Switch Mode

Chapter – 1606 & 1620

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၀၆)

သူ့ခေါင်းထဲ ထိုအတွေးများ ဖြတ်ပြေးနေစဉ် ရန်ကိုင်၏ အကြည့်သည် မွန်းစတားသားရဲ အရိုးခြောက်၏ ရင်ဘတ်ဆီသို့ ရောက်ရှိသွားခဲ့သည်။

ရန်ကိုင်၏ မျက်ဝန်းအစုံ ချက်ချင်း တောက်ပသွားခဲ့သည်။

အရိုးခြောက်၏ ရင်ဘတ်နေရာတွင် ဖရဲသီးအရွယ် အနက်နီရောင် သလင်းကျောက် လုံးလုံးလေးတစ်ခု ရှိနေခဲ့သည်။

ထိုအရာသည် သူရှာနေသည့် မူလအဆီအနှစ်ကျောက်တုံး ဖြစ်သလို မွန်းစတားဘုရင်၏ အမြူတေလည်း ဖြစ်ပေသည်။

နာမည်မတူသော်လည်း တစ်ခုတည်းကိုသာ ဆိုလိုခြင်း ဖြစ်သည်။

တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်နေသူများသာ မူလအဆီအနှစ်ကျောက်တုံးကို သိပ်သည်းနိုင်ပြီး တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်များပင် ထိုသို့ မလုပ်နိုင်ပေ။

မူလအဆီအနှစ်ကျောက်တုံးထဲတွင် ပိုင်ရှင်ဖြစ်သူ၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် ထိုးထွင်းနာလည်မှုများ ပါဝင်နေသလို နယ်ပယ်စွမ်းအားအပေါ် သိမြင်မှုများလည်း ပါဝင်နေခဲ့သည်။ ထို့ကြောင့် ထိုကျောက်တုံးသည် အလွန်ကိုမှ အဖိုးတန်သည့် ကျောက်တုံးတစ်တုံး ဖြစ်ပေသည်။

ချီယွဲ့ ဤမူလအဆီအနှစ်ကျောက်တုံးကို လိုချင်နေရခြင်းမှာ ဤအရာကိုသုံးပြီး တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်ရန် ကြိုးစားလိုသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ကြယ်စီရင်စုကြီး တစ်ခုလုံးကို ကြည့်ကြည့်လိုက်လျှင်ပင် တန်ခိုးရှင်ဘုရင် တတိယအဆင့်များ မည်မျှ ရှိလို့နည်း။ တန်ခိုးရှင်ဘုရင် တတိယအဆင့် အရေအတွက်ကို လက်ချိုးရေ၍၌ပင် ရကာ အများစုမှာ လူရှေ့သူရှေ့ ဘယ်သောအခါမှ ပေါ်လာလေ့မရှိချေ။ ထို့ကြောင့် တန်ခိုးရှင်ဘုရင် တတိယအဆင့် တစ်ယောက်ကို တွေ့ရန်မှာ ကောင်းကင်သို့ တက်ရသည်ထက်ပင် ပို၍ ခက်ခဲပေသည်။

သို့သော် ယခုတွင်မူ ထိုကဲ့သို့သော ပညာရှင်တစ်ဦး၏ ရုပ်အလောင်းသည် ရန်ကိုင်ရှေ့တွင် လဲလျောင်းနေခဲ့သည်။ ထိုအလောင်းသည် အကောင်းအတိုင်း ရှိနေသေးသော အရိုးခြောက်ကြီးတစ်ခု ဖြစ်နေရုံမက မူလအဆီအနှစ် ကျောက်တုံးပါ ပူးတွဲတည်ရှိနေသည့် အလောင်းဖြစ်သည်။

မူလအဆီအနှစ် ကျောက်တုံးကို စိုက်ကြည့်နေရင်း ရန်ကိုင်၏ အသက်ရှူသံ တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။

ရန်ကိုင်သည် မူလအဆီအနှစ်ကျောက်တုံးဆီသို့ ကောင်းကင်စိတ်အာရုံကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လိုက်၏။ သို့သော် သူ့ကောင်းကင်စိတ်အာရုံ မူလအဆီအနှစ် ကျောက်တုံးကို သွားမထိရသေးခင်မှာပင် အနီနက်ရောင် သလင်းကျောက်လုံးကြီးသည် ရုတ်တရက် တဖျက်ဖျက် တောက်ပလာခဲ့လေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး သူ့ကောင်းကင်စိတ်အာရုံကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်၏။

ချီယွဲ့ ပြောသည်မှာ မှန်ပေသည်။ ဤမူလအဆီအနှစ် ကျောက်တုံးထဲတွင် မွန်းစတားဘုရင်၏ လက်ကျန်ဝိဥာဉ် အနည်းအပါး ကျန်ရှိနေသေးသည်။ ထို့ကြောင့်သာ မဟုတ်လျှင် ဤရုပ်အလောင်းကြီးနှင့် မူလအဆီအနှစ်ကျောက်တုံး ဘာကြောင့် ကျန်ရှိနေတော့မည်နည်း။ ယခင်ကတည်းက အခြားသူများ ယူသွားပြီးနေလောက်ပေပြီ။

ဤမူလအဆီအနှစ်ကျောက်တုံးကို ရယူလိုလျှင် အကြွင်းအကျန် ဝိဥာဉ်အမျှင်တန်းကို ဖိနှိပ်နိုင်မှ ရပေလိမ့်မည်။

သို့သော်လည်း သွေးအကျဉ်းထောင်ထဲသို့ ဝင်လာသူများထဲ၌ အာအးကောင်းဆုံးသည်ပင် တန်ခိုးရှင်တတိယအဆင့်သို့သာ ရောက်ထားလေရာ မည်သူကများ ထိုမွန်းစတားဘုရင်၏ အကြွင်းအကျန် ဝိဥာဉ်ကို ဖိနှိပ်နိုင်မည်နည်း။

ရွှေနဂါး အရင်းအမြစ်ကို ပိုင်ဆိုင်ထားသည့် ရန်ကိုင်သည်သာ ထိုကဲ့သို့ လုပ်နိုင်ပေလိမ့်မည်။

အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ရန်ကိုင်သည် သူ့စိတ်ငြိမ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီး တန်ခိုးရှင် အဆီအနှစ် ကျောက်တုံးကို သေချာ အာရုံစိုက်လိုက်သည်။

သို့သော်ငြား အမှောင်ထုထဲတွင် သူ့အား ကျားချောင်း ချောင်းနေသော အရိပ်တစ်ခု ရှိနေသည်ကို ရန်ကိုင် မသိခဲ့ချေ။ ထိုအနက်ရောင် အရိပ်သည် မြေကြီးပေါ် ကပ်တွယ်ရင်း အရှိန်အဝါကို ကောင်းစွာ ဖုံးကွယ်လျက် ရန်ကိုင်ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေခဲ့သည်။

အနက်ရောင် အရိပ်သည် ရန်ကိုင်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာနေခဲ့ရာ မကြာမီ ရန်ကိုင်နှင့် ငါးမီတာအကွာသို့ ရောက်လာခဲ့သည်။ ထိုနေရာသို့ ရောက်သည်နှင့် မြွေပုံစံသို့ သိပ်သည်းသွားခဲ့ပြီး ရန်ကိုင်အား ခုန်အုပ်ရန် ပြင်လိုက်၏။

ထိုစဉ် ရန်ကိုင်၏ ခန္ဓာကိုယ် မဆိုသလောက်လေး တုန်ခါသွားပြီး မိုးချိန်းသံမတတ် ကျယ်လောင်သော နဂါးဟိန်းသံတစ်သံ လှိုင်ဂူထဲ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်၏ လက်မောင်းတစ်ဖက်လုံး ရွှေရောင်အကြွေးခွံများဖြင့် လွှမ်းခြုံသွားခဲ့ပြီး သူ့လက်ငါးချောင်းသည်လည်း ရွှေရောင် တလက်လက် တောက်ပါလာခဲ့ကာ လက်သည်းများသည် ရှည်ထွက်လာခဲ့ပြီး သူ့လက်ချေင်းများသည် လက်သည်းတစ်ခု အသွင်သို့ တဖြည်းဖြည်းချင်း ပြောင်းလဲသွားလေသည်။

နဂါးအသွင်ပြောင်းလဲခြင်းပင်…

မွန်းစတားသားရဲ အသွင်ပြောင်းလဲခြင်း၏ တစ်ဝက်ကို လေ့ကျင့်ပြီးနောက်တွင် ရန်ကိုင်သည် သူ့လက်မောင်း တစ်ဖက်ကိုသာ ရွှေနဂါးအဖြစ်သို့ အသွင်ပြောင်းလဲနိုင်သေး၏။

ရန်ကိုင်၏ လက်မောင်းဆီမှ ကြောက်မက်ဖွယ်‌ရာ အရှိန်အဝါတစ်ခု ဖြာထွက်လာခဲ့သည်။

အနက်ရောင်အရိပ်သည် ထိုအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားပြီး ရန်ကိုင်အပေါ် ခုန်မအုပ်တော့ဘဲ မြေကြီးထဲသို့ ချက်ချင်း ပြန်ပုန်းဝင်လာကာ နောက်သို့ ပြန်ဆုတ်သွားလေ၏။

သူ့လက်အား နဂါးလက်အသွင်သို့ ပြောင်းလဲပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ထိုလက်ကို မူလအဆီအနှစ် ကျောက်တုံး ရှိရာဆီသို့ ဆန့်ထုတ်လိုက်သည်။

ထိုသို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးဆီမှ အရောင်တလက်လက် တောက်ပလာခဲ့၏။

ရန်ကိုင်ကမူ နှာခေါင်းသာရှုံ့လျက် မူလအဆီအနှစ် ကျောက်တုံးကို ဖမ်းဆုပ်လိုက်ပြီး တင်းတင်း ဖျစ်ညစ်လိုက်၏။ တစ်ချိန်တည်းတွင် ထိုသလင်းကျောက်ထဲသို့ သူတော်စင်ချီနှင့် စိတ်စွမ်းအင် အရူးအမူး ထည့်သွင်းလိုက်လေသည်။

မူလအဆီအနှစ် ကျောက်တုံးဆီမှ အသံသဲ့သဲ့ ထွက်ပေါ်လာပြီးနှင့် တလက်လက် တောက်ပနေသော အလင်းရောင်များလည်း ပြန်လည် မှိန်ကျသွားခဲ့လေသည်။

လက်သီးဆုပ်ကို ပြန်ဖွင့်လိုက်ပြီးနောက် သူ့လက်ထဲရှိ တန်ခိုးရှင် အဆီအနှစ်ကျောက်တုံးကို ကြည့်ကာ ရန်ကိုင် ပြုံးလိုက်လေ၏။

မူလအဆီအနှစ်ကျောက်တုံးထဲတွင် ရှိနေသော အကြွင်းအကျန် ဝိဥာဉ် ဖျက်စီးခံလိုက်ရလေပြီ။ ယခု မည်သူမဆို ဤတန်ခိုးရှင်အဆီအနှစ်ကျောက်တုံး သူ့ဘာသာ ဖောက်ခွဲသွားမည်ကို စိုးရိမ်စရာမလိုဘဲ ကိုင်နိုင်လေပြီ။

ဖြစ်စဉ်တစ်ခုလုံးသည် ရန်ကိုင် ထင်ထားသည်ထက် ပိုလွယ်ပြီး ရိုးရှင်းနေခဲ့သည်။

ချီယွဲ့သည် တန်ခိုးရှင် အဆီအနှစ်ကျောက်တုံးကို မယူခင် အန္တရာယ်များကို သတိထားသင့်ကြောင်း ထပ်တလဲလဲ သတိပေးခဲ့သဖြင့် မူလအဆီအနှစ် ကျောက်တုံးကို ယူဖို့ရာ အတော်လေး ခက်ခဲမည်ဟု ရန်ကိုင် ထင်ခဲ့သည်။ သို့သော်ငြား ဤမျှ လွယ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ဟန်” ရန်ကိုင်သည် မူလအဆီအနှစ်ကျောက်တုံးကို မျက်လုံးမှေးစဉ်းလျက် အနီးကပ် ဆွဲယူကြည့်လိုက်သည်။

ဤကျောက်တုံးကို တစ်နေရာရာတွင် သူမြင်ဖူးနေသလိုပင်။

သေချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် မူလအဆီအနှစ် ကျောက်တုံးတစ်ခုကို သူမြင်ဖူးခဲ့ကြောင့် ရန်ကိုင် ပြန်သတိရလိုက်၏။

သဲမီးတောက်နယ်ထဲသို့ ပထမဆုံးအကြိမ် ဝင်ခဲ့စဉ်ကပင်။

ထိုစဉ်က သဲမီးတောက်နယ်မြေထဲ၌ ဝိဥာဉ်သန့်စင်ရေကန် တစ်ကန်ကို တွေ့ခဲ့သည်။ ထိုရေကန်ထဲသို့ ဝင်ပြီးနောက် ထူးဆန်းသည့် သလင်းကျောက်ကဲ့သို့ ပစ္စည်းတစ်ခုကို ရခဲ့၏။ ထိုစဉ်က ထိုပစ္စည်းဘာမှန်း သူမသိခဲ့။ သူ့ကောင်းကင် စိတ်အာရုံကို သုံးပြီး စစ်ဆေးကြည့်လိုက်သည့်အခါ ထိုသလင်းကျောက်သည် မှော်ဆန်ဆန် ပျောက်ကွယ်သွားပြီး သူ့အသိစိတ်ပင်လယ်ထဲသို့ ရောက်သွားခဲ့ပေသည်။

နောက်ဆုံးတွင် ထိုထူးဆန်းသော သလင်းကျောက်သည် ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်းနှင့် ပေါင်းစပ်သွားခဲ့ရာ ခြောက်ရောင်ခြယ် ဝိဥာဉ်ကြာပန်းသည် ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းအဖြစ်သို့ အသွင်ပြောင်းလဲသွားနိုင်ခဲ့၏။

ဒီတော့ အဲ့ဒါက မူလအဆီအနှစ်ကျောက်တုံးပေါ့ ရန်ကိုင် နားလည်သွဦးခဲ့လေပြီ။

သူ့ဝိဥာဉ်ကြာပန်းကို ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း အဖြစ်သို့ ရောက်အောင် အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်မှာ ဒါကြောင့်ပေကိုး။ ထိုမူလအဆီအနှစ်ကျောက်တုံးဆီမှ မည်သည့် နယ်ပယ်၏ စွမ်းအားကိုမှ နားမလည်နိုင်ခဲ့သည်မှာတော့ နှမြောစရာပင်။ ဝိဥာဉ်သန့်စင်ရေကန်တွင် သေသွားခဲ့သည် ပညာရှင်မှာ အနည်းဆုံး တန်ခိုးရှင်တတိယအဆင့်သို့ ရောက်ထားရပေလိမ့်မည်။

အတိတ်ကို အတိတ်တွင်သာ ချန်ထားခဲ့ပေတော့မည်။ ရန်ကိုင်တွင် ထိုအကြောင်းများကို ထိုင်တွေးနေရန် အချိန်မရှိချေ။ မူလဝိဥာဉ် ကျောက်တုံးကိုသာ သိမ်းလိုက်လေသည်။

မူလဝိဥာဉ်ကျောက်တုံးသည် အဖိုးတန်သော်ငြား မွန်းစတား အသွင်ပြောင်းလဲခြင်း ပညာရပ်ကိုသာ ရန်ကိုင် ပိုစိတ်ဝင်စား၏။

ထို့ကြောင့် ဤအရာကို ချီယွဲ့အား ပြန်ပေးရပေမည်။

ထို့အပြင် ချီယွဲ့သည် ရှန်ချင်းလော့၏ မွေးစားအမေ ဖြစ်နေသေး၏။ သူမ ပိုအားကောင်းလာလျှင် ရှန်ချင်းလော့ကို ပိုပြီး ကာကွယ်ပေးနိုင်ပေလိမ့်မည်။

ရန်ကိုင် ထိုအချက်ကို ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် မူလအဆီအနှစ်ကျောက်တုံးကို ယူမထားဘဲ ချီယွဲ့ဆီ ပြန်ပေးရန်သာ စီစဉ်ထားသည်။ ထို့အပြင် သူ့အရည်အချင်းဖြင့် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ မရောက်စရာ ဘာအကြောင်း ရှိလို့နည်း။ တစ်နေ့နေ့တွင် တန်ခိုးရှင်ဘုရင်အဆင့်သို့ ကျိန်းသေ ရောက်လိမ့်မည်ဟူ သူ့စိတ်ထဲ တထစ်ချ ယုံကြည်နေမိသည်။

မူလအဆီအနှစ် ကျောက်တုံးကို သိမ်းပြီးသည့်နောက်တွင် မွန်းစတားဘုရင်၏ အရိုးခြောက်ကိုပါ သိမ်းလိုက်သည်။ မွန်းစတားဘုရင် ဝတ်ဆင်ထားသည့် သိုလှောင်လက်စွပ်ကိုလည်း ချန်မထားခဲ့ချေ။ တန်ခိုးရှင်ဘုရင် တတိယအဆင့်တစ်ဦး ဝတ်ဆင်ထားသည့် သိုလှောင်လက်စွပ်ထဲ အလွန်အဖိုးတန်သည့် ပစ္စည်းများ ရှိမနေမည်ကို စိုးရိမ်မနေစရာ မလိုပေ။

ဤတစ်ကြိမ်ခရီးတွင် သူအချီကြီး မြတ်လိုက်ပေသည်။

လိုဏ်ဂူအား နောက်ဆုံးအကြိမ် သေချာ စစ်ဆေးပြီးနောက် အထဲမှ ပြန်ထွက်လာခဲ့သည်။ မကြာမီ အပြင်ဘက်သို့ ရန်ကိုင် ပြန်ရောက်လာခဲ့လေသည်။

“မင်းနောက်ဆုံးတော့ ထွက်လာပြီပေါ့”

သူအပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရသည်။ တစ်ချိန်တည်းတွင် မြေအောက်ထဲမှ အနီရောင်အရိပ်တစ်ခု ထွက်လာပြီး သူ့အား မိုးသီးမိုးပေါက်သဖွယ် တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်တော့၏။

ဘုန်း… ဘုန်း… ဘုန်း…

“ရွှယ့်လျန်” နောက်ဆုံးတွင် သူ့အား ချောင်းတိုက်လိုက်သည့်လူ မည်သူမှန်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။

“ဟုတ်တယ်။ မင်းအဘိုး ရွှယ့်လျန်ပဲကွ” ရွှယ့်လျန်က ပြန်အော်ပြောလိုက်သည်။ သွေးနဂါးအသွင်ပြောင်းလဲခြင်း ပညာရပ်ကို အသုံးပြုထားသည့်အတွက် သူ့တစ်ကိုယ်လုံး သွေးနီရောင်အကြေးခွံများဖြင့် ပြည့်နေခဲ့သည်။ ရန်ကိုင် ထွက်လာသည်ကို မြင်သည်နှင့် စကားပင် မပြောတော့ဘဲ ချက်ချင်း ပြေးဝင်တိုက်ခိုက်လေသည်။

“မင်းသေချင်နေတာပဲ” ရန်ကိုင်က မဲ့ပြုံးပြုံးလျက် ရွှေရောင်သွေးမျှင် နှစ်မျှင်ကို ပစ်လွှတ်လိုက်လေသည်။ သွေးမျှင်နှစ်မျှင်သည် မိုးကြိုးမီးတောက်ဖွတ် နှစ်ကောင် အသွင်သို့ ပြောင်းလဲသွားပြီး ရွှယ့်လျန်ဆီသို့ ခုန်ဝင်သွားလေ၏။

“ဖွတ်လတတ်လေးကများ ငါ့နဂါးစွမ်းအားနဲ့ လာယှဉ်ချင်သေးတယ်” ရွှယ့်လျန်သည် ချီယွဲ့ နန်းတော်တွင် ခံစားခဲ့ရသည့် သင်ခန်းစာကို မေ့သွားသည့်အလား ရန်ကိုင်အား အကြောက်အလန့်မရှိ တိုက်ခိုက်နေခဲ့သည်။ အကြေးခွံများ ဖုံးနေသည့် လက်သီးဖြင့် လက်သီးအား ထိုးလိုက်သည့်အခိုက် သူ့လက်သီးထိပ်မှ သွေးနီရောင် နဂါးနှစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ထိုနဂါး နှစ်ကောင်သည် တိုးဝင်လာနေသည့် မိုးကြိုးမီးတောက်ဖွတ် နှစ်ကောင်ဆီသို့ ပြေးဝင်သွားကာ ထိုနှစ်ကောင်အား လှုပ်မရအောင် ဟန့်တားထားလိုက်လေသည်။

တစ်ချိန်တည်းတွင် ရွှယ့်လျန်သည် ဧရာမပုဆိန်ကြီး တစ်လက်ကို ထုတ်လျက် ရန်ကိုင်အား ပိုင်းချလိုက်သည်။

ရန်ကိုင်ကမူ ထိုတိုက်ကွက်ကို အသာအယာသာ ရှောင်တိမ်းသွားခဲ့သည်။

ရန်ကိုင် ရှောင်လိုက်သည့်အခိုက်တွင်၊ မြေကြီးထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လက်ဝါးနှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ထူးဆန်းသော ဧကရာမပန်းပွင့်ကြီးတစ်ပွင့် ထွက်ပေါ်လာခဲ့၏။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး လေဟာနယ်စွမ်းအားကို သုံး၍ အခြားတစ်နေရာသို့ ခုန်ကူးသွားလိုက်လေသည်။

ပစ်မှတ်ပျောက်သွားသည့် နောက်တွင် ပန်းပွင့်ကြီးသည် ဒုတိယ ပေါ်လာသည့် လူဆီသို့ ပြန်လှည့်သွားလေ၏။

“မီထျန်း” ရန်ကိုင်က ပြုံးဖြီးလိုက်ပြီး “ကောင်းတယ်။ ကောင်းတယ်။ မင်းတို့ နှစ်ယောက်စလုံး ရောက်နေတာပါလား။ ငါဒီကို လာမယ်မှန်းသိလို့ ချုံခိုတိုက်ခိုက်ဖို့ စောင့်နေတာလား”

“အမှန်ပဲ” မီထျန်းက ယဲ့ယဲ့လေးပြုံးလျက် “မင်းမှာ ရွှေနဂါး အရင်းအမြစ်ရှိမှန်း ငါတို့သိတယ်။ ဒီမှာ မူလအဆီအနှစ် ကျောက်တုံး ရှိတယ်ဆိုတာ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ဘူး။ စီနီယာချီယွဲ့ တန်ခိုးရှင်ဒုတိယအဆင့်ပဲ ရှိသေးတဲ့ မင်းကို ဘာလို့ သွေးအကျဉ်းထောင်ထဲ ပို့ရလဲဆိုတဲ့ ရည်ရွယ်ချက်ကို ငါတို့ မသိဘူးလို့ မင်းထင်နေတာလား”

“မဆိုးဘူး။ မင်းတို့ ဥာဏ်မရှိတဲ့ကောင်တွေ မဟုတ်ဘူးပဲ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်သည်။

“မူလတန်ခိုးရှင်အဆီအနှစ် ကျောက်တုံးကော” မီထျန်း၏ အသက်ရှူသံ မြန်ဆန်လာခဲ့သည်။

“ငါထွက်လာမှတော့ အဲ့မူလအဆီအနှစ်ကျောက်တုံး ဘယ်ရောက်သွားပြီလို့ မင်းထင်လဲ” ရန်ကိုင်က ပြုံးလျက် ပြန်မေးလိုက်သည်။

“မင်းတကယ် ရသွားတာလား” မီထျန်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရန်ကိုင်အား မီးတောက်မတတ် အကြည့်ဖြင့် ကြည့်လိုက်သည်။

“လိုချင်တာလား” ရန်ကိုင်က လှောင်ရယ်ရယ်လျက် “မင်းတို့ နှစ်ယောက်တည်းနဲ့ ဆိုရင်တော့ ရမယ်မထင်းဘူး။ မူလအဆီအနှစ် ကျောက်တုံးကို မယူခင် မင်းတို့ဘာသာ မသေအောင် အရင် ဂရုစိုက်ဦး”

ရန်ကိုင် သူ့အား အထင်တသေး လှောင်ပြောင်ရှုံချနေသည်ကို မြင်သော် ရွှယ့်လျန်နှင့် မီထျန်းတို့ နှစ်ဦးစလုံး၏ မျက်နှာများ သံပုရာသီး ကိုက်လိုက်ရသည့်နှယ် မဲ့ရွဲ့ကုန်ကြလေသည်။

ဝန်မခံချင်ကြသော်လည်း တစ်ဦးချင်း တိုက်ပွဲတွင် သူတို့နှစ်ဦးစလုံး ရန်ကိုင်အား မနိုင်မှန်း သူတို့သာ အသိဆုံးပင်။ ချီယွဲ့ နန်းတော်တွင် ရှိစဉ်ကတည်းက ရန်ကိုင်သည် သူ့စွမ်းအားကို သက်သေ ပြပြီးသွားခဲ့လေပြီ။

“အဲ့ဒါ မင်းအကြောင်းမဟုတ်ဘူး” မီထျန်းက အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

ရန်ကိုင်က ရယ်တော့မည်အပြု ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး သူ့ရှီစွမ်းအင်ကို ဖြန့်ကျက်လိုက်ရာ ချက်ချင်းဆိုသလို သူ့အနီးအနားပတ်လည်ရှိ လေဟာနယ် တစ်ခုလုံး အေးခဲသွားခဲ့လေ၏။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၀၇)

ပျက်စီးပြိုကျပြီး ပရမ်းပတာဖြစ်နေသော လေဟာနယ်ထဲ၊ အေးစက်စက် အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းသည် ယခင်က ရန်ကိုင်ကို ချိန်ရွယ်ထားခြင်း ဖြစ်သော်လည်း တွန့်လိမ်သွားသော လေဟာနယ်ကြောင့် ပစ်မှတ်လွဲချော်သွားခဲ့ရလေ၏။

ခပ်သဲ့သဲ့ မြည်သံနှင့်အတူ တတိယပုံရိပ်တစ်ခု တစ္ဆေ တစ်ကောင်နှယ် ထွက်ပေါ်လာခဲ့၏။ ထို့နောက် အလေးအနက် အမူအရာဖြင့် ခေါင်းခါ၍ သက်ပြင်းချကာ ပြောလိုက်၏ “ဒီကောင် တကယ် ရင်ဆိုင်ရခက်တဲ့ကောင်ပဲ”

ရန်ကိုင်ကမူ အေးစက်စက် အမူအရာဖြင့် အလန့်တကြား ဖြစ်နေသည့် လေသံနှင့် မေးလိုက်လေ၏ “လဲ့ဖုန်း၊ မင်းလည်း ဒီရောက်နေတာလား”

သူ့အား တိုက်ခိုက်လာသည့် တတိယလူသည် လဲ့ဖုန်း ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ပိုင်နက်နယ်မြေသုံးခုမှ မွန်းစတားမျိုးနွယ်စု၏ တက်သစ်စ ကြယ်ပွင့်သုံးယောက် ဤနေရာတွင် စုဝေးနေခဲ့ကြသည်။

မီထျန်းနှင့် ရွှယ့်လျန် သူ့အား ချုံခိုတိုက်ခိုက်သည်ကို ရန်ကိုင် နားလည်နိုင်သည်။ သူတို့ကြားတွင် ရန်ငြိုးရန်စများ ရှိခဲ့သည် မဟုတ်ပေလော။ သို့သော်လည်း လဲဖုန်းကကော ဘာကြောင့် သူ့အား ချုံခိုတိုက်ခိုက်ရသနည်း။ သွေးအကျဉ်းထောင်ထဲသို့ ဝင်လာစဉ်က လဲ့ဖုန်းသည် သူ့အား အတူတကွ လှုပ်ရှားရန်ပင် ဖိတ်ခေါ်ခဲ့သေးသည်။ သို့သော်လည်း ရက်အနည်းငယ် ကြာပြီးသည့်နောက်တွင် ရန်သူတစ်ဦး အသွင်သို့ ပြောင်းကာ သူ့အား အလစ်ချောင်း တိုက်ခိုက်တော့လေ၏။

ဤတောင်ပေါ်တွင် မွန်းစတားချီသည် အတော်လေးကို သိပ်သည်းသည့်အတွက် သူတို့သုံးယောက်အနေဖြင့် သူတို့ကိုယ် သူတို့ ဖုံးကွယ်ရန် သိပ်မခက်ပေ။ ရန်ကိုင်သာ အာရုံ စူးရှခြင်း မရှိခဲ့လျှင် လဲ့ဖုန်း၏ အလစ်ချောင်းတိုက်ခိုက်မှု အောင်မြင်သွားလောက်ပေသည်။

“လဲ့ဖုန်း၊ မင်းနဲ့ငါ့ကြားမှ ဘာရန်စမှ မရှိဘူးမလား” ရန်ကိုင်က လဲ့ဖုန်းအား အေးစက်စက် လေသံဖြင့် မေးလိုက်၏။

လဲ့ဖုန်းက ခြောက်ကပ်ကပ် ရယ်မောလျက် အလျင်အမြန် ပြန်ပြောလိုက်လေသည် “မရှိပါဘူး”

“ဒါဆို မင်းဘာလို့ ဒီလို လုပ်တာလဲ” ရန်ကိုင်က မျက်လုံး မှေးစဉ်းလျက် ပြန်ပြောလိုက်သည်။

“အစ်ကိုရန်ကို ကျုပ်ကြိုပြီး တောင်းပန်ထားပါရစေ” လဲ့ဖုန်းက တောင်းတောင်းပန်ပန်ဖြင့် လက်သီးဆုပ်၍ “ရိုးရိုးသားသား ပြောရရင် ကျုပ်လည်း အစ်ကိုရန်နဲ့ ရန်သူမဖြစ်ချင်ဘူး။ ဒါပေမယ့် အခုကိစ္စက မူလအဆီအနှစ်ကျောက်တုံးကိစ္စ ဖြစ်နေတော့ ကျုပ်လည်း ဝင်မပါလို့ မရတော့ဘူး”

ရန်ကိုင်က ခေါင်းညိတ်လျက် “ငါနားလည်ပြီ”

“အစ်ကိုရန် နားလည်သွားပြီဆိုတော့ အဆင်ပြေသွားတာပေါ့။ မျိုးနွယ်စုခေါင်းဆောင်တိုင်း မူလအဆီအနှစ်ကျောက်တုံး ဒီမှာ ရှိတယ်ဆိုတာကို သိထားတဲ့ လူတွေချည်းပဲ။ ဒါပေမယ့် ဘယ်သူမှ မယူနိုင်လို့ မယူဘဲ ဒီအတိုင်း ထားထားတာ။ အခု အစ်ကိုရန်က အဲ့ဒါကို ယူနိုင်မှတော့ ဒီလဲ့ ဒီအတိုင်း ငြိမ်နေလို့ မရတော့ဘူးလေ။ အစ်ကိုရန် အဲ့မလူ အဆီအနှစ်ကျောက်တုံးကို ပေးမယ်ဆိုရင် ရွှယ့်လျန်နဲ့ မီထျန်းလည်း အစ်ကိုရန်ကို သွားခွင့်ပြုလော်ကတယ်”

“ငါပေးမယ်လို့ မင်းထင်လား” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်သည်။

လဲ့ဖုန်းက ခဏလောက် စဉ်းစားပြီးနောက် အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်လေ၏ “မထင်ပါဘူး။ အစ်ကိုရန် နေရာမှာ ကျုပ်သာဆိုရင်လည်း ပေးမှာမဟုတ်ဘူး”

“ဘာလို့ ဒီကောင်နဲ့ အချိန်ကုန်ခံ ပြောနေသေးတာလဲ။ သူ့ကို မြန်မြန် သတ်ကြရအောင်။ ဒီကောင် ဘယ်လောက် အားကောင်း အားကောင်း ငါတို့ သုံးယောက်ကိုတော့ သူတစ်ယောက်တည်း တိုက်နိုင်မှာ မဟုတ်ဘူး” စိတ်အဆတ်ဆုံးဖြစ်သည့် ရွှယ့်လျန်သည် ရန်ကိုင်နှင့် လဲ့ဖုန်းတို့ ဤအတိုင်း စကားရပ်ပြောနေသည်ကို မြင်သော် စိတ်မရှည် ဖြစ်လာတော့သည်။ အော်ပြောလိုက်ပြီးနောက် ရွှယ့်လျန်သည် မြေပြင်အား ဆောင့်နင်းလျက် ရန်ကိုင်ဆီသို့ ခုန်ဝင်သွားလေ၏။

တစ်ချိန်တည်းတွင် ဧရာမသွေးနဂါးပုံရိပ်ကြီး တစ်ခုကို သူ့ကျောပြင်ထက် ဆင့်ခေါ်လိုက်သည်။ ရန်ကိုင်၏ ခွန်အား အကြောင်း ကောင်းကောင်း သိထားသည့်အတွက် စတိုက်ကတည်းက သူ့ခွန်းအား အကုန်အစင်ကို ထုတ်သုံးခဲ့၏။

မီထျန်းသည်လည်း အပိုစကားများ ပြောမနေတော့။ ရွှယ့်လျန် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သူ့လက်ထဲရှိ ပန်းပွင့်ကို သူ့ခေါင်းထက်သို့ ပစ်တင်လိုက်၏။ ပန်းပွင့်သည် စတင် လည်ပတ်လာပြီး ၎င်း၏ ပွင့်ချပ်များသည် တစ်ချပ်ချင်း တစ်ချပ် ကြွေကျလာကာ လေထုထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေ၏။

လဲ့ဖုန်းသည်လည်း ခြေရာလက်ရာမကျန် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြန်လေ၏။

“ကောင်းတယ်။ မင်းတို့ သုံးယောက်စလုံးက သေချင်နေမှတော့ ငါကလည်း သေလမ်း ပို့ပေးရတာပေါ့” သုံးယောက် တစ်ယောက် ရင်ဆိုင်နေရသော်လည်း ရန်ကိုင်သည် နည်းနည်းလေးမှပင် ကြောက်လန့်သွားခြင်း မရှိခဲ့ချေ။ ငါးရောင်ခြယ် အလင်းတို့ ရန်ကိုင်၏ ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့၏။ ထိုဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီသည် သူ့ခုခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရုံမက တိုက်ပွဲစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပေသည်။

ထို့နောက်တွင် သူ့ဆီ တိုးဝင်လာနေသည့် ရန်သူ သုံးယောက်သီး လက်သီးချက်သုံးချက် ပစ်သွင်းလိုက်လေ၏။

ထွက်ပေါ်လာသော ပေါက်ကွဲသံများကြောင့် ပတ်ပတ်လည် ဟင်းလင်းပြင်ပင် စတင် တုန်ခါလာခဲ့ရလေသည်။

တစ်ဦးချင်း ထိပ်တိုက်တွေ့ဆုံမှု အပြီးတွင် ရန်ကိုင်သည် ဘာမှ ဖြစ်မသွားခဲ့သော်လည်း ရွှယ့်လျန်ကမူ သုံးကြိမ်လောက် နောက်သို့ ကျွမ်းပစ်သွားခဲ့ပြီး သူ့လက်နှစ်ဖက်မှာလည်း ပျော့ခွေကျသွားခဲ့၏။

ရွှယ့်လျန်အား နည်းနည်းလေးမှ တုန့်ပြန်ချိန် မပေးတော့ဘဲ ရွှေရောင်သွေးမျှင်များကို သုံး၍ ရွှေရောင်လှံတစ်ချောင်း ဖန်တီးကာ ရွှယ့်လျန်ဆီသို့ ပစ်ထည့်လိုက်လေ၏။

ထိုအခြင်းအရာကို မြင်သော် ရွှယ့်လျန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏။

ယခုတစ်ကြိမ် ထိပ်တိုက်တွေ့ဆုံမှုအပြီး လက်ရှိ ရန်ကိုင်သည် ချီယွဲ့ နန်းတော်တွင် သူရင်ဆိုင်တိုက်ခိုက်ခဲ့သည့် ရန်ကိုင်ထက် အများကြီး ပိုအားကောင်းကြောင်း ရွှယ့်လျန် နားလည်လိုက်၏။

ထိုစဉ်က ရန်ကိုင်သည် သူ့ထက် နည်းနည်းလောက်သာ သန်မာခြင်း ဖြစ်သော်လည်း လက်ရှိ ရန်ကိုင်သည် သူ့အား လုံးဝ ဖိနှိပ်နိုင်သည်အထိကို အားကောင်းနေသည်ဟု ရွှယ့်လျန် ခံစားနေရသည်။

သူရန်ကိုင်အား လုံးဝ မယှဉ်နိုင်ရတော့သည့် အကြောင်းအရင်း နှစ်ခုသာရှိသည်။ တစ်ခုမှာ ချီယွဲ့ နန်းတော်တိုက်ပွဲတွင် ရန်ကိုင်သည် အစွမ်းကုန် ထုတ်မသုံးခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။ ဒုတိယတစ်ခုသည်ကား ရန်ကိုင်သည် သွေးအကျဉ်းထောင်ထဲတွင် အကျိုးအမြတ်များစွာ ရရှိခဲ့သည့် အတွက်ကြောင့် ဖြစ်၏။

ရွှေရောင်လှံတံထဲ ပါဝင်သော စွမ်းအားကို သတိပြုမိသော် ရွှယ့်လျန်သည် သူ့အကာအကွယ် မှော်ရတနာကို အလျင်အမြန် ဆင့်ခေါ်လိုက်ပြီး တစ်ချိန်တည်းတွင် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့ ကြက်ခြေခတ်သဏ္ဍာန် ကာထားလိုက်လေသည်။

ကလန်…

သတ္တုမြည်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရွှယ့်လျန် ထုတ်ယူလိုက်သော အကာအကွယ် မှော်ရတနာသည် ရွှေရောင်လှံတံအား လုံးဝ တားဆီးနိုင်ခြင်းမရှိချေ။ ရွှေရောင်လှံတံသည် အကာအကွယ် မှော်ရတနာကို ထိုးဖောက်ပြီးသွားသည်နှင့် တစ်ပြိုင်နက် ရွှယ့်လျန်ဆီသို့ပါ ဆက်လက် တိုးဝင်လာခဲ့လေသည်။

ရွှေရောင်လှံတံသည် ရွှယ့်လျန် လက်မောင်းထက်ရှိ အကြေးခွံများကို ထိုးဖောက်သွားပြီး အရိုးထိသို့ ရောက်ရှိသွားခဲ့၏။ ရွှေရောင်လှံတံထဲ ကိန်းအောင်းနေသည့် အရှိန်ကြောင့်လည်း ရွှယ့်လျန်တစ်ကိုယ်လုံး လှိုင်ဂူထဲသို့ လွင့်ပျံထွက်သွားခဲ့လေ၏။

ဘုန်း… ဘုန်း… ဘုန်း…

လှိုင်ဂူထဲဆီမှ မြေပြင်နှင့် သွားရိုက်ခတ်သည့်အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ ရွှယ့်လျန် မည်သည့် နေရာအထိ ရောက်သွားခဲ့သလဲ၊ သူမည်မျှ ဒဏ်ရာရသွားလဲ မည်သူမှ မသိကြချေ။

ပြီးသည်နှင့် ရန်ကိုင်သည် ချက်ချင်းလှည့်၍ ရေပြင်ညီအတိုင်း ဖြတ်ဆွဲချကာ ဧရာမဟင်းလင်းပြင် အက်ကွဲကြော်ငးကြီး တစ်ခုကို ဖန်တီးလိုက်လေသည်။

ထိတ်လန့်တကြား အော်ဟစ်ရင်း လဲ့ဖုန်းသည် ရန်ကိုင်ဆီမှ အလျင်အမြန် ပြန်ဆုတ်လိုက်ရသည်။ ပြန်ဆုတ်ပြီးနောက်တွင် လခြမ်းကွေးပုံစံ ဟင်းလင်းပြင်အက်ကြောင်းကိုသာ အလေးအနက် အမူအရာဖြင့် စိုက်ကြည့်နေပြီး ရန်ကိုင်အား ချက်ချင်းကြီး နောက်တစ်ကြိမ် ထပ်မတိုက်ခိုက်ခဲ့ပေ။

ထူးဆန်းသော ပွင့်ချပ်များသည် စက်သွားများသဖွယ် လည်ပတ်ရင်း အဘက်ဘက်မှ ထွက်ပေါ်လာလျက် ရန်ကိုင်အား ဖြတ်တောက်ရန် ကြိုးစားကြလေသည်။ ထိုပွင့်ချပ်များနှင့်အတူ ရစ်မူးဖွယ်ရာ မွှေးရနံ့တစ်ခုသည်လည်း ပျံ့နှံ့လာခဲ့သည်။

ချက်ချင်းဆိုသလို မရေမတွက်နိုင်သော ပွင့်ချပ်များသည် ရန်ကိုင်အား ဖုံးလွှမ်းသွားခဲ့ပြီး ထူးဆန်းသော ပန်းပွင့်ပုံစံ အဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။

ထိုစဉ် ရန်ကိုင်သည်လည်း ထူးဆန်းသော ပန်းပွင့်၏ ဝါးမြိုခြင်း ခံလိုက်ရသည့်အလား အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့၏။

သို့သော် မီထျန်း ပျော်နေခြင်းမရှိဘဲ မျက်မှောင်ကြုတ်၍သာ ပတ်ဝန်းကျင်အား သတိကြီးကြီးဖြင့် လှည့်ပတ်ကြည့်နေ၏။

နောက်ဆုံး အခိုက်အတန့်တွင် သူ့တိုက်ခိုက်မှုမှ ရန်ကိုင် လွတ်မြောက်သွားအောင်း မီထျန်း သတိပြုမိလိုက်သည်။

“ဒီလောက်လေးနဲ့ ငါ့ကို သတ်ချင်နေတာလား” အနီးနားဆီမှ ရန်ကိုင်၏ အသံ ထွက်ပေါ်လာသဖြင့် မီထျန်း မျက်လုံး မှေးစဉ်းသွားပြီး အလျင်အမြန် မော့ကြည့်လိုက်ရာ ဘာမှမဖြစ်ဘဲ လေထဲ အကောင်းအတိုင်း ရပ်နေသော ရန်ကိုင် တွေ့လိုက်ရ၏။

လဲ့ဖုန်းသည်လည်း မီထျန်းဘေးတွင် တိတ်တဆိတ် ပေါ်လာပြီး စကားတစ်ခွန်းမှ မပြောဘဲ ရန်ကိုင်အား အေးစက်စက် အမူအရာဖြင့်သာ စိုက်ကြည့်လိုက်သည်။

မွန်းစတားမျိုးနွယ်စု၏ တက်သစ်စ ကြယ်ပွင့် သုံးယောက်ပေါင်း၏ ခွန်အားသည် တန်ခိုးရှင်ဘုရင်အဆင့်ကို မယှဉ်နိုင်သော်လည်း အနည်းဆုံး တန်ခိုးရှင်အဆင့်တွင်တော့ ပြိုင်ဘက်ကင်းသင့်ပေ၏။ ထို့အပြင် သူတို့ သုံးယေဦက်စလုံးသည် သာမန် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ မဟုတ်ကြဘဲ မွန်းစတားဧကရာဇ်ကြယ်မှ ထိပ်တန်း လက်ရွေးစင် ပညာရှင်များ ဖြစ်ကြသည်။

သို့သော်လည်း ရန်ကိုင်နှင့် တိုက်ခိုက်ပြီးနောက်တွင် သူတို့၏ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးလာရသည်။

ရန်ကိုင်သည် သူတို့သုံးယောက်၏ တိုက်ခိုက်မှုများကို အလွယ်တကူ ခုခံ ရှောင်တိမ်းနိုင်ခဲ့ပြီး ရွှယ့်လျန်ကိုပင် ဒဏ်ရာရ၊ လွင့်ပျံထွက်သွားအောင် လုပ်နိုင်ခဲ့သည်။ ယခုအချိန်ထိတိုင် ရွှယ့်လျန် ပြန်ထမလာသေးဘဲ သူသေသည် ရှင်သည်ကိုပင် မသိရချေ။ ထိုအချိန်အတွင်း သူတို့ နှစ်ယောက်မှာတော့ ရန်ကိုင်၏ အပြည့်အဝ ဖိနှိပ်ခြင်းကို ခံနေခဲ့ရပေသည်။

“ဒီကောင် လူကော ဟုတ်သေးရဲ့လား” လဲ့ဖုန်း မျက်မှောင်ကြုတ်နေခဲ့သည်။ ရန်ကိုင်အား တိုက်ခိုက်ရန် ကြိုးစားမိသည်ကိုပင် နောင်တရနေမိလေပြီ။

ရန်ကိုင် အလွန်အားကောင်းမှန်း သူသိသည်။ မဟုတ်လျှင် ချီယွဲ့ နန်းတော်၌ ရွှယ့်လျန်အား သင်ခန်းစာ ပေးနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သွေးအကျဉ်းထောင်ထဲ၌ ရန်ကိုင်နှင့် တွေ့စဉ်က အတူပူးပေါင်းလှုပ်ရှားရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မီထျန်းနှင့် ရွှယ်လျန်ဆီမှ မူလအဆီအနှစ် ကျောက်တုံးအကြောင်း ကြားသိလိုက်ရသည့်နောက်တွင် သူဤအတိုင်း မနေနိုင်တော့ချေ။

မူလ အဆီအနှစ်ကျောက်တုံးသည် အလွန်ကိုမှ အဖိုးတန်လှသည့် အတွက် စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ရွှယ့်လျန်၊ မီထျန်းတို့နှင့် အတူပူးပေါင်းလျှင် ရန်ကိုင်အား ဖိနှိပ်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား တကယ်တမ်း သူတို့သာ ဒုက္ခရောက်ရလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

ထိုလူသားသည် အလွန်ကိုမှ အားကောင်းလွန်းသည်။ တန်ခိုးရှင် ဒုတိယအဆင့်သာ ရှိသေးသည့်တိုင် သူတို့ သုံးယောက်ပေါင်းကို အလွယ်တကူ ဖိနှိပ်နေနိုင်ခဲ့သည်။ တန်ခိုးရှင်အဆင့်ထဲတွင် မည်သူကများ သူ့ကို ယှဉ်တိုက်နိုင်တော့မည်နည်း။

“လဲ့ဖုန်း။ အာရုံစိုက်ထား။ ဒီလောကမှာ နောင်တအတွက် ဆေးမရှိဘူး။ အခုအချိန် သူသေရင်သေ၊ မသေရင် ငါတို့သေပဲ” မီထျန်းက ရန်ကိုင်အား မှုန်ကုတ်ကုတ် အမူအရာဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

လဲ့ဖုန်းက ခေါင်းခါ၍ “ငါသိတယ်။ လျှောက်ပြီးပြီဆိုမှတော့ ဘယ်လိုမှ ပြန်လှည့်လို့ မရတော့ဘူး။ အစ်ကိုရွှယ့်လျန် ပြန်လာတာနဲ့ ငါတို့သုံးယောက် သူ့ကို တစ်ပြိုင်တည်း တိုက်ခိုက်မယ်။ အဲ့လိုမှပဲ အဆင်ပြေရင် ပြေလိမ့်မယ်”

မီထျန်း ပြန်မပြောခဲ့ချေ။ ရန်ကိုင်နှင့် ရင်ဆိုင်ရရာတွင် သူ့မာနကိုလည်း ဘေးဖယ်ထားရတော့သည်။

မီထျန်းနှင့် လဲ့ဖုန်းသည် ဘေးချင်းယှဉ်ရပ်လျက် ရန်ကိုင်ကို စောင့်ကြည့်ရင်း လှိုင်ဂူဆီသို့ စိုးရိမ်တကြီး လှမ်းလှမ်း ကြည့်နေ၏။

ရွှယ့်လျန်သည် ရန်ကိုင်၏ လက်ချက်ကြောင့် အသက်ပျောက်သွားသည့်နှယ် ယခုအချိန်ထိ တိတ်ဆိတ်နေခဲ့၏။

သို့သော်လည်း ထိုကဲ့သို့ မဖြစ်သင့်ချေ။ ရန်ကိုင်၏ တိုက်ကွက် မည်မျှ အားကောင်းစေကာမူ ရွှယ့်လျန်သည် သွေးနဂါး အသွင်ပြောင်းလဲခြင်းကို အသုံးပြုထားသည် မဟုတ်ပေလော။ ထိုအချိန်အတာအတွင်း သူ့ခုခံနိုင်စွမ်းသည် အလွန်ကိုမှ မြင့်မားနေလေရာ မည်သို့များ ထိုမျှအလွယ်တကူ သေသွားရသနည်း။

ရွှယ့်လျန် ဘာလုပ်နေသလဲ သူတို့နှစ်ဦး မသိကြသော်ငြား သူတို့ရင်ထဲ မြန်မြန် ထွက်မလာနိုင်သေးသော ရွှယ့်လျန်ကို ကြိတ်၍ ကျိန်ဆဲနေခဲ့လေသည်။

ရုတ်တရက် လှိုင်ဂူထဲတွင် နားပင်မတတ် ကျယ်လောင်သော ချောက်ခြားဖွယ်ရာ ဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“ရွှယ့်လျန်ပဲ” မီထျန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ရွှယ့်လျန် ဘာကြောင့် အရူးတစ်ယောက်နှယ် အော်ဟစ်နေမှန်း သူနားမလည်။ ရန်ကိုင်အား အလွန်ဒေါသထွက်သည့် အတွက်ကြောင့် အော်ဟစ်နေသည် ဆိုလျှင်လည်း ထိုသို့ အော်ဟစ်နေမည့်အစား ဘာကြောင့် အပြင်ထွက်လာပြီး ရန်ကိုင်အား မတိုက်ခိုက်ရသနည်း။ သူဘာများ လုပ်နေလေသနည်း။

“တစ်ခုခု မှားနေပြီ” လဲ့ဖုန်းစိတ်ထဲ ရုတ်တရက် မကောင်းသည့် ခံစားချက်တို့ ရလာခဲ့သည်။ သူ့မသိစိတ်သည် သူ့အား ဤနေရာမှ ချက်ချင်း ထွက်ပြေးရန် ပြောနေခဲ့သည်။

မီထျန်းနှင့် လဲ့ဖုန်းတို့ကဲ့သို့ ရန်ကိုင်သည်လည်း လှိုင်ဂူအား အလေးအနက် အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။

သို့သော်လည်း သူ့စိတ်ထဲ လှိုင်ဂူထဲတွင် ဖြစ်ပျက်နေသည့် အရာအား စိုးရိမ်သည်ဟု ပြောရမည့်အစား စိတ်ဝင်စားနေမိသည်ဟု ပြောလျှင် ပိုမှန်နေပေလိမ့်မည်။ ရွှယ့်လျန် ဘာလုပ်နေလဲ သူမသိ၊ အလွန်ကိုမှ ကြီးကျယ်ခမ်းနားသည့် လျှို့ဝှက်ပညာရပ်ကြီး တစ်ခုကို ထုတ်သုံးရန် ကြံနေသည် ဆိုလျှင်ပင် သူမကြောက်ချေ။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၀၈)

ခဏအကြာတွင် ရွှယ့်လျန်၏ အော်ဟစ်သံတို့ တစ်ဖန်ပြန်လည် တဆိတ်သွားခဲ့လေသည်။

သို့သော်ငြား သူအော်သံ ရပ်တန့်သွားသည့် အခိုက်တွင် လှိုင်ဂူတွင်းရှိ မွန်းစတားချီတို့မှာ ကသောင်းကနင်း ဖြစ်လာ၏။ အနီးအနားတွင် ရှိနေသော မွန်းစတားချီတို့သည်လည်း တစ်ခုခု၏ ဆင့်ခေါ်ခြင်း ခံလိုက်ရသည့်နှယ် လှိုင်ဂူထဲဆီသို့ တစ်ဟုန်ထိုး စီးဝင်ကုန်ကြလေသည်။

လှိုင်ဂူသည် ဧရာမသားရဲကြီး တစ်ကောင်နှယ် မွန်းစတားချီများကို အငမ်းမရ ဝါးမြိုနေခဲ့ရာ အသက်ဆယ်ရှိုက်စာအတွင်း တောင်တစ်ခုလုံး ကြီးစိုးနေသော မွန်းစတားချီများ ပျောက်ကွယ်သွားခဲ့ရသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။

မီထျန်းနှင့် လဲ့ဖုန်းသည်လည်း အူတူတူ ကြောင်တောင်တောင် အကြည့်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ဘာတွေ ဖြစ်နေမှန်း သူတို့ နားမလည်ကြချေ။

ငြိမ်သက်နေသော လှိုင်ဂူအတါင်းမှ အရှိန်အဝါတစ်ခုသည် တဖြည်းဖြည်းချင်း မြှင့်တက်အားကောင်းလာနေခဲ့သည်။

ရှပ်… ရှပ်… ရှပ်…

ခြေသံတို့နှင့်အတူ ရွှယ့်လျန်၏ ပုံရိပ် လှိုင်ဂူထဲမှ ထွက်လာခဲ့၏။ လက်ရှိ ရွှယ့်လျန်သည် ပုံပန်းပန်းပျက် ဖြစ်နေသည့် ရွှယ်လျန် မဟုတ်တော့သလို ဒေါသထွက်နေသည့် ရွှယ့်လျန်လည်း မဟုတ်တော့ချေ။ အပြင်သို့ ရောက်သည်နှင့် သူ့လက်ကို ဆန့်ထုတ်၍ သူ့ကိုယ်သူ စစ်ဆေးကြည့်နေသည့်နှယ် စစ်ဆေးကြည့်လိုက်၏။ သူ့မျက်ဝန်း အနက်တွင်းပိုင်းထဲ ဝမ်းသာသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

“ရွှယ့်လျန်၊ မင်းဘာလုပ်နေတာလဲ” မီထျန်းက ဒေါသတကြီး လှမ်းအော်ဟစ်လိုက်သည်။ သေရေးရှင်ရေးနှင့် ရင်ဆိုင်နေရသည် ဆိုပါမှ ရွှယ့်လျန်သည် ရူးကြောင်ကြောင် အပြုအမူများ လုပ်နေသည်ကို မြင်သော် မီထျန် ဒေါသအကြီးအကျယ် ထွက်သွားခဲ့လေသည်။

ရန်ကိုင်သည် အလွန်အားကောင်းလွန်း၏။ သူတို့ သုံးယောက် ပေါင်းတိုက်လျှင်ပင် သူ့အား နိုင်လိမ့်မည်ဟု မသေချာလေရာ သူတို့အနေဖြင့် နည်းနည်းလေးမှ အမှားခံ၍ မဖြစ်ချေ။

“သူ့ကြည့်ရတာ အရင်နဲ့ မတူတော့သလိုပဲ” လဲ့ဖုန်းက မျက်လုံးမှေးစဉ်း၍ ပြောလိုက်သည်။

“အဲ့အကြောင်း နောက်မှပြော။ အခုအရေးကြီးဆုံးက ရန်ကိုင်ကို အရင်သတ်ဖို့ပဲ” မီထျန်းက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ထူးဆန်းသော ပန်းပွင့်ကို ရန်ကိုင်ဆီသို့ လှမ်းပစ်လိုက်လေသည်။

ရွှယ့်လျန်နှင့် ပက်သက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု သူ့စိတ်ထဲ ခံစားနေရသော်ငြား လက်ရှိအချိန်တွင် ထိုအကြောင်းကို တွေးပူနေရန် အချိန်မရှိသဖြင့် လဲ့ဖုန်းလည်း ရန်ကိုင်အား တိုက်ခိုက်ရေးတွင်သာ ပြန်အာရုံစိုက်လိုက်လေသည်။

ရန်ကိုင်ကမူ ရွှယ့်လျန်ကိုသာ အာရုံစိုက်နေခဲ့သည်။ လက်ရှိ ရွှယ့်လျန်သည် အစောပိုင်းက ရွှယ့်လျန်နှင့် အပြတ်အသတ်ကို ကွားခြားနေခဲ့သည်။ လက်ရှိ ရွှယ့်လျန်ဆီမှ အားကောင်းသော ဖိအားတစ်ရပ်ကို သူခံစားနေမိ၏။

ရွှယ့်လျန်သည်လည်း ထိုအခါမှ အသိပြန်ဝင်လာခဲ့သည်။ သူ့သွေးနီရောင် မျက်ဝန်းအစုံသည် တစ်နေရာဆီသို့ သေချာ စူးစိုက်ကြည့်နေပြီးနောက် “အရိပ်သိမ်းငှက် သွေးမျိုးဆက်ပါလား။ စိတ်ဝင်စားစရာပဲ။ ငါ့မိတ်ဆွေဟောင်းကြီးရဲ့ မျိုးဆက် တစ်ယောက်ကို ဒီမှာ လာတွေ့မယ်လို့ မထင်ထားဘူး”

ပြောပြီးသည်နှင့် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်၏။

သူပြန်ပေါ်လာသည့် အချိန်တွင် မီတာတစ်ရာအကွာဆီသို့ ရောက်နေခဲ့လေပြီ။ သူမည်ကဲ့သို့ လှုပ်ရှားသွားလိုက်သလဲ မည်သူမှ မမြင်လိုက်ရ။ ရန်ကိုင်ပင်လျှင် နည်းနည်းလောက်သာ သတိပြုမိ၏။

ရွှယ့်လျန်သည် လေဟာနယ်ကို ခုန်ကျော်သွားခဲ့ခြင်း မဟုတ်ဘဲ သူ့အရှိန်သည် အလွန်ကိုမှ မြန်လွန်းသည့်အတွက် ကောင်းကင် စိတ်အာရုံပင် အမှီမလိုက်နိုင်ခြင်း ဖြစ်သည်။

ရွှယ့်လျန်သည် သူ့လက်ကို ဆန့်ထုတ်၍ ဗဟာဟင်းလင်း ဖြစ်နေသော လေဟာနယ်ကို ဖမ်းဆွဲလိုက်သည်။ သူထိုသို့ ဆွဲလိုက်သည့်အခိုက် အနီးအနား ဟင်းလင်းပြင် တစ်ခုလုံး ရုတ်တရက် အေးခဲသွားခဲ့လေသည်။

အေးခဲသွားသော ဟင်းလင်းပြင်နှင့်အတူ ယခုလေးတင် ပျောက်ကွယ်သွားခဲ့သော လဲ့ဖုန်း ပျာသလဲလဲ အမူအရာဖြင့် ပြန်ပေါ်လာခဲ့သည်။

လဲဖုန်း ထိတ်လန့်သွားခဲ့သလို ဒေါသလည်း ထွက်သွားခဲ့၏။ သို့သော်ငြား သူ့အဖို ရွှယ့်လျန် ဘာကြောင့် အချင်းချင်း ပြန်၍ တိုက်ခိုက်နေရသနည်းမှာ မမေးရသေးခင်မှာပဲ ရွှယ့်လျန်သည် သူ့အား အခွင့်အရေးပင် မပေးတော့ဘဲ သူ့လက်ဖြင့် လဲ့ဖုန်း၏ လည်ပင်းကို ဖမ်းကိုင်လိုက်သည်။

ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့သလို မီထျန်းသည်လည်း အံ့အားသင့်သွားခဲ့သည်။

ရန်ကိုင်ကို ဆက်ဂရုမစိုက်နိုင်တော့ဘဲ မီထျန်းသည် ရွှယ့်လျန်ဘက်သို့ လှည့်၍ အော်ပြောလိုက်လေသည် “မင်းဘာတွေ လုပ်နေတာလဲ”

သုံးယောက်ပေါင်း၍ ရန်ကိုင်ကို ချုံခိုတိုက်ခိုက်ခဲ့သော်ငငြား သူတို့ ရန်သူ ဘာမှဖြစ်မနေသေးချိန် ရွှယ့်လျန်သည် စိတ်ရူးပေါက်ပြီး သူတို့လူ အချင်းချင်းကို ပြန်၍ တိုက်ခိုက်နေခဲ့သည်။

သို့သော်လည်း ရွှယ့်လျန်သည် မီထျန်း၏ အော်ဟစ်သံကို ဂရုမစိုက်ဘဲ လဲ့ဖုန်းကို မြှင့်မြှင့်သို့ ဆွဲမလျက် မေးလိုက်လေ၏ “ခွေးအိုကြီး ထျန်းကျိုက မင်းနဲ့ ဘာတော်လဲ”

တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိသည့်အတွက် လဲ့ဖုန်းသည် မွန်းစတားချီကို အသည်းအသန် လှည့်ပတ်၍ ရွှယ့်လျန်၏ ထိန်းချုပ်မှုအောက်မှ ရုန်းထွက်ရန် ကြိုးစားခဲ့သော်ငြား သူမည်မျှပင် ကြိုးစားနေစေကာမူ ရုန်းမထွက်နိုင် ဖြစ်နေခဲ့သည်။

“မင်းရွှယ့်လျန် မဟုတ်ဘူး” လဲ့ဖုန်းက အလန့်တကြား ပြန်ပြော၏။

ရွှယ့်လျန်သာဆိုလျှင် သူ့အား ဤကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ မွန်းစတားချီ ပြောင်းလဲသွားခြင်းနှင့် ရွှယ့်လျန်၏ အော်ဟစ်သံကို ပြန်ပေါင်းစပ်ကြည့်လိုက်သည့်နောက် ဘာဖြစ်နေလဲ လဲဖုန်း ရုတ်တရက် နားလည်သွားခဲ့သည်။

“ခန္ဓာကိုယ် ဝင်စီးထားတာလား” ရန်ကိုင်နှင့် မီထျန်းတို့ နှစ်ဦးစလုံး ဘာဖြစ်နေလဲ နားလည်သွားခဲ့ကြလေပြီ။

“မင်းတို့ကောင်လေးတွေ မြင်တတ်သားပဲ” ရွှယ့်လျန်က ခြောက်ကပ်ကပ်သာ ရယ်မောလိုက်ပြီး ငြင်းဆန်ရန် ကြိုးစားမနေခဲ့ချေ။ ထို့နောက် ရန်ကိုင်အား လောဘမီးတောက်တို့ လောင်မြိုက်နေသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်၏။

ရွှယ့်လျန်၏ အကြည့်နှင့် ရင်ဆိုင်ရချိန် ရန်ကိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ရသည်။

ထို့နောက်တွင် ရွှယ့်လျန်သည် ရန်ကိုင်ကို အာရုံစိုက်မနေတော့ဘဲ ဆက်၍သာ မေးလိုက်သည် “ထျန်းကျို မင်းနဲ့ ဘာတော်လဲ”

“ကျုပ်တို့ရဲဘိုးဘေး” လဲ့ဖုန်းက အံကြိတ်၍ ပြန်ဖြေလိုက်သည်။

“သူအသက်ရှင်နေသေးလား” ရွှယ့်လျန်က ခေါင်းစောင်းလျက် ထပ်မေးလိုက်သည်။

“သူသေသွားတာ အကြာကြီးရှိနေပြီ။ စီနီယဦ မသိဘူးလား” လဲ့ဖုန်းက အသက်အက်အက်ဖြင့် ပြန်မေးလိုက်၏။

ထျန်းကျို အသက်ရှင်စဉ်က သူသည် အလွန်အားကောင်းသော မွန်းစတားဘုရင်တစ်ပါး ဖြစ်ခဲ့သည်။ ကံမကေငါင်းစွာဖြင့် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာခန့်က ထျန်းကျို သေဆုံးသွားခဲ့လေ၏။

“သူတကယ် သေသွားတာပဲ။ ငါသူနဲ့ အကြွေးရှင်းချင်သေးတာကို” ရွှယ့်လျန် အနည်းငယ် စိတ်ပျက်သွားသည့်ပုံပင်။ သို့သော်ငြား မကြာမီ အပြုံးကြီးပြုံးလျက် “ဒါပေမယ့် ကိစ္စမရှိတော့ဘူး။ အဲ့ဒါတွေ အားလုံးက အတိတ်မှာ ကျန်ခဲ့ဘူး။ အခု ဒီဘုရင်က သူ့ခွေးမျိုးဆက်လေးတွေနဲ့ လာတိုးမှတော့ ငါ့ဒေါသကို မင်းတို့ အပေါ်ပဲ ပုံချရတော့တာပေါ့”

“စီနီယာဘယ်သူလဲ ကျုပ်သိလို့ရမလား” လဲ့ဖုန်းက တုန်ရီနေသည့် အသံဖြင့် ပြန်မေးလိုက်သည်။ သူ့လည်ပင်းကို ဖျစ်ညစ်ထားသည့် ရွှယ့်လျန်၏လက် တဖြည်းဖြည်း တင်းကြပ်လာသည်ကို လဲ့ဖုန်း ခံစားမိနေခဲ့သည်။

“ဒီဘုရင်နဲ့ ထျန်းကျိုက တစ်ခေတ်ထဲမှာ မွေးလာတာ။ ပြီးတော့ သူနဲ့ ငါ့ကြားမှ မကျေနပ်ချက်တွေ အများကြီးရှိတယ်။ ငါဘယ်သူလို့ မင်းထင်လဲ” ရွှယ့်လျန်က ယဲ့ယဲ့လေး ရယ်မောလျက် ပြန်မေးလိုက်သည်။

လဲ့ဖုန်းမျက်နှာ ဖြူလျော်သွားပြီး တုန်တုန်ရီရီဖြင့် “ခင်ဗျားက ဒီမှာ သေသွားတဲ့ အရူးမိကျောင်းဘုရင်ပေါ့”

သူတို့ မိသားစုသမိုင်းကျောင်း လဲ့ဖုန်း သိပေသည်။ လွန်ခဲ့သော နှစ်တစ်သောင်းခန့်၊ ကောင်းကင်သိမ်းငှက်ဘုရင် အသက်ရှင်စဉ်က သူတို့ အရိပ်သိမ်းငှက် မျိုးနွယ်စုသည် မွန်းစတားကြယ်ပေါ်တွင် အားအကောင်းဆုံး အင်အားစုတစ်ခု ဖြစ်ခဲ့သည်။ သို့သော်ငြား သူတို့နှင့် ခေတ်ပြိုင် အားကောင်းသည့် အခြား ပညာရှင် တစ်ဦးလည်း ရှိနေသဖြင့် မွန်းစတားဧကရာဇ်ကြယ် တစ်ခုလုံးကို သူတို့ လက်အောက်သို့ မသိမ်းသွင်းနိုင်ခဲ့ချေ။

ထိုပညာရှင်မှာ အရူးမိကျောင်းမွန်းစတားဘုရင် ဖြစ်ပေသည်။

ရွှယ့်လျန်၏ စကားကို ကြားပြီးသည့်နောက်တွင် ရွှယ့်လျန်၏ ခန္ဓာကိုယ်ကို ဝင်စီးထားသည့်လူ မည်သူမှန်း လဲ့ဖုန်း နားလည်သွားခဲ့သည်။

အရူးမိကျောင်းဘုရင်သည် အလွန်ကို အားကောင်းပြီး အလွန်ကိုမှလည်း ရက်စက်သည်။ သူ့လက်ထဲတွင် သေသွားသည့် မွန်းစတားမျိုးနွယ်နှင့် လူသားမျိုးနွယ် အရေအတွက်မှာ မရေမတွက်နိုင်အောင်ကို များပြားလှပြီး မွန်းစတားဧကရာဇ်ကြယ် တစ်ခုလုံးက သူ့အား ရွံရှာစက်ဆုပ်ကြသည်။ ထို့ကြောင့်ပင် သူ့အား အရူးမိချောင်းမွန်းစတားဘုရင်ဟု ခေါ်ခဲ့ကြခြင်း ဖြစ်၏။

ထျန်းကျိုသည် သူ့အားသတ်ရန် ကြိုးစားခဲ့သော်ငြား တစ်ကြိမ်မှ မအောင်မြင်ခဲ့ဘဲ သူတို့ကြားရှိ ရန်ကြွေးသာ တဖြည်းဖြည်း ကြီးမားလာရသည်။

သို့သော်ငြား တစ်နေ့တွင် အရူးမိကျောင်းမွန်းစတားဘုရင်သည် မွန်းစတားဧကရာဇ်ကြယ်မှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။

ချီယွဲ့နှင့် အခြားမျိုးနွယ်စုခေါင်းဆောင်များသည် အရူးမိကျောင်း မွန်းစတားဘုရင် သွေးအကျဉ်းထောင်ထဲ သေသွားကြသည်ကို သိကြပြီး လူငယ်မျိုးဆက်များကတော့ မသိကြပေ။ဓ

ယခု သူ့လည်ပင်းကို ညစ်ထားသည့်လူ မည်သူမှန်း သိလိုက်သည့်နောက် လဲ့ဖုန်း မျှော်လင့်ချက် မဲ့သွားခဲ့သည်။ ဤကဲ့သို့သော ပညာရှင်တစ်ယောက်ကြီး ဖမ်းဆီးခြင်း ခံလိုက်ရမှဖြင့် သူမည်ကဲ့သို့ လွတ်နိုင်တော့မည်နည်း။

“ဒီဘုရင် ဒီမှာ သေသွားခဲ့ရတယ် ဆိုပေမယ့် ဒီနေ့ကစပြီး ဒီဘုရင် ပြန်လာနိုင်ပြီကွ။ ဟဲဟဲ၊ မင်းက ထျန်းကျိုရဲ့ မျိုးဆက်ဖြစ်မှတော့ ဒီဘုရင်နဲ့ လာတွေ့ခိုင်းတဲ့ မင်းကံကိုပဲ အပြစ်တင်လိုက်ပေတော့” ရွှယ့်လျန်သည် ကြမ်းကြုတ်စွာပြုံးရင် လဲ့ဖုန်း၏ လည်တိုင်ကို ချိုးဖျက်လိုက်သည်။ ခရက်ဟူသော မြည်သံနှင့်အတူ လဲ့ဖုန်း၏ ခေါင်း ဘေးဘက်သို့ စောင်းကျသွားလေသည်။

လဲ့ဖုန်း သေသွားသည်နှင့် တစ်ပြိုင်နက် မီထျန်းသည်လည်း ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားတော့သည်။

“ဒီဘုရင် ခွင့်မပြုဘဲနဲ့ မင်းထွက်သွားနိုင်မယ် ထင်နေလား” ရွှယ့်လျန်သည် ရုတ်တရက် မီထျန်း ထွက်ပြေးသွားရာဘက်သို့ လှည့်၍ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

မီထျန်းရှေ့ရှိ ဟင်းလင်းပြင်သည် အေးခဲသွားသည့်နှယ် မီထျန်း နည်းနည်းမှ ရှေ့ဆက်တိုး၍ မရတော့ချေ။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် မျက်လုံးပြူးသွားခဲ့ပြီး တစ်ခုခုကို နားလည်သွားလိုက်သလို ခံစားလိုက်ရသည်။

ရွှယ့်လျန် အသုံးပြုလိုက်သော စွမ်းအားသည် နယ်ပယ်၏ စွမ်းအား ဖြစ်ပေသည်။ ရွှယ့်လျန်သည် တန်ခိုးရှင်တတိယအဆင့်သာ ရှိသေးသော်ငြား အရူးမိကျောင်း မွန်းစတားဘုရင်သည် တန်ခိုးရှင် ဘုရင် တတိယအဆင့်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် နယ်ပယ်၏ စွမ်းအားကို ဤအတိုင်းအတာအထိ အသုံးပြုနိုင်သည်မှာ အထူးအဆန်းတော့ မဟုတ်။

ဒီတော့ နယ်ပယ်ရဲ့စွမ်းအားကို ဒီလိုလည်း သုံးလို့ရတယ်ပေါ့ ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့သည်။

မီထျန်းသည် ထိုလမ်းကြောင်းအတိုင်း ထွက်မပြေးနိုင်သည်ကို မြင်သော် လမ်းကြောင်းပြောင်းပြီး ထွက်ပြေးရန် ပြင်သည်။ သို့သော်ငြား ရွှယ့်လျန်သည် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ သွေးနဂါးတစ်ကောင် ထွက်ပေါ်လာပြီး ထိုသွေးနဂါးသည် ကြိုးတစ်ချောင်းအသွင်သို့ ပြောင်းလျက် မီထျန်းဆီသို့ တိုးဝင်သွားလေသည်။

ထိုအခါ မီထျန်းက မာန်သွင်းအော်ဟစ်၍ ရွှယ့်လျန်အား သူ့ပန်းပွင့် မှော်ရတနာ၏ ပွင့်ချပ်များဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းတွင် သူ့မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာပြီး ရွှယ့်လျန်အား စိုက်ကြည့်လိုက်လေ၏။

ရွှယ့်လျန်ကမူ လှောင်ပြုံးသာပြုံးလျက် “ဝိဥာဉ်ဝါးမြိုမိစ္ဆာမျက်လုံး၊ ဘာမဟုတ်တဲ့ ဒီပညာရပ်လေးနဲ့ ဒီဘုရင်ကို လာရင်ဆိုင်နေတာ မင်းကိုယ်မင်း အထင်ကြီးနေတာပဲ ကောင်လေး”

ပြောပြီးသည်နှင့် သူ့အနီရောင်မျက်လုံး နှစ်လုံးစလုံး ရုတ်ချည်း မည်းနက်သွားပြီး မီထျန်း၏ မျက်လုံးစွမ်းအားကို ဆွဲယူလိုက်၏။ တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ်ကောင်းသည့် စိတ်စွမ်းအင်တို့လည်း ဖြာထွက်လာခဲ့လေသည်။

အလွန်ကိုမှ ပြင်းထန်သည့် ဝေဒနာကို ခံစားနေရသည့်အလား မီထျန်းသည် နာနာကျင်ကျင် ထအော်ဟစ်တော့သည်။ သူ့အရှိန်အဝါသည်လည်း လေလျှော့ခံလိုက်ရသည့် ပူးပေါင်း တစ်လုံးနှယ် အလျင်အမြန် ထိုးကျလာခဲ့လေသည်။

မီထျန်း၏ မိစ္ဆာမျက်လုံးသည် သူ့အား နည်းနည်းလေးမှ အကူအညီ မပေးနိုင်ရုံမက ရွှယ့်လျန်၏ တန်ပြန် တိုက်ခိုက်ခြင်း ခံလိုက်ရကာ သူ့ဝိဥာဉ်ပင် အပြင်းအထန် ဒဏ်ရာရသွားခဲ့ရလေသည်။

ထိုစဉ် သွေးနီရောင်ကြိုးသည် မီထျန်းအား မပြေးနိုင်အောင် ချုပ်နှောင်ထားလိုက်လေတော့သည်။

ရွှယ့်လျန်က သွားပေါ်အောင်ပြုံးလျက် လက်ကို မြှင့်မြှင့်မြောက်ကာ ဖြည်းဖြည်းချင်း လက်သီး ဆုပ်လိုက်သည်။

သူ့လှုပ်ရှားမှုအတိုင်း ရွှယ့်လျန်အား ချုပ်နှောင်ထားသည့် ကြိုးသည်လည်း တဖြည်းဖြည်း တင်းကြပ်လာခဲ့လေသည်။

“မဟုတ်ဘူး” မီထျန်း အသံကုန် အော်ဟစ်လိုက်သော်ငြား အချည်းနှီးသာ။ သွေးနီရောင်ကြိုးသည် သူ့ခန္ဓာကိုယ်နှင့်တကွ အရိုးများကိုပါ အလျင်အမြန် စတင် ဖျက်စီးနေခဲ့လေပြီ။

ဘုန်းဆိုသော မြည်သံနှင့်အတူ မီထျန်းတစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားခဲ့သည်။

မီထျန်းကို သတ်ပြီးနောက်တွင် ရွှယ့်လျန်သည် သူ့လက်ကို ငုံကြည့်၍ ကျေနပ်နေသည့် အမူအရာဖြင့် “မဆိုဘူး။ ရှေးဟောင်း သွေးနဂါးမျိုးဆက်ဆိုတဲ့အတိုင်းပဲ၊ အားသာချက်တွေတော့ ရှိသားပဲ”

ခန္ဓာကိုယ်အသစ်နဲ့ ပက်သက်၍ အတော်လေး ကျေနပ်နေသည့်ပုံပင်။

သို့သော် မကြာမီ ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး ရန်ကိုင်ဘက်သို့ လှည့်၍ မီးတောက်အကြည့်ဖြင့် ကြည့်လိုက်၏။

“မင်းထွက်မပြေးဘူးလား” ရွှယ့်လျန်က အနည်းငယ် မှင်သက်နေသည့် အမူအရာဖြင့် မေးလိုက်သည်။ မီထျန်းနှင့် လဲ့ဖုန်းတို့အား တိုက်ခိုက်နေသသော်လည်း ရန်ကိုင် ထွက်မပြေးနိုင်စေရန်အတွက် သူသည် ရန်ကိုင်အား တစ်ချိန်လုံး အာရုံစိုက်ထားခဲ့သည်။

သို့သော်ငြား တိုက်ပွဲ စတင်ချိန်မှ ပြီးဆုံးသွားသည့် အချိန်ထိ ထိုလူသား ကောင်လေးသည် ထွက်ပြေးမြည့် အရိပ်အယောင် နည်းနည်းလေးမှ မပြဘဲ တိုက်ပွဲကိုသာ စိတ်ဝင်တစား ရပ်ကြည့်နေသဖြင့် ရွှယ့်လျန် အလွန်ကိုမှ အံ့အားသင့်နေရသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၀၉)

“ဘာလို့ ပြေးရမှာလဲ” ရန်ကိုင်က ပြုံးဖြဲလျက် မျက်ခုံးပင့်ရင်း ပြန်မေးလိုက်သည်။

“မင်းသေမှာကို မကြောက်ဘူးလား။ ဒီဘုရင် မင်းကို သတ်မှာလေ” ရွှယ့်လျန်က ပြန်မေးလိုက်၏။

“တိုက်တောင် မတိုက်ရသေးဘဲနဲ့ ခင်ဗျားနိုင်မယ်ဆိုပြီး ဘယ်လို ကြိုသိနေတာလဲ။ စီနီယာ စကားကို နည်းနည်း သတိထားပြီး ပြောသင့်တယ်” ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်၏။

ရွှယ့်လျန်သည် မျက်လုံးမှေးစဉ်းလျက် ရန်ကိုင်အား ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် ခေါင်းညိတ်၍ “ဝန်မခံချင်ပေမယ့် မင်းငါ့မွန်းစတားမျိုးနွယ်စုက ဟိုကောင်တွေထက် အများကြီး ပိုသာတယ် ဆိုတာကိုတော့ ကျိန်းသေ ဝန်ခံရမယ်။ ကြည့်ရတာ ငါတို့ မွန်းစတား မျိုးနွယ်စုက တကယ်ကို နိမ့်ကျနေပြီပဲ”

“စီနီယာ အခုလိုတွေ ချီးကျူးနေစရာ မလိုဘူး” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် “စီနီယာ အခုလိုမျိုးတွေလည်း ဟန်ပြလုပ်နေစရာ မလိုဘူး။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက စီနီယာ မွန်းစတားဘုရင် ဖြစ်ခဲ့တယ် ဆိုရင်တောင် အခု အဲ့ခန္ဓာကိုယ် သိမ်ပြီး ဘယ်လောက် စွမ်းအား ထုတ်သုံးနိုင်မှာ မို့လို့လဲ။ စီနီယာ သတိထားသင့်နော်။ ပေါ်ပေါ်လာချင်း ပြန်သေသွားရင် သိပ်ပြီး မကောင်းဘူး”

ရွှယ့်လျန် ကြောင်သွားခဲ့သော်ငြား မကြာမီ ဝါးလုံးကွဲရယ်မော၍ ခေါင်းညိတ်ကာ “ကောင်းတယ်၊ ကောင်းတယ်။ ဒီဘုရင် ဘယ်သူမှန်း သိတာတောင် နည်းနည်းလေးမှ မကြောက်ဘဲ ဒီလို ပြန်ပြောနေရဲသေးတယ် ဆိုတော့ မင်းသတ္တိကိုတော့ ငါချီးကျူးတယ်၊ လူသားကောင်လေး။ ဒီခန္ဓာကိုယ်က ငါ့ခန္ဓာကိုယ် မဟုတ်တော့ အရင်လို စွမ်းအားမျိုး မသုံးနိုင်တော့ပေမယ့်… အခုစွမ်းအားက မင်းကို သတ်ဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်။ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ထဲက ရွှေနဂါးအရင်းအမြစ်ကိုလည်း လိုချင်တယ်။ အဲ့ဒါတော့ မင်းသေကို သေရမယ်။ မင်းဆိုးဆိုးရွားရွား မသေချင်ရင် မင်းခန္ဓာကိုယ်ထဲက ရွှေနဂါးအရင်းအမြစ်ကို အသာတကြည် ထုတ်ပေးလိုက်၊ ဒီဘုရင် မင်းကို မြန်မြန် သေအောင် လုပ်ပေးမယ်”

“ရွှေနဂါးအရင်းအမြစ်လား” ရန်ကိုင်က မျက်မှောင်ကြုတ်၍ “စီနီယာက ကျုပ်ကို လိုဏ်ဂူထဲမှာကတည်းက တိုက်ခိုင်ချင်နေတာကိုး။ အဲ့တုန်းက တစ်ခုခု မှားနေတယ်လို့ ဘာလို့ ခံစားနေရလဲမှတ်တယ်။ စီနီယာကြောင့် ဖြစ်နေတာကိုး”

“မင်းက တကယ် အာရုံစူးရှတဲ့ကောင်ပဲ” ရွှယ့်လျန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “မဟုတ်တာတွေ တော်လိုက်ပေတော့။ မတိုက်ခိုက်ဘဲ လက်လျှော့မယ်ဆိုရင် ဒီဘုရင် မင်းကို သက်ညှာပေးလိုက်မယ်။ မဟုတ်ဘူး ဆိုရင်တော့…”

“ကျုပ်လက်မလျှော့ဘူး ဆိုရင်ကော” ရန်ကိုင်က နှာခေါင်းရှုံ့၍ ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

“ဒါက…” ရွှယ့်လျန် မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင် ပျောက်ကွယ်သွားသည့် အခိုက်တွင် ထူးဆန်းသော စွမ်းအင်လှိုင်း တစ်မျိုး ဖြာထွက်လာသည်ကို သူသတိပြုမိလိုက်သည်။ ထိုစွမ်းအားကို သူရင်းနှီးသလိုလို၊ မရင်းနှီးသလိုလို ခံစားနေရ၏။ ခဏမျှ စဉ်းစားကြည့်ပြီးနောက်တွင် “လေဟာနယ်စွမ်းအားလား”

ရွှယ့်လျန်၏ မျက်ဝန်းအစုံ စိတ်လှုပ်ရှားမှုဖြင့် တဖျက်ဖျက် လင်းလက်တောက်ပလာခဲ့သည်။

ထိုလူသား၏ ခန္ဓာကိုယ်ထဲတွင် သူလိုချင်နေသည့် ရတနာများစွာ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ရွှေနဂါးအရင်းအမြစ်ကို ထည့်မပြောလျှင်ပင် ထိုကောင်လေး နားလည်ထားသည့် လေဟာနယ်စွမ်းအားသည် သာမန်လူများ နားလည်နိုင်သည့် အရာမျိုး မဟုတ်ချေ။

သူသာ ထိုလူငယ်လေး၏ ခန္ဓာကိုယ်ကို ဝင်စီးလိုက်နိုင်မည်ဆိုလျှင် ရွှေနဂါးအရင်းအမြစ်နှင့် လေဟာနယ်တာအိုအပေါ် နားလည်မှု နှစ်ခုစလုံးကို သူ့အပိုင် ဖြစ်လာပေလိမ့်မည်။ သူ့မူလ ခန္ဓာကိုယ်သည် ရှေးဟောင်းမျိုးဆက်သွေးကို ပိုင်ဆိုင်ထားသော်ငြား ထိုသွေးမျိုးဆက်သည် သန့်စင်ခြင်း မရှိသည့် မျိုးကွဲသွေးမျိုးဆက်တစ်ခု ဖြစ်ပြီး ရွှေနဂါး သွေးမျိုးဆက်နှင့် ယှဉ်နိုင်ခြင်း မရှိချေ။ သူသာ ရန်ကိုင်၏ ခန္ဓာကိုယ်ကို အပိုင်သိမ်းလိုက်နိုင်မည် ဆိုပါက ယခင် အဆင့်ထက် ပိုမို သာလွန်မြင့်မားသော အဆင့်ကိုပင် ရောက်နိုင်ပေလိမ့်မည်။

“ကောင်းလိုက်တာ။ ကောင်းကင်က ဒီဘုရင်ကို ကူညီပေးနေတာပါလားကွ။ ဟားဟား” ရွှယ့်လျန်က ရန်ကိုင်အား လောဘတကြီး စိုက်ကြည့်ရင်း အော်ဟစ်ရယ်မောလိုက်၏။

အက်ကွဲသံနှင့်အတူ ရွှယ့်လျန်နှင့် မီတာများစွာအကွာ၌ လခြမ်းကွေးပုံစံ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအက်ကွဲကြောင်းသည် ဆယ်မီတာခန့် အရှည်ရှိပြီး အက်ကွဲကြောင်းတွင်းမှ ပရမ်းပတာ ဖြစ်နေသော အရှိန်အဝါတို့ ဖြာထွက်နေခဲ့လေ၏။

“မင်းရဲ့ လေဟာနယ်တာအိုကို ဒီအဆင့်ထိတောင် ရောက်နေတာလား” ရွှယ့်လျန် အံ့အားသင့်တကြီး ဆိုလိုက်၏။

ရွှယ့်လျန်သည် ရပ်နေမြဲရပ်လျက် သူ့လက်အား ရှေ့သို့ ဆန့်ထုတ်သည့် ဆွဲညစ်သည့် ပုံစံလုပ်လိုက်သည်။

ထိုသို့ လုပ်လိုက်သည်နှင့် သူ့ဆီ တိုးဝင်လာနေသော ဟင်းလင်းပြင် အက်ကွဲကြောင်းသည် တစ်ခုခု၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည့်နှယ် ရှေ့သို့ ဆက်မတိုးနိုင်တော့ဘဲ လေထဲတွင် ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။

ရွှယ့်လျန် မျက်မှောင်ကြုတ်လိုက်ပြီး အားစိုက် ညစ်ချလိုက်လေ၏ “ပျက်စီးလိုက်စမ်း”

သူ့အော်သံနှင့်အတူ ဟင်းလင်းပြင်အက်ကွဲကြောင်း ပျက်စီးသွားပြီး တွန့်လိမ်နေသော လေဟာနယ်သည် သူ့အလိုလို ပြန်လည် ကောင်းမွန်သွားခဲ့လေသည်။

ထိုစဉ် ရွှယ့်လျန်၏ ခြေထောက်အောက်ဆီမှ မီးခိုရောင် ပုံရိပ်လေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ့အား အနက်ရောင် တုတ်ချောင်းဖြင့် လွှဲရိုက်ချလိုက်သည်။

“ဘာကြီးလဲ” ရွှယ့်လျန် မှင်သက်မိနေခဲ့လေပြီ။ ထိုကောင်လေး သူ့အောက် မည်ကဲ့သို့ ရောက်နေသလဲ ဆိုသည်ကို သူလုံးဝ အာရုံခံနိုင်ခြင်း မရှိခဲ့ချေ။ ပေါ်လာသည့် အခါမှပဲ သူ့ခြေထောက် အောက်တွင် တစ်ယောက်ယောက် ရောက်နေကြောင်း သိလိုက်ရခြင်း ဖြစ်သည်။

မြေကြီးထဲမှ ပေါ်လာသည်မှာ လူ့အရပ် တစ်ဝက်စာလောက်သာ ရှိသည့် လူသားပုံစံ ကျောက်တုံးလူသားလေး တစ်ကောင် ဖြစ်သည်။

ထိုကောင်မှာ အတော်လေး သေးသော်လည်း သူကိုင်ပြီး လွှဲရမ်းနေသည့် အနက်ရောင်တုတ်ချောင်း၏ အားကို ခံစားမိလိုက်သည့်နောက် ရွှယ့်လျန်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။

ထိုတုတ်ချောင်းဖြင့် ရိုက်ခံလိုက်ရပါ သူလုံးဝ သက်သာလိမ့်မည် မဟုတ်မှန်း သူ့မသိစိတ်က ပြောနေခဲ့သည်။

ထို့ကြောင့် ချက်ချင်းပဲ သူ့ခန္ဓာကိုယ်မှ သွေးမြူများကို ထုတ်လွှတ်၍ သူ့ပတ်ပတ်လည်တွင် အကာအရံတစ်ခု ဖန်တီးလိုက်လေ၏။

အကာအရံ ဖန်တီးတီးပြီးချင်းမှာပင် အနက်ရောင် တုတ်ချောင်း အကာအရံပေါ်သို့ စီးကျလာခဲ့လေသည်။

အက်ကွဲသံကျယ်ကြီးနှင့်အတူ အနက်ရောင်တုတ်ချောင်း၏ စွမ်းအား အောက်တွင် ရွှယ့်လျန် ဖန်တီးထားသည့် အကာအကွယ် ပျက်စီးသွားခဲ့ရသည်။

သူဖန်တီးထားသည့် အကာအကွယ်သည် အနက်ရောင် တုတ်ချောင်းအား တားဆီးနိုင်ခြင်း မရှိသည်ကို မြင်သော် ရွှယ့်လျန်၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ သွေးနဂါးအသွင်ပြောင်းလဲခြင်းကို ထုတ်သုံး၍ အနက်ရောင် တုတ်ချောင်းအား သူ့လက်သီးဖြင့် ပြန်ထိုးချလိုက်သည်။ သူ့လက်သီးချက်ထဲ ကာယစွမ်းအာသာလျှင် မဟုတ်ဘဲ နယ်ပယ်၏ စွမ်းအားပါ ပါဝင်နေခဲ့သည်။

အနီရောင်အလင်းနှင့် အနက်ရောင်အလင်းတို့ ထိပ်တိုက် တွေ့သွားခဲ့သည်။ ရွှယ့်လျန် ခန္ဓာကိုယ် မြေပြင်နှင့် မိတ်ဆက်သွားပြီး ရှောင်ရှောင်မှာလည်း လွင့်ပျံထွက်သွားခဲ့၏။ သို့သော်လည်း ရှောင်ရှောင်သည် ဘာမှမဖြစ်သည့်အလား ခေါင်းတစ်ချက်လောက် ရမ်းပြီးတော့သာ ပြန်ထလာခဲ့သည်။

ထိုစဉ် စူးရှသော ငှက်အော်သံနှင့်အတူ ဧရာမ မီးငှက်ကြီး တစ်ကောင် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။

မီးငှက်သည် ၎င်း၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်လျက် ရွှယ့်လျန် ရှိနေသည့် နေရာဆီသို့ မီးလုံးများ မှုတ်ထုတ်လိုက်၏။

ပေါက်ကွဲထွက်သွားသော မီးလုံးများထဲမှ ရွှယ့်လျန်၏ အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုစဉ် ရန်ကိုင်သည် နဂါးစိမ်းဓါးထဲကို ကိုင်ကာ ကောင်းကင်ထက်မှ အောက်သို့ ထိုးဆင်းသွားလေသည်။ ဓါးထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်သည်နှင့် အစိမ်းရောင်နဂါး တစ်ကောင် ထွက်ပေါ်လာပြီး ၎င်း၏ ပါးစပ်ကိုဟလျက် ရွှယ့်လျန်ဆီသို့ တိုးဝင်သွားလေသည်။

ရန်ကိုင်သည် သူ့ခွန်အားကို နည်းနည်းလေးမှ ထိန်ချန်ခြင်းမပြုဘဲ ခွန်အားကုန်သုံးကာ တိုက်ခိုက်နေခဲ့သည်။

သူ့ပြိုင်ဘက်သည် အလွန်ကိုမှ အားကောင်းသည့်အတွက် ရန်ကိုင် အနေဖြင့် သူ့ခွန်အားကို ထိန်ချန်နေ၍ မဖြစ်ချေ။ နဂါးပါးစပ်နှင့် မြေပြင် ရိုက်ခတ်မိသည့်အခိုက် ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်သည် ရွှေရောင်သွေးမျှင်များစွာကို ထုတ်လွှတ်၍ ပတ်ပတ်လည် ဟင်းလင်းပြင်ကို စတင် ခုတ်ပိုင်းပစ်တော့လေသည်။

“ကောင်လေး၊ မင်းသေချင်နေတာပဲ” ရွှယ့်လျန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ နှစ်ပေါင်းများစွာကြာပြီးမှ နေ့ကို ပြန်မြင်ရသည့်နေ့တွင် လူငယ်လေးတစ်ယောက်နှင့် ရင်ဆိုင်ရပြီး ဤသို့ အဖြစ်မျိုးနှင့် ကြုံရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

ရန်ကိုင်သည် သူသတ်ခဲ့သည့် မီထျန်းနှင့် လဲဖုန်းတို့ထက် ပိုအားကောင်းလျှင်ပင် အရမ်းကြီး ပိုအားမကောင်းလောက်ဟု ထင်ထားခဲ့သော်ငြား သူ့အထင်အတိုင်း မဟုတ်သည်ကို ယခုမှသာ နားလည်လိုက်တော့သည်။

ရွှယ့်လျန်သည် နယ်ပယ်ကို ဖြန့်ကျက်ကာ သူ့ဆီ တိုးဝင်လာနေသည့် မီးလုံးများကို အနားသို့ မကပ်နိုင်အောင် တားဆီးလိုက်ပြီး သူ့ဆီသို့ မရောက်မီ ပေါက်ကွဲသွားအောင် လုပ်ပစ်လိုက်သည်။ ထို့နောက် နဂါးစိမ်းကို လက်သီးချက်ဖြင့် ပြန်ထိုးထုတ်လိုက်သည်။ ရွှေရောင်သွေးမျှင်များကမူ သူ့အား ဒဏ်ရာပြင်းပြင်ထန်ထန် ရအောင် မလုပ်နိုင်ခဲ့ဘဲ သူ့ကိုယ်ထက် ခြစ်ရာလေးများသာ ထင်ကျန်ရစ်စေခဲ့သည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် မျက်လုံးမှေးစဉ်းသွားပြီး ခရမ်းရောင်ဒိုင်းကိုထုတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်၏။

ချက်ချင်းဆိုသလို သွေးနီရောင် ဧရာမလက်သီးချက်ကြီး သူ့ဒိုင်းအား လာရောက် ထိမှန်လေသည်။

ဘုန်း… ထိုလက်သီးချက်နှင့် အတွေ့တွင် ရန်ကိုင်အား နှစ်ပေါင်းများစွာ အဖော်ပြုလာပေးခဲ့သော ယန်ယန်မှ သန့်စင်ပေးထားခဲ့သည့် ခရမ်းရောင်ဒိုင်း ပျက်စီးသွားခဲ့ရ၏။

ခရမ်းရောင်ဒိုင်း ပျက်စီးသွားသည့်အခါ ရန်ကိုင်သည် ရွှယ့်လျန်၏ လက်သီးကို သူ့လက်သီးဖြင့် ပြန်ထိုးချလိုက်လေသည်။

လက်သီးချင်း ထိပ်တိုက်တွေ့သွားသည့်အခိုက်တွင်၊ အလွန်မှ ပြင်းထန်သော အားတစ်ရပ် သူ့အား လာရောက် ရိုက်ခတ်သည်ကို ရန်ကိုင် ခံစားမိလိုက်သည်။ သူ့လည်ချောင်းတစ်လျှောက် ပူဆင်းသွားခဲ့ပြီး မီတာထောင်ပေါင်းများစွာ အကွာသို့ လွင့်ထွက်သွားပြီးမှ ခြေငြိမ်အောင် ပြန်ရပ်လိုက်နိုင်၏။

ခြေငြိမ်အောင် ရပ်ပြီးနောက် ဖုန်များ ရှင်းသွားသည့်အခါ ဖရိုဖရဲဖြစ်နေသော ရွှယ့်လျန်မှ သူ့အား ကြောက်မက်ဖွယ် ကောင်းသည့် အမူအရာဖြင့် စိုက်ကြည့်နေသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။

ရွှယ့်လျန် တကယ် ဒေါသထွက်သွားသည့်ပုံပင်။

သို့သော် ရန်ကိုင်သည် ကြောက်ရွံ့သွားခြင်း မရှိဘဲ ပြန်၍သာ ပြုံးဖြီးပြလိုက်သည်။ အစောပိုင်းက တိုက်ပွဲသည် ရွှယ့်လျန်၏ ခွန်အားကို စမ်းသပ်လိုက်ခြင်း ဖြစ်သည်။ ရွှယ့်လျန်သည် အားကောင်းသော်လည်း ပြိုင်ဘက်ကင်းသူတစ်ဦး မဟုတ်။ ရွှေရောင်သွေးမျှင်၊ နဂါးစိမ်းဓါး၊ မီးငှက်နှင့် ရှောင်ရှောင်၏ အနက်ရောင်တုတ်သည် သူ့အား ထိခိုက်အောင် လုပ်နိုင်ပေသည်။

ထိုမျှနှင့်ပင် လုံလောက်နေလေပြီ။ သူမည်သို့ပင် တိုက်ခိုက်နေစကာမူ ရွှယ့်လျန် ဒဏ်ရာမရမည်ကို ယခင်က စိုးရိမ်ခဲ့သည်။ ထိုသို့သာ ဆိုလျှင်တော့ မတိုက်ခိုက်တော့ဘဲ ကျိန်းသေ ထွက်ပြေးပေမည်။ သူ့ပြိုင်ဘက်၏ အကာအကွယ်ကို မထိုးဖောက်နိုင်မှဖြင့် တိုက်ခိုက်နေလို့ကော ဘာအကျိုးရှိမည်နည်း။

ရန်ကိုင်စိတ်ထဲ ထိုအတွေးများ ဖြတ်ပြေးသွားစဉ် ရွှယ့်လျန်၏ ဒေါသထွက်နေသည့် အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ချောက်လန့်ရိပ်တို့ သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့လေ၏။

နောက်ဆုံးတွင် လက်ရှိ အခြေအနေကို သူသေချာ နားလည်သွားခဲ့လေပြီ။ ရန်ကိုင်သည် သူအလွယ်တကူ သတ်ဖြတ်သွားခဲ့သည့် မီထျန်းနှင့် လဲဖုန်းတို့နှင့် လုံးဝ မတူညီချေ။ ထိုကောင်လေးသည် ထူးထူးဆန်းဆန်းကို အားကောင်းလွန်း၏။

မီးငှက်၊ ကျောက်တုံးရုပ်သေးရုပ်နှင့် နဂါးစိမ်းကို ဝေ့ကြည့်လိုက်ပြီးနောက် ရွှယ့်လျန်က ရုတ်တရက် အော်ပြောလိုက်၏ “ကောင်လေး၊ မင်းက တကယ်ကို အထင်းကြီးစရာပါပဲလားကွ။ မင်းလို လေဟာနယ်တာအို ကျင့်ကြံထားတဲ့လူကို တကယ် သတ်ဖို့ခတ်တာပဲ။ ဒီတော့ ဒီဘုရင်မင်းကို မသတ်တော့ဘူး။ ငါတို့ အပေးအယူတစ်ခု လုပ်ကြရအောင်၊ ဒီဘုရင်ရဲ့ မူလအဆီအနှစ်ကျောက်တုံးကို ထားခဲ့လိုက်။ ငါတို့ကြားမှ ဘာမှမဖြစ်ခဲ့သလို သဘောထားလိုက်မယ်”

“မူလအဆီအနှစ် ကျောက်တုံးကို လိုချင်တာလား” ရန်ကိုင်က ပြုံးဖြီးဖြီးလုပ်လိုက်၏။

“ယူရမှာပေါ့။ ဒီဘုရင်ရဲ့ အမြူတေပဲကို။ ဘာလို့ ဒီဘုရင်မက အခြားလူကို ပေးပစ်ရမှာလဲ”

“အိမ်မက်မက်နေလိုက်” ရန်ကိုင်က ရယ်မောလျက် “မူလအဆီအနှစ်ကျောက်တုံးက အခု ကျုပ်အပိုင် ဖြစ်နေပြီ ဘာလို့ ခင်ဗျားဆီ ပြန်ပေးရမှာလဲ။ လိုချင်ရင် ကိုယ့်ဘာသာ လာယူလေ”

“ကောင်လေး၊ ငါအကောင်းပြောနေတုန်း ရောင့်တက်မလာနဲ့နော်။ ဒီဘုရင်က မင်းအရည်အချင်းကို လေးစားလို့၊ အားနည်သူကိုလည်း အနိုင်မကျင်ချင်လို့ နောက်တစ်လှမ်း ဆုတ်ပေးနေတာ”

“ဘယ်လိုဘယ်လို၊ အားနည်းသူကို အနိုင်မကျင့်ချင်လို့ ဟုတ်လား။ ကျုပ်ကြည့်ရသလောက် စီနီယာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိ ဖြစ်နေတာပါ။ စီနီယာ ကျုပ်ရွှေနဂါးအရင်းအမြစ်ကို လိုချင်နေတာ မဟုတ်ဘူးလား။ ကျုပ်ကို သတ်လိုက်ရင် ကျုပ်မှာရှိသမျှ အရာ အားလုံးကို ရမှာကို ဘာလို့ လေကုန်ခံနေတာလဲ”

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၀)

ရွှယ့်လျန် မျက်နှာပျက်သွားခဲ့သည် “ကောင်လေး၊ မင်းဒီဘုရင်ကို တကယ်ကြီး မျက်နှာသာမပေးချင်တာလား”

“မျက်နှာသာပေးရအောင် ခင်ဗျားက ဘာမို့လို့လဲ” ရန်ကိုင်က အထင်တသေးပြုံးရင်း ပြန်မေးလိုက်၏။

“ကောင်းတယ်။ ဒီဘုရင်ကို ဒီလို ပြောရဲတဲ့လူတွေထဲမှာ ထျန်းကျိုကြီးပြီးရင် မင်းပထမဆုံးပဲ။ ဒါပေမယ့် မင်းဒီနေ့ သေရမှာဆိုတော့ အဲ့ဒါတွေ ကိစ္စမရှိတော့ဘူး” ထိုသို့ အော်ပြောလိုက်ပြီးသည့်နောက်တွင် ရွှယ့်လျန် တစ်ကိုယ်လုံးကို သွေးနီရောင်မြူခိုးများမှ ဖုံးလွှမ်းသွားခဲ့ပြီး သူရပ်နေသည့် နေရာတွင်လည်း သွေးနီရောင် မြူခိုးထုကြီးသာ ကျန်ရစ်ခဲ့တော့လေသည်။

ထို့နောက်တွင် ထိုအနီရောင် တိမ်တိုက်ကြီးသည် အလွန်ကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် ရန်ကိုင်ဆီသို့ တိုးဝင်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။

သွေးနီရောင်မြူခိုထုတွင်းဆီမှ အနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအရာများသည် အသက်ရှိနေသည့် အကောင်များနှယ် ရန်ကိုင်အား ချုပ်နှောင်ရန် ကြိုးစားတော့၏။

တစ်ချိန်တည်းတွင် ထူးဆန်းသော စွမ်းအားတစ်မျိုးမှ ရန်ကိုင်အား လာရောက်ရစ်ပတ်လေသည်။

နယ်ပယ်စွမ်းအားပင်…

ရန်ကိုင်သည် တိုးဝင်လာနေသော နယ်ပယ်၏ စွမ်းအားကို ခုခံရန်အတွက် သူ့ရှီစွမ်းအင်ကို အသန်းအသန် ထုတ်လွှတ်လိုက်သော်ငြား သူထုတ်လွှတ်လိုက်သည့် ရှီစွမ်းအင်သည်သာ နယ်ပယ်စွမ်းအား ပြန်လည် ဖိနှိပ်ခြင်း ခံလိုက်ရလေသည်။

“မင်းရှီက ပြီးပြည့်စုံခြင်း အဆင့်ကိုတောင် ရောက်ခါနီးနေပြီပဲ” ရွှယ့်လျန်က အံ့အားသင့်နေသည့် လေသံဖြင့် “မင်းမောက်မာချင်လည်း မောက်မာချင်စရာပဲ။ တန်ခိုးရှင်ဒုတိယ အဆင့်လေးနဲ့ ဒီအထိတောင် ရောက်နေတာကိုး… ဒါပေမယ့် ငါနဲ့ ပြိုင်ချင်ရင် ဒီလောက်နဲ့ မလုံလောက်သေးဘူးကွ”

ရွှယ့်လျန်သည် အပြုံးကြီးပြုံးလျက် သွေးချီများစွာကို ထုတ်လွှတ်ကာ သွေးနဂါးများ ဖန်တီး၍ ရန်ကိုင်အား တိုက်ခိုက်လေသည်။

ထိုမိစ္ဆာချီစွမ်းအင်ထဲတွင် အရူးမိကျောင်းမွန်းစတားဘုရင်၏ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများ စွဲကပ်နေသဖြင့် ထိုစွမ်းအားဖြင့် ထိခံလိုက်ရပါက စိတ်ကယောင်ချောက်ခြား ဖြစ်သွားနိုင်ပေသည်။

ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲ ဆိုသည်ကို သူမနားလည်သော်ငြား ရန်ကိုင် အနေဖြင့် ထိုအရာများကို သူ့နားကပ်ခွင့်ပေး၍ မဖြစ်မှန်းတော့ နားလည်ပေသည်။

သူ့ကိုယ်ထဲမှ ရွှေရောင်သွေးမျှင် မြောက်များစွာ ထွက်ပေါ်လာပြီး သူ့အနီးပတ်လည်ကို လှည့်ပတ်ခုတ်ပိုင်းတော့လေရာ ရန်ကိုင် ခံစားနေရသည့် နယ်ပယ်၏ ဖိအားမှာ ချက်ချင်းကို လျော့ကျသွားခဲ့ရလေသည်။

ရွှေရောင်သွေးမျှင်များသည် ရှီစွမ်းအင်အား ဖြတ်တောက်နိုင်သည့် အထူးစွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထား၏။ နယ်ပယ်သည် ရှီစွမ်းအင်မှ ဆင့်ကဲပြောင်းလဲလာသည့် စွမ်းအားတစ်မျိုး ဖြစ်သည်။ ရွှေရောင်သွေးမျှင် တစ်မျှင်နှစ်မျှင်သည် နယ်ပယ်၏ ဖိနှိပ်မှုကို ဘာမှ လုပ်နိုင်လိမ့်မည် မဟုတ်သော်ငြား ရွှေရောင်သွေးမျှင် မြောက်မြားစွာ ပေါင်းစပ်လိုက်သည့်အခါ နယ်ပယ်၏ စွမ်းအားကို အနည်းနှင့်အများ ခုခံနိုင်လာတော့လေသည်။

နယ်ပယ်၏စွမ်းအား လျော့ကျသွားသည်နှင့် ဖိနှိပ်ခံနေရသည့် ရန်ကိုင်၏ ရှီစွမ်းအားသည် ချက်ချင်း ပျံ့ထွက်လာခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်း၍ နဂါးစိမ်းကို ပြန်ခေါ်လိုက်ရာ နဂါးစိမ်းသည် သူ့လက်ထဲသို့ ပြန်လာပြီး နဂါးအရိုးဓါးအသွင်သို့ ပြန်ပြောင်းလိုက်လေသည်။

နဓါးအရိုးဓါး သူ့လက်ထဲသို့ ပြန်ရောက်လာသည်နှင့် ရန်ကိုင်သည် ထိုထဲသို့ သူတော်စင်ချီ ထည့်သွင်း၍ သူ့ရှေ့တည့်တည့်အား ပိုင်းချလိုက်သည်။ ဓါးလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့ပြီး ထိုဓါးလှိုင်းသည် ရန်ကိုင်အား ဝိုင်းရံထားသော သွေးနီရောင် မြူခိုးထုကြီးကို ဖြတ်တောက်၍ မြူခိုးထဲတွင် ပုန်းအောင်းနေသော ရွှယ့်လျန်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

ရွှယ့်လျန်လည်း ထိုဓါးချက်ကို ထိပ်တိုက် မရင်ဆိုင်ရဲသည့်အတွက် ချက်ချင်းပဲ ဘေးသို့တိမ်းရှောင်လိုက်သည်။ သို့သော် ခြေငြိမ်ငြိမ်ပင် ပြန်မရပ်နိုင်သေးခင်မှာပဲ မြေကြီးထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကျောက်တုံးရုပ်သေးရုပ်ပင်…

လက်ရှိတွင် ကျောက်တုံးရုပ်သေးရုပ်သည် ကျောက်ဘီလူးကြီး အသွင်သို့ ပြောင်းလဲထားသဖြင့် အနက်ရောင်တုတ်မှာလည်း သူ့အရွယ်အစားအတိုင်း ကြီးမားနေခဲ့ကာ ငါးမီတာ အရှည်မျှပင် ရှိနေခဲ့လေသည်။ ထိုအနက်ရောင်တုတ်သည် အလွန်ကိုမှ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ရွှယ့်လျန်ဆီသို့ တိုးဝင်လာခဲ့၏။

အခြားတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရလျှင် ရင်ဆိုင်ရနိုင်သော်ငြား ထိုတုတ်ချောင်း၏ ရိုက်ချက်ကို မည်သို့မှ ထိပ်တိုက်ရင်ဆိုင်၍ မဖြစ်သည့်အတွက် ရွှယ့်လျန် နောက်တစ်ကြိမ် ထပ်ရှောင်တိမ်းရပြန်လေသည်။ ထိုသို့ ရှောင်တိမ်းရင်းမှ လက်သီးတစ်ချက်လည်း ပစ်ကျွေးသွားခဲ့၏။

သူ့လက်သီးချက်သည် ကျောက်တုံးရုပ်သေးရုပ်၏ ရင်ဘတ်ကို သွားရောက်ထိမှန်ခဲ့သည်။ ထိုလက်သီးချက်ကြောင့် ကျောက်တုံး ရုပ်သေးရုပ် ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်လိုက်ရပြီး ကျောက်တုံး၊ ကျောက်စများ ၎င်း၏ ရင်ဘတ်မှ ပဲ့ကြွေကျလာခဲ့လေ၏။

ထိုအဖြစ်အပျက်ကြောင့် ကျောက်တုံး ရုပ်သေးရုပ် လုံးဝကို မှင်သက်သွားခဲ့ရ၏။

သူစတင် မွေးဖွားလာသည့် အချိန်မှစ၍ သူ့အား မည်သူမှ ထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။ ယခုအကြိမ်သည် သူပထမဆုံး ထိခိုက်သွားရသည့် အကြိမ်ဖြစ်သည်။ ကျောက်တုံး၊ ကျောက်စ နည်းနည်းလောက်သာ ပဲ့ကြွေကျသွားသည် ဆိုလျှင်ပင် ထိုအရာသည် ဒဏ်ရာတစ်ခု ဖြစ်နေဆဲ။

ရှောင်ရှောင်၏ မျက်လုံးထဲ ခက်ထန်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာပြီး ၎င်း၏ လက်ဖြင့် ရင်ဘတ်ကို တဘုန်းဘုန်း ထုရိုက်တော့၏။ ချက်ချင်းဆိုသလို ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ်မှ အလွန်ပြင်းထန်သော အပူဓါတ်တို့ ဖြာထွက်လာခဲ့လေသည်။

ကျောက်တုံးရုပ်သေးရုပ်၏ ကျောက်ခန္ဓာကိုယ်သည် အရည်ပျော်ကျလာသလို ဖြစ်သွားကာ တစ်ကိုယ်လုံးမှာလည်း မီးနီရောင်ရဲတောက်လာခဲ့လေသည်။

ထိုမြင်ကွင်ကိုကြည့်ရင်း ရန်ကိုင်လည်း မှင်သက်နေမိလေ၏။ ကျောက်တုံးရုပ်သေးရုပ် ဘာဖြစ်လို့ဖြစ်နေမှန်း သူမသိ၊ ကျောက်တုံးရုပ်သေးရုပ် ဤကဲ့သို့ အသွင်ပြောင်းသည်ကိုလည်း သူတစ်ခါမှ မမြင်ဖူး၊ သူ့စိတ်ထဲ ဤပြောင်းလဲမှုကြောင့် ရှောင်ရှောင် ဘာမှ ဆိုးဆိုးရွားရွား မဖြစ်ပါစေနှင့်ဟုသာ ဆုတောင်းနေရတော့သည်။

မကြာမီ ကျောက်တုံးရုပ်သေးရုပ်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ချော်ရည်ကဲ့သို့သော အရာများက ဖုံးလွှမ်းသွားတော့လေသည်။

လက်ရှိရှောင်ရှောင်သည် ချော်ရည်ချပ်ဝတ်ကြီးကို ဝတ်ထားသည်နှင့်ပင် တူနေ၏။ ထိုချော်ရည်ချပ်ဝတ်ဆီမှ ဖြာထွက်နေသည့် အပူစွမ်းအင်သည် အလွန်ကိုမှ ပြင်းထန်သဖြင့် ရန်ကိုင်ပင် ကျောက်တုံးရုပ်သေးရုပ်နားသို့ အလွယ်တကူ မချဉ်းကပ်သွားရဲတော့ချေ။

“ငါသိပြီ။ နေမီးလျှံအမြူတေပဲ” ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။

ချော်ရည်ချပ်ဝတ်ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါသည် သူရင်းနှီးနေသည့် နေမီးလျှံအမြူတေ၏ အရှိန်အဝါ ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာအခါ ရှောင်ရှောင်သည် နေမီးလျှံအမြူတေကို ဝါးမြိုခဲ့ဖူး၏။ သို့သော်ငြား ရှောင်ရှောင်သည် ဤစွမ်းအားကို တစ်ခါမှ ထုတ်မသုံးသဖြင့် ရှောင်ရှောင်တွင် ဤကဲ့သို့သော စွမ်းရည်တစ်မျိုး ရှိနေမှန်း ရန်ကိုင်ပင် မသိခဲ့ပေ။

သို့သော်လည်း ရွှယ့်လျန်၏ လက်သီးချက်သည် ရှောင်ရှောင်၏ အားအကောင်းဆုံး စွမ်းရည်ကို ထုတ်သုံးလာအောင် တွန်းအားပေးသလို ဖြစ်သွားခဲ့သည်။

ချော်ရည်ချပ်ဝတ်ကို ဝတ်ဆင်ပြီးနောက်တွင် ရှောင်ရှောင်သည် ချော်ရည်ဘီလူကြီးအသွင်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ အနက်ရောင်တုတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ရင်း ကျန်လက်တစ်ဖက်ကို တင်းတင်းဆုပ်၍ မိစ္ဆာဆန်ဆန် ပြုံးလိုက်၏။ ပုံမှန်ရိုးသားပြီး ဘာမှမသိနားမလည်ဟန်ရသည့် ရှောင်ရှောင်၏ ပုံစံနှင့်ယှဉ်လျှင် လက်ရှိ မျက်နှာအမူအရာမှာ အတော်လေးကို ထူးဆန်းနေခဲ့လေသည်။

ထို့နောက်တွင် ရှောင်ရှောင်သည် သွေးမြူထဲသို့ အကြောက်အလန့်မရှိ ပြေးဝင်သွားပြီး ရွှယ့်လျန်အား သူ့မီးတောက်နေသည့် လက်သီးဖြင့် ထိုကြိတ်တော့၏။

နေမီးလျှံအမြူတေ၏ စွမ်းအားကြောင့် သူဖန်တီးထားသည့် သွေးမြူများ စတင် အငွေ့ပျံ့လာသဖြင့် ရွှယ့်လျန် စူးစူးဝါးဝါး ထအော်တော့လေသည်။

ဆယ်ချက်ကျော်လောက် ထိုးပြီးနောက်တွင် ရွှယ့်လျန်၏ ပုံရိပ် ရန်ကိုင်၏ မြင်ကွင်းထဲ ထွက်ပေါ်လာခဲ့သည်။

ရွှယ့်လျန်သည် သူ့ဆီသို့ တောက်လျှောက် ပြေးဝင်လာနေသည့် ချော်ရည်ဘီလူးကြီးအား ကြောက်လန့်မှုအပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

ဤလောကကြီးတွင် ဤကဲ့သို့သော သက်ရှိမျိုးရှိမှန်း သူလုံးဝ မသိခဲ့ချေ။

ထိုကောင်လေး သူ့အား ပထမတစ်ကြိမ် တိုက်ခိုက်စဉ်က ပုံမှန် လူတစ်ယောက်၏ အရပ်တစ်ဝက်လောက်သာ ရှိသည်။ ဒုတိယ အကြိမ် တိုက်ခိုက်လာချိန်တွင်တော့ ကျောက်ဘီလူးကြီး အဖြစ်သို့ အသွင်ပြောင်းလဲနေခဲ့၏။ ယခုတစ်ကြိမ် တိုက်ခိုက်လာချိန်တွင်မူ ချော်ရည်ဘီလူးကြီး အဖြစ်သို့ အသွင်ပြောင်းလဲနေခဲ့လေပြီ။

ရှောင်ရှောင်၏ လက်သီးချက်ကို မည်သို့မှ ထိပ်တိုက် မရင်ဆိုင်ရဲသည့်အတွက် ရွှယ့်လျန် အနေဖြင့် နောက်သို့သာ တောက်လျှောက် ဆုတ်နေခဲ့ရလေသည်။

မီးငှက်သည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူလျက် ရွှယ့်လျန်ဆီသို့ မီးဘောလုံးများ အဆက်မပြတ် ကြဲချပေးလိုက်၏။

ထိုမီးတောက်ဘောလုံးများထဲတွင် အပူစွမ်းအင်သာမက လျှပ်စီးစွမ်းအင်များပါ ပါဝင်နေခဲ့လေသည်။

မီးငှက်သည် နေမီးလျှံမီးတောက် အမျှင်တန်းလေးများကို စုပ်ယူခဲ့သဖြင့် ၎င်း၏ မီးတောက်သည် အလွန်ကိုမှ ပူပြင်းသည်ဟု ပြော၍ရသည်။ ထိုမျှပင်မဟုတ်သေးဘဲ အာကာယံမိုးကြိုး မီးတောက်ကိုပါ ထပ်မံ စုပ်ယူထားခဲ့လေသဖြင့် မီးငှက်၏ မီးတောက်ထဲတွင် မိုးကြိုးစွမ်းအားပါများပါ ပါဝင်နေတော့၏။

မီးငှက်၏ မီးတောက်များသည် ရှောင်ရှောင်၏ လက်သီးမှ မီးတောက်များထက် ပိုကြောက်မက်ဖွယ်ကောင်းပေ၏။ ခွန်အားချင်း ရှောင်ရှောင်ကို မယှဉ်ပြိုင်နိုင်သော်လည်း မီးငှက်သည် ရှောင်ရှောင်ထက် ပိုပို မြန်ဆန်ပေသည်။

ရန်ကိုင်တွင် မဟာအကူအညီကြီး နှစ်ဦးရှိနေခဲ့သည်။ တစ်ယောက်သည် ကောင်းကင်ထက်မှ ကူညီနေချိန် တစ်ယောက်က မြေပေါ်မှ ကူညီပေးနေခဲ့သည်။ ထိုနှစ်ယောက်၏ ပူးပေါင်းစွမ်းအားသည် ရွှယ့်လျန်ကို ပြန်မလှန်နိုင်အောင် အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့လေသည်။

ထိုအခြင်းအရာကို ကြည့်ရင်း ရန်ကိုင် ပြုံးဖြီးဖြီး ဖြစ်နေခဲ့သည်။

မီးငှက်နှင့် ကျောက်တုံးရုပ်သေးရုပ်တို့နှင့်ပင် ရွှယ့်လျန် လှုပ်မရ ဖြစ်နေခဲ့လေပြီ။ လွန်ခဲ့သော နှစ်တစ်သောင်းခန့်က မွန်းစတားဘုရင် ဖြစ်ခဲ့ပြီး နယ်ပယ်စွမ်အား၏ တစ်စွန်းတစ်စကို ထုတ်သုံးနိုင်သေးလျှင်ပင် ဘာအရေးနည်း။ သူ့လက်ရှိ ခန္ဓာကိုယ်မှ တောင့်ခံနိုင်သည့် စွမ်းအားကိုသာ သူထုတ်သုံးနိုင်ပေလိမ့်မည်။

သူသာ ယခင်ကကဲ့သို့ တန်ခိုးရှင်ဘုရင် တတိယအဆင့်တစ်ဦး ဖြစ်နေလျှင်တော့ ရန်ကိုင်အား သူ့လက်တစ်ချက် အဝှေ့ဖြင့် သတ်ပစ်လိုက်နိုင်ပေလိမ့်မည်။

တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင်တိုင်းသည် သွားရန်စသင့်သည့် တည်ရှိမှုများ မဟုတ်ကြပေ။

သို့သော်လည်း နဂါးတစ်ကောင်ပင်လျှင် ရေကန်လေးထဲတွင် ပိတ်မိနေပါက လှိုင်းတွန်းလေးများကိုသာ ဖန်တီးနိုင်လေရာ လက်ရှိ ရွှယ့်လျန်ကကော ဘာလုပ်နိုင်မည်နည်း။

“ထွက်သွားစမ်း” စိတ်ပေါက်ပေါက်ဖြင့် ရွှယ့်လျန်သည် ကျောက်တုံးရုပ်သေးရုပ်အား သူ့လက်သီးဖြင့် ထိုးချလိုက်ရာ ကျောက်တုံးရုပ်သေးရုပ် မီတာတစ်ရာ အကွာလောက်သို့ ပြန်ဆုတ်သွားခဲ့ရ၏။

တန်ပြန် အကျိုးဆက်အနေဖြင့် ရွှယ့်လျန်၏ လက်သီးသည်လည်း မီးလောင်သွားခဲ့ရလေသည်။

ကျောက်တုံးရုပ်သေးရုပ်ကို မောင်းထုတ်ပြီးသည်နှင့် မီးငှက်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလျက် ရန်ကိုင်ဆီသို့ ချက်ချင်း ပြေးခုန်ဝင်သွားလေသည်။

ရန်ကိုင်သည် တိုက်ပွဲ၏ အခရာဖြစ်သည်။ ရန်ကိုင်ကိုသာ သတ်လိုက်နိုင်သရွေ့ သူ့အမိန့်ကို နားထောင်နေသည့် မီးငှက်နှင့် ကျောက်တုံးရုပ်သေးရုပ်တို့ သူ့အား ပြဿနာ အများကြီး ပေးနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်ကို အရင် သတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရွှယ့်လျန်သည် နယ်ပယ်စွမ်းအင်ကို အဆုံးစွန်ထိ ဖြန့်ကျက်၍ ရန်ကိုင်ဆီသို့ တိုးဝင်သွားခဲ့သည်။

ရန်ကိုင်သည် သူ့ရှီစွမ်းအင်ကို ထုတ်လွှတ်၍ နယ်ပယ်၏ စွမ်းအားကို ခုခံရန် ကြိုးစားလိုက်သော်လည်း မည်သို့မှ မခုခံနိုင်သည်ကို တွေ့ရှိလိုက်ရသည်။

ထိုအခြင်းအရာကို မြင်သော် ရွှယ့်လျန်သည် မိစ္ဆာဆန်ဆန် ပြုံးဖြီးလျက် ရုတ်တရက် အော်ဟစ်ချလိုက်၏။

သူ့အော်သံသည် ကြားလိုက်သည့် လူတိုင်း၏ နှလုံးသားထဲကို ဓါးတစ်ချောက်ဖြင့် စိက်လိုက်သလို ခံစားသွားစေနိုင်သဖြင့် ရန်ကိုင်လည်း သူ့အော်သံကို ကြားပြီးနောက်တွင် သူ့လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားခဲ့ရလေသည်။

“ကောင်လေး၊ သေလိုက်ပေတော့” ရွှယ့်လျန်သည် သွေးရူးသွေးတန်း အော်ဟစ်ရင်း ရန်ကိုင်အား ဖမ်းဆွဲရန် ကြိုးစားလိုက်သည်။

“တကယ်လား” ရန်ကိုင်၏ မျက်နှာထက် ထူးဆန်းသော အပြံးတစ်ပွင့် ထွက်ပေါ်လာခဲ့၏။ သူ့ခန္ဓာကိုယ် ရုတ်တရက် တုန်တက်သွားခဲ့ပြီး တိုးတိုးလေး ရေရွတ်လိုက်၏ “နဂါး အသွင်ပြောင်းလဲခြင်း”

ရွှေရောင်အလင်းတန်းများနှင့်အတူ ရန်ကိုင်၏ ညာဘက် လက်မောင်းတစ်ခုလုံး ရွှေရောင်အကြေးခွံများဖြင့် ပြည့်နှက်သွားခဲ့၏။ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားချိန် ရန်ကိုင်၏ ညာဘက်လက်သည် နဂါးလက်သည်း တစ်ခုအသွင်သို့ ပြောင်းလဲနေခဲ့လေပြီ။ တစ်ချိန်တည်းတွင် ပြင်းထန်လှသော နဂါးဖိအားသည်လည်း ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။

နဂါးဖိအားကို ခံစားမိလိုက်ချိန် ရွှယ့်လျန်၏ မျက်ဝန်းထဲ ကြောက်လန့်ရိပ်တို့ တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး သူ့လှုပ်ရှားမှုတို့လည်း တဒင်္ဂတာ ရပ်တန့်သွားခဲ့လေသည်။

ရှေးနတ်ဘုရားသားရဲ တစ်ကောင်သည် ၎င်း၏ ဖိအားဖြင့် မည်သည့် မွန်းစတားသားရဲများကို ဖိနှိပ်နိုင်လေရာ ထိုရှေးနတ်ဘုရားသားရဲများ၏ အုပ်ချုပ်သူဖြစ်သူ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

ရွှယ့်လျန်၏ ခန္ဓာကိုယ်ဖြစ်စေ၊ အရူးမိးကျောင်း မွန်းစတားဘုရင်၏ ဝိဥာဉ်ဖြစ်စေ၊ နှစ်ခုစလုံးသည် ရှေးဟောင်းမျိုးကွဲ နတ်ဘုရားသားရဲ တစ်ကောင်၏ တိုက်ရိုက်မျိုးဆက်များသာ ဖြစ်ကြပြီး ရွှေနဂါးနှင့် လုံးဝ မယှဉ်နိုင်ချေ။

ရန်ကိုင်မှ သူ့လက်ကို ရှေ့တည့်တည့်သို့ ဆန့်ထုတ်လိုက်၏။

သွေးပွက်သံနှင့်အတူ သံမဏိတမျှ မာကျောလှသော ရွှယ့်လျန်၏ ခန္ဓာကိုယ်သည် ရန်ကိုင်၏ ညာဘက်လက်မှ တိုးဖူးတုံးအား ထိုးဖောက်သွားသည့်နှယ် အလွယ်တကူ ထိုးဖောက်ခြင်း ခံလိုက်ရသည်။

ရန်ကိုင်မှ သူ့နှလုံးကို ဆုပ်ကိုင်လိုက်ချိန် ရွှယ့်လျန်၏ ရင်ဘတ်ဆီမှ တဒုတ်ဒုတ်မြည်သံတို့ အလျင်အမြန် ထွက်ပေါ်လာခဲ့၏။

ရန်ကိုင်ခေါင်းကို ဆုပ်ကိုင်ထားသည့် ရွှယ့်လျန်၏လက်ထဲ အားမရှိတော့သလို ဖြစ်သွားခဲ့ပြီး သူ့မျက်ဝန်းများသည်လည်း ကြောက်လန့်မှုဖြင့် တုန်ရီလာခဲ့လေသည်။

“နှုတ်ဆက်ပါတယ်ဗျာ” ပြောပြီးသည်နှင့် ရွှယ့်လျန်၏ နှလုံးကို ညစ်ချေချပစ်လိုက်သည်။

“ကောင်လေး၊ မင်းအရမ်းတုံးတာပဲကွ” ရွှယ့်လျန်သည် မသေခင် ထူးထူးဆန်းဆန်း အော်ရယ်သွားခဲ့သည်။

တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလိုက်သည်နှင့် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူ့လက်ကို ပြန်ဆွဲထုတ်ရန် လုပ်နေစဉ်မှာပဲ ရွှယ့်လျန်၏ နဖူးဆီမှ အနီရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး သူ့ခေါင်းထဲသို့ တိုးဝင်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။

ထိုအနီရောင်အလင်းတန်းသည် ရန်ကိုင်၏ အသိစိတ်ပင်လယ် အကွာအကွယ်အား သစ်ဆွေးတုံးတစ်တုံးနှယ် ဖျက်စီး ဖြတ်ကျော်သွားခဲ့သည်။

“ဒီတော့ ဒါက ခင်ဗျားရဲ့အကြံပေါ့” ရွှယ့်လျန် ဘာကြံနေလဲ ဆိုသည်ကို နားလည်သွားပြီးနောက် သူ့အသိစိတ်ကို အသိစိတ် ပင်လယ်ထဲသို့ ချက်ချင်း ပို့လွှတ်လိုက်လေ၏။

ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲတွင် ထူးဆန်းသော ပုံရိပ်တစ်ခုသည် သူ့ဘေးဘေးပတ်ပတ်လည်အား ထိတ်လန့်၊ အံ့အားသင့်နေသည့် အမူအရာဖြင့် လှည့်ပတ်ကြည့်နေခဲ့သည်။

အခြေအနေသည် သူထင်ထားသလို ဖြစ်မနေသည့်အလား။

“ကျုပ်ခန္ဓာကိုယ်ကို ဝင်စီးချင်တယ်ဆိုရင်တော့ ကျုပ်ခင်ဗျားကို စိတ်ပျက်အောင် လုပ်ရတော့မှာပဲ” ရန်ကိုင်က ထူးဆန်းသော ပုံရိပ်ကို ကြည့်ရင်း လှောင်ပြောင်စကား ဆိုလိုက်သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၁)

အရူးမိချောင်းဘုရင်သည် အစကတည်းက ရွှယ့်လျန်၏ ခန္ဓာကိုယ်ကို လိုချင်ခဲ့သူမဟုတ်။ သူလိုချင်နေသည်မှာ ရန်ကိုင်၏ ခန္ဓာကိုယ် ဖြစ်သည်။

ထို့ကြောင့် ရန်ကိုင်နားသို့ ကပ်လာနိုင်ရန် အတွက် ကျောက်တုံးရုပ်သေးရုပ်နှင့် မီးငှက်တို့အား မနိုင်တော့ဘဲ ရန်ကိုင်ကိုသာ သတ်ရန်ရွေးချယ်စရာ ရှိတော့သည့် ပုံစံမျိုးဖြင့် တဒင်္ဂသော အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ရန်ကိုင်အား သတ်ဖြတ်ရန် သူ့ဆီ ပြေးလာသည့် ပုံစံမျိုး လုပ်ခဲ့သည်။

ရန်ကိုင်နားသို့ ရောက်သည်နှင့် သူ့နာမ်ဝိဥာဉ်ကိုသုံး၍ ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ချိုးဖျက်မည်ပေါ့။

သူ့အစီအစဉ် အမှန်တကယ်ကို အောင်မြင်ခဲ့ပေသည်။

သူစီစဉ်ထားသည့်အတွက် သူ့နာမ်ဝိဥာဉ်သည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲသို့ ချောချောမွေ့မွေ့ ရောက်လာနိုင်ခဲ့၏။ လက်ရှိ သူလုပ်စရာရှိတော့သည်ကား ရန်ကိုင်၏ ခန္ဓာကိုယ်ကို ဝင်စီးရန်သာ ရှိတော့သည်။ ရန်ကိုင်၏ နာမ်ဝိဥာဉ်ကို ဝါးမြိုလိုက်ပြီးသည်နှင့် ရန်ကိုင် ပိုင်ဆိုင်သည့် ရတနာအားလုံး သူ့အပိုင် ဖြစ်လာပေတော့မည်။

နောက်ဆုံး အပိုင်းကို လုပ်နိုင်လိမ့်မည်ဟု အရူးမိကျောင်း အပြည့်အဝ ယုံကြည်နေသည်။ သူ့စိတ်စွမ်းအင်သည် လွန်ခဲ့သည့် နှစ်တစ်သောင်းကျော်အတွင်း သူ့ဝိဥာဉ်ပင် ပျောက်ကွယ်လုတော့မတတ် ဖြစ်သည်အထိ တောက်လျှောက် အားနည်းလာနေခဲ့သော်ငြား ဆင်ပိန်ကျွဲလောက် ရှိသည်ဆိုသည့် အတိုင်း သူ့စိတ်စွမ်းအင်သည် တန်ခိုးရှင်အဆင့်တစ်ဦး ယှဉ်ပြိုင်နိုင်သည့် အရာတစ်ခု မဟုတ်ချေ။

ထို့ကြောင့်သာ မဟုတ်လျှင် ရွှယ့်လျန်၏ ခန္ဓာကိုယ်ကို အချိန်တိုအတွင်း သူမည်ကဲ့သို့ ဝင်စီးနိုင်မည်နည်း။ ရွှယ့်လျန်သည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများထဲတွင် လက်ရွေးစင်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးပင် မဟုတ်လေလော။

သို့သော်ငြား ချစ်ချစ်တောက် ပူလောင်သော အသိစိတ် ပင်လယ်ထဲသို့ ဝင်လာမိသည့်အခါ အရူးမိကျောင်း၏စိတ်ထဲ မကောင်းသည့် ခံစားချက်အချို့ ရလိုက်ရသည်။

“မင်းမှာ အသွင်ပြောင်း အသိစိတ်ပင်လယ်ကြီး ရှိနေတာပဲ” အရူးမိကျောင်းဘုရင်က အလန့်တကြား ဆိုလိုက်သည်။

“ဟုတ်တယ်” ရန်ကိုင်က ချက်ချင်းကြီး မလှုပ်ရှားသေးဘဲ မိတ်ဆွေတစ်ယောက်နှင့် စကားပြောနေသည့်နှယ် လက်ပိုက်၍သာ အရူးမိကျောင်း ဘာလုပ်မလဲဆိုသည်ကိုသာ စောင့်ကြည့်နေ၏။

ဘေးပတ်ပတ်လည်ကို လှည့်ကြည့်ရင်း အရူးမိကျောင်း မျက်မှောင်ကြုတ်မိသွားသည်။ မကြာမီ သူ့အကြည့်သည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲရှိ တစ်ခုသော နေရာဆီသို့ ရောက်သွားခဲ့သည်။ ထို့နောက် မျက်လုံးပြူး၊ ပါးစပ် အဟောင်းသား ဖြစ်သွားပြီး ထိုအရပ်ဆီသို့ လက်ညိုးထိုးလျက် တုန်တုန်ရီရီဖြင့် မေးလိုက်သည် “ဒါဒဏ္ဏာရီလာ ဝိဥာဉ်ကြာပန်းကြီးလား”

“စီနီယာက ဝိဥာဉ်ကြာပန်းကို သိတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

အရူးမိကျောင်း မျက်နှာ မဲ့သွားခဲ့ပြီး “ဒီဘုရင် မင်းမြင်ခဲ့တာတွေထက် အများကြီး ပိုမြင်ဖူးတယ်။ ဝိဥာဉ်ကြာပန်းလို မဟာရတနာတစ်ပါးကို ဒီဘုရင် ဘာလို့ မသိရမှာလဲ”

ဤကောင်းလေးသည် ဝိဥာဉ်ကြာပန်းကိုပင် ပိုင်ဆိုင်ထားသည်။ ထို့အပြင် ရိုးရိုးဝိဥာဉ်ကြာပန်းကိုပင် ပိုင်ဆိုင်ထားခြင်း မဟုတ်ဘဲ နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည့် ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

ဤကောင်လေး၏ ဝိဥာဉ်နှင့် စိတ်စွမ်းအင် ဤမျှ အားကောင်းနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူ့တွင် ဤကဲ့သို့သော ရတနာကြီးတစ်ပါး ရှိနေသည်ကိုး။

အရူးမိကျောင်း အသက်ရှင်နေစဉ် ဝိဥာဉ်ကြာပန်းအကြောင်းကို ကြားခဲ့ဖူးသော်လည်း တစ်ခါမှတော့ မမြင်ဖူးခဲ့ချေ။ ယခုမူ ကံကောင်းစွာဖြင့် ထိုရတနာကို ရန်ကိုင်၏ ကိုယ်ထဲတွင် သူ့ကိုယ်ပိုင် မျက်လုံးအစုံဖြင့် မြင်ဖူးခဲ့လေပြီ။

တစ်ခုတည်းသော မေးစရာရှိသည်ကား ထိုကောင်လေးသည် ခုနှစ်ရောင်ခြယ် ဝိဥာဉ်ကြာပန်းကို တိုက်ရိုက်ရခဲ့ခြင်းလား၊ ထိုသို့မဟုတ်ဘဲ ဝိဥာဉ်ကြာပန်းကို ခုနှစ်ရောင်ခြယ်ဝိဥာဉ်ကြာပန်း အဆင့်သို့ ရောက်အောင် သူ့ဘာသာ အဆင့်ဆင့် ပြုစုပျိုးထောင်လာခဲ့ခြင်းပေလား ဆိုသည်ပင်။

ပထမ တစ်ချက်သည် ပို၍ ဖြစ်နိုင်ချေရှိသည်။ ဝိဥာဉ်ကြာပန်းကို ပြုစုပျိုးထောင်ရသည်မှာ အလွန်ကိုမှ ခက်ခဲလှသည်။ သူ့ကဲ့သို့ လူငယ်လေးတစ်ယောက်က ဝိဥာဉ်ကြာပန်းကို နောက်ဆုံး အဆင့်သို့ ရောက်အောင် မည်ကဲ့သို့များ ပျိုးထောင်နိုင်ပါ့မည်နည်း။

ဒီကောင့်ကံက ကြောက်စရာကြီး အရူးမိကျောင်း သူ့ဘာသာ တွေးလိုက်သည်။

အရူးမိကျောင်းသည် မွန်းစတားဘုရင်တစ်ဦး ဖြစ်သည့်အတွက် သူ့အရည်အချင်းနှင့် သွေးမျိုးဆက်သည် အလွန်ကိုမှ ကောင်းမွန်မည်မှာ မေးခွန်းထုတ်စရာ မလိုချေ။ ထို့အပြင် သူ့သက်တမ်း တစ်လျှောက်တွင် ကံကောင်းမှုများစွာကို ကြုံတွေ့ခဲ့ရပြီး မွန်းစတားဘုရင်တစ်ဦး ဖြစ်လာရန်အတွက် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသည်။ သို့သော်လည်း သူ့ကိုယ်သူ ရန်ကိုင်နှင့် ယှဉ်ကြည့်လိုက်သည့်အခါ သူကြုံတွေ့ခဲ့ရသည့် အခွင့်အလမ်း အားလုံးသည် အမှိုက်တစ်စနှယ် ဖြစ်သွားကုန်ကြရလေသည်။

ခုနှစ်ရောင်ခြယ်ကျွန်းကို စိုက်ကြည့်နေပြီးနောက် စိတ်ငြိမ်သွားအောင် လုပ်လိုက်သည့်အလား အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ ထို့နောက် ရန်ကိုင်ဘက်သို့ လှည့်ပြီး အလေးအနက် အမူအရာဖြင့် အော်ပြောလိုက်လေသည် “ကောင်လေး၊ ဒီဘုရင် မင်းကို တကယ် အထင်သေးမိလိုက်တာပဲ။ အခုငါတောင် နောက်ဆုံးရလဒ်နဲ့ ပက်သက်ပြီး မသေချာချင် ဖြစ်သွားပြီ”

ထိုကောင်လေး၏ ဝိဥာဉ်သည် သူ့အောက် မနိမ့်ကျတော့ချေ။ ယခု ဝိဥာဉ်ကြာပန်း၏ အကူအညီပါ ထပ်ရှိနေသဖြင့် ထိုကောင်လေးကို နိုင်မနိုင် သိပ်ပြီးတော့ပင် မသေချာတော့ပေ။

“ကျုပ်ကတော့ ကျုပ်နိုင်မယ်လို့ ပိုထင်တယ်” ရန်ကိုင်က အေးအေးဆေးဆေး အမူအရာဖြင့် ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်၏။

“သိပ်ပြီး သွေးနားထင်ရောက်မနေနဲ့ ကောင်လေး။ တစ်တောင်ထက် တစ်တောင် ပိုမြင့်တယ်ဆိုတာကို ငါမင်းကို သင်ပေးရတော့မယ်နဲ့ တူတယ်”

“ကျုပ်ပြောတာကို မယုံတာလား” ရန်ကိုင်က အရူးမိကျောင်းအား ပြုံးကြည်လျက် “ထားလိုက်တော့။ သေရတော့မယ့် ခင်ဗျားလို လူတစ်ယောက်ကို ရှင်းပြနေလည်း လေကုန်တာပဲရှိမှာ”

ပြောပြီးသည်နှင့် ကောင်းကင်ပေါ်သို့ လက်ညိုးထိုးလိုက်၏။

အရူးမိကျောင်းလည်း ရန်ကိုင် လက်ညိုးထိုးသည့်အတိုင်း အပေါ်သို့ မော့ကြည့်မိလိုက်သည်။

ရန်ကိုင် ညွှန်ပြရာအရပ်တွင် ပိတ်နေသည့် မျက်လုံးတစ်လုံးနှင့် ဆင်တူသည့် အလယ်တွင် ဖြတ်ကြောင်းရာ တစ်ခုရှိနေသော ဘဲဥပုံစံပစ္စည်းတစ်ခု ရှိနေခဲ့သည်။

သို့သော်ငြား ရန်ကိုင်မှ လက်ဖျောက်တီးလိုက်သည်နှင့် ထိုဖြတ်ကြောင်းရာသည် ဖြည်းဖြည်းချင်း ပွင့်လာခဲ့လေသည်။

မကြာမီ ထိုအရာဆီမှ ရွှေရောင်အလင်းတန်းတို့ ဖြာထွက်လာခဲ့၏။

ရွှေရောင်အလင်းသည် တဖြည်းဖြည်း သိပ်သည်းသည်ထက် သိပ်သည်းလာနေခဲ့ပြီး နောက်ဆုံးတွင် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းလဲသွားကာ အရူးမိကျောင်း မွန်းစတားဘုရင်၏ ဝိဥာဉ်ကို လွှမ်းခြုံသွားခဲ့လေသည်။

ထိုရွှေရောင်အလင်းတန်းထဲတွင် ရွှေရောင်အလင်း သက်သက်သာတင် မဟုတ်ဘဲ ရောင်စုံ အလင်းရောင်များလည်း ရောနှောပါဝင်နေခဲ့လေသည်။

ရွှေရောင်အလင်းတန်း၏ လွှမ်းခြုံခြင်း ခံလိုက်ရချိန်တွင် အရူးမိကျောင်း မွန်းစတားဘုရင်၏ ဝိဥာဉ်တစ်ခုလုံး အေးခဲသွားသည့်နှယ် တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။

“ဘာကြီးလဲ” အရူးမိကျောင်း ကြောက်လန့်တကြား ထအော်တော့သည်။

ရွှေရောင်အလင်းတန်း၏ ရိုက်ခတ်ခြင်း ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့စိတ်ထဲ သေမင်းခေါင်းလောင်းသံတို့ တဒေါင်ဒေါင် မြည်ဟည်းသွားခဲ့သည်။ ထို့နောက်တွင် သူ့အသိစိတ်သည် နေရောင်အောက်သို့ ရောက်သွားသည့် နှင်းပွင့်တစ်ပွင့်နှယ် စတင် အရည်ပျော်ကျလာနေသည်ကို တွေ့ရှိလိုက်ရသည်။ ထိုအချက်ကို သတိပြုမိလိုက်သည်နှင့် အရူးမိကျောင်းဘုရင်သည် ရွှေရောင် အလင်းတန်းအောက်မှ လွတ်မြောက်ရန် အသည်းအသန် ကြိုးစားရုန်းကန်တော့လေသည်။

ရွှေရောင်နှင့် ရောင်စုံအလင်းတို့သည် အရူးမိကျောင်း မွန်းစတားဘုရင် အတင်းရုန်းကန်နေသည်ကို မထိန်းချုပ်နိုင်သည့် အလား စတင် လွင့်ပျယ်လာကုန်ကြလေသည်။

ထိုအခြင်းအရာကို မြင်သည့်နောက် ရန်ကိုင် မျက်ခုံး ပင့်မိသွားခဲ့၏။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် မဟာနတ်ဆိုးနတ်ဘုရား၏ စွမ်းရည်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး တစ်ဖက်ရန်သူ၏ ဝိဥာဉ်ကို အမြစ်ပြတ် ရှင်းပစ်နိုင်စွမ်းရှိသော‌ ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်ပေးနိုင်သည်။ ထိုနည်းလမ်းကို သုံးပြီး မရေမတွက်နိုင်သော ရန်သူများ၏ ဝိဥာဉ်များကို ရန်ကိုင် ရှင်းပစ်ခဲ့ပြီး မည်သည့်အခါမှလည်း ပြဿနာနှင့် ကြုံတွေ့ရခဲ့ခြင်း မရှိချေ။

မဟာနတ်ဆိုးနတ်ဘုရားသည် သူတော်စင်ဘုရင်အဆင့်သို့သာ ရောက်ခဲ့သော်ငြား သူသည် အလွန်တော်သည့် ပါရမီရှင်တစ်ဦး ဖြစ်ပြီး သူဖန်တီးခဲ့သည့် စွမ်းရည်သည် ကျင့်ကြံသူ အဆင့်တက်လျှင် စွမ်းအား လိုက်အားကောင်းလာနိုင်သည့်အတွက် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ စွမ်းအားသည် ရန်ကိုင်၏ ကျင့်ကြံခြင်း မြင့်လာသည့်အလျောက် ပို၍ အားကောင်းလာခဲ့၏။

ထို့အပြင် လက်ရှိ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ အလင်းတန်းသည် ပုံရိပ်တစ်ထောင်ဖန်အလင်းနှင့် ရောထားသည့် အလင်းတန်တစ်ခု ဖြစ်သည်။

ပုံရိပ်တစ်ထောင်ဖန်အလင်းသည် ကျင့်ကြံသူများ၏ ဝိဥာဉ်ကို ဖိနှိပ်နိုင်သည့်အတွက် ရွှေရောင်အလင်းတန်းနှင့် ပေါင်းစပ်လိုက်သည့်အခါ ရွှေရောင်အလင်းတန်း၏ စွမ်းအားမှာ ပို၍ အစွမ်းထက်သွားရတော့သည်။

သို့ပင်လျှင် ထိုစွမ်းအင်နှစ်မျိုး ပေါင်းစပ်ထားသည့် ရွှေရောင် အလင်းတန်းသည် အရူးမိကျောင်း မွန်းစတားဘုရင်၏ ဝိဥာဉ်ကို တစ်ချက်တည်း မရှင်းပစ်နိုင်ခဲ့ဘဲ ဖြည်းဖြည်းချင်း အားနည်းလာအောင်သာ လုပ်နိုင်ခဲ့သည်။

ထိုသို့ဖြစ်သည်မှာလည်း သိပ်ပြီးတော့ အထူးအဆန်း မဟုတ်ပေ။ အရူးမိကျောင်းသည် မွန်းစတားဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်လေရာ သူအလွယ်တကူ အသတ်ခံရမှာသာ ထူးဆန်းနေမှာ ဖြစ်သည်။

ထိုအချက်ကို တွေးလိုက်မိသည့်နောက် ရန်ကိုင် ညစ်ကျယ်ကျယ် ပြုံးလိုက်မိသည်။ သူ့အတွေးတစ်ချက်နှင့် အောက်ဘက်ရှိ မီးတောက်များ အပေါ်ဘက်သို့ မြင့်တက်လာပြီး ဧရာမ မီးတောက်လှိုင်းကြီး အသွင်သို့ ပြောင်းလျက် အရူးမိကျောင်း၏ ဝိဥာဉ်ကို အဘက်ဘက်မှ ရိုက်ချတော့လေသည်။

ချက်ချင်းဆိုသလို အရူးမိကျောင်း ရှိနေသည့် နေရာတစ်ခုလုံးကို ပူပြင်းတောက်လောင်သည့် စိတ်စွမ်းအင်များက လွှမ်းခြုံသွားခဲ့လေသည်။

“မဟုတ်ဘူး” အရူးမိကျောင်းသည် မသေစေရန် အလို့ငှာ ရူးသွပ်စွာ အော်ဟစ်ရင်း ဝိဥာဉ်ပညာရပ်များကို တစ်ခုပြီး တစ်ခု ထုတ်သုံးတော့လေသည်။

“အပြင်မှာဆိုရင် ပိုအဆင်ပြေဦးမှာကို ဒီလာပြီး သေချင်နေမှတော့ ဘာလို့ ရုန်းကန်နေသေးတာလဲ အရူးမိကျောင်း၊ ခင်ဗျား ဘယ်လောက်ပဲရုန်းရုန်း၊ ဘာမှထူးသွားမှာ မဟုတ်ဘူး။ ဒီနေရာမှာ ကျုပ်က သခင်ပဲ” အော်ပြောလိုက်ပြီးနောက်တွင် ရန်ကိုင်သည် သူ့စိတ်စွမ်းအင်ကို ထပ်မံ မြှင့်တင်လိုက်လေသည်။

ရွှေရောင်အလင်းတန်း၊ ပုံရိပ်တစ်ထောင်ဖန်အလင်းနှင့် တေဇောဓါတ်အသိစိတ်ပင်လယ်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သူ့အသိစိတ်ပင်လယ်တစ်ခုလုံး လှိုင်းထန်လာခဲ့လေသည်။

အရူးမိကျောင်းမှာ အဆက်မပြတ် ရုန်းကန်အော်ဟစ်နေသော်ငြား သူမည်မျှ ကြိုးစားရုန်းကန်နေစေကာမူ ရွှေရောင်အလင်းတန်း အောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ ရွှေရောင်အလင်းတန်း၏ စွမ်းအားအောက်တွင် သူ့ဝိဥာဉ်သည် အလွန်ကိုမှ မြန်ဆန်သော အရှိန်ဖြင့် အရည်ပျော်ကျလာနေပြီး သူ့အရှိန်အဝါသည်လည်း လျင်မြန်စွာ အားပျော့လာနေခဲ့လေသည်။

မကြာမီ အရူးမိကျောင်း၏ အော်သံများ တိုးညင်းလာပြီး ရုန်းကန်မှုများမှာလည်း အားပျော့လာခဲ့လေ၏။

ခဏအကြာတွင် အရာအားလုံး တိတ်ဆိတ်သွားခဲ့လေသည်။ ရန်ကိုင်မှ သူ့လက်ကို ဝှေ့ရမ်း၍ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ စွမ်းအားကို ပြန်သိမ်းလိုက်ပြီးနောက် လှိုင်းထန်နေသော အသိစိတ်ပင်လယ်တစ်ခုလုံး ပြန်လည် ငြိမ်သက်သွားခဲ့၏။ အရူးမိကျောင်း ရပ်နေခဲ့သည့် နေရာတွင်မူကား သိပ်သည်းသော စိတ်စွမ်းအင်ထုကြီး တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။

ထိုစိတ်စွမ်းအင်ထုကြီးကို ကြည့်ရင်း ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့သည်။ ထိုနေရာတွင် ရှိနေသည်မှာ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုအပေါ် ထိုးထွင်းနားလည်မှုများ ဖြစ်သည်။

ထိုအရာ မည်မျှ အဖိုးတန်လဲ ဆိုသည်ကို ပြောပြနေစရာပင် မလိုချေ။

သူသာ ထိုအရာကြီးကို စုပ်ယူလိုက်မည်ဆိုပါက ကျင့်ကြံရာတွင် နှစ်ပေါင်းများစွာ ပိုသက်သာသွားပေလိမ့်မည်။

ထိုကဲ့သို့ တွေးပြီးနောက်တွင် သူ့အသိစိတ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်ပို့လိုက်သည်။ ရွှယ့်လျန်အလောင်းနှင့် အခြားသော မွန်းစတားမျိုးနွယ် တက်သစ်စကြယ်ပွင့် နှစ်ဦးဆီသို့ လျှောက်သွားလိုက်ပြီး သူတို့၏ မွန်းစတားအမြူတေနှင့် သိုလှောင်လက်စွပ်များကို ကောက်ယူလိုက်ပြီးနောက် သူတို့၏ အလောင်းများကို ပြာချပစ်လိုက်သည်။ ထို့နောက် အနက်ရောင်လိုဏ်ဂူထဲသို့ ပြန်ဝင်သွားလိုက်လေသည်။

ရွှယ့်လျန်၊ မီထျန်းနှင့် လဲ့ဖုန်းတိုသည့် တန်ခိုးရှင်အဆင့်တွင် လက်ရွေးစင်ဟု ခေါ်ထိုက်သူများ ဖြစ်ကြသဖြင့် သူတို့၏ မွန်းစတားအမြူတေ အလွန်အဖိုးတန်မည်ကို မေးနေစရာပင် မလိုချေ။

လက်ရှိ သူ့စွမ်းအားအရ ရန်သူများကို သွေးသားရဲများသုံး၍ ရင်ဆိုင်နေစရာ မလိုသဖြင့် ရန်ကိုင်သည် ထိုသုံးယောက်၏ အလောင်းများကို သွေးသားရဲများအဖြစ်သို့ မသန့်စင်ခဲ့ချေ။

သူတို့၏ မွန်းစတားအမြူတေများကမူ အဆင့်ကိုး အထွဋ်အထိပ် မွန်းစတားသားရဲများ၏ အမြူတေများ ဖြစ်ကြသည့်အတွက် ဆေးဖော်စပ်ရာတွင်သာ အသုံးပြုလိုက်ပါက ရန်ကိုင် အနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့် စိတ်ဝိဥာဉ်ဆေးလုံး သုံးလုံးကို ကျိန်းသေ ဖော်စပ်နိုင်ပေလိမ့်မည်။

ထိုအဆင့်ရှိသော မွန်းစတားအမြူတေများသည် အတော့်ကိုမှ အဖိုးတန်လှသဖြင့် သူ့အနေဖြင့် ထိုမွန်းစတားအမြူတေ သုံးခုကို အဖိုးတန်သည့် ဆေးလုံးများကို ဖော်စပ်ရာတွင် အသုံးပြုရပေမည်။

လှိုင်ဂူထဲတွင် ရန်ကိုင်သည် တင်ပလင်ခွေထိုင်လျက် တိုက်ပွဲမှ ရလာသော အကျိုးအမြတ် အသီးအပွင့်များကို ကောင်းကောင်း မြည်းစမ်းနေခဲ့သည်။

သွေးအကျဉ်းထောင် အပြင်ဘက်ရှိ ကျောက်တံးစံအိမ်ထဲတွင် လော့ဟိုင်သည် မျက်လုံးပိတ်လျက် မလှုပ်မယှတ် ထိုင်နေခဲ့၏။

သူ့ကောင်းကင်စိတ်အာရုံကမူ သွေးအကျဉ်းထောင် တစ်ခုလုံးကို လွှမ်းခြုံထားခဲ့လေသည်။ သွေးအကျဉ်းထောင်ထဲတွင် ဖြစ်ပျက်နေသည်များကို အသေးစိတ် မမြင်ရသော်လည်း အကြမ်းဖျင်း ဘာဖြစ်နေသလဲ ဆိုသည်ကိုမူ မြင်နိုင်ပေသည်။

လက်ရှိတွင် သူ့စိတ်အာရုံ အလုံးစုံသည် မွန်းစတားတောင်ဆီသို့ ရောက်ရှိနေခဲ့သည်။

လွန်ခဲ့သော နာရီဝက်ခန့်က အလွန်ကိုမှ အံ့အားသင့်စရာ တစ်ခုခု ရှာတွေ့ခဲ့သဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးပင် မသိသာမလေး တုန်ရီသွားခဲ့ပြီး သူ့ရင်အစုံကမူ ကုလားဘုရားလှည့်သလို တဒိန်းဒိန်း ခုန်သွားခဲ့ရသည်။

မျိုးရိုးနာမည်လဲ့ အမျိုးသမီးနှင့် အခြားသူများ၏ တောင်းဆိုချက်ကြောင့် လဲ့ဟိုင်သည် ရန်ကိုင်ကို အထူးတလည် အာရုံစိုက်ထားခဲ့သည်။ ထို့ကြောင့် ရန်ကိုင် မွန်းစတားတောင်ဆီသို့ သွားသည်ကိုလည်း သူသတိပြုမိပေသည်။

အထူးသဖြင့် မွန်းစတားဧကရာဇ်တောင်တွင် ရှိနေသော မူလအဆီအနှစ် ကျောက်တုံး ပျောက်ကွယ်သွားသည်ကို သေချာ သတိပြုမိလိုက်၏။

မူလအဆီအနှစ်ကျောက်တုံး ထိုနေရာတွင် ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။ သို့သော် တောင်ထဲသို့ ရန်ကိုင် ဝင်သွားသည်နှင့် ထိုကျောက်တုံး၏ အရှိန်အဝါ ပျောက်ကွယ်သွားခဲ့၏။ ဆိုလိုသည်ကား မူလအဆီအနှစ် ကျောက်တုံးကို ရန်ကိုင်မှ ယူသွားခဲ့လေပြီ။

ထိုရတနာသည် လော့ဟိုင်ပင်လျှင် အလွန်လိုချင်သည့် ရတနာတစ်ခု ဖြစ်သည်။ အလွန် စိတ်လှုပ်ရှားနေမိသော်ငြား အခြားသူများ သတိပြုမိသွားမည်ကို စိုးရိမ်သဖြင့် ဘာမှ မဖြစ်ဟန်သာ ဆောင်နေခဲ့သည်။ ။

ထိုမူလအဆီအနှစ်ကျောက်တုံးသည် သူ့အား တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်သဖြင့် လော့ဟိုင် အနေဖြင့် ထိုမူလ အဆီအနှစ်ကျောက်တုံးကို မည်သို့မှ လက်လွှတ်မခံနိုင်ချေ။

သွေးအကျဉ်းထောင်ထဲတွင် အခြားသေသွားခဲ့သည့် တန်ခိုးရှင်ဘုရင် တတိယအဆင့် နှစ်ဦးလည်း ရှိပေသေးသည်။ သို့သော်ငြား ထိုနှစ်ဦး၏ မူလအဆီအနှစ်ကျောက်တုံးမှာ ယူသွားခံရပြီးနေပြီ ဖြစ်သည့်အတွက် ယူရန် ခက်ခဲသော မွန်းစတားဘုရင်၏ မူလအဆီအနှစ်ကျောက်တုံးသာ ကျန်ရစ်တော့သည်။

တောင်တစ်ခုလုံးကို ဖုံးလွှမ်းနေသည့် သိပ်သည်းသော မွန်းစတားချီကြောင့် မည်သည့် လူသား တန်ခိုးရှင်အဆင့် ကျင့်ကြံသူမှ ဤနေရာသို့ အလွယ်တကူ မလာရဲကြခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင်တော့ တစ်ယောက်ယောက် အောင်မြင်သွားခဲ့လေပြီ။ လော့ဟိုင် အနေဖြင့် သူ့အား မည်ကဲ့သို့ အလွတ်ပေးနိုင်မည်နည်း။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၂)

လော့ဟိုင်သည် မူလအဆီအနှစ်ကျောက်တုံးကို သူ့အပိုင်အဖြစ် မှတ်ယူထားလိုက်လေပြီ။

သူထိုသို့ တွေးနေလည်း တွေးချင်စရာပင်။ သူသည် ဤကြယ်၏ ကြယ်သခင် ဖြစ်နေသည်ကိုး။ ရန်ကိုင်သာ တောင်စိမ်းကြယ်၌ ရှိနေသရွေ့ သူ့လက်မှ မည်သို့မှ ပြေးလွတ်နိုင်လိမ့်မည် မဟုတ်ပေ။

သွေးအကျဉ်းထောင် ပွင့်လာသည့်အခါ၊ ထိုကောင်လေးအား ရှာပြီး မူလအဆီအနှစ်ကျောက်တုံးကို တောင်းကာ အကျိုးအမြတ် နည်းနည်းပါးပါး ပြန်ပေးလိုက်ရုံပင်။ ထိုကောင်လေးသာ ဆန္ဒရှိလျှင် သူ့တပည့်အဖြစ် လက်ခံရန်ပင် ဆုံးဖြတ်ထား၏။

လော့ဟိုင်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် စိတ်ကို မနည်း တည်ငြိမ်အောင် လုပ်နေခဲ့ရသည်။ စံအိမ်ထဲတွင် အခြားသော တန်ခိုးရှင်အဆင့်များလည်း ရှိနေသေးသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ဝါးလုံးကွဲ အော်ဟစ်ရယ်မောနေလောက်ပေပြီ။

“လူကြီးမင်းလော့ဟိုင်၊ နောက်ဆယ်ရက်လောက်ဆို သွေးအကျဉ်းထောင် ပိတ်တော့မှာမလား” မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီးက ရုတ်တရက် မေးလိုက်သည်။

“ဟုတ်တယ်” လော့ဟိုင်က ခေါင်းညိတ်၍ “ဆယ်ရက်ပဲ ကျန်တော့တယ်။ ဆယ်ရက် ပြည့်သွားတာနဲ့ အထဲက နယ်ပယ်စွမ်းအင် ပေါက်ကွဲထွက်လာပြီး အဲ့ကောင်လေးတွေကို အပြင်ကို တွန်းထုတ်မှာ”

“ဒီတစ်ကြိမ် သူတို့တွေ ဘာတွေရလာမလဲ ငါတကယ် သိချင်လိုက်တာ။ ဒါနဲ့၊ ဟိုတန်ခိုးရှင် ဒုတိယအဆင့် ကောင်လေးကော အခြေအနေ ဘယ်လိုရှိလဲ”

ရန်ကိုင် အကြောင်း မေးလိုက်သည့် အခိုက်တွင်၊ အကုန်လုံး၏ အကြည့်သည် လော့ဟိုင်ဆီသို့ စုပြုံရောက်ရှိလာခဲ့သည်။

“သူဘာမှမဖြစ်ဘူး။ အသက်ရှင်နေသေးတယ်”

“ကောင်းတယ်။ သူအပြင်ထွက်လာရင် ဓါးအဖွဲ့အစည်းထဲဝင်ဖို့ ဒီအဘွာကြီးကိုယ်တိုင် သွားဖိတ်ခေါ်မယ်” အဘွားအိုကြီးက ပြောလိုက်သည်။

“ဒီကောင်လေးရဲ့ အနာဂတ်က အကန့်အသတ်မဲ့ပဲ။ သွေးအကျဉ်းထောင်ထဲကို တန်ခိုးရှင်ဒုတိယအဆင့်နဲ့ ဝင်သွားပြီး ပြန်ထွက်လာနိုင်တယ်ဆိုတာ နည်းတဲ့ အရည်အချင်းလား။ သူသာ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မယ်ဆိုရင် သူ့အနာဂတ်က လုံးဝက တောက်ပသွားပြီ”

“ဒီကောင်လေးမှာ ဘယ်လိုနောက်ခံရှိလဲ ဒီလူအိုကြီးတောင် သိချင်သွားပြီ”

“အခု သူ့စွမ်းရည်ကို ကြည့်ရသလောက်တော့ ဒီကောင်လေး နောက်ပိုင်း ကျိန်းသေ အဆင့်မြင့် ပညာရှင်တစ်ဦး ဖြစ်လာလောက်တယ်”

အကုန်လုံးသည် ရန်ကိုင်အကြောင်း ချီးကျူးပြောဆိုနေကြသော်ငြား လော့ဟိုင်ကမူ ဝင်မပြောဘဲ ပြုံးသာ ပြုံးနေခဲ့သည်။ သူတစ်ယောက်သာ ရန်ကိုင် မည်မျှ ထူးခြားကြောင်းကို နားလည်ထားသည်။

ရန်ကိုင်သည် လှိုင်ဂူထဲတွင် ထိုင်လျက် အရူးမိကျောင်း၏ စိတ်စွမ်းအင်ထုကြီးကို စုပ်ယူနေလိုက်ရာ အချိန်စီးဆင်းမှုကိုပင် မေ့လျော့သွားတော့လေသည်။

အချိန်တစ်ခုသို့ ရောက်မှပဲ မျက်မှောင်ကြုတ်လျက် မျက်လုံး ပြန်ပွင့်လာခဲ့သည်။

သွေးအကျဉ်းထောင်ထဲရှိ အခြေအနေ အနည်းငယ် ပြောင်းလဲနေသည်ကို သူသတိပြုမိလိုက်သည်။ နယ်ပယ်စွမ်းအင် တစ်စွန်းတစ်စသည်လည်း သူရှိနေသည့် မွန်းစတားတောင်တွင် ရုတ်တရက် ပေါ်လာနေခဲ့သည်။

သွေးအကျဉ်းထောင်ထဲရှိ အရှိန်အဝါ ပြောင်းလဲသွားသည်နှင့် အထဲမှ ချက်ချင်း ထွက်သွားရမည်ဟု ဤနေရာသို့ မလာခင် ချီယွဲ့မှ သူ့အား ပြောခဲ့သည်။ မဟုတ်လျှင် အလောင်းမြုပ်စရာပင် မရှိဘဲ သေသွားရပေလိမ့်မည်။

ထိုသို့ စဖြစ်ပြီးနောက် ငါးရက်အတွင်း သွေးအကျဉ်းထောင်သည် ပရမ်းပတာ နယ်ပယ်များဖြင့် ပြည့်နှက်နေသော မည်သူမှ ခြေမချရဲသည့် တားမြစ်နယ်မြေတစ်ခု ဖြစ်လာပေလိမ့်မည်။

ထွက်သွားဖို့ အချိန်ကျလာပြီပဲ

လှိုင်ဂူထဲမှ ထွက်လာပြီး လမ်းကြောင်းရှာပြီးနောက်တွင် ထိုအရပ်သို့ ပြေးထွက်သွားလေသည်။

“ကောင်လေး၊ မင်းက ဒီရောက်နေတာကိုး” ပုံရိပ်တစ်ခု ရန်ကိုင်ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူ့အား အပြုံးဖြင့် ကြည့်လိုက်သည်။

“စီနီယာဘဟဲ” ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်သည်။

“မင်းအကြောင်း ဘာမှမကြားရတော့ မင်းသေသွားပြီလို့တောင် ငါမှတ်နေတာ” ယုရှန်းသည်လည်း ဘဟဲ ဘေးနားတွင် ပေါ်လာပြီး ရန်ကိုင်အား အထက်အောက် အစုံအဆန် ငုံကြည့်လိုက်၏။

“ရန်ကိုင်” ရှန်ချင်းလော့ကလည်း နှစ်လိုဖွယ်ကောင်းစွာ ပြုံးလျက် ရန်ကိုင်၏ ဘေးနားတွင် ရပ်လိုက်ပြီး သူ့လက်မောင်းကို ဆွဲဖက်လိုက်၏။

ရွှယ်စွန်းလည်း ပါလာခဲ့သည်။ သို့သော် ဘာစကားမှ ပြောမနေဘဲ ရန်ကိုင်အား ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။

“လူတွေစုံနေကြတာပဲ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

“မွေးစားအမေပေးတဲ့ တာဝန် မင်းပြီးသွားပြီလား” ယုရှုန်းက ရန်ကိုင်ဆီသို့ လျှောက်သွားလိုက်ပြီး မေးလိုက်သည်။

ရန်ကိုင်လည်း သိုလှောင်လက်စွပ်ထဲမှ သလင်းကျောက်ပုံစံ ခပ်ဝိုင်းဝိုင်းပစ္စည်းတစ်ခုကို ထုတ်ပြီး ယုရှုန်းဆီသို့ ပစ်ပေးလိုက်၏။

ယုရှုန်းလည်း ထိုအရာကိုယူပြီး စစ်ဆေးကြည့်လိုက်သည်။

ချက်ချင်းဆိုသလို ထိုသလင်းကျောက်လုံးလေးကို ကြည့်နေသည့် အကုန်လုံး၏ အကြည့်သည် မီးတောက်မတတ် ပူပြင်းလာခဲ့လေ၏။

“ဒါ… ဒါ မူလအဆီအနှစ်ကျောက်တုံးလား” မူလအဆီအနှစ် ကျောက်တုံးကို ကြည့်ရင်း ဘဟဲ တံတွေးတစ်လုတ် မျိုချလိုက်၏။ ထူးမခြားနားဟန်ဖြင့် ရပ်နေသော ရွှယ့်စွန်းသည်ပင် ထိုမူလ အဆီအနှစ်ကျောက်တုံးကို ကြည့်ရင်း တဖြည်းဖြည်း အသက်ရှူနှုန်း မြန်ဆန်လာခဲ့သည်။

“အတုတော့ မဟုတ်ပါဘူးနော်” ယုရှုန်းက ရန်ကိုင်အား မော့ကြည့်၍ မေးလိုက်သည်။

“မင်းဘယ်လိုထင်လဲ” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် ပြန်မေးလိုက်သည်။

“အတုနဲ့တော့ မတူပါဘူး” ယုရှုန်းက ခေါင်းခါလျက် သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်၍ မူလအဆီအနှစ်ကျောက်တုံးကို ထိုထဲသို့ ထည့်သိမ်းလိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲ ပြန်ထည့်သိမ်းထားလိုက်လေသည်။ ထို့နောက် ရန်ကိုင်အား အနည်းငယ် ရှုပ်ထွေးသည့် အမူအရာဖြင့် ကြည့်၍ “ကောင်လေး၊ မင်းက တကယ်ကို ပြတ်သားတဲ့ကောင်ပဲကွ။ ရော့၊ ဒီမှာ၊ မွေးစားအမေ‌ ပေးခိုင်းလိုက်တဲ့ ဒုတိယအပိုင်း”

ပြောပြီးသည်နှင့် ရှေးဟောင်းစာအုပ်နှင့် တူသည့်အရာတစ်ခုကို ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေသည်။

ရန်ကိုင်သည် ထိုစာအုပ်ကို ရလိုက်သည်နှင့် ချက်ချင်း လှန်ကြည့်တော့သည်။ စာအုပ်နှင့် ပက်သက်၍ ဘာမှ ပြဿနာ မရှိမှန်း သိလိုက်သည့်နောက်တွင် ခေါင်းညိတ်၍ “မူလအဆီအနှစ် ကျောက်တုံးက မင်းတို့ဆီ ရောက်သွားပြီဆိုတော့ အဲ့ဒါ တစ်ခုခု ဖြစ်သွားရင် ငါ့နဲ့ ဘာမှမဆိုင်တော့ဘူးနော်”

“စိတ်မပူနဲ့” ယုရှုန်းက ပြုံးဖြီးလျက် “ဒီလောက် လူအများကြီး ရှိနေတာ ဘာမှမဖြစ်လောက်ပါဘူး”

ရန်ကိုင်သည် ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ ရှန်ချင်းလော့ဘက်သို့ လှည့်၍ တိုးတိုးလေး ပြောလိုက်သည် “ငါ့နောက်လိုက်ခဲ့။ ငါနင့်ကို ပြောစရာရှိတယ်”

“ကောင်းပြီ” ရှန်ချင်းလော့သည် ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်နှင့် ခပ်လှမ်းလှမ်း တစ်နေရာဆီသို့ လျှောက်သွားလိုက်၏။

နောက်ဘာဆက်ဖြစ်မလဲ ဆိုသည်ကို သိလိုက်သည့်နောက်၊ ရှန်ချင်းလော့ စိတ်ဓါတ်ကျချင်သလိုလို ဖြစ်လာခဲ့သည်။ သူမ ပတ်လည်ရှိ အရာအာလုံး အရောင်အဆင်း ကင်းမဲ့သွားသည့်နှယ်။

ရန်ကိုင်နှင့် ရှန်ချင်းလော့သည် တစ်ယောက်ကို တစ်ယောက် မခွဲနိုင်မခွာရက် အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

အချိန်အတော်ကြာအောင် အချင်းချင်း စိုက်ကြည့်နေပြီးနောက် ရန်ကိုင်က သက်ပြင်းချလျက် မေးလိုက်၏ “နင်ကို တိုက်ခိုက်ခဲ့တဲ့ လူအချို့ကို ငါတွေ့ခဲ့တယ်။ သူတို့ထဲက တစ်ယောက် ပြောတာကတော့ နင်ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့တယ်တဲ့။ နင်အဆင်ပြေရဲ့လား”

“ဘာမှမဖြစ်ဘူး။ သူတိုက်ခိုက်လို့ ငါ့သူတော်စင်ချီ နည်းနည်း ကယောက်ကယက် ဖြစ်သွားရုံပဲ။ ဘာဒဏ်ရာမှ မရသွားဘူး” ရှန်ချင်းလော့က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “သူတို့ သေသွားပြီလား”

ရန်ကိုင်ကို တွေ့ပြီးနောက်မှ ထိုအဖွဲ့ အသက်ရှင်နေမှသာ ထူးဆန်းနေပေလိမ့်မည်။

“အင်း”

“အခု နင်က ငါ့ထက် အများကြီး ပိုသန်မာနေပြီ။ တိမ်မိစ္ဆာနယ်မြေမှာတုန်းက ငါကပဲ နင့်ကို ကာကွယ်ပေးခဲ့ရတာ” ရှန်ချင်းလော့က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

မတွေ့ရသည်မှာ ဆယ်စုနှစ် တစ်ခုစာလောက်သာ ရှိသေးသော်ငြား တစ်ချိန်က သူမကာကွယ်ပေးခဲ့ရသည့် ကောင်လေးသည် သူမထက် ပို၍ အားကောင်းနေခဲ့လေပြီ။ ကောင်းလနတ်ဆိုး ပင့်ကူ၏ အရင်းအမြစ်ကို ရထားသည့်တိုင် ထိုကောင်လေးသည် သူမအား ကျော်တက်သွားခဲ့သေးသည်။

“အဲ့တုန်းက… တကယ်ကို ပျော်စရာကောင်းခဲ့တာ” ရန်ကိုင်က အဓိပ္ပါယ်ပါပါ ပြုံးလျက် အတိတ်ကို လွမ်းဆွတ်ဟန်ဖြင့် ပြောလိုက်သည်။

ရန်ကိုင် ဘာပြောချင်နေမှန်း သိသဖြင့် ရှန်ချင်းလော့သည် ရန်ကိုင်အား မျက်စောင်းလေးသာ ထိုးလိုက်၏။

“နင် မွန်းစတားကြယ်ကို ပြန်သွားမှာလား” ရန်ကိုင်က ရုတ်တရက် မေးလိုက်သည်။

“မွေးစားအမေက ငါ့အပေါ် အရမ်းကောင်းတာ။ ငါ့သူ့ကို ဒီအတိုင်း မထားခဲ့ရက်ဘူး” ရှန်ချင်းလော့က ဝမ်းနည်းနေသည့် အမူအရာဖြင့် “ပြီးတော့ နင့်အပေါ်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ အခု ငါက လူတစ်ပိုင်း၊ မွန်းစတားတစ်ပိုင်း ဖြစ်နေပြီ။ မွန်းစတားကြယ်က ငါကျင့်ကြံဖို့ အသင့်တော်ဆုံး နေရာတစ်ခုပဲ။ ငါသာနင့်နောက် လိုက်ခဲ့ရင် နင့်ကိုပဲ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာ။ ငါအဲ့လိုမျိုး မဖြစ်ချင်ဘူး”

ရန်ကိုင်ဆီမှ ဖိအားအကြီးကြီးကို သူမ ခံစားနေရသည်။ သူမသာ ရန်ကိုင်ဘေးနားတွင် ထာဝရ နေလိုလျှင် ခဏတာလေး ပျော်နေရတာလေးဖြင့် ကျေနပ်နေ၍ မဖြစ်ချေ။ ထိုအချက်ကို ရှန်ချင်းလော့ ကောင်းကောင်း နားလည်ထားသည်။

ရန်ကိုင်လည်း ခေါင်းသာ ညိတ်ပြလိုက်သည်။

အစကတည်း ယခုကဲ့သို့ ဖြစ်လာမည်ဟု တွေးထားပြီးသား ဖြစ်သည့်အတွက် ရှန်ချင်းလော့ ပြောလာခဲ့ချိန် သိပ်ပြီး အံ့အားသင့်မနေခဲ့ချေ။

“နင်ကော ဘာလုပ်မှာလဲ၊ ထွက်သွားတော့မှာလား”

“အင်း” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဗဟိုမြို့တော်နဲ့ ထုန်းရွှမ်လောကကြီးက လူတွေကို ငါခေါ်လာတယ်။ သူတို့ကို အရိပ်ကြယ်လို့ ခေါ်တဲ့ ကြယ်တစ်လုံးဆီ ခေါ်သွားမလို့၊ အဲ့နေရာ ဒီနေရာနဲ့ တော်တော်လေး ဝေးတာဆို‌တော့ နောက်ပိုင်း အခွင့်အရေးရရင်တော့ နင့်ကို တွေ့ဖို့ မွန်းစတားကြယ်ဆီ ထပ်လာခဲ့မယ်”

ထိုစကားကို ကြားလိုက်သည့်အခိုက်တွင် ရှန်ချင်းလော့သည် နှုတ်ခမ်းကိုကိုက်လျက် လက်သီးကို တင်းတင်း ဆုပ်လိုက်၏။ ထို့နောက် အနည်းငယ် မျက်ရည်ဝဲချင်နေသည့် အကြည့်ဖြင့် တိုးတိုးလေး ပြန်ပြောလိုက်၏ “အရင်တစ်ကြိမ် တွေ့တုန်းက နှုတ်ဆက်စကားတောင် ပြောချိန် မရလိုက်ဘူး။ အဲ့တစ်ကြိမ် ပြီးသွားတော့ ပြန်တွေ့ဖို့ နှစ်သုံးဆယ်လောက် အချိန်ယူလိုက်ရတယ်။ အခုတစ်ကြိမ် ထပ်ခွဲပြီးရင် နောက်တစ်ခါ ပြန်တွေ့ဖို့ ဘယ်လောက်တောင် ကြာဦးမလဲ မသိဘူး”

ရန်ကိုင်သည် ရှန်ချင်းလော့၏ လက်သွယ်သွယ်လေးကို ကိုင်လျက် သူ့ရင်ဘတ်ပေါ် တင်ပေးလိုက်ပြီး သူမအား သူရင်ခွင်ထဲသို့ ဆွဲသွင်း၊ ပွေ့ဖက်လိုက်လေသည်။

ရှန်ချင်းလော့သည့် တလက်လက် တောက်ပနေသေည့် မျက်ဝန်းအစုံဖြင့် မော့ကြည့်လာခဲ့သည်။

ရှက်ရှက်ဖြင့် ရန်ကိုင်၏လက်ကိုလည်း သူမ၏ ရင်ဘတ်ပေါ် တင်ပေးလိုက်လေသည်။

‘ငါ့ရင်ထဲမှာ နင်အမြဲရှိနေမှာပါ’ ထိုစကားသည် ပြောစရာ မလိုဘဲ အချင်းချင်းကြား သိနေသည့် စကားတစ်ခွန်း ဖြစ်သည်။

ရှန်ချင်းလော့သည် ခြေဖျားထောက်၍ မျက်လုံးကို တင်းတင်းစေ့လျေက် ရန်ကိုင်အား နှုတ်ခမ်းချင်း ဖိကပ် နမ်းလိုက်သည်။

“ဟူး… လူငယ်ဘဝ.. လူငယ်ဘဝ…” ထိုမြင်ကွင်းကို မြင်ပြီးနောက် ဘဟဲသည် အတိတ်ကို လွမ်းဆွတ်သွားဟန်ဖြင့် လက်ပိုက်၍ ကောင်းကင်ပေါ်သို့သာ မော့ကြည့်နေတော့လေသည်။

“ငါ့ယောက်ဖက ဆုံးဖြတ်ပြီးသွားပြီပဲ” ယုရှုန်းက ပြုံးဖြီးလျက် ရွှယ်စွန်းအား မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။

ရွှယ်စွန်း၏ မျက်နှာနှင့် လည်တိုင်တစ်လျှောက် နီတက်လာပြီး ချက်ချင်း ခေါင်းငုံ့သွားခဲ့လေသည်။

ရှန်ချင်းလော့၏ အလှတရားနှင့် ချိုမြိန်မှုကို မြည်စမ်းနေရင်း ရန်ကိုင် သွေးများဆူပွက်လာပြီး သူအသက်ရှူနှုန်းမှာလည်း တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။ ရှန်ချင်းလော့သည်လည်း တိမ်စိုင်တိမ်များထက်သို့ ရောက်နေပြီး သူမကိုယ်သူမ မပိုင်တော့သလိုပင် ခံစားလာရသည်။

ရုတ်တရက် ရန်ကိုင် ရုတ်တရက် ထအော်လိုက်ပြီး ချက်ချင်း နောက်သို့ ဆုတ်လိုက်၏။

ရှန်ချင်းလော့သည်လည်း ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ နောက်သို့ ဆုတ်သွားလိုက်ကာ အံကိုကြိတ်ထား၍ ရန်ကိုင်အား စိုက်ကြည့်လိုက်လေသည်။

“ဘာလို့ ငါ့ကိုကိုက်တာလဲ”

“နင်ငါ့ကို အမှတ်တရ ဖြစ်နေအောင်လို့လေ” ရှန်ချင်းလော့က ရယ်သွမ်းသွေး၍ ပြောလိုက်သည်။ ငိုချင်စိတ်ကို ရယ်မောရင်း ဖုံးကွယ်ချင်မိသော်ငြား မည်သို့မှ မဖုံးဖိနိုင်တော့သဖြင့် မျက်ရည်စများ တာတမံကျိုးပေါက်သည့်နှယ် သူမ၏ မျက်ဝန်းများဆီမှ တရစပ် စီးကျလာတော့လေသည်။ ငိုကြွေးနေရင်းနှင့်မှ ရန်ကိုင်အား ပြောလိုက်၏ “နင်မြန်မြန် သွားပေတော့။ မသွားရင်… ငါနင့်ကို အတင်း ဆွဲခေါ်ထားမိတော့လိမ့်မယ်”

အလွန်ကိုမှ လုပ်ချင်နေသည့် အရာတစ်ခုကို မလုပ်ရဲဘဲ ချုပ်တည်းနေရသည့်အလား ရှန်ချင်းလော့၏ ခန္ဓာကိုယ်လေးသည် တဆတ်ဆတ် တုန်ရီနေခဲ့လေသည်။

ရန်ကိုင်က သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ခေါင်းညိတ်၍ “နင်ကိုယ်နင်လည်း ဂရုစိုက်ဦးနော်”

ပြောပြီးသည်နှင့် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်၍ ရှန်ချင်းလော့ဆီ ပေးလိုက်လေ၏ “ဒါကိုလည်း ယူထားလိုက်။ အထဲက ဟာတွေကို သူများ လျှောက်မပြနဲ့နော်”

“ဘာတွေရှိလို့လဲ” ရှန်ချင်းလောသည် ရန်ကိုင်အား မယုံသင်္ကာ အကြည့်ဖြင့် ကြည့်လိုက်၏။

“နောက်ကျရင် သိလိမ့်မယ်” ရန်ကိုင်က ပြုံးဖြီးလိုက်ပြီး ရှင်းပြမနေတော့ဘဲ ဘဟဲနှင့် အခြားသူများဘက်သို့ လှည့်၍သာ အော်ပြောလိုက်လေသည် “ခင်ဗျားတို့ အခု သွားသင့်နေပြီ။ ရွှယ့်လျန်နဲ့ အခြားသူတွေကို စောင့်နေစရာ မလိုတော့ဘူး”

ပြောပြီးသည်နှင့် လေဟာနယ်စွမ်းအင်တို့သည် ရန်ကိုင်အား ရစ်ပတ်သွားပြီး မျက်တောင်တစ်ခတ်အတွင်း အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ရှန်ချင်းလော့သည် ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား အဆုံးတွင်တော့ ဘာမှ မပြောဖြစ်ခဲ့လိုက်ပါချေ။

ဤသို့ဖြင့် သူတို့နှစ်ဦး တွေ့ချိန်ပင် သိပ်မရှိလိုက်ပါဘဲ နောက်တစ်ကြိမ် ထပ်မံ ခွဲခွာခဲ့ရပြန်လေပြီ။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၃)

ဘဟဲတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ရှန်ချင်းလော့သည် ယခုအချိန်ထိ အသိပြန်ဝင်မလာသေးသည့် ပုံစံဖြင့် ရန်ကိုင်ပေးခဲ့သည့် သိုလှောင်လက်စွပ်ကို သူမလက်ထဲ တင်းတင်းဆုပ်ကိုင်၍ ကြောင်ရပ်နေခဲ့သည်။

ကောင်းကင်စိတ်အာရုံဖြင့် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ပြီးနောက် ရှန်ချင်းလော့ အလွန်ကိုမှ ထိတ်လန့်သွားခဲ့ရသည်။ သိုလှောင်လက်စွပ်ထဲတွင် နယ်ပယ်ကျောက်တုံး အနည်းဆုံး အတုံးနှစ်ရာခန့် ရှိနေခဲ့သည်။

သူမ အမြင်တွေများ မှားနေသလားဟုတွေးလျက် နောက်တစ်ကြိမ် ထပ်စစ်ဆေးကြည့်လိုက်ပေသေးသည်။ သို့ရာတွင် နယ်ပယ်ကျောက်တုံး အတုံးနှစ်ရာခန့်မှာ လုံးဝ ပြောင်းလဲသွားခြင်း မရှိပါချေ။ သူမ ထင်ယောင်ထင်မှား မြင်နေခြင်း မဟုတ်ဘဲ သိုလှောင်လက်စွပ်ထဲတွင်ကို နယ်ပယ်ကျောက်တုံးများစွာ ရှိနေခြင်း ဖြစ်သည်။

အများကြီးပဲ ရှန်ချင်းလော့ အလွန်ကိုမှ အံ့ဩနေရလေပြီ။

သူမပင်လျှင် သွေးအကျဉ်းထောင်ထဲ တစ်ချိန်လုံး အချိန်ဖြုန်းပြီးမှ စုစုပေါင်း နယ်ပယ်ကျောက်တုံး သုံးတုံးသာ ရခဲ့သည်။ ထိုနယ်ပယ်ကျောက်တုံးကို သုံးတုံးကိုလည်း ကျားကုတ်ကျားခဲ ကြိုးစားပြီးမှ ရလာခဲ့ခြင်း ဖြစ်သည်။

ယုရှုန်းဆိုလျှင် တစ်တုံးသာ ရခဲ့ပြီး ဘဟဲဆိုလျှင်လည်း နှစ်တုံးသာ ရခဲ့သည်။

သို့သော်လည်း ရန်ကိုင်ကမူ သူအား နယ်ပယ်ကျောက်တုံး အတုံးနှစ်ရာ တစ်ထိုင်တည်း ပေးလာခဲ့သည်။ ဤပမာဏသည် လူတိုင်းအား ရူးသွပ်သွားအောင် လုပ်ရန် လိုအပ်ပေသည်။

သို့ရာတွင် ထိုနယ်ပယ်ကျောက်တုံးကို သူမည်သည့်နေရာမှ ရလာခဲ့သနည်း။

အသိပြန်ဝင်လာပြီးသည့်အခါ ရှန်ချင်းလော့သည် ချိုသာစွာ ရယ်မောလျက် သိုလှောင်လက်စွပ်ကို ပို၍ ခပ်တင်းတင်း ဆုပ်ကိုင်လိုက်လေသည်။

ထိုနယ်ပယ်ကျောက်တုံးများနှင့် ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့်ကို အချိန်တိုအတွင်း ရောက်နိုင်ပေလိမ့်မည်။ ထိုအခါ ရန်ကိုင် အတွက်လည်း ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာတော့မည် မဟုတ်ချေ။

“ရွှယ့်လျန်တို့ကို စောင့်ဖို့မလိုတော့ဘူးဆိုတာ ဘာကို ပြောတာလဲ” ယုရှုန်း နားမလည်နိုင် ဖြစ်နေခဲ့သည်။

တစ်ခုခုကို နားလည်သွားသည့်အလား ဘဟဲ၏ အမူအရာ အနည်းငယ် ပျက်ယွင်းသွားခဲ့၏။ ထို့နောက် သူ့လက်ကို ဝှေ့ရမ်း၍ “သွားကြမယ်။ သူတို့ကို ဆက်စောင့်နေစရာ မလိုတော့ဘူး”

ရွှယ့်လျန်သည် ရှန်ချင်းလော့ဆီသို့ ပျံသန်းသွားပြီး သူမအား အနီးအနား၌ ဖုံးကွယ်တည်ရှိနေသော ဟင်းလင်းပြင်လိုဏ်ခေါင်း တစ်ခုဆီသို့ ခေါ်သွားလေသည်။

ဤဟင်းလင်ပြင်လိုဏ်ခေါင်း ထိုနေရာတွင် တည်ရှိနေသည်မှာ အလွန်ကိုမှ ကြာမြင့်နေခဲ့လေပြီ။ ဤဟင်းလင်းပြင်လိုဏ်ခေါင်းသည် တောင်စိမ်းကြယ်မှ မိုင်တစ်သန်းအကွာဆီသို့ ဦးတည်ထားသော ဟင်းလင်းပြင်လိုဏ်ခေါင်း တစ်ခုဖြစ်သည်။ သွေးအကျဉ်းထောင်သို့ ယခင်က ဝင်လာခဲ့ကြသူများလည်း ဤဟင်းလင်းပြင်လိုဏ်ခေါင်းမှ တစ်ဆင့် ပြန်ထွက်သွားကြခြင်း ဖြစ်သည်။

ဘဟဲတို့၏အဖွဲ့၏ ကျင့်ကြံခြင်းအရ ဤဟင်းလင်းပြင်လိုဏ်ခေါင်းနှင့် သွားပြီးလျှင် ကြယ်စီရင်စုထဲ နောက်ထပ် သုံးလလောက်ခန့် ထပ်သွားပြီးမှသာ မွန်းစတားကြယ်သို့ ပြန်ရောက်ပေလိမ့်မည်။

သို့သော်လည်း ထိုသုံးလခန့် ခရီးတွင် မည်သည့် အန္တရာယ်များသည့် နေရာကိုမှ ဖြတ်စရာ မလိုသည့်အတွက် သိပ်စိုးရိမ်စရာ မလိုချေ။

နှစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်သည် သွေးအကျဉ်းထောင်ထဲမှ အပြင်ဘက်သို့ ပြန်ရောက်လာခဲ့သည်။

သူနှင့်အတူ အခြားသော ကျင့်ကြံသူများစွာလည်း ပေါ်လာသည်ကို တွေ့လိုက်ရသည်။

အကုန်လုံးသည် ပျော်နေကြသလို ဝမ်းလည်း ဝမ်းနည်းနေကြ၏။

ပျော်နေကြသည်မှာ သွေးအကျဉ်းထောင်ထဲမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့သည့် အတွက်ကြောင့် ဖြစ်သလို အကျိုးအမြတ် များစွာကိုလည်း ရရှိခဲ့သည့် အတွက်ကြောင့် ဖြစ်သည်။

သွေးအကျဉ်းထောင်ထဲမှ ပြန်ထွက်လာနိုင်ပြီး နောက်ပိုင်းတွင် သူတို့အနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး မဖြစ်လာနိုင်လျှင်ပင် ထိပ်တန်းအဆင့် တန်ခိုးရှင်အဆင့် ပညာရှင်တစ်ဦးတော့ ဖြစ်လာနိုင်ပေသေးသည်။

သူတို့ ဝမ်းနည်းနေရသည်မှာတော့ သူတို့၏ အပေါင်းအပါများ သေသွားသည့် အတွက်ကြောင့် ဖြစ်ပေသည်။

အချို့ ကံဆိုးသည့် အင်အားစုကြီးများဆိုလျှင် သူတို့ စေလွှတ်လိုက်သည့် လူတစ်ယောက်မှ ပြန်မထွက်လာနိုင်ခဲ့ချေ။ ဥပမာပြရသော် လှိုင်းနီကြယ်မှ မီးတောက်ဂိုဏ်းပင်…

တောအုပ်ကြီးပေါ်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ အပေါင်းအပါများကို စောင့်ကြိုနေခဲ့ကြသည်။ သူတို့၏ အပေါင်းအပါများ ပြန်ထွက်လာသည်ကို မြင်သည်နှင့် ဝမ်းသာစွာ ပြုံးလျက် မျှော်လင့်ချက်အပြည့်ဖြင့် သွားနှုတ်ဆက်ကြလေသည်။

ရန်ကိုင်ကိုတော့ လာနှုတ်ဆက်မည့်သူ တစ်ယောက်မှ မရှိပေ။

အပြင်သို့ ရောက်သည်နှင့် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ချင်းတုန်တို့အား ရှာကြည့်လိုက်သည်။

မကြာမီ ရင်းနှီးသည့် အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သည့် အတါက် ထိုနေရာဆီသို့ ပျံသန်းသွားလေသည်။

သူရှိနေခဲ့သည့် နေရာမှ မနီးမဝေးတစ်နေရာတွင်၊ အဖွဲ့တစ်ဖွဲ့သည့် အမျိုးသမီးတစ်ဦးကို ဝိုင်းလျက် သူတို့ဂိုဏ်းထဲသို့ ဝင်ရန် အမျိုးမျိုးဆွဲဆောင် စည်းရုံးနေကြလေသည်။

“မဒမ် စိတ်ထဲ ဘယ်သွားရသေးမှန်း မသိဘူးဆိုရင် ကျုပ်တို့ မုန်လာဥပြာဂိုဏ်းကို လာခဲ့ပါလား။ မဒမ်ရဲ့ ခွန်အားအရဆို ဂိုဏ်းထဲဝင်တာနဲ့ အပြင်စည်းအကြီးအကဲ ရာထူးကို တန်းရမှာ ကျိန်းသေတယ်။ အပြင်စည်း အကြီးအကဲ ဖြစ်သွားပြီ ဆိုတာနဲ့ သူတော်စင် သလင်းကျောက်တွေလည်း အများကြီးရမယ်။ ဆေးလုံးတွေလည်း လတိုင်းရမယ်။ ကိုယ်ပိုင်တောင်ထွတ် တစ်ခုလည်း ရဦးမယ်။ ကျုပ်တို့ မုန်လာဥပြာဂိုဏ်းမှာ တောင်ထွတ် (၇၂)ခုရှိတာ။ တစ်ခုက အခုထိ လွတ်နေသေးတော့ မဒမ်သာ ကျုပ်တို့ဂိုဏ်းကို ဝင်လိုက်ရင် ကွက်တိပဲ”

“မင်းတို့ မုန်လာဥပြာဂိုဏ်းက ဘာမို့လို့လဲ။ သူတို့ဂိုဏ်းကို ဂရုစိုက်မနေနဲ့ မဒမ်၊ ကျုပ်တို့ ကောင်းကင်အိမ်မက်နန်းတော် ဆီကိုသာ လာခဲ့။ ကျုပ်တို့ဂိုဏ်းမှာ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး ရှိတယ်။ မဒမ်သာ ကျုပ်တို့ဂိုဏ်းကို လာခဲ့မယ်ဆိုရင် သုံးနှစ်ကြာတိုင်း တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်ဆီကနေ နယ်ပယ်နဲ့ ပက်သက်တဲ့ သင်ကြားပို့ချချက်တွေကို နားထောင်ခွင့်ရလိမ့်မယ်”

“မဒမ်သာ ကျုပ်တို့ အင်ပါယာစိတ်ဝိဥာဉ်အိမ်တော်ဆီ လာမယ်ဆိုရင် အတွင်းစည်းအကြီးအကဲ ရာထူးကို ရစေရမယ်လို့ ဒီလူအိုကြီး အာမခံတယ်။ ပြီးတော့ ကျုပ်တို့ အင်ပါယာစိတ်ဝိဥာဉ်နန်းတော်က မဒမ် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်အောင်လည်း အတတ်နိုင်ဆုံး ကူညီပေးဦးမှာ”

အမျိုးသမီကမူ သူတို့ပြောသမျှကို မကြားချင်ယောင် ဆောင်လျက် မျက်မှောင်ကြုတ်ရင်း ရုပ်တည်တည်ဖြင့်သာ ရပ်နေခဲ့သည်။ သို့သော် နောက်ဆုံး သည်းမခံနိုင်တော့သည့် အဆုံးတွင် ပြန်၍သာ ငြင်းထုတ်ရတော့လေသည် “အခုလို ဖိတ်ခေါ်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မမှာ ဂိုဏ်းရှိပြီးသာ ဖြစ်နေလို့ ဘယ်ဂိုဏ်းဆီကိုမှ မဝင်နိုင်တာ ခွင့်လွှတ်ပေးကြပါ”

“ဂိုဏ်းရှိတော့ရော ဘာဖြစ်လို့လဲ” အင်ပါယာစိတ်ဝိဥာဉ်အိမ်တော်မှ လူအိုကြီးက ရယ်သွမ်းသွေးလျက် “အဲ့ဂိုဏ်းထဲက ထွက်ရမယ်လို့မှ မဒမ်ကို မပြောတာ။ ကျုပ်တို့ အင်ပါယာစိတ်ဝိဥာဉ်အိမ်တော်ဆီ ဝင်ဖို့ပဲ ပြောတာလေ”

လူအိုကြီးသည် အမျိုးသမီးအား သူတို့ဂိုဏ်းထဲသို့ ခေါ်နိုင်ရန်အတွက် ထိုအမျိုးသမီးတွင် ဝင်ပြီးသား ဂိုဏ်းတစ်ဂိုဏ်း ရှိနေသည်ကိုပင် ဂရုမစိုက်တော့ချေ။

“ဒါပေမယ့် ကျွန်မ အဲ့လိုမလုပ်ချင်ပါဘူး” အမျိုးသမီးက ခေါင်းခါနေခဲ့သည်။

“အကြီးအကဲလင်း” ရန်ကိုင်က ရုတ်တရက် လမ်းလျှောက်လာပြီး လှမ်းအော်ခေါ်လိုက်သည်။

ရန်ကိုင်၏ ခေါ်သံကို ကြားသည့်အခါ ကယ်တင်ရှင်ကို တွေ့လိုက်သည့်အလား လင်းယုရောင်၏ မျက်ဝန်းအစုံ တောက်ပလာခဲ့ပြီး အသံကြားသည့်ဘက်သို့ လှည့်၍ ဝမ်းသာစွာဖြင့် လှမ်းအော်ပြောလိုက်လေသည် “ဂိုဏ်းချုပ်၊ ထွက်လာပြီလား”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လင်းယုရောင် ပတ်လည်ကို လှည့်ပတ်ကြည့်ပြီးနောက် “ခင်ဗျားဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ။ ချင်းတုန်နဲ့ အခြားသူတွေကော”

လင်းယုရောင်၏ မျက်နှာထက် ရှုပ်ထွေးသည့် အရိပ်အယောင် အချို့ ဖြတ်ပြေးသွားပြီး လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏ “ဒီမှာ ပြောလို့ အဆင်မပြေဘူး။ လမ်းလျှောက်ရင်း ပြောတာပေါ့ ဂိုဏ်းချုပ်”

“ကောင်းပြီလေ”

“ရောင်းရင်း၊ နေပါဦး” ရန်ကိုင် လင်းယုရောင်အား ခေါ်သွားတော့မည်ကို မြင်သော် လင်းယုရောင်အား သူတို့ ဂိုဏ်းထဲသို့ ဆွဲခေါ်ချင်နေသည့် လူအားလုံး ရန်ကိုင်လမ်းအား ပိတ်ရပ်လိုက်ကြလေသည်။

“ခင်ဗျားတို့ ဘာပြောချင်လို့လဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။

အင်ပါယာစိတ်ဝိဥာဉ်နန်းတော်မှ လူအိုကြီးက “ရောင်းရင်းက ဒီအမျိုးသမီးရဲ့ ဂိုဏ်းချုပ်လား”

“ဟုတ်တယ်။ ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ပါဘူး။ ဒီလူအိုကြီးက အင်ပါယာစိတ်ဝိဥာဉ် အိမ်တော်ရဲ့ အကြီးအကဲချုပ်ပါ။ အင်ပါယာစိတ်ဝိဥာဉ်အိမ်တော် ကိုယ်စား ဒီအမျိုးသမီးကို အတွင်းအစည်း အကြီးအကဲအဖြစ် ဖိတ်ခေါ်ချင်လို့ပါ” ရန်ကိုင်သည် တန်ခိုးရှင်ဒုတိယအဆင့်သာ ရှိသေးသည်ကို မြင်သော် လူအိုကြီး ရန်ကိုင်ကို အထင်သေးသွား၏။ မဟုတ်လျှင် ဂိုဏ်းချုပ်တစ်ယောက်လုံး ရှိနေလျက်နှင့် ထိုဂိုဏ်းချုပ်၏ လက်အောက်ငယ်သား တစ်ဦးကို သူတို့ဂိုဏ်းထဲသို့ ဝင်ရန် မည်ကဲ့သို့ ပေါ်တင်ကြီး စည်းရုံးရဲမည်နည်း။

ထိုသို့လုပ်ခြင်းသည် တစ်ဖက်လူအား ရန်စခြင်း မည်ပေသည်။

“ခင်ဗျားတို့ အားလုံးလဲ သူ့လိုပဲလား” ရန်ကိုင်က ကျန်လူအုပ်ကြီးကို ကြည့်၍ မေးလိုက်သည်။

“ဟုတ်တယ်”

“ခင်ဗျား ဘာလုပ်ချင်လဲ” ရန်ကိုင်က လင်းယုရောင်ဘက်သို့ လှည့်၍ မေးလိုက်သည်။

“ဒီလို မေးခွန်းကို ဘာလို့ လာမေးနေသေးတာလဲ ဂိုဏ်းချုပ်။ ကျွန်မ အထက်စကြာဝဠာဂိုဏ်းက ထွက်သွားမှာ မဟုတ်ဘူး” လင်းယုရောင်က ဆံပင်အား သူမ၏ နားသယ်နောက်သို့ သပ်တင်၍ ပြန်ပြောလိုက်သည်။

ရန်ကိုင်က ခေါင်းညိတ်လျက် “ခင်ဗျားတို့ အားလုံး ကြားတယ်နော်။ သူဘယ်ဂိုဏ်းကိုမှ မဝင်ချင်ဘူးတဲ့။ ခင်ဗျားတို့အားလုံး ထွက်သွားလိုက်ပေတော့”

ပြောပြီးသည်နှင့် ရန်ကိုင်သည် လင်းယုရောင်နှင့်အတူ ထွက်သွားရန် လုပ်လိုက်လေသည်။

“မဒမ်၊ ကျုပ်တို့ဂိုဏ်းထဲ မဝင်ချင်တာ သေချာလား။ ဒီလူအိုကြီး ကမ်းလှမ်းတာကို သိပ်မကျေနပ်ဘူးဆိုရင် ထပ်ဆွေးနွေးလို့ ရတယ်နော်။ အကုန်လုံးက ပွင့်ပွင့်လင်းလင်းပဲ” လူအိုကြီးသည် ထွက်သွားခြင်း မရှိသေးဘဲ လင်းယုရောင်နောက်မှ လိုက်ကာ ဆက်၍ စည်းရုံးနေလေသည်။

“ခင်ဗျားကို ထွက်သွားလို့ ပြောနေတာ မကြာဘူးလား” ရန်ကိုင်က လူအိုကြီးကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ မေးလိုက်၏။

ထိုလူများသည် သူ့အား ဖော်ဖော်ရွေရွေဖြင့် နှုတ်ဆက်သည့်အတွက် ရန်ကိုင်လည်း လင်းယုရောင်၏ အထင်ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လင်းယုရောင်က သူတို့ ဂိုဏ်းထဲသို့ မဝင်ပါဘူးဟု ပြောပြီး ဂိုဏ်းချုပ်ဖြစ်သည့် သူတစ်ယောက်လုံး ရှိနေသည်ကိုပင် အတင်း လိုက်ခေါ်နေသေးသည်မှာ နည်းနည်းတော့ များသွားလေပြီ။

ဤကဲ့သို့ လာရန်စနေသည်ကိုတော့ ရန်ကိုင်လည်း ငြိမ်ခံနေတော့မည် မဟုတ်ချေ။

လူအိုကြီး ကြောင်သွားခဲ့ပြီး ချက်ချင်းပဲ ဒေါသထွက်နေသည့် လေသံဖြင့် “ကောင်လေး၊ ဒါမင်းကိစ္စမဟုတ်ဘူး။ မင်းပါးစပ်ကို အေးအေးဆေးဆေး ပိတ်ထားလိုက်ရင် ကောင်းမယ်။ မဟုတ်ရင်…”

“မဟုတ်ရင် ဘာဖြစ်လဲ” ရန်ကိုင်ကလည်း အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်သည်။

“မဟုတ်ရင် မင်းနောင်တရသွားလိမ့်မယ်။ ဂိုဏ်းချုပ်ဖြစ်တိုင်း လုပ်ချင်တိုင်း လုပ်လို့ရမယ် လာမထင်နဲ့။ မင်းက ဘာကောင်မှ မဟုတ်သေးဘူး။ ဂိုဏ်းချုပ် ဖြစ်ပြီးတော့ ကျင့်ကြံခြင်းက ကိုယ့်ဂိုဏ်းက အကြီးအကဲထက် နိမ့်ကျရတယ်လို့။ မင်းကိုယ်မင်း မရှက်ဘူးလား။ ရှက်တတ်ရင် မင်းအပေါက်ကို အေးအေးဆေးဆေးလေး ပိတ်ထားလိုက်။ မင်းလိုလူ လက်အောက်မှာ နေရတာ မဒမ်ရဲ့တက်လမ်း ပိတ်တယ်။ ငါတို့ ဂိုဏ်းကိုလာတာမှ မင်းလက်အောက်မှာ နေရတာထက် အဆတစ်ရာမက ပိုသာဦးမယ်”

လူအိုကြီးမှ စပြောလိုက်သည်နှင့် တစ်ပြိုင်နက် လင်းယုရောင်ကို ဖိတ်ခေါ်ချင်နေသည့် အခြားသူများသည်လည်း ငြိမ်မနေတော့ဘဲ လင်းယုရောင်ကို သူတို့ဂိုဏ်းသို့ လာရန် စည်းရုံးကြတော့လေ၏။

“ခင်ဗျားတို့ ဘာတွေ လာအော်နေတာလဲ” ရန်ကိုင်က အေးစက်စက် လေသံဖြင့် “ခင်ဗျားတို့ဂိုဏ်း မဝင်ပါဘူးလို့ အကြီးအကဲလင်းက ပြောထားတာကို ခင်ဗျားက ဆက်ပြီး ဆက်ခေါ်နေသေးတယ်ဆိုတော့ ဘာလဲ ကျုပ်ကို မျက်လုံးထဲ မထည့်တာလား”

“မင်းကို မျက်လုံးထဲထည့်ရအောင် မင်းက ဘာကောင်မို့လို့လဲ” လူအိုကြီးက အထင်အမြင် တသေးဖြင့် ပြန်ပြောလိုက်သည်။

အခြားသူများသည်လည်း လူအိုကြီး ပြောသည်ကို ထောက်ခံသည့် အလား ရန်ကိုင်အား အထင်တသေးဖြင့် ကြည့်လိုက်ကြလေသည်။

ရန်ကိုင်တို့၏ ရုတ်ရုတ်ရုတ်ရုတ် အဖြစ်အပျက်ကို လူများစွာ အာရုံစိုက်မိသွားခဲ့ကြသည်။ ရန်ကိုင်သည် တန်ခိုးရှင်ဒုတိယ အဆင့်လေးဖြင့် လူများစွာအား ရန်စလိုက်သည်ကို မြင်သော် အတော်များများသည် သူ့အား ဂရုဏာသက်သည့် အကြည့်ဖြင့် ကြည့်လာကြတော့လေသည်။

“လူအိုကြီး၊ ခင်ဗျား မသေချင်ရင် သူ့ကို ဆက်ရန်မစတော့ဖို့ ကျုပ်ပြောချင်တယ်။ သူ့ကျင့်ကြံခြင်းက ခင်ဗျားထက် နိမ့်ရင် နိမ့်မယ်။ ဒါပေမယ့် သူက ခင်ဗျား ကိုင်တွယ်နိုင်တဲ့ လူတစ်ယောက် မဟုတ်ဘူး” ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် လူအိုကြီးနှင့် အခြားသူများအားလုံး မျက်မှောင်ကြုတ်လျက် အသံကြားရာဆီသို့ လှည်ကြည့်မိလိုက်ကြသည်။

လူအိုကြီးကို စကားလှမ်းပြောလိုက်သည့်လူမှာ လက်ပိုက်လျက် သူတို့အား လှောင်ပြုံးပြုံးကာ ကြည့်နေသည့် သာမန်ပုံစံ ဝတ်စားထားသော လူငယ်လေး တစ်ဦး ဖြစ်သည်။

လူငယ်လေး တစ်ဦး၏ အထင်သေးခြင်း ခံလိုက်ရသည့်အတွက် ဒေါသထွက်ထွက်နှင့် ပြန်ပြောတော့မည်အပြု လူငယ်လေး၏ ရင်ဘတ်တွင် ပွင့်ချပ်သုံးခုပါသည့် တံဆိပ်တစ်ခု ထိုးထွင်းထားသည်ကို မြင်တွေ့လိုက်ရသည်။ ထိုတံဆိပ်ကို မြင်လိုက်သည့်နောက် လူအိုကြီး၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး လက်သီးဆုပ်လျက် ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်လေသည် “စီနီယာ ဝူတောက်နဲ့ ဒီကရောင်းရင်း ဘယ်လိုပက်သက်လဲ သိလို့ရမလား”

“စီနီယာဝူတောက်က ကျုပ်ဆရာပဲ”

လူအုပ်ကြီးဆီမှ သက်ပြင်းရှိုက်သံများ ထွက်ပေါ်လာပြီး အကုန်လုံးသည် လူငယ်လေး အံ့အားသင့်၊ အားကျနေသည့် အကြည့်ဖြင့် ကြည့်လိုက်ကြလေ၏။

“ဘယ်လိုတောင်လား။ သူက တကယ်ကြီး စီနီယာဝူတောက်ရဲ့ တပည့်လား”

“လွန်ခဲ့တဲ့ နှစ်ငါးဆယ်လောက်တုန်းက စီနီယာဝူတောက် တပည့် တစ်ယောက် လက်ခံလိုက်တယ်လို့ ကြားတယ်။ ဘယ်သူလဲလို့ မှတ်နေတာ လတ်စသတ်တော့ သူဖြစ်နေတာကိုး”

“သူလည်း သွေးအကျဉ်းထောင်မှာ လာဝင်ပြိုင်တာလား”

“ခုဏတုန်းက သူပြောလိုက်တဲ့စကားက ဘာကို ပြောချင်တာလဲ။ အဲ့လူငယ်လေးရဲ့ နောက်မှာ နောက်ခံကြီးတစ်ခုခု ရှိတယ်လို့ ပြောချင်တာလား”

အင်ပါယာစိတ်ဝိဥာဉ် နန်းတော်မှ လူအိုကြီးသည် ထိုလူငယ်လေး၏ သတိပေးချက်ကို လျစ်လျူမရှုဲသည့်အတွက် “ရောင်းရင်း ခဏတုန်းက ပြောလိုက်တာက…”

လူငယ်လေးက ပြောင်းလဲခြင်းမရှိသည့် အမူအရာဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ကျုပ်ပြောတာကို ခင်ဗျား ကြားလိုက်တာပဲ။ ဘာတွေ ထပ်မေးချင်နေသေးတာလဲ။ ခင်ဗျား သေချင်ရင် သူ့ကို သွားထပ်ရန်စနေလိုက်”

လူအိုကြီး၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်လိုက်လေသည်။ အစောပိုင်းက လင်းယုရောင်ကို သူတို့ဂိုဏ်းသို့ လာပါဟု အတင်းလိုက်ခေါ်နေကြသည့် လူအားလုံးသည်လည်း ချက်ချင်း ပါးစပ်ပိတ်သွားကုန်ကြလေသည်။ မည်သူမှ ရန်ကိုင်အား အထင်မသေးရဲကြတော့ချေ။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၄)

ရန်ကိုင်လည်း ထိုလူငယ်လေးအား အနည်းငယ် ထူးဆန်းသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

အခြားသူများ ကြည့်နေသည့်ပုံစံအရ ထိုလူငယ်လေး၏ ဆရာဖြစ်သည့် စီနီယာဝူတောက် ဆိုသည့်လူသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်မည်မှန်း ရန်ကိုင် နားလည်လိုက်သည်။

ထို့ကြောင့်သာ မဟုတ်လျှင် စီနီယာဝူတောက်၏ တပည့်ဟု ကြားလိုက်ရချိန် လူအုပ်ကြီးတစ်ခုလုံး ဘာကြောင့်များ တအံ့တဩ ဖြစ်နေရမည်နည်း။

သို့သော်လည်း ထိုလူ ဘာကြောင့် သူ့အား ကူညီချင်နေရသနည်း။ ထိုလူငယ်လေးကို တစ်နေရာရာတွင် တွေ့ဖူးနေသလိုလို ခံစားနေရသည်။

“ရောင်းရင်း၊ သွေးအကျဉ်းထောင်ထဲမှ တင်ခဲ့တဲ့ အကြွေးကို ပြန်ဆပ်လိုက်ပြီနော်။ အခုကစပြီး ကျုပ်တို့ကြားမှာ ဘာအကြွေးမှ မရှိတော့ဘူး” လူငယ်လေးက ပြုံးဖြီးလျက် ပြောလိုက်၏။

ထိုစကားကို ကြားလိုက်သည့်အခါမှပဲ ရန်ကိုင် မှတ်မိသွားတော့၏။

ထိုလူငယ်လေးသည် နယ်ပယ်ကျောက်တုံးတောင် မပေါက်ကွဲခင် ပြန်ဆုတ်ခဲ့သည့် လူငယ်လေး ဖြစ်သည်။ သူထွက်မသွားခင် ရန်ကိုင်အား ခေါင်းညိတ်ပြသွားခဲ့သေးသည်။

သူ့အား ခေါင်းညိတ်ပြသွားသည့်လူ အများကြီး ရှိသဖြင့် ရန်ကိုင် အာရုံမစိုက်မိခဲ့ချေ။

သို့သော်ငြား သွေးအကျဉ်းထောင်ထဲတွင် တင်ခဲ့သည့် အကြွေးကိုတော့ ရန်ကိုင် နားလည်ပေသည်။

ဒီကောင်က စိတ်ဝင်စားစရာတော့ ကောင်းသား ရန်ကိုင်က ပြုံးလျက် လက်သီးဆုပ်ကာ သူ့နာမည်ကို မိတ်ဆက်ပေးလိုက်၏ “ရန်ကိုင်”

“ရှုပင်းပိုင်” လူငယ်လေးက ပြန်ပြောလိုက်သည်။

လင်းယုရောင်နှင့် ထွက်သွားတော့မည်အပြု သူတို့ အနီးပတ်လည်ရှိ မိုးမြေစွမ်းအင်များ ရုတ်တရက် တုန်ခါလာခဲ့သဖြင့် အကုန်လုံး အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရသည်။

မကြာမီ ဆန်းကြယ်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့၏။ ရန်ကိုင်လည်း ထိုစွမ်းအား ထွက်ပေါ်လာရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ ရှုပင်းပိုင်သည်လည်း ထိုစွမ်းအားကို ခံစားမိမိချင်း အံ့အားသင့်နေသော်ငြား ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည့်အလား သူ့အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

“တစ်ယောက်ယောက် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့ လုပ်နေတာပဲ”

အကုန်လုံး၏ အကြည့်သည် စကားပြောလိုက်သည့် လူဆီသို့ စုပြုံရောက်ရှိလာခဲ့သည်။

“ခင်ဗျား တကယ် ပြောနေတာလား”

“တကယ်ပြောနေတာပေါ့ဟ၊ ငါဘာလို့ မင်းတို့ကို လိမ်ရမှာလဲ။ အရင်တုန်းက လူတစ်ယောက် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်သွားတာ ဒီလူအိုကြီးကိုယ်တိုင် မြင်ဖူးတယ်။ အဲ့ဒါကြောင့်ပဲ ငါပြောနိုင်တာ”

“သွေးအကျဉ်းထောင်ထဲက ထွက်လာတဲ့ တစ်ယောက်ယောက် ဖြစ်လိမ့်မယ်။ ဆက်ပြီး မထိန်းထားနိုင်လို့ အပြင် ရောက်ရောက်ချင်း တန်းအဆင့်တက်လိုက်တာ ဖြစ်လိမ့်မယ်”

“သွေးအကျဉ်းထောင်က တကယ် အံ့ဩစရာပဲ။ အဲ့လူ ကံကလည်း တော်တော်လေး ကောင်းတယ်လို့လည်း ပြောရမယ်”

“မင်းတို့ ဘာလုပ်ရပ်နေသေးတာလဲ။ သွားမကြည့်ဘူးလား။ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်တဲ့ ဖြစ်စဉ်ဆိုတာ မြင်ချင်တိုင်း မြင်လို့ရတာမျိုး မဟုတ်ဘူးနော်။ ကံပါမှ မြင်လို့ရတာ။ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ဖို့ လုပ်နေတာ ဘယ်သူများ ဖြစ်မလဲ မသိဘူး”

တစ်ယောက်ယောက် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်တော့မည် ဆိုလျှင် သေချာ ပြင်ဆင်လေ့ရှိကြသည်။ အဆင့်ချိုးဖျက်နေစဉ် အတောအတွင်း အနှောင့်အယှတ် မခံရစေရန်အတွက် အဆင့် မချိုးဖျက်မီ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အသက်သွင်းပြီး တပည့်သူ တပည့်သား များစွာကိုလည်း အစောင့်ချထားကြသည်။

ဂိုဏ်းမရှိသူများကတော့ သူတို့ ရင်းနှီးသည့် မိတ်ဆွေနှင့် မိသားစုဝင်များကို ဖိတ်ခေါ်ပြီး လုံခြုံသည့် နေရာ တစ်ခုခုတွင် သွားအဆင့်တက်လေ့ ရှိ၏။

လူအနည်းငယ်လောက်သာ သေချာ မပြင်ဆင်ဘဲ အဆင့်တက်ကြခြင်း ဖြစ်သည်။

သို့ပင်လျှင် တန်ခိုးရှင်ဘုရင်သို့ ရောက်နိုင်သည့်လူ အတော့်ကိုမှ နည်းပါးပေသည်။

ယခု တစ်ယောက်ယောက်သည် ဘာမှ မပြင်ဆင်ဘဲ သွေးအကျဉ်းထောင်ထဲမှ ထွက်လာသည်နှင့် တန်းအဆင့်တက်ရန် လုပ်နေလေပြီ။

ဤကဲ့သို့ အခွင့်အရေးကောင်းကြီးကို သူတို့ မည်ကဲ့သို့ လက်လွှတ်နိုင်မည်နည်း။

ထိုလူ အဆင့်တက်နေသည်ကို စောင့်ကြည့်ရင်း ကံကောင်းလျှင် နယ်ပယ်နှင့် ပက်သက်သည့် ဥာဏ်အလင်းအချို့ပင် သူတို့ ရကောင်း ရသွားနိုင်၏။

ထိုအချက်ကို နားလည်ထားသည့်အတွက် သွေးအကျဉ်းထောင် အပြင်ဘက်တွင် စုဝေးနေကြသော ကျင့်ကြံသူများသည် သူတို့၏ ကြယ်လွန်းပျံများကို ထုတ်၍ တန်ခိုးရှင်ဘုရင်အဆင့်သို့ တက်ရန် ကြံနေသော ကျင့်ကြံသူဆီသို့ အပြေးအလွှား သွားကြလေ၏။

“ဂိုဏ်းချုပ်” ထိုအခြင်းအရာကို မြင်သော် လင်းယုရောင်၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့လေ၏။

“ဘာဖြစ်လို့လဲ”

“ကျွန်မ ထင်တာသာ မမှားရင် အခု အဆင့်ချိုးဖျက်ဖို့ လုပ်နေတဲ့လူက… ချင်းတုန် ဖြစ်လိမ့်မယ်” လင်းယုရောင်က အမြန် ပြန်ပြောလိုက်၏။

“ဘယ်လို” ထိုစကားကြားလိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ ရုတ်ချည်းလေးနက်သွားပြီး “အကြီးအကဲချင်းဆိုတာ သေချာလား”

“ရှစ်ဆယ်ရာခိုင်နှုန်းလောက်တော့ သေချာတယ်” လင်းယုရောင်က နှုတ်ခမ်းကိုက်လျက် “အကြီးအကဲချင်း ဂိုဏ်းချုပ်ကို စောင့်မနေရတဲ့ အကြောင်းအရင်းက သူအဆင့်တက်တော့မယ်လို့ ခံစားနေရလို့ပဲ။ အဲ့ဒါကြောင့်ပဲ လုံခြုံတဲ့နေရာတစ်ခုရှာဖို့ အမြန် ထွက်သွားတာ။ ဒါပေမယ့် သူအချိန်မမှီလိုက်ဘူးနဲ့ တူတယ်”

သွေးအကျဉ်းထောင် အပြင်ဘက်တွင် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ ထောင့်နှင့်ချီကာ ရှိနေသည်။ ထိုထဲမှ အနည်းဆုံး ခုနှစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းခန့်သည် ချင်းတုန် ရှိရာဆီသို့ စုပြုံ သွားကြနေသည်။ သူတို့သာ ချင်းတုန်အား တစ်မျိုးတစ်ဖုံ နှောင့်ယှတ်မိသွားခဲ့လျှင် ချင်းတုန် အဆင့်တက်နိုင်တော့လိမ့်မည် မဟုတ်ချေ။ သက်သာလျှင် ဒဏ်ရာအပြင်းအထန်လောက်သာ ရမည် ဖြစ်သော်ငြား ကံဆိုးသွားလျှင်တော့ နေရာတွင်ပင် ပွဲချင်းပြီး သေသွားနိုင်ပေသည်။

တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရာတွင် မည်ကဲ့သို့သော မြင်ကွင်းမျိုး ပေါ်လာမလဲဆိုသည်ကို ရန်ကိုင် မသိသော်ငြား တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်စဉ်က အဖြစ်အပျက်ကို ပြန်စဉ်းစားမိရသလောက် ရိုးရှင်းလိမ့်မည်တော့ မဟုတ်ပေ။ မိုးမြေကောင်းချီးသည် ချင်းတုန် တစ်ယောက်တည်းသာ ရင်ဆိုင်ရမည့် စမ်းသပ်ချက်ကြီးတစ်ခု ဖြစ်ပေသည်။

သူတို့ထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် အတားအဆီးကို ဦးဆုံး ချိုးဖျက်သွားသူမှာ ချင်းတုန် ဖြစ်နေသည့်အတွက် ရန်ကိုင် အနည်းငယ် အံ့အားသင့်မိနေခဲ့သည်။

နယ်ပယ်ကျောက်တုံးတောင်တွင် ရှိနေစဉ် တစ်လျှောက်လုံး ချင်းတုန်သည် အဆင့်တက်မည့် အရိပ်အယောင် နည်းနည်းမှ မပြခဲ့ပေ။ သူတို့ လမ်းခွဲသွားသည့်နောက်ပိုင်း ချင်းတုန် အခွင့်အလမ်းကောင်း တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသည့်ပုံပင်။

ရန်ကိုင်သည် လေမိုးကြိုးတောင်ပံကို ထုတ်သုံးလျက် ချင်းတုန် ရှိရာဆီသို့ အမြန် ပြေးသွားလေသည်။

ရုတ်တရက် တစ်ခုခုကို ခံစားမိလိုက်သဖြင့် ဘေးဘက်သို့ လှည့်ကြည့်လိုက်၏။

မလှမ်းမကမ်း တစ်နေရာ၌ လူတစ်ယောက်သည် သူ့ကဲ့သို့ လျင်မြန်စွာ ပျံသန်းနေခဲ့သည်။ ရန်ကိုင် သူ့အား ကြည့်နေသည်ကို သတိပြုမိသော် ထိုလူသည်လည်း ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာပြီး သူ့အား ပြုံးပြလိုက်၏။

ရှုပင်းပိုင်ပင်… ဤကောင် မရိုးရှင်းပေ။ သူနောက်သို့ နောက်ပြတ်ကျမကျန်စတမ်း လိုက်လာနိုင်သည်မှာ နည်းသည့် အရည်အချင်းတော့ မဟုတ်။ ထို့အပြင် သူ့ကြည့်ရသလောက် အစွမ်းကုန်သုံးပြီး ပျံသန်းနေပုံလည်းမရ။ အေးအေးဆေးဆေး ပျံသန်းနေခြင်း ဖြစ်သည်။

“ရောင်းရင်းရင်၊ မင်းရဲ့ တောင်ပံတွေက တော်တော်လန်းတာပဲကွ” ရှုပင်းပိုင်သည် ရန်ကိုင်၏ ကျောဘက်ရှိ လေမိုးကြိုးတောင်ပံကို ကြည့်ပြီး ပြောလိုက်သည်။

“ရောင်းရင်းပိုင်လည်း အတူတူပဲလေ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။

“ကိုယ့်အားသာချက်နဲ့ ကိုယ်ပေါ့” ရှုပင်းပိုင်က ပြုံးလိုက်ပြီး “ရောင်းရင်းရန်ကို ကြည့်ရတာ အရမ်း လောနေတဲ့ပုံပဲ။ အခု အဆင့်ချိုးဖျက်ဖို့ လုပ်နေတဲ့လူက ရောင်းရင်းရန်တို့ အဖွဲ့ထဲကလား”

“ဟုတ်တယ်” အပိုစကားပြောရန် အချိန်မရှိသည့်အတွက် ရန်ကိုင်လည်း လိုတိုရှင်းသာ ပြန်ပြောလိုက်သည်။

“အို၊ ဒါဆိုရင်တော့ ရောင်းရင်းရန်ကို ကြိုဂုဏ်ပြုရတော့မှာပေါ့။ တန်ခိုးရှင်ဘုရင်အဆင့်တစ်ယောက် တိုးလာတယ်ဆိုတာ တကယ် ဂုဏ်ယူစရာ အဖြစ်အပျက်ပဲ။ ရောင်းရင်ရန် အကူအညီ တစ်ခုခုကို လိုရင် ဒီရှုကို လှမ်းပြောလိုက်လေ”

ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး အလျင်အမြန် လက်သီးဆုပ်၍ “အဲ့လိုဆိုရင်တော့ ရောင်းရင်းရှုကို ကြိုပြီး ကျေးဇူးတင်ထားရတော့မှာပေါ့”

တစ်ဖက်လူ သူ့အား လိုလိုလားလားဖြင့် ကူညီချင်နေသည်မှာ ရန်ကိုင်အတွက် ကံကောင်းမှုတစ်ခု ဖြစ်သည်။ တန်ခိုးရှင်ဘုရင် ဝူတောက် မည်မျှ အားကောင်းသလဲ သူမသိသော်ငြား၊ အခြားသူများ အလွန်အံ့အားသင့်နေပုံ ထောက်လျှင်တော့ ဝူတောက်သည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များထဲတွင်ပင် အလွန်အားကောင်းသည့် ပညာရှင်တစ်ဦး ဖြစ်ရပေလိမ့်မည်။

ထိုကဲ့သို့ နောက်ခံရှိသည့် လူတစ်ယောက်၏ နာမည်နှင့်ဆိုပါက ကိစ္စတော်တော်များများ အတော်လေး အဆင်ပြေသွားလေပြီ။

သူတို့ စကားပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် သွားချင်နေသည့် နေရာဆီသို့ ရောက်လာခဲ့သည်။

“ဂိုဏ်းချုပ်ရန်လည်း ရောက်လာတာလား” ရန်ကိုင် ရောက်လာသည်ကို မြင်သော် ရန်ရှုကျုနှင့် ချူဟန်းရှီတို့ နှစ်ဦးစလုံး ဝမ်းသာသွားခဲ့ပြီး အလျင်အမြန် ဦးညွှတ်လိုက်၏။

ဝမ်းယုသည်လည်း ခေါင်းညိတ်ပြလိုက်ပြီး ကျောင်းထျန်ကျဲကမှ ရှေ့တက်၍ နှုတ်ဆက်လိုက်လေသည်။

အခြားလူအားလုံး အန္တရာယ်ကင်းကင်းနှင့် ရှိနေသည်ကို မြင်သည့်အအခါ ရန်ကိုင်က သက်ပြင်းချလျက် “အကြီးအကဲချင်းလား”

“ဟုတ်တယ်” ချူဟန်းရီက မျက်မှောင်ကြုတ်လျက် “ဒါပေမယ့် ရုတ်တရက်ကြီး ဖြစ်သွားတာဆိုတော့ ကျုပ်တို့လည်း ဘာမှ မတတ်နိုင်လိုက်ဘူး”

ယခုတစ်ကြိမ် ပြဿနာ မည်မျှ ကြီးကြောင်း သူတို့ နားလည်ထား၏။ ဤနေရာတွင် အဆင့်ချိုးဖျက်ခြင်းသည် ပျော်ရွှင်စရာ အဖြစ်အပျက်တစ်ခုကို ပြဿနာများသည့် အဖြစ်အပျက်တစ်ခုသို့ ပြောင်းလဲသွားစေနိုင်ပေသည်။

ကျောင်းထျန်ကျဲက ခါးသက်စွာပြုံးလျက် “အစကတော့ ဒီလူအိုကြီးလည်း အကြီးအကဲချင်းကို ဒီကနေ မိုင်းငါးသိန်းလောက် ဝေးတဲ့ လွင်တီးခေါင်ပြင်တစ်ခုဆီ ခေါ်သွားပေးမလို့ပဲ။ အဲ့ဘက်မှာက လူလည်းနည်း၊ မိုးမြေစွမ်းအင်ကလည်း သိပ်သည်းတယ်လေ။ ဒါပေမယ့်…”

“ခင်ဗျားအပြစ် မဟုတ်ပါဘူး” ရန်ကိုင်က မျက်မှောင်ကြုတ်၍ “ဒါနဲ့ မြိုသခင်ကျောင်း၊ အကြီးအကဲချင်း ဘယ်လို အခွင့်အရေးနဲ့ သွားကြုံလို့ အခုလို ရုတ်တရက်ကြီး အဆင့်တက်ဖို့ လုပ်ရတာလဲ”

“ဘာမှ ထူးထူးခြားခြားကြီး မဟုတ်ဘူး။ သူ့ဘာသာ နယ်ပယ်ဝဲကတော့ အချို့ထဲ ဝင်ပြီး အကျိုးအမြတ်တွေ ရသွားခဲ့ရုံပဲ” ကျောင်းထျန်ကျဲက ပြန်ပြောလိုက်သည်။

“ကျုပ်သိပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

ရန်ကိုင်တို့ စကားပြောနေစဉ်အတွင်း ဤနေရာသို့ ကျင့်ကြံသူများ ပိုပို၍ ရောက်လာကြပြီး မိုးမြေစွမ်းအင်သည်လည်း ပိုပို၍ ကသောင်းကနင်း ဖြစ်လာခဲ့လေသည်။ ဆန်းကြယ်သော စွမ်းအား တစ်ရပ်သည်လည်း ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံလာခဲ့၏။ အစပိုင်းတွင် ထိုစွမ်းအားစက်ကွင်းသည် ဖြည်းဖြည်းချင်း ကျယ်ပြန့်လာနေခြင်း ဖြစ်သော်ငြား မျက်တောင်တစ်ခတ်အတွင်း ရုတ်တရက်ကြီး အရှိန်အဟုန်ပြင်းစွာ ကျယ်ပြန့်သွားခဲ့လေသည်။

ထိုစွမ်းအားသည် ချင်းတုန်၏ ရှီပင် ဖြစ်သည်။

မီတာထောင်ပေါင်းများစွာ ကျယ်ပြန့်သော စက်ကွင်းအတွင်း လေပြင်းများ တဝုန်းဝုန်း တိုက်ခတ်လာပြီး မုန်တိုင်းငယ်လေးများ စတင် ဖြစ်ပေါ်လာခဲ့သည်။

ချင်းတုန်၏ ရှီသည် တကယ်ကြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။ သူ့ကိုယ်ပိုင် စွမ်းအားကိုပင် ရှီစွမ်းအင်ထဲသို့ ပေါင်းစပ်ထားနိုင်သေး၏။

“ငါထင်တဲ့ အတိုင်းပါပဲလား။ တကယ်ကြီး တစ်ယောက်ယောက် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နေတာပဲကွ” ရောက်လာသည့် ကျင့်ကြံသူတစ်ယောက်က အော်ပြောလိုက်သည်။

လူအချိုသည့် ထွက်ပေါ်လာသော ဆန်းကြယ်မှုများကို သေချာ သုံးသပ်နိုင်ရန်အတွက် ရန်ကိုင်အား ဖြတ်ကျော်၍ ချင်းတုန်နှင့် အနီးကပ်ဆီသို့ တိုးကပ်သွားကြလေသည်။

ထိုအရာများသည် တန်ခိုးရှင်ဘုရင်အဆင့်နှင့် ပက်သက်၍ ချင်းတုန် နားလည်သိမြင်ထားသည့် ဥာဏ်အလင်းများ ဖြစ်သည်။ သူတန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်သည့်အခါ ထိုဥာဏ်အလင်းများသည် အပြင်ဘက်သို့ အတားအဆီးမရှိ ပျံ့ထွက်လာပေလိမ့်မည်။ တန်ခိုးရှင်အဆင့်များအတွက် ထိုပြန့်ထွက်လာသည့် ဥာဏ်အလင်းများသည် အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းသည့် အရာများ ဖြစ်ကြသည်။

ထိုအခြင်းအရာကို မြင်သော် ရန်ကိုင် မျက်နှာပျက်သွားပြီး ချက်ချင်း လေပေါ်သို့ ပျံတက်၍ လက်သီးဆုပ်ကာ အသံ ကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “အားလုံး ကျေးဇူးပြုပြီး အရှေ့ အရမ်းမတိုးလို့ရမလား။ ကျုပ်စီနီယာ အနှောင့်အယှတ် မဖြစ်ရအောင်လို့ပါ”

သို့သော်လည်း ရှေ့တိုးသွားသည့် ကျင့်ကြံသူကမူ ရန်ကိုင် ဖုတ်လေငပိ ရှိသည်ဟုပင် ထင်ပုံမရ။ နှာခေါင်းရှုံ့၍သာ ရှေ့သို့ ဆက်တိုးသွားနေ၏။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၅)

တန်ခိုးရှင်ဘုရင်အဆင့်သို့ အဆင့်တက်သည့် အဖြစ်အပျက်မျိုးသည် နှစ်တစ်သောင်းအတွင်းပင် မြင်ရခဲသော ရှားမှရှားသည့် အဖြစ်အပျက်တစ်ခု ဖြစ်လေရာ ရန်ကိုင်မှ တောင်းဆိုလိုက်ရုံဖြင့် ထိုလူများက ဤအခွင့်အရေးကို မည်သို့များ လက်လျှော့လိမ့်မည်နည်း။

အကုန်လုံးသည် အနီးသို့ တိုးကပ်သွားချင်နေကြသည်။

“အကုန်လုံး ဒီရန်ကို နည်းနည်းလောက် မျက်နှာသာပေးမယ်ဆိုရင် ဒီရန် တကယ် ကျေးဇူးတင်မိမှာပါ” ရန်ကိုင်စိတ်ထဲ စကားဖြင့် ပြောမနေဘဲ လက်သာ ပါလိုက်ချင်သော်ငြား ချင်းတုန် အဆင့် ချိုးဖျက်နေခြင်း ဖြစ်သဖြင့် ထိုသို့ မလုပ်မိအောင် သူ့စိတ်ကို မနည်းထိန်းနေရသည်။

“မင်းက ဘာကောင်မို့လို့လဲ။ ငါတို့ ဒီမှာပဲ ရပ်နေတာ၊ ဘာပြဿနာမှတောင် ရှာနေတာ မဟုတ်ဘူး။ ပြီးတော့ ဒီနေရာက မင်းအိမ်လည်း မဟုတ်ဘူး။ မင်းမှာ ငါ့တို့ကို လာပြောဖို့ ဘာအရည်အချင်း ရှိလို့လဲ” တစ်ယောက်ယောက် မကျေမနပ်ဖြင့် အော်ပြောလိုက်လေသည်။

“ဟုတ်တယ်။ တန်ခိုးရှင်ဒုတိယအဆင့်လေးကများ ငါတို့ကို လာတားရဲသေးတယ်။ ငါလုပ်လိုက်ရ၊ မကောင်းရှိလို့”

“ကောင်လေး၊ မင်းပါးစပ်ကို ကြည့်ကြပ်ပြီးပြော။ ဒီနေရာက မင်းပြောချင်တိုင်း ‌ပြောလို့ရတဲ့နေရာ မဟုတ်ဘူး”

ထိုလူများ၏ စကားကိုကြားသည့်အခါ ရန်ကိုင် မျက်နှာအမူအရာ ပျက်ယွင်းသွားလေသည်။

“အကုန်လုံး၊ အခြားလူတစ်ယောက် အဆင့်ချိုးဖျက်နေတာ သွားနှောင့်ယှတ်လို့ မသင့်တော်ဘူးလေ။ တစ်နေ့ ခင်ဗျားတို့ အဆင့်ချိုးဖျက်နေလို့၊ ဒီရှု ခင်ဗျားတို့ဆီ ပြေးဝင်လာမယ်ဆို ခင်ဗျားတို့ ဘယ်လို ခံစားရမလဲ၊ ကိုယ်ချင်းစာတတ်စမ်းပါ” ရှုပင်းပိုင်က ပြုံးဖြီးဖြီးဖြင့် ဝင်ပြောလိုက်လေသည်။

“ကောင်လေး၊ မင်းကိုယ်မင်း ဘာမှတ်နေတာလဲ”

“ဒီခေတ် လူငယ်တွေကို အကြီးတွေကို ဘယ်လို လေးစားရမှန်း တကယ် မသိကြတဲ့ ကောင်တွေပါလား။ အခုလို မဆင်မခြင် ပြောလိုက်လို့ ဒုက္ခရောက်နိုင်တယ် ဆိုတာလည်း မသိကြဘူး”

“မင်းသေချင်နေတာလား။ အဲ့ကောင်က စီနီယာဝူတောက်ရဲ့ တပည့်ကွ”

အကုန်လုံးသည် ရှုပင်းပိုင်၏ နောက်ခံအကြောင်း သိကြသည့် လူများ မဟုတ်ကြသော်ငြား အချို့ကမူ သူ့နှင့် အင်ပါယာ စိတ်ိဥာဉ်အိမ်တော်မှ အကြီးအကဲ ပြောနေသည်ကို ကြားခဲ့ဖ၏။ ထို့ကြောင့် ရှုပင်းပိုင် မည်သူမှန်း သိသွားပြီး သူတို့ အဖော်ကို လေသံတိုးတိုးဖြင့် အမြန် သတိပေးလိုက်ကြလေသည်။

“ဘယ်လို၊ စီနီယာဝူတောက်ရဲ့ တပည့်လား၊ မင်းနောက်နေတာ မဟုတ်ပါဘူးနော်”

“ဖြစ်နိုင်လို့လား။ စီနီယာဝူတောက် ပေါ်မလာတာ နှစ်ပေါင်း ရာနဲ့ချီနေ မဟုတ်ဘူး။ သူဘယ်တုန်းက တပည့် လက်ခံလိုက်တာလဲ”

“မင်းဘာသာ ယုံချင်ယုံ မယုံချင်နေ။ ပြီးတော့မှ ငါ့ကို သတိ မပေးလို့ဆိုပြီး လာအပြစ်မတင်နဲ့”

“တကယ်ကြီး ဟုတ်တယ်ကွ။ သူ့ရင်ဘတ်က တံဆိပ်ကိုကြည့်၊ အဲ့ဒါ စီနီယာဝူတောက်ရဲ့ ပွင့်ချပ်သုံးခု တံဆိပ်ပဲ။ စီနီယာ ဝူတောက်နဲ့ အနီးကပ်ဆုံး လူတွေပဲ အဲ့တံဆိပ်ပါတဲ့ အင်္ကျီကို ဝတ်ခွင့်ရှိတာ”

“ဘုရားရေ၊ တကယ်ကြီး စီနီယာဝူတောက်ရဲ့ တပည့်ဟ”

“အတုကြီးများ ဖြစ်နေမလား”

“မင်းကြီးတော်အတု၊ အတုဝတ်ရင် ကိုယ်သေတွင်း ကိုယ်တူးသလို ဖြစ်သွားမှာပေါ့ကွ”

“ဒီတော့ သူက တကယ်ကြီး စီနီယာဝူတောက်ရဲ့ တပည့်ပေါ့…”

ရှုပင်းပိုင် မည်သူမှန်း သိသွားကြသည့်နောက်တွင် အစောပိုင်းက မောက်မာတကြီး ပြုမူနေကြသည့် လူအားလုံး၏ အမူအရာ သုန်မှုန်သွားခဲ့လေသည်။ သူတို့ပြိုင်ဘက်၏ နောက်ခံကို မသိဘဲ ရိုင်းချင်သလို သွားရိုင်းမိသည်ကိုလည်း အတော်လေး နောင်တ ရနေမိ၏။

ရှုပင်ပိုင်ကမူ ရယ်သွမ်းသွေးလျက် “ပြီးတော့ ဒီရောင်းရင်းက မကြာခင် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်တော့မှာ။ ခင်ဗျားတို့ သူ့ကို သွားနှောင့်ယှတ်လို့ သူခင်ဗျားတို့ကို လာပြန်ပြဿနာရှာရင် အဲ့ဒဏ်ကို ခင်ဗျားတို့ ခံနိုင်မှာလား”

ထိုစကားထွက်လာသည်နှင့် အကုန်လုံး၏မျက်နှာ သွေးဆုတ် ဖြူလျော်သွားခဲ့လေသည်။

ရှုပင်းပိုင်၏ နောက်ခံကို သူတို့ လန့်သော်ငြား ယခုစကားကူမ သူတို့အား အမှန်တကယ်ကို ကြောက်လန့်သွားစေခဲ့သည်။

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်တစ်ခုကို အနီးကပ် ကြည့်ချင်မသလို အကျိုးအမြတ် နည်းနည်းပါးပါးကိုလည်း လိုချင်မိသည့်အတွက် ရှေ့တိုးသွားမိခဲ့ကြသည်။ သို့သော် ရှုပင်းပိုင် ပြောသည့်အချက်ကိုမူ လုံးလုံး မေ့လျော့နေမိခဲ့သည်။

ထိုလူသာ တန်ခိုးရှင်ဘုရင်အဆင့်ကို မတက်နိုင်ခဲ့ဘူး ဆိုလျှင်တော့ ကိစ္စမရှိချေ။ သူမှ အသက်ရှင်တော့လိမ့်မည် မဟုတ်လေဘဲ။ မိုးမြေကောင်းချီး၏ စွမ်းအားအောက်၌ တစ်ခါတည်း အသက် ပျောက်သွားပေလိမ့်မည်။ သို့သော် အောင်မြင်သွားခဲ့ပြီး တန်ခိုးရှင်ဘုရင်တစ်ပါး ဖြစ်လာခဲ့လျှင်တော့ ဒုက္ခ ရောက်မည့်လူသည် သူတို့သာ ဖြစ်သွားပေလိမ့်မည်။

ထိုအခါမှပဲ ရန်ကိုင်အား ကျိန်ဆဲနေကြသည့် လူများသည် ရှုပင်းပိုင်ဘက်သို့ လှည့်၍ လက်သီးဆုပ်ကာ “အခုလို သတိပေးတဲ့ အတွက် ရောင်းရင်းကို ကျေးဇူးအများကြီး တင်ပါတဝယ်”

ပြောပြီးသည်နှင့် အလျင်အမြန် ပြန်ဆုတ်ရင်း ကိုးယိုးကားယား အပြုံးများပြုံးလျက် ရန်ကိုင်အား ခေါင်းညိတ်ပြကာ “ညီလေး၊ အစောတုန်းက သွေးပူပြီး ပြောလိုက်မိတာတွေကို ကျေးဇူးပြုပြီး စိတ်ထဲမထားနဲ့ကွာ။ ငါတကယ် ပြောချင်တာ မဟုတ်ဘူး၊ မရည်ရွယ်ဘဲ ပြောမိလိုက်သလို ဖြစ်သွားတာ”

အခြားသူများလည်း ရယ်ရယ်မောမောဖြင့် တောင်းပန်လိုက်ကြ၏။

ထိုအခါမှပဲ ရန်ကိုင်၏ မျက်နှာအမူအရာ ပြန်လည် ကောင်းမွန်လာခဲ့ပြီး “အကုန်လုံး ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ဒီရန်လည်း နည်းနည်း ရိုင်းသွားသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်။ အကုန်လုံးသာ နည်းနည်း ခပ်ဝေးဝေးကနေ နေပေးသရွေ့ ဒီရန် ဝင်မရှုပ်ပါဘူး”

“ကောင်းတယ်၊ ကောင်းတယ်၊ ကျေးဇူးပဲကွာ ညီလေး”

တင်းမာနေသော အခြေအနေသည် ရုတ်ချည်း လျော့ကျသွားခဲ့လေသည်။

ယခုမှပဲ ရန်ရှုကျို၊ ချူဟန်းရီနှင့် အခြားသူများလည်း သူတို နဖူးထက် ဝေ့သီနေသော ချွေးများကို သုတ်နိုင်တော့သည်။

ရန်ကိုင်က ရှုပင်းပိုင်အနားသို့ ဆင်းလိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်လေသည် “ကူညီပေးတဲ့အတွက် ကျေးဇူးပဲ ရောင်းရှင်းရှု၊ ဒီရန် ဒီကျေးဇူးကို မမေ့ပါဘူး”

“ဒီလောက်က ဘာမှမဟုတ်ဘူး။ ရောင်းရင်းရန် စိတ်ထဲ ထားနေစရာ မလိုဘူး” ရှုပင်းပိုင်က ပြုံးလျက် ပြန်ပြော၏။

ထိုစဉ် လူအုပ်ကြီး ဝရုန်းသုန်းကာ ထဖြစ်လေသည်။

“ဘုရားရေ၊ ဆရာလော့ဟိုင် ရောက်လာတယ်ဟ”

“အခြား တန်ခိုးရှင်ဘုရင်အဆင့်တွေပါ ပါတယ်ကွ။ အဲ့ဒါ ဓါးအဖွဲ့အစည်းက စီနီယာလဲ့ မဟုတ်ဘူးလား”

“ကြည့်ကြည့်၊ အဲ့ဒါ ခရမ်းကြယ်က စီနီယာလီဝမ်နင်းပဲ”

“အဲ့ဒါ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက လူအိုကြီးကျိုမလား”

ပေါ်လာသည့် တန်ခိုးရှင်ဘုရင်အဆင့် ရှစ်ယောက်ကို အကုန်လုံးကို ချက်ချင်း မျက်မှန်းတန်းမိလိုက်ကြသည်။ ထိုရှစ်ယောက်သည် ဝူတောက်ကဲ့သို့ လူရှေ့သူရှေ့ မပေါ်လာသည့် လူများ မဟုတ်ကြ။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် လူရှေ့ ထွက်ခဲသော်ငြား ထိုလူများသည် ရံဖန်ရံခါ လူရှေ့တော့ ထွက်လာကြသေး၏။

ထိုရှစ်ဦး ပေါ်လာသည်နှင့် သူတို့အနားတွင် ရှိနေသူအားလုံး အလိုလို နောက်ဆုတ်သွားကုန်ကြလေရာ မကြာမီ သူတို့ ပတ်လည်၌ မီတာသုံးရာကျယ်ပြန့်သော မြေကွပ်လပ်ကြီးတစ်ခု ဖြစ်လာခဲ့သည်။

“အို၊ တန်ခိုးရှင်ဘုရင်အဆင့်တစ်ယောက် ပေါ်လာတော့မှာပါလား။ ကြည့်ရသလောက် ဒီလူ နယ်ပယ်အစွန်းအဖျားကို ဖမ်းဆုပ်မိနေပြီ။ သူသာ ကံကောင်းရင် တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်လိမ့်မယ်” ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူအိုကြီးကျိုက မှတ်ချက်ပေးလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် “ငါဒီလူကို တစ်ခါမှ မမြင်ဖူးဘူး။ သူဘယ်က ရောက်လာတာလဲ မသိဘူး”

ခရမ်းကြယ်မှ အမျိုးသမီး လီဝမ်နင်က ရယ်မောလျက် “သူ့ကို ခေါ်ချင်တယ်ဆိုရင်လည်း ခေါ်ချင်တယ်ပေါ့ လူအိုကြီးကျိုရယ်၊ ဘာတွေ ကွေ့ပတ်ပြောနေရတာလဲ”

“ငါဘာတွေ ကွေ့ပတ်ပြောလို့လဲ။ နင်တို့အားလုံးလည်း သူ့ကို ခေါ်ချင်နေကြတာ မဟုတ်ဘူးလား” လူအိုကြီးကျိုက ပြန်၍ ပြောလိုက်သည်။

အခြားသူများသည် ရယ်သာရယ်မောလိုက်ကြပြီး ဘာမှတော့ ပြန်မပြောခဲ့ကြချေ။

“သူ့ကိုတော့ ခေါ်ကိုခေါ်ရမယ်။ ဒါပေမယ့် ဟိုကောင်လေးကို ဒီအဘွားကြီး ပိုစိတ်ဝင်စားတယ်။ လူကြီးမင်းလော့ဟိုင်၊ ဟိုကောင်လေး အခုဘယ်မှာလဲ။ သူဒီမှာ ရှိလား” ဓါးအဖွဲ့စည်းမှ အဘွားကြီးက သူမ၏ တုတ်ကောက်ကို ဆုပ်ကိုင်ရင်း မေးလိုက်၏။

လော့ဟိုင်၏ မျက်လုံးထဲ အကြည့်တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ သို့သော် ဘာကိုမှ ဖုန်းကွယ်မနေဘဲ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်၏ “ရှိတယ်။ သူဘယ်သူလဲ ဆိုတာကိုတော့ ကျုပ်ပြောနေစရာ လိုမယ်မထင်ဘူး”

“စီနီယာလော့ဟိုင်က အဲ့လို ပြောမှတော့ ဒီလူအိုကြီး လုပ်ပြီနော်” လူထွားကြီးတစ်ဦးက အဓိပ္ပါယ်ပါပါပြုံးလျက် သူ့ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်လိုက်လေသည်။

အခြား တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည်လည်း ထိုအတိုင်း လိုက်လုပ်ကြသည်။

ရုတ်ချည်းဆိုသလို တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ ရှစ်ဦး၏ ကောင်းကင်စိတ်အာရုံ သူတို့အား လွှမ်းခြုံလာသဖြင့် အကုန်လုံး ထိတ်လန့်တုန်လှုပ်ကုန်ကြလေသည်။

“တွေ့ပြီ” လူအိုကြီးက ရုတ်တရက် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။ အခြားသူများလည်း ရန်ကိုင်ကို တွေ့သွားခဲ့ကြ၏။

ဤနေရာတွင် လူတစ်ထောင်မက ရှိနေသော်ငြား တန်ခိုးရှင် ဒုတိယအဆင့်သို့ ရောက်နေသည့် လူအရေအတွက်မှာ အနည်းအကျဉ်းလောက်သာ ရှိသည်။ တန်ခိုးရှင် ဒုတိယအဆင့် ကျင့်ကြံသူများထဲတွင် ရန်ကိုင်၏ သူတော်စင်ချီနှင့် အသက်စွမ်းအင်သည် အားအကော်ငးဆုံး ဖြစ်ပေသည်။

“ဒီကောင်က တကယ် ထူးခြားတဲ့ကောင်ပဲကွ။ ဒီအဆင့်မှာတောင် သူ့သူတော်စင်ချီက သာမန် တန်ခိုးရှင်တတိယအဆင့် တစ်ဦးရဲ့ သူတော်စင်ရဲ့ နှစ်ဆလောက်ရှိနေပြီ။ ဒီကောင် သွေးအကျဉ်းထောင်ထဲကနေ အသက်ရှင်လျက် ထွက်လာနိုင်တာ အထူးအဆန်း မဟုတ်တော့ဘူး” လူအိုကြီးက ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်၏။

“ဒီအဘွာကြီးလည်း အဲ့ကောင်လေး ဘယ်လို ခန္ဓာသန့်စင်ခြင်း ပညာရပ်တွေ ကျင့်ကြံထားလဲ သိချင်နေတာ။ သူ့အသက် စွမ်းအင်က သာမန်ထက် အများကြီး ပိုအားကောင်းလွန်းနေတယ်”

“ဘာတွေ ရပ်ပြီး အချိန်ဖြုန်းနေကြတာလဲ။ သူ့ကို တိုက်ရိုက် သွားပြောလိုက်ရင်ပဲ ပြီးနေပြီကို။ အဲ့ကောင်လေး ရှင်တို့ကို ကိုက်စားမှာ ကြောက်နေကြတာလား” လီဝမ်နင်ဆိုသည့် အမျိုးသမီးက ပြုံးလျက် ချက်ချင်း အောက်သို့ ဆင်းလိုက်ပြီး ရန်ကိုင်ဆီသို့ လမ်းလျှောက်သွားလေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

တန်ခိုးရှင်ဘုရင်အဆင့်များ ရောက်လာသည်မှာ ချင်းတုန်ကြောင့် ဖြစ်သည်ဟု သူထင်မိခဲ့သည်။ သို့သော် ထိုအမျိုးသမီး ရုတ်တရက်ကြီး သူ့ဆီ လမ်းလျှောက်လာနေသည်ကို မြင်သော် ရန်ကိုင် ကြောင်သွားခဲ့လေသည်။

ထိုအမျိုးသမီးပင် မဟုတ်၊ အခြား တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များလည်း သူ့ဆီသို့ လမ်းလျှောက်လာနေခဲ့ကြ၏။

သူတို့ ဘာလုပ်ချင်နေကြသနည်း။

ရန်ကိုင်သည် သူ့သူတော်စင်ချီကို ချက်ချင်း လှည့်ပတ်ထားလိုက်၏။

သူ့လက်ရှိ ခွန်အားအရ တန်ခိုးရှင်ဘုရင်အဆင့်အောက်၌ မည်သူ့ကိုမှ မကြောက်ချေ။ သို့သော်လည်း တန်ခိုးရှင်ဘုရင် အဆင့် တစ်ယောက်နှင့် ရင်ဆိုင်ရာတွင်မူ ထွက်ပြေးရုံသာ ရှိသည်။ သူဘက်မှ တစ်ချက်လေး မှားသွားရုံဖြင့် လုံးဝကို ချွင်းချက်မရှိ သေသွားရပေလိမ့်မည်။

တန်ခိုးရှင်ဘုရင်အဆင့်နှင့် တန်ခိုးရှင်အဆင့်သည် အလွန်ကိုမှ ခြားနားသည့် အဆင့်နှစ်ခုဖြစ်သည်။ မဟုတ်ရင် ကြယ်စီရင်စုထဲ တန်ခိုးရှင်တတိယအဆင့်များ ဖွတ်သပ်၍ မကုန်နိုင်အောင် ရှိနေချိန် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များ ဤမျှ ရှားပါးနေလိမ့်မည် မဟုတ်ချေ။

“ရောင်းရင်းရန် စိုးရိမ်မနေနဲ့” ရှုပင်းပိုင်က ရုတ်တရက် ပြောလိုက်၏ “သူတို့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်လောက်ဘူး”

“မင်းဘယ်လို သိတာလဲ”

“သွေးအကျဉ်းထောင် စမ်းသပ်ပွဲ ပြီးသွားတိုင်း အင်အားစု အသီးသီးက တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တွေ လူငယ် ပါရမီရှင်တွေကို ရွေးခေါ်လေ့ရှိတယ်။ ဒီတစ်ကြိမ်လည်း ချွင်းချက် မဟုတ်ဘူး။ သူတို့ ရောင်းရင်းရန်ကို ခေါ်ချင်လို့နဲ့တူတယ်”

“ကျုပ်ကို ခေါ်ဖို့” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည် “သွေးအကျဉ်းထောင်ထဲက ထွက်လာတာ ကျုပ်တစ်ယောက်တည်းမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး အကုန်လုံး ကျုပ်ကိုပဲ ခေါ်ချင်နေရတာလဲ”

ရှုပင်းပိုင်းက ပြုံးလျက် “သွေးအကျဉ်းထောင်ထဲမှ ရောင်းရင်းရန် အရည်အချင်းပြသွားတာကို မြင်လိုက်လို့ပဲပေါ့။ ရှင်းရှင်းပြောရရင် ငါတောင် ရောင်းရင်းရန်ဆီကနေ ဖိအား ခံစားရတယ်”

“ငါ့စွမ်းဆောင်ရည်… ငါက သွေးအကျဉ်းထောင်ထဲမှာ ရှိနေတာလေ။ သူတို့ ဘယ်လိုသိတာလဲ” ရန်ကိုင် မျက်နှာပျက်သွား၏။

“သူတို့ မသိပေမယ့် စီနီယာလော့ဟိုင်ကတော့ သိတယ်လေ။ သူက တောင်စိမ်းကြယ်ရဲ့ ကြယ်သခင်ပဲဟာကို” ရှုပင်းပိုင်က ရှင်းပြလိုက်၏။

ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၆)

ကြယ်သခင်တစ်ဦး ဖြစ်သည့်အတွက် ကြယ်ပေါ်တွင် ဖြစ်နေသည့် အကြောင်းအရာများကို သိသည်မှာ သဘာဝသာ ဖြစ်သည်။

သို့သော်လည်း ထိုသို့လုပ်ခြင်းသည် အရမ်း စွမ်းအားကုန်သည့် အတွက် မည်သည့် ကြယ်သခင်မှ အားအားယားယား ထိုကဲ့သို့ လုပ်မနေကြဘဲ အားသည့်အချိန်အတွင်း ကျင့်ကြံနေလေ့သာ ရှိသည်။

ရှနင်းချန်သည် ကြယ်သခင်တစ်ဦး ဖြစ်သည့်အတွက် ရန်ကိုင် ထိုအချက်ကို ကောင်းကောင်း နားလည်ထားသည်။ ရှနင်းချန်သည် တန်ခိုးရှင်အဆင့်သာ ရှိသေးသော်လည်း ထုန်ရွှမ်လောကကြီး၌ ဖြစ်ပျက်နေသည့် အကြောင်းအရာအားလုံးကို သိနိုင်ပေသည်။

တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်ဖြစ်သော လော့ဟိုင်သည် ရှနင်းချန်ထက် အဆများစွာ ပိုအားကောင်းလေရာ သွေးအကျဉ်းထောင်ထဲ၌ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို သိနိုင်သည်မှာ သဘာဝသာ ဖြစ်သည်။

ရန်ကိုင် မျက်စိပျက် မျက်နှာပျက် ဖြစ်နေသည်ကို မြင်သော် ရန်ကိုင် ဘာကို စိုးရိမ်နေမှန်း ရှုပင်းပိုင် ချက်ချင်း နားလည်သွား၏။ ထို့ကြောင့် ရယ်သွမ်းသွေးလျက် “ရောင်းရင်းရန် ဒီလောက် စိုးရိမ်နေစရာ မလိုဘူး။ သွေးအကျဉ်းထောင်ထဲမှာ ဖြစ်ပျက်နေတာကို စီနီယာလော့ဟိုင် သိတယ်ဆိုပေမယ့် ပရမ်းပတာ ဖြစ်နေတဲ့ နယ်ပယ်တွေရဲ့ စွမ်းအားက ခံနေတော့ အသေးစိတ်တော့ သိမှာ မဟုတ်ဘူး”

“အသေးစိတ် မသိဘူးလား” ရန်ကိုင် မျက်ခုံးပင့်သွား၏။

“ဟုတ်တယ်။ အရင်ကြယ်သခင် လက်ထက်တုန်းက ကြယ်အမြူတေရဲ့ စွမ်းအားကိုသုံးပြီး သွေးအကျဉ်းထောင် ပတ်လည်မှာ အကာအရံတစ်ခု ဖန်တီးခဲ့တယ်တဲ့။ အရင် ကြယ်သခင်က တန်ခိုးရှင်ဘုရင် တတိယအဆင့်တစ်ဦး ဆိုတော့ စီနီယာလော့ဟိုင် အားကောင်းတယ် ဆိုရင်တောင်မှ အဲ့အကာအရံကို လုံးဝ ဖြတ်ကျော်နိုင်ဦးမှာ မဟုတ်ဘူး” ရှုပင်းပိုင်က ရှင်းပြလိုက်သည်။

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ စိတ်တော့ မအေးနိုင်သေးပေ။

ရှုပင်းပိုင် အမှန်ကို ပြောနေသည်ဆိုလျှင် ရန်ကိုင်စိတ်ထဲ စိုးရိမ်မိနေသေးသည်။

ကျောက်တုံးရုပ်သေးရုပ်မှ တိတ်တဆိတ် လှုပ်ရှားသွားသည်မို့ နယ်ပယ်ကျောက်တုံးတောင်နှင့် ပက်သက်သည့် အဖြစ်အပျက်ကို လော့ဟိုင် မသိနိုင်လောက်။ သို့ရာတွင် မွန်းစတားတောင်၌ ဖြစ်ပျက်သွားသည်ကိုရော သူမသိဘဲ နေမည်လား။

တန်ခိုးရှင်အဆီအနှစ် ကျောက်တုံး ရှိနေသည့် အကြောင်းကို ချီယွဲ့နှင့် အခြား မျိုးနွယ်စုခေါင်းဆောင်များပင် သိနေလေရာ ကြယ်သခင်ဖြစ်သည့် လော့ဟိုင်ကကော မသိဘဲ ဘယ်နေမည်နည်း။

လော့ဟိုင် အဲ့အကြောင်းများ သိနေလား ရန်ကိုင် ရမ်းသန်းပြီး ဇွတ်မခန့်မှန်းရဲချေ။ သို့သော်လည်း တန်ခိုးရှင် အဆီအနှစ် ကျောက်တုံးသည် ချီယွဲ့ပင် လိုချင်သည့် ရတနာတစ်ခု ဖြစ်သည်။

ချီယွဲ့နှင့် လော့ဟိုင်တို့ နှစ်ဦးစလုံးသည် တန်ခိုးရှင်ဘုရင် ဒုတိယ အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ချီယွဲ့ပင် လိုချင်နေသည့် ရတနာတစ်ခုကို လော့ဟိုင်ကကော မလိုချင်ဘဲ နေမည်လား။

ရန်ကိုင်စိတ်ထဲ အတွေးပေါင်းစုံ ဖြတ်ပြေးသွားခဲ့သည်။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင်လုပ်လျက် ရွှေရောင်သရဖူကို ဝတ်ဆင်ထားသည့် လော့ဟိုင်ဆီ လှမ်းကြည့်လိုက်သည်။

လော့ဟိုင်သည်လည်း ရန်ကိုင်ကို ကြည့်နေခဲ့သည်။ အကြည့်ချင်း ဆုံသွားသည့် အခိုက်တွင် လော့ဟိုင် မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်ကို ရန်ကိုင် သတိပြုမိလိုက်၏။

သူသိနေခဲ့သည်။ ဒုက္ခတော့ ရောက်လေပြီ။

“အို… ကောင်လေး၊ နင်နဲ့ စီနီယာဝူတောက် ဘယ်လိုပက်သက်လဲ’ ရန်ကိုင်ဆီသို့ လမ်းလျှောက်လာသည့် အမျိုးသမီးက ရန်ကိုင် ဘေးတွင် ရပ်နေသော ရှုပင်းပိုင် ရင်ဘတ်၌ ပွင့်ချပ်သုံးခုက တံဆိပ်တစ်ခု ထိုးထွင်းထားသည်ကို မြင်သော် အံ့အားသင့်သွားပြီး မေးကြည့်လိုက်လေသည်။

“ကျုပ်ဆရာပဲ” ရှုပင်းပိုင်က နှိမ့်ချခြင်း၊ မောက်မာခြင်း မရှိသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

“စီနီယာဝူတောက်က နင့်ဆရာလား” လီဝမ်နင်က သူမ၏ ပါးစပ်ကို အလန့်တကြား အုပ်မိလိုက်သည်။

“ဘယ်လို၊ ဒီကောင်လေးက စီနီယာဝူတောက်ရဲ့ တပည့်လား” အခြား တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များလည်း အံ့ဩကုန်ကြပြီး ရှုပင်းပိုင်ကို စိုက်ကြည့်လာကြတော့လေသည်။

ဤနေရာတွင် အဆင့်အတန်းအမြင့်ဆုံး ဖြစ်သည့် တန်ခိုးရှင် ဒုတိယအဆင့်သို့ ရောက်နေသော လော့ဟိုင်ပင်လျှင် ထိတ်လန့် အံ့အားသင့်သွားခဲ့သည်။ ထိုကဲ့သို့ နောက်ခံ ကြီးမားသည့် လူတစ်ယောက် ဤပြိုင်ပွဲတွင် လာရောက် ယှဉ်ပြိုင်လိမ့်မည်ဟု သူလည်း မထင်ထားခဲ့သည့်ပုံပင်။

“ရှုပင်းပိုင် စီနီယာတို့ကို နှုတ်ဆက်ပါတယ်” ရှုပင်းပိုင်သည် ဝူတောက်၏ တပည့်တစ်ဦး ဖြစ်သော်ငြား သူသည် ဂျူနီယာ တစ်ဦး ဖြစ်နေဆဲ။ ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များစွာနှင့် ရင်ဆိုင်နေရသည့်အခါ မောက်မာတကြီး ပြုမူမနေရဲဘဲ ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်လေသည်။

“မောင်လေး ယဉ်ကျေးနေစရာ မလိုပါဘူး”

“ဟုတ်တယ်။ အပြင်လူတွေမှ မဟုတ်တာ။ ဒီလိုတွေ လုပ်နေစရာ မလိုဘူး။ လွန်ခဲ့တဲ့ နှစ်ငါးရာလောက်တုန်းက ဒီကျိုး စီနီယာ ဝူတောက်နဲ့ မတော်တဆတွေ့ပြီး စီနီယာဝူတောက်ရဲ့ သင်ကြားပြသပေးမှုကြောင့် ဥာဏ်အလင်းပွင့်ခဲ့ရတယ်။ အဲ့တော့မှပဲ ဒီကျိုး တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ခဲ့တာ။ ရှင်းရှင်းပြောရရင် စီနီယာဝူတောက် ဒီကျိုးရဲ့ ဆရာတစ်ပိုင်းလို့တောင် ပြောလို့ရတယ်။ ဒီတော့ မင်းနဲ့ငါက ဆရာတူညီအစ်ကိုတွေပေါ့” လူထွားကြီးက ပြုံးလျက် ပြောလိုက်လေသည်။

“စီနီယာကျိုး မနောက်ပါနဲ့ဗျာ။ စီနီယာကျိုးကို ညီအစ်ကို ရောင်းရင်း ခေါ်ရလောက်တဲ့ အရည်အချင်းမျိုး ဒီဂျူနီယာမှာ မရှိသေးပါဘူး” ရှုပင်းပိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။

“ဟားဟားဟား။ စီနီယာဝူတောက် အလားအလာကောင်းတဲ့ တပည့်တစ်ယောက် တွေ့ထားတာပဲကွ။ ကောင်လေး၊ ကြိုးစားနော်၊ စီနီယာဝူတောက်ကို မျက်နှာ မပျက်စေနဲ့”

“စီနီယာ ပြောတာကို ဂျူနီယာ သေချာ မှတ်ထားပါ့မယ်” ရှုပင်းပိုင်က ပြန်ပြောလိုက်သည်။

“မင်း စီနီယာဝူတောက်နဲ့ ပြန်တွေ့ရင် ဒီလော့ နှုတ်ဆက်တယ်လို့လည်း ပြောလိုက်ဦး” လော့ဟိုင်က ဝင်ပြောလိုက်သည်။

“စီနီယာလော့ရဲ့ ပြောတာကို ဒီဂျူနီယာ ကျိန်းသေ ပြန်ပြောလိုက်ပါမယ်” ရှုပင်းပိုင်က ခေါင်းညိတ်၍ “ဆရာ တစ်ခါက ပြောဖူးတယ်။ ဘာမမျှော်လင့်ထားတာမှ မဖြစ်လာဘူးဆိုရင် ဒီကြယ်စီရင်စုထဲမှာ နောက်ထပ် တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ချိုးဖျက်မယ့်လူက စီနီယာလော့ဟိုင်ပဲတဲ့”

ထိုစကားကို ကြားလိုက်ချိန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံဿူအားလုံး လော့ဟိုင်အား လေးစားတကြီး ကြည့်လိုက်ကြသည်။

“တကြယ်လား” လော့ဟိုင် မျက်ခုံးပင့်သွားခဲ့ပြီး ဂုဏ်ယူသွားသည့် အမူအရာဖြင့် အကျယ်ကြီး အော်ရယ်လျက် “အဲ့လိုဆိုမှတော့ ဒီလော့လည်း စီနီယာဝူတောက် မျှော်လင့်ထားတဲ့အတိုင်း အကောင်းဆုံး ကြိုးစားရတာပေါ့”

“စီနီယာ မြန်မြန် အောင်မြင်ပါစေလို့ ဒီဂျူနီယာ ဆုတောင်း ပေးပါတယ်”

“အင်း၊ မင်းတို့လည်း အပိုတွေ ပြောမနေဘဲ လုပ်စရာရှိတာ လုပ်ပေတော့” လော့ဟိုင်က ပြုံးလျက် ရန်ကိုင်အား စိတ်ဝင်တစား ကြည့်လိုက်သည်။

“ဒီက မောင်လေးကို ဘယ်လိုခေါ်ရမလဲ” လီဝမ်နင်က ပြုံးလျက် ရန်ကိုင်အား မေးလိုက်သည်။

အခြားသူများသည်လည်း ရန်ကိုင်အား ပြန်စိုက်ကြည့်လာခဲ့၏။

“ရန်ကိုင်”

“ရန်ကိုင်လား” ထိုနာမည်ကို ကြားလိုက်သည့်အခိုက် အကုန်လုံး မျက်မှောင်ကြုတ်သွားကြသည်။ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ခေါင်းခါလိုက်ကြလေသည်။ ထိုနာမည်ကို သူတို့ တ်စခါမှ မကြားဖူးပေ။

ယေဘုယျကျကျ ပြောရသော် လူငယ်ပါရမီရှင်တိုင်း လိုလိုသည် ကြယ်စီရင်စုထဲ အနည်းနှင့်အများတော့ ကျော်ကြားကြ၏။ သို့သော် ရန်ကိုင်ဆိုသည့် နာမည်ကိုတော့ သူတို့ တစ်ခါမှ မကြားဖူးပေ။

“မင်းနာမည်ကို တစ်ယောက်ယောက် ပြောတာ ကြားဖူးတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ” လူအိုကြီးကျို တစ်ယောက်သာ အတွေး နက်နေခဲ့သည်။

“စီနီယာက….”

“သူက ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက လူအိုကြီးကျိုပဲ” အမျိုးသမီးက မိတ်ဆက်ပေးလိုက်သည်။

“ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း” ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးသွားခဲ့၏ “စီနီယာ ကျုပ်နာမည်ကို ရွှယ့်ယွယ်ဆီက ကြားဖူးတာ ဖြစ်လိမ့်မယ်”

ထိုအခါမှ လူအိုကြီးသည် သူစဉ်းစားနေသည့် အကြောင်းအရာကို ပြန်စဉ်းစားမိသွားသည့်အလား ခေါင်းညိတ်၍ “ဟုတ်တယ်၊ ဟုတ်တယ်။ ငါမင်းအကြောင်းကို တတိယသခင်လေး ဆီကနေ ကြားဖူးတာ။ အခုပဲမှ ငါပြန်မှတ်မိတော့တယ်။ တတိယသခင်လေး ဧကရာဇ်ဥယျာဉ်ထဲက ပြန်ရောက်လာကတည်းက မင်းနာမည်ကို တဖွဖွပြောနေတာ။ ညီလေး၊ မင်းတတိယသခင်လေးနဲ့ ရင်းနှီးလား”

“ဆိုပါတော့” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

တကယ်တော့ ရင်းနှီးသည်ဟု ပြောမည့်အစား ထိုအမျိုးသမီးသည် သူ့အား အပိုင်းပိုင်းအစစ ဖြစ်အောင် ခုတ်ထစ်ပစ်ချင်နေသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။

“တကယ်ကို ကံတရားပဲ” လူအိုကြီးကျိုက ဝမ်းသာစွာ ပြုံးလျက် “တတိယသခင်လေး လူတစ်ယောက်ကီု ဒီလို မမေ့တာ တကယ် ရှားတယ်။ မင်းအရည်အချင်းနဲ့ဆို မင်းသာ ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲ ဝင်မယ်ဆိုရင် ကျိန်းသေ ရာထူးမြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမှာ။ ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း ဘယ်လို လွှမ်းမိုးနိုင်စွမ်း ကြီးမားလဲ မင်းလည်း သိမှာပေါ့၊ ဟုတ်တယ်မလား”

“လူအိုကြီးကျို၊ ကျွန်မ အရင်ရောက်တာနော်။ ဒီလို ကြားဖြတ်ပြီး လုတာတော့ မကောင်းဘူးလားလို့” လူအိုကြီးကျိုမှ သူမအား ကျော်ပြီး ရန်ကိုင်အား သူ့တို့အဖွဲ့ထဲ ခေါ်နေသည်ကို မြင်သော် လီဝမ်နင် မပျော်မရွှင် ဖြစ်သွားခဲ့လေသည်။

“အရင်လာမှ အရင်ပြောရမယ်လို့ ဘယ်သူပြောလဲ။ ပြောချင်တဲ့ ပြောလို့ရတာပဲ မဟုတ်ဘူးလား” လူအိုကြီးကျိုက ရယ်မောလျက် ရန်ကိုင်အား ဆက်၍ စည်းရုံးလိုက်လေသည် “ညီလေး၊ တတိယ သခင်လေး ရွှယ့်လျန် လူငယ်ပါရမီရှင်တွေကို ဂရုစိုက်တယ် ဆိုတာ ရှားရှားပါးပါပါးပဲ။ မင်းအရည်အချင်း၊ ခွန်အားနဲ့ဆို၊ မင်းသာ ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲ ဝင်မယ်ဆို ဒီအချက်ကို ဒီလူအိုကြီး အာမခံပေးနိုင်တယ်…”

လူအိုကြီးကျိုမှ ရန်ကိုင်အား မက်လုံးပေးပြီး စည်းရုံး သိမ်းသွင်နေသည်ကို ကြည့်ရင်း အနီးအနား၌ ရှိနေသော ကျင့်ကြံသူများအားလုံး ရန်ကိုင်အား မနာလိုအားကျသည့် အကြည့်များဖြင့် ကြည့်လာကြလေကုန်သည်။ ရန်ကိုင် နေရာတွင် သူတို့သာ ဖြစ်လိုက်လျှင် ဘယ်လောက် ကောင်းလိုက်မည်နည်း။

“သူပြောတာကို နားထောင်မနေနဲ့။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက ဘာမှဒီလောက်ကောင်းတာ မဟုတ်ဘူး” လီဝမ်နင်က လှောင်ပြောင်ပြောဆိုလိုက်ပြီးနောက် ရန်ကိုင်ဘက်သို့ လှည့်၍ “ငါတို့ ခရမ်းကြယ်ဆီကိုသာလာခဲ့၊ မောင်လေးသာ ငါတို့ ခရမ်းကြယ်ထဲ ဝင်မယ်ဆိုရင် လူအိုကြီးကျို ပြောသွားတဲ့ဟာတွေ အကုန်လုံး ဖြစ်စေရမယ်။ အဲ့ဒါအပြင်ကိုမှ မောင်လေးအတွက် တန်ခိုးရှင်ဘုရင်အဆင့် ဆရာတစ်ဦးလည်း ထပ်ရှာပေးမယ်။ မောင်လေးသာ ဆန္ဒရှိရင် ဒီဘုရင်ကမကိုယ်တိုင် မောင်လေးကို သင်ကြားပြသပေးလို့ရတယ်။ ဘယ်လိုြလဲ”

“ကိုယ့်စကားကိုယ် တာဝန်မခံနိုင်ဘဲ ဇွတ်ပြောမနေနဲ့” မျိုးရိုးနာမည်လဲ့ ဆိုသည့် အဘွားကြီးက ဝင်ပြောလိုက်သည်။ သူမ၏ တုတ်ကောက်အား မြေကြီးပေါ်သို့ ထောက်လျက် ရန်ကိုင်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည် “ကောင်လေး၊ သူတို့ ဂိုဏ်းတွေထဲ ဝင်နေမယ့်အစား ငါတို့ ဓါးအဖွဲ့အစည်းထဲပဲ နင်ဝင်သင့်တယ်။ ငါတို့ ဓါးအဖွဲ့အစည်းက လူငယ်သွေးသစ်တွေကို အမြဲတမ်း ကြိုဆိုတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ နင်သာ ငါတို့ ဓါးအဖွဲ့အစည်းထဲ ဝင်မယ်ဆိုရင် ဒီတံဆိပ်ပြားက နင့်အပိုင်ပဲ”

ပြောပြီးသည်နှင့် မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီးသည် တံဆိပ်ပြား တစ်ခုကိုထုတ်၍ ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်လေသည်။

ထိုတံဆိပ်ပြားကို သတ္တုမဟုတ်၊ ကျောက်စိမ်းမဟုတ်သော ပစ္စည်းတစ်ခုခုဖြင့် ပြုလုပ်ထားပြီး မျက်နှာပြင်ပေါ်တွင် ဓါးပုံစံ တံဆိပ်တစ်ခု ထိုးထွင်းထားလေသည်။

“ဓါးအဖွဲ့အစည်းရဲ့ အကြီးအကဲ တံဆိပ်ပြားလား”

“တကယ်ကြီး အကြီးအကဲ တံဆိပ်ပြာလား။ တန်ခိုးရှင် ဒုတိယအဆင့်လေးနဲ့ တကယ်ကြီး ဓါးအဖွဲ့အစည်းရဲ့ အကြီးအကဲ တစ်ဦး ဖြစ်လာနိုင်တာလား”

“စီနီယာလဲ့က တကယ် ရဲတာပဲ။ ဓါးအဖွဲ့အစည်း တစ်ခုလုံးမှာမှ အကြီးအကဲချုပ် ဆယ်ယောက်ပဲရှိတာ။ တစ်ယောက်ချင်းစီ တိုင်းကလည်း ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တွေချည်းပဲ”

“ကျွတ်ကျွတ်၊ အဲ့တံဆိပ်ပြားနဲ့ဆို ဓါးအဖွဲ့အစည်းက လူတော်တော်များများနဲ့ အရင်းအမြစ် တော်တော်များများကို ထိန်းချုပ်လို့ရတယ်။ ကျင့်ကြံဖို့အတွက်လည်း ဘာမှ ပူနေစရာ မလိုတော့ဘူး”

“အဲ့ကောင်လေး ဘာတွေများ ထူးခြားနေလို့ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တွေ အများကြီး သူ့ကို လိုချင်နေကြတာလဲ”

တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည် တန်ခိုးရှင်တတိယ အဆင့် ပညာရှင်များကို လျစ်လျုရှုပြီး ထိုတန်ခိုးရှင် ဒုတိယ အဆင့်လေးကို ဘာကြောင့် သွားစည်းရုံးသိမ်းသွင်းနေကြမှန်းကို အကုန်လုံး နားမလည်နိုင်အောင် ဖြစ်နေကြသည်။

သူတို့လည်း ထိုကောင်လေးအောက် မနိမ့်ကျပါဘူးမလား… ဘာကြောင့် သူတို့ကိုကျ မခေါ်ဘဲ ထိုကောင်လေးကိုမှ ရွေးပြီး ခေါ်နေကြရသနည်း။

လူအိုကြီးကျို၊ လီဝမ်နင်နဲ့ အဘွားကြီးလဲ့ဆို စလှုပ်ရှားနေသည်ကို မြင်သော် အခြား တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည်လည်း ရန်ကိုင်အား စတင် ကမ်းလှမ်းကြတော့လေသည်။

ရန်ကိုင်အား လာမစည်းရုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင် တစ်ဦးသာရှိသည်။ ထိုလူသည် နယ်ပယ်ကျောက်တုံးဝယ်ရန် ဤနေရာသို့ ရောက်လာသည့် ပညာရှင် ဖြစ်ပေသည်။

“စီနီယာတို့ရဲ့ ရည်ရွယ်ချက်ကို ဒီဂျူနီယာ နားလည်ပါတယ်” ရန်ကိုင်သည် အကုန်လုံး စကားပြောပြီးမှ ခေါင်းညိတ်၍ စပြောလေသည်။

သွေးအကျဉ်းထောင်မှ ထွက်လာပြီးပြီးချင်း ယခုကဲ့သို့ အာရုံစိုက်ခံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အကုန်လုံးသည် သူ့အား ဖော်ဖော်ရွေရွေဖြင့် ကမ်းလှမ်းနေကြခြင်း ဖြစ်သည်။

သို့သော်ငြား သူတို့ ပို၍ စိတ်အားထက်သန်နေလေ ရန်ကိုင် ပို၍ စိတ်ညစ်လာလေပင်။ ထိုလူအားလုံး သူ့အား ဤမျှ အားတက်သရော ဖိတ်ခေါ်နေကြခြင်းမှာ သွေးအကျဉ်းထောင်ထဲရှိ သူ့စွမ်းဆောင်ရည်ကို သိထားသည့် အတွက်ကြောင့် ဖြစ်သည်။

ထိုသို့ သိထားရခြင်းမှာလည်း လော့ဟိုင်ကြောင့် ဖြစ်၏။

ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး ချင်းတုန် အဆင့် တက်ပြီးသွားသည်နှင့် ချက်ချင်း ထွက်သွားရန် ရန်ကိုင် ဆုံးဖြတ်လိုက်လေသည်။

“အဲ့ဒါဆို မောင်လေး ဘယ်လိုသဘောရလဲ” လီဝမ်နင်က မေးလိုက်၏။

လော့ဟိုင်ဆီမှတစ်ဆင့် ရန်ကိုင်မည်မျှ ထူးခြားကြောင့် သူတို့ သိခဲ့ရသည်။ နှစ်ထောင်ပေါင်းများစွာအတွင်း သွေးအကျဉ်းထောင်ထဲသို့ တန်ခိုးရှင်ဒုတိယအဆင့်ဖြင့် ဝင်သွားပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်သည့်လူ တစ်ဦးမှ မရှိခဲ့ပေ။ ရန်ကိုင်သည် ပထမဆုံး ဖြစ်သည်။

ထိုတစ်ချက်တည်းနှင့်ပင် ရန်ကိုင်ကို သူတို့ အဖွဲ့ထဲသို့ခေါ်ရန် ထိုက်တန်နေလေပြီ။ ထို့အပြင် သူတို့ မြင်သလောက် ရန်ကိုင်သည် အလွန်ထူးခြားသည့် လူငယ်လေး တစ်ဦးဖြစ်သည်။

သူသည် ပါရမီရှင်များကြားမှ ပါရမီရှင်တစ်ဦး ဖြစ်လေရာ မည်ကဲ့သို့ သူ့အား အလွယ်တကူ လက်လွတ်ခံနိုင်မည်နည်း။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၇)

တန်ခိုးရှင်ဘုရင်အဆင့် ရှစ်ဦးသည် ရန်ကိုင် ပြန်ပြောမည်ကို ရပ်စောင့်နားထောင်နေခဲ့သည်။

အခြားသော ကျင့်ကြံသူများသည်လည်း ရန်ကိုင်အား အာရုံစိုက်နေခဲ့သည်။ ထိုအခိုက်တွင် အကုန်လုံးသည် ချင်းတုန် အဆင့်တက်နေသည်ကို သတိမထားမိကုန် ဖြစ်နေကြလေသည်။

ရှုပင်းပိုင်ကမူ ရန်ကိုင်ကို ပြုံး၍သာ ကြည့်နေခဲ့သည်။ သူ့အတွက်တော့ ရန်ကိုင်အား တန်ခိုးရှင်ဘုရင်အဆင့် အားလုံးမှ စိတ်ဝင်စားနေသည်မှာ အထူးအဆန်း မဟုတ်ချေ။

“စီနီယာတို့ရဲ့ ရည်ရွယ်ချက်ကို ဂျူနီယာ နားလည်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်၍ “ဂျူနီယာကို အားလုံးထဲက ရွေးပြီး အခုလို ဖိတ်ခေါ်ပေးတဲ့အတွက် ဂျူနီယာ တကယ်ကို ဂုဏ်ယူ ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် စီနီယာတို့ရဲ့ ကြင်နာမှုကို ရရှိဖို့ ဂျူနီယာ ရေစက်မဆုံသေးဘူးနဲ့ တူတယ်”

“အို…” လူအိုကြီးကျို အံ့အားသင့်သွားခဲ့သည်။ တန်ခိုးရှင်ဘုရင် အဆင့် ပညာရှင်အားလုံး၏ ကမ်းလှမ်းမှုကို ရန်ကိုင် ငြင်းလိုက်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

“မောင်လေး၊ ဒီကိစ္စကို သေချာ ထပ်မစဉ်းစားချင်တော့တာ သေချာလား” လီဝမ်နင်လည်း အတော်လေး အံ့ဩနေ၏။ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်အားလုံး ရန်ကိုင်သည် သူတို့၏ တောင်းဆိုချက်ကို မငြင်းဆိုဘဲ အားလုံးထဲမှ တစ်ယောက်၏ ကမ်းလှမ်းချက်ကို အနည်းဆုံး လက်ခံလိမ့်မည်ဟု ထင်ထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ရန်ကိုင်သည် သူတို့ အကုန်လုံး ငြင်းပစ်လိုက်၏။

ရပ်ကြည့်နေသည့် လူများလည်း အံ့အားသင့်ကုန်ကြသည်။

“ဒီကောင် ရူးနေတာလား။ ဒီလောက်ကောင်းတဲ့ အခွင့်အလမ်းတွေ သူ့ရှေ့ရောက်နေတာတောင် မယူတာ နှမြောဖို့ကောင်းလိုက်တာ”

“ဒီကောင့်ခေါင်း ထိထားတာ ဖြစ်လိမ့်မယ်။ ဒီကို လာတဲ့ အကုန်လုံးက အခွင့်အလမ်းတွေ အရင်းအမြစ်တွေအတွက် လာခဲ့တာ။ အခု အဲ့ဒါတွေ အကုန်လုံးကို သူ့ရှေ့ရောက်နေတာကို မယူဘဲ ငြင်းပစ်လိုက်တယ်ဆိုတော့ ငါဒီကောင့်ကို တကယ် နားမလည်နိုင်တော့ဘူး”

“စီနီယာကျိုး၊ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲ ကျုပ်ဝင်ချင်ပါတယ်၊ ကျေးဇူးပြုပြီး ကျုပ်ကို ခေါ်ပါ”

“စီနီယာလဲ့၊ ကျုပ် ဓါးအဖွဲ့အစည်းကို လေးစားနေတာ ကြာပါပြီ။ ကျေးဇူးပြုပြီး ကျုပ်ကို လက်ခံပေးပါ”

“စီနိယာလီ…”

ပတ်ဝန်းကျင်တစ်ခုလုံး ပရမ်းပတာ ဖြစ်ကုန်လေသည်။ အငြင်းခံလိုက်ရသည့်အတွက် တန်ခိုးရှင်ဘုရင်အဆင့် ရှစ်ဦးစလုံး အတော်လေး စိတ်ကသိကအောက် ဖြစ်သွားကြသည်။ ထိုသို့သော အချိန်မျိုးတွင်မှ အခြားသူများ ရုတ်တရက် ထအော်ဟစ်နေကြသည်ကို မြင်သော် အကုန်လုံး ဒေါသထွက်သွားကြပြီး သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြလေတော့သည်။

ထိုအခါမှပဲ ပွစိညံနေသော လူအုပ်ကြီး ပြန်လည် ငြိမ်သက်တိတ်ဆိတ်သွားတော့သည်။

“မောင်လေး၊ နင်သေချာလား” လီဝမ်နင်က ရန်ကိုင်အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ ရန်ကိုင် ဘာလို့ သူတို့၏ ကမ်းလှမ်းချက်ကို နည်းနည်းမှ စိတ်မဝင်စားမှန်း သူမ နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူတို့၏ ကမ်းလှမ်ချက်မှာလည်း အတော်လေးကို ကောင်းမွန်လှသည်ဟု ပြော၍ရသည်။ ထို့အပြင် သူသာ ဆန္ဒရှိလျှင် သူမကိုယ်တိုင် သူ့အား သင်ကြားပေးမည်ဟုပင် ပြောခဲ့သေးသည် မဟုတ်လော။

တန်ခိုးရှင်ဘုရင်အဆင့် တစ်ဦး၏ သင်ကြားပြသခံရခြင်းသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူအားလုံး မျှော်လင့်နေသည့် အရာတစ်ခု ဖြစ်ပေသည်။

သူလုံးဝ စိတ်မဝင်စားလေခြင်းလား။

ရန်ကိုင်ကမူ ဖြည်းဖြည်းချင်းသာ ခေါင်းခါလိုက်ပြီး “စီနိယာတို့ရဲ့ ကမ်းလှမ်းချက်ကို ဂျူနီယာ ငြင်းပယ်ပါရစေ။ အခုလောလောဆယ် ဂျူနီယာ ဘယ်အဖွဲ့အစည်းထဲကိုမှ မဝင်ချင်သေးလို့ပါ”

ရန်ကိုင် ပြောသည်ကို ကြားသည့်အခါ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်အားလုံး နှမြောတသ ဖြစ်သွားကြသည်။ ရန်ကိုင်ကဲ့သို့ ပါရမီရှင်တစ်ဦးကို တွေ့ဖို့ရန်မှာ အလွန်ကိုမှ ခက်ခဲလှရာ နောက်တစ်ကြိမ် ဘယ်လောက်ကြာမှ ပြန်တွေ့နိုင်မလဲ ဆိုသည်ကို ပြောရခက်လှပေသည်။

“ဒီက ညီငယ်လေးက မင်းတို့ကို ငြင်းလိုက်ပြီဆိုတော့ ဒီကိစ္စကို ဆက်ပြောနေစရာ မလိုတော့ဘူး။ သူ့အပြင် အခြား ရွေးလို့ရတဲ့ လူတွေ အများကြီးလည်း ရှိနေသေးတာပဲ” လော့ဟိုင်က ပြုံးလျက် ပြောလိုက်၏။

“အင်း။ အတင်းခူးတဲ့ ဖရဲသီးက မချိုဘူးတဲ့။ ဒီလူအိုကြီး မင်းကို ဆက်တွန်းအားမပေးတော့ဘူး။ ဒါပေမယ့် မင်းစိတ်ပြောင်းသွားလို့ ငါတို့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းထဲ ဝင်ချင်တယ်ဆိုရင် ရေလကြယ်ကိုလာပြီး ဒီလူအိုကြီးကိုသာ လာရှာလိုက်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက မင်းအတွက် အမြဲတမ်း တံခါးဖွင့်ထားတယ်။ ဒီလူအိုကြီး ပြောတဲ့ အခြေအနေတွေကလည်း လုံးဝ ပြောင်းလဲသွားမှာ မဟုတ်ဘူး” လူအိုကြီးကျိုက ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်သည်။

“ဓါးအဖွဲ့အစည်းလည်း အတူတူပဲ” မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီးက ချက်ချင်း ပြောလိုက်သည်။

အခြားတန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည်လည်း ရန်ကိုင်သာ စိတ်ပြောင်းသွားခဲ့လျှင် သူတို့ဆီ အချိန်မရွေး လာနိုင်ကြောင်း အသီးသီး ပြောသွားကြလေသည်။

…

ထို့နောက် အကုန်လုံး ပြန်ထွက်သွားကြပြီး ထူးချွန်သည့် လက်ရွေးစင် ပါရမီရှင်များကို လိုက်ရှာကြတော့လေသည်။

သူတို့ တောင်စိမ်းကြယ်သို့ လာရခြင်းမှာ သွေးအကျဉ်းထောင်၌ လာရောက်ယှဉ်ပြိုင်သည့် သူတို့၏ တပည့်များကို လာပို့ပေးခြင်း ဖြစ်သလို ပါရမီရှင်အသစ်များကို လာရောက် စုဆောင်းခြင်းလည်း ဖြစ်ပေသည်။

ရန်ကိုင်၏ စွမ်းဆောင်ရည်သည် အလွန်ကိုမှ မျက်စိဖမ်းစားစရာ ဖြစ်နေသဖြင့် အကုန်လုံး၏ ပထမပစ်မှတ် ဖြစ်လာခဲ့ရခြင်း ဖြစ်၏။ သို့သော် ရန်ကိုင် သူတို့အဖွဲ့အစည်းများထဲသို့ ဝင်ရန် စိတ်မဝင်စားသေးသည့် အတွက်ကြောင့် အခြားသူများကို လိုက်ရှာရတော့ပေသည်။

လော့ဟိုင်ကမူ မလှုပ်ရှားချေ။

ရန်ကိုင်က လော့ဟိုင်ဘက်သို့လှည့်၍ လက်သီးဆုပ်ကာ “အခုလို ကူညီပေးတဲ့အတွက် စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်”

လော့ဟိုင်က ယဲ့ယဲ့လေးပြုံးလျက် “ဘာမှမဖြစ်ဘူး။ ဒီဘုရင်က တောင်စိမ်းကြယ်ရဲ့ ကြယ်သခင်ပဲ။ ဒီဘုရင် လုပ်သင့်တာကို ဒီဘုရင်လုပ်တာ။ ဘာမှ ကျေးဇူးတင်နေစရာ မလိုဘူး။ မင်းစိတ်ပူနေတဲ့ပုံကို ကြည့်ရတာ အခု အဆင့်တက်နေတဲ့လူက မင်းရဲ့ မိတ်ဆွေလား”

ရန်ကိုင်ကလည်း ငြင်းမနေခဲ့ဘဲ အမှန်အတိုင်း ဝန်ခံလိုက်၏ “ဟုတ်ပါတယ်။ သူက ကျုပ်ရဲ့ အကြီးအကဲတစ်ဦးပါ”

“အခြားသူတွေ ကမ်းလှမ်းတာကို မင်းစိတ်မဝင်စားတာ မထူးဆန်းတော့ပါဘူးလေ။ လတ်စသတ်တော့ သူက မင်းရဲ့ အကြီးအကဲတစ်ဦး ဖြစ်နေတာကိုး” လော့ဟိုင်သည် တစ်ခုခုကို နားလည်သွားသည့်အလား ရယ်သွမ်းသွေးလျက် “ဒီဘုရင် သိချင်နေတာလေး တစ်ခုရှိတယ်။ မင်းတို့ ဘယ်က လာကြတာလဲ။ မင်းတို့ အကုန်လုံးက သာမန်လူတွေထက်ကို ထူးချွန်နေလို့ တစ်ချက် မေးကြည့်တာ”

ပြောနေရင်း ယန်ရှုကျို၊ ချူဟန်းရီနှင့် လင်းယုရောင်တို့ဆီ လှမ်း၍ ကြည့်လိုက်သည်။ ထိုသုံးယောက်စလုံးသည် တန်ခိုးရှင်အဆင့်၏ အထွဋ်အထိပ်အဆင့်ထိသို့ရောက်အောင် ကျင့်ကြံထားကြသူများ ဖြစ်ကြသည်။ သူတို့အနေဖြင့် ရှီစွမ်းအင်ကို ပို၍ နက်နက်နဲနဲ နားလည်ပြီး နယ်ပယ်၏ စွမ်းအားကို ဖမ်းဆုပ်နိုင်သည်နှင့် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။

တစ်နည်းဆိုရသော် ထိုသုံးယောက်သည် တန်ခိုးရှင်တတိယ အဆင့်ထဲတွင်မှ ထိပ်ဆုံးအဆင့်များ ဖြစ်ကြသည်။

ရန်ကိုင် မျက်ခုံးကြုံ့သွားခဲ့သည်။ သူ့စိတ်ထဲ အနည်းငယ် တုန့်ဆိုင်းနေမိသော်ငြား ပြန်၍တော့ ပြောလိုက်ပေသေးသည် “အရိပ်ကြယ်ကပါ”

“အရိပ်ကြယ်…” လော့ဟိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုကြယ်အကြောင်း သူတစ်ခါမှ မကြားဖူးချေ။ ရန်ကိုင်အား တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် အဓိပ္ပါယ်ပါပါပြုံးလျက် ပြောလိုက်၏ “ကြယ်ကောင်းတစ်လုံး ဖြစ်လောက်တယ်”

ရန်ကိုင်သည် ပါးစပ်ထဲရှိရာ နာမည်တစ်လုံးကို လုပ်ကြံ ပြောဆိုလိုက်ခြင်း ဖြစ်သည်ဟု ထင်သွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ အခြားဘက်သို့ ကြည့်၍သာ အတွေးနက်သွားတော့သည်။

ရန်ကိုင်ကမူ ချင်းတုန်ကိုသာ အပြည့်အဝ အာရုံစိုက်နေခဲ့သည်။

ချင်းတုန်၏ ရှီစွမ်းအင်သည် အဆက်မပြတ် ကျယ်ပြန့်လာနေရာ ယခုဆိုလျှင် မီတာတစ်ချောင် အချင်းဝက်သို့ပင် ရောက်ရှိနေခဲ့လေပြီ။ ရှီစက်ကွင်းအတွင်းရှိ လေပြင်းများမှာလည်း ပို၍ ပြင်းထန်းလာနေခဲ့ပြီး မုန်တိုင်းငယ်များသည် အတူတကွ ပေါင်းစပ်၍ မုန်းတိုင်းကြီးများ ဖြစ်သွားနေကုန်ကြသလို မုန်းတိုင်းကြီးများသည်လည်း မြောက်များစွာသော မုန်းတိုင်ငယ်များ အဖြစ်သို့ အဆက်မပြတ် ကွဲထွက်နေကြ၏။

ထို့အပြင် အဆက်မပြတ် စုဝေးလာနေသော မိုးမြေစွမ်းအင်များကြောင့် ချင်းတုန်ရှိရာ ကောင်းကင်ပြင် တစ်ခုလုံး မည်းမှောင်အုံ့ဆိုင်းနေခဲ့လေပြီ။

ထိုအခြင်းအရာကို ကြည့်ရင်း ရန်ကိုင် ထိတ်လန့်မိသွားခဲ့သည်။

ထိုအနက်ရောင် တိမ်တိုက်များထဲတွင် ရှိနေသော မိုးမြေစွမ်းအင် ပမာဏသည် သူကိုယ်တိုင်ပင် ကြောက်ရလောက်အောင်ကို သိပ်သည်းများပြားလွန်းလှပေသည်။

မိုးမြေစွမ်းအင်များသည် ထိုမျှလောက်နှင့် အဆုံးမသတ်သေးဘဲ တဖြည်းဖြည်း ဆက်လက်၍ များပြားလာနေသေးသည်။

အချိန်ကြာလာသည်နှင့်အမျှ ဆူညံ့ပွတ်လောက်ရိုက်နေသော ပတ်ဝန်းကျင်ကြီး တစ်ခုလုံး တဖြည်းဖြည်း ငြိမ်သက်သွားခဲ့၏။ ပါရမီရှင်များကို သွားစုဆောင်းနေကြသော တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများလည်း ပြန်ရောက်လာကုန်ကြလေပြီ။ အကုန်လုံးသည် ပါရမီရှင်အသီးသီး ရှာတွေ့လာကြသည်။ သို့သော် ထိုပါရမီရှင်များအပေါ် သူတို့၏ ကမ်းလှမ်းချက်များသည် ရန်ကိုင်အား ကမ်းလှမ်းခဲ့သည်နှင့် ယှဉ်လျှင် အလွန်ကိုမှ ကွာခြားလွန်းလှပေသည်။

အသစ် စုဆောင်းမိလာခဲ့သော ပါရမီရှင်များသည် စမ်းသပ်ချက်များကို ဖြတ်ကျော်ရုံမက၊ ထိုစမ်းသပ်ချက်များကို ဖြတ်ကျော်နိုင်လျှင်ပင် ရန်ကိုင်ကဲ့သို့ ရက်ရက်ရောရော ကမ်းလှမ်းခြင်း မခံခဲ့ရပေ။

သို့သော်ငြား မည်သူမှ အထွန့်မတက်ရဲခဲ့။

လက်ရှိတွင် အကုန်လုံး၏ အကြည့်သည် ချင်းတုန် ရှိနေသည့် နေရာဆီသို့သာ စုပြုံရောက်ရှိနေခဲ့လေသည်။

မကြာမီ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည် လော့ဟိုင်ဆီမှ တစ်ခုခု သိလိုက်ရသည့်အလား ရန်ကိုင်အား အံ့အားသင့်နေသည့် အကြည့်များဖြင့် ကြည့်လျက် “ညီလေး၊ အခု အဆင့်တက်နေတဲ့ လူက မင်းရဲ့ အကြီးအကဲလား”

“ဟုတ်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“သူ့စိတ်နေစရိုက်ကလည်း မင်းနဲ့ အတူတူပဲလား” လူအိုကြီးကျိုက မေးလိုက်သည်။

ရန်ကိုင်အား မခေါ်နိုင်ခဲ့သည်ကို နောင်တရမိသော်လည်း ချင်းတုန်ကိုသာ ခေါ်နိုင်လျှင် ကိစ္စမရှိတော့ချေ။ ချင်းတုန်သည် ရန်ကိုင်ထက် ပို၍ တန်ဖိုးရှိပေသည်။

ရန်ကိုင်သည် ပါရမီရှင်ကောင်းတစ်ဦး ဖြစ်သော်ငြား သူ့အနာဂတ်မှာ မသေချာသေးချေ။

ကြယ်စီရင်စုထဲတွင် မရေမတွက်နိုင်သော ပါရမီရှင်ပေါင်းများစွာ ရှိသော်ငြား သိုင်းတာအို၏ အထွဋ်အထိပ်သို့ ရောက်ရှိနိုင်ခဲ့သည့် ပါရမီရှင်အရေအတွက် ဘယ်လောက်များ ရှိပါသနည်း။ သို့သော် အချို့ ပါရမီမြင့်မားခြင်း မရှိလှသည့် လူများသည် ငယ်ငယ်ရွယ်ရွယ်နှင့် မသေသွားကြဘဲ အဆက်မပြတ် ကြိုးစားအားထုတ်ခဲ့ကြသည့်အတွက် အဆုံးတွင် ရယ်မောနိုင်သည့်လူများ ဖြစ်လာကြသလို ပါရမီရှင်များ မော့ကြည့်ရသည့် လူများလည်း ဖြစ်လာကြလေသည်။

လက်ရှိ ရှိနေသည့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များထဲတွင် ထိပ်တန်းအဆင့် ပါရမီရှင်များ တစ်ဦးမှ မပါဝင်ကြချေ။ သို့သော် ယခုမူ သူတို့အားလုံးသည် ကြယ်စီရင်စုကြီး၏ အားအကောင်းဆုံး ပညာရှင်များထဲတွင် တစ်ဦး အပါအဝင် ဖြစ်နေကြလေပြီ။

ထို့ကြောင့် ချင်းတုန်သည် ရန်ကိုင်ထက် ပိုအဖိုးတန်နေရခြင်း ဖြစ်သည်။ ရန်ကိုင်၏ အနာဂတ်မှာ ပြော၍ မရသေးသော်ငြား ချင်းတုန်သာ ဤကပ်ဘေးကြီးကို ဖြတ်ကျော်နိုင်လျှင် အစစ်အမှန် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။

တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦးသည် အင်အားစုကြီး တစ်ခု၏ ခွန်အားကို သိသိသာသာ တိုးတက်သွားစေနိုင်သည်။ ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်အားလုံး ချင်းတုန်ကို သူတို့ အဖွဲ့ထဲသို့ ခေါ်ယူနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားမည်မှာ သေချာသလောက် ရှိသည်။

သို့သော် ဤအရာအားလုံး ချင်းတုန် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်၊မနိုင်ပေါ် မူတည်နေပေသည်။

“စီနီယာတို့ သူ့ကို ခေါ်ချင်လို့လား”

“ဟုတ်တယ်” လူအိုကြီးကျိုက ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆိုရင် စီနီယာတို့ သူနဲ့ စကားပြောကြည့်လိုက်လေ။ သူလက်ခံရင်တော့ ဂျူနီယာ ဘာမှ ပြောမှာ မဟုတ်ဘူး”

“ဘာလို့မင်း…” လူအိုကြီးကျို ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။

ထိုကိစ္စ ယာယီ ရပ်တန့်သွားပြီးနောက် အကုန်လုံး ချင်းတုန်ကို တစ်ဖန်ပြန်အာရုံစိုက်လိုက်ကြသည်။

အချိန်တစ်ခုသို့ရောက်သော် ရန်ကိုင် ရုတ်တရက် မျက်မှောင် ကြုတ်သွားပြီး ကောင်းကင်ထက်ရှိ အနက်ရောင်တိမ်တိုက်များကို မော့ကြည့်လိုက်၏။

အနက်ရောင်တိမ်တိုက်များသည် အနီးပတ်ပတ်လည်ရှိ မိုးမြေစွမ်းအင်များကို အဆက်မပြတ် ဆွဲယူနေသော်လည်း ချင်းတုန်၏ အဆင့်တက်ခြင်းဖြစ်စဉ် ဘာကြောင့် အစမပြုသေးသလဲ ဆိုသည်ကို ရန်ကိုင် နားမလည်နိုင် ဖြစ်နေခဲ့သည်။

အဆင့်ကြီးတစ်ဆင့်သို့ တက်ရာတွင် မိုးမြေကောင်းချီနှင့် ကြုံရလေ့ရှိသည်။ မိုးမြေကောင်းချီနှင့် ကြုံပြီးမှသာလျှင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ပေလိမ့်မည်။

သို့သော်လည်း ယခုကိစ္စတွင်မူ မိုးမြေကောင်းချီးသည် အချိန် အတော်ကြာပြီးသည့်တိုင် မစတင်သေးခဲ့ပေ။

“ရောင်းရင်းရန်၊ ဒီမိုးမြေစွမ်းအင်ပမာဏက မလုံလောက်ဘူး” ရှုပင်းပိုင်းက ရန်ကိုင်နားသို့ တိုးတိုးလေး ကပ်ပြောလိုက်၏။

“မလုံလောက်တာ” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

“ဟုတ်တယ်။ ငါကလည်း တန်ခိုးရှင်အထွဋ်အထိပ်အဆင့်မှာ ဆိုတော့ တန်ခိုးရှင်ဘုရင်အဆင့်ကို ကြိုက်တဲ့အချိန် ချိုးဖျက်လို့ ရတယ်။ ဒါပေမယ့် အဲ့လိုမလုပ်ခင် မိုးမြေစွမ်းအင် သိပ်သည်းတဲ့ နေရာတစ်ခုကို သေချာရှာဖို့ ဆရာက ငါ့ကို သတိပေးထားတယ်” ရှုပင်းပိုင်က ရှင်းပြလိုက်သည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

တောင်စိမ်းကြယ်သည် မိုးမြေစွမ်းအင် ကြွယ်ဝသော်ငြား အခြား ပိုကောင်းသည့် နေရာများ ရှိပေသေးသည်။ ဤနေရာရှိ မိုးမြေစွမ်းအင်သည် အတော်လေး ကြွယ်ဝသော်ငြား ချင်းတုန် အဆင့်တက်ခြင်း ဖြစ်စဉ်ကို ထောက်ပံ့ပေးနိုင်သည့် လုံလောက်သော ပမာဏ ရှိမနေခဲ့ပေ။

“အဲ့ဒါကို ဖြေရှင်းလို့ရတဲ့ နည်းလမ်း ရှိလား” ရန်ကိုင်က အလျင်စလို ပြန်မေးလိုက်သည်။

“ရှိတာပေါ့” ရှုပင်းပိုင် ပြန်မဖြေခင် လူအိုကြီးကျိုက ရယ်ရယ်မောမောဖြင့် ဝင်ပြောလိုက်သည် “မိုးမြေစွမ်းအင် မလုံလောက်ဘူး ဆိုမှတော့ ကိုယ်ဘက်က ထောက်ပံ့ပေးရမှာပေါ့။ ဒီလို အခြေအနေမျိုးမှာ သူတော်စင် သလင်းကျောက်က အကောင်းဆုံး အဖြေပဲ။ ညီငယ်လေး၊ မင်းမှာ သူတော်စင် သလင်းကျောက် အများကြီး မရှိရင် ဒီလူအိုကြီးဆီက ချေးလို့ ရတယ်နော်။ ဒီလူအိုကြီးမှာ သူတော်စင်သလင်းကျောက် အများကြီး မရှိပေမယ့် အခုကိစ္စကို ဖြေရှင်းဖို့ လုံလောက်တဲ့ ပမာဏတော့ ရှိပြီးသား”

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၈)

“ဒီဘုရင်မမှာလည်း သူတော်စင်သလင်းကျောက်တွေ ရှိတယ်နော်” လီဝမ်နင်က နှုတ်ခမ်းကွေးလျက် ပြုံးကာ ပြောလိုက်သည်။

ရန်ကိုင်ကမူ သူတို့ကိုသာ လျစ်လျူရှုထားလိုက်သည်။ ထိုလူများ ဘာကြံနေလဲ သူမသိဘဲ နေမည်လား။

ယခုအချိန်တွင် သူသာ ထိုလူများဆီမှ သူတော်စင်သလင်းကျောက် ချေးယူလိုက်ပါက၊ ချင်းတုန် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်သွားနိုင်ခဲ့လျှင် ချင်းတုန် အနေဖြင့် သူတို့အပေါ် အကြွေးတင်သွားပေလိမ့်မည်။

“ခင်ဗျားတို့မှာ သူတော်စင်သလင်းကျောက် ဘယ်လောက်ကျန်သေးလဲ” ရန်ကိုင်က ရန်ရှုကျုနှင့် အခြားသူများ ဘက်သို့လှည့်၍ မေးလိုက်သည်။

ရန်ရှုကျုနှင့် အခြားသူများသည် အကြည့်ချင်း ဖလှယ်လျက် သူတို့၏ သူတော်စင်သလင်းကျောက်များကို ထုတ်၍ ရန်ကိုင်ဆီသို့ ပေးလိုက်လေသည်။

“ဒါအကုန်ပဲလား” သူတော်စင်သလင်းကျောက် အရေအတွက်ကို အကြမ်းဖျင်း ရေတွက်ကြည့်လိုက်ပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူတို့တွင် စုစုပေါင်းမှ သူတော်စင်သလင်းကျောက် ငါးသန်းသာ ရှိသည်။

ဤပမာဏသည် မနည်းလှချေ။ တစ်ယောက်ချင်းစီ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်ထက်ပင် ပိုသေး၏။ ထို့အပြင် အရိပ်ကြယ်မှ ထွက်လာစဉ်က သူကိုယ်တိုင်လည်း သူတော်စင် သလင်းကျောက်များကိုလည်း ယူလာခဲ့သေးသည်။

သို့သော် ထိုသူတော်စင်သလင်းကျောက်များကို ထုန်းရွှမ်လောကကြီးတွင် သူ့စီနီယာမမလေး ကြယ်အမြူတေကို သန့်စင်နေစဉ် အသုံးပြုလိုက်သည့်အတွက် အကုန်လုံးနီးပါး ကုန်သွားခဲ့လေပြီ။

ထို့ကြောင့် လောလောဆယ် ရန်ကိုင် လက်ထဲတွင် သူတော်စင် သလင်းကျောက် အများကြီး ရှိမနေတော့ချေ။

သိုလှောင်လက်စွပ် တစ်ခုလုံးကို နေရာလပ်မကျန်အောင် လိုက်ပတ်ရှာကြည့်လိုက်သော်လည်း မီထျန်း၊ ရွှယ့်လျန်၊ လဲ့ဖုန်းနှင့် အခြားသူများ၏ သိုလှောင်လက်စွပ်များများထဲမှ သူတော်စင် သလင်းကျောက်များပါ ပါမှ နောက်ထပ် သူတော်စင်သလင်းကျောက် ငါးသန်းလောက်သာ ထပ်ရ၏။

သွေးအကျဉ်းထောင်ထဲတွင် လာရောက်ယှဉ်ပြိုင်လေရာ ဘာကြောင့်များ သူတော်စင်သလင်းကျောက်များ အများကြီး ယူလာခဲ့မည်နည်း။

“မင်းမှာမလောက်ရင် ငါနည်းနည်းလောက် ချေးပေးလို့ရတယ်” ရန်ကိုင်၏ အမူအရာကို မြင်သော် ရှုပင်းပိုင်က ပြောလိုက်၏။

“ငါမင်းဆီက ဘယ်လိုတောင်းနိုင်မှာလဲ” ရန်ကိုင် သက်ပြင်း ချလိုက်၏။ သူ့တွင် သူတော်စင်သလင်းကျောက် ရှားပါးသည့် တစ်နေ့ ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အတိတ်တွင် သူသည် သူတော်စင်သလင်းကျောက်များကို ရေလို သုံးဖြုန်းပစ်ခဲ့သည်။

“ဘာလို့ မတောင်းနိုင်ရမှာလဲ။ သူတော်စင် သလင်းကျောက်ပဲကို” ရှုပင်းပိုင်က ပြုံးဖြီးလျက် “ဒါပေမယ့် ငါ့မှာလည်း အများကြီးတော့ မရှိဘူး။ သန်းနှစ်ဆယ်လောက်ပဲ ရှိတယ်”

“အဲ့လောက်ဆို လုံလောက်ပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်၏ “ကျေးဇူးပဲကွာ ရောင်းရင်းရှုရာ”

“မလိုပါဘူး။ တစ်နေ့နေ့ကျရင် ငါမင်းဆီက ပြန်အကူအညီ လိုအပ်လာတာမျိုးလည်း ဖြစ်နိုင်တာပဲ။ အဲ့အခါကျရင်တော့ ရောင်းရင်းရန် မငြင်းနဲ့နော်” ရှုပင်းပိုင်က ပြုံးလျက် သိုလှောင်လက်စွပ်တစ်ကွင်းကို ရန်ကိုင် လက်ထဲသို့ ထည့်ပေးလိုက်၏။

ရန်ကိုင်က သိုလှောင်လက်စွပ်ကို ယူလိုက်ရင်း ခေါင်းညိတ်၍ “ရောင်းရင်းရှုရဲ့ အကြွေးကို ဒီရန် သေချာ မှတ်ထားမှာပါ။ ရောင်းရင်းရန် ငါ့အကူအညီလိုတဲ့ တစ်နေ့၊ ပြောသာပြောလိုက်”

“တစ်နေ့ကျရင် လိုကောင်းလိုလာမှာပေါ့” ရှုပင်းပိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။

သန်းသုံးဆယ်သည် အလွန် များပြားခြင်း မရှိသော်လည်း နည်းလည်းမနည်းချေ။

သို့သော်လည်း ဤမာဏသည် ချင်းတုန် အဆင့်ချိုးဖျက်ရန်အတွက် လိုအပ်လောက်ပေသည်။ ဤနေရာရှိ မိုးမြေစွမ်းအင် ပမာဏသည် အရမ်းကြီး ကျဲပါးနေခြင်းမျိုး မဟုတ်ဘဲ နည်းနည်းလောက်သာ လျော့ပါးနေခြင်း ဖြစ်သည်။

ရန်ကိုင် ရှုပင်းပိုင်ဆီမှသာ အကူအညီတောင်းသည်ကို မြင်သော် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး ကူကယ်ရာမဲ့စွာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ထိုလူများ ဘာတွေးနေမှန်း သူသိသလို သူဘာတွေးနေလဲ ဆိုသည်ကိုလည်း ထိုလူအားလုံး ကောင်းစွာ သိမည်မှန်း ရန်ကိုင် နားလည်ထားသည်။

သို့သော်ငြား ရေးကြီးခွင်ကျယ် လုပ်မနေခဲ့ဘဲ လူအိုကြီးကျိုက သတိပေးလိုက်လေသည် “ကောင်လေး၊ ပို့မယ်ဆိုရင် မြန်မြန် သွားပို့လိုက်တော့။ နှောင့်နှေးနေရင် ပြဿနာတွေ များလာလိမ့်မယ်”

“အခုလို သတိပေးတဲ့အတွက် စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်၍ အသက်ပြင်းပြင်း ရှူသွင်းလျက် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။

ထို့နောက် ရန်ကိုင်၏ ပုံရိပ်သည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ပရမ်းပတာ ဖြစ်နေသော မုန်တိုင်းထဲသို့ တိုးဝင်သွားလေသည်။

အကုန်လုံးသည် ရန်ကိုင်ကို အာရုံစိုက်နေခဲ့ကြသည်။

မရေမတွက်နိုင်သော မုန်တိုင်းများသည် ဟိုမှသည်သို့ ကူးကလန်ခတ် တိုက်ခတ်နေသော်ငြား ရန်ကိုင်၏ ပုံရိပ်သည် ထိုလေမုန်တိုင်းများကြား ပေါ်လိုက်ပျောက်လိုက်ပြီး မုန်တိုင်း၏ အလယ်ဗဟိုဆီသို့ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ချဉ်းကပ်သွားနေခဲ့လေသည်။

ချင်းတုန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ရှီစွမ်းအင်သည် ရန်ကိုင်အား ချင်းတုန်ဆီသို့ မရောက်နိုင်အောင် တားဆီးနေသော အတားအဆီး တစ်ခု ဖြစ်ပေသည်။

ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေသောရှီသည် နယ်ပယ်နှင့် ယှဉ်နိုင်လောက်အောင် အားကောင်း၏။ သို့သော်လည်း နယ်ပယ်ဝဲကတော့များစွာကို ဖြတ်ကျော်လာသည့် လူတစ်ယောက် ဖြစ်သည့်အတွက် ချင်းတုန်၏ ရှီသည် ရန်ကိုင်အတွက် အလွန် ကြီးမားသည့် အတားအဆီးတစ်ခု ဖြစ်မနေခဲ့ချေ။ သူ့ရှီစွမ်းအင်ကို ချင်းတုန်၏ ရှီစွမ်းအင်ထဲ ပေါင်းစပ်ပြီး ချင်းတုန်ရှိရာဆီသို့ အလျင်အမြန် ပြေးထွက်သွားလေသည်။

ဤနည်းဖြင့် ချင်းတုန် အဆင့်တက်နေသည်ကို နှောင့်ယှတ်ရာလည်း မကျတော့ချေ။

“ဒီကောင်လေးက တကယ် မဆိုဘူးပဲကွ” လူအိုကြီးကျို၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာခဲ့သည်။

“အခြားတစ်ယောက်ရဲ့ ရှီစွမ်းအင်ထဲ သူ့ရှီကို ရောယှတ်လိုက်နိုင်တာ ဆိုတော့ ဒီကောင်လေးရဲ့ ရှီက သာမန် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတွေရဲ့ရှီထက် အများကြီး ပိုအားနေတာပဲ”

“အချိန်သာပေးလိုက်ရင် ဒီကောင်လေး ကျိန်းသေ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာလိမ့်မယ်”

အသက်ဆယ်ရှိုက်စာ ကြာပြီးနောက်တွင် ချင်းတုန် အနီးသို့ ရန်ကိုင် ရောက်လာခဲ့သည်။

လက်ရှိတွင် ချင်းတုန်သည် တင်ပလင်ခွေ ထိုင်နေခဲ့သည်။ ရန်ကိုင် ရောက်လာသည့်အခါ မျက်လုံးဖွင့်ကြည့်လိုက်၏။ ရန်ကိုင် ဖြစ်နေမှန်း သိလိုက်သည့်နောက် မျက်လုံး ပြန်ပိတ်သွားခဲ့လေ၏။

ရန်ကိုင်သည် နည်းနည်းလေးမှ နှောင့်နှေးမနေရဲဘဲ သိုလှောင်လက်စွပ်ထဲမှ သူတော်စင်သလင်းကျောက် အားလုံးကို ထုတ်ယူလိုက်ပြီး ချင်းတုန်ရှေ့ ပုံချပေးလိုက်သည်။

“အကြီးအကဲချင်း၊ ဒါတွေကို ယူထားလိုက်။ အရေးကြုံရင် အသုံးဝင်လာလိမ့်မယ်” ရန်ကိုင်က ရုတ်တရက် ချင်းတုန်ဆီ ကျောက်စိမ်းပုလင်း တစ်ပုလင်း ပစ်ပေးလိုက်၏။

ပေးစရာရှိသည့်အရာ အားလုံးကို ပြန်ပေးလိုက်ပြီးနောက် ချင်းတုန်ဆီမှ ပြန်ထွက်လာခဲ့လေသည်။

ခဏအကြာတွင် မူလနေရာသို့ ရန်ကိုင် ပြန်ရောက်လာခဲ့သည်။

သူအပြင်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ချင်းတုန် ရှိရာဆီမှ ထိတ်လန့်ဖွယ်ရာ စွမ်းအင်လှိုင်းတို့ ရုတ်တရက် ဖြာထွက်လာခဲ့၏။

ကောင်းကင်ပေါ်သို့ အလင်းတန်းတစ်ခု ထောင်တက်လာခဲ့လေ၏။ ထိုအလင်းတန်းနှင့်အတူ ရန်ကိုင် ချင်းတုန်အား ပေးခဲ့သည် သူတော်စင်သလင်းကျောက် သန်းသုံးဆယ်စလုံး တစ်စစီ အမှုန်များ ဖြစ်သွားကုန်ကြလေသည်။ ထိုသူတော်စင်သလင်းကျောက် အားလုံးထဲတွင် ရှိနေသော စွမ်းအင် အားလုံးကို ကောင်းကင်ထက်ရှိ အနက်ရောင် တိမ်တိုက်များမှ ဆွဲယူသွားခဲ့ခြင်း ဖြစ်သည်။

သူတော်စင် သလင်းကျောက်များထဲရှိ စွမ်းအင်များကို စုပ်ယူပြီးနောက် ကောင်းကင်ထက်ရှိ အနက်ရောင် တိမ်တိုက်ကြီးသည် ရုတ်တရက် သိပ်သည်း ထူထည်းလာခဲ့လေသည်။

ထိတ်လန့်ဖွယ်ရာ မိုးချုန်းသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“စနေပြီ” လော့ဟိုင်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။

နောက်ဆုံးတွင် ချင်းတုန်၏ အဆင့်တက်ခြင်းဖြစ်စဉ် စတင်ခဲ့လေပြီ။

တစ်ချိန်တည်းတွင် ဆန်းကြယ်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာခဲ့၏။ အပြင်ဘက်တွင် ရှိနေသော ကျင့်ကြံသူအားလုံး ထိုစွမ်းအင်ကို ခံစားမိလိုက်သည့်အခိုက် အတွေးနက်သွားကုန်ကြလေသည်။ အကုန်လုံးသည် ထိုဆန်းကြယ်သော စွမ်းအင်ကို နားလည်သဘောပေါက်ဆောင် စတင် ဆင်ခြင်သုံးသပ်တော့လေသည်။

ဤအရာသည် တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦး အဆင