Chapter – 84
“ဘယ်လောက်တောင် မောက်မာလိုက်သလဲ … ။ ”
လီ မိသားစု၏ မျက်နှာများက အလွန်ပျက်ယွင်းသွားကြသည်။
“မင်းတို့က ဂိုဏ်းကြီး စစ်ပွဲ စချင်နေတာလား။”
“ဂိုဏ်းကြီး စစ်ပွဲ စမယ် ဟုတ်လား။ မင်းတို့က အဆင့်မှီလို့လား။ မင်းတို့ အဆင့်မမှီမှာကိုဘဲ ငါက စိုးရိမ်နေတာ။”
ဒေါသအပြည့်ဖြင့် သူရဲကောင်း၏ အသံက အလွန်အေးစက်သည်။
“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။ မင်းတို့က သတ္တိရှိတာဘဲ။ မင်းတို့ ရန်သူ့ နယ်မြေထဲက အရှင်လတ်လတ် ထွက်သွားနိုင်မယ်လို့ ငါ မယုံဘူး .. ။”
လီ မိသားစုမှ ကျန်သည့်သူများ၏ မျက်နှာက အလွန်သုန်မှုန်နေသည်။ သူတို့၏ မျက်ဝန်းတွင် အလွန်အေးစက်သော အကြည့်များ မြင်နိုင်၏။ သူတို့က မြူကောင်းကင်ဂူမှ အကြီးအကဲများ၏ ဒေါသကို ရန်စရန် ပြင်ထားကြသည်။
“မင်းတို့က ရန် နယ်မြေထဲမှာ မင်းတို့ အဆင့်လောက်နဲ့ ငါတို့ကို ခေါ်ထားနိုင်မယ်လို့ ထင်နေတာလား။”
သူရဲကောင်းက နှာခေါင်းရှုံ့သည်။
“မင်းတို့လို အမှိုက်ကောင်တွေ ရှစ်သောင်းကျော်ရောက်လာရင်တောင် လုံလောက်တယ်။
လီ မိသားစုမှ ကျင့်ကြံသူများက အရှက်ကွဲခံရသလိုခံစားရသည်။ တစ်ဖက်သူက နောက်ခံကြီးမားသည်ဟု ပြောရဲပေသည်။ သူတို့က လီ မိသားစုနှင့် ပတ်သက်နေသည့်အပြင် ဂိုဏ်းနှင့်လည်း ဆက်နွယ်ထားပြီးသားဖြစ်ရာ တစ်ဖက်သူကို ဖျက်ဆီးရန် အခွင့်အရေးရရန် လိုအပ်သည်။
“မင်းတို့က မြူ ကောင်းကင် ဂူကို ဂရုမစိုက်မှတော့ ငါ ဒီအမှန်တရားကို သတင်းပို့ရလိမ့်မယ်။ အကြီးအကဲတွေဘဲ ကောင်းကင်နှင့် မြေကြီး ခြားနားချက်တွေကို ပြသပေးလိမ့်မယ်။”
“မင်းက အဲဒီလို လုပ်နိုင်မယ်လို့ ထင်လို့လား … ။”
ရှေ့တက်လာသည်။ သူက မလှုပ်ရှားခဲ့ချေ။ သို့သော် လီ မိသားစုမှ ကောင်ကို ထိတ်လန့်လွန်းသော စာသူငယ်များလို အဝေးကို ထွက်ပြေးသွားစေသည်။ သူတို့ အရိုးများက ကျိုးသွားပြီး သွေးများက ပါးစပ်၊ နှာခေါင်း၊ နားရွက်မှာ စီးကြလာသည်။
” မင်း …။ ”
သူတို့၏ ကိုယ်မှ အရိုး အများစုက ကျိုးသွားပြီး သူတို့က နံရံထဲသို့ စိမ့်ဝင်သွားပြီး သူတို့၏ အရိုးများ သွေးများက အပြည့်ဖြစ်နေသည်။
ကျန်းယွိဖေး၏ အချက်ပြမှုအောက်တွင် သူရဲကောင်းက ဆက်မသတ်တော့ချေ။ သူက မေးခွန်းကိုသာမေးသည်။
“မင်းတို့က ထင်ထင်ရဲ့ မိဘတွေကို သတ်ခဲ့လား။”
ကျန်းယွိဖေး၏ လေသံက အလွန်တည်ငြိမ်သည်။ လူတစ်ယောက်၏ နားထဲသို့ ရောက်သောအခါ ပေါက်ကွဲသွားသည်။ အဖြူရောင် ဝတ်စုံနှင့် တူနေသော လူသည် တောင်တန်းကို မော်ကြည့်လိုက်သောအခါ ကြီးမြတ်မှုကို ပေးစွမ်းလေသည်။
“မင်းတို့ ပြောနေတဲ့ ….”
“မြူ ကောင်းကင်ကို ဂရုမစိုက်ဘူးဆိုရင်တောင် ဘယ်ကောင်ကမှ မောက်မာရဲမှာ မဟုတ်ဘူး။”
ဒီလိုအချိန်တွင် အရှေ့ခြံဝန်းထဲမှ သက်လတ်ပိုင်းလူကြီးတစ်ယောက်က ဝင်လာသည်။ သူကထူးဆန်းသော သားရဲဆယ်ကောင်ကို မြင်သောအခါ အမူအရာက ပြောင်းလဲသွားသည်။
“မင်းတို့က ဘာလိုချင်တာလဲ။ မင်းတို့က မြူကောင်းကင်က ခိုင်းတာတွေကိုတောင် မလုပ်ရဲဘူး မလား။”
“ငါတို့က ဆိုးယုတ်တဲ့ကောင်တွေကို ဖယ်ရှားချင်တာ။”
သူရဲကောင်းတစ်ယောက်က ရှေ့တက်လာပြီးနောက် သူ၏ လမ်းကို ပိတ်လိုက်၏။
“မင်းက ဘာကိုဆိုလိုတာလဲ … ။ ငါ့ရဲ့ မြူ ကောင်းကင်က ဆိုးရွားတဲ့ ဂိုဏ်းလို့ ဆိုချင်တာလား … ။”
သက်လတ်ပိုင်း လူက အော်သည်။
သူရဲကောင်းက မှင်သေသေဖြင့် ပြောသည်။
” မြူ ကောင်းကင်က ဘယ်လိုပဲ ဆိုးဆိုးယုတ်ယုတ် ..။ ငါ ဂရုမစ်ိုက်ဘူး။ ဒါပေမယ့် ဒီနှစ်ကောင်ကတော့ သေသင့်တယ်။”
“ဒါက မင်းတို့ရဲ့တစ်ဖက်သတ် ပုံပြင်ဘဲ။ ဒီကိစ္စကို သေချာ စုံစမ်း စစ်ဆေးရတာမှ မဟုတ်တာ။ ပိုဆိုးတာက ငါက မြူကောင်းကင်ဂိုဏ်းက တပည့်ဂိုဏ်းသားတစ်ယောက်ဘဲလေ။ သူက မှားနေတယ်ဆိုရင်တောင် ငါတို့ ကိုင်တွယ်သင့်တယ်။ မင်းတို့ ဝင်ပါစရာ မလိုဘူး။”
ကျန်းယွိဖေး၏ မျက်နှာက တည်ငြိမ်သည်။
” သူတို့က နှစ်ပေါင်းများစွာ ကြာအောင် မကောင်းမှုတွေ လုပ်ခဲ့ပြီးသား။ မင်းတို့ရဲ့ မြူကောင်းကင် ဂူက သူတို့ကို အပြစ်ပေးတယ်လို့ဘဲ သဘောထားလိုက်။ သူရဲ့ပြစ်မှုကို မင်းတို့ဘာသာ ဖြေရှင်းကြ။ သူတို့ကို ကာကွယ်ဖို့ ကြိုးစားနေတာဘဲ။ ကြည့်ရတာ မြူကောင်းကင် ဂူကို ကိုယ်တိုင်ကိုယ်ကျလာပြီး တောင်းခံဖို့ လိုအပ်နေပြီဘဲ။”
“ဘယ်လောက်တောင် မောက်မာတဲ့ လေသံလဲ။ ငါ့ရဲ့မြူကောင်းကင် ဂူကို မင်းတို့က ဘာလုပ်နိုင်မယ်လို့ထင်နေတာလဲ။ ကိုယ့်စကားကို သတိထား။ မင်းရဲ့စကားတွေကြောင့် ကပ်ဘေးကြုံရနိုင်တယ် .. ။”
သက်လတ်ပိုင်း လူက အေးစက်စွာဖြင့် စိုက်ကြည့်လိုက်သည်။
ကျန်းယွိဖေးက နှာခေါင်းရှုံ့ကာ ပြောသည်။
” မြူ ကောင်းကင် ဂူက အဲဒီလောက်ထိ အင်အားကြီးတာလား။ သနားစရာကောင်းလိုက်တာ။ ငါနောက်မှ သွားပြီး ကြည့်ရမယ် .. ။”
“မင်းက ဘယ်လိုတောင် မောက်မာရဲတာလဲ။”
သူရဲကောင်းက အေးစက်စွာ ပြောသည်။
“မြူကောင်းကင် ဂူက ရတနာ ဂိုဏ်းခြောက်ဂိုဏ်းထဲက တစ်ဂိုဏ်းဘဲ။ မင်းသာ ပြသာနာ ဆက်ရှာနေမယ်ဆိုရင် ဂိုဏ်းက စစ်ပွဲကို ငြင်းဆန်လို့ မရနိုင်ဘူး။”
ကျန်သည့်သူက ခေါင်းသာခါသည်။
“အရှေ့ဘက် ပျက်သုဥ်းခြင်း နယ်မြေက ဒီလောက်ကျယ်ပြီး အကန့်အသတ်မဲ့နေတာ။ သိုင်းပညာတွေ ရရှိဖို့ ဘယ်လောက် ခက်ခဲလိုက်သလဲ .. ။ ဒီနေရာက သေးငယ်တဲ့ နေရာတစ်ခုဘဲ။ ဒီနေရာက တစ်ဂိုဏ်းကိုမှ ငါ မကြားဖူးဘူး။ ”
“မောက်မာလ်ိုက်တာ .. ။ မင်း ဘယ်လောက် အင်အားကြီးမလဲ ကြည့်ချင်တယ်။”
သက်လတ်ပိုင်း လူက စီးနင်းပြီးနောက် လေထဲသို့ ခုန်ဝင်လာသည်။ သူက ပါးစပ်ကို ဟပြီးနောက် ယမ်းတစ်ခုကို မှုတ်ထုတ်လိုက်ရာ သွေးနီရောင် လက်နှစ်ချောင်းကို ထုတ်ဖော်လိုက်သည်။
သတ်ဖြတ်ခြင်း သားရဲတစ်ကောင်၏ ဟိန်းသံက ထွက်ပေါ်လာပြီးနောက် ထူးဆန်းသော သားရဲက်ို စီးသည့် သူရဲကောင်းတစ်ယောက်က လေထဲသို့ ခုန်တက်လိုက်သည်။ သူ၏ အင်အားသည် လေထဲမှ ကပ်ပါသွား၏။
“အား..”
မြူ ကောင်းကင် ဂူမှ သက်လတ်ပိုင်းလူက သွေးပျက်ဖွယ်အော်သံက်ို ထုတ်လွတ်လိုက်သည်။ ရွှေ တံတိုင်းအကာကွယ်လွှာက အလယ်မှ အခြမ်းခံလိုက်ရပြီးနောက် သွေးနီရောင် လှံကလည်း အလယ်မှ ထက်ပ်ိုင်းကျိုးသွားသည်။ ဝမ်းဗိုက်က ပွင့်ထွက်လုမတတ်ဖြစ်သွားပြီး နေရာမှ ပြုတ်ကျကာ သွေးများ တစိမ့်စိမ့်ထွက်နေ၏။
သာမန် လူတစ်ယောက်သာဆိုလျင် သေသွားပြီးလောက်လေပြီ။ သူ၏ ခွန်အားက သာမန်လူထက်ထူးခြားပေသည်။ သူက သွေးတိတ်အောင် လုပ်လိုက်သည်။ သူက ဤနေရာအထိ ထပ်လိုက်လာပြီး တိုက်ခိုက်ပြန်သည်။
ယဲ့ဖန်းကလည်း အလွန်အမင်း အံ့အားသင့်နေသည်။ အလွန်အမင်း ထူးခြားလွန်းသည်။ သူတို့က ကျင့်မိသားစု၏ နေရောင် ထွန်းလင်းမဲ့ နယ်မြေမှ အင်အားကြီးမားလေသည်။
အုံ့အော်သောင်းနင်း အခြေအနေကို ကြားသည့်အခါ ကောင်းကင်ဘုံ ဆရာသခင်က ထွက်လာတော့သည်။
“မင်းက ဘယ်သူလဲ။”
“အကြီးအကဲတွေထဲက တစ်ယောက်ပါဘဲ။ ”
ထိုသူက အရှေ့ဘက်ခြမ်းမှ စကားများကိုကြားလိုက်ရသည့်အခါ မျက်မှောင်ကျုံ့လိုက်သည်။ ထိုလူများက မြူကောင်းကင် ဂူကို အလေးအနက်မထားပေ။ ယင်းက ထိုလူကို အလွန်ဒေါသထွက်စေကာ အလွန် မသက်မသာ ဖြစ်စေသည်။
“မြူကောင်းကင် ဂူကို သွားတဲ့လမ်းကို ကျေးဇူးပြုပြီး ပြပေးပါ။”
ကျန့်ခိုင်ရွှမ်း၏ လှပသော မျက်နှာတွင် လှောင်ရယ်လိုသော အမူအရာက ထင်ရှားစွာ ဖြစ်ပေါ်နေသည်။
” … ”
မြူကောင်းကင် ဂူမှ လူများ၏ မျက်နှာအမူအရာကပြောင်းလဲသွားကြ၏။ တစ်ယောက်မှ မပြောချေ။
“ဒီလောက် ငယ်သေးတာတောင် မာနကြီးရဲတယ်။ မင်းတို့ ဆရာတွေက အခြားသူတွေကို ဘယ်လို လေးစားရမလဲဆိုတာကို မပြောထားဘူးလား။”
ကျန့်ခိုင်ရွှမ်းက အေးစက်စွာ ပြောသည်။
“နင်တို့တွေ သင်ထားတဲ့ အဲဒီ တပည့်ဂိုဏ်းသားတွေက တခြားသူတွေထက် ပိုဒုက္ခပေးနေတယ်။ လူတွေကိုအနိုင်ကျင့်ပြီး မိဘမဲ့တွေကို ဒုက္ခပေးနေတာ။ အသက် ၇၀ ကျော် လူအိုတွေကို သွေးအန်တဲ့အထိ ရိုက်နှက်ခဲ့တယ်။ အခြေအနေတွေ အမျိုးမျိုးကို နင်တို့က ဘာဆရာအကြောင်း လာပြောနေတာလဲ။ နင်တို့က ဒီလိုပြောဖို့ အရည်အချင်းမှီလို့လား။”
“မင်းမှာ ဘာသက်သေရှိလဲ .. ။”
“သူတို့ ဝန်ခံပြီးသား … ။”
အကြီးအကဲက မျက်မှောင်ကျုံ့ကာ ပြောသည်။
“ဒါက မင်းတို့ နှိက်စက်ထားလို့ ဒီလိုပြောတာ မဟုတ်ဘူးလား။ သူတို့က မကောင်းတဲ့ကိစ္စ လုပ်ခဲ့ရင်တောင်မှ မင်းတို့က ဒီလိုလုပ်စရာမလိုဘူးလေ။ ငါ့ရဲ့မြူကောင်းကင်က ကိုင်တွယ်မယ့်နည်းလမ်း ရှိပြီးသား။”
“နင်တို့ဘာသာ ကိုင်တွယ်မယ် ဟုတ်လား။ နှစ်အတော်ကြာသွားတဲ့တိုင်အောင် သေတဲ့သူက ငြိမ်းငြိမ်းချမ်းချမ်းတောင် မသေရဘူး။ အဲဒီ လူသတ်သမားက အင်အား ပ်ိုကြီးလာပြီး ကျန်တဲ့သူတွေကို ဒုက္ခလိုက်ပေးနေတာ။ နင်တို့ ဂိုဏ်း လုပ်တဲ့ ပုံစံလား။”
ကျန့်ခိုင်ရွှမ်းက ရှောင်ထင်ထင်ကို အလွန်သနားနေမိသည်။ ထိုအချိန်တွင် သူမ၏ မျက်နှာတစ်ခုလုံးက အေးစက်နေသည်။
“အခုအချိန်ထိ နင်က ကိုင်တွယ်ဖို့ နည်းလမ်းကို သုံးပြီး သူတို့ကို ကာကွယ်ဖို့ကြိုးစားနေတုန်းဘဲ။ နင်ဟာ သူတို့ရဲ့ဆရာ တကယ်ဖြစ်ထိုက်ပါပေတယ်။ အမြဲ အတူရှိတာဘဲလေ။”
“မင်း….”
ဦးဆောင်လာသည့် ထိုအကြီးအကဲက မျက်ခုံးပင့်လိုက်သည်။ သို့သော် ဘယ်သူကမှ မလှုပ်ရှားရဲချေ။ အကြောင်းမှာ တစ်ဖက်မှ လုပ်ဆောင်နိုင်စွမ်းက အင်အားကြီးမားလွန်းသည်။ ထို ရွှေခြင်္သေ့ကတောင်သူ့ကို အလွန် ကြောက်လန့်စေသည်။
ထိုအချိန်တွင် ကျန်းယွိဖေးက ဝင်ပြောသည်။
“သူတို့အားလုံးကို ထိန်းထားလိုက်။”
သူရဲကောင်းများက ရှေ့ထွက်လာကြသည်။
အကြီးအကဲက ပြောလိုက်သည်။
“သွားမယ် … ။”
ပထမဦးဆုံး ကောင်းကင်သို့ ခုန်တက်သွားလေသည်။ သူက တိမ်စိုင်ကို စီးနှင်းလာသည်။ ထိုလူများက နောက်ခံကြီးမားပြီး သူတို့က ရန်စ၍ မရသောသူများဖြစ်ကြသည်။ သူတို့က အရပ်မျက်နှာအနှံ့ ခွဲကာ ပြေးပြီး တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်ပေါ်သို့ခုန်တက်လာသည်။
သားရဲကြီးများကလည်း ဟိန်းဟောက်လိုက်ကြပြီး ကောင်းကင်တစ်ခုလုံးကို လှုပ်ခါသွားစေ၏။ များစွာသောသားရဲများစွာက သူရဲကောင်းများကို သယ်ဆောင်လာပြီး ထိုလူများကို လိုက်လံ ဖမ်းဆီးကြသည်။
“အား …။ ”
အော်ဟစ်သံများက နေရာအနှံ့ ထွက်ပေါ်လာပြန်သည်။ သူရဲကောင်းများက လျင်မြန်စွာ ပြန်လှည့်လာပြီး ခွေးသေများကို ထိုလူများ အားလုံးကို တရွတ်တိုက် ဆွဲပြီး သယ်လာသည်။
အကြီးအကဲများနှင့် လူတိုင်း၏ ကိုယ်တွင် ဆိုးရွားသော ဒဏ်ရာများက အပြည့်ရှိနေသည်။
ထိုအချိန်တွင် ယဲ့ဖန်းက အလွန်အံ့အားသင့်နေသည်။ ရှေးဟောင်း သားရဲကြီးများက အလွန်အမင်းကျော်ကြားလွန်းသည်မှာ သေချာသည်။ သူတို့၏ အင်အားက အကန့်အသတ်မဲ့ပြီး အလွန်ကြောက်စရာကောင်းလွန်းသည်။
ကျန်းယွိဖေးက သူရဲကောင်းနှစ်ယောက်က်ို လက်ညှိုးထိုးပြီးနောက် လီ မိသားစု၏အနောက်ကို နေခိုင်းလိုက်သည်။ တစ်ချိန်တည်းတွင် သူက အပြစ်ကင်းစင်သောသူများကို မသတ်ရန်နှင့် မကောင်းသည့် ဆိုးယုတ်သော ခေါင်းဆောင်များကိုသာ သတ်ရန် အမိန့်ပေးလိုက်သည်။
“မြူကောင်းကင် ဂူကို သွားရအောင်။”
ကျန်းယွိဖေးက လူအိုကြီး ကျန်းကို သူ၏ ရွှေရောင်ခြင်သေ့်ပေါ်တွင် အတူတူ စီးစေသည်။ ကျန့်ခိုင်ရွှမ်းက ထင်ထင်လေးကို သူ၏ သားရဲပေါ်သို့ တက်ထိုင်စေသည်။ ထိုအချိန်တွင် ယဲ့ဖန်းကမူ အခြားသော သူရဲကောင်းတစ်ယောက်နှင့်အတူ စီးနှင်းနေသည်။ သူကကောင်းကင်ပေါ်သ်ို့ ခုန်တက်သွားသည်။
“မြူကောင်းကင် ဂူကို သွားစရာ မလိုဘူး။ ဒီမျိုးမစစ်နှစ်ကောင်ကို သတ်ပြီးသွားပြီ။ ဒီတော့ ဒီမုန်းတီးမှုကိုဖြေဖျောက်သင့်ပါပြီ။”
ဦးလေးကျန်းက သားဖြစ်သူက အသတ်ခံခဲ့ရကြောင်းသိသောအခါ ငိုမိတော့သည်။ ရှောင်ထင်ထင်ကလည်းငိုသည်။
“တားရမယ် … ။ သေချာပေါက် တားရမှာပေါ့ … ။ ငါတို့ရဲ့ကျန်းမိသားစု အဖွဲ့ဝင်တွေက သူတို့ဆန္ဒရှိသလို တိုက်ခိုက်ဖို့ တန်လို့လား။”
ကျန်းယွိဖေး၏ အမူအရာက အလွန် တည်ငြိမ်သည်။ သို့သော် စကားကမူ အလွန် ပြတ်သားပေ၏။
ယဲ့ဖန်းကလည်း စိတ်ထဲတွင် သက်ပြင်းချသည်။ သူက ခရီးရှည်ကြီး ထွက်ကြရဦးပေမည်။ ထိုမျှအင်အားကြီးမားသည့် ရှေးဟောင်း မိသားစုနှင့် ယှဥ်သော် သူက သေးငယ်လွန်းသည်။
မြို့ငယ်လေးမှ လူများကလည်း သံသယဝင်နေကြသည်။ ပြီးနောက် သူတို့က အောင်ပွဲခံကြတော့သည်။ မြို့၏ အန္တရာယ် ပေးတတ်လွန်းသော ထိုကင်ဆာလို မိသားစုကြီးက နောက်ဆုံးတွင် ဖယ်ရှားခံလိုက်ရလေသည်။
သူ၏ခြေရင်းတွင် မြူကောင်းကင် ဂူမှ ဖမ်းဆီးခံထားရသည့်သူများက ပြေးစရာမရှိတော့ဘဲ လမ်းပြပေးကြရသည်။
ထိုအချိန်တွင် ယဲ့ဖန်းက သူ့ကို တစ်ယောက်ယောက်ချောင်းကြည့်နေသလို ခံစားလိုက်ရသည်။ ပြန်လှည့်ကြည့်လိုက်သောအခါ မောက်မာထောင်လွှားသောလူငယ် ကျန်းယွိချန်းကို တွေ့လိုက်ရသည်။ ကျန်းယွိချန်းက တစ်ဖက်သို့လှည့်ပြီး မျက်နှာရှုံ့သွားသည်။ ယဲ့ဖန်း၏ နှလုံးသားက တစ်ချက်လှုပ်ခါသွားသည်။တစ်ဖက်သူ၏ အပြုအမူအရ တစ်စုံတစ်ရာကို ရှာတွေ့သွားသည့်နှင့် တူသည်။
လူအုပ်က မြူကောင်းကင် ဂူကို ရောက်သွားသည်။ သူတို့၏ အရှေ့တွင် အစိမ်းရောင် တောင်ထိပ်များနှင့် အစိမ်းရောင် သစ်တောကြီးများ ရှိသည်။ ထိုနေရာတစ်ခုလုံးက မြူထူထပ်နေပြီး ဖျော့တော့သောအလင်းတန်းက လက်နေသည်။ နာမည်နှင့်လိုက်ဖက်သည်မှာ သေချာသည်။
“ဘယ်သူက ဒီလိုအရေးကြီးတဲ့ ငါတို့ဂိုဏ်းရဲ့နေရာကို ကျော်ဖြတ်လာရဲတာလဲ .. ။ ”
ဂူထဲမှ အော်ဟစ်သံကလထွက်ပေါ်လာသည်။
လူများအားလုံးက လွင့်ပစ်ခံလိုက်ရသည်။ အရှေ့မှအော်ဟစ်သံများက ထွက်ပေါ်လာ၏။
အကြီးအကဲ ရောက်လာပြီ … ။
မြူကောင်းကင်တစ်ခုလုံးက အုံ့အော်သောင်းနင်းဖြစ်သွားသည်။
ချက်ချင်းလိုလို မြူကောင်းကင်တစ်ခုလုံးတွင် မြူထုများက အုံ့ဆိုင်းလာသည်။ တောင်တန်းများစွာမှ နတ်အလင်းတန်းများ ထွက်ပေါ်လာလျက် သူတို့၏ လမ်းကို ပိတ်ဆို့လိုက်သည်။
“ဒီလောက်ဘဲလား….ဟွန်း..”
ထိုအချိန်တွင် မောက်မာထောင်လွှားသော လူငယ် ကျန်းယွိချန်းက လှုပ်ရှားလိုက်တော့သည်။ ရွှေရောင်ဗူးသီးခြောက်တစ်ခုက သူ၏ ကိုယ်မှ ပျောက်သွားပြီး ခဲရောင်အလင်းတန်းကို လွင့်ထုတ်လိုက်သည်။ ဝေလငါးက ရေများကို စုပ်ယူလိုက်သလိုမျိုး ဗူးသီးလုံး၏ ပါးစပ်ကြီးက မြူကောင်းကင် ဂူမှ လူများကို စုပ်ယူလိုက်သည်။
ထိုအချိန်တွင် များစွာသော လူများက ဖိနှိပ်ခံလိုက်ရသည်။
ထို့နောက် ခရမ်းရွှေ ဗူးသီးခြောက်ကြီးက တောင်တန်းတစ်ခုအား ဖိနှိပ်လိုက်သလိုမျိုး ရှေ့ဘက်သို့ ဝင်ရောက်သွားပြီးနောက် ဂူတစ်ခုလုံးကို စီးဝင် စုပ်ယူလိုက်သည်။
ထိုနေရာက တအံ့တသြ လေသံများ ထွက်ပေါ်လာကြသည်။ မြူ ကောင်းကင်များစွာက ဆွဲခံရပြီးနောက် ဗူးသီး၏ စုပ်ယူခံလိုက်ရသည်။ ယဲ့ဖန်းက အံ့အားသင့်သွားသည်။ ထိုခရမ်း ရွှေ ဗူးသီးခြောက်က ထိုမျှထိအင်အားကြီးမည်ဟု မထင်ထားပေ။
၄င်းက တောင်၏ အကာအကွယ်လား။
သင်္ကေတပေါင်းများစွာကို ဝင်ရောက် စုပ်ယူသွားနိုင်လေသည်။ ထိုမြင်ကွင်းက ကြောက်စရာကောင်းလွန်းသည်။
“ရှေးဟောင်း မိသားစုကြီးတစ်ခုရဲ့ မျိုးဆက်တွေက တော်တော်လေး အင်အားကြီးကြတာဘဲ။ ဒါတောင် သူက ၁၆နှစ်၊ ၁၇နှစ်ဘဲ ရှိသေးတဲ့ လူငယ်ဘဲ။ ဒါတောင် ဒီလိုရတနာမျိုးကို ပိုင်ဆိုင်ထားတယ်။”
ယဲ့ဖန်းက အံ့အားသင့်သွားသည်။
“ဒီလောက်ထိ လုပ်ဖို့ မလိုပါဘူး။”
ဦးလေးကျန်း၏ စကားကို ကျန်းယွိချန်းက ပြောင်းပြန် ယူဆလိုက်သည်။ သူက ခေါင်းခါသည်။
“ထင်ထင်ရဲ့မိဘတွေက မကောင်းတာ မလုပ်ခဲ့ဘူး။ ဒါပေမယ့် အသတ်ခံလိုက်ရတယ်။ ဒီတော့ ရှင်းပြချက် သေချာပေါက် ရရမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ကျန်းမိသားစုက မကြောက်ပါဘူး။”
ထိုအချိန်တွင် မြူကောင်းကင် ဂူထဲမှ အင်အားကြီးမားသော စွမ်းအင်တစ်ခုက အရပ်မျက်နှာ၌ ပျံ့နှံ့သွားသည်။ ထိုအင်အားက မြူ ကောင်းကင် ဗူးသီးခြောက်ကို တုန်ခါသွားစေပြီး လူအိုကြီး ကျန်း၏ ပါးစပ်မှ အံသြသံများ ထွက်ပေါ်လာသည်။
” ဖြစ်ချင်တော့ ကျန်း မိသားစုက လူတွေ ရောက်လာကြတာဘဲ။ မြူကောင်းကင် ဂူက မင်းတို့ကို ဘယ်လိုရန်စခဲ့လဲဆိုတာ မေးပါရစေ .. ။”
အပိုင်း ၈၄ ပြီး၏။