Chapter – 118 အရူးတစ်ယောက်လို
ချန်ရှန် ဟာ အရူးတစ်ယောက်လိုပင် တိုက်ခိ်ုက်ခဲ့ တာ ဖြစ်ပြီး သွေးအေးအေးဖြင့် စိုးရိမ်ပူပန်မှုမရှိတာကြောင့် သူ ၏ အားကို အပြည့်အ၀ ပြသကာ တိုက်ခိုက်နေတာပါ ။
“ငါ ဘာ စည်းမျဉ်းမှ မချိုးဖောက်ဘူး ။ မင်းတို့ သတ္တိ ရှိတယ့်ကောင် ထွက်ခဲ့ကြ”
ချန်ရှန် မျက်လုံးများမှ ဒေါသမာန် အပြည့်ဖြင့် မိုယုဝမ် တို့အား ကြည့်ပြီး ပြောနေတယ် ။
ချန်းစင်ဂျီ ကတော့ မှောက်လို့ နေပါပြီ ။ သူ၏ တစ် ကိုယ်လုံးမှာ သွေးများ ပြည့်နေပြီး မြေကြီးများ ခဲများဖြင့် ရောထွေးကာ လဲကျ ညည်းညူနေလျက် ရှိပါတယ် ။ လူ တိုင်းဟာ ခုနက တော့ ချန်းစင်ဂျီ တစ်ယောက် စွမ်းအားရှင် တစ်ယောက်လို ပုံစံကို မြင်တွေ့ ခဲ့ရပြီး ယခုအခါမှာတော့ ခွေးလေးတစ်ကောင်လို မှောက်နေတာကို တွေ့ ကြရတယ့် အတွက် ချန်ရှန် ကို တော်တော်ကြီး ကြောက်ရွံ့ နေကြပါ တော့တယ် ။
“နောက်တစ်ယောက် က ဘယ်သူလာမှာလဲ ။ ငါက တော့ ညှာနေမှာ မဟုတ်ဘူး ။ တစ်စစီ လုပ်ပစ်မှာပဲ”
ချန်ရှန် အသံအေးစက်စက် ကြီးက ကြားရတယ့် လူ တိုင်းအဖို့ ငရဲပြည်မှ နတ်ဆိုးတစ်ကောင်၏ အသံနဲ့ ပင် တူ နေပါသေးတယ် ။
ယခင်က မိုယုဝမ် တို့ဟာ ချန်ရှန် ကို ၎င်းတို့ စိတ် ထဲ ခပ်ပေါ့ပေါ့ သာ တွေးခဲ့ကြတာဖြစ်ပြီး ယခုအခါမှာတော့ သူ တို့ ထွက်တိုက်ဖို့တောင် ခပ်ရွံ့ ရွံ့ ဖြစ်နေကြပါပြီ ။ ၎င်းတို့ ဟာ ကိုယ့်စွမ်းအား အကြောင်းကိုယ်သိနေကြတာဖြစ်ပြီး သူတို့ ၏ အားဟာ ချန်ရှန် ကို မယှဉ်နိုင်လောက်ဘူးဆို တာကိုလည်း သိနေကြပါတယ် ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အားဟာလည်း ချန်းစင်ဂျီ နဲ့ တူတူပဲဖြစ်လို့ပါ ။
မိုယုဝမ် သေချာစဉ်းစားပြီးနောက်မှာတော့ မျက်လုံး မှိတ်ကာဖြင့် –
“ငါ အရှုံးပေးတယ်”
မိုယုဝမ် တကယ်ပဲ လက်မြောက်လိုက်ပါတယ် ။ ချန် ရှန် ပင် အနည်းငယ် အံ့သြမိသွားပြီး လူအားလုံးမှာလည်း ထို့အတူ ခံစားလိုက်ကြရတယ် ။ ကောင်မလေး အားလုံး ၏ မျက်လုံးထဲမှာ စိတ်ပျက်မှုများကို မြင်တွေ့ လိုက်ရပြီး တကယ်တော့ သူတို့ဟာ ချန်ရှန် ၏ အင်အားကို မျက်မြင် ကိုယ်တွေ့ ဖြစ်သော်လည်း မိုယုဝမ်တော့ ထိန်းသိမ်း နိုင် လိမ့်မယ်လို့ တွေးထင်ခဲ့ကြတာပါ ။
ဒီအချိန်မှာ ရင်လင်း ၊ လဲ့ချီ နဲ့ လုဂွန်မင် တို့အားလုံး လည်း အရှုံးပေးလိုက်ကြတယ် ။ သူတို့ တိုက်ရင်လည်း သူတို့သာ ခံစားရမှာကို သိတယ့် အတွက်ကြောင့်ပါ ။ သူတို့ ဟာ ပထမခြံဝန်း ဆိုတယ့် နေရာအတွက် စိုးရိမ်ကြသော် လည်း သူတို့၏ ကိုယ်ပိုင် အသက်နဲ့ အနာဂတ်ထက်တော့ မည်သည့် အရာမျှ အရေးမကြီးလှချေ ။ သူတို့ တခုခု ဖြစ် သွားပါက ဒုက္ခိတ ဘဝဖြင့် တစ်သက်လုံးအရိုးထုတ်နိုင်မှာ မဟုတ်ပါဘူး ။
“ခု နက မင်းပြောခဲ့တယ်နော် ။ ငါတို့ ရှုံးရင် နောက်က လူတွေကို တိုက်ခွင့် ပြုမယ်ဆိုတာလေ ။ ဟုတ်တယ် မလား”
မိုယုဝမ် အေးစက်စက် ပြောလိုက်တယ် ။ သူ၏ လက်ကို မြောက်လိုက်ချိန်မှ နောက်မှ လူအုပ်ကြီးဟာလဲ မိုးခြုန်းသံလို အသံများ မြည်ဟည်းကာဖြင့် ပြင်းထန်သော သိုင်းပညာဂိုဏ်းတစ်ခုလုံးကို ဖုးံလွှမ်းသွားပါတော့တယ် ။
ဇုရွန် က လက်သီးကို ဆုပ်ကာဖြင့် –
“ဒီလူ ဟာ မင်းသားခေါင်းဆောင်းထားတယ့် ဘီလူး ပေ ပဲ”
ရှောင်ဒိုမှာလည်း ဇုရွန် ၏ ဘေးသို့ ရောက်ရှိနေပြီ ဖြစ် ပြီး တိုက်ပွဲတွင်း ၀င်ပါရန် ပြင်ဆင်လျက်ရှိနေတယ် ။
“အတွင်းစည်း ပထမဆုံး ခြံဝန်းမှ နောက်လိုက်တို့ ၊ ဒီ နေ့ ငါတို့ ရှေ့ မှာ ရှိနေတယ့် လူကို အတူတကွ ရှုံးနိမ့် အောင် လုပ်ကြရမယ်”
မိုယုဝမ် ကျယ်လောင်စွာ အော်ပြောလိုက်တယ် ။ ဒီ အပြုအမူဟာ လူတိုင်းအမြင်မှာ တော်တော် အရှက်မဲ့တာ ပါပဲ ။
မိုယုဝမ် နဲ့ ကျန် လေးယောက်တို့ဟာ စိတ်ထဲ ကြိတ် ပြုံးမိလိုက်ကြတယ် ။ သူတို့ စိတ်ထဲမှာတော့ ဒီလောက် ထောင်ပေါင်းများစွာသော လူတွေကို ချန်ရှန် အနေဖြင့် ဘယ်လိုမှ ရင်မဆိုင်နိုင်လောက်ဘူး ထင်ထားတာပါ ။
ဒါပေမယ့်လည်း လူတိုင်းကို အံ့အားသင့်သွားစေတယ့် အချက်ကတော့ ချန်ရှန် ဟာ တည်ငြိမ်စွာဖြင့်ပင် –
“မိုယုဝမ် ၊ မင်းငါနဲ့ တစ်ယောက်ချင်း မချလိုက်ရတာ နောင်တ မရဘူးပေါ့ ။ အခု မင်းတို့ အားလုံးကို အတူတူ ချ ခွင့်ပေးမယ် လာခဲ့ကြ”
ချန်ရှန် ဟာ ရူးသွားပါပြီ လော . . . ။ ဒါဟာ လူတိုင်း ပထမဆုံး စဉ်းစားမိတယ့် အရာပါ ။ မိုယုဝမ် နဲ့ ပညာရှင် လေးယောက်လုံးသာမက ထောင်ပေါင်းများစွာသော လူ တွေကို ပါ အတူတူချခွင့် ပေးလိုက်ခြင်းသည် သူ၏ ကံဆိုး မှုကို သူကိုယ်တိုင် ရွေးချယ်လိုက်ခြင်းပေလော . . . ။
“ဟဟ ၊ မင်းက တော်တော် ကြင်နာတတ်တာပဲ ။ မင်းရဲ့ ဆန္ဒကို မငြင်းတော့ပါဘူး”
မို ယု ၀မ် ရယ်မောပြောဆိုလိုက်တယ် ။
“အားလုံး တက်ကြ”
မိုယုဝမ် ၏ စကားဆုံးဆုံးချင်းမှာပင် ချန်ရှန်၏ ကိုယ် ဟာ လေးမှ လွှတ်လိုက်သော မြားတစ်စင်းလိုပင် လျင်မြန် စွာ ပျံသွားသွား မိုယုဝမ်ရှေ့ သို့ ချက်ချင်း ရောက်ရှိသွားပါ တယ် ။ မိုယုဝမ်လည်း တော်တော် အံ့အားသင့်သွားကာ ချက်ချင်းပင် သူ၏ ချီဓာတ်များဟာ ထုတ်ပြီး ချီအကာ အကွယ်ကို ပြုလုပ်လိုက်တယ် ။ တချိန်တည်းမှာပင် သူ၏ လက်မှာ ချီငွေ့ များကို စီးဆင်းစေလျက် ချန်ရှန် ကို တိုက် ခိုက်ဖို့ ပြင်ဆင်လိုက်တယ် ။
ထိုအချိန်မှာပဲ ချန်ရှန် ဟာ သူ၏ ပါးစပ်ကို လျင်မြန် စွာ ဟပြီး ပြင်းထန်လှတယ့် မိုးပြာရောင် ချီငွေ့ များအား ထုတ် လွှတ်ကာ မိုယုဝမ်အား ရက်ရက်စက်စက် တိုက်ခိုက်လိ်ုက် ပါတော့တယ် ။ ထိုသို့ တိုက်ခိုက်မှုကြောင့် သူ့နောက်ရှိ တိုက်ခိုက်ရန် ရောက်ရှိနေသော လူများဟာလည်း အထိတ်တလန့်ဖြင့် မြေကြီးပေါ်မှောက်သွားကြတယ် ။ မိုး ပြာရောင် ချီငွေ့ များဟာ ထိုလူများကိုပါ ထိမှန်သွားတဲ့ အခါ မှာတော့ သွေးပျက်ဖွယ်အော်ဟစ်ညည်းတွားကြလျက် သွေးတွေ ထွက်ကုန် ကြပါတော့တယ် ။
“အဖြူရောင် ကျား နတ်လက်သီး ၊ သေပေတော့”
တချိန်တည်းမှာပဲ ချန်ရှန် ဟာ အမဲလိုက်ခြင်း ချီဓာတ် များ ကို သူ၏ လက်သီးများမှာ စုဆုံစေလိုက်တယ့်အခါ အဖြူရောင်ကျားခေါင်းကြီး ၂ ခေါင်းဖြစ်သွားကာ မုန်တိုင်း တိုက်လိုက်သလိုပါပဲ ။ လက်သီးတစ်ခုချင်းဆီဟာ ပြင်း ထန်လှတယ့် မုန်တိုင်းများကို ဖန်တီးကာ လူတိုင်းအား လွင့်ထွက်သွားပါစေတော့တယ် ။
ထို အဖြူရောင်ကျား နတ်လက်သီး ဟာ မိုယုဝမ် ၏ ကိုယ်ပေါ်သို့ မိုးစက်များလိုပင် ကျရောက်လာတယ် ။ တစ် ချက်ချင်းစီဟာ မိုယုဝမ်၏ အသည်းနှလုံးတိုင်အောင် တုန် ခါသွားစေပြီး ချန်ရှန် ဟာ ဒါဇင် အနည်းငယ်လောက် ထိုး ရုံဖြင့်ပင် မိုယုဝမ်၏ ချီအကာကွယ်မှာ အက်ကွဲလာရပါ တော့တယ် ။ မိုယုဝမ် စူးစူး ဝါးဝါး အော်ဟစ်ကာဖြင့် မျက်စိ တမှိတ် အတွင်းမှာပင် ချန်ရှန် ဟာ လက်သီး ရာပေါင်းများ စွာကို ထိုးပြီးဖြစ်ပါတယ် ။
“နဂါးငွေ့ လက်သီး”
ချန်ရှန် ၏ လက်သီးများဟာ ရုတ်တရက် ရွှေရောင် သန်းသွားပြီး ကြောက်မက်ဖွယ် ချီငွေ့ များဟာ ထွက်ပေါ် လာပါတယ် ။
“ဒီ လက်သီးက ဇုရွန် အတွက်ကွ”
ချန်ရှန် လက်သီး မိုယုဝမ် ၏ ပါးပေါ်သို့ ကျရောက်သွား ပါတယ်။ ကြီးမားတယ့် ပေါက်ကွဲသံများ ကြားလိုက်ရပြီး မိုယုဝမ်၏ သွားများဟာလည်း လွင့်ထွက်သွားပါတော့ တယ် ။ မျက်နာတခြမ်းမှာတော့ စုတ်ပြတ်လို့ သွားခဲ့ပါပြီ ။
“ဒါက ရှောင်ဒို အတွက်ကွ”
မိုယုဝမ်ဟာ မှောက်သွားပြီ ဖြစ်သော်လည်း ချန်ရှန် ဟာ ထပ်မံထိုးလိုက်ပါသေးတယ် ။ မိုယုဝမ်၏ ဒွါရ ကိုး ပေါက်တို့မှာ သွေးများ အတိလျှံကျကာဖြင့် လဲကျသွားပါ တော့တယ် ။
“ငါပြောခဲ့သားပဲ ၊ ငါ ညှာတာမှုဆိုတာကို ပြမှာ မဟုတ် ဘူးလို့”
ချန်ရှန် နဂါးငွေ့ များကို သူ၏ ခြေထောက်မှာ စု စည်း လိုက်တယ် ။ ထို့နောက်မှာတော့ မိုယုဝမ်၏ ဗိုက်အား ကန်လိုက်သဖြင့် လွင့်ထွက်သွားကာဖြင့် နံ၇ံကို ကပ်သွား ပါလေတော့တယ် ။
ရင်လင်း ၊ လုယုံမင် ၊ လဲ့ချီ တို့ဟာ ချန်ရှန် ၏ ရက်စက် မှုများကို တွေ့ နေရပြီး မိုယုဝမ် အတွက် မည်သူမျှ လက်စား မချေဝံ့ပါချေ ။ ရပ်သာ ကြည့်နေနိုင်ကြတယ် ။
မိုယုဝမ်ဟာ ရှုံးနိမ့်သွားခဲ့သော်လည်း သူ၏ နောက် ရှိ ထောင်ပေါင်းများစွာသော လူအုပ်ကြီးဟာ ချန်ရှန် ဆီ လာ နေတုန်းပါ ။ ၎င်းတို့ လက်ထဲမှာလဲ ချွန်ထက်လှသော လက်နက်များကို ကိုင်ဆွဲထားလျက် ရှိနေပါတယ် ။
“မင်းတို့ က ငါ့ကို ရက်စက်မှု နဲ့ အဆုံးသတ်စေချင် တာလား”
ချန်ရှန် နောက်မှ အနီရောင် အလင်းတန်းများ ထွက်ပေါ် လာပြီး ကြီးမားလှသည့် အနီရောင်တောင်ပံ တစ်စုံ ဟာ တဖြတ်ဖြတ် ခပ်ကာ ထွက်ပေါ်လာပါတယ် ။ လေထဲသို့ ခုန်တက်သွားပြီး နောက် မှာတော့ သူဟာ အောက်ကို တချက်ကြည့်လိုက်ပါတယ် ။ လူတိုင်းဟာ မိုး ပြာရောင်ချီဓာတ်များ နဲ့ အနီရောင် ငွေ့ များ လွှမ်းခြုံထား တဲ့ ကိုယ်ကို မြင်တွေ့ လိုက်ကြရတယ် ။
“ကောင်းကင်ဖြို ပုံဆောင်ခဲ”
ချန်ရှန် ကြုံးဝါးလိုက်တယ် ။ ထို့နောက် လက်ခုပ် တစ် ချက်တီးကာ လေထဲမှ လူအုပ်ကြီးဆီသို့ ပုံဆောင်ခဲ တစ်ခု ကို ထုတ်ပစ်လိုက်ပါတယ် ။ မမြင်နိုင်သော ချီငွေ့ များဟာ သူ၏ ပုံဆောင်ခဲမှ ထွက်နေပြီး ပြင်းထန်သော ဖိအားအ ဖြစ် ပြောင်းလဲသွားကာ လူတိုင်းအပေါ် လွှမ်းခြုံသွားပါ တော့ တယ် ။
ချန်ရှန် သူ၏ မိုးပြာနဂါး နဲ့ အနီရင့် ငှက် ချီဓာတ်များကို စုဆုံစေလျက် ပြင်းထန်လှသည့် ကောင်းကင်ဖြို ပုံဆောင်ခဲ ကို သုံးလိုက်တာပဲ ဖြစ်ပါတယ် ။
ထိုအချိန်မှာပဲ ခြံဝန်းအတွင်းရှိ ကြီးမားသည့် အရာအား လုံးလဲပြိုသွားပြီး အဆောက်အဦးများအားလုံးဟာလည်း ပြိုကျပျက်ဆီး သွားပါတော့တယ် ။ မျက်စိတမှိတ်အတွင်း ဆူနာမီ လှိုင်းကြီး ရိုက်ခတ်လိုက်သလိုပါပဲ မြေကြီးပေါ် ရှိ လူအားလံုးဟာ သွေးများ အန်ထွက်ကာဖြင့် အလဲလဲ အပြို ပြို ဖြစ်သွားကြပါတော့တယ် ။
“ကောင်းကင်ဖြို ပုံဆောင်ခဲ”
ချန်ရှန် ၏ မျက်လုံးများ အနီရောင်အဖြစ်ပြောင်းလဲ သွား ပြီး သူ၏ ခြေထောက်မှာတော အပြာရောင် အကြော များ ပေါ်လာကာ ဒေါသတကြီးဖြင့် ထပ်မံ ကြုံးဝါးလိုက်ပြန် ပါပြီ ။
ရပ်ကြည့်နေတယ့် လူအားလုံး ထိတ်ခနဲ ဖြစ်သွားကြ တယ် ။ သူတို့ ကြောက်ရွံ့လို့ မဆုံးခင်မှာပဲ ချန်ရှန် ဟာ ထပ်မံပြီး တိုက်ကွက်သုံးမည် ဖြစ်သောကြောင့် အားလုံး တုန်လှုပ်နေကြပါတော့တယ် ။
ယခုအချိန်မှာ ချန်ရှန်ဟာ မြေကြီးဓာတ် နတ်ဆင် ကို ကောင်းစွာ ထုတ်လွှတ် နိုင်ရုံသာမက သတ္တု အဖြူရောင် ကျားချီဓာတ်ကိုလည်း အသုံးပြုနိုင်ပါတယ် ။ ဒီစွမ်းအား ကြီး လှတယ့် အရာ ၂ ခု ပေါင်းစုံကာ ပထမအဆင့် အတွင်း စည်း ခြံဝန်းကြီးထဲသို့ ကျ ရောက်သွားပါတော့တယ် ။
“ဘုန်း .. . . . ဘုန်း . . . . . ဘုန်း . . . .”
အသံများ ကျယ်လောင်စွာ မြည်ဟည်းကာဖြင့် မြေကြီး တစ်ခုလုံး တုန်လှုပ်သွားပြီး အရာအားလုံး ကျိုးကြေ ပျက် ဆီး သွားရပါပြီ ။ စူးစူး ဝါးဝါး အသက်ငင်နေသံများမှာ လည်း ရောထွေးနေလျက် ကမ္ဘာ ပျက်သလိုပါပဲ ။
ချန်ရှန် ဟာ သူ၏ အတောင်ပံများကို ပြန်သိမ်းလိုက် ပြီး မြေကြီးပေါ်သို့ ပြန်ဆင်းလာကာ အ၀င်ဝ မှာ ရပ်လိုက် ပါတယ် ။ မြေကြီးများကို ဖယ်ရှားလိုက်တယ့် အခါမှာတော့ ပျက်ဆီးနေသော အမှတ် ၁၆ ဟူသည့် ဆိုင်းဘုတ်ကို တွေ့ လိုက်ရတယ် ။ အေးစက်စက်ပဲ လှောင်ရယ်လျက် လွှတ် ပစ်လိုက်ပါတော့တယ် ။
လူတိုင်းရဲ့ နှုတ်ဖျားမှာတော့ –
“မဖြစ်နိုင်ဘူး”
ဆိုသည့် စကားကိုသာ တွင်တွင်ပြောကာ သူတို့စိတ် ထဲမှာတော့ စစ်မှန်သော သိုင်းပညာရှင်သာ ဒီလိုလုပ်နိုင် မယ်လို့ ထင်နေကြပါတယ် ။ ဒါပေမယ့်လည်း ချန်ရှန် ဟာ ထိုကဲ့သို့ စစ်မှန်သော သိုင်းပညာနယ်ပယ် မှ ပညာရှင် တစ် ယောက်တော့ မဟုတ်ပါချေ . . . ။