန်သည်။ ဆေးအိုးကြိးထဲသို့ ပစ်ထည့်လိုက်ချိန်တွင် တလက်လက်တောက်ပနေသော အစိမ်းရောင် အိုးကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
” ကောင်စုတ်လေး … မင်း ဒီဘဝမှာအသက်ရှင်ရတာ တန်သွားပြီ။ ဒီလောက်များပြားတဲ့ ဆေးဝါးတွေ အများကြီးနဲ့ အတူတူ ကြိုချက်ခံရတာက ဆယ်ဘဝတာ ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် ဖြစ်ရမယ်။ ”
” မင်း ဖအေကြီးကိုပဲ သွားပြောပါလား။ မင်း မိသားစုက အမျိုးသမီးတွေအားလုံးလည်း ပျက်စီးပါစေ။ “.
ယဲ့ဖန် ဆက်တိုက်ပင် ကျိန်ဆဲနေခဲ့သည်။ ယခုအချိန်တွင် အကြီးအကဲ ဟန်အား အရှင်လတ်လတ် အရေခွံစုတ်ချင်သည့် စိတ်မှတပါး အခြား စိတ်မရှိတော့ချေ။ သွေးထွက်လွန်မှုကြောင့် မကြာခင် သေဆုံးတော့မည်ဟုပင် ထင်နေခဲ့မိသည်။
ထိုအချိန်တွင် အကြီးအကဲ ဟန်သည် ကျောက်စိမ်းနီနှင့် တူညီသည့် အရွက်ကိုးရွက်ပါ မြက်ပင်ကို ထုတ်ယူလာခဲ့ပြန်သည်။ နတ်မီးငှက်၏ သွေးများစွန်းထင်းနေသော မြင့်မြတ်မြေ၌သာ ပေါက်သည့် ဤမြက်သည် ရှားပါးဆေးဝါးတစ်ခု ဖြစ်နေခဲ့သည်။
ထိုမြက်ပင်ကို အိုးထဲ ထည့်လိုက်ပြီးသည့်နောက် သူ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
” မဖြစ်ဘူး .. ဒါတွေ အားလုံးကို တစ်ခေါက်တည်း ထည့်လိုက်ရင် အန္တရာယ်များလွန်းတယ်။ အကယ်၍ ကျရှုံးသွားမယ်ဆိုရင် သေချာပေါက် ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမှာ။”
” ပထမဆုံး အဓိက ပါ၀င်ပစ္စည်းတွေကို အငွေ့ပြန်တဲ့အထိ ကြိုချက်ပေးလိုက်မယ်။ အောင်မြင်သွားပြီဆိုမှ တခြားဆေးတွေကို ထပ်ထည့်မယ်လေ။ ”
လက်ရှိအချိန်တွင် ရှားပါးဆေးဝါး သုံးခုကိုသာ ထည့်ပြီးနောက် သူ ရပ်တန့်လိုက်တော့သည်။
မရေမတွက်နိုင်သည့် ဆေးဝါးများသည် အလင်းတန်းများဖြင့် လင်းလက်၍ နေခဲ့သည်။ ပတ်ပတ်လည်၌ ရှိသော ဆေးဝါးများမှာ အိုးထဲသို့ ထည့်လိုက်သည့် ဆေးဝါးများနှင့် တူညီသောအဆင့်အတန်း ရှိသည့်အတွက် ဒီလိုရောင်စဉ်ဖြာနေသည်မှာ မထူးဆန်းချေ။
” ပထမဆုံး အဓိက ဆေးပစ္စည်းနဲ့ ဒီသုံးခုကို သန့်စင်လိုက်မယ်။ ပြီးမှ ဘာဖြစ်လာမလဲ ကြည့်ကြသေးတာပေါ့။ ”
စိတ်ဆုံးဖြတ်လိုက်ပြီးသည့်နောက် တခြားဆေးဝါးများကို အကြီးအကဲ ဟန်က သိမ်းလိုက်တော့သည်။
” ခွေးမသားလေး….နောက်ဆုံး ဘာစကားပြောချင်သေးလဲ။”
အကြီးအကဲ ဟန်က လှောင်ရယ်နေခဲ့ပြီးသည့်နောက် အိုးအဖုံးအား ယူကာ ပိတ်ဖို့ပြင်လိုက်တော့သည်။
” အဲ့ဒီ အိုးအဖုံးနဲ့ ကိုယ့်ခေါင်းကို ရိုက်ပြီး သေလိုက်ပါလား။
” ဘန်း ..။ ”
အကြီးအကဲ ဟန် ချက်ချင်းပင် အိုးအဖုံးဖုံးကာ မီးအား ပြောင်းလိုက်ပြန်သည်။ လက်ရှိအချိန်တွင် သာမာန် မီးနှင့် ကြိုချက်၍ မရနိုင်သည့်အတွက် အိုးအောက်ခြေတွင် နို့နစ်ဖြူရောင် အလင်းတန်းတစ်ခုကို စတင် ဖန်တီးလိုက်တော့သည်။
လက်ရှိ ဂူ နေရာကို ရွေးချယ်ရသည့် အဓိက အကြောင်းအရင်းမှာလည်း ထိုအဖြူရောင် မီးကို အသုံးပြုရန်သာ ဖြစ်နေသည်။ ထိုမီးသည် အဆင့်အတန်းတူ မီးများထဲတွင် အမြန်ဆုံး အပူကို ပေးစွမ်းနိုင်သကဲ့သို့ မြေအောက်မှ တိုက်ရိုက်လာသော သဘာဝ မီးလျှံလည်း ဖြစ်နေခဲ့သည်။
” ခွေးမသားလေး …။ မင်းကို ရှာဖို့ ငါ့ရဲ့ ဘယ်ဘက်လက်တောင် အဆုံးရှုံး ခံလိုက်ရပြီ .. ။ ငါ မင်းကို ခုနှစ်ရက် ခုနှစ်လတိတိ ကြိုချက်ပစ်လိုက်မယ်။ မင်းကိုသေချာပေါက် ကောင်းကောင်းနှိပ်စက်ပြီးမှ ဆေးဝါးအဖြစ်ကို ပြောင်းပစ်ရမယ်။ ”
ပျက်စီးသွားသော လက်မောင်းအား တဖွဖွ ပွတ်သပ်နေကာ အကြီးအကဲဟန်က ပြောနေခဲ့သည်။
အပိုင်း ၉၃ ပြီး၏။