Switch Mode

Chapter – 83

Chapter – 83

ရှေးဦး မူလခေတ်ကတည်းက တည်ရှိခဲ့သည့် ကျန်းမိသားစုမှ လာသည့် အဖြူရောင်ဝတ်စုံနဲ့ လူက ကျန်းယွိဟေး ဖြစ်သည်။ သူ၏ နာမည်အတိုင်း သူက ကျောက်စိမ်းတမျှ ချောမောသည်။ သူ၏ ဝတ်စုံဖြူက နှင်းထက်ပင် ဖြူသေးသည်။
သူက ကျန်းကျယ်၏ အတိတ်အကြောင်း အများကြီး မပြောသော်လည်း အသုံးဝင်သော အချက်အလက်အများအပြားကို သိခဲ့ရသည်။ လူအိုကြီး ကျန်းကျယ်၏ ဖခင်က လွန်ခဲ့သော နှစ်ပေါင်းများစွာ၌ ကျန်းမိသားစုမှ ထွက်သွားခဲ့ပြီး ဘယ်သောအခါမျှ ပြန်မလာခဲ့ချေ။ မည်သူမှ သူတို့၏ သွေးမျိုးဆက် ပတ်သက်သည့် ကိစ္စများကို မသိနိုင်တော့ချေ။
“လူအိုကြီး ကျန်းကျယ်က ကျန်း မိသားစုအတွက် အလုပ်ကိစ္စကြီး များစွာကို လုပ်ပေးနိုင်ခဲ့တယ်။ ဒါတောင်မှ သူက လွန်ခဲ့တဲ့ နှစ်ပေါင်းမြောက်များစွာက သေသွားခဲ့တာကို လက်မခံနိုင်သေးဘူး။”
ထိုကိစ္စက ယဲ့ဖန်းအနေဖြင့် အတော်လေး နားမလည်နိုင်သော ကိစ္စ ဖြစ်သည်။
“သူ သေသွားတဲ့အချိန်က ချောင်းဆိုး သွေးပါ ရောဂါ ရနေပြီ … ။”
လူအိုကြီးကျန်းကလည်း အတိတ်အကြောင်းကိုပြန်ပြောရသည့်တိုင်အောင် ဝမ်းမနည်းချေ။ တစ်ချို့ကိစ္စများက အချိန်အတော်အကြာထိအောင် ခဏကြိတ်ခံလိုက်ရုံဖြင့် ပပျောက်သွားနိုင်သည်။
“ကျွန်တော် နားလည်ပြီ … ။”
ကျန်းယွိဖေးက အများကြီး ထပ်မမေးတော့ဘဲ ခေါင်းညိမ့်လိုက်သည်။ သူက သိုဝှက်ထားသည့် ပုံပြင်ကို နားလည်သည်နှင့် တူသည်။
ဘေးနားက လှပသည့် အမျိုးသမီးက ကျန့်ခိုင်ရွှမ်းဟုခေါ်သည်။ သူမက ကျော့ရှင်းပြီး သွယ်လျသောလည်တိုင်၊ လှပသော မျက်တောင်ကို ပိုင်ဆိုင်သည်။ သူမသည် ကျန်း မိသားစုမှ သခင်မလေးဖြစ်သည့်အလျောက် သူမ၏ စိတ်နေသဘောထားက လူအများကို ချဥ်းကပ်ရန် ခက်ခဲစေသည်။
သို့ရာတွင် သူမက ရှောင်ထင်ထင်ကို အလွန် ချစ်သည်။ ရှောင်ထင်ထင်ကိုသာ ကောင်းမွန်စွာ ဆက်ဆံသည်။ ထင်ထင်၏ လက်ကို ကိုင်ထားပြီးနောက် ဟိုဟိုဒီဒီ အကြောင်းအရာများကို ဆက်တိုက်မေးနေသည်။ သူမ၏ အသံကလည်း အလွန်ညင်သာသည်။
ဘေးနားမှာ မောက်မာထောင်လွှားသော လူငယ်ကမူ ကျန်းရိချန်း ဖြစ်သည်။ သူက လူအိုကြီး ကျန်းနှင့် ရှောင်ထင်ထင်တို့၏ နောက်ခံကို သိသော်လည်း အများကြီး စိတ်အားထက်သန်ဟန် မပြချေ။ သူမက ထိုသို့သာ နေသည်။
ကျန်းခိုင်ရွှမ်းက ရှေ့တက်လာပြီးနောက်သို့ သာယာသော လေသံဖြင့် ပြောသည်။
“အဘိုးကြီး ကျေးဇူးပြုပြီး ကျန်းမိသားစုကိုဘဲ လိုက်ခဲ့လိုက်ပါ။ ကျွန်မရဲ့အဖိုးက ကျန်း မိသားစုတစ်ခုလုံးက မဟာဦးလေးတို့ရဲ့သွေးမျိုးဆက်အတွက် စိတ်မကောင်းဖြစ်စရာ ဖြစ်ရတယ်လို့ ပြောထားတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးမဆို ဖိတ်ခေါ်ခိုင်းလိုက်တယ် … ။”
“မေ့လိုက်ပါ .. ။ မင်းတို့ပြောတာတွေလည်း ငါ နားမလည်ဘူး။ မင်းတို့ရဲ့ဘဝတွေက ငါတို့နဲ့ လက်လှမ်းကွာဝေးလွန်းတယ်။ ငါတို့က မတူကွဲပြားတဲ့ လောကနှစ်ခုပါဘဲ။ ငါတို့ အဲဒီလူကို ဘာမှ အသုံးဝင်မှာ မဟုတ်ပါဘူး … ။”
ဦးလေးကျန်းက သာမန်လူသာ ဖြစ်သည်။ သူကသက်တမ်းကြာရှည်စွာ နေထိုင်ခဲ့ပြီး ဖြစ်သည်။ သူကအတွေ့အကြုံများစွာ ရှိပြီးနေပြီ။ ထို့ကြောင့် သူ ကျန်းမိသားစုထဲ ဝင်မဆံ့နိုင်ကြောင်း ကောင်းကောင်းနားလည်သည်။
“ဦးလေး .. ကိုယ့်အတွက်ကို မတွေးဘူးဆိုရင်တောင်မှ ထင်ထင့်အတွက် တွေးရမယ်လေ။ ထင်ထင်က တိမ်စိုင်ပေါ်က မင်းသမီးလေးဘဲ ဖြစ်သင့်တာ။ အနိုင်ကျင့်မခံရသင့်ဘူး။ ဒီလိုဘဝမျိုးကို မပိုင်ဆိုင်သင့်ဘူး … ။”
ကျန်းခိုင်ရွှမ်းကမူ ရှောင်ထင်ထင်၏ အနာဂတ်အကြောင်းကို ပြောကာ လူအိုကြီးကို သွေးဆောင်ဖျားယောင်းသည်။
“ကျွန်မတို့နဲ့ဘဲ ပြန်လိုက်ခဲ့လိုက်ပါ။ မိသားစုရဲ့အကြီးအကဲတွေကလည်း ကျန်းကျယ်ရဲ့ သွေးမျိုးဆက်က ကျန်း မျိုးဆက်ထဲမှာဘဲ ရှိသင့်တယ်လို့ထင်တယ် … ။”
“ဒါဆိုရင် ထင်ထင့်ကိုဘဲ ခေါ်သွားလိုက်ပါ .. ။ ငါက ဒီနေရာမှာ နေသားကျနေပါပြီ။ ဒီနေရာကနေ ဘယ်ကိုမှ မသွားချင်တော့ဘူး။”
ရှောင်ထင်ထင်က ချက်ချင်း လူအိုကြီး၏ လက်မောင်းကို ဖက်ကာ ပြောသည်။
“သမီးက အဖိုးနဲ့ဘဲ နေမှာ။ အဖိုး ဘယ်သွားသွား သမီးက ရှိနေမှာ။ ”
ထိုအချိန်တွင် ကျန်းယွိဖေးက ငြိမ်သက်စွာ ပြုံးလိုက်သည်။ သူက ထင်ထင်လေးကို အလွန်ချစ်သည်နှင့်တူသည်။ သူက ထင်ထင်၏ ခေါင်းလေးကို ပုတ်ကာပြောသည်။
” ဒီကောင်းကင်အောက်က ကျန်း မိသားစုအတွက်ပဲ … ။”
ကျန်းယွိဖေးက ဥာဏ်ကောင်းသောလူ ဖြစ်သည်။ သူက ဦးလေးကျန်းကို ဒီနည်းလမ်းဖြင့် ခေါ်၍ မရကြောင်း သူ ကောင်းကောင်း နားလည်သည်။ ထို့ကြောင့် ကျန်းမိသားစု၏ ကျင့်ကြံစွမ်းအားကို ပြသပြီး လူအိုကြီး၏ စိတ်ကို ပြောင်းလဲအောင် လုပ်ရမည် ဖြစ်သည်။
သူက မတ်တပ်ထရပ်ကာ ပြောလိုက်သည်။
အရင်ဆုံး လှေကို သွား​ရအောင်။
သူ၏ စကားက အလွန် တည်ငြိမ်သည်။ သို့သော် ထိုထဲတွင် ထူးဆန်းသော မှော်စွမ်းအင်တစ်မျိုး ပါဝင်နေသလိုမျိုး အပြင်ဘက်ရှိ မှော် သားရဲတိုင်းကဟိန်းဟောက်ကြသည်။ သူတို့၏ ကိုယ်ထဲမှ သူတို့အရှိန်အဝါက ပြင်းထန်စွာ ထွက်ပေါ်လာပြီးနောက်သူရဲကောင်းတိုင်းက သူတို့၏ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်ကို လွှတ်ထုတ်လာတော့သည်။
ကျန်းယွိဖေး၏ အမူအရာက တည်ငြိမ်သည်။ သူ စီးသော နတ်ခြင်္သေ့က သူ့နောက်မှ ကပ်လိုက်လာသည်။ သူက အရှိန်လေးကို နိမ့်ချပြီး ဦးလေး ကျန်းနှင့် ခပ်ဖြည်းဖြည်းသာ လျှောက်လိုက်သည်။ နောက်ကလိုက်ပါလာသော လူတိုင်းကလည်း ဒီမြင်ကွင်းကို မြင်သောအခါ တဖြည်းဖြည်းခြင်းသာ လျှောက်ကြတော့သည်။
ဘယ်သူကမှ သားရဲပေါ်က မစီးကြဘဲ သူ့မိသားစုထံခြေကျင် လျှောက်သွားသည်။ ရှောင်ထင်ထင်က စိုးရိမ်တကြီးဖြစ်နေပြီး လူအိုကြီးနှင့် ယဲ့ဖန်း၏ လက်ကို ကိုင်ထားသည်။ သူမ၏ ပတ်ဝန်းကျင်မှာ လူတိုင်းက သူမကို လကို ဝိုင်းရံ ကာကွယ်ထားသည့် ကြယ်စင်များကဲ့သို့ ဖြစ်နေသည်။ ဤအမူအရာက သူမကို မသက်မသာ ဖြစ်စေသည်။ ထိုအချိန်တွင် ကျန်းယွိဖေးနှင့် ကျန်းခိုင်ရွှမ်းတို့က လူအိုကြီး၏ ဘေးချင်း ယှဥ်ရင်းလျှောက်ကာ လိုက်ပါလာသည်။ သူတို့က ဘယ်ညာမှသာ ရပ်နေပြီး အလယ်တွင် လမ်းပေါ်ရှိ လူတိုင်းက ဦးလေး ကျန်းနှင့် ရှောင်ထင်ထင်တို့ကို ယခုလို အခေါ်ခံရသည်ကို မြင်သောအခါ အံ့အားသင့်သွားသည်။ လူအများစုကမူ တုန်ယင်နေကြပြီး နောက်သို့ ဆုတ်ကြသည်။
” ဘာတွေ ဖြစ်နေတာလဲ။ အဘိုးကြီး ကျန်းက ဒီလူတွေကို သိတာလား။”
“ဒီပြောင်းလဲထားတဲ့ သားရဲတွေကို ကြည့်စမ်းပါဦး .. ။ သူတို့က သူတို့ရဲ့ခြေထောက်က မြေကိုတောင် မထိဘူး။ သူတို့က ပျံနိုင်တယ် ထင်တယ်။ အဘိုးကြီးကျန်းက ဒီလိုလူမျိုးတွေကို ဘယ်လိုလုပ် သိနေတာလဲ။”
“သနားစရာ ကောင်းလ်ိုက်တဲ့ လူအိုကြီးကျန်းရဲ့ဘဝကနောက်ဆုံးတော့ ပြောင်းလဲသွားပြီဘဲ။ ကောင်းတဲ့လူတွေက အမြဲတမ်း ဆုချီးမြှင့်ခံရပါတယ်။”
“လီ မိသားစုကတော့ ဒုက္ခရောက်ပြီ .. ။ သူတို့က လီမိသားစုဆီကို လျှောက်သွားနေတာ။”
“ကောင်းလိုက်တာ … ။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းလာခဲ့တာ … ။ နောက်ဆုံးတော့ လီ မိသားစု ဒုက္ခရောက်ပြီ … ။”
လမ်းတစ်ဖက်တစ်ချက်တွင် လူပေါင်းများစွာက ပို၍ပင် အုံခဲလာတော့သည်။ လူတိုင်းက ကြောက်လန့်ကြ၍ အနားသို့ မကပ်ရဲကြချေ။ အဝေးမှ စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ သူတို့အားလုံး ခပ်ဝေးဝေးမှလိုက်ပါလာကြသည်။ လီ မိသားစု အိမ်ရှေ့တွင် လူအုံလာသည်။
ဦးလေးကျန်းက လီ မိသားစု အိမ်ရှေ့သို့ရောက်သောအခါ အနည်းငယ် တုံ့ဆိုင်းသွားသည်။ ထိုအခြေအနေကို မြင်သောအခါ ကျန်းယွိဖေးက သူ့ကို တွဲကာ လှေကားပေါ်သ်ို့ တက်စေသည်။
” လီ မိသားစုလို သေးငယ်တဲ့ မိသားစုကို ထပ်မပြောနဲ့ဦး … ။ အရှေ့ဘက် ပိုင်နက် ပျက်သုဥ်းခြင်း နယ်မြေက အင်အားအကြီးဆုံး တိုင်းပြည်ကြီးရဲ့ နန်းတော်ဆိုရင်တောင်မှ ကျွန်တော်တို့ကို မတားနိုင်ဘူး …. ။ ”
သူတို့၏ အရှေ့မှ ခမ်းနား ထည်ဝါသော ရုတ်တရက် တူဖြင့် အထုခံလိုက်ရသလိုမျိုး ပြိုလဲကျသွားသည်။
အုံ့အော်သောင်းနင်း ဖြစ်နေပြီး ကျိန်ဆဲသံများက ထွက်ပေါ်လာ၏။
” ဘာလုပ်တာလဲ … ။”
” လီ မိသားစုကို လာပြီး ဘယ်လိုလုပ် ဒီလိုတောင် လာသောင်းကျန်းရဲတာလဲ … ။ ”
သို့သော် သိပ်မကြာခင် လူဆယ်ယောက်ကျော်က ထွက်လာသည်။ အားလုံး၏ ရုပ်သွင်များက ခက်ထန်ကြမ်းတမ်းကြ၏။ သူတို့က အပြင်ဘက်မှ သားရဲ ဆယ်ကောင်ကျော်ကို မြင်သောအခါ အပြင်ဘက်မှ မှင်သက်သွား၏။ သူတို့၏ လျှာတွင် တစ်သွားသည်။ သူတို့၏ မျက်နှာမှာ ခက်ထန်သော မျက်နှာထားများကပျောက်ကွယ်သွားပြီး အလွန် ထိတ်လန့်နေသောမျက်နှာထား ဖြစ်သွားကြသည်။
“မင်းတို့ရဲ့ ကြောက်လန့်နေတဲ့ မျက်နှာကို ကြည့်စမ်းပါဦး … ။ မင်းတို့က ဘာတွေကို ကြောင်နေတာလဲ။ ငါတို့ရဲ့ လီမိသားစုမှာ ကျင့်ကြံသူတွေ မရှိလို့လား။”
ခဏကြာပြီးနောက် အပြင်သို့ ထွက်လာပြီး ကျိန်ဆဲသည်။
” သေစမ်း .. ။ ခြသေ့်လို ခွန်အားရှိနေတာတောင် ငါတို့လို မိသားစုဆီကို လာရဲသေးတယ်။ ငါတို့ရဲ့ မြင့်မြတ်တဲ့ သခင်တွေက ဒီနေရာအကြောင်းကို မသိဘူးလား။”
“မကောင်းတာဘဲ။”
ထိုအိမ်ထဲမှ လူများ ထွက်လာသည်နှင့် ရှောင်ထင်ထင်ကခြေလှမ်း အနည်းငယ် ဆုတ်လိုက်သည်။ သူမက ထိုလူကို အလွန်ကြောက်သည်မှာ သေချာသည်။
အိမ်ထော်ထိန်းက ထွက်လာပြီးနောက် သူ အတော်လေးကြောက်လန့်သွားရသည်။ ရွှေခြသေ့်ကြီး ငါးရောင်ခြယ်သော သားရဲက နတ်သမင်တို့အားလုံးကကြောက်စရာကောင်းလွန်းသည်။ ထိုသားရဲများကို မြင်လည်း မမြင်ဖူးသလို ကြားလည်း မကြားဖူးချေ။ မှင်သက်သွားသည်။
“လူဆိုးကောင် ဟုတ်လား … ။”
“ဟုတ်တယ်။ သူက လူဆိုးတွေကို ခေါ်လာပြီး သမီးတို့ရဲ့ဆိုင်ကို လုယူသွားတယ်။ အဖိုးကိုလည်း ခဏခဏရိုက်တယ်။ သူတို့ကြောင့် ခဏခဏ သွေးအန်နေရတာ။ ”
ထိုအကြောင်းအရာအားလုံးကို ထင်ထင်လေးက ကလေးငယ်လိုမျိုး ပြောနေသည့်တိုင်အောင် လူတိုင်းက ပို၍ ဒေါသထွက်လာတော့သည်။
ကျန်းယွိဖေးက လက်ကို ရမ်းလိုက်သောအခါ ချက်ချင်းလိုလို သူရဲကောင်းက အိမ်တော်ထိန်း၏ လမ်းကို ပိတ်သည်။
“မင်း ဒါ ဘာလုပ်တာလဲ။ ဒီနေရာမှာ ကောင်းကင်ဘုံ ဆရာသခင်တွေ အများကြီးရှိနေတာ။ မင်းတို့ ဒီလိုရမ်းကားလို့မရဘူး။ ”
သူက ကျယ်လောင်စွာ အော်ပြီး နောက်သို့ ဆုတ်လိုက်သည်။
“ဒီနေရာမှာ မလှုပ်ရှားနဲ့၊ ကလေးကို မခြောက်မိစေနဲ့။”
ကျန်းယွိဖေးက ထိုသို့ လှမ်းပြောလာသည်။ ဒီသွေးပျက်စရာကောင်းသော မြင်ကွင်းက ထင်ထင်လေးကို ကြောက်လန့်စရာကောင်းစေမည်ကို စိုးရိမ်မိသည်။
“ဟုတ်ပြီ … ။”
သူရဲကောင်းက အိမ်တော်ထိန်းကို စောင့်ဆိုင်းပြီးနောက် အဝေးသို့ လွှင့်ထုတ်လိုက်သည်။ ချက်ချင်းပင် နောက်ထပ် သားရဲကောင်ကြီးကို သူရဲကောင်းတစ်ယောက်က ခေါ်သွားကာ အိမ်တော်ထိန်းကို ခေါ်ပြီး ထွက်သွားသည်။
” ဘုရားရေ … သူတို့က ပျံသွားတာဘဲ။”
သူတို့က ပျံသွားပြီးနောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
” ဒီသားရဲက ကောင်းကင်ပေါ်မှာ​တောင် ပျံနိုင်တာလား။ မယုံနိုင်စရာကောင်းလိုက်တာ … ။”
အဝေးမှ ကြည့်နေကြသည့် သာမန် လူပေါင်းများစွာက မထင်မှတ်ထားကြပေ။ သူတို့၏ ပါးစပ်က အဟောင်းသားဖြစ်နေပြီး မျက်နှာက အံ့သြသင့်နေ၏။ ရှောင်ထင်ထင်လေး၏ ပါးစပ်က အို ပုံသဏ္ဍာန်ဖြစ်သွားသည်။ သူမက ခြေလေးကို ထောက်ကြည့်ကာ ကောင်းကင်သို့ကြည့်သည်။ ကျန့်ခိုင်ရွှမ်းက ရယ်ကာခြေထောက်လေးကို ဆန့်ပြီး ထိုင်ကာ ပြောသည်။
” ညီမလေးက နေ့တိုင်း ကောင်းကင်ပေါ်မှာ ဒီသားရဲကိုစီးပြီး မပျံချင်ဘူးလား။”
ရှောင်ထင်ထင်လေးက ခေါင်းညိမ့်ပြီးမှ လူအိုကြီးကျန်း၏ လက်မောင်းကို ခပ်တင်းတင်း ဖက်ပြီး ခေါင်းကို ခါသည်။
“ညီမက အဖိုးနဲ့ဘဲ နေချင်တာ .. ။”
ကျန်းခိုင်ရွှမ်းကလည်း သူ၏ ရည်ရွယ်ချက်ကို သူ မသိမှန်း သတိမထားမိချေ။ ထွေထွေထူးထူး ဆက် မပြောတော့ချေ။
သိပ်မကြာခင် ကောင်းကင်ပေါ်တွင် အရိပ်စိမ်းတစ်ခုက ပေါ်လာသည်။ သူရဲကောင်းက ထင်ထင့်ဆီ ပျံသန်းလျက် လာလေပြီ။ သူ၏ လက်တွင် ဆံပင်မွေး အများအပြား ရှိနေသည်ကို မြင်နိုင်၏။ ဘေးဘက်မှ ယဲ့ဖန်းက အံ့သြားသင့်သွားသည်။
သူတို့၏ ခွန်အားသည် ခန့်မှန်းရန် ခက်ခဲသည်။ သူတို့ကိုယ်မှ တိုက်ခိုက်ရေး စွမ်းအားများကို သူက ခံစားမိသည်။ လူအများက ထိုအထဲသို့ ဆက်ဝင်သွားသည်။ ပတ်ဝန်းကျင်ရှိ လူများကလည်း နောက်မှ ကပ်လိုက်လာကြသည်။ သူတို့က လီ မိသားစု၏ ကံကြမ္မာဆိုးကို ကိုယ်တိုင် သိမြင် တွေ့ကြုံလိုသည်။
” ငါ့ရဲ့ လီ မိသားစုရဲ့ ခြံတံခါးကို ဘယ်သူက လာခွဲပြီး ဖြိုဖျက်ဖို့ ကြိုးစားတာလဲ .. ။”
ထိုအချိန်တွင် သက်လတ်ပိုင်း အရွယ် လူ အချို့နှင့် ကြ၏။ သူတို့က ပိုးသားဝတ်စုံကို ဝတ်ဆင်ထားကြ၏။ အားလုံး၏ မျက်နှာတွင် ဒေါသ အပြည့်အဝ ရှိသည်။
“အဘိုးကြီး ကျန်း .. မင်းလား .. ။”
သူတို့က အခြေအနေကို နားမလည်ကြသည်မှာ သူတို့က လူအိုကြီး ကျန်းကို မြင်လိုက်သည်နှင့် အော်ဟစ်သည်။
” မင်းကို ဘယ်သူက ဝင်ခိုင်းတာလဲ။ ထွက်သွားစမ်း။”
“သခင် အသံကို တိုးပါ။ နောက်က လူတွေကို ကြည့်ပါဦး … ။ ”
အစေခံက ခပ်တိုးတိုးဖြင့် သတိပေးသည်။ ထိုအခါမှသာ အပြင်ဘက်မှ သားရဲပေါင်းများစွာကို သူက မြင်လိုက်ရသည်။ ထိုအခါမှ သူ၏ မျက်နှာ အမူအရာသည် ထိတ်လန့်သွားသည်။ ထိတ်လန့်သွားပြီး သူက နောက်ဆုတ်ကာ ပြောလိုက်သည်။
” မြန်မြန် …။ ဆရာသခင်တွေကို ထွက်လာခိုင်းလိုက် .. ။ ”
ကျန့်ခိုင်ရွှမ်း၏ မျက်နှာတွင် အေးစက်သောမျက်နှာထားက ပေါ်ထွက်လာသည်။ သူမကပြောသည်။
“လူ နည်းနည်းပဲ ရှိတဲ့ မိသားစုလေးကများ …။ ကျင့်ကြံမှုတွေကိို သိတာနဲ့ဘဲ အားနည်းတဲ့ သူတွေကို အနိုင်ကျင့်ပြီး ရွာသူရွာသားတွေကို သားကောင်လို ဒုက္ခပေးရဲတယ်။ နင်တို့က သေဆုံးတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုကောင်းကောင်း နားမလည်တာဘဲ။ ”
သူ ပြောလိုက်သောအခါ ထိုလူတိုင်းက သစ်ရွက်ကြွေများလို လွင့်ထွက်သွားသည်။ သူက မြေပြင်ပေါ်သို့ ပုန်းခနဲ ပြုတ်ကျကာ မထနိုင်ကျတော့​ချေ။ အားလုံးသည် မိသားစုမှ အရေးမပါသော သူများ ဖြစ်သွားသည်။ သူတို့အားလုံးက နာကျင်စွာ အော်ဟစ်နေရသည်။
အလင်းရောင် ဖြတ်ခနဲ လက်ပြီးနောက် တစ်ခုပေါ်ထွက်လာသည်။ ထိုနောက် ခြံဝသို့ ရောက်လာသည်။ ထိုလူများက လီ မိသားစုမှ ကျင့်ကြံတတ်သောလူများဖြစ်သည်။ သူတို့က ဒီအခြေအနေကို မြင်သောအခါ မျက်နှာ အမူအရာ ပြောင်းလဲသွားကြသည်။
” မိတ်ဆွေတို့ .. မင်းတို့က ဘယ်သူလဲ။ ငါတို့က ဘာတွေ ရန်စခဲ့မိလို့လဲ … ။ ဘာလို့ ငါတို့ရဲ့ လီ မိသားစုကိုလာပြီး ငါတို့ကို ဒုက္ခပေးရတာလဲ .. ။”
ထိုနှစ်ယောက်က အသက်၂၇နှစ်၊ ၂၈နှစ်အရွယ် နှစ်ယောက်ဖြစ်သည်။ သူတို့က အလွန်အံ့အားသင့်နေပြီး အလွန် ဒေါသထွက်နေကြသော်လည်း အနည်းစုသာဖြစ်ကြသည်။
“နင်တို့ သိဖို့ မတန်သေးဘူး … ။”
ကျန့်ခိုင်ရွှမ်းက လှောင်ရယ်ရယ်သည်။ ကျန်းယွိဖေးက တည်​ငြိမ်စွာပြောသည်။
“မင်းတို့က ထင်ထင်ရဲ့ မိဘတွေကို သတ်ခဲ့တာလား … ။”
” မင်း… မင်း ဘာတွေ လာပြောနေတာလဲ … ။ ငါတို့ကို လာပြီး မစွပ်စွဲနဲ့။ ”
သူတို့၏ မျက်နှာ အမူအရာက ချက်ချင်း ပြောင်းလဲသွား၏။ သူတို့၏ မျက်လုံးများက အေးစိမ့်သွားသည်။ တဖြည်းဖြည်း လူအုပ်ကို ဗဟိုပြုပြီး လူအိုကြီး ကျန်းကို မြင်လိုက်သည့်အချိန် ဖြစ်သည်။
“မင်းတို့က ဘယ်သူ့ကို လာပြီး စွပ်စွဲတယ်လို့ ပြောရဲတာလဲ … ။”
သူရဲကောင်းတစ်ယောက်၏ အကြည့််က စူးရှပြီး သူတို့၏ မျက်လုံးက ဖြတ်ခနဲ ရောက်သွားပြီး သူတို့နှစ်ယောက်လုံးကို အနားကို လွင့်ထွက်သွားစေသည်။ ထိုသို့ဖြင့် သူတို့၏ မျက်နှာတွင် သွေးရဲသည့် အထင်းသား ပေါ်လာသည်။ သူတို့၏ မျက်နှာက ချက်ချင်း ဖောင်းကား တက်လာသည်။
သူတို့က အံ့သြားသင့်သွားပြီး တစ်ချိန်တည်းတွင်ဒေါသထွက်သွားသည်။ သူတို့က ချက်ချင်းနောက်ဆုတ်ကာ ပြောသည်။
“မိတ်ဆွေတို့ … မင်းတို့ မလွန်လာနဲ့။ ငါတို့ကမင်းတို့ကို တပည့်ခိုင်းတာတွေဘဲ။ စီနီယာတွေအားလုံးကလည်း ဒီနေရာမှာ ရှိနေကြတယ်။ ”
” ဟုတ်လား။ ဘာလို့ ထောင်လွားလိုက်သေးလဲ … ။ ဒါဆိုရင် မြူ ကောင်းကင်ဆီကို သွားရအောင် .. ။ မင်းတို့ပြောတဲ့ အဲဒီ ဆရာသခင်တွေကို လမ်းပြခိုင်းလိုက် … ။ ”
အပိုင်း ၈၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset