Switch Mode

Chapter – 76

Chapter – 76

ဒီလောက၏ အစပိုင်း ဖြစ်တည်မှုအရာအားလုံး၏ အစကာလတွင် စကြာဝဋ္ဌာကြီးက သက်ရှိတိုင်းကို မွေးထုတ်ပေးခဲ့သည်။ ထိုခေတ်က မရေမတွက်နိုင်သော ကျင့်ကြံသူပေါင်းများစွာအတွက် ထာဝရတည်တံ့လိုသည့်ကာလကြီး ဖြစ်နိုင်ပေသည်။ ယဲ့ဖန်းအနေဖြင့် သက်ပြင်းသာ ချနိုင်သည်။
သူ၏ ယခုည အကျိုးအမြတ်က ကြီးမားလေသည်။ ဒုက္ခဆင်းရဲပင်လယ်က ပဲစေ့အရွယ်အစားမှ ငုံးဥအရွယ်အစားအထိ ရောက်သွားသည်။ ပို၍အရေးကြီးသောအချက်က ဒုက္ခဆင်းရဲ ရွှေရောင်ပင်လယ်ထဲတွင်ရှိနေသည့် နတ်သင်္ကေတ ၁၉ခု ဖြစ်သည်။ သူ၏ ကိုယ်တွင် အလွန်ပြင်းထန်ထူးခြားသည့် တိုက်ပွဲဝင် ခွန်အားကို ပိုင်ဆိုင်ထားသည့်အ​ပြင် သူက ဒုက္ခဆင်းရဲပင်လယ်ကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီးဖြစ်ရာတိုးတက်မှုမြင့်မားသည်ဟု ဆို၍ ရသည်။
ထိုအချိန်တွင် ကောင်းကင်က တောက်ပနေပြီးဖြစ်သည်။ ယဲ့ဖန်းက ရစ်ငှက်နှစ်ကောင်နှင့် ယုန်တစ်ကောင်ကို အမဲလိုက်ပြီးနောက် သစ်သီးရိုင်းတစ်ချို့ကို ကောက်ပြီးမှသာ မြို့ငယ်လေးထံသို့ ပြန်သည်။
စားသောက်ဆိုင်ငယ်လေးသို့ ရောက်သွားသောအခါ လူအိုကြီးက စားပွဲပေါ်တွင် မနက်စာတင်ခါစဖြစ်သည်။ ရှောင်ထင်ထင်က သူ၏ အခန်းတံခါးကို သွားခေါက်နေပြီး သူ့ကို ထခိုင်းနေသည်။ ယဲ့ဖန်းက ရယ်လိုက်မိသည်။
သူက အ​ပြင်မှ ဝင်လာကြောင်း မြင်လိုက်သောအခါ ရှောင်ထင်ထင်က အလွန်အံ့အားသင့်သွားသည်။ ဦးလေးကျန်းကမူ စကားပြောရန် တုန့်ဆိုင်းသွားသည်။ သူက ရှင်သန်နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သည်။ သဘာဝအလျှောက်ပင် မနေ့ည ကိစ္စက ယဲ့ဖန်းနှင့်ပတ်သက်ဆက်နွယ်နေ​ကြောင်း သတိထားမိသည်။
“ဒီနေ့ ကျွန်တော်တို့ နေ့လယ်စာအတွက် ဟင်းတွေ အပိုရတော့မယ်။ ယုန်ကင်၊ အရွက်စိမ်း၊ ကြက်သား ဒါတွေထပ်ချက်လိုက်ရအောင် …။ လာပါ။ ဒီတောရိုင်းသစ်သီးတွေ အရင်ဆုံး မြည်းကြည့်ပါဦး။”
ယဲ့ဖန်းက တောက်ပနီရဲနေသည့် သစ်သီးအချို့ကို ရှောင်ထင်ထင်ကို ပေးလိုက်သည်။
“အိုး …။ ဒါက အရသာရှိတဲ့ စားစရာတွေပဲ။”
ရှောင်ထင်ထင်က အလွန်ပျော်သွားသည်။
မနက်စာစားပြီးနောက် ယဲ့ဖန်းက သူ၏အခန်းသို့ပြန်ကာ တာအိုကျမ်းစာပိုဒ်ကို ဆက်လက်လေ့လာသည်။ သူက ထိုကျမ်းစာပိုဒ်ကို ပြန်လည်ရွတ်ဖတ်လိုက်သည့်အချိန်တိုင်းလိုလို ခြားနားသည့်ခံစားချက်တစ်မျိုးကို ရနေသည်။
“ဟေး”
ယဲ့ဖန်းက အံ့အားသင့်သွားသည်။ အကြောင်းမူကား ရွှေရောင်စာရွက်ပေါ်တွင်ရှိသည့် ရှေးဟောင်းသင်္ကေတများက တဖြည်းဖြည်း ဝေဝါးသည်ထက် ဝေဝါးလာပြီး သိပ်မကြာခင် ပျောက်ကွယ်တော့မလို ဖြစ်လာသည်။
“ကံကောင်းစွာနဲ့ ငါက အားလုံးကို မှတ်မိနေလို့။ မဟုတ်ရင်တော့ ဒုက္ခများတော့မှာပဲ။”
ယခုအခြေအနေကို သူက နားမလည်တော့ချေ။
နေ့လယ်ရောက်မှသာ ယဲ့ဖန်းက ကျယ်လှောင်သောအသံကြောင့် အသိဝင်လာသည်။
“မျိုးမစစ်အိုကြီး …။ ပေါက်ကရတွေ ပြောမနေစမ်းနဲ့။ အခုချက်ချင်း စားစရာနည်းနည်းနဲ့ အရက် ပြင်စမ်း။ မဟုတ်ရင် ငါ မင်းတို့ရဲ့ဆိုင်ကို စုတ်ဖြဲ​ပြစ်မယ်။”
“ဘယ်လောက်တောင် ဆိုးလိုက်တဲ့ ကံလဲ။ မီးက အတော်လေးကို ကြီးတာ။ အဲ့ဒီမျိုးမစစ်က အစိတ်စိတ်အပိုင်းပိုင်း ခုတ်ထစ်ခံရဖို့ ထိုက်တန််တယ်။ သူက ငါတို့ကို ဒုက္ခရောက်အောင် လုပ်တာပဲ။”
“တာဝန်ခံ လီရို …။ အနာဂတ်မှာ ငါတို့ ဘာလုပ်သင့်လဲ။ လီမိသားစုရဲ့​အိမ်ပြင်ဘက်ကို ဒီလို ရိုက်ထုတ်ခံရတယ်ဆိုတာက နားထောင်ကောင်းတဲ့ ကိစ္စ မဟုတ်ဘူး။”
“မင်းက ငါ့ကို မေးတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ။ ဒီတစ်ကြိမ် ခြေတစ်လှမ်းစီ ဆုတ်ရအောင်။ အဘိုးကြီး ကျန်း ဘာရပ်လုပ်နေတာလဲ။ မြန်မြန် ..။ စားစရာနဲ့ အရက်တစ်အိုးအပြည့် ပြင်ဆင်လာခဲ့။ ငါတို့ရဲ့စိတ်ကို ငြိမ်အောင် လုပ်စမ်းပါ။ မဟုတ်ရင် ခင်ဗျားအလောင်းဖြစ်ဖို့သာ ပြင်ထား။”
အဝါရောင်မျက်နှာတွင် သက်တန့်ပါသည့် လူနှင့် လက်အောက်ငယ်သားများက ရောက်လာကြပြန်သည်။ လက်ရှိအချိန်တွင် သူတို့အားလုံးက ပတ်တီး အထပ်ထပ်စီးထားသည်။ အချို့က မနေ့က မီး​လောင်ခံလိုက်ရပြီး အချို့ကမူ လီ မိသားစုက ရိုက်နှက်ပြီး မောင်းထုတ်လိုက်ခြင်း ဖြစ်သည်။
ရှောင်ထင်ထင်က စားပွဲရှေ့တွင် ရပ်လျက် ပြောသည်။
“ငါ့ရဲ့အဖိုးကို မအော်စမ်းပါနဲ့။ ငါတို့ရဲ့မိသားစုက စားသောက်ဆိုင် မဖွင့်တော့ဘူး။ အခြားနေရာကို သွားစား။”
ဗမ်း …။
အိမ်တော်ထိန်း လီရိုက စားပွဲကို ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သည်။ သူက ခြိမ်းခြောက်သလို ကြည့်ကာပြောသည်။
“အဖိုးကြီး ကျန်း …။ အချိန်ဖြုန်းမနေနဲ့တော့။ ခင်ဗျား အခုချိန်ထိ စားစရာကို မပြင်ပေးဘူးဆိုရင် ခင်ဗျားရဲ့မြေးကို ရေတွင်းထဲကို ပစ်ချလိုက်မယ်။”
“ကောင်မလေး ​ဘေးကို ထွက်နေ။ ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး။”
ဘေးဘက်လက်တွင် ပတ်တီးစီးထားသည့် လူငယ်လေးတစ်ယောက်က ထင်ထင်ကို သူ၏ ညာလက်ဖြင့် တွန်းလိုက်ရာ ရှောင်ထင်ထင်က လဲကျလုနီးပါးဖြစ်သွားသည်။
ဦးလေးကျန်းက အလျင်အမြန် ရှောင်ထင်ထင်ကို ထိန်းပေးလိုက်ပြီး အနောက်ဘက်တွင် ပို့လိုက်သည်။ သူက အခြားသူများကို ပြောသည်။
“ငါတို့ တကယ်ကို စီးပွားရေး ဆက်မလုပ်တော့ပါဘူး။ ဒီဆိုင်ကိုလည်း ဆက်မဖွင့်နိုင်တော့ဘူး။ ဒါကြောင့် အခြားနေရာမှာ သွားစားကြပါ။”
“ခင်ဗျား ဟိုနေ့က သင်ခန်းစာကို မေ့သွားပြီလား။ ငါတို့ဒီနေ့ စိတ်အခြေအနေ မကောင်းဘူးနော်။ ဒါတောင်မှ ပြန်ပြောရဲသေးတာလား။”
အိမ်တော်ထိန်း လီရိုက နှာခေါင်းရှုံ့သည်။ သူ၏ အဝါရောင်မျက်နှာက ပို၍ပင် ဝါကျင့်ကျင့်အရောင်ပြောင်းသွားရာ အလွန်သုန်မှုန်လာသည်။ သူက မတ်တပ်ထရပ်လိုက်ပြီးနောက် ဦးလေးကျန်း၏ အင်္ကျီကော်လံကိုဆွဲကာ အေးစက်စွာ ပြောသည်။
“အဖိုးကြီး ခင်ဗျားက ဒီနှစ်ရက်မှာ ပိုပိုပြီးတော့ကို အရှုံးမပေးချင်စိတ် ပိုများလာတာပဲ။ ငါတို့အားလုံးဒုက္ခရောက်နေတယ်။ ခများကတော့ ဒီလိုဆက်ဆံရဲသေးတယ်။ ခင်ဗျား ငါတို့ကို ဒေါသထွက်အောင် လုပ်လိုက်ရင် ခင်ဗျားရဲ့ ဒီခွေးအိမ်ကို မီးရှို့ပြီး အဲ့ဒီမျိုးမစစ်လေးနဲ့အတူ တောင်းစားရအောင် လုပ်ပေးရမလား။”
“ငါ့အဘိုးကို မရိုက်နဲ့။ ”
ရှောင်ထင်ထင်က ငိုသည်။ သူမက ၅နှစ်သာရှိသေးသည်။ သူမလေးက အိမ်တော်ထိန်းလီရို၏ လက်နားသို့ မရောက်သေးချေ။ ထို့နောက် သူ၏ ခြေထောက်ကို ဖက်ကာ တောင်းပန်သည်။
” ငါ တောင်းပန်ပါတယ်။ ငါ့အဖိုးကို လွှတ်လိုက်ပါ။ သူကအသက် ၇၀ကျော် နေပါပြီ။”
အိမ်တော်ထိန်း လီရို၏ လက်က ဦးလေးကျန်း၏ အင်္ကျီကော်လံကို ခပ်တင်းတင်း ကိုင်ထားသည်။ သူက မီးလောင်ထားသော်လည်း ဦးလေးကျန်းကဲ့သို့ လူအိုကြီးက မယှဥ်နိုင်လောက်အောင် သန်မာနေသေးသည်။ လူအိုကြီး၏ လည်ပင်းက အချိုးရာများ ထင်လာသည်။ သူ၏အရေတွန့်နေသော မျက်နှာတွင် လည်ပင်းညစ်ခံထားရသောကြောင့် နီရဲလာသည်။ သူက ပြင်းပြင်းထန်ထန် ချောင်းဆိုးတော့သည်။​ ရှောင်ထင်ထင်၏မျက်လုံးက မျက်ရည်များဖြင့် ပြည့်နှက်လာသည်။ သူကဦးလေးလီရို၏ ခြေထောက်ကို ဖက်ပြီးနောက် စိုးရိမ်တကြီး ငိုကာ သနားစဖွယ် ပြောသည်။
“တောင်းပန်ပါတယ်။ အဖိုးကို လွှတ်လိုက်ပါ။ အဖိုးက အသက်မရှူနိုင်တော့ဘူး။”
“အဟွတ် အဟွတ် …။ ”
“ငါ့ရဲ့အဖိုးက အသက်၇၀ ကျော်နေပါပြီ။ သူ့ကို ဒီလို မလုပ်ပါနဲ့။ လွှတ်လိုက်ပါ။”
ရှောင်ထင်ထင်က အိမ်တော်ထိန်း လီရို၏ ခြေထောက်ကို သူမ တတ်စွမ်းသမျှ အားသုံးကာ ရုန်းခါသည်။ သို့သော် သူမက မည်မျှအားထည့်နေစေကာမူ အသုံးမဝင်ချေ။
“ကောင်မလေး ဘေးဖယ်နေ။”
အိမ်တော်ထိန်းလီရိုက ခြေထောက်ကို ခပ်ကြမ်းကြမ်းမြှောက်လိုက်ပြီးနောက် ရှောင်ထင်ထင်ကို ခါထုတ်လိုက်ရာ ယမ်းခါသွားစေသည်။ သူက ခြေထောက်ကို ထပ်မြှောက်ကာ ရှောင်ထင်ထင်ကို ကန်ကျောက်ရန်လုပ်သေးသည်။
ထိုအချိန်တွင် ယဲ့ဖန်းက ခြံအနောက်ဘက်မှ အရှေ့ဘက်သို့ ထွက်သွားပြီ ဖြစ်သည်။ ထိုအချိန်တွင် သူက အခြေအနေကို မြင်တွေ့လိုက်ရပြီး စားပွဲပေါ်မှ လက်ဖက်ရည်အိုးကိုကိုင်ကာ လှမ်းပစ်ပေါက်လိုက်လေရာ မြှောက်ထားသည့် အိမ်တော်ထိန်းလီရို၏ခြေထောက်ထံ ခပ်ကြမ်းကြမ်းရောက်ကာ ထိမှန်သွားသည်။ ထို့နောက် သူက အပြေးသွားပြီး ရှောင်ထင်ထင်ကို ပွေ့ချီလိုက်သည်။
” အကိုကြီး …။ ”
ရှောင်ထင်ထင်လေးက နှာခေါင်းကို ရှုံ့ပြီး ထိတ်လန့်တကြား ပြောပြန်သည်။ သူမ၏ ကြီးမားလုံးဝိုင်းသော မျက်လုံးလေးက နီရဲနေပြီး မျက်နှာတွင် မျက်ရည်စများက ပြည့်နက်နေသည်။ သူ၏ ဝတ်စုံသစ်ကလည်း ဖုံများ ပေကျန်နေတော့သည်။
ယဲ့ဖန်း၏ ဆံပင်များက ဒေါသကြောင့် ထောင်တက်သွားသည်။ သူ၏ကိုယ်ပေါ်တွင် မီးစွဲလောင်နေသည့်အလား ထင်ရသည်။ သူက ချက်ချင်းလိုလို အိမ်တော်ထိန်း လီရို၏လက်ကို ဖယ်ထုတ်လိုက်ပြီးနောက် ဦးလေးကျန်းကို ကယ်တင်လိုက်သည်။ ထို့နောက် ဒေါသတကြီးအော်လိုက်သည်။
“ခင်ဗျားက ဒီလောက် သနားစရာကောင်းပြီး အထီးကျန်ဆန်တဲ့ အဖိုးကြီးတယောက်ကိုတောင် ရိုက်နှက်ရဲတယ်ဆိုတော့ လူရော ဟုတ်သေးရဲ့လား။ ”
“ဒီမျိုးမစစ်ကောင်က ဘယ်က ရောက်လာတာလဲ။ မင်းက ဘာလို့ ဒီလို လာပြောရဲတာလဲ။”
ဘေးဘက်မှ လူများက ဆက်မကြည့်နေနိုင်ကြတော့ချေ။ သူတို့အားလုံးက မျက်နှာမာထန်စွာဖြင့် ယဲ့ဖန်းကို ရန်လိုသောအကြည့်ဖြင့် ကြည့်လိုက်သည်။
အိမ်တော်ထိန်း လီရို၏ အဝါရောင်မျက်နှာက အလွန်အမင်း သုန်မှုန်သွားသည်။ သူက ယဲ့ဖန်းကို အပေါ်စည်းမှ ကြည့်ပြီးနောက်ပြောသည်။
“မျိုးမစစ်လေး။ မင်းက အတော်ငယ်သေးတယ်။ ဒါတောင်မှ လူကြီးတယောက်လိုမျိုး တရားမျှတမှုအတွက် တိုက်ခိုင်ချင်နေတယ်။ ပြောရရင် ငါ မင်းကို ရေးတူးမြောင်းထဲကို ပစ်ချလိုက်လို့ ရတယ်။ အဲ့ဒီအချိန်ကျရင် မင်း ဒီလိုအော်ရဲမလား ကြည့်ရအောင်။”
ဦးလေးကျန်း၏ မျက်နှာက ရောင်ကိုင်းလျက် အချိုးရာထင်သွားသည်။ သူ၏မျက်နှာက နီရဲနေသည်။ သူက မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ပြီး အချိန်ကြာကြာ ချောင်းဆိုးနေပြီးမှသာ ပြန်ကောင်းသွားသည်။ ရှောင်ထင်ထင်လေးကလည်း အလွန်ထိတ်လန့်နေသည်။ သူမက တရှုံ့ရှုံ့ ငိုနေရင်း ဦးလေးကျန်း၏ ကျောပြင်ကို သူမ၏ လက်ဖြူဖြူလေးများဖြင့် ပေါ့ပါးစွာ ဖိနှိပ်ပေးနေသည်။ သူမက ငိုသည်။
“အဖိုး အဖိုး …။ အဆင်ပြေရဲ့လား။ ထင်ထင့်ကို မခြောက်ပါနဲ့။ ထင်ထင် အရမ်းစိုးရိမ်နေပြီ။ ထင်ထင်က အရမ်းကြောက်နေပြီနော် .. ။”
ထိုအခြေအနေကို မြင်သောအခါ ယဲ့ဖန်း၏ဒေါသက ပို၍ပင် လောင်ကျွမ်းလာသည်။ သို့ရာတွင် သူ၏ မျက်လုံးက အလွန်အမင်း အေးစက်သွားပြီးနောက် အိမ်တော်ထိန်းလီရိုကို ကြည့်ကာ ပြောသည်။
“ခင်ဗျားလည်း အတော်အိုတေပါပြီ။ ဒါတောင်မှ အခုချိန်ထိ ခွေးတစ်ကောင်လို နေတုန်းပဲလား။”
” -ိုး …။ ဒီမျိုးမစစ်ကောင်က ဘယ်ကလာတာလဲ။ သူက အိမ်တော်ထိန်း လီရိုကိုတောင် ဒီလိုပြောရဲတယ်။ သူ့ကို သေတဲ့အထိ ရိုက်သတ်စမ်း။”
အဝါရောင်မျက်နှာနှင့် လီရိုက ဘာမှမပြောနိုင်ခင် ခပ်ကြမ်းကြမ်း ရုပ်သွင်နှင့် လူတစ်ယောက်က ဘေးဘက်မှ ခုန်ထွက်လာပြီးနောက် ယဲ့ဖန်း၏ မျက်နှာကို ဖြတ်ရိုက်သည်။
အား …။
သို့ရာတွင် သူကိုယ်တိုင်သာ စိတ်ပျက်ဖွယ်ကောင်းသော အော်သံကြီးကို အော်ထုတ်လိုက်ရသည်။ အကြောင်းမူကာ ယဲ့ဖန်းက ပထမဦးဆုံး လှုပ်ရှားလိုက်ပြီး သူ၏ ပတ်တီးစည်းထားသော လက်ကို ဖျစ်ညှစ်လိုက်သောကြောင့် ဖြစ်သည်။ ကြည့်နေသောသူများကလည်း ယဲ့ဖန်းက မည်သို့သော ခွန်အားမျိုး ပိုင်ဆိုင်ထားကြောင်း မသိလောက်ချေ။
ထိုကောင်လေး၏ နှလုံးကွဲမတက် အော်ဟစ်သံကြီးက ဒဏ်ရာကို ထိမိသွားသောကြောင့်သာ ဖြစ်မည်ဟု ထင်သွားကြသည်။ အိမ်တော်ထိန်း လီရိုကို လီမိသားစုက ကန်ထုတ်လိုက်သောကိစ္စမှာ ယဲ့ဖန်းက မျှော်လင့်ထားသလိုဖြစ်သည်။ သို့ရာတွင် တစ်ဖက်သူက ထိုမျှအထိ ထောင်လွှားပြီး ဒီနေရာထိ လာကာ ဒုက္ခရှာရဲမည်ဟု မထင်ထားမိခဲ့ချေ။
“မျိုးမစစ်ကောင်။ မင်းရဲ့သတ္တိကတော့ မသေးဘူးပဲ။”
အိမ်တော်ထိန်းလီရိုက နှာခေါင်းရှုံ့ပြီးနောက် လက်မြှောက်ကာ ပါးကို ဖြတ်ရိုက်သည်။ သူ၏ လှုပ်ရှားမှုက မမြန်ဆန်ချေ။ သူက ယဲ့ဖန်းကို အရှက်ခွဲချင်နေခြင်း ဖြစ်သည်။
ဖြန်း …။
ယဲ့ဖန်းက သူ၏လက်ကိုသာ ရိုက်ပြီး ဖြန်းခနဲမြည်သံနှင့်အတူ အိမ်တော်ထိန်း လီရိုကို လွင့်ထွက်သွားအောင် ရိုက်ချလိုက်သည်။ သူက အနောက်ဘက်မှ လေးထောင့်စားပွဲကို ထိမှန်သွား၏။ သူ၏လက်မှ သွေးများပန်းထွက်လာကာ ၃ ၄မီတာအထိ ဆက်တိုက် လွင့်ထွက်သွားသည်။ သူက ထနိုင်အောင် မနည်းကြိုးစားရသည်။ သူ၏ သွား ၇ချောင်း ၈ချောင်းခန့်က ထွက်သွားလေသည်။
“မအေ-ိုး …။ ဒီမျိုးမစစ်ကောင်ကို သတ်ပေးစမ်းပါ။”
အိမ်တော်ထိန်းလီရိုက ဒေါသထွက်သွားသည်။ သူ၏မျက်နှာကြီးက ရှုံ့မဲ့သွားပြီး မီးတောက်မတက်ဖြစ်သွားသည်။ အခြားသူများမှာ ယဲ့ဖန်းက သာမန်လူများနှင့် ကွာခြားကြောင်း မသိခဲ့ချေ။ ထို့ကြောင့် အော်ဟစ် ကြုံးဝါးသံများဖြင့် အားလုံးက သူ့ကို ဝိုင်းလိုက်ကြသည်။
ယဲ့ဖန်း၏ မျက်လုံးက အေးစက်နေသည်။ သူက ထိုလူများ၏ ဒဏ်ရာရနေသော နေရာများကို ဖိနှိပ်နေခြင်းအားဖြင့် သွေးပျက်ဖွယ်အသံများက ဆက်တိုက် ထွက်ပေါ်လာသည်။
ဖြန်း ဖြန်း ဖြန်း …။
နောက်ထပ် ၁၀ချက်ထက် မနည်းသည့် ပါးရိုက်သံများက အောင်မြင်စွာ ပေါ်ထွက်လာသည်။ ယဲ့ဖန်းက ဘယ်လက်နှင့် ညာလက်ကို ဆက်တိုက် မြှောက်ပြီးနောက် သူတို့၏ ပါးစပ်များကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်နေသည်။
“မင်းတို့ကမှ မျိုးမစစ်တွေ .. ။ ဒီလိုသနားစရာကောင်းတဲ့ အဖိုးကြီးနဲ့ ချစ်စရာကောင်းတဲ့ကလေးကိုတောင် အနိုင်ကျင့်ရဲတဲ့ နှလုံးသားကို ပိုင်ဆိုင်ထားသေးတယ်။ မင်းတို့က သေဖို့ပဲ တန်တယ်။”
ယဲ့ဖန်း၏ ခွန်အားက အလွန်ပြင်းသည်။ သူက ခွန်အားကို မထိန်းချုပ်ထားခဲ့လျှင် တိုက်ရိုပ်ပင် လက်ဖြင့် ဖြတ်ရိုက်ပြီး ခေါင်းများ ပြုတ်ထွက်သွားအောင် လုပ်နိုင်စွမ်း ရှိသည်။
သို့တိုင်အောင် ထိုသူများ၏ အခြေအနေကလည်း မကောင်းချေ။ နေရာတိုင်းလိုလို သွေးများက ပျံ့လွင့်နေသလို သွားများကလည်း လွင့်ထွက်ကုန်သည်။ ထိုလူများက နဂိုကတည်းက ပတ်တီးစည်းထားပြီးသားဖြစ်သည်။ သို့သော် သူတို့၏ ပါးများက နီရဲပြီး သွေးထွက်သည်အထိ အရိုက်ခံလိုက်ရသည်။ သွားများကလည်း ဆက်တိုက် ပြုတ်ကျနေပြီး သူတို့က မြေပြင်တွင် လှိမ့်နေရသည်။
“အား”
“ဒီအကောင်က ငါတို့ကို ရိုက်ရဲတယ်။”
“နာလိုက်တာ။ ငါ့ရဲ့ ဒဏ်ရာတွေ။”
ယဲ့ဖန်းကြောင့် ပါးဖြတ်ရိုက်ခံရသည့် လူတိုင်းက မြေပြင်တွင် လှိမ့်ပြီး အော်ဟစ်နေရသည်။
“ကျွန်တော် တောင်းပန်ပါတယ် ဦးလေးကျန်း .. ။ဒါက ဆိုင်လေးဆိုတာကို ကျွန်တော်မေ့သွားတယ်။ ကျွန်တော် ခဏနေရင် ဦးလေးရဲ့ သန့်ရှင်းမှုကို ဒုက္ခပေးရတော့မယ်ထက်တယ်။ ကျွန်တော် သူတို့ကို အပြင်ကို မောင်းထုတ်လိုက်ပါ့မယ်။”
ယဲ့ဖန်းက ထိုသို့ ပြောပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ဂုတ်မှ ဆွဲကိုင်ကာ အပြင်သို့ လွင့်ပစ်သည်။
ဦးလေးကျန်း၏ ခံစားချက်များက ပြင်းထန်သည့်ဖိအားကို ခံစားလိုက်ရသည်။ သူ နှစ်နှစ်လုံးလုံး ထိန်းချုပ်လာခဲ့သည့် ဒေါသက ရုတ်တရက် ပေါက်ထွက်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်က တဆက်ဆက် တုန်သွားကာ ရှောင်ထင်ထင်၏ မျက်လုံးကို အုပ်ထားသောလက်ကပင် တုန်ရီနေတော့သည်။ သူက ဒီကောင်မလေးက ဒီမြင်ကွင်းကြောင့် ထိတ်လန့်နေကြောင်း စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။
ထက်ထင်က အလွန်အမင်း စိုးရိမ်တကြီးဖြစ်နေသည်။ သူမက ရှိုက်သံဖြင့် ပြောသည်။
“အဖိုး အကိုကြီးက ဘာဖြစ်လို့လဲ။ လူဆိုးကောင်တွေက အကိုကြီးကို အနိုင်ကျင့်တာလား။”
“ထင်ထင် မစိုးရိမ်ပါနဲ့။ မင်းရဲ့အကိုကြီးက အဆင်ပြေပါတယ်။ အဲဒီလူဆိုးကောင်ကို အကိုကြီးက ရိုက်လိုက်တာ။”
ယဲ့ဖန်းက အားလုံးကို လမ်းပေါ်သို့ လွှင့်ပစ်လိုက်သည်။ သို့သော် ဒီအတိုင်း မလွှတ်ပေးသေးချေ။ သူက ထိုလူများကို ရာဘာဘောလုံးများလို လှိမ့်နေအောင် ကန်ကျောက်သေးသည်။ ထိုလူများက အော်ဟစ်သည်မှာ အရေခွံ စုတ်သည့်အလား ထင်ရသည်။ သူတို့က အသတ်ခံနေရသည့် ဝက်များလို အော်ဟစ်နေကြခြင်း ဖြစ်သည်။
သဘာ၀ကျကျပင် လီရိုလည်း ယဲ့ဖန်း၏ ပစ်မှတ်ထားခြင်း ခံရသည်။ သူ၏ ပါးက ရောင်ကိုင်းနေသည်မှာ အချက်ရေ မည်မျှ အရိုက်ခံရကြောင်း မသိလောက်တော့သည်အထိ ဖြစ်လာသည်။ သူ၏ သွားများအားလုံးက ကျွတ်ထွက်ကုန်သည်။
“ကယ်ကြပါ .. ။”
“လူသတ်နေပါတယ် .. ။”
ထိုလူများ အော်ဟစ်ကာ အကူအညီတောင်းကြပြီး ကြည့်ရှုသူပေါင်းများစွာကို ဆွဲဆောင်သွားသည်။ သို့သော် မည်သူကမှ မတားချေ။ လူအများစုက လာကြည့်ပြီးနောက် ဝိုင်းပြီး ကန်ကျောက်ကုန်ကြသည်။ ယဲ့ဖန်းက ထိုအခြေနေကို မြင်သောအခါ ကျယ်လောင်စွာအော်ဟစ်သည်။
“ရွာသူရွာသားတို့။ ဘာတွေ စောင့်နေကြတာလဲ။ ဒီလူတွေက လီမိသားစုရဲ့ခွေးတွေပဲ။ အခု သူတို့ကို လီမိသားစုက ကန်ထုတ်လိုက်ပြီ။ ဒါကြောင့် ဘာမှ စိုးရိမ်စရာ မရှိတော့ဘူး။ မြန်မြန်လာပြီး ရိုက်နက်ကြပါ။ သူတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ကြရအောင်။”
ထိုစကားလုံးများက ယဲ့ဖန်း မတွေးထားသောကိစ္စဖြစ်သည်။ သို့သော် ထိုသို့ပြောလိုက်ပြီးသည်နှင့် ဝှစ်ခနဲမြည်သံနှင့်အတူ အမျိုးသား၊ အမျိုးသမီး၊ လူအိုကြီးများနှင့် လူငယ်များက ရောက်လာကြကာ မြေပြင်မှ လူများကို ကန်ကျောက်ဆွဲဖြဲကြသည်။
“ငါ ဒီမနက်လေးတင် သူတို့ကို လီ မိသားစုက ရိုက်နက်ခဲ့တယ်လို့ ကြားတယ်။ သူတို့ရဲ့ ကုန်ပစ္စည်းတွေအားလုံးက မီးရှို့ခံလိုက်ရတော့ ကိစ္စက အတော်ကြီးမယ်လို့ ထင်ထားခဲ့တယ်။ ထင်မထားဘဲ တကယ်ဖြစ်နေတာပဲ။”
“ဒီလူငယ်လေးက သူတို့ကို ရိုက်နက်ရဲတာ မအံဩတော့ပါဘူး။ သူတို့က နဂိုထဲက ဒဏ်ရာရပြီးထားကို။ မဟုတ်ရင် ဒီကလေးလေးက ဘယ်လိုရိုက်ရဲမှာလဲ။”
“သူတို့ကို ရိုက်ကြစမ်း။ သေတဲ့အထိ ရိုက်ကြစမ်းပါ။”

သူတို့က အလွန် ဒေါသထွက်နေသည်။ သူတို့က အပြေးအလွှား ထွက်လာကြပြီး​နောက် မြေပြင်မှ လူများကို ရိုက်နက်ကြသည်။ ထိုလူများက ဒီနေရာတွင် မည်မျှ နာမည်ဆိုးနှင့် ကျော်ကြားကြောင်း သိသာသွားသည်။ လူအုပ်က အလွန်ဒေါသထွက်နေရာ ယခုအခါ ပေါက်ကွဲသွားတော့သည်။
မြေပြင်မှ လူများက ဆက်တိုက် လူးလှိမ့်နေရတော့သည်။ အော်သံများကပင် လူသား အသံမပေါက်တော့ချေ။ သူတို့က ဆက်တိုက် ငိုယိုသည်။ သူတို့၏ အဖေအမေကိုပင် တမ်းတကြသည်။ သူတို့က သူတို့၏ အူကို ကောင်းကောင်း မထိန်းချုပ်နိုင်တော့ဘဲ သေးထွက်ကျကုန်ကြသည်။ ထိုသို့ဖြင့် ညှီစုတ်သောအနံ့က ထွက်လာသည်။
ယဲ့ဖန်းမှာ မူလက ဤအခြေအနေကို အခွင့်ကောင်းယူကာ သူတို့၏အရိုးများကို ချိုးကာ နှစ်တစ်ဝက်လောက် ဒုက္ခိတဖြစ်အောင် လုပ်ချင်သွားသည်။ သို့သော် ယခုမူ ထိုသို့လုပ်ရန် မလိုကြောင်း သိသွားသည်။ အမျိုးသား၊ အမျိုးသမီး လူငယ်လူရွယ်အားလုံးက သူတို့ကို ဝိုင်းနေကြပြီး ခွေးများကို ရိုက်နှက်နေသလို ကန်ကျောက်နေကြသည်။ ထိုလူများ၏ လက်များ၊ တံတောင်များအားလုံးက ကျိုးကြေကုန်ပြီဖြစ်သည်။ ထို့ကြောင့် တစ်ဘဝလုံး ဒုက္ခိတဘဝဖြင့် နေထိုင်သွားရတော့မည်မှာ သေချာသည်။
ကြည့်ရုံဖြင့်ပင် ထိုသူများ၏ ဒေါသက မည်မျှ ပြင်းထန်နေကြောင်း သိနိုင်သည်။
” ငါတို့ကို ချမ်းသာပေးပါ။ ငါတို့ ထပ်မလုပ်ရဲတော့ပါဘူး။”
“အား …။ ကယ်ကြပါ။ တစ်ယောက်ယောက်က ခေါင်းကိုရိုက်နေပါတယ်။”
အပိုင်း (၇၆) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset