Chapter – 82
“ဘာလို့ ဒီလို ကျွမ်းကျင်ပညာရှင် အဖွဲ့က ဒီလိုမြို့ငယ်လေးကို လာပြီး ကျန်းမျိုးနွယ် နာမည်နဲ့လူကို လာရှာနေတာလဲ”
ယန်ဖန်းက စိတ်ငြိမ်အောင် လုပ်ယူရန် ခက်ခဲသွားသည်။ ဤကိစ္စ၌ ဦးလေးကျန်းနှင့် ရှောင်ထင်ထင်တို့ ပါဝင် ပတ်သက်နေမည်ကို စိုးရိမ်မိသွားသောကြောင့် ဖြစ်သည်။
ဒီလိုမြို့ငယ်လေးမှာ ထူးဆန်းသော သားရဲကြီးပေါင်းများက တစ်ခါမျှ ပေါ်မလာခဲ့ဖူးချေ။
ထို့အပြင် ထူးဆန်းသောသားရဲကိုယ်မှ များစွာသော အလင်းများက တောက်ပနေသေးသည်။ ဘေးရှိ လူများက ကြောက်လန့်တကြား နောက်ဆုတ်ကြသည်။
အသက် ၃၀ ခန့်အရွယ်ရှိ သက်လတ်ပိုင်း လူတစ်ယောက်သည် ထူးဆန်းသော သားရဲပေါ်တွင် ထိုင်နေသည်။ သူ၏ ထူးဆန်းသော သားရဲက အစိမ်းရောင်အကြေးခွံများအပြည့် ရှိနေ၏။ သူက အကောင်းဆုံးကြိုးစားပြီး ရင်းနှီးကျွမ်းဝင်ရန် ချဥ်းကပ်ရန် လွယ်ကူသည့် ပုံစံမျိုးဖြင့် မေးမြန်းသည်။
” ဒါပေမယ့် မကြောက်ပါနဲ့။ ငါတို့မှာ မကောင်းတဲ့ဆန္ဒမရှိပါဘူး။ ငါတို့က ဒီတိုင်း ဒီမြို့ထဲမှာ ကျန်းမျိုးရိုးနာမည်နဲ့ လူ ရှိလား မရှိလား သိချင်ရုံပါ။”
သူက အကောင်းဆုံးကြိုးစားကာ တည်ငြိမ်အောင်ထိန်းနေသည့်တိုင် ထူးဆန်းသောသားရဲသည် မရေမတွက်နိုင်သည့် တိုက်ပွဲများကို အတွေ့အကြုံရှိထားပြီးသည့် အရှိန်အဝါမျိုးကို သူ၏ကိုယ်မှ ထုတ်လွှတ်နေပြီးသား ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးများက ဓားနှင့်သွေးနယ်မြေကို ကျော်ဖြတ်လာသည့်လူ ဖြစ်လာခဲ့သည့်အလျောက် သူတို့ မသိမသာ ထုတ်လွှတ်ထားသည့်ရက်စက်လွန်းသည့် အရှိန်အဝါက သာမန်လူများအတွက် ကြောက်မက်ဖွယ်ဖြစ်စေ၏။
သက်ကြားအိုကြီးတစ်ယောက်က အနောက်က လမ်းကိုလက်ညှိုးထိုးသည်။
” ဒီ…ဒီ..ဒီ…လမ်းဘဲ အဲဒီမှာ အဘိုးကြီး ကျန်း ရှိတယ်။”
“ကျေးဇူးတင်ပါတယ်။”
လူသားများအားလုံးက ထိုလမ်းဆီသို့ တဖြည်းဖြည်းချင်း သွားသည်။ ထိုလူများ အဝေးသို့ ရောက်သွားမှ ယန်ဖန်းက စိတ်အေးသွားသည်။ ဤမြို့ထဲ၌ အခြား ကျန်းမျိုးရိုးနာမည်နဲ့ လူရှိလား ဆိုတာ ခပ်မြန်မြန် မေးရန် အရှေ့ဘက်လမ်းထံသို့ သွားပြီး မကြာခင်အချိန်၌ လမ်းဆုံသိို့ ပြန်ရောက်သွားသည်။
“ကလေး ဘာဖြစ်တာလဲ .. ။”
လူအိုကြီးက အခန်းထဲမှ ထွက်လာသည်။
ရှောင်ထင်ထင်က အနီရောင်အသီးများကို ဆေးကြောပြီး ပန်းကန်ပေါ်သို့ တင်လိုက်သည်။ သူမ၏တောက်ပသည့် မျက်ဝန်တစ်စုံက တဖျတ်ဖျတ် လက်နေသည်။ သူမ၏ မျက်ဝန်းတစ်စုံက တောက်ပလာပြီးနောက် မေးမြန်းလိုက်သည်။
” အစ်ကိုကြီး .. ဘာဖြစ်လို့လဲ။”
ယန်ဖန်းက ဦးလေးကျန်းကို သူမြင်ခဲ့ရသည့်အရာ သူကြားခဲ့ရသည့်အရာကို မေးမြန်းလိုက်သည်။
“လူအိုကြီး ခင်ဗျား … ဒီလူတွေကိုမြင်ဖူးလား။”
လူအိုကြီး ကျန်းက ခေါင်းခါသည်။
” ငါက အသက် ၇၀ ကျော်နေပြီ။ ဒီမြို့ငယ်လေးနေ တစ်ခါမှ မထွက်သွားဘူး။ ပြီးတော့ ဒီလူတွေကို သိဖို့ခက်ပါတယ်။”
” ဒီလို ထူးဆန်းတဲ့သားရဲတွေ အများကြီးပေါ့။ သူတို့ဘယ်လိုပုံစံ ရှိမလဲဆိုတာတောင် မသိဘူး။”
ရှောင်ထင်ထင်၏ ကြီးမားသည့်မျက်ဝန်းက တောက်ပလာပြီး သူက ဆိုင်ထဲမှ ပြေးထွက်သွားကာ လမ်းအဆုံးကို ကြည့်သည်။
ရှောင်ထင်ထင်က အနားမှာ မရှိတော့ကြောင်း မြင်မှ ယန်ဖန်းက ခပ်တိုးတိုး ပြောလိုက်၏။
“သေချာရဲ့လား .. ။ ထင်ထင်ရဲ့မိဘတွေနဲ့ မပတ်သက်နေဘူးဆိုတာ … ။ ”
“မဟုတ်ပါဘူး .. ။”
လူအိုကြီးမျက်ဝန်းအတွင်း ဝမ်းနည်းညိုးငယ်သည့်အတွေးက ထွက်ပေါ်လာ၏။
” သူတို့က အမြဲတမ်း မြူကောင်းကင်မှာဘဲ ကျင့်ကြံနေခဲ့ကြပြီး အဝေးထိ မသွားဖူးခဲ့ကြဘူး။ သူတို့ရဲ့မိတ်ဆွေ အားလုံးကလည်း အဲဒီဂိုဏ်းထဲကဘဲ။”
“ဒီတော့ ထူးဆန်းတဲ့သားရဲတွေ အများကြီး …။ သူတို့ရဲ့ခြေထောက်က မြေပြင်ပေါ်တောင် မထိဘူးတဲ့လား။”
ရှောင်ထင်ထင်က ဆိုင်တစ်ဆိုင်၏ ဝင်ပေါက်တွင် ရပ်လျက် သူမ၏ မျက်နှာလေးတွင် စိတ်လှုပ်ရှားမှု၊ အံ့သြားသင့်မှု အပြည့်အဝ ရှိနေသည်။ သူမက လှမ်းအော်လိုက်သည်။
“အဖိုး လာပြီး ထွက်ကြည့်ပါဦး .. ။ သူတို့က ဒီကိုလာနေကြတာ။”
လူအုပ်ကြီးက ခပ်မြန်မြန် ထွက်လိုက်သောအခါ ထူးဆန်းသော သားရဲဆယ်ကောင်က အလွန်မြန်ဆန်သည့်အရှိန်တို့ဖြင့် သူတို့ဘက်ကို လာနေကြတာ မြင်လိုက်ရ၏။ သို့သော် မည်သည့် ဖုန်မှ ထမလာခဲ့ချေ။ မြေပြင်ကို မထိသောကြောင့် ဖြစ်သည်။
” သူတို့က ကြောက်စရာကောင်းလိုက်တာ။”.
ရှေ့ဆုံးမှ လူသုံးယောက်က ကြောက်လန့်သွားသည်။ အခြားလူများကလည်း ကြောက်နေကြသည်။ ကြောက်စရာကောင်းသော အရှိန်အဝါများက လေထုထဲတွင် ပျံ့နှံ့နေသည်။
ယန်ဖန်းက ကြောက်လန့်နေသည့်လူကိုလည်း ထိန်းပေးပြီး ဦးလေးကျန်းကိုလည်း ထိန်းပေးလိုက်သည်။ သာမန်လူများအတွက် ဒီလို ဖိအားကို တောင့်ခံရန်ခက်ခဲနေကြသည်။ သူတို့က အချိန်တွေ အတော်များများ ရင်ဆိုရင်ရလေ ကြောက်လန့်လေ ဖြစ်လာသည်။
ထိုသားရဲပေါင်းများစွာက ဆိုင်လေး၏ အရှေ့တွင် ရပ်သွားသည်။ သားရဲကြီးများက ခေါင်းကို ခါကာ အမြီးကို ယမ်းသည်။ ထိုသားရဲများက အမျိုးမျိုးသောအလင်းတန်းများ လွှတ်ထုတ်ကြ၏။ အားလုံးက အသိစိတ်အပြည့် ရှိသည်။
သို့သော် ထွက်လာသည့် အလင်းတန်းများက သူတို့၏ ကိုယ်ပေါ်မှ ကြောက်စရာကောင်းသည့် အရှိန်အဝါများကို မဖုံးကွယ်ထားနိုင်ချေ။ သူတို့က တိုက်ပွဲပေါင်းများစွာကို အတွေ့အကြုံရှိထားပြီးသည့်ပမာ အိမ်တွင်မွေးမြူထားသော သားရဲများနှင့် ကွာခြားကြောင်းသိသာသည်။
“တဆိတ်လောက် … ဒါက ကျန်း မိသားစုပါလား။”
အလယ်မှ ချောမောသည့် စာသင်သားပုံစံ လူငယ်လေးက မေးမြန်းလာသည်။ သူ၏ဝတ်စုံက နှင်းထက်ပင် ဖြူဖွေးနေသည်။ သူ၏ မျက်လုံးက လင်းလက်နေသည်။ သူ၏ ကိုယ်ပေါ်မှ အလင်းတန်းက စီးဆင်းနေသည်။ သူက ခြင်္သေ့ သားရဲကြီးပေါ်မှာ မားမတ်စွာထိုင်နေလျက် ကောင်းကင်ဘုံက ဆင်းသက်လာသော မင်းသားတစ်ပါးအလား ထင်ရသည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါက တခြားသောသူများ၏ အရှိန်အဝါထက် ကွာခြားသည်။
အိုမင်းနေသည့် လူအိုကြီး ကျန်းက မင်သက်က ာ သံသယဖြစ်သွားသည်။
” ဟုတ်ပါတယ်။ ဘာကိစ္စများရှိလို့လဲ။”
လူအိုကြီးကျန်းက အသက်၇၀ ကျော်ပြီဖြစ်သည်။ သူ၏မျက်နှာက ဇရာ၏ တိုက်စားမှုကို ကောင်းမွန်စွာ ဖော်ပြနေပြီး အရေးအကြောင်းများ အပြည့်ရှိနေသည်။ လူအိုကြီးကျန်း၏ မျက်ဝန်းများက အတော်လေး ကြည်လင်နေသည်။
သူက အလွန်အိုနေပြီး သေခါနီးဖြစ်နေသောအခြေအနေကို မြင်သောအခါ ၁၆နှစ်၊ ၁၇နှစ်အရွယ် လူငယ်လေးငါးယောက်က သားရဲပေါ်မှ မျက်မှောင်ကြုတ်ကာ ပြောလ်ိုက်သည်။
” ဒါက ဒီတိုင်း သေခါနီး လမ်းဘေးက အဖိုးကြီး တစ်ယောက်ပါဘဲ။ သူက ငါတို့ ရှာနေတဲ့လူ မဟုတ်လောက်ဘူး။”
ရွှေရောင် နတ်ခြင်္သေ့ပေါ်မှ လူငယ်လေးတစ်ယောက်ကသူ့ကို တစ်ချက်ကြည့်လ်ိုက်သောအခါ တစ်ဖက် သားရဲပေါ်မှ လူငယ်လေးက တိတ်ဆိတ်သွားသည်။
“ဦးလေး၊ ဦးလေးက ဒီမြို့မှာပဲ အမြဲတမ်းနေတာလား။”
“ဟုတ်ပါတယ်။”
“ငါ တစ်ခါမှ အဝေးကြီး မသွားဖူးဘူး။”
လူအိုကြီးက ယုံကြည်မှု အပြည့်ဖြင့် ဖြေသည်။
“ဦးလေးရဲ့ဘိုးဘေးတွေက ဒီမှာနေတာလား။ ဒါမှမဟုတ် သူတို့က နောက်မှ ဒီမြို့ကို ပြောင်းလာခဲ့တာလား။ ”
ရွှေရောင်ခြင်္သေ့ပေါ်မှ လူငယ်လေးက ထပ်မေးလိုက်သည်။
“ငါ့အဖေရဲ့မျိုးဆက်က ဒီနေရာကို ရွေ့လာခဲ့တာ။ ငါဒီမှာ မွေးတာဘဲ။ မင်းတို့က ဘာလို့ သိချင်ကြတာလဲ။”
ထိုစကားကို ကြားသောအခါ စိတ်ရှုပ်ထွေးသွားသည်။ ရွှေရောင်ခြင်္သေ့ပေါ်မှ လူငယ်လေးသည် ချက်ချင်း ခုန်ဆင်းကာ အဖြူရောင်ဝတ်စုံက လေထဲလွှင့်နေပြီး ဖိနပ်သည်လည်း လေပေါ်မှာ ရှိနေကာ အမှုန်အမွှားကင်းစင်သည်။ သူက အလွန်သန့်ရှင်းပြီး ချောမောသော ခန့်ညားသည့် သူတစ်ယောက်ဖြစ်သည်။ သူက ကျောက်စိမ်းတမျှ ချောမောသည်ဟု ပြောလျှင် ချဲ့ကားရာရောက်မည် မဟုတ်ပေ။
“ဦးလေး ကျွန်တော်က မေးခွန်း နည်းနည်း မေးချင်လို့ပါ။ ဒါတွေကို ဖြေပေးမယ်လို့ မျှော်လင့်ပါတယ်။”
“ငါ မဖြေဘဲ မနေရဲပါဘူး။ ငါ သိရင် ဖြေမှာပေါ့။”
ဦးလေးကျန်းက သာမန်လူအိုကြီးသာ ဖြစ်သည်။ သူကထူးဆန်းသော သားရဲများဖြင့် ရောက်လာသည့် လူများကို ကြောက်ရွံ့လေသည်။
ရှောင်ထင်ထင်ကလည်း ထိတ်လန့်လေသည်။ သူမက ယဲ့ဖန်း၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ သူ့ကို မှီထားသည်။ သူမက ထိုသားရဲများနှင့် စီးလာသူများကို ကြောက်လန့်စိတ်အပြည့်ဖြင့် ကြည့်သည်။
“ကျေးဇူးပြုပြီး ခွင့်လွတ်ပါဦး … ။ ကျွန်တော်မေးချင်တာက ဦးလေးရဲ့အဖေ အသက်ရှင်သေးလားလို့ပါ။”
အဖြူရောင်ဝတ်စုံနဲ့လူက ညင်သာစွာ မေးလိုက်သည်။
လူအိုကြီး ကျန်းက တစ်ခဏဖြင့် စိတ်ရှုပ်သွားပြီးနောက် မေးလိုက်သည်။
” သူ သေတာ အနှစ်ငါးဆယ်ကျော် ကြာပြီ။”
” ဘာ … ”
အဖြူရောင်ဝတ်စုံနဲ့လူက ထိတ်လန့်သွားသည်။ ကျောက်စိမ်းကဲ့သို့ ချောမောလှပသော မျက်နှာကညှိုးနွမ်းမှုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
သူက အသက်ပြင်းပြင်း ရှုလိုက်သည်။
“ဒါက သာမန်အဖိုးကြီးလို့ ငါ ပြောသားဘဲ။”
ငါးရောင်ခြယ် သားရဲပေါ်မှ လူငယ်က စိတ်မရှည်သောမျက်နှာ အမူအရာကို ထုတ်ပြသည်။ သူက ဒီနေရာမှသွားချင်နေပြီ ဖြစ်၏။
” တိတ်စမ်း …။ ”
အဖြူရောင်ဝတ်စုံနဲ့ လူက နောက်ပြန်လှည့်ပြီးနောက်သူ့ကို စိုက်ကြည့်သည်။ ထို့နောက် သူက မေးသည်။
“လူအိုကြီး ကျေးဇူးပြုပြီး ခွင့်လွတ်ပါဦး .. ။ ခင်ဗျားရဲ့အဖေကို ကျန်းကျယ်လို့ ခေါ်တာလား။”
“မင်း..မင်း…ဘယ်လိုသိတာလဲ … ။”
ဦးလေးကျန်းရဲ့အမူအရာက အံ့သြားသင့်ဟန်ပေါက်သွားသည်။
နတ်သမင်ပေါ်တွင် ထိုင်နေသည့် ကောင်မလေးကလည်း ပြောလိုက်သည်။
“ကြည့်ရတာ ငါတို့ သူ့ကို ရှာတွေ့ပြီထင်တယ် … ။”
သူမ၏ ခန္ဓာကိုယ်က လှပပြီး အသားအရေကကျောက်စိမ်းကဲ့သို့ ဖြူစင်သည်။ သူမက အလွန်လှပပေသည်။ သူမ၏ မျက်ခုံးနှစ်ခုကြားမှ မောက်မာထောင်လွှားမှု တစ်စွန်းတစ ရှိနေလေ၏။ သူမက ခက်ခဲကြောင်း သိသာစေသည်။
ငါးရောင်ခြယ် သားရဲပေါ်မှ လူငယ်က မောက်မာစွာပြောလိုက်သည်။
“ဝါး…လမ်းဘေးက သာမန် လူအိုကြီးတစ်ယောက်က ဘာဖြစ်လို့များ ငါတို့ ကျန်းမျိုးရိုးရဲ့ သွေး စီးဆင်းနေရမှာလဲ။ အဖိုးကျန်းကျယ်ရဲ့ဆက်ခံသူ မှန်ရင် သူက ကျင့်ကြံဖို့ ဘယ်လိုမသိဘဲ နေနိုင်မှာလဲ။ သူ လိမ်နေတာဘဲ ဖြစ်ပါလိမ့်မယ် … ။”
“လူအိုကြီး ကျွန်တော့်ကို အသေးစိတ် ပြောပြပေးလို့ရမလား။”
အဖြူရောင်ဝတ်စုံနဲ့ လူငယ်၏ အပြုအမူက သိမ်မွေ့နေ၏။ သူက လူအိုကြီး ကျန်းကို တွဲပေးပြီးနောက်ပြောသည်။
“ကျွန်တော်တို့ အထဲဝင်ပြီး တိတ်တဆိတ် ပြောလို့ ရမလား။”
“ရပါတယ် .. ။”
ကျန်သည့်သူများ အားလုံးက အပြင်တွင် စောင့်ကြပ်နေပြီး အဖြူရောင်ဝတ်စုံနဲ့ လူက ဦးလေး ကျန်းကို ထိန်းပေးပြီးနောက် အထဲသို့ ဝင်လိုက်သည်။ အောက်မှာလည်း အလွန်လှပသည့် မင်းသမီးငယ်လေးကလိုက်ပါလာခဲ့သည်။ ယဲ့ဖန်းက တစ်ဖက်သူသည် မကောင်းသော ဆန္ဒ မရှိကြောင်းကို မေးမြန်းပြီးနောက် ဘာစကားမျှ မပြောခဲ့ချေ။
“မဟာအဖိုး ကျန်းရဲ့ ဘယ်ဘက် လက်မောင်းမှာ အမှတ်များ ရှိလား”
“ငါးခု ရှိတယ် .. ။ မင်းက ဘယ်လိုလုပ် သိတာလဲ … ။”
ဦးလေးကျန်းက အံ့သြားသင့်ဟန် ဖြစ်သွားပြန်သည်။
“မဟာအဖိုး ကျန်းကျယ်က ရှောင်တိုင်းပြည်မှာ နေခဲ့တာ။ ဒါပေမယ့် သူက လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်က သေဆုံးသွားခဲ့မယ်လို့ မထင်ထားမိတာ အမှန်ဘဲ။”
အဖြူရောင် ဝတ်စုံနဲ့ လူက ညင်သာစွာ သက်ပြင်းချလိုက်သည်။
“လူအိုကြီး ဖြစ်နိုင်တာက ခင်ဗျားကို ကျွန်တော် မဟာဦးလေးလို့ ခေါ်သင့်တယ် ထင်တယ် … ။”
“မဟုတ်တာ … ။ မဟုတ်တာ … ။”
အဘိုးကြီး ကျန်းက တစ်ဖက်သူက သူ့ကို ဂါရဝပြုချင်နေကြောင်း သိသောအခါ ဟန့်တားလိုက်သည်။
ထို့ကြောင့် အဖြူရောင်ဝတ်စုံနဲ့ လူက အနောက်လှည့်ပြီး ပြောလိုက်၏။
“ဘာလို့ မြန်မြန် မနှုတ်ဆက်သေးတာလဲ … ။”
“နုတ်ဆက်ပါတယ် … ။ မဟာဦးလေး … ။”
လှပသော အမျိုးသမီးက ဂါရဝပြုလိုက်ပြီးနောက် သူမ ရှေ့ရှိ လူကို ကြည့်သည်။
သူက သူမကို သဘောမကျသေးချေ။
သူက ခပ်တိုးတိုး ပြောလိုက်သည်။
“နုတ်ဆက်ပါတယ်။ မဟာဦးလေး။”
သူက အလျင်စလို ဦးညွှတ်ပြီးနောက် ချက်ချင်း ပြန်မတ်လိုက်သည်။
“ဒါ နုတ်ဆက်တာလား။”
ဦးလေးကျန်းက စိတ်ရှုပ်ထွေးသွားသည်။ သူကအခြေအနေကို နားမလည်တော့ချေ။
“အစ်ကိုကြီး၊ အစ်မကြီးတို့က ညီမရဲ့အဖိုးကို သိတာလား။”
ရှောင်ထင်ထင်လေးက အလွန်စိတ်ရှုပ်ထွေးနေသည်။ သူမ မျက်တောင်များက တဖြတ်ဖြတ်ခတ်နေပြီး သူမ၏ ဥာဏ်ရည်မြင့်မားသော မျက်ဝန်းများက စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။
သူမက အပြစ်ကင်းသလို ချစ်စရာလည်း ကောင်းအောင် ပြောလိုက်သောအခါ အဖြူရောင်ဝတ်စုံနဲ့လူငယ်က သဘောတကျပင် သူမ၏ ခေါင်းလေးကို ပွတ်လိုက်သည်။
“အစ်ကိုကြီးတို့တွေက မိသားစု တစ်ခုတည်းကလေ … ။”
“ဘာ မိသားစု လဲ …။ ”
မျက်လုံးကြီးများကို တဖျတ်ဖျတ်ခတ်သည်။
“ရှေးဦး မူလခေတ်ကတည်းက တည်ရှိခဲ့သည့် မိသားစုပေါ့။ ဒါကို ကျန်း မိသားစုလို့ ခေါ်တယ်။ အနာဂတ်မှာအစ်ကိုကြီးတို့ရဲ့ ကျန်း မိသားစုက အရှေ့ဘက်နယ်မြေထဲမှာ ဘယ်လောက်ထိ ထူးခြားလဲဆိုတာ ညီမလေးကသိလာရမှာပါ။”
ရှောင်ထင်ထင်က အံ့သြားသင့်သွားသည်။ ရှေးဥိီး မူလခေတ်ကတည်းက တည်ရှိခဲ့သည့် မိသားစုက အထွတ်အမြတ်နယ်မြေများနှင့် အဆင့်တူသည်။ သူတို့က အရှေ့ပိုင်း ပျက်သုန်းခြင်း နယ်မြေထဲမှ အခြားသူများလက်လှမ်းမမှီနိုင်လောက်အောင် ဖြစ်သည်။
ယဲ့ဖန်း ပြောသည့်အတိုင်းသာဆိုလျှင် တရုတ်ပြည်တွင် ကျန်း မျိုးရိုးနာမည်သည် ရှေးအကျဆုံး နာမည်များဖြစ်သည်။ သမိုင်းမှတ်တမ်းများအရ မျိုးရိုးနာမည်ကျန်းက ယန် ဧကရာဇ်၏ ဆက်ခံသူများ ဖြစ်သည်။ သူတို့က ယန် ဧကရာဇ်၏ အဝေးနေရာမှ နာမည်ကိုယူခဲ့ခြင်းဖြစ်သည်။ ထိုနေရာကို ရှန်းနွမ် စံအိမ်၏ ဆွေ့ဟု ခေါ်သည်။
ယဲ့ဖန်းက အံ့သြားသင့်သွားသည်။ မျိုးရိုးနာမည် ကျန်းက ထိုမျှအထိ ထူးခြားလိမ့်မည်ဟု မထင်ထားပေ။
“လူအိုကြီး ကျန်းကျယ်က အရင်က အရမ်းကို ပါရမီကြီးခဲ့တာ .. ။ သူ့ရဲ့နာမည်က တလောကလုံးမှာ ပျံ့နှံ့ခဲ့ပြီး သူ ငယ်စဥ်ကတည်းက တော်တော်လေးကျော်ကြားခဲ့တာလေ။ နောက်တစ်ခုတော့ အရှေ့ဘက်ပျက်သုဥ်းခြင်း နယ်ပယ်တစ်ခုလုံးကိုတောင် သူကတုန်ခါအောင် လှုပ်ခါနိုင်ခဲ့တယ်။ ခြေဖနှောင့် တစ်ချက်ပေါက်လိုက်ရုံနဲ့ အရပ်မျက်နှာအားလုံး တိမ်စိုင်တွေ လွှင့်ထွက်သွားအောင်လည်း လုပ်နိုင်တယ်။ ဒါပေမယ့် မျှော်လင့်ထားအတိုင်း ဖြစ်မလာဘူး။”
အဖြူရောင်ဝတ်စုံနဲ့ လူငယ်က အလွန် စိတ်ပျက်သွားဟန်ရသည်။ လူငယ်သည် တစ်ချက်ကြည့်ရုံဖြင့် ထိုလူအိုကြီး၏ ဘဝက မကောင်းမွန်နေကြောင်း သူက သိနိုင်သည်။ မျှော်လင့်ထားသည့်အတိုင်း ထိုသို့ အင်အားကြီးမားသော ပညာရှင်တစ်ယောက်၏ မျိုးဆက်က ထိုအခြေအနေသို့ ရောက်သွားရသည်။
ဘေးဘက်ရှိ မိန်းခလေးကလည်း အလွန်စိတ်ရှုပ်ထွေးနေသည်။
“အဖိုးကြီး ကျန်းကျယ်က မဟာဦးလေးကို ကျင့်ကြံဖို့သိုင်း မသင်ပေးခဲ့ဘူးလား”
“ဘာကို သိုင်းလဲ …။ ”
လူအိုကြီးက သူတို့ စကားကို ကြားပြီးနောက် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် မေးလိုက်၏။
“မင်းတို့ ဘာတွေ ပြောနေလဲ မသိဘူး။”
“အတိတ်က ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တာ။ ရှင်းပြပေးဖို့တော့ ခက်ခဲလိမ့်မယ်။ လူအိုကြီး …။ လူအိုကြီးကျွန်တော်တို့နဲ့ လိုက်ခဲ့မယ် မဟုတ်လား။ ”
အဖြူရောင်ဝတ်စုံနဲ့ လူငယ်က လူအိုကြီးကို ပြောပြီးနောက် ယဲ့ဖန်းနှင့် ရှောင်ထင်ထင်ကို ကြည့်သည်။ ယဲ့ဖန်းက ပြောလိုက်သည်။
“ငါ့ရဲ့ မျိုးရိုးနာမည်က ကျန်း မဟုတ်ဘူး။ ထင်ထင်ကမှ ဦးလေး ကျန်းရဲ့တစ်ဦးတည်းသော မြေးမလေးပါ။”
ယဲ့ဖန်းက ရှင်းပြသည်။
“မိသားစုခေါင်းဆောင်ရဲ့ ဂိုဏ်းခွဲက လူအိုကြီး ကျန်းကျယ်အပေါ် အကြွေးအများကြီး တင်နေခဲ့တာ။ ကိစ္စ ကြီးကြီးမားမားလည်း မရှိဘူးဆိုတော့ အခု မဟာ ဦးလေးနဲ့ ထင်ထင်ကို ကျန်း မိသားစုဆီကို ပြန်ခေါ်သွားချင်တယ်။”
အဖိုးကြီးကျန်းက မှင်သက်နေသည်။ သူသည် ဘာမှနားမလည်သော်လည်း ဒီအခြေအနေကို လက်မခံနိုင်သေးချေ။ ဘေးနားမှ ကောင်မလေးက ခြင်္သေ့လေးကအလွန်ချစ်စရာကောင်းကြောင်း ပြောနေသည်။
“ထင်ထင် …။ နင် ဖြစ်ချင်တာရှိရင် ငါ့ကို ပြောလို့ရတယ်။ ဒီအစ်မကြီးက နင့်ကို မဖြစ်ဖြစ်အောင် လုပ်ပေးမယ်။”
“ကျွန်မမှာ ထူးထူးခြားခြား ဆုတောင်း မရှိပါဘူး။ ဒီတိုင်း အဖိုးရယ် အစ်ကိုကြီးတို့နဲ့ အတူတူနေချင်တယ်။ တခြား ဆန္ဒမရှိဘူး။”
ရှောင်ထင်ထင်လေးက ခေါင်းကို သုံးပြီး အလေးအနက်တွေးသည်။ သူမ၏ လေသံက အလွန်နူးညံ့သည်။
“ညီမက နေ့တိုင်း ဗိုက်ပြည့်တဲ့အထိလည်း စားချင်တယ်။ ဘယ်သူကမှ အဖိုးကို အနိုင်မကျင့်စေချင်ဘူး။”
ထိုစကားကို ကြားသောအခါ ကောင်မလေးက ကြောင်သွားသည်။ အဖြူရောင်ဝတ်စုံနှင့် လူ၏ အမူအရာကလည်း ပြောင်းလဲသွားသည်။ သူက စိတ်ရှုပ်ထွေးနေသောလေသံဖြင့် မေးသည်။
“ညီမလေးတို့က အနိုင်ကျင့်ခံရတာလား .. ။”
“ဟုတ််တယ်။ အစ်ကိုကြီးတို့ မလာခင်က မကောင်းတဲ့လူတွေက နေ့တိုင်း လာပြီး အနိုင်ကျင့်တယ် … ။” ရှောင်ထင်ထင်၏ အပြစ်ကင်းသော အမူအရာက လူတိုင်း၏ စိတ်ကို ပြောင်းလဲသွားစေ၏။
“လူအိုကြီး ကျွန်တော် မေးဖို့မေ့နေတာ။ အဲဒိီကလေးတွေရဲ့မိဘကရော …။ ”
လူအိုကြီး၏ အမူအရာ ဝမ်းနည်းသွားသည်။
” ငါ အသက်ကြီးမှ ရထားတဲ့ သားတစ်ယောက်တော့ ရှိတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူ အရင်သေခဲ့ရတယ်။”
” ဒါပေမယ့် ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
ကောင်မလေးက မျက်လုံးပြူးသွားသည်။
“သူတို့က အသတ်ခံရတာလား။ မတော်တဆမှုကြောင့် သေသွားတာလား မသိဘူး .. ။”
သို့သော် နံဘေးမှ ရှောင်ထင်ထင်၏ မျက်လုံးက နီရဲသွားသည်။
“ကျေးဇူးပြုပြီး အသေးစိတ် ရှင်းပြပေးပါ။”
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံနဲ့လူ၏ မျက်လုံးထဲမှ နတ်အလင်းရောင်များ ထွက်ပေါ်လာ၏။ လူအိုကြီးကစကားလုံး အနည်းငယ်ကို ပြောသည်။ အဖြူရောင်ဝတ်စုံနဲ့လူက ထရပ်ကာ ပြောလိုက်သည်။
“မြူကောင်းကင် ဂူလား … တစ်ခါမှ မကြားဖူးဘူး။ ကြည့်ရတာ အဲဒီကို ခဏလောက်တော့ သွားလည်ရမယ်ထင်တယ်။ ငါတို့ကို တားရဲရင် ဒီဂိုဏ်းကို ချက်ချင်းပျောက်ကွယ်သွားအောင် လုပ်လိုက်ရင်လည်း ကိစ္စ မရှိဘူး … ။”
ဘေးဘက်မှ ကောင်မလေးကလည်း နှာခေါင်းရှုံ့သည်။
” သူတို့က ငါတို့ ကျန်းမိသားစုက လူတွေကို အနိုင်ကျင့်ရဲသေးတယ်။ မြူကောင်းကင်ကို သွားပြီး မြူ မိသားစုကို အရင်ရှင်းရအောင် … ။ ”
အပြင်ဘက်တွင် စောင့်နေသော သူရဲကောင်းများက ထိုစကားကို ကြားသောအခါ သူတို့၏ ခန္ဓာကိုယ်မှကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများကို ထုတ်လွတ်လိုက်ကြသည်။ ထိုအချိန်တွင် တစ်မြို့လုံးမှာ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကြောင့် အုံ့အုံ့သည်းသည်း ဖြစ်သွားတော့သည်။
အပိုင်း ၈၂ ပြီး၏။