Chapter – 120 မိုးပြာရောင်သိမ်မွေ့ ပင်
ချန်ရှန် ဆေးဘုရင် ခြံဝန်းသို့ ပြန်လာခဲ့တယ် ။ ခြံဝန်း ငယ်လေးထဲ တွင်းလေးတစ်ခုတူးကာ မိုးပြာရောင် သိမ်မွေ့ သီးကို မြုပ်လိုက်တယ် ။ ထို့နောက်မှာတော့ နဂါးတံတွေး အား အစက်ချကာ လောင်းလိုက်ပါတယ် ။
နဂါးတံတွေး ပုလင်း ၅ ပုလင်းဟာ အပင် ကောင်းစွာ ရှင် သန် ဖွံ့ ဖြိုးနိုင်ရန် လုံလောက်နိုင်မှာပါ ။ အနည်းဆုံး တော့ အသီးမသီးတောင် အပင်တော့ ကောင်းကောင်း ဖြစ် မှာပါ ။ တကယ်လို့ ဒီကိစ္စသာ မအောင်မြင်ပါက သူ ၂ နှစ် လုံးလုံး စုဆောင်းခဲ့ရသော နဂါးတံတွေး များအားလုံး အလ ကား ဖြစ်ပါပေလိမ့်မယ် ။
ချန်ရှန် သူ၏ အခန်းသို့ ပြန်လာတယ် ။ ချီဒြပ်စင်ဆေး ၁၀ လုံးကို ထုတ်ကာ ကြည့်လိုက်တယ် ။ ယခု ချီဒြပ်စင် ဆေးဟာ အဆင့်မြင့် ဝိဉာဉ်တော် အမျိုးအစား ဆေး ဖြစ် ပါတယ် ။ ဒါပေမယ့်လည်း ၄င်းဟာ ချန်ရှန် အပေါ် သိပ် တော့ အကျိုး သက်ရောက်မှု မရှိစေနိုင်ပါ ။ အခု သူလိုအပ် နေသော အရာမှာ အခြေခံတည်ဆောက်ရေးဆေး သာ ဖြစ် ပါတယ် ။
ဒါပေမယ့်လည်း သူဟာ ဒါကို မှီဝဲနေရတုန်းပါပဲ ။ တစ်ခါ သောက်လျှင် သုံးလုံးဖြင့် ကျင့်စဉ်များကို ကျင့်ကြံ လျက်ရှိတယ် ။
ချီဒြပ်စင်ဆေးဟာ ချီဓာတ်ဆေးထက် ဆယ်ဆမျှ ဈေး ကြီးပါတယ် ။ ချီဓာတ်ဆေးကို သလင်းကျောက် ၅၀၀၀ ဖြင့် ၀ယ်နိုင်တာဖြစ်ပြီး သာမန် အတွင်းစည်းတစ်ယောက်ဟာ သလင်းကျောက် ၃၀၀၀ သာ တစ်နှစ် မှာ ရရှိတာ ဖြစ်ပါ တယ် ။ ဒါကိုကြည့်ခြင်းအားဖြင့် ချီဒြပ်စင်ဆေးဟာ ဘယ် လောက် တန်ဖိုး ကြီးမှန်း တွက်ဆနိုင်ပါတယ် ။ ဒါ့အပြင် ဒီ ဆေးကို ဂိုဏ်းမှ လည်း လိုအပ်နေလျက်ရှိပြီး ၎င်း တို့ ရဲ့ ဂိုဏ်းသားများ လျင်မြန်စွာ တိုးတက်လာကြစေရန် ဖြစ်ပါ တယ် ။ ဂိုဏ်းသားများအား မစ်ရှင်များ ပြီးပါက ဆု အဖြစ် လည်း ပေးတတ်ကြပါသေးတယ် ။
မျက်တောင် တခတ် အချိန် မှာပဲ ၁၀ ရက် ခန့် အချိန် ကုန်ဆုံးသွား ပြီ ဖြစ်ပါတယ် ။ ချန်ရှန် ဟာ ချီဒြပ်စင် ဆေး ၁၀ လုံးကို သောက်ကာ သူ၏ စစ်မှန်သော အဖြူရောင် ကျားပုံ သေချာစွာ ပေါ်စေရန် ဖိနှိပ်ခဲ့ပါတယ် ။ ဒါပေမယ့် လည်း အနည်းငယ်သာ တောက်ပအောင် လုပ်နိုင်ခဲ့ပြီး ဒါ ကို ကြည့်ခြင်းဖြင့် စစ်မှန်သော သိုင်းပညာနယ်ပယ်ရောက် ရန် ချီဓာတ် များစွာ လိုအပ်လှတယ် ဆိုတာကို တွေ့ နိုင်ပါ တယ် ။ ယခု လျို့ ဝှက် ဆန်းကြယ်နယ်ပယ်တွင် ဝိဉာဉ် တော် ချီဓာတ်များစွာ ရှိပြီး ချန်ရှန် ဟာ ၂ နှစ်တာလောက် စုပ်ယူခဲ့ပါတယ် ။ ဒါတောင်မှပဲ သူ့မှာ စစ်မှန်သော ချီဒြပ်စင် အစေ့ လေး ၂ စေ့ကိုသာ လင်းလက်စေနိုင်ခဲ့ပါတယ် ။ ထိုမျှ မကသေး တွင်းနက်ကြီးထဲမှ ဂိုဏ်းချုပ်ဟောင်းကြီး ကြောင့်သာ ယခုလို လုပ်နိုင်ခြင်းဖြစ်ပြီး သူ့ဟာသူ အပြင်မှာ သာဆိုပါက အနည်းဆုံး ၁၀ နှစ်ခန့် ကြာမြင့် မှာ ပဲ ဖြစ်ပါတယ် ။
သူ့မှာ ယင် နဲ့ ယန် နတ် အတွင်းအားများရှိပြီး ထိုက်ကျိ နတ်နဂါး ကျင့်စဉ်ကို လည်း အသုံးပြုနိုင်ပါတယ် ။ ဒါကြောင့် သူ၏ ဝိဉာဉ်တော် ချီဓာတ် စုပ်ယူမှုဟာ သာမန် လူထက် အဆများစွာ ပိုပါတယ် ။ ဒီလိုဖြစ်တာတောင်မှ စစ်မှန် သော သိုင်းပညာနယ်ပယ်သို့ ရောက်ရန် အချိန်များ စွာ ကြာမြင့်ဦးမှာပါ ။ မည်သည့် ဆေးအကူအညီ အထောက်အပံ့မျှ မပါပဲ လေ့ကျင့်မည်ဆိုပါက နှစ်တစ်ရာ ထက်ပင် ပိုမိုကြာမြင့်မှာပဲ ဖြစ်ပါတယ် ။
ချန်ရှန် ဟာ အခုတော့ ကောင်းကောင်း နားလည် သွား ပါပြီ ။ ဘာကြောင့် အဆင့် ၁၀ ဆိ်ုသည့် ပညာရှင်များဟာ များစွာရှိပြီး စစ်မှန်သော ပညာရှင်ဆိုတာ အနည်းငယ်ပဲ ရှိ လဲ ဆိုတာကို ပါ ။ အသက်ငယ်ငယ်လေးနဲ့ အဆင့် ၁၀ ရောက်ရှိသည် ဆိုသည့် လူငယ်လေးများ အကြောင်း ကို သူ အများကြီး ကြားဖူးခဲ့ပါတယ် ။ ဒါပေမယ့် ထိုလူများဟာ နောက်ဆုံးမှာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို မရောက် ရှိနိုင်ကြတောပါဘူး ။ အဆင့် ၁၀ လူအိုကြီး များ အဖြစ်သာ သေဆုံး သွားကြရပါတယ် ။
“ရှောင်ဒို နဲ့ ဇုရွန် တို့ ကို သူ့မိသာားစုက သည်းသည်း လှုပ် မဖြစ်တာလည်း အံ့သြစရာတော့ မဟုတ်ပေဘူး ။ ဘာလို့လဲဆိုတော့ အဆင့် ၁၀ ရောက်တယ် ဆိုတာ တကယ် ကို လွယ်ကူ ရိုးရှင်းတာကိုး ။ အခုငါတောင်မှ ဒီ လို စစ်မှန်တယ့် နယ်ပယ်ရောက်ဖို့ အနည်းဆုံး ၁၅ နှစ် လောက်တော့ ကြာပေဦးမှာ ၊ ရှန်းရှန်း ကတော့ လွန်ခဲ့တဲ့ ၂ နှစ်ထဲက နယ်ပယ်ထဲ ရောက်ပြီးသွားပြီ ၊ ဘယ်လိုတောင် စွမ်းတာပါလိ့မ်ကွာ”
ချန်ရှန် သူ့ကိုယ်သူ ပြန်ပြောနေမိတယ် ။
“ငါထင်တယ် ၊ ရှန်းရှန်း မှာလည်း နတ်အတွင်းအား သွေးကြောတွေ ရှိမယ် ။ ဒါကြောင့် နတ်ကျင့်စဉ်တွေ ကျင့် နိုင်တာပဲ ။ သူမဟာ ကောင်းကင် နတ်လက်နက် အင်ပါ ယာ ဧကရီ ရဲ့ တပည့်တစ်ယောက်လည်း ဖြစ်တာကြောင့် သူမမှာ အခြေခံ တည်ဆောက်ရေးဆေးတွေ များစွာ ရှိလိမ့် မယ် ။ ဒါကြောင့် ပဲ သူဟာ လျင်လျင် မြန်မြန် တိုးတက်သွား တာ”
စုမေးယို က ပြောပြပါတယ် ။
ချန်ရှန် ဟာ လွန်ခဲ့တယ့် ၂ နှစ်ထဲက သတင်းအချို့ ကြားခဲ့ပါတယ် ။ ရှန်းရှန်း ဟာတံခါးပိတ် ကျင့်စဉ် ကျင့်နေ သလို လန်ယုလန်ဟာလည်း လျို့ ဝှက်လှတယ့် လမ်းညွှန် မှု အောက်မှာ ရောက်ရှိနေတယ် ဆိုတယ့် သတင်းပါ ။ ဒါကြောင့် ချန်ရှန် ဟာ ၎င်းတို့နဲ့ တွေ့ ဖို့ တော်တော် ခက်ခဲ လှပါတယ် ။
“ဟို မိန်းမရိုင်း ဆေးဆရာမကြီး ကလည်း ဘယ်တော့ မှ ထွက်လာမလဲ မသိသေးဘူး ။ သူမကို တည်ဆောက် ရေးဆေးလေး နှစ်စုံစာလောက် အကူအညီ တောင်းမလို့ပါ ဆိုမှပဲ”
ချန်ရှန် ရုတ်တရက်ပဲ လျို့ ဝှက်ဆန်းကြယ်လှတဲ့ မိန်းမ ကို သတိရသွားမိတယ် ။
သိပ်မကြာသေးခင်အချိန်က ချန်ရှန်ဟာ သတင်း တစ် ခု ကြားခဲ့ပါတယ်။ ပြင်းထန်သော သိုင်းပညာဂိုဏ်းမှာ သိမ် မွေ့ အဆင့် ဆေးတွေ ပြတ်နေပြီ ဆိုတာပါပဲ ။ အဓိကက တော့ ဆေးပင်တွေ ရှားကုန်လို့ပါ ။ ဒါ့အပြင် ဒီလို အဆင့် ဆေးဟာ လုပ်ရန် အရမ်းခက်ခဲပြီး အလွယ်တကူ ကျရှုံးစေ ပါတယ် ။ တကယ်လို့ ဆေးပင် စုဆောင်းမိမယ် ဆိုရင် တောင် ဆေးလုပ်ရာတွင် မအောင်မြင်ပါက အချည်းနှီး ဖြစ် မည်သာ ဖြစ်ပါတယ် ။
ဒါကြောင့် ဂိုဏ်းများမှ ပညာရှင်များဟာ သလင်း ကျောက်များကို စုဆောင်းကာ ဒန်ရှန် တောင်ယွမ် သို့ သွား ရန် ကြံစည်နေကြပါတယ် ။ ထိုနေရာဟာ ဆေးပညာရှင်တို့ စုဝေးရာဖြစ်ပေမယ့် သိမ်မွေ့ အဆင့် ဆေးဟာ ဈေးကြီးမြင့် ဆဲပါပဲ ။ ဒါပေမယ့် များစွာတော့ ရှိပါတယ် ။ ဆေးပညာ ရှင်ဘိုးအေကြီးများကြောင့် ကျရှုံးတယ့် အရေအတွက် ဟာ နည်းလွန်းလှပါတယ်။ ဒါကြောင့်ပဲ ဒန်ရှန် တောင်ယွမ် ကို တခြားဂိုဏ်းများစွာက လေးစားကြခြင်းပါ ။
ချန်ရှန် ခြံဝန်းငယ်လေးထဲသို့ ရောက်လာတယ် ။ ရုတ်တရက်ပဲ မြေကြီး ပေါ်သို့ ဖုထွက်နေတယ့် အရာတစ် ခု ကိုတွေ့ တာကြောင့် ၀မ်းသာအားရဖြင့် –
“ဟဟ ၊ အောင်ပြီကွ ၊ ငါတော့ အသီးတွေ အများကြီး ရတော့မယ်”
ချန်ရှန် ကျယ်လောင်စွာ အော်ရယ်လိုက်တယ် ။
“တိုးတိုးနေဟ”
စုမေးယို ခပ်တိုးတိုး ဟန့်လိုက်တယ် ။ ချန်ရှန်လည်း သူ၏ ပါးစပ်ကို အမြန်ပင် ပိတ်လိုက်ပါတယ် ။
ချန်ရှန် ဟာ နဂါးတံတွေး ၁ ပုလင်းသာ အသုံးပြု ခဲ့ တာ ဖြစ်ပြီး ထိုမျှဖြင့်ပင် မိုးပြာရောင် သိမ်မွေ့ အပင်ပေါက်လေး ဖြစ်လာတာပါ ။ ယခု သူ့မှာ လေးပုလင်း ကျန်နေပါသေး တယ်။
ချန်ရှန် နောက် တစ်ပုလင်းကို ဆွဲထုတ်လိုက်ပြီး ထပ်မံ လောင်းချလိုက်ပြန်ပါတယ် ။ တချိန်တည်းမှာပင် သူ၏ နတ် အတွင်းအားအာရုံများကို ဖြန့်ကျက်ကာ အပင်ပေါက် လေးအပေါ်သို့ အာရုံစိုက်ကြည့်နေမိတယ် ။ ဒီအပင်ပေါက် လေးမှ နဂါးတံတွေးအား မည်ကဲ့သို့ လျင်မြန်စွာ စုပ်ယူမလဲ ဆိုတာကို တွေ့ ချင်လို့ပါ ။
သူထင်ထားသလိုပါပဲ အံ့သြစရာကောင်းစွာပင် စုပ်ယူ မှုနှုန်းက မြန်ဆန်လှပါတယ် ။ နာရီဝက်လောက်ဖြင့်ပင် နဂါး တံတွေးအားလုံးကို စုပ်ယူသွားပြီး ဖြစ်နေပါတယ် ။ ပုံမှန် အားဖြင့် ဆိုပါက ၁၀ ရက်လောက်ကြာမြင့်မှာပဲ ဖြစ် ပါတယ် ။
နဂါးတံတွေး ရဲ့ အဓိက စွမ်းအားကတော့ ပေါများလှ တယ့် ဝိဉာဉ်တော် ချီဓာတ်များကို စုပ်ယူခွင့် ပေးလိုက် တာဖြစ်ပြီး ရှင်သန်ကြီးထွားမှုကို မြန်ဆန်စေတာပါ ။ နာရီ ၀က်ထပ်ကြာပြီးနောက်မှာတော့ အပင်ပေါက်လေးမှ ပင်ပျို အရွယ်သို့ ရောက်လာပြီ ဖြစ်ပါတယ် ။
ဒီအချက်က ချန်ရှန် ကို တော်တော် စိတ်လှုပ်ရှားစေပါ တယ် ။ သူသာ အသီးတွေ အများကြီးရပါက ရောင်းပြီး လို အပ်တယ့် ဆေးပင်တွေ ၀ယ်နိုင်မှာ ဖြစ်လို့ပါ ။
စုမေးယို ပြောပုံအရ သူအခြေခံတည်ဆောက်ရေး ဆေး ကို ပြုလုပ်နိုင်ရန် သူဟာ အနည်းဆုံး အဆင့်မြင့် ဝိဉာဉ်တော် အဆင့် ဆေးကို ပြုလုပ်နိုင်ရမှာပါ ။ တည် ဆောက်ရေး ဆေး လုပ်ဖို့က မခက်ပါဘူး ဒါပေမယ့် ဆေးပင် လိုအပ်ချက် က အဓိကပါ ။ ဒီလို မခက်လို့လဲ အဆင့် နိမ့် ဝိဉာဉ်တော် ဆေး အဆင့်သာ သတ်မှတ်ထား တာ ဖြစ်တယ် ။
နာရီဝက် ထပ်ကြာပြီးနောက်မှာတော့ ချန်ရှန် တစ်ပု လင်း ထပ်ကုန်ခဲ့ပြန်ပါပြီ ။ အခုတော့ ပင်လေးဟာ သူ့ခါး အထိ ပင် ကြီးထွား လာခဲ့ပြီ ဖြစ်ပါတယ် ။ သစ်ပင်ထိပ်ဖျား မှာ အရွက်ဝိုင်းများဟာ ရှိနေပြီး အရွက်များမှာတော့ သွေး ကြောများကို ရှင်းလင်းစွာ မြင်နေရတယ် ။ မိုးပြာ ရောင် ချီဓာတ်တွေဟာလည်း စီးဆင်းလို့နေပါတော့တယ် ။
နေ့ခင်းမှာတော့ နဂါးတံတွေးများဟာ ကုန်ဆုံးသွား ပြီ ဖြစ်ပြီး အပင်မှာလည်း လူ ၂ ရပ်စာလောက် ဖြစ်နေပါပြီ ။ ချန်ရှန် ဟာ အပင် ဒီလို ကြီးမားလာတာကို သဘော ကျ လျက် ရှိပါတယ် ။ များသောအားဖြင့် ဝိဉာဉ်တော် အပင် အများစု ဟာ လူတစ်ရပ်စာလောက်သာ မြင့်ကြတာပါ ။
“ဒါကို သာ ဆေးဆရာမကြီး မြင်သွားရင် ဒုက္ခပဲ”
ချန်ရှန် ခုတော့ စဉ်းစားရပါပြီ ။ နောက်ပြီး အပင်ဟာ လည်း အလွန်ပင် အသက်ဝင်တောက်ပကာ တမူထူးလှတဲ့ ဝိဉာဉ်တော် ချီဓာတ်များဟာ လည်း ထွက်လျက် ရှိနေပါ တယ် ။
မိုးပြာရောင် အပင်ဟာ အသီးတွေ မသီးသေးပါဘူး ။ ခုတော့ ချန်ရှန် ဟာ နဂါးတံတွေများ စုဆောင်းရပါပေတော့ မည် ။ အခုတော့ သူ၏ အားဟူသမျှအား နဂါးတံတွေး ပြု လုပ်ရန်အတွက်သာ အသုံးပြုတော့မှာ ဖြစ်ပါတယ် ။
အရင်က သူ တွင်းနက်ကြီးထဲ ရှိနေစဉ် မှာ သူ့လေ့ကျင့် မှုများအား ဂိုဏ်းချုပ်ဟောင်းမှ စောင့်ကြည့်နေသဖြင့် ၂ နှစ် အတွင်းမှာ ၅ ပုလင်းသာ စုဆောင်းနိုင်ခဲ့ပါတယ် ။ ဒါပေ မယ့် အခုတော့ အခြေအနေက ကွာခြားလှပါတယ် ။ သူဟာ တနေကုန် ဒီကျင့်စဉ်ကိုသာ ပြုလုပ်ကာ နဂါးတံ တွေးများအား ပြုလုပ်လျက်ရှိနေတယ် ။ ဒါ့အပြင် သူဟာ ယခု အဆင့် ၁၀ ပညာရှင် ဖြစ်သောကြောင့် နဂါးတံတွေး များစွာကို လျင်မြန်စွာ ပြုလုပ်နိုင်နေပြီ ဖြစ်ပါတယ် ။ ငါးရက် ဖြင့် တစ်ပုလင်းရရှိအောင်ပင် ပြုလုပ်နိုင်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ထိုပုလင်းကိုလည်း ခဏနဲ့ပင် အသုံးပြု ခဲ့ ပါတယ် ။
ငါးရက်ထပ်မံကြာပြီးနောက် နောက်တစ်ပုလင်းကို လည်း ချန်ရှန် ဟာ လောင်းချခဲ့ပြန်ပါပြီ ။ ယခုအခါ မှာ တော့ အပင်ဟာ ပန်းများ ပွင့်လန်းလာပြီ ဖြစ်ပါတယ် ။ ကြီး မားလှသော မိုးပြာရောင် ပန်းကြီးများဟာ အလွန်ပင် လှပ လှပါတယ် ။ အထူးသဖြင့် ညအချိ်န်တွင် ပိုမို လှပနေတာပါ။
ချန်ရှန် တော်တော်ကို စိတ်လှုပ်ရှားနေပါပြီ ။ သူတော့ မကြာခင် အကျိုးများစွာ ခံစားရတော့မယ် ဆိုတာကို သိ နေတယ် ။ ပန်းများဟာ အပွင့် ၂၀ သာ ရှိသော်လည်း ဒါက ပင် လုံလောက်နေပါပြီ ။
ချန်ရှန် ဒီအပင်ကို ဒီအခြေအနေထိ သာမန် စိုက်ပျိုး မယ် ဆိုပါက နှစ်ပေါင်း ၃၀၀၀ လောက် ကြာနိုင်မယ်ဟု ခန့် မှန်းမိပါတယ် ။
နောက်တစ်ခါ နဂါး တံတွေးကို အသုံးချတယ့် အခါမှာ တော့ ပန်းကြီးများဟာ ပိုးအိမ်များသဖွယ် လုံးဝိုင်းလာပြီး အသီးဟု ယူဆရမည့် အရာမျိုးဖြစ်ပေါ်လာပါတယ် ။ ချီဓာတ် များကို လည်း အပင်မှ ပိုမို စုပ်ယူလာပါတယ် ။
ငါးရက်ကြာတယ့်အခါ ချန်ရှန် ဟာ နဂါးတံတွေး တစ်ပု လင်းအား ပြုလုပ်ပြီး ဖြစ်နေပါတယ် ။ ယခု အသုံးချမည့် အချိန်မှာတော့ သူ့လက်များဟာ တုန်ခါနေလျက်ရှိပြီး သူ ဟာ လောင်းချပြီးတာနဲ့ စိုက်ကြည့်နေမိတယ် ။ သူ့မျက်နာ မှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေပြီး ပန်းများဟာလည်း မိုးပြာရောင် မီးအ်ိမ်များနှင့်ပင် တဖြည်းဖြည်း တူလာကြပါ တယ် ။
အချိန် အနည်းငယ် ကြာတယ့် အခါမှာတော့ ချန်ရှန် အကိုင်းများကို ကြည့်လိုက်တယ့် အခါ မိုးပြာရောင် သိမ် မွေ့ သစ်သီးနဲ့ တူလှသော မိုးပြာရောင် ကျောက်တုံးကြီး ဟာ ညအခါမှာ ကြယ်တွေနဲ့ အပြိုင် လင်းလက်လျက် ရှိ နေတာကို တွေ့ လိုက်ရပါတယ် . . . ။