Switch Mode

Chapter – 119

အပင်စိုက်ခြင်း

Chapter – 119 အပင်စိုက်ခြင်း

ကြီးမားလှတယ့် ပထမအဆင့် အတွင်းစည်းခြံဝန်း ကြီးဟာ တခဏအတွင်းမှာပဲ စိစိညက်ညက် ကြေသွား ရ ပါပြီ။ စိတ်ကြီးဝင်လျက်ရှိပြီး စဉ်းစားဆင်ခြင် ဉာဏ်မရှိ သော ထောင်းပေါင်းများစွာ ရှိသည့် ဂိုဏ်းသားများမှာ လည်း ငိုနေကြလျက်ပါ ။ ခုနကပဲ ချန်ရှန် ဟာ သူ၏ ပြင်း ထန်လှသော ချီဓာတ်များကို ပြည့်ဝ စွာ အသုံးချလိုက်ကာ ကောင်းကင်ဖြိုပုံဆောင်ခဲကို ပြုလုပ်လိုက်တာ ဖြစ်တယ် ။ ၎င်း ၏ အားအင်ဟာ အလွန် ပင် ပြင်းထန်လှပြီး ကြောက် မက်ဖွယ် ကောင်းလှပါတယ် ။ ထိုမျှမကသေး မည်သည့် ငယ်ရွယ်သော မျိုးဆက်သစ် နောက်လိုက်မျှ မပြုလုပ် နိုင် သည့် ချီငွေ့ များကို အသုံးပြုကာ နောက်ထပ် ပုံဆောင်ခဲ အား ချပစ်လိုက်ပါသေးတယ် ။
“ဒါ . . . ဒါ လူတစ်ယောက် လုပ်တာမှ ဟုတ်ရဲ့ လား”
အတွင်းစည်း လူတစ်ယောက်ဟာ သူ၏ မျက်လုံးကို ပင် မယုံနိုင်ဟန်ဖြင့် ပြောလိုက်တယ် ။ လူတိုင်းဟာ လည်း ထိုအတွေးမျိုး ပင် ၀င်ကာဖြင့် ကြောက်လန့်နေကြတယ် ။
“ရိုရူ ဒီကောင်လေးက တော်တော် စွမ်းတယ်ကွ”
ဇုရွန် ချစ်စဖွယ် ကောင်မလေး တစ်ယောက်၏ ခေါင်း ကို ပုတ်ကာ ဂုဏ်ယူဟန် ဖြင့် ပြောလိုက်ပါတယ် ။
“တော်တော့ ကို စွမ်းလွန်းတာပါ ။ သူ့ အဆင့် ဟာ စစ် မှန် သော ပညာရှင် နီးပါးပဲ”
ဇုရိုရူ သူမ၏ ကြည်လင်လှသော မျက်လုံးများဖြင့် ချန် ရှန် ကို ကြည့်နေပါတယ် ။ ထို့နောက် ပြုံးကာဖြင့် –
“အကိုတော် ၊ အကိုတော်ကတော့ ကြောက်စရာ သူ ငယ်ချင်းကို ရရှိထားတာပဲ”
“ဒါပေါ့ကွ”
ဇုရွန် ၀မ်းသာအားရဖြင့် ချန်ရှန် ဆီသို့ ပြေးသွားတယ် ။
ရှောင်ဒို ကလည်း သူ၏ အမ အင်္ကျီစကို ဆွဲကာ –
“အမတော် ၊ သူက အမတော် ထက် အများကြီး ငယ် ပေမယ့် တစ်ခါလောက်တော့ သူနဲ့ ဆုံပေးဖို့ ကျွန်တော် စီ စဉ်ချင်တယ်”
ရင့်ကျက်ပုံပေါ်လှတယ့် ယန်စုရီ ပါးစပ် အဟောင်းသား ပွင့်ကာ နေဆဲပါ ။ ထို့နောက်မှာတော့ လေကို တ၀ ရှူရှိုက် ကာဖြင့် –
“မေ့လိုက်ပါကွာ ၊ ဒီလို လူမျိုးက သိပ်ကြောက်စရာ ကောင်းတယ် ။ သူနဲ့ ငါက ဘယ်လိုမှ မလိုက်ဖက်ပါဘူး”
ရှောင် ဒို လည်း လျာထုတ်ကာဖြင့် ချန်ရှန် ဆီ ပြေး သွားပါတော့တယ် ။
ယခုအခါ ဆူဝဲလောင်မှာလည်း ချန်ရှန် ၏ အင်အား ကို နက်ရှိုင်းစွာ သဘောပေါက်သွားပြီ ဖြစ်ပါတယ် ။ ချန်ရှန် နား ရောက်တယ့် အခါမှာတော့ –
“တော် ပါ ပေ တယ် ကွာ”
ချန်ရှန် လည်း ရယ်မောကာ နေလိုက်တယ် ။ ထိုအချိန် မှာ သူဟာ အတော် ကို ပင်ပန်းနေပြီ ဖြစ်ပါတယ် ။ သူ၏ ချီဓာတ်များစွာမှာ ကုန်သလောက်နီးပါးဖြစ်နေတာပါ ။
ရှောင်ဒို လည်း လဲကျနေတယ့် ရင်လင်း နဲ့ လဲ့ချီ တို့ အား ကန်လိုက်ပြီး ရယ်မောကာဖြင့် –
“သွား သောက် ကြစို့ ဗျာ”
ချန်ရှန် ဟာ အလွန်ပင် ပင်ပန်း နွမ်းနယ် နေတာမို့ ချီဓာတ်ဆေး အနည်းငယ်အား ထုတ်သောက်ကာ ရှောင်ဒို တို့ နဲ့ အတူ ထွက်သွားပါလေတော့တယ် ။
“ဂိုဏ်းချုပ် ၊ မြင်ပြီလား”
ဆရာကြီး ဝု ခပ်ပြုံးပြုံး နဲ့ ပြောလိုက်တယ် ။
“ဒီကောင်လေး ဘယ်လိုလုပ်သွားလဲ တွေ့ လား ၊ တကယ်ကို ကြောက်စရာပဲ ၊ သူဟာ အခု အတွင်းစည်း ပထမအဆင့် ခြံဝန်း တစ်ခုလုံးကို ဖျက်ဆီးသွားတယ် ။ ကျွန်တော် တို့သာ ပြန်ဆောက်မယ်ဆိုရင် သလင်း ကျောက်တုံး တန်နဲ့ ချီ ကုန်တော့မှာ ၊ ဒါတင်မကသေးဘူး သူဟာ နောက်လိုက်များစွာကိုလည်း ဒဏ်ရာရအောင် လုပ်သွားသေးတယ်”
ဂုဒွန်ချန် လည်း ခပ်ဖျော့ဖျော့ ပင် ပြုံးကာ –
“ကျွန်တော် မူလက ဒီကောင်လေး ဘယ်လို ရှုံးနိမ့် သွားမလဲ ဆိုတာကို ကြည့်ချင်နေတာ ၊ ဒါပေမယ့် သူ့ ခွန် အားဟာ ကျွန်တော်တို့ ခန့်မှန်းတာထက် အဆများစွာ ပို နေလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး ။ ဒီ ပျက်စီးမှုတွေ အ တွက် ဒီ နောက်လိုက်တွေကို ပဲ ပေးလျော်ခိုင်းလိုက်ပါ ၊ သူ တို့ မျိုးနွယ် တွေ က ချမ်းသာတယ်လေ”
ဒါသာ ၎င်းတို့ရဲ့ ဦးရီးတော်လေး မဟုတ်ပါက သူတို့ ၂ယောက် ဒီလို ကြည့်နေစရာ အကြောင်း မရှိပေ ။ ဂိုဏ်း သား များစွာ ၏ မျက်လုံးထဲတွင် ယခု တိုက်ပွဲဟာ အလွန် ကို ပြင်းထန်လှသော်လည်း စစ်မှန်သော သိုင်းပညာရှင် များ အဖို့မူ အပျင်းပြေရုံသာ ရှိပါတယ် ။ ဒါကြောင့်ပဲ ဒီလို ပညာရှင်တွေ ၏ တိုက်ပွဲများကို မမြင်နိုင်တာပါ ။ ၎င်းတို့ အချင်းချင်း တိုက်ခိုက်မည် ဆိုပါက တောနက်နက် တောင် များဆီ သွားကြတာဖြစ်ပြီး အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ကြောင့် လူများ ထိခိုက်မှာ ဆိုးသောကြောင့်ပဲ ဖြစ်ပါတယ်။
ချန်ရှန တို့ဟာ သွားသောက်ကြပြီးနောက် ပြန်လာ ကြတယ် ။ ညဟာလည်း တော်တော် နက်လျက် ရှိနေပါပြီ။ ချန်ရှန် ဆေးဘုရင်ခြံဝန်းထဲသို့ ရောက်တဲ့အခါ နားနေ ပါတယ် ။ ထို့နောက်မှာတော့ မြင်နေရတယ့် မိုးပြာရောင် သိမ်မွေ့ သစ်သီးကို ယူ ကာ သက်ပြင်းချလိုက်မိတယ် ။ ဒါဟာ အလွန် ၇ှားပါးလှသည့် အသီးဖြစ်ပြီး အခြေခံ တည် ဆောက်ရေးဆေး ပြုလုပ်ရာမှာ ပါဝင်တယ့် အဓိက ပစ္စည်း ဖြစ်ပါတယ် ။ ၎င်းကို စိုက်ပျိုးရန်မှာလည်း အလွန် ခက်ခဲ လှပြီး နှစ်ပေါင်းများစွာ ကြာမြင့်နိုင်မှာပါ ။
“ဒီလို အသီးကို လူတစ်ယောက် က စိုက်ဖို့ ဆိုတာ ဖြစ် နိုင်ပါ့မလား”
ချန်ရှန် ရုတ်တရက် အကြံရသွားတယ် ။ ထို့နောက်မှာ တော့ ပြတ်ပြတ်သားသား ပင် ထိုအသီးကို စိုက်ရန် ဆုံးဖြတ် လိုက်ပါတော့တယ် ။
“အချို့ သော ဆေးဖက်ဝင် အပင်တွေဟာ ရှင်သန်ဖို့ သီးခြား ပတ်ဝန်းကျင်တွေ လိုအပ်တယ် ။ ဥပမာ – ငရဲ ဝိဉာဉ်တော်မြက်ကိုပဲ ကြည့် ၊ ၎င်းဟာ သိပ်သည်းလှတဲ့ သေစေနိုင်သော ချီဓာတ်တွေ ရှိတယ့် နေရာမှာသာ ရှင်သန် ကြီးထွားကြတယ် ၊ ဒီအသီးကလည်း ရှေးဟောင်း သစ်ပင်လိုတွေမှာသာ ပေါက်ရောက်တယ် ။ ဒါပေမယ့် ၎င်း တို့ဟာ ပတ်ဝန်းကျင် အခြေအနေ သီးသန့် မလိုဘူး ။ ဘာ လို့လဲဆိုတော့ ၎င်းရဲ့ ဒြပ်စင်များဟာ ရှေးဟောင်း သစ်ပင် တွေကို ဖြတ်သန်းပြီးတယ့်နောက်မှာ တမူထူးခြားတဲ့ ဝိဉာဉ်တော် ချီဓာတ်များ အဖြစ် ပြောင်းလဲသွားလို့ပဲ”
စုမေးယို က ရှင်းပြပါတယ် ။
ချန်ရှန် ဟာ အဆင့်မြင့် ဆေးပညာရှင် တစ်ယောက် ဖြစ်ချင်ပါတယ် ။ ဒါပေမယ့် အဓိက လိုအပ်ချက်မှာ သူ့မှာ ဆေးပင် လုံလုံလောက်လောက် မရှိခြင်းပါ ။ သူဟာ ဆေး ဘုရင် ခြံဝန်းထဲမှာ နေနေပေမယ့်လည်း များပြားလှတဲ့ ဝိဉာဉ်တော် ဆေးပင်တွေ များစွာ ရရှိဖို့က ခက်ခဲနေတုန်း ပါ ။
သူ၏ စွမ်းအားများ တိုးလာတာနဲ့ အမျှ သူဟာ ဆေးပညာမှာ ကျင့်ဖို့ သိပ်မလိုအပ်တော့ပါ ။ အဘယ် ကြောင့်ဆိုသော် နောင် အနာဂတ် ကာလတွင် သူဟာ ဆေးများအပေါ်ကို မှီခိုနေရမှာ ဖြစ်ပြီး သူ့အတွက် ဆေးကိစ္စ များစွာကိုသာ လုပ်တော့မှာမို့ ဖြစ်ပါတယ် ။
ချန်ရှန် ဟာ နဂါးတံတွေး ကျင့်စဉ်ကို အသုံးချနိုင် တာ ဖြစ်ပြီး ယခု ကုန်လွန် ခဲ့သော နှစ်များတွင် သူဟာ နဂါး တံတွေး အချို့ ကို စုမိနေပါပြီ ။ သူ၏ စွမ်းအားတိုးတာလာနဲ့ သူ၏ နဂါးတံတွေးထုတ်လုပ်နိုင်မှုမှာလည်း ပိုမို မြန်ဆန် လာ ပါတယ် ။ သူ့မှာ နဂါးတံတွေး ငါးပုလင်းခန့်ကို စု ဆောင်းထားမိပြီးပါပြီ ။ ထို ၅ ပုလင်းလုံးအား မိုးပြာရောင် သိမ်မွေ့ သစ်သီးကို စိုက်ပျိုးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
ချန်ရှန် တစ်ညလုံး နားနေပြီးနောက် သူ၏ အားများ ပြန် လည် ပြည့်ဖြိုးလာပါတယ် ။ ထို့နောက်မှာတော့ ဆေး ဘုရင် ခြံဝန်းမှ ထွက်ခဲ့ကာ သူ၏ ပထမဆင့် ခြံဝန်းအသစ် ကို ထွက်ခွာခဲ့ပါတယ် ။
ဒီ ခြံဝန်းဟာ မူလက အဆင့် ၅၀၀ ဖြစ်ပြိး ယခုအခါ မှာ တော့ အပေါက်ဝ တွင် အမှတ် ၁၆ ဆိုသည့် ဆိုင်းဘုတ် ကို ချိတ်ဆွဲထားပါတယ် ။ ဇုရွန် ဟာ အစောကြီး ကတည်းက ရောက်နေတာဖြစ်ပြီး စောင့်နေတာပါ ။ ထို့နောက်မှာ တော့ လျင်မြင်စွာပင် ဂိုဏ်း၏ အကျိုးအမြတ်များ ရယူရန် ထွက်ခွာ သွားကြပါတော့တယ် ။
အမှတ် ၁၆ ခြံဝန်းမှာ နေခြင်းဟာ တကယ်ကို အကျိုး များလှပါတယ် ။ တစ်နှစ်လျှင် ချီဒြပ်စင်ဆေး ၅ လုံး တစ်လ လျှင် ချီဓာတ်ဆေး အလုံး ၁၀၀ ကို ရရှိပါတယ် ။ ထို့အပြင် သလင်းကျောက်တုံး ၁၀၀၀၀ ကိုလည်း ရရှိနိုင်ပါသေး တယ် ။ သူတို့ လုပ်ဆောင်ရမည့် မစ်ရှင်များဟာ ခက်ခဲ မည် ဆိုတာကို သိကြသော်လည်း ၎င်းတို့မှာ ချန်ရှန် ဆိုသည့် လူထူးဆန်း ကြီး ရှိနေသောကြောင့် စိုးရိမ်ပူပန်မှု နည်းနည်း မျှ ပင် မဖြစ်ကြပါချေ။
ဒီလို အကျိုးအမြတ်တွေ ရပြီးကတည်းက ဇုရွန် ၏ မျက်နာတွင် အပြုံးဟာ ဘယ်တော့မှ ပျောက်ကွယ် မသွား တော့ချေ။ သူအလွန်ပင် ပျော်ရွှင်နေတာပါ ။ အဘယ် ကြောင့် ဆိုသော် သူဟာ လတိုင်း ချီဓာတ်ဆေး ၁၀၀ ကို ရရှိနေလို့ပါပဲ ။
ဆူဝဲလောင် နဲ့ ရှောင်ဒိုတို့ဟာ တော်တော် သဘော ထား ပြည့်ဝ ကြပါတယ် ။ ဒါတွေ အားလုံးဟာ ချန်ရှန် ကျေး ဇူးလို့ သိကြတယ့် အတွက် ၎င်းတို့ဟာ ချန်ရှန်အား ဒြပ်စင် ဆေး ၂ လုံးစီအား ချန်ရှန်ကို ပေးကြပါတယ် ။ ဇုရွန်က တော့ တစ်လုံး သာ ပေးတာပါ ။
“ညီတော် ချန် ၊ မင်းက တကယ်ကို ကြွယ်ဝခြင်း နတ် ဘုရားလို့တောင် ခေါ်လို့ရတယ် ။ ငါမင်းကို ပိုပို ပြီး ယောက် ဖ လို့ ခေါ်ချင် လာလေ ပဲ ။ ဟားဟာားး ၊ တစ်နေ့ တော့ ငါ လဲ သလင်းကျောက်တုံးတွေနဲ့ ဆောက်တဲ အိမ်ကြီးမှာ နေရမယ်တူတယ်ကွာ”
ဇုရွန် ရယ်မောကာဖြင့် ပြောလိုက်ပါတယ် ။
“မစ်ရှင် တစ်ခုခု ရှိရင် လည်း မင်းပဲသွားလိုက်ပါကွာ ၊ မင်း တစ်ယောက်တည်း အေးဆေး လုပ်နိုင်မှာပါ”
“ဖက်တီးစုတ် ၊ ခင်ဗျား ကိုယ် ဟာ ၀ သည်ထက် ၀ လာ တယ် ။ ခင်ဗျား ကိုယ်ကြောင့် ခင်ဗျားတော့ တနေ့ ဒုက္ခ နဲ့ တွေ့ ရလိ့မ်မယ်”
ရှောင်ဒို မာန်မဲလိုက်တယ် ။
ဇုရွန် ပုံစံက တော့ ဂရု မစိုက်တယ့် ပုံစံပါပဲ ။ ပြုံးကာဖြင့် ပင် –
“မျိုးမစစ်လေး ယန် ၊ ငါ့ကိုယ်မှာ အသုံးမ၀င်တယ့် အသား မရှိဘူးကွ ။ ငါ့ကို အကြိမ်ကြိမ် ကယ်ခဲ့တာ ၊ ငါ့ ချီဓာတ်တွေကို ငါ့ အသားမှာ စုပြီး တခြားလူက ငါ့ကို ရိုက် ရင် ငါဘယ်လို နာကျင်မှုမျိုးကို မျှ မခံစားရဘူး”
“အကိုတော် ချန် ၊ သူ့ကို လက်သီး ၂ ချက်လောက် ကျွေးလိုက်စမ်းပါ ။ ဘယ်လို ဖြစ်မလဲကြည့်ချင်လို့”
ရှောင်ဒို စပ်ဖြဲဖြဲ ပြောပါတယ် ။
ဇုရွန် ကတော့ ခပ်မြန်မြန်ပင် ခုန်လိုက်ကာဖြင့် –
“အရူး ၊ ချန်ရှန် ကတော့ ခြွင်းချက်ဟေ့”
ချန်ရှန် လည်း ရယ်မောကာဖြင့် –
“ကောင်လေးတို့ ၊ မင်းတို့ အမတွေ ညီမတွေ ဘာ ပြော ကြသေးလဲ ။ ငါ့ကို ယူဖို့ စိတ်ကူးရှိကြတယ်တဲ့လား”
“မေ့လိုက်တော့ ၊ ငါ့ ညီမက မင်းမှာ သတို့သမီး ရှိတယ် ဆိုတာ သိသွားတာနဲ့ ငြင်းတာပဲဟေ့”
ဇုရွန် သက်ပြင်း ချလျက် ပြောပါတယ် ။ ဒါကို ကြည့် ချင်းအားဖြင့် သူတို့ရိုးရာမှာ သာမန်လူတစ်ယောက်ဟာ မယားသုံးယောက် နဲ့ ကိုယ်လုပ်တော် လေးယောက် ထား နိုင်သော်လည်း ကိုယ့်ညီမကိုတော့ ဒီလို အဖြစ်မခံနိုင်တာ ကို တွေ့ လိုက်ရတယ် ။
“ကျွန်တော့် အမကတော့ ခင်ဗျားဟာ သူ့ထက် အရမ်း ငယ် တယ် ။ ပြီးတော့ ခင်ဗျားက မကောင်းဆိုးဝါးလိုပဲ တဲ့ ၊ သူနဲ့ မလိုက်ဘူးတဲ့လေ”
ရှောင်ဒိုလည်း သက်ပြင်းချကာ ပြောဆိုပါတယ် ။
ချန်ရှန် ကလည်း ပြုံးကာဖြင့် –
“ကောင်းတာပေါ့ ။ မစ်ရှင် တစ်ခုခု ရှိရင် မင်းတို့ လုပ် နိုင်သလောက် လုပ်ထားကြ ၊ လုပ်လို့ အစဉ်မပြေတော့ ရင် ငါ့ကိုစောင့်ပါ ၊ ငါ ခဏလောက် တံခါးပိတ် ကျင့်ကြံစရာ ရှိ လို့”
ဆူဝဲလောင်မှလည်း –
“ငါလည်း တံခါးပိတ် ကျင့်ရမှာရှိတယ် ။ ငါ ထွက်လာ ရင် အကုန်လုပ်နိုင်မယ်လို့ သေချာ တယ် ကွာ”
ရှောင်ဒို မှာ နှုတ်ခမ်းများကို ကွေးကာဖြင့် –
“ကျွန်တော်နဲ့ အကို ဇု က လည်း ဒဏ်ရာရနေ ကြတယ် ။ ကုစားဖို့ အချိန် တချို့ လိုသေးတယ်”
ဒီလိုနဲ့ အတွင်းစည်း ပထမအဆင့် က လူတိုင်းဟာ အရေးကြီး အလုပ်တွေ ကိုယ်စီ ရှိနေကြတော့တယ် ။ အရင် က အမှတ် ၅၀၀ ခြံဝန်းမှာတုန်းကတော့ ဒီလိုတွေ မရှိ ခဲ့ပေ ။ ဒါပေမယ့် ဒီအချိန်မှာတော့ အားလုံးဟာ မရယ် မောကြတော့ပါပေ . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset