Chapter – 117 သနားညှာတာခြင်းကင်းမဲ့စွာ
ခပ်ပြည့်ပြည့် လူတစ်ယောက် ရှေ့ သို့လျှောက်လာ သည် ။ ထိုလူဟာ လူအုပ်ရှေ့ မှာ အိနြေ္ဒရရပင် တည်ငြိမ် စွာ ရှိနေပါတယ် ။ အဆိုပါ ၀တ်ကောင်းစားလှများ ၀တ်ဆင် ထားသူကတော့ ချန်းစင်ဂျီ ပါပဲ ။
သူဟာ ပြင်းထန်သောသိုင်းပညာ စီရင်စု ၏ အဓိက မျိုးနွယ်စုကြီးတစ်ခုထဲမှ ဖြစ်ပြီး တော်တော် ချမ်းသာ ကြွယ် ၀ သူတစ်ယောက်ပါ ။ သူ၏ မျိုးနွယ်ဟာ မျိုးနွယ် စု ငယ် များစွာကို ထောက်ပံ့ပေးနေတာဖြစ်ပါတယ် ။
ချန်းစင်ဂျီ မိုးပြာရောင် ဝိဉာဉ်ကြောတွေ ရှိနေသော ဓားပြားတစ်လက်ကို ဆွဲထုတ်လိုက်ပါတယ် ။ အဆိုပါ ဝိဉာဉ်တော် သွေးကြောများဟာ သေးငယ်သော်လည်း ၎င်း၏ ချီဓာတ်များကို လောင်းထည့်လိုက်သောအခါ အဆို ပါ အကြောများဟာ လင်းလက်သွာပြီး လှပလှပါတယ် ။ ဒါဟာ အဆင့် ၄ ဝိဉာဉ်တော် လက်နက်တစ်ခုပဲ ဖြစ်ပါ တော့တယ် ။
“လေလျှပ်စီး ဓားပဲ ၊ ဒါဟာ အဆင့် ၄ ဝိဉာဉ်တော် လက်နက်ထဲမှာတောင် မှ အဆင့်မြင့်ဆုံးလို့ ပြောလို့ရ ပါပေတယ်”
ဝုကွမ်ချင် ဟာ အံ့သြမှုနဲ့အတူ မနာလိုမှုပါ ရောပြွမ်း လျက် ပြောလိုက်ပါတယ် ။ ကောင်မလေးတွေ ဟာ ဒီလို လှပတယ့် ဓားလေးတွေကို သဘောကျကျတယ် မဟုတ်ပါ လော ။
သူမဘေးမှ ဝုရှောင်ဒီ ကတော့ ပါးစပ်ကို ဖောင်းလျက် ရေ ရွတ်နေတယ် ။
“အမတော်ကြီး ၊ ဒီ စိတ်ညစ်စရာကောင်းလှတယ့် ချန်ရှန် ဘယ်လို ဇာတ်သိမ်းမလဲ ကြည့်ကြတာပေါ့ ။ အခု ထွက်လာတယ့် လူကို ရင်မဆိုင်နိုင်လောက်ဘူး”
ဝုကွမ်ချင် ၏ မျက်နာမှာ နီသွားကာ ဒေါသတကြီးဖြင့် –
“ကောင်မလေး ၊ စကားကို ကုန်အောင် မပြောနဲ့ ၊ ချန်ရှန် ပုံစံ ဟာ တော်တော် ကောင်းနေတုန်းပဲ ။ ဒီမတိုင်ခင် ငါတို့ဟာ သူ့အပေါ် စိတ်ကြီးဝင်ပြီး မချေမငံ ဆက်ဆံမိခဲ့တယ် ။ ငါတို့ဟာ တခြားကိုယ်နဲ့ မသိတယ့်လူ ကို ဘယ်လိုဆက်ဆံရမလဲ မသိသေးဘူး ။ ကောင်းကင် နဲ့ မြေကြီး ရဲ့ သိပ်သည်းမှုကို မသိသေးဘူး ။ သူနဲ့ တိုက်ခိုက် ပြီးမှ ငါဟာ အသိတရားတွေ ရလာခဲ့ရတယ် ။ နောက်ပြီး သူက ငါ့ကို အနိုင်ရခဲ့တာတောင် ချီဒြပ်စင်ဆေးကို မယူ ခဲ့ဘူး”
ဝုရှောင်ဒီ သူမ လျာကို ထုတ်ကာဖြင့် ဘာမှဆက်မ ပြောတော့ပါချေ ။ ချန်းစင်ဂျီ၏ လှပလှသော ဓားကိုသာ ငေး ကြည့်နေပါတော့တယ် ။
ချန်ရှန် ဒီလက်နက်ဟာ အတော် တန်ဖိုးကြီးမှန် သိနေ တယ် ။ သူတောင်မှ ၀ယ်နိုင်ဖို့ သိပ်မသေချာလောက်ပါ ။ သလင်းကျောက်တုံးကို သန်းနဲ့ချီပြီး ကုန်ကျသွားနိုင်ပါ တယ် ။
ချန်းစင်ဂျီ ဟာ လူအားလုံး ထိုလက်နက်ကို မနာလိုစွာ ကြည့်နေကြတာကို မြင်နေရတယ် ။ သူ၏ ရင်ထဲမှာလည်း ကျေနပ်မှုအပြည့်ဖြင့် ဂုဏ်ယူနေလျက်ရှိပါတယ် ။ ချန်ရှန် ဆီသို့ ချိန်ရွယ်ကာ ခပ်လှောင်လှောင်ဖြင့် –
“စည်းမျဉ်းတွေ သတ်မှတ်ထားပေမယ့် ဝိဉာဉ်တော် လက်နက်ကို အသုံးမပြုရဘူး လို့မပါပေဘူး ။ နောက်ပြီး ငါကြားထားတာက မင်း နဂါးရတနာသိုက်က လက်နက် ကောင်းကောင်း တစ်ခု ရလာတယ်ဆိုကွ”
ချန်ရှန် ချက်ချင်းပင် ပြန်ပြောလိုက်တယ် ။
“အေးဆေးပေါ့ ၊ ငါဒါကို မင်းနဲ့ ချရင် သုံးမှာ မဟုတ်ပါ ဘူး ။ မင်း မနှမြောရင်တော့ လည်း မင်းလက်နက်ကို သုံး ပေါ့ကွာ”
“သိပ်တော်တဲ့ ကောင်လေး ၊ မင်းကို ဒီနေ့ သင်ခန်းစာ ကောင်းကောင်းပေးပြမယ်”
ချန်းစင်ဂျီ ပြောပြောဆိုဆိုနဲ့ပင် သူ၏ ဓားဖြင့် ချန်ရှန် အား ချိန်လိုက်ပါတယ် ။ လေများနှင့် လျှပ်စီးများဟာ လင်းလက်သွားကာ ပြင်းစွာသော အဟုန်ဖြင့် ချန်ရှန် ဆီသို့ ထွက်သွားကြတယ် ။
ချန်ရှန်ဟာ သစ်သားချီဓာတ် ရှိနေသူတစ်ယောက် ဖြစ် ပြီး သူဟာ လေနဲ့ လျှပ်စီး ဓာတ် ၂ မျိုးကို လည်း ထုတ်လွှတ် နိုင်ပါတယ် ။ ၎င်းစွမ်းအင် ၂ ခုကိုသာ ပေါင်းစပ်အသုံးပြု ပါက ပိုမိုစွမ်းအား ကြီးမားလှတယ့် သစ်သားချီဓာတ် ဟာ ဖြစ်ပေါ်မည် ဖြစ်ပြီး ချန်ရှန် ဟာ ဒီအရာကို ကောင်းကောင်း နားလည်ပါတယ် ။
လှပလှတယ့် လေနဲ့ လျှပ်စီး ဓာတ်တို့ ပါဝင်သော ဓား ဟာ ချန်ရှန် ၏ ဘယ်ဖက်ရင်အုံ ဆီသို့ ကျရောက်လာ တယ် ။ ဒါပေမယ့် ထူးဆန်းစွာပင် ချန်ရှန် ဟာ သူ၏ လက် နှစ်ချောင်းကို ထုတ်လိုက်ပြီး ဓားထိပ်ကို ဆုပ်ဖမ်းလိုက်ပါ တော့တယ် ။
အလင်းရောင်များ ဖျက်ခနဲ ဖြာထွက်ကာ လူတိုင်းဟာ ထိုအခြေအနေကို ကြည့်ရင်း ကြောင်အနေကြတယ် ။ ပြင်းပြင်းထန်ထန်ပင် ဓားနဲ့ ထိုးချလိုက်ခြင်း ဖြစ်သော်လဲ ချန်ရှန် ဟာ သာသာယာယာ ပင် ဖမ်းဆုပ်လိုက်တာ ဖြစ်ပါ တယ် ။
လူတိုင်းဟာ ချန်ရှန် မျက်နှာတွင် အပြုံးတစ်ခု လင်း လက်သွားတာ တွေ့ လိုက်ကြရတယ် ။ တစ်ချိန်တည်းမှာ ပင် သူ၏ လက်နှစ်ချောင်းမှ နီရဲနေသောအခိုးများထွက် လာပြီး သူ၏ လက်ချောင်ထိပ်မှာ ကပ်ကြေးလို ဖြစ်သွား ပြီး ဓားထိပ်ကို ဖြတ် ချလိုက်ပါတော့တယ် ။
ဒီမြင်ကွင်းကို ကြည့်နေတယ့် ပရိသတ်များဟာ ဓားပြတ် သွားသလို သူတို့၏ နှလုံးသားများလဲ လည်ထွက် သွားသလိုပါပဲ ။ ဒါဟာ အဆင့် ၄ ရှိတယ့် ဝိဉာဉ်တော် လက်နက်ပါ ။ ဒါပေမယ့် ယခုတော့ စာရွက်လေးတစ်ရွက် အလား ချန်ရှန်ဟာ ဖြတ်ပစ်လိုက်ပြီး ဈေးကြီးလှပြီး အဖိုး ထိုက်တန်လှတယ့် ဓားကြီးဟာ ဖျက်ဆီးခံလိုက်ရပါပြီ ။
“ဒါပဲကွ ၊ နူးညံ့သော အငွေ့ လက်ချောင်း တိုက်ကွက် ပဲ ၊ သူဒီလို အဆင့်နိမ့် မြေကြီးအဆင့် သိုင်းစွမ်းရည်ကို လေ့ ကျင့်ထားလိမ့်မယ်လို့ မထင်ထားဘူး”
လူကြီးတစ်ယောက်က အံ့သြတကြီး အော်ပြောပါ တယ် ။ ဒီလို ခက်ခဲလှပြီး ကြောက်စရာကောင်းလှတယ့် တိုက်ကွက်မျိုးကို လေ့ကျင့်သူဟာ မရှိသလောက် ရှားပါး ပြီး ချန်ရှန် ဟာ တတ်မြောက်နေတာကို တွေ့ ကြရတယ့် အတွက် အံ့အားသင့်နေကြခြင်းပါပဲ ။
ချန်းစင်ဂျီ ဟာ ခုနက တော်တော်ကို မာနကြီးနေတာ ဟာ သူလေလျှပ်စီး ဓားကို ပိုင်ဆိုင်ထားခြင်းကြောင့်ပါ ။ ယခုတော့ သူဖြစ်နေတယ့် ပုံစံဟာ တော်တော် အရုပ်ဆိုး လှပါတယ် ။ သူ၏ မျက်လုံးများဟာ ဝိုင်းဝိုင်းလည်နေပြီး ကျိုးနေတယ့် ဓားသွားပေါ်က ဝိဉာဉ်တော် သွေးကြော များကို ကြည့်လို့နေပါတယ် ။
ဒီဓားဟာ တကယ်ကို မာကျောလှတယ် ။ ဝိဉာဉ် တော် အဆင့် ဖြစ်တာနဲ့အညီ ၎င်းကို ဖျက်ဆီးဖို့လည်း တော်တော် ခက်ခဲပါတယ် ။ ချန်းစင်ဂျီ တစ်ယောက် ချန်ရှန် ယခုသိုင်းစွမ်းရည်ကို ကျင့်ထားလိမ့်မယ်လို့ လုံးဝ မမျှော် လင့်ထားပါ ။ ယခုတော့ သူ၏ အဖိုးတန်လှသော လက်နက်ဟာ ညှပ်လိုက်ရုံဖြင့် ပျက်စီးသွားပါပြီ ။
ထိုအချိ်န်မှာပဲ ချန်းစင်ဂျီဟာ သွေးများကို ပင် မသုတ် နိုင်တော့ပဲ ကျယ်လောင်စွာကြုံးဝါးကာဖြင့် ချန်ရှန်ဆီသို့ ပြေးဝင်လာပါတယ် ။ သူ၏ လက်သီးများမှာ အဆုံးမရှိတဲ့ မိုးပြာရောင် ချီဓာတ်များ ထွက်နေလျက်ရှိပြီး တချိန်တည်း မှာပင် သူ၏ လက်သီးများပေါ်မှ အသက်ဝင်လှတယ့် မိုးပြာ ရောင်မြွေခေါင်း ၂ ခုဟာ ချန်ရှန်ဆီသို့ ဦးတည်လာနေ ပါတယ် ။
၎င်းလက်သီးများ ချန်ရှန် ဆီမရောက်မီ ၃ ပေ လောက် အလိုမှာတော ချန်ရှန် ဟာ ပုံဆောင်ခဲတစ်ခု ပြုလုပ်ကာ ချန်းစင်ဂျီ ထံသို့ ပစ်လွှတ်လိ်ုက်ပါတယ် ။ တချိန်တည်းမှာ ပင် မိုးပြာရောင် လေနဲ့လျှပ်စီး ချီငွေ့ များဟာ သူ၏ ပုံဆောင်ခဲများပေါ်မှ ထွက်ပေါ်လာတယ် ။
၎င်း၏ ပုံဆောင် ဟာ အလွန်ပင် လျင်မြန်လှတယ် ။ ရုတ်တရက် အလွန် လျင်မြန်စွာ လာနေတာ ဖြစ်ပြီး ထိုပုံ ဆောင်ခဲထဲတွင် ၎င်း၏ မမြင်နိုင်သည့် ဖိအား များလည်း ပါဝင်နေပါတယ် ။ ထိုကဲ့သို့ ဖြစ်ပေါ်လာသော ကြီးမားလှ သည့် ပုံဆောင်ခဲကြီးဟာ ချန်းစင်ဂျီအား ဖုံးလွှမ်းသွားပါ တော့တယ် ။
ပြင်းထန်လှသည့် တုန်လှုပ်မှုကြီး ပထမမဆင့် ခြံဝန်း တစ်ခုလုံးတွင် ဖြစ်ပေါ်လျက် လူတိုင်းဟာ ချန်းစင်ဂျီ ၇ပ်နေ သော နေရာမှာ ချီလှိုင်းများ ဖြစ်ပေါ်နေတာကို တွေ့ လိုက်ကြရတယ် ။ လှိုင်းများဖြတ်ထိသွားသော အုတ်များ ဟာ အမှုန် အဖြစ်ကို ပြောင်းသွားကြပြီး ၎င်း၏ ကိုယ်ထဲသို့ လည်း ချီဓာတ်များဟာ ပြင်းထန်စွာ ၀င်ရောက်သွားကြ ပါတယ် ။ မျက်စိ တမှိတ်အတွင်းမှာပင် သူ၏ တကိုယ်လုံး ရှိ အရိုးများဟာ ကျိုးကြေအက်ကွဲသွားကြပြီး သူ၏ အစိတ် အပိုင်းများအားလုံးဟာလည်း ပျက်စီးသလောက်ကို ဖြစ် သွားခဲ့ပါပြီ ။
“ကောင်းကင်ဖြို ပုံဆောင်ခဲ အကွက်ဟ ။ မိုက်တယ် ကွာ”
ရှောင်ဒို အော်လိုက်တယ် ။ သူသည်လည်း ဒီတိုက် ကွက် အကြောင်း ဖတ်ဖူးပါတယ် ။ ဒါပေမယ့် လေ့ကျင့် ရန် အလွန် ခက်ခဲတာကြောင့် ချက်ချင်းပင် စွန့်လွှတ်ခဲတာပါ ။ အခုတော့ ဒီစွမ်းအား ဘယ်လောက်ကြီးတယ် ဆိုတာကို သူ မျက်မြင်ကိုယ်တွေ့ တွေ့ လိုက်ရပြီ ဖြစ်ပါတယ် ။
နူးညံ့သော အငွေ့ လက်ချောင်း နဲ့ ကောင်းကင်ဖြို ပုံ ဆောင်ခဲ တိုက်ကွက်တို့ဟာ လေ့ကျင့်သင်ယူရန် အလွန် ခက်ခဲသော သိုင်းစွမ်းရည်များဖြစ်ပြီး လေ့ကျင့်ရမည့် လူ၏ ခန္ဓာကိုယ် ကြံခိုင်မှုဟာလည်း အလွန် မြင့်မားရမှာ ဖြစ်ပါ တယ် ။ ယခု ချန်ရှန်ဟာ ဒီအကွက်များအား သုံးပြလိုက် ခြင်းဟာ သူ ဒီစွမ်းအားပြင်းလှတယ့် တိုက်ကွက်များကို ကောင်းစွာ နားလည်နေခြင်းကို ပြရုံသာမက သူ၏ ကိုယ် ဘယ်လောက်သန်မာတယ် ဆိုတာကို လည်း ပြလိုက်ခြင်း ဖြစ်ပါတယ် ။
ချန်းစင်ဂျီ တစ်ယောက် မြေပေါ်မှာ လဲနေတယ် ။ သွေး များဟာ အဆက်မပြတ်ထွက်ကာ ညည်းညူလျက်ပါပဲ ။ ခုနလေးကပဲ ကြောက်စရာကောင်းပြီး ပြင်းထန်လှတယ့် စွမ်းအားများဟာ သူ့ကိုယ်ကို ထိမှန်ခဲ့တာဖြစ်ပြီး သူ့တစ် ကိုယ်လုံး စုတ်ပြတ်သွားသလို ခံစားလိုက်ရတာပါ ။ ယခု ချန်ရှန် သူ့ဆီကို လျှောက်လှမ်းလာတာကို မြင်တယ့် အခါ သွေးပျက်လို့ နေပါပြီ။
ချန်ရှန် သူ့ဆီ ဘာသွားလုပ်တာပါလိ့မ် . . . ။
လူတိုင်း မကြာမီမှာပင် အဖြေရသွားကြပါတယ် ။ ချန်ရှန် ၏ ပြင်းထန်လှပြီး မြန်ဆန်လှတယ့် အရိပ်သာမြင်ရ သော လက်သီးချက်များဟာ တစ်ခုပြီးတစ်ခု ချန်းစင်ဂျီ ပေါ်သို့ ကျရောက် လာပါတော့တယ် ။
လက်သီး တစ်စုံလုံးဟာ ရွှေရောင် အလင်းတန်းများ လက်သွားပြီး ညှာတာမှုကင်းမဲ့စွာဖြင့် အမဲလိုက်ခြင်း နဲ့ ဆိုင်သော ချီဓာတ်များကို သယ်ဆောင် လျက်ရှိပါတယ် ။ ကြည့်နေရတယ့် လူများအဖို့ အန်ချင်သလိုပင် ဖြစ်နေကြပါ ပြီ။ မျက်စိတမှိတ် အတွင်းမှာပင် ရာပေါင်းများစွာသော လက်သီးချက်များဟာ ချန်းစင်ဂျီ ထံသို့ ကျရောက်သွားပါ တော့ တယ် ။ စူးစူးဝါးဝါး အော်ဟစ် ငြီးငြူသံများကို ကြားရ ပြီးနောက်မှာတော့ ချန်းစင်ဂျီ၏ ဘ၀ ဟာ မတွေးရဲ စရာပါ ပဲ ။
ချန်ရှန် ၏ လက်သီးများဟာ အလွန်ပဲ လျင်မြန်လှပါပေ တယ် ။ သူထိုးနေတာကို ရပ်တန့်လို့ မရနိုင်ပဲ လူတိုင်းဟာ အသက်ရှူ ရပ်မတတ် ကြည့်နေကြတယ် ။ ချန်းစင်ဂျီ ဟာ ချန်ရှန်ကြောင့် သေတာထက် ဆိုးရွားစွာပင် ခံစားလိုက် ရပြီး သဲများခဲများဖြင့် ရောထွေးလျက် မြေမှာ လဲကျလျက် ရှိနေပါတယ် ။ ဒါပေမယ့် သူမသေသေးပါ ။
သွေးစွန်းမှုများ ၊ လူမဆန်မှုများ ၊ ကြောက်မက်ဖွယ် ကောင်းမှုများ ၊ ပြင်းထန်လှသော တိုက်ခိုက်မှုများဟာ လူတိုင်းရင်ထဲမှာ တစ်ချက်ချင်း တံဆိပ်ရိုက်နှိပ်လျက်ရှိ တယ် ။ ၎င်းတို့ အားလုံးအမြင်မှာတော့ ချန်ရှန် ဟာ ရက်စက်လှပြီး သွေးအေးလှတယ့် နတ်ဘုရားတစ်ပါးလို ပင် မြင်နေကြပါတယ် ။
“ချန် ရှန် . . . မင်းးးး . . . . မင်းးးး”
မိုယုဝမ် ခဲများ သဲများဖြင့် ရောထွေးကာ လဲနေသော ချန်းစင်ဂျီကို ကြည့်ကာ တံတွေးမြိုချမိနေတယ် ။ ကျန်လူ အားလုံးမှာလည်း အကြောက်တရားဟာ ၎င်းတို့ နှလုံးအိမ် ထဲထိ စိုးမိုးလို့ နေကြပါတယ်။
“နောက်တစ်ယောက်ဟေ့”
ချန်ရှန် အေးစက်စက် ပင် ပြောလိုက်တယ် ။ လူတိုင်း ဟာ ၎င်းအသံကို ကြားလိုက်ကြသဖြင့် တွန့် သွားမိကြပါ တယ် ။ ဘယ်သူကများ ယခု ချန်းစင်ဂျီ ကဲ့သို့ သေမလို အရိုက်ခံပြီး လာပါမည်နည်း . . . ။