Chapter – 78
ယဲ့ဖန်းက ၃ ချောင်းထောက်နှင့် လက်ကိုင်၂ ဖက်ပါသော ဒယ်ဇောက်အိုးကို နှလုံးသားထဲတွင် ထွင်းထုပြီးသွားပြီ ဖြစ်သည်။ သို့သော် ဒုက္ခဆင်းရဲပင်လယ်ထဲတွင် အစစ်အမှန် နတ်သင်္ကေတများနှင့်အတူ သုံးကာသန့်စင်ရန် အလွန်အမင်း ခက်ခဲသေးပြန်သည်။ ဒုက္ခဆင်းရဲပင်လယ်ထဲရှိ ထိုနတ်သင်္ကေတ ၁၉ခုကို သိပ်သည်းသန့်စင်ရန် အချိန်ကြာကြာ ကုန်ဆုံးပေလိမ့်မည်။
အဆုံးသတ်တွင် သူက ထိုနတ်သင်္ကေတဆိုသည့် နတ်အရုပ်စာ ၁၉ခုကို တဖြည်းဖြည်း အရည်ပျော်အောင်လုပ်ပြီးနောက် ပဲစေ့ အရွယ်အစားရှိသည့် အလုံးတစ်လုံးအဖြစ် ပြောင်းလိုက်သည်။ သို့သော် သူတို့ကို ဆင့်ခေါ်ခိုင်းစေရန်ပင် ခက်ခဲလွန်းသဖြင့် ပုံသဏ္ဌာန်ပေါ်အောင် မလုပ်နိုင်သေးချေ။ သူက မည်သို့ ကြည့်ကြည့် ဘာမှ ဖြစ်မလာခဲ့ချေ။
ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပြီးနောက် သင်္ကေတအချို့ကိုပင် မထွင်းထုနိုင်ခဲ့ချေ။ ဒယ်ဇောက်အိုးကို ပုံသဏ္ဌာန်ပေါ်အောင် လုပ်ရန်မှာ ပို၍ ခက်ခဲပေလိမ့်မည်။ ဒယ်ဇောက်အိုးပုံစံ စတေးခံ လက်နက်ထုတ်ဖော်သောကိစ္စက အလွန်အမင်း ခက်ခဲလွန်းနေခဲ့သည်။ သို့ရာတွင် သူက မစိုးရိမ်ချေ။
မည်သို့ပင်ဖြစ်စေ ယင်းက အစပိုင်းသာ ဖြစ်သေးသည်။ အနာဂတ်တွင် ဆက်လက် မွန်းမံရန် အချိန်ပေါင်းများသွာ ရှိနေသေးသည်။ ၄င်းက ကြာရှည်ပြီး ခက်ခဲသော ကျင့်ကြံနည်းတစ်ခု ဖြစ်နေရာ သူ့အတွက် သီးသန့် ခက်ခဲနေခြင်းမျိုး မဟုတ်ဘဲ လူတိုင်းအတွက် ခက်ခဲခြင်းဖြစ်သည်။
ကောင်းကင်က မှောင်လာသည်။ ယဲ့ဖန်းက ခွေးတူဝက်တူတစ်ကောင်ကို အမဲလိုက်ပြီးနောက် အိမ်ပြန်လာခဲ့လိုက်သည်။ စားသောက်ဆိုင်ငယ်လေးသို့ ရောက်သောအခါ လူအိုကြီးက စားပွဲအပြည့် စားစရာနှင့်ဝိုင်ကို တင်ပေးထားသည်။ မွှေးရနံ့က ချက်ချင်းလိုလို ထွက်ပေါ်လာသည်။
ရှောင်ထင်ထင်လေးက ဝတ်စုံအသစ် လဲထားသည်။ သူမ၏ ပန်းရောင်သန်းသော မျက်နှာလေးတွင် ချိုမြိန်သောအပြုံးက ရှိနေပြီး နှစ်သက်ဖွယ် ပါးချိုင့်လေးပင် ပေါ်နေသေးသည်။ ကောင်မလေး၏ ပျော်ရွှင်မှုကို အဓိပ္ပါယ်ဖွင့်ဆိုချက်က အလွန်အမင်း နိမ့်ကျသည်။ သူမက ကောင်းကောင်း စားနေရပြီး အနိုင်ကျင့် မခံရသမျှ အလွန်ကျေနပ်နေလေသည်။ ပို၍ဆိုးသည်မှာ သူမက ယခု ဝတ်စရာ ဝတ်စုံအသစ်ရှိနေသည်။
