Switch Mode

Chapter – 74

Chapter – 74

ရွှေရောင်စာရွက်က လျှို့ဝှက်ဆန်းကြယ်သည်။ သိပ်သည်းစွာ ရှိနေသည့် သင်္ကေတပေါင်းများစွာကို ဖတ်၍ မရသေးပေ။ ကြယ်စင်များအဖြစ် ပြောင်းလဲကာ ယဲ့ဖန်း၏ စိတ်ထဲသို့ တိုးဝင်လာခြင်း ဖြစ်သည်။
ထိုအချိန်တွင် ယဲ့ဖန်းက ကောင်းကင်မှ ဆင်းသက်လာသည့် ခမ်းနားသည့် အလင်းများဖြင့် အဝိုင်းခံလိုက်ရသည်။ နတ်စမ်းရေကလည်း နေကမ္ဘာထဲမှ စီးထွက်လာသလို ကြာပန်းများက ပွင့်ထွက်လာ၏။ ကျောက်စိမ်းသစ်ပင်များက အညှောင့်ထွက်လာသလိုမျိုး မြင်ကွင်းမျိုးဖြင့် အဝိုင်းခံလိုက်ရသည်။
ကောင်းကင်တွင် နတ်အလင်းတန်းများက ပြည့်နက်သလို နဂါးနှင့် ဖီးနစ်များက ကခုန်နေကြ၏။ အသက်ရှည်လိပ်များက အသက်ကို ရှူထုတ်ခြင်းအားဖြင့် စွမ်းအားအပြည့်ပါသည့် ချီစွမ်းအင်များက ထွက်ပေါ်လာသည်။ ထိုခရမ်းရောင် ချီများက အရှေ့ဘက်ပိုင်းမှ လာပြီး ရွှေရောင်အလင်းတန်းက အနောက်ဘက်ပိုင်းမှ လာသည်။ ငါးရောင်ခြယ် နတ်အလင်းတန်းများက တောက်ပလာပြီးနောက်တွင် ခုနှစ်ရောင်ခြယ် နတ်သက်တန့် တိမ်စိုင်များက ထွက်ပေါ်လာသည်။
ထိုသို့ဖြင့် အံ့အားသင့်ဖွယ်ကောင်းသည့် မြင်ကွင်းပေါင်းများစွာက အဆုံးမသတ်နိုင်လောက်အောင်များပြားသည့် နည်းလမ်းပေါင်းများစွာဖြင့် တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်လာသည်။ အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်နေပြီး ကောင်းကင်သံစဥ်ကဲ့သို့ထင်ရသည့် မဟာတာအို၏ စည်းချက် ငြီးသံကပင် သူ၏ စိတ်ထဲတွင် ပဲ့တင်ထွက်လာသည်။
သူက မူးရစ်သွားသလိုမျိုး ကန္တာရထဲသို့ ရောက်ရှိနေသလိုမျိုး ကြာရှည်စွာ ရေငတ်နေပြီးနောက် ရေတစ်စက်ကို သောက်လိုက်ရသောသူကဲ့သို့ ဖြစ်သွားသည်။ အဆုံးမသတ်နိုင်အောင် များပြားသည့် အဝါရောင် သဲများက အသက်စွမ်းအားအပြည့်နှင့် ပြည့်နှက်လာသည်။ ယဲ့ဖန်းကမူ ပြတင်းပေါက်များက ရုတ်တရက် ပွင့်သွားသလို ခံစားလိုက်ရပြီး အလင်းတန်းပေါင်းများစွာက သူ့အပေါ်ကျရောက်လာသလို ခံစားချက်မျိုးရလိုက်သည်။ သူက အကောင်းဆုံး ကြိုးစားကာ တစ်စုံတစ်ရာကို ဖမ်းမိအောင် ကြိုးစားသည်။
အလင်းက သူ၏ လက်ချောင်းကြားထဲသို့ ဖြတ်ဝင်လာသည်။ သို့တိုင်အောင် ဖမ်းမိရန် ခက်ခဲလွန်းနေခဲ့သည်။ ဒါက ကျင့်ကြံခြင်း မဟုတ်ချေ။
မည်သူကမှလည်း အချိန်တိုအတွင်း အဆင့်မြင့်မားသော အမှန်တရားကို နားလည်သဘောပေါက်နိုင်မည်မဟုတ်ချေ။ ယင်းက အကျိုးသက်ရောက်မှု စွမ်းအားတစ်မျိုးဖြစ်သည်။
တာအိုကျမ်းစာပိုဒ်ထဲမှ ပြန်လည်မွေးဖွားခြင်း ထိုစာလိပ်က ကောင်းကင်ဘုံ ကိုးဆင့်မှလာသော နို့နှစ်ဖြူရောင် မှော်လမ်းစဥ်တစ်ခုအလား ထင်ရလေသည်။ ငွေရောင်အလင်းများကို ထုတ်လွှင့်နေကာ ခမ်းနားထည်ဝါလွန်းသည်။ ထိုစာလိပ်မှ ပြောနေသော အဓိပ္ပါယ်များက ယဲ့ဖန်း၏ စိတ်ထဲသို့ ဒလဟော တိုးဝင်လာသည်။
သို့သော် ယင်းက ယေဘုယျကျသော နည်းလမ်းကို မဖော်ပြသေးချေ။ သို့တိုင်အောင် သူ့ကို အကြမ်းဖျင်းအားဖြင့် မည်သို့ ကျင့်ကြံသင့်ကြောင်း မည်သည့်ဘက်သို့ ဦးတည်သင့်ကြောင်း မည်သည့်အခြေအနေသို့ရောက်သင့်ကြောင်း လမ်းညွှန်ပြသပေးနိုင်သည်။
ဒုက္ခဆင်းရဲပင်လယ်၊ အသက်စမ်းရေကန်၊ နတ်တံတားနှင့် ပါရမီ တာအိုဆိုသည့် နယ်မြေလေးခုကို ထိုတာအိုကျမ်းစာပိုဒ်မှာ ပြန်လည်မွေးဖွားခြင်းစာလိပ်က အပြည့်အဝ ရှင်းပြပေးလိုက်နိုင်သည်။
ကျင့်ကြံသူတစ်ယောက်က ပထမဦးဆုံး ဒုက္ခဆင်းရဲပင်လယ်ကို ဖွင့်နိုင်ရန် ဖြစ်သည်။ ဤနည်းအားဖြင့် သန်မာလာစေပေလိမ့်မည်။ ထို့နောက် အသက်ဘီးကို လေ့လာ ရှာဖွေစူးစမ်းရမည်ဖြစ်ပြီး ထိုနှစ်ခုကို လေ့လာနိုင်အောင် ကြိုးစားရမည် ဖြစ်သည်။
ထို့နောက် အဆုံးအစမဲ့သည့် အသက်ချီမျှင်ပေါင်းများစွာကို ထုတ်လွှင့်နိုင်ပြီး ဒုက္ခ ဆင်းရဲပင်လယ်အ​ထက်ပေါ် လွှင့်မျောစေနိုင်ခြင်းအားဖြင့် ခန္ဓာကိုယ်၏ နေရာအနှံ့သို့ တွန်းပို့နိုင်သည်။
ဤနည်းအားဖြင့် အသား၊ ကိုယ်တွင်းအင်္ဂါ၊ အရိုးများကို အားဖြည့်ပေးနိုင်သလို အသားကိုလည်း မာကျောလာစေနိုင်ပြီး သာမန်သေမျိုးဘဝမှ ပြောင်းလဲစေနိုင်စွမ်း ရှိပေလိမ့်မည်။ ပြန်လည်မွေးဖွားခြင်း စာပိုဒ်ထဲမှ ပထမအဆင့် ဒုက္ခဆင်းရဲပင်လယ် ဖြစ်သည်။
ဒုက္ခဆင်းရဲပင်လယ်က အသက်ဘီးကို အုပ်ကာပြီးနောက် တစ်ခုနှင့်တစ်ခု အပေါ်တွင် ထပ်လျက် တည်ရှိနေပေလိမ့်မည်။ နေ့တိုင်းလိုလို အသက်ဘီးပေါ်တွင် အမှတ်အသားတစ်ခုကို ချန်ထားရစ်မည်ဖြစ်၏။
ထိုအသက်ဘီးတွင် ထိုသို့ အမှတ်သင်္ကေတပေါင်းများစွာ ပြည့်နက်သွားပြီး အပြည့်အဝ ပြိုကျသွားသည့်အချိန်မှသာ သူ၏သက်တမ်းက အဆုံးသတ်သွားပြီးသေရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သူက ဒီအခြေနေကို ပြောင်းလဲလိုလျှင် တစ်ခုတည်းသောနည်းလမ်းက ဒုက္ခဆင်းရဲပင်လယ်မှ အောက်ခြေဘက်သို့ တိုက်ရိုက်ဝင်သွားပြီး အသက်ဘီးနဲ့ ဆက်နိုင်မည့် လမ်းတစ်ခုကို ဖွင့်ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် အသက်ချီမျှင်ပေါင်းများစွာကို ထွက်လာစေခြင်းအားဖြင့် ဒုက္ခဆင်းရဲပင်လယ်မှ ထိုသို့ အိုမင်းကာ သေဆုံးရမည့် ဖြစ်စဥ်ကို တားဆီးပေးနိုင်လိမ့်မည်။ ထိုအခါမှသာ သူက အသက်ကို ဆွဲဆန့်နိုင်မည်ဖြစ်သည်။
ထိုသို့ အခြေအနေများကို ထပ်ခါတလဲလဲ ကြိုးစားရန် လိုအပ်သည်။ အင်အားအပြည့်ရှိသော အသက်အခြေအနေပေါင်းများစွာက ထိုးထွက်လာ၏။ နောက်ပိုင်းတွင် သူက စုစည်းသွားသောအခါ အရင်သဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားပြီး အသက်စမ်းရေကန် ဖြစ်ပေါ်လာပေလိမ့်မည်။ ထိုသို့ဖြင့် ဒုက္ခဆင်းရဲပင်လယ်ထဲသို့ တစ်ဖန် စီးဝင်မည်ဖြစ်သည်။
အသက်စမ်းရေကန်ကို ဒုက္ခဆင်းရဲပင်လယ်ကဲ့သို့ ခြောက်ကပ်နေသော နေရာမျိုးတွင် ဖွင့်လိုက်နိုင်ခြင်းအားဖြင့် အသက်ဘီးနှင့် ဆက်သွယ်သွားနိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် အသက်စမ်းရေကန်က ဆက်လက်စီးဆင်းခြင်းအားဖြင့် ပြန်လည်မွေးဖွားခြင်း ကျမ်းစာပိုဒ်မှ ဒုတိယအဆင့် အသက်စမ်းရေကန်က ဖြစ်ပေါ်လာပေလိမ့်မည်။
ထိုနည်းဖြင့်သာ ကျင့်ကြံသူတစ်ယောက်က စွမ်းအားအရင်းအမြစ်ကို ရရှိနိုင်မည်ဖြစ်ပြီး ထိုသို့လုပ်နိုင်မှသာ လျှို့ဝှက်ဆန်းကြယ်သော သိုင်းနှင့်တကွ နတ်စွမ်းအင်များကို ပိုင်ဆိုင်မည်ဖြစ်သည်။
ဤနည်းအားဖြင့် အဆုံးအစမဲ့သည့် စွမ်းအင်များကိုလည်း ပိုင်ဆိုင်လာနိုင်မည်လည်း ဖြစ်သည်။ ၄င်းက ကျင့်ကြံသူတစ်ယောက်ဖြစ်ရန် အလိုအပ်ဆုံးအဆင့်ဖြစ်သည်။ နတ်စွမ်းအားများ၏ အရင်းအမြစ်က မကုန်ဆုံးသွားသမျှ သူတို့၏ မှော်စွမ်းအားများက အဆုံးအစမဲ့အောင် ရှိနေပေလိမ့်မည်။
ပြောရလျှင် ကျင့်ကြံသူအားလုံး စီးနင်းနေသည့် နတ်သက်တန့်ရောင် တိမ်စိုင်များဆိုလျှင် သူတို့၏ အသက်စမ်းရေကန်ထဲမှ စီးထွက်လာသည့် ဉာဏ်အလင်းတန်းများဖြင့် ထိန်းချုပ်ထားခြင်းဖြစ်သည်။ အသက်စမ်းရေ နယ်မြေသို့ ရောက်ရှိသွားပြီးနောက် ထိုလူက သက်တန့်ရောင်တိမ်စိုင်ကို ထိန်းချုပ်ကာ ကောင်းကင်တွင် ပျံသန်းနိုင်သလိုမျိုး မြေလျှိုးနိုင်စွမ်းရှိမည်လည်းဖြစ်သည်။ ဤနည်းအားဖြင့် မရေမတွက်နိုင်သည့် သိုင်းများကို ကျင့်ကြံနိုင်မည်လည်း ဖြစ်သည်။
လူတိုင်း၏ ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်မှုက အဆုံးအစမဲ့အောင် များပြားသလို စွမ်းအားကြီးမားသည့် ကျင့်ကြံသူပေါင်းများစွာကလည်း ဒုက္ခဆင်းရဲပင်လယ်ထဲတွင် အချုပ်နှောင် မခံလိုကြချေ။ သူတို့က အမည်မသိရသော လျှို့ဝှက်နယ်မြေများထိ ဆက်လက် သွားချင်ကြသည်။ ဤနည်းအားဖြင့် သူတို့က ဒုက္ခဆင်းရဲပင်လယ်ကို ကျော်ဖြတ်နိုင်ရန် ဖိအားသုံးကာ ကြိုးစားကြသည်။
တာအိုကျမ်းစာပိုဒ်ထဲတွင် မှတ်တမ်းတင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သည့် သိုင်းများက အလွန်လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါများကို သယ်ဆောင်ထားနိုင်သည်။ ဒုက္ခဆင်းရဲပင်လယ်က အကန့်သတ်မဲ့အောင် ကျယ်ပြောသည့်တိုင်အောင် နောက်ပြန်လှည့်ကြည့်ရန် မလိုအပ်ခဲ့ချေ။ ကိုယ်ပိုင်ခွန်အားကိုသာ သုံးပြီး အားလုံးကို ကျော်ဖြတ်ရမည် ဖြစ်သည်။
ပန်းတိုင်ကို ရောက်ရှိရန်အလို့ငှာ ကျင့်ကြံသူတစ်ယောက်က သူ၏ အသားအရေကို မာကျောအောင်လုပ်ကြသည်။ အရေခွံလဲသလိုမျိုး ဒုက္ခဆင်းရဲပင်လယ် အကူအညီဖြင့် သူတို့၏ နတ်သွေးကြောများအားလုံးထဲမှ အချိုးအဆစ်များကို ပြောင်းလဲခြင်း ဖြစ်သည်။ ရေဘဝဲလက်တံများကဲ့သို့ အကန့်အသတ်များကို ကျော်ဖြတ်ကာ ဒုက္ခဆင်းရဲပင်လယ်၏ အခြားတစ်ဖက်သို့ ရောက်ရှိသွားပေလိမ့်မည်။
ဒီဖြစ်စဥ်က ကြာရှည်ကာ ခက်ခဲလေသည်။ ကျင့်ကြံသူတစ်​ယောက်က ပို၍ နာကျင် ခံစားရလေလေ ပို၍ အင်အားကြီးမားလာလေလေ ဖြစ်ပေလိမ့်မည်။ အဆုံးသတ်တွင် ကလန်မွေး​ဖွားခြင်း စာလိပ်မှ စွမ်းအားများက အသက်ဝင်လာပြီး ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ပေးနိုင်မည့် နတ်သွေးကြော​ဆိုသည့် သွေးကြောဆိုသည့် ကြားခံနယ်မြေတစ်ခုကို ဖန်တီးမှု ရှိလာကာ ခန္ဓာကိုယ်က အဆုံးစမဲ့သည့် အလားအလာများကို လွှင့်ထုတ်နိုင်ပေလိမ့်မည်။ ယင်းက ပြန်လည်မွေးဖွားခြင်းကျမ်းစာပိုဒ်မှ တတိယအဆင့် နတ်တံတားဖြစ်သည်။
ထိုအဆင့်တွင် ကျင့်ကြံလျှင် ကျင့်ကြံသူတစ်ယောက်က အလွန်အမင်း သန်မာလာမည်ဖြစ်ပြီး တော်ရုံကိစ္စများတွင် သူ၏ စိတ်က ယိုင်လဲတော့မည် မဟုတ်ချေ။ သူက အမှားအမှန် ခွဲခြားနိုင်ပြီး မြူနှင့် ကာနေသော အရာအားလုံးကို ကျော်ဖြတ်မြင်နိုင်ကာ ကိုယ်ပိုင်ကမ်းခြေကို လှမ်းမြင်နိုင်ပေလိမ့်မည်။
ထိုဖြစ်စဥ်အရ ၄င်းက ခန္ဓာကိုယ်အရေပြားကို ပြောင်းလဲယုံသာမကဘဲ စိတ်ဝိညာဥ်ကိုပါ အဆင့်မြှင့်တင်ခြင်းဖြစ်သည်။ စိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်က တစ်သားထဲဖြစ်သွားပြီးနောက် အကန့်အသတ်အားလုံးကိုကျော်ဖြတ်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို အဆင့်တစ်ခုအထိ ရောက်သွားစေမည်ဖြစ်သည်။
ထို့နောက် မူလဇစ်မြစ်သို့ ပြန်သွားပြီး သူတို့၏ အုတ်မြစ်ကို ပြန်ရှာရမည် ဖြစ်သည်။ နတ်တံတားက သက်တန့်ရောင်တိမ်စိုင်အလား ဒုက္ခဆင်းရဲပင်လယ်တစ်ခုလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပေလိမ့်မည်။ ယင်းက ဒုက္ခဆင်းရဲပင်လယ်၏ စတုတ္ထအဆင့် မျက်နှာချင်းဆိုင် ကမ်းစပ် ဖြစ်သည်။
မျက်နှာချင်းဆိုင် ကမ်းစပ်ဆိုသည့် ဒုက္ခဆင်းရဲပင်လယ်၏ အခြားတစ်ဖက်သို့ ရောက်သွားပြီးနောက် ကျင့်ကြံသူ၏ အသွေးနှင့်အသား ကိုယ်တွင်းအင်္ဂါအရိုးများအားလုံးက ခြောက်သွေ့ညှိုးနွမ်းသွားပြီးနောက် ပြန်လည်မွေးဖွားသလို တစ်ဖန် ပြန်လည်ရှင်သန်လာကာ အရာအားလုံးက ထပ်ခါတလဲလဲ ဖြစ်ပေါ်လာမည်ဖြစ်သည်။
ထိုနည်းအားဖြင့် ကိုးကြိမ် ဆက်တိုက်ဖြစ်ပြီးလျှင် ပိုးတုံးလုံးမှ လိပ်ပြာအဖြစ် ပြောင်းလဲမွေးဖွားလာသလိုမျိုး ပြီးပြည့်စုံသွားမည် ဖြစ်သည်။
ဒုက္ခ ဆင်းရဲပင်လယ်၊ အသက် စမ်းရေ၊ နတ်တံတား၊ မျက်နှာချင်းဆိုင် ကမ်းစပ်ဆိုသော အဆင့်လေးဆင့်က တစ်ခုနှင့်တစ်ခု သီးသီးသန့်သန့် ကွဲပြားနေသည့်အရာလေးခုဖြစ်ပြီး ကောင်းကင်နှင့် မြေပြင်ကဲ့သို့ ကွာခြားသည်။ ကျော်ဖြတ်နိုင်ရန်လည်း အလွန်အမင်းခက်ခဲပြန်သည်။ မဟာနယ်မြေကြီး တစ်ခုချင်းစီတိုင်းက လုပ်ဆောင်ရမည့် အသေးစိတ် အချက်အလက်ပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် အလွန်အမင်း ခက်ခဲသည်။
“ကြည့်ရတာ အသက် စမ်းရေကန်ဆိုတဲ့ ဒုတိယအဆင့်ကို ရောက်ပြီးနောက်မှာ နတ်သက်တန့်ရောင် တိမ်စိုင်ကို သုံးပြီး ခရီးသွားနိုင်လိမ့်မယ်။ ဒုက္ခဆင်းရဲပင်လယ်အဆင့်က ကျင့်ကြံသူတစ်ယောက်ကို သတ်ဖို့ဆိုရင် ပုရွတ်ဆိတ်တစ်ကောင်ကို သတ်ရသလို လွယ်ကူနေမှာပဲ။”
ယဲ့ဖန်းက တုန်ရီသွားသည်။ သူက အသက်စမ်းရေကန်အဆင့်မှ အကြီးအကဲ ဟန်ကို တွေးမိလိုက်သည်။
နယ်မြေကြီး လေးခုကြားတွင် ကွာခြားမှုက အလွန်အမင်း ကြီးမားပြီး ကောင်းကင်နှင့် မြေပြင်ကဲ့သို့ ထင်ရသည်။
ယဲ့ဖန်းက လက်ရှိ အချိန်တွင် ဒုက္ခဆင်းရဲပင်လယ်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ ဖွင့်ထားသည့် ဒုက္ခဆင်းရဲရွှေရောင်ပင်လယ်က အလွန်အမင်း သေးငယ်သည်။ ပုရွတ်ဆိတ် အရွယ်အစားသာ ဖြစ်သည်။
ယဲ့ဖန်းက စိတ်ဓာတ် မကျချေ။ မည်သို့ပင်ဖြစ်စေ သူက ကျင့်ကြံကာစ ဖြစ်သည်။ အချိန်က တိုလွန်းသည်။ အချိန်တိုအတွင်း အောင်မြင်မှု ကြီးကြီးမားမားရရှိရန် မလွယ်ကူသေးချေ။ ပို၍ဆိုးသည်မှာ သူ၏ ဒုက္ခဆင်းရဲပင်လယ်က တခြားသူများနှင့် မတူချေ။ တလက်လက် တောက်ပနေသေးသည်။
အနည်းငယ်သော သေဆုံးခြင်း အရှိန်အဝါမျိုး မရှိသေးချေ။ သူက ဖွင့်လိုက်သည့် အချိန်တိုင်းလိုလို ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါနိုင်စွမ်းရှိပြီး ရွှေရောင်သမုဒ္ဒရာကြီးက ရေလှိုင်းများအပြည့်ဖြင့် လှုပ်ခါနေလေ့ ရှိသည်။ ဤနည်းအားဖြင့် သာမန်မဟုတ်ချေ။
ထိုနောက် ယဲ့ဖန်းက အကြီးအကဲ ဟန် ၏မြေး ဟန်ဖေးယီ အကြောင်း တွေးမိသွားသည်။ သူ၏ အသက် နတ်စမ်းရေက အပြင်သို့ မထွက်လာသည့်အပြင် ဒုတိယအဆင့်သို့ မရောက်သေးသည့်တိုင် သူက အစိမ်းရောင်သစ်သားရတနာ ချိတ်စည်းတံဆိပ်ကို အသုံးပြုနိုင်ခဲ့သည်။ ဒုက္ခဆင်းရဲပင်လယ်အဆင့်တွင် ရှိသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထိုရတနာက ထိန်းထားနိုင်စွမ်းအား ရှိသည်။ ယဲ့ဖန်းက အရာအားလုံးက အိမ်မက်ကဲ့သို့ပင် ခံစားနေရသည်။
တာအိုကျမ်းစာပိုဒ်ထဲမှ ပြန်လည်မွေးဖွားခြင်း ထိုစာလိပ်က လျှို့ဝှက်ဆန်းကြယ်သလို အဆင့်အတန်းမြင့်မားပြီး မှော်ဆန်နေသည့် ရှေးဟောင်းစာလိပ်ကြီးနှင့်တူသည်။ သူ၏ နှလုံးသားထဲတွင် အဖြေထွက်သွား ဖြစ်သည်။ ယင်းက အထွတ်အမြတ် မြစ်တစ်စင်းက စီးထွက်လာမည့် ကောင်းကင်နှင့်မြေပြင်ကို ဟက်တက်ခွဲတော့မလို အတိတ်ကို ပြောင်းပြန်လှန်ပြီး အရာအားလုံးကို နားလည်နိုင်စွမ်းအား ရှိသလို ခံစားလိုက်ရသည်။
ကျင့်ကြံခြင်းတွင် အသေးစိတ် အချက်အလက်များဟူ၍ မရှိချေ။ သို့သော် ထိုသို့ ကူညီထောက်ပံ့ခံရခြင်းကလည်း သူ့ကို အကျိုးကျေးဇူးများစွာ ရရှိစေပြီးဖြစ်သည်။ အခြေအနေတစ်ခုလုံးကို သူက ဖမ်းဆုတ်လိုက်နိုင်သည့်အတွက် ဦးတည်ရာဘက်တစ်ခုကို ရွေးချယ်နိုင်သွားပြီး ပို၍ နားလည်သွားစေသည်။ ဤနည်းအားဖြင့် ရှေးဆက်ပြီး မည်သို့ လျှောက်လမ်းရမည်ဖြစ်ကြောင်း နားလည်သွားသည်။
“အရင်က ကျင့်ကြံထားတဲ့ တာအိုကျမ်းစာပိုဒ်နဲ့ မတူတာတွေ ရှိနေတာပဲ။”
ယဲ့ဖန်းက ယေဘုယျ အချက်အလက်များကို ဖမ်း​ဆုတ်နိုင်သွားပြီး ဂရုတစိုက်ဖြင့် လေ့လာကြည့်လိုက်ကာ ရုတ်တရက် ပုံမှန် မဟုတ်သောအချက်ကို သိလိုက်သည်။
ရွှေရောင်စာမျက်နှာတွင် မှတ်တမ်းတင်ထားသော လျှို့ဝှက်ဆန်းကြယ်သည့်သိုင်းက သူ ယခင် ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူတွင် ကျင့်သော တာအိုကျမ်းစာပိုဒ်ထဲမှ အချက်အလက်များနှင့် ကွာခြားနေကြောင်း သိလိုက်ရသည်။ သို့သော် ရှေ့ဟောင်း စကားလုံးများပါသည့် စာကြောင်းက တူနေခြင်းဖြစ်သည်။
“ကြည့်ရတာ ဒီပျောက်သွားတဲ့ အပိုင်းကြောင့် အချို့အပိုင်းတွေကို လက်ဆင့်ကမ်းပေမဲ့လည်း မတိကျတော့​တာ ဖြစ်မယ်။”
ယဲ့ဖန်းက စိတ်ထဲတွင် ပျော်သွားသည်။ သူက ဒီစာရွက်ကို မတော်တဆရခဲ့ခြင်းကြောင့်မဟုတ်လျှင် ဘယ်သောအခါမှ သိလိမ့်မည် မဟုတ်ချေ။
“ငါ ဒါကို အမှန် ပြင်လို့ ရနေသေးတာပဲ။ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းကို ပြီးပြည့်စုံအောင် လုပ်ရအောင်။”
ယဲ့ဖန်းက သူ ပြောသည့်အတိုင်း လုပ်သည်။ သူက ချက်ချင်းလိုလို လျှို့ဝှက်ဆန်းကြယ်သောသိုင်းကို ကျင့်ကြံတော့သည်။
ထိုသို့ဖြင့် သူ၏ စိတ်ထဲ နှလုံးသားထဲတွင်လည်း ထူးခြားသည့် ခံစားချက်တစ်ခုက ဖြစ်သွားသည်။ သူ၏နှလုံးသားက ဗလာဖြစ်သွားသလို ဖြစ်သွားသည်။ လျှို့ဝှက်ဆန်းကြယ်သောသိုင်းကို အမှန် ပြန်ပြင်ကာ ကျင့်ကြံပြီးနောက် ဒုက္ခဆင်းရဲပင်လယ်ထဲမှ ထွက်လာသည့် ရွှေရောင်အပ်ချည်မျှင် အရေအတွက်က ပို၍ များလာသည်။ သူတို့က သူ၏ ခြေလက်များနှင့် အရိုးများထံ တိုးဝင်သွားပြီး တစ်ကိုယ်လုံးကို သက်တောင့်သက်သာ ဖြစ်သွားစေသည်။
သူ၏ အသွေးအသား ကိုယ်တွင်းအင်္ဂါနှင့် အရိုးများအားလုံးက အားဖြည့်ပေးခံရသလိုဖြစ်သွားသည်။ ထိုတခဏတွင် သူ​​က မမောမပန်းနိုင်အောင် များပြားသည့်စွမ်းအားများကို ပိုင်ဆိုင်လိုက်ရသလို ဖြစ်သွားသည်။
တစ်ချိန်တည်းတွင်ပင် ယဲ့ဖန်း၏ ဒုက္ခဆင်းရဲ ရွှေရောင်ပင်လယ်၏ အထက်ကောင်းကင်တွင် ထူးခြားမှုတစ်ခုဖြစ်လာသည်။ ထူးဆန်းသော ပြောင်းလဲမှုကြီး တစ်ခု ဖြစ်လာခြင်း ဖြစ်သည်။ နတ်အလင်းတန်းများစွာက ထွက်ပေါ်လာသည်မှာ အစပိုင်းတွင် ကြယ်ရောင်များကဲ့သို့ ထင်ရသည်မှာ များသည်ထက် များပြားလာသည်။ ထို့နောက် သူ ရှူသွင်းရှူထုတ် လုပ်နေသည့် ချီစွမ်းအင်များက ပျောက်ကွယ်သွားပြီး မြူထုများအဖြစ် ပြောင်းလဲသွားသည်။ ဤနည်းအားဖြင့် နဆ်အလင်းတန်းများက ထိုမြူထုများအတွင်းသို့ တောက်ပလာသည်။ ထိုသို့ဖြင့် တိကျသောပုံပန်းသွင်ပြင် မပေါ်လာဘဲ ပြောင်းလဲမှု ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။
ဒုက္ခဆင်းရဲပင်လယ်၏ အပေါ်ဘက် ကောင်းကင်က ဆက်တိုက် ပြောင်းလဲနေသည်။ တခဏအတွင်း ကောင်းကင်တွင် ကြယ်အပြည့် ရှိနေပြီး နောက်တခဏအတွင်း တိတ်ဆိတ်သွားသည်။
ထိုသို့ဖြင့် အမျိုးမျိုးသော ပြောင်းလဲနေခဲ့ပြီး ပျက်စီးခြင်းနှင့် ပေါ်ထွက်လာခြင်းက ဆက်တိုက်ဖြစ်ပေါ်နေခဲ့ကာ ပြန်လည် မွေးဖွားနေသလို ဖြစ်နေသည်။
” ဒါက အစစ်အမှန် တာအိုကျမ်းစာပိုဒ်ကြောင့် ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုလား .. ။”
ယဲ့ဖန်းက အလွန် အံ့အားသင့်သွားသည်။ ထိုတခဏအတွင်း ကောင်းကင်နှင့် မြေပြင်ရှိ စွမ်းအားအပြည့်ရှိနေသော ထိုချီပေါင်းများစွာက ပေါင်းစပ်နေပြီး ပြန်လည်မွေးဖွားသလို ခံစားလိုက်ရသည်။ သူက စကြာဝဋ္ဌာကြီးထဲမှ အသက်ကင်းမဲ့နေသည့်အရာအားလုံးနှင့် သက်ရှိစွမ်းအင်များအားလုံး၊​ ကြယ်စင်ကောင်းကင်များ အားလုံးကို နားလည်သွားသည်။
အချိန်အတန်ကြာမှသာ အရာအားလုံးက တည်ငြိမ်သွားသည်။ ဒုက္ခဆင်းရဲပင်လယ်က တစ်ဖန်ပြန်လည် သိပ်သည်းသွားပြန်သည်။ အတိတ်တွင် လမင်းကဲ့သို့ တောက်ပနေရာမှ ယခုအခါ နေမင်းအလား တောက်ပနေပြီ ဖြစ်သည်။ ရွှေရောင် အပ်ချည်မျှင်ပေါင်းများစွာကလည်း ပို၍ပင် တလက်လက်တောက်ပနေသေးကာ အလွန်အမင်း ပြင်းထန်သည့် အသက်စွမ်းအားများကို ပိုင်ဆိုင်ထားသည်။
“အစစ်အမှန် တာအိုကျမ်းစာက အတော်လေးကို ထူးခြားတာပဲ .. ။”
ယဲ့ဖန်းက သက်ပြင်းချသည်။ သူက ရှေ့ဆက်သွားပြီး ရှေးဟောင်း အထွတ်အမြတ်ခန္ဓာကိုယ်၏ ကျိန်စာကို ကျော်ဖြတ်လိုက်နိုင်ချင်သည်။
သို့ရာတွင် သူက ရှေ့ခေတ် ပျက်သုဥ်းခြင်း ပိုင်နက်နယ်မြေထဲတွင် အလားတူ ရှေးဟောင်းကျမ်းစာပိုဒ်များ ရှိနေပြီး ဒီလို တာအိုကျမ်းစားပိုဒ်နှင့်ယှဥ်နိုင်သော သိုင်းများစွာ ရှိနိုင်ကြောင်း ခံစားမိသည့်အတွက် ကျေနပ်ရောင့်ရဲမှု မရှိသေးချေ။
အားလုံးက အလွန်အမင်း အဆင့်မြှင့်နေနိုင်သည်။ မပျောက်ပျက်သေးဘဲ အပြည့်အဝရှိနေသေးသည့် သိုင်းများလည်း ရှိနိုင်သေးသည်။
လက်ရှိအချိန်တွင် ထိုသိုင်းများက ရှေးခေတ် မိသားစုကြီးများနှင့် တော်ဝင်မိသားစုများထဲတွင်သာ ရှိနိုင်လေသည်။
” လက်ရှိ အချိန်မှာ ငါ အခု ကျင့်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့သိုင်းက အခြားသူတွေထက် မဆိုးတော့တာပဲ တော်လှပြီ။ ဒီတော့ ငါ့ရဲ့ စမှတ်က အခြားသူတွေထက် မနိမ့်ကျဘူး။”
ယဲ့ဖန်း၏ မျက်ဝန်းက တောက်ပလာသည်။
” ငါ ဒုက္ခဆင်းရဲပင်လယ်ကို ရအောင် ဖွင့်နိုင်ရမယ်။ ဒီလိုနဲ့ နတ်စမ်းရေကန်ကို ထွက်ပေါ်လာစေပြီး ကောင်းကင်နှင့် မြေပြင်ကို တံတား ဆက်သွယ်လို့ တခြားတစ်ဖက်ကို ရောက်နိုင်ရမယ်။ ဒီလိုနဲ့ ငါ ကိုးကြိမ်ဆက်တိုက် မွေးဖွားလာပြီးရင် ပိုးတုံးလုံးလို အချုပ်အနှောင်က လွတ်မြောက်ပြီး လိပ်ပြာဖြစ်နိုင်ပြီ။”
အပိုင်း ( ၇၄ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset