Chapter – 85
မြူကောင်းကင်ဂူ၏ အတွင်းဘက်မှ မီးခိုးရောင် မြူထုများက လိမ့်တက်လာ၏။ ထိုမြူထုက ဘူးသီးခြောက်ကြီးကို လှုပ်ခါကာ အဝေးသို့ လွှင့်ထုတ်လိုက်ခြင်းအားဖြင့် မည်သည့် ကျူးကျော်မှုကိုမှ မဝါးမြိုနိုင်အောင် ပိတ်ဆို့ထားလိုက်သည်။
အဝေးရှိ တောင်မှ တစ်စုံတစ်ခုက ချဥ်းကပ်လာပြီး ၄င်းက အသက်အရွယ်ကို ပြောရန် ခက်ခဲသည့် လူအိုကြီးပင်။ လူအိုကြီး၏ ဆံပင်နှင့် မုတ်ဆိတ်မွှေးများက ဖြူဆွတ်နေပြီး ဖြစ်၏။ သို့သော် မျက်နှာကမူ သွေးရောင်လွှမ်းနေသေးသည်။
“အားလုံးဘဲ စိတ်အေးအေးထားကြပါ။”
သူက ထိုဘူးသီးခြောက်နားသို့ ကပ်လာပြီး တွန်းခါလိုက်သည်။ ကျန်ယွိချန်းက နှာခေါင်းရှုံ့ပြီး ဘူးသီးခြောက်အား ပြန်သိမ်းလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ”
ကျန်းယွိဖေးက ပြောလိုက်သည်။
“ငါက ကောင်းကင် ဂူရဲ့ ဆရာသခင်ပါ .. ။”
“ခင်ဗျားက ဘူးသီးခြောက်ကို ဖိနှိပ်နိုင်တာ မအံ့သြတော့ပါဘူး။”
ကျန်းယွိဖေးက ထပ်ပြောလိုက်သည်။
“ဒါပေမယ့် ငါတို့ကို တားဖို့တော့ မလွယ်နိုင်သေးဘူး။”
“ဒါပေါ့ …။ ငါ နားလည်ပါတယ်။”
မြူ ကောင်းကင် ဂူ၏ ခေါင်းဆောင်ကတည်ငြိမ်စွာ ဝန်ခံ၏။ သူက ဆက်ပြောလိုက်သည်။
” မြူ ကောင်းကင် ဂူက မင်းတို့ကို ဘယ်လိုမျိုးများ ရန်စခဲ့လို့ မင်းတို့က လူတွေ အများကြီး စုပြီး ရောက်လာရသလဲဆိုတာ မေးပါရစေ။ တကယ်လို့ ပြစ်မှုက ကြီးမားတယ်ဆိုရင် ငါက မြူကောင်းကင်ဂူကို ဖျက်သိမ်းပြီး မင်းတို့ကိုကိုင်တွယ်ခွင့်ပေးနိုင်ပါတယ်။”
လူအိုကြီးက ထိုသို့ပြောသည်။ ပြီးနောက် ထိုသို့ပြောရန် သူ ဖိအားပေးခံရခြင်းဖြစ်သည်။ သူသာ ယခုကဲ့သို့ အင်အားကြီးမားသည့် ရှေးဦး မူလခေတ်ကတည်းက တည်ရှိခဲ့သော မျိုးနွယ်စုကြီးအား ပစ်မှားခဲ့လျှင် မြူ ကောင်းကင်ဂူဘဲဖျက်ဆီးခံရမည်မှာ သေချာသည်။ မည်သို့ပင်ဆိုစေ သူတို့က အဆင့်မတူချေ။ ရန်သူသာ ဖြစ်သွားလျှင် ဆိုးရွားသော ကိစ္စများသာ ဖြစ်လာပေလိမ့်မည်။
“ခင်ဗျားက ဒီလို ပေါ်တင် ပြောမှတော့လည်း ကျွန်တော်က ချဲ့ကားမနေတော့ပါဘူး။”
ကျန်းယွိဖေးက အသက်၂၄နှစ် ၂၅နှစ်အရွယ်သာ ရှိသည်။ လူအိုကြီးကမူ စကားပြောဟန်က ရမ်းကားသည်ဟု မထင်ချေ။ အရာအားလုံးက ခွန်အားဖြင့်သာ ကိုယ်စားပြုနိုင်သည်။
“သခင်လေးက ဥာဏ်ကောင်းပါတယ်။ ကျေးဇူးပြုပြီး ဘာကြောင့် ဒီလိုရောက်လာရသလဲဆိုတာကိုသာ ပြောပြပါ … ။”
“လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မြူကောင်းကင် ဂူမှာ ကျန်းမျိုးရိုးနာမည်နဲ့ တပည့်ဂိုဏ်းသားတစ်ယောက် သေသွားခဲ့တယ်မလား … ။”
မြူကောင်းကင်ဂူမှ ဆရာသခင်က ခေါင်းညိမ့်သည်။
“အခြားတစ်ယောက်ဆိုရင် မမှတ်မိလောက်ပေမယ့် အဲဒီလူငယ်လေးက တော်တော်လေးကို ထူးခြားလို့ ငါ မှတ်မိနေတယ်။ သူက တကယ်ဘဲ သေဆုံးသွားခဲ့တယ်။”
“သူက ကျန်းမိသားစုက တပည့်ဂိုဏ်းသားတစ်ယောက်ဘဲ။ ဒါပေမယ့် မြူကောင်းကင်ဂူက လူတွေ သတ်တာကို ခံလိုက်ရတယ်။”
ကျန်းယွိဖေးက တည်ငြိမ်စွာ ပြောသည်။
“ဘာ..။ အခြား သူ သတ်တာ ဟုတ်လား။”
မြူ ကောင်းကင်ဂူမှ ဆရာသခင်၏ မျက်နှာက အံ့အားသင့်မှုအပြည့်ဖြင့် ဖြစ်သွားသည်။
“ဘယ်သူက ဒီလိုလုပ်တာလဲ။”
“ဒါဆိုရင် ငါ ဘာလို့ရောက်လာလဲဆိုတာ ခင်ဗျား နားလည်ပြီထင်တယ်။”
မြူ ကောင်းကင်ဂူမှ ဆရာသခင်က ရုတ်တရက် ခေါင်းငိုက်စိုက်ကျသွား၏။
” ကျန်း မိသားစုက တပည့်ဂိုဏ်းသားက ဘယ်လိုလုပ် မြူ ကောင်းကင်ဂူကို ဝင်ရောက်လာပြီး သတ်တာကို ခံလိုက်ရတာလဲ။”
“ဒါ တော်တော် ဒုက္ခများတဲ့ ကိစ္စဘဲ။”
“ခင်ဗျား အများကြီး စိုးရိမ်နေစရာ မလိုပါဘူး။ ငါက အကြောင်းအရင်းမရှိ ဒုက္ခမရှာဘူး။”
“မစိုးရိမ်ပါနဲ့။ သခင်လေးကျန်း ငါကအပြစ်ရှိသူကို ပြင်းပြင်းထန်ထန်အပြစ်ပေးမှာပါ။”
“အဓိကတရားခံက တရားမျှတမှုကို ရှာယူပေးရမှာဆိုပေမယ့် သူတို့ရဲ့ဆရာသခင်ကိုယ်တိုင်ကလည်း ဝန်ခံသင့်တယ်လို့ ထင်တယ်။ ဒါ့အပြင် သူတို့ကို အဲဒီဆေး ထောက်ပံ့ပေးတဲ့လူကိုလည်း ရှာရမယ်။”
“သခင်လေး ကျန်း ..။ သခင်လေး ကျန်း ကျေးဇူးပြုပြီး မြူ ကောင်းကင်ဂူထဲကို ဝင်ရောက် လာခဲ့ပါ။ ဒီအဘိုးကြီးက ကျန်း သခင်လေး ကျေနပ်သည်အထိ အပြစ်ပေးမှာပါ။ ”
ကျန်းယွိဖေးက ခေါင်းညိမ့်လိုက်၏။
“အရေးကြီးဆုံးက ဒီအဘိုးကြီးနဲ့ကလေးလေးကို ကျေနပ်အောင် လုပ်ပေးရမှာဘဲ။”
ထိုအချိန်တွင် အဘိုးကြီး ကျန်းနှင့် ရှောင်ထင်ထင်တို့၏ မျက်နှာတွင် မျက်ရည်စက်များဖြင့် ပြည့်နှက်လာ၏။
“ငါ နားလည်ပြီ။”
ကျန်းယွိဖေးက ကျန်းရိချန်းကို ခရမ်းရွှေအမွှေးလေး ဝတ်ခိုင်းလိုက်ပြီးနောက် အထဲတွင် ပိတ်လှောင်ခံထားရသည့် လူများကို ထုတ်ခိုင်းလိုက်၏။ ထို့ကြောင့် သူက ဦးလေး ကျန်းနှင့် ရှောင်ထင်ထင်တို့ကို ထို ဂိုဏ်းခေါင်းဆောင်တို့၏ အနောက်သို့ လိုက်သွားစေလိုက်သည်။ တခြားသူများက လိုက်မဝင်ခဲ့ချေ။ သူတို့က မြေပြင်ပေါ်သို့ ဆင်းသက်ကာ အပြင်တွင် စောင့်နေရသည်။
ထိုအချိန်တွင် ယဲ့ဖန်းက သူ့ကို စောင့်ကြည့်နေသည်ဟု ခံစားရသည်။ ထိုလူသည် မောက်မာသော လူငယ် ကျန်းရိချန်းဖြစ်သည်။
” ဘာဖြစ်တာလဲ။ သူ ဒီလူတွေကို ရန်မစပါဘူး။ ဘာလို့ ဒီလို လိုက်ကြည့်နေတာလဲ။”
ကျန်းခိုင်ရွှမ်းက ကျော့ရှင်းကြည့်ကောင်းစွာဖြင့် အနားသို့ ကပ်လာပြီးနောက် ပြုံးနေလိုက်သည်။
“ဒီကိစ္စတွေ ပြီးသွားရင် ထင်ထင်က ငါတို့ကျန်း မိသားစုဆီ လိုက်လာလိမ့်မယ် .. ။ နင် လိုက်ချင်ရင် နင်လည်း လိုက်ခဲ့လို့ ရတယ်။”
“ဒါက….”
အစပိုင်းတွင် ကျန်း မိသားစုက ရှေးဟောင်း မိသားစုကြီးဖြစ်ပြီး ရှေးမူလခေတ်ကတည်းက တည်ရှိခဲ့ခြင်းဖြစ်သည်။ သူ သိရှိလိုသည့် ထိုလျှို့ဝှက်ချက်နှင့် ပတ်သက်၍ သိကောင်းသိနိုင်သည်။
ပြီးနောက် တုံ့ဆိုင်းသွားသည်။ သူ့လျှို့ဝှက်ချက်များကို တွေ့သွားလျှင် ပြသာနာဖြစ်နိုင်သည်။ ထိုကြေးနီရောင်အတုံးကြီးက ရှေးဟောင်း ပျက်သုဥ်းခြင်း နယ်မြေတစ်ခုလုံးကို ဝရုန်းသုန်းကားဖြစ်စေသော ပစ္စည်းဖြစ်သည်။ ဆရာသခင်များသာ ရှာတွေ့သွားခဲ့လျှင် အကျိုးဆက်က စိုးရိမ်စရာကောင်းသော အခြေအနေဖြစ်လာပေလိမ့်မည်။
“ဘာဖြစ်လို့လဲ..။ နင်က မလိုက်ချင်ဘူးလား”
ကျန့်ခိုင်ရွှမ်းက အံ့အားသင့်သွားသည်။ကျန်သည့်မိသားစုများက ကျန်း မိသားစုထံ ရောက်ရန် အကောင်းဆုံး ကြိုးစားခဲ့ကြသော်လည်း ကျရှုံးခဲ့ရသည်။ သူမက ယခုလို ခေါ်သည့်တိုင် တစ်ဖက်က တုံ့ဆိုင်းနေသေးသည်။
ယဲ့ဖန်းက ငြင်းလိုက်သည်။
“ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် မိန်းကလေး ကျန်း။ မင်းတို့ရဲ့စေတနာကို အရမ်းကို ဝမ်းမြောက်ဖြစ်မိပါတယ် ..။ ဒါပေမယ့် ငါက အရမ်းကို ပျင်းတယ်။ ဒါကြောင့် ကျန်း မိသားစုထဲကို ဝင်ပြီး အမှားတွေဘဲ လုပ်မိမှာ စိုးရိမ်ရပါတယ်။ ဒါကြောင့် ဒီမှာဘဲ လှည့်လည်သွားလာနေတာက ပိုကောင်းပါတယ်။ ကျွန်တော်က ဆင်းရဲလွန်းလို့ ကျန်း မိသားစုကို နေ့စဥ်လာပြီး ဂါ၀ရပြုနိုင်ဖို့ဘဲ မျှော်လင့်ပါတယ်။”
ထိုအချိန်တွင် ကျန်းရိချန်းက ခေါင်းရှုပ်လာခဲ့သည်။
“ကျန်း မိသားစုက ဘယ်လို နေရာမျိုးလဲ။ တည်းခိုဆောင်လား။ ကျန်းမိသားစုက လူတိုင်း ထွက်ချင်ထွက် ဝင်ချင်တိုင်းဝင်လို့ရတဲ့နေရာလား။ မင်း ဝင်ချင်ဝင် .. အပိုတွေ မပြောနဲ့။”
“ကျန်းရိချန်း ..။ ပါးစပ်ပိတ်စမ်း။”
ကျန့်ခိုင်ရွှမ်းက ကျန်းရိချန်းကို အော်ငေါက်လိုက်သည်။ ထို့နောက် ပြုံးကာ ပြောသည်။
“သခင်လေး ယဲ့ .. သူ့ကို စိတ်ထဲ မထားပါနဲ့။ သူက အမြဲတမ်း ဒီလိုဘဲ။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ကျန်း မိသားစုက အမြဲတမ်း တံခါးဖွင့်ထားမှာပါ။ နင့်မှာ အခက်အခဲရှိရင် ကျန်း မိသားစုကို လာရှာပါ။”
“ကျေးဇူးတင်ပါတယ် .. ။ မိန်းကလေးကျန်း”
ယဲ့ဖန်းက သူမကို ကျေးဇူးတင်လိုက်သည်။ တစ်ချိန်တည်းတွင် ကံဆိုးသည်ဟုလည်း ခံစားရသည်။ သူက ထိုသခင်လေးကို ရမ်းကားခဲ့မိသည်။ သို့သော် တစ်ဖက်က သူ့ကို အတိုက်အခံ လုပ်နေသည်။ ယဲ့ဖန်းက ပို၍ပင် ကျန်း မိသားစုထဲသို့ ဝင်ရန်မလွယ်ကူကြောင်း သေချာလာသည်။ တော်ဝင် ခန္ဓာကိုယ်၊ တော်ဝင် ကျမ်းစာ၊ လျှို့ဝှက် ဆန်းကြယ်သော ကြေးနီရောင်အတုံးစသည်ဖြင့် အားလုံးတို့က တားမြစ်ခံများ ဖြစ်နေသည်။
“ကောင်လေး ငါတို့ရဲ့ကျန်း မိသားစုကို လူတွေ ဘယ်လောက် ဝင်ချင်နေလဲ မင်းသိသင့်တယ်။ မင်းက ဒီလို အခွင့်အရေးကို လက်လျှော့လိုက်ရင် တစ်ဘဝလုံးနောင်တရနေရလိမ့်မယ်။ ”
ကျန်းရိချန်းက သူ့ကို ကြည့်ကာ လှောင်ရယ် ရယ်သည်။
ယဲ့ဖန်း၏ နှလုံးသားက တုန်ယင်လာ၏။ တစ်ချိန်တည်းတွင် အံ့အားသင့်သွားသည်။ ကျန်း မိသားစု၏ သခင်လေးက သူ့ကို ကျန်း မိသားစုထဲ ဝင်စေချင်နေသည်။
” ဘာလုပ်တာလဲ .. ။”
ကျန်းခိုင်ရွှမ်းက ကျန်းရိချန်းကို တစ်ဖန်အော်ငေါက်လိုက်ပြန်သည်။ သို့သော် သူက ဘာမှ ဆက်မပြောတော့ပေ။ သူက သိပ်မဝေးသော နေရာ၌ ရပ်နေပြီး ယဲ့ဖန်းက တည်ငြိမ်နေသည်။
“မျိုးမစစ်က ငြင်းနေသေးတာလား။ သေစမ်း ..”
ကျန်းရိချန်းက သူ့ကိုမကြည့်တော့ဘဲ ပတ်ဝန်းကျင်ကို လိုက်ကြည့်နေတော့သည်။ ယဲ့ဖန်းက စိတ်အေးသွားသည်။ သိပ်မကြာခင် သူက ဖွင့်ပြောဖို့တွေးမိသွားသည်။ မြူကောင်းကင်ဂူထဲတွင်လည်း နေသည်။ သို့သော် မည်သူမှ မသိချေ။
တစ်နာရီကြာ စောင့်နေပြီးနောက် ကျန်းရိချန်း၊ ဦးလေးကျန်းနှင့် ရှောင်ထင်ထင်တို့က ထွက်လာသည်။ မြူကောင်းကင်ဂူမှ ဆရာသခင်ဂိုဏ်းဆောင်အပြင် အခြားသော အရေးပါသည့် အဖွဲ့ကလည်းလိုက်ပါလာကြသည်။ လူအိုကြီးနှင့် ကောင်မလေးတို့၏ မျက်လုံးများက နီရဲကာ ဖူးရောင်နေ၏။ သူတို့က ငိုမဲ့ဟန်ပြသည်။
“ခေါင်းဆောင်ဟောင်း ပြန်ပါ။ ကျွန်တော်တို့ကို လိုက်ပို့ဖို့ မလိုပါဘူး။ ငါတို့ရဲ့ ကျန်း မိသားစုက အကျိုးအကြောင်း နားမလည်တဲ့သူ မဟုတ်ဘူး။ ငါတို့ရဲ့ ကျန်းမိသားစုက ဒီကိစ္စကို ဖြေရှင်းပြီးပြီဆိုတော့ စိုးရိမ်စရာ မလိုပါဘူး။ ”
မြူ ကောင်းကင်ဂူမှ ဆရာအိုက စိတ်သက်သာရာရပြီး သက်ပြင်းချသည်။ မဟုတ်လျှင် လူတိုင်းက ကျန်းမိသားစု၏ ရင်ဆိုင်ခြင်းကို ခံရပြီး ဒုက္ခရောက်မည်ကိုစိုးရိမ်နေကြသည်။ ရှေးဟောင်း ပျက်သုဥ်းခြင်း ပိုင်နက်နယ်မြေက အလွန်ကျယ်ပျံ့သော်လည်း သူတို့ကို သိရှိသူက နည်းပါးပေသည်။
မြူကောင်းကင်ဂူမှ လူများက ပျောက်ကွယ်သွားပြီး ထွက်သွားကြသည်။ ကျန်းယွိဖေးနှင့် အဖွဲ့က ပြန်လာပြီး လူအိုကြီး ကျန်း၏ ဆန္ဒကို ပြီးမြှောက်အောင်ဆောင်ရွက်သည်။
“အစ်ကိုကြီး ကျွန်မတို့နောက်ကို လိုက်ခဲ့ပါ။ မဟုတ်ရင် ထင်ထင်က အစ်ကိုကြီးကိုနေ့တိုင်း လွမ်းနေရလိမ့်မယ် … ။”
ရှောင်ထင်ထင်က ငိုလုနီးပါးဖြစ်လာ၏။
“အစ်ကိုကြီးမှာ လုပ်စရာတွေအများကြီးရှိသေးတယ်။ အခုလိုက်လို့ မရသေးဘူး။အနာဂတ်မှာ လာလည်မှာပါ .. ။”
” အစ်ကိုကြီး မသွားဘူးဆိုရင် ကျွန်မလည်း မသွားဘူး … ။”
ရှောင်ထင်ထင်က ဆုံးဖြတ်ချက်ချလိုက်သည်။
“ညီမလေးက ငယ်သေးတယ် .. အချို့ကိစ္စတွေကို နားမလည်သေးဘူး … ။အရွယ်ရောက်လာရင် နားလည်လာမှာပါ။ ကျန်း မိသားစုကိုဘဲ ပျော်ပျော်ရွှင်ရွှင် လိုက်သွားလိုက်ပါ။ အဝေးမှာ လျှောက်ဆော့ မနေနဲ့။ သူတို့ဆီကနေ ကျင့်ကြံဆင့်တွေကို သင် … ”
ဦးလေး ကျန်းကလည်း နားမလည်နိုင်ချေ။ သို့သော် သူက အဆုံးတွင် ဖိအားမပေးချေ။ သူတို့သည် မြို့အပြင်တွင် လူစုခွဲသောအခါ ရှောင်ထင်ထင်က ငိုပြန်သည်။ သူမက ယဲ့ဖန်း၏ လက်ကို ဖက်ထားကာ မလွှတ်ပေးတော့ချေ။ မျက်ရည်တွေ ဆက်တိုက် ကျဆင်းလာသည်။ ယဲ့ဖန်းက ပြောသည်။
“မငိုပါနဲ့ ထင်ထင် … ။ အစ်ကိုကြီးတို့ အနာဂတ်မှာ ပြန်တွေ့ကြမယ်။ ”
ရှောင်ထင်ထင်က တွန့်ဆုတ်စွာ လွှတ်ပေးလိုက်ရသည်။ သို့သော် သူမက ပြောလိုက်၏။
“ကျွန်မ သေချာပေါက် ကျင့်ကြံမှုကို လေ့လာမှာပါ။ အစ်ကိုကြီးဆီကို ပြန်လာမယ်။ တစ်ခြားသူတွေက အစ်ကိုကြီးကိုအနိုင်ကျင့်ရင် သေချာပေါက် ထင်ထင်ကပြန်ရိုက်ပေးမယ် … ။”
ယဲ့ဖန်းက ရယ်သည်။
“မင်းကို စောင့်နေကြပြီ .. ။”
ထိုအချိန်တွင် ကျန်းယွီဖန်းက သူ့ကို ကြည့်နေသေးကြောင်း တွေ့လိုက်ရသည်။ ထိုအခြေအနေက သူတို့ နှစ်ယောက်၏ နှလုံးခုန်နှုန်းကို မြန်စေသည်။
” နင် သူ့ကိုကြည့်တဲ့ပုံစံက ပုံမှန်မဟုတ်ဘူး။ ”
ကျန်းရီချန်းက ရုတ်တရက်ပြောသည်။
” ဘာလို့ ဒီလိုပြောတာလဲ။ ”
ကျန်းယွိချန်းက အံ့သြားသင့်သွား၏။
“မကောင်းတဲ့ ကိစ္စတွေ မလုပ်နဲ့။ နင့်ရဲ့စိတ်ဓာတ်က ဆုတ်ယုတ်သွားလိမ့်မယ်။ကြည့်ရတာ အဖိုးက နင့်ကို အလိုလိုက်တာ များသွားပြီ ထင်တယ်။”
” ငါ နင့်ကို သတိထားမိနေတာ သေချာပြီ။ တိုက်ခိုက်ချင်နေတာ သူက နင့်ကိုဘယ်လိုများ ရန်စခဲ့မိလို့လဲ။
ကျန်းယွိဖေးက သူ့ကို ပြန်လှည့်ကြည့်သည်။
“ဘာဖြစ်တာတုန်း”
” ဘာမှမဖြစ်ပါဘူး”
ကျန်းယွိချန်းက အပြစ်မကင်းသလို ဖြစ်သွားသည်။
“မောင်ငယ်လေးရယ် … အနာဂတ်မှာဂရုစိုက်ရမယ်။
သူမက ရှင်းပြပြီးနောက် ယဲ့ဖန်းကလည်းထိုသို့အကြောင်းရင်းမျိုးကို နားလည်သွားသည်။ ထိုအခြေအနေက သူ့ကိုချွေးစေးပြန်သွားစေသည်။ ထိုကျမ်းစာပိုဒ် အကြောင်းအရာ ပေါ်သွားစေနိုင်သည်။
“ကံကောင်းစွာနဲ့ ငါက ကျန်း မိသားစုကိုဝင်ဖို့ သဘောမတူခဲ့ဘူး။
“ကောင်းပြီ … ဒီနေရာမှာဘဲ လမ်းခွဲရအောင် .. ။”
” ငါ ကျန်းရီချန်းကို သတိပေးထားပြီးသား။ သူ ဘာမှ မလုပ်ရဲလောက်ဘူး .. ။”
အဆုံးသတ်တွင် သူတို့အဖွဲ့က သားရဲများကို စီးပြီး ထွက်သွားကြသည်။
ရှောင်ထင်ထင်ကမူ ဆက်တိုက် ငိုနေသည်။ သူမ၏ လက်လေးကို ေ၀့ရမ်းလျက် ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ဖန်းက အန္တာရယ်ကို ခံစားမိနေသည်။ ထို့ကြောင့် မြို့ထဲ မပြန်ရဲတော့ချေ။ ထို့အစား သူက တောထဲ ဝင်ရောက် ကျင့်ကြံပြီး အမြန်ဆုံး ထွက်သွားရမည်ဟု ခံစားနေရသည်။
အပိုင်း ၈၅ ပြီး၏။