“ဒီနေ့ လီ မိသားစုက သတိအနေအထားဖြစ်နေကြတယ်။ သူတို့က သန်မာတဲ့လူတွေအားလုံးကို စုစည်းထားတာ။ တစ်စုံတစ်ရာကို စိတ်ရှုပ်နေတဲ့အတိုင်းပဲ။”
ဦးလေးကျန်းက စားသောက်ရင်း ပြောသည်။
“ဘာဖြစ်လို့လဲ .. ။”
ယဲ့ဖန်းက မေးသည်။
“လီမိသားစုရဲ့ရန်သူက မိုင်၂၀ ကျော်မှာနေတာလေ။ အဲ့ဒီမိသားစုကလည်း အပြင်မှာ ကျင့်ကြံသူတွေ ရှိနေတာပဲ။ ဒီတော့ နှစ်ဖက်လုံးက အင်အားကြီးတွေပေါ့။ မိသားစု ၂ခုလုံးက မသင့်မြတ်ကြဘူး။ လီ မိသားစုကလည်း တစ်ဖက်လူတွေက သူတို့ရဲ့ကုန်စည်ပစ္စည်းတွေကို ဖျက်ဆီးတယ်လို့ သံသယဝင်နေတာ။ ဒီနေ့ သူတို့က တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာတော့ သူတို့ရဲ့ ဘဏ္ဍာစိုးတစ်ယောက်က အဖမ်းခံလိုက်ရသေးတယ်။ ကျန်တဲ့သူတွေကတော့ သေလုမြောပါးရိုက်ခံရပြီး ပြန်ပို့ခံခဲ့ရတယ်။”
ယဲ့ဖန်းက ရယ်ပြီးနောက် ပြောသည်။
“ကျွန်တော် အရင်ကတော့ သူတို့ကို နှိပ်စက်ချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ပိုပြီးတော့တောင် လွယ်သွားသေးတယ်။ ဒီတစ်ကြိမ် သူ့တို့ကို သူတို့ပဲ ဂရုစိုက်နေရပြီး အခြားသူတွေကို အာရုံစိုက်ချိန်မရှိအောင် လုပ်ပေးလို့ရတယ်။ အဆင့်တူနေတဲ့ ရွာက မိသားစု အချင်းချင်း သံသယဝင်တာက ပိုပြီးကောင်းတာပေါ့။”
သူက အခြေအနေကို အသေးစိတ် မေးမြန်းပြီးနောက် ယဲ့ဖန်းက ခပ်မြန်မြန်ပင် ဆိုင်ကလေးထဲမှ ထွက်ခွာသွားသည်။ အထူးသဖြင့် သူက ညအချိန်တွင် မိုင်ပေါင်းများစွာအကွာမှ အိမ်တော်ကြီးတစ်ခုထံသို့ သွားသည်။
သူက အသံပင် မထွက်စေဘဲ ခိုးကြောင်ခိုးဝှက် ချဥ်းကပ်သွားသည်။ ထိုမိသားစုတွင် အပြင်တွင် ကျင့်ကြံသူပေါင်းများစွာရှိသော်လည်း မိသားစုထဲတွင်မူ ထိုကဲ့သို့သော် ကျင့်ကြံသူများ မရှိတော့ချေ။
ယင်းက ယဲ့ဖန်းအတွက် ပိုလွယ်ကူသည်။ တစ်နာရီခန့်ကြာပြီးနောက် သူက ထင်းတဲထဲတွင် အဖမ်းခံလိုက်ရသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
“ဒါက ဘဏ္ဍာစိုး ကျန်းလား။”
ထင်းတဲထဲမှ စူးရှသည့်အော်သံက ထွက်လာသည်။ ထိုအသံက ဘဏ္ဍာစိုး ကျန်း၏ အသံနှင့် တူနေသည်။ သူက ချက်ချင်းလိုလို ပြန်ဖြေသည်။
“ငါပဲ။ ဘယ်သူလဲ။”
“ဘဏ္ဍာစိုးကျန်း ကျွန်တော် ခင်များကို လာကယ်တာ။”
ယဲ့ဖန်းက အနားသို့ လျှောက်သွားပြီးနောက် ကိုယ်မှကြိုးကို ဖြည်သွားပြီးနောက်ပြောသည်။
“ခင်များရဲ့မိသားစု သခင်လေးက မြူ ကောင်းကင်ဂူရဲ့ ထက်ကောင်းကင်ယံမှ ဝမ် မိသားစုကို အမြစ်ဖြတ် သုတ်သင်လိုက်တယ်။”
“ဘာ …။ ”
ဘဏ္ဍာထိန်း ကျန်းက အလွန်အမင်း အံံ့အားသင့်သွားပြီးနောက် ပြောသည်။
“မင်းက ဘယ်သူလဲ။”
ယဲ့ဖန်း၏ အသံက အေးစက်သွားပြီးနောက် ပြောသည်။
“စိတ်အေးအေးထားစမ်းပါ။ ခများတို့ မိသားစုရဲ့ သခင်လေးက တန်းတူ ညီအစ်ကိုအချို့ကို ဖိတ်ခေါ်ခဲ့တယ်လေ။ ငါက သူတို့ထဲက တစ်ယောက်ပဲ။”
“ဂါရဝပြုပါတယ်။ မဟာ ထာဝရ ရှင်သန်သူ သခင်ကြီးရယ်။”
ဘဏ္ဍာန်ထိန်း ကျန်းက တစ်ဖက်သူက ငယ်ရွယ်ကြောင်း သိနိုင်သည့်တိုင်အောင် တစ်ဖက်သူက ကျင့်ကြံသူဖြစ်ကြောင်း သိပြီးသည်နှင့် ချက်ချင်းလိုလို ပိုးကောင်တစ်ကောင်လိုမျိုး ဖားယားကာ ဂါရဝပြုရန်ပြင်ဆင်သည်။
“အရိုအသေ ပေးစရာ မလိုပါဘူး။ အခု ကျွန်တော် ခများကို ပြောပြမယ်။ သေချာနားထောင်။”
“မဟာ ထာဝရရှင်သန်သူ သခင်အိုကြီးက ဘာများပြောချင်ပါလို့လဲ။”
“ဒီမှာ ဆီဗူးတွေ ရှိတယ်။ အပြင်ကို ထွက်ပြီး အားလုံးကို မီးရှို့လိုက်။ မီးလောင်တာနဲ့ မင်းရဲ့မိသားစုက သခင်လေးက ဝမ် မိသားစု တစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်တော့မယ်လို့ အော်။”
“အား ..။ ဒီလိုဆိုရင် ငါ့ကို ဖမ်းပြီး ရိုက်သတ်ခံရမှာပေါ့။”
ထိုခဏတွင် ဘဏ္ဍာထိန်း ကျန်းက အခြားကိစ္စများကို မတွေးနိုင်တော့ချေ။ သူ တွေးနိုင်တမျှက သူ၏ အသက်ပင်ဖြစ်သည်။
“မစိုးရိမ်စမ်းပါနဲ့။ ငါတို့အားလုံးက ခင်များရဲ့လုံခြုံရေးကို အာမခံပေးနိုင်တယ်။ ငါတို့က သူတို့ကို တဖြည်းဖြည်း နှိပ်စက်ပြီးမှ မိသားစုလိုက် ကြောက်လန့်ပြီးမှ သေဆုံးသွားတာကို မြင်ချင်တာ။”
“ကောင်းပြီ ငါ အခုပဲ မီးရှို့လိုက်မယ်။ အချိန်ကျလာတဲ့အခါ ငါ ထာဝရရှင်သန်သူ သခင်အိုကြီးနဲ့အတူ ထွက်ခွာပါ့မယ်။”
ယဲ့ဖန်းက သူ၏ ပုခုံးကို ပုတ်ပြီးနောက် အဓိပ္ပါယ်ပြည့်ပြည့်ပြောသည်။
“ခင်များလည်း သေချာပေါက် အကျိုးအမြတ်ကောင်းကောင်းရမှာပါ။”
ထိုသို့ ထာဝရ ရှင်သန်သူတစ်ယောက်က သူ့ကို ချီးကျူးလိုက်သောအခါ ဘဏ္ဍာထိန်း ကျန်း၏သွေးများက ချက်ချင်း ဆူပွက်သွားသည်။ သူ၏ အခုလို အနိုင်ကျင့်ခံရသည့် အခြေအနေနှင့် တစ်ဖက်ရန်သူအပေါ် မုန်းတီးမှုက ပေါက်ကွဲထွက်လာသည်။ သူက ဆီပုံးကြီးများကို ကောက်ကိုင်ကာ ဤနေရာမှ ထွက်သွားသည်။
ယဲ့ဖန်းက မြေပြင်မှ ကြိုးကို ကောက်လိုက်သည်။ ထို့နောက် တစ်ဖက်လှည့်ပြီးနောက် အမှောင်ထုထဲသို့ဝင်ကာ ပျောက်ကွယ်သွားသည်။
သိပ်မကြာခင် ထိုတောင်စံအိမ်ကြီးတစ်ခုလုံးက မီးစွဲလောင်သွားတော့သည်။ တစ်ချိန်တည်းလိုလို နေရာ ၄ နေရာ ၅ နေရာခန့်က မီးလောင်သွားသည်။ ထိုတခဏအတွင်း ဘဏ္ဍာထိန်း ကျန်း၏ စူးရှသည့်အော်သံက ထွက်ပေါ်လာသည်။ ထိုအသံက ညအလယ်တစ်ခုလုံးကို ထိုးဖောက်သွားသည်။ သူက အော်သည်။
“ဝမ် မိသားစုရဲ့ မျိုးမစစ် ခွေးသား။ ငါ မင်းရဲ့အသိုက်ကို မီးလောင်အောင် လုပ်လိုက်ပြီ။ စောင့်နေစမ်းပါ။ ငါ့ရဲ့မိသားစု သခင်လေးက မင်းတို့ရဲ့ မိသားစုတစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မယ်။”
ဝမ် မိသားစုမှလည်း အမျိိုးသမီးများ၏ အော်ဟစ်သံနှင့် အမျိုးသားများ၏ ကျိန်ဆဲသံများက ထွက်လာသည်။ လျင်မြန်စွာဖြင့်ပင် လူအချို့က တောက်ပသည့်ဓားများကို ကိုင်ပြီး ဘဏ္ဍာန်ထိန်း ကျန်းထံ ခုန်ဝင်လာသည်။ ထိုခဏတွင် ဘဏ္ဍာထိန်းကျန်းက အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ ထာဝရ ရှင်သန်သူက ထောက်ပံ့ပေးထားသောကြောင့် သူက ထိုသူများကို ကြောက်စရာ မလိုချေ။ ထို့ကြောင့် ဆက်လက်ပြီး မီးရှို့လိုက်သေးသည်။
ဝမ် မိသားစုမှ လူများက ထိုမြင်ကွင်းကို မြင်သောအခါ သူတို့၏ မျက်လုံးများက နီရဲသွားပြီး သူတို့၏ ဒေါသက ပေါက်ကွဲသွားပြီးနောက် ချက်ချင်းလိုလို ခုန်လာကြသည်။ သူတို့က သူတို့၏ ဓားများကို ယမ်းကာ ခုန်ဝင်လာကြပြီး ခုတ်သည်။ မီးတောက်၏ အရောင်အောက်တွင် နှင်းဖြူရောင် ဓားများက မျက်စိဖမ်းစားလွန်းသည်။
ထိုအချိန်တွင် ဘဏ္ဍာန်စိုး ကျန်းက စတင်ကာ ကြောက်လန့်လာသည်။ အကြောင်းမူကား ထာဝရ ရှင်သန်သူက သူ့ဘေးနားတွင် ပေါ်မလာသောကြောင့် ဖြစ်သည်။ ထိုတစ်ခဏတွင် သူက ထွက်ပြေးချင်သည့်တိုင်အောင် နောက်ကျသွားပြီ ဖြစ်သည်။ သူက စူးရှစွာအော်ဟစ်လိုက်ပြီးနောက် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ သူ၏လည်ပင်းက တိုက်ရိုက်ပင် အခုတ်ခံလိုက်ရသည်။ သွေးများက ချက်ချင်းပန်းထွက်လာပြီး မျက်လုံး အပြူးသားဖြင့် သေဆုံးသွားသည်။
ဘဏ္ဍာန်ထိန်း ကျန်းက ထိုသို့ဖြင့် သေဆုံးသွားကြောင်း မြင်သောအခါ ယဲ့ဖန်းက အမှောင်ထုထဲသို့ ဝင်ရောက်ကာ နောက်ဆုတ်လိုက်သည်။
သို့ရာတွင် သူက ထွက်မသွားခဲ့ချေ။ သူက ဒီအခြေနေကို အခွင့်ကောင်းယူပြီး နောက်ထပ် ၁၀နေရာလောက်ထိ မီး ဆက်မွှေးလိုက်သည်။ တောက်လောင်နေသောမီးတောက်က အလွန်အမင်း ပြင်းထန်လာပြီး ကောင်းကင်၏ တစ်ဝက်ခန့်ကိုပင် နီရဲသွားစေသည်။
ယဲ့ဖန်းက အဝေးသို့ ထွက်သွားပြီး အမှောင်ထုအတွင်းဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
နောက်တစ်ရက်တွင် ထိုသတင်းက သူတို့မြို့ထံသို့ရောက်လာသည်။ လီ မိသားစုကမူ ချက်ချင်းလိုလို တုန်လှုပ်သွားတော့သည်။
“ဝမ် မိသားစုရဲ့ တောင်စံအိမ်တစ်ဝက်လောက်က မီးရှို့ခံလိုက်ရတယ် ဟုတ်လား။”
“ဘာ ကျန်းရှုန်းက လုပ်ခဲ့တာ။”
“မျိုးမစစ် ကျန်းရှုန်း ငါ မင်းရဲ့တစ်မိသားစုလုံးကို သတ်မယ်။”
လီ မိသားစုထဲမှ လူများက အထိတ်တလန့်ဖြစ်ကုန်ကြသည်။ သူတို့က ဒယ်အိုးပူပေါ် ရောက်သွားသော ပုရွတ်ဆိတ်များအလား လူသန်ကြီးများစွာကို စုစည်းကာ ဝမ်မိသားစု၏ ကလဲ့စားချေလာသည့်အခါ ပြန်လည်တုန့်ပြန်ရန် ပြင်ဆင်ကြသည်။
ဝမ် မိသားစု၏ တောင်စံအိမ်တစ်ဝက်ခန့်က ပြာဖြစ်သွားသည်။ သူတို့က အလွန်အမင်း ဒေါသထွက်နေကြပြီး လီ မိသားစု၏ဆိုင်များကိုလည်း မီးပြန်ရှို့ကြသည်။ ရွှေငွေများအားလုံးကို သူတို့က အရယူပြီးနောက် ကျွန်များကို စုစည်းကာ လီမြို့သို့ တိုက်ခိုက်ရန်ရောက်လာကြသည်။
ထိုနေ့တွင် သူတို့၏ လတ်ဆက်သော လေပြည်မြို့အပြင်ဘက်တွင် မိသားစုနှစ်ခုက ပြင်းထန်သည့်တိုက်ပွဲကို ဆင်နွှဲသည်။ နှစ်ဖက်စလုံးက ပျက်စီးမှုများပြားခဲ့သည်။ ယခုအချိန်တွင် ဘာကိုမှ ရှင်းပြ၍ မရတော့ချေ။ သူတို့က ဓားနှင့် သွေး၍သာ ရှင်းလင်းရတော့မည် ဖြစ်သည်။
နှစ်ဖက်လုံးက မိုးချုပ်သည့်အခါမှသာ နောက်ဆုတ်လိုက်ကြသည်။ ဤကိစ္စက ဒီအတိုင်း အဆုံးသတ်၍ မရချေ။ နောက်ရက်အနည်းငယ်ကြာသည်အထိ တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေကြသေးသည်။
ထိုညတွင် ဝမ် မိသားစု၏ လူများက တစ်ဖန်ရောက်လာကြပြန်သည်။ သူတို့က မြို့ထဲသို့ ဝင်လာပြီးနောက် လီ မိသားစုအိမ်သို့ သွားကာ တိုက်ရိုက်ပင်မီးရှို့သည်။ တစ်ဖက်သူများက ကြိုတင်မပြင်ဆင်ထားခဲ့လျှင် လီ မိသားစုကလည်း ပြာဖြစ်သွားလောက်သည်။ သို့တိုင်အောင် အိမ်ပေါင်းများစွာက လောင်ကျွမ်းသွားသေးကာ တညလုံး မငြိမ်းချမ်းခဲ့ချေ။ ထိုမြို့ထဲမှ လူတိုင်းကမူ ပျော်ရွှင်စွာ လက်ခုပ်တီးကြသည်။ လိမိသားစုက ရွာထဲတွင် အာဏာရှင်လိုမျိုး ထောင်လွှားမောက်မာနေသည်။ ဤနည်းအားဖြင့်လူတိုင်း၏ မုန်းတီးမှုကို ပိုင်ဆိုင်နိုင်ခဲ့သည်။ သို့သော်ယခင်ကမူ မည်သူကမှ ထုတ်မပြောရဲခဲ့ချေ။ သို့သော်ယခုလို အခြေအနေမျိုး ဖြစ်ပျက်လာသည့်အခါ အားလုံးက ပျော်ရွှင်သွားကြသည်။
ဦးလေးကျန်းကမူ အရာအားလုံးကို သူ၏မျက်လုံးဖြင့် မြင်ရလေသည်။ သို့သော် စိုးရိမ်သည့်အမူအရာကို ဖော်ထုတ်နေသေးသည်။ ထိုအခြေအနေကို မြင်သောအခါ ယဲ့ဖန်းက ပြုံးကာလပြောသည်။
“မစိုးရိမ်ပါနဲ့။ ဒီမိသားစုနှစ်ခုလုံးက လူကောင်းတွေမဟုတ်ဘူး။ ဒါက ဒီအတိုင်း ခွေးက ခွေးကို ကိုက်တာပါပဲ။”
လူအိုကြီးက ခေါင်းငြိမ့်ကာ ပြောသည်။
“ကလေး …။ အနာဂတ်မှာ ဒီလို လျှောက်မလုပ်ပါနဲ့။”
သူက ယဲ့ဖန်းအတွက် အနည်းငယ် စိုးရိမ်နေမိသည်။ ဤ၁၂ နှစ်အရွယ်သာရှိသေးသော ကောင်လေးက ဤမျှအထိ မုန်တိုင်းကြီးကို အနည်းငယ်သော လှည့်ကွက်များကို သုံး၍ပင် လုပ်နိုင်ခဲ့သည်။ အနာဂတ်တွင် ယဲ့ဖန်း၏အတွေးများက ပို၍ လေးနက်သွားပြီး လမ်းမှားရောက်သွားမည့်အရေးကို စိုးရိမ်မိခြင်းဖြစ်သည်။ ယဲ့ဖန်းကလည်း အခြေအနေကို နားလည်သည်။ ထို့ကြောင့်ရယ်မောကာ ပြောသည်။
“ဦးလေး မစိုးရိမ်ပါနဲ့။ ကျွန်တော်က အခြားသူတွေကို ဒုက္ခပေးချင်စိတ် ဘယ်တော့မှ မရှိပါဘူး။ ကျွန်တော်က ဒီအတိုင်း ဒီလိုလူမျိုးတွေကိုပဲ သဘောမကျတာ။”
“လီမိသားစုက အပြင်မှာ ကျင့်ကြံနေတယ်ဆိုတဲ့သူတွေက ပြန်လာလောက်တယ်။”
လူအိုကြီးက ဝမ်းနည်းသော မျက်နှာထားဖြစ်သွားသည်။ သူက သူ့သားကို တွေးမိသွားသည်။
“ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်တယ်။ လီမိသားစုက အဖြစ်အပျက်တိုင်းကို မြူ ကောင်းကင်ဂူ ဂိုဏ်းကိုသွားပြီး သတင်းပို့မှာပဲ။”
“အဲ့ဒီလို မဖြစ်ရင်တောင်မှ လီ မိသားစုက လူတွေက ပြန်လာမှာပဲ။”
“ဘာလို့လဲ။”
ယဲ့ဖန်းက အနည်းငယ်စိတ်ရှုပ်သွားသည်။
“လီမိသားစုက ပုံမှန်အားဖြင့် ပိုက်ဆံအများကြီးကို သုံးပြီး ဝိညာဥ်ဆေးပင်တွေကို စုစည်းတာက အပြင်မှာ ကျင့်ကြံနေတဲ့ သူတို့ရဲ့မိသားစုကို တင်ပို့ပေးဖို့ပဲ .. ။ သိပ်မကြာခင်က သူတို့တွေ မူလ ဖြစ်တည်မှုလို့ ခေါ်တဲ့ ဝိညာဥ်ဆေးပင်တစ်မျိုးကို စုသည်းနိုင်ခဲ့တယ်။
“အဲ့ဒီဆေးပင်ကို တောင်တောအုပ်ထဲက ရှေးဟောင်းဂူတစ်ခုမှာ ဆေးပင် ရှာဖွေသူတစ်ယောက် တွေ့ခဲ့တာ။ ဒါက ကျင့်ကြံသူတွေအတွက် အကျိုးအများကြီးရှိတဲ့ ပုံပဲ။”
ယဲ့ဖန်း၏ နှလုံးသားက လှုပ်ခါသွားသည်။
ရှေးဟောင်းမှတ်တမ်းများအရ ကောင်းကင်နှင့် မြေပြင်အထိ စုစည်းလိုက်သောအခါ အရာအားလုံးက မွေးဖွားပေးလိုက်သည်။ အပင်များကိုလည်း အားဖြည့်ပေးလိုက်ပြီး သက်ရှိများအားလုံးကိုလည်း စွမ်းအားကြီးအောင် လုပ်ပေးနိုင်သည်။ အဆုံးစမဲ့အောင် တန်ဖိုးကြီးမားသည့် ဝိညာဥ်ဆေးပင်ပေါင်းများစွာလည်း ပေါ်ထွက်လာနိုင်သေးသည်။
ထို့ကြောင့် မူလဖြစ်တည်မှုပေါင်းများစွာ ဖြစ်တည်လာသည့်အခါ ပယင်းရောင်တန်းက တဖျတ်ဖျတ်လက် တောက်ပနေလေ့ရှိပြီး အသက် အဆီအနှစ်ပေါင်းများစွာကို အပြည့် သယ်ဆောင်ထားသည်။
ပို၍ ရှားပါးသော နတ် မူလဖြစ်တည်မှု အများစုဆိုလျှင် မူလ ရှေးဦးခေတ်မှ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများ၏ အသက် အဆီအနှစ်စွမ်းအားများကိုပင် အထဲတွင် ပိတ်လှောင်ထားတော့သည်။ ထိုကဲ့သို့သော မူလဖြစ်တည်မှုများကိုသာ အနှစ်ချုပ်လိုက်မည်ဆိုလျှင် အသက် အဆီအနှစ်ပေါင်းများစွာက ဒလဟောစီးကျလာနိုင်သည်။
“တောင်တန်းရဲ့ ရှေးဟောင်းဂူထဲမှာ မူလဖြစ်တည်မှုတစ်ခုကို ရှာတွေ့တယ်ဆိုတော့ ဒီမိသားစုက ငါ့ကိုသေချာပေါက် လက်ဆောင်ကြီးကြီး ပေးလိုက်တာပဲ။”
ယဲ့ဖန်းက တောက်ပစွာ ပြုံးလိုက်သည်။
အပိုင်း (၇၈) ပြီး၏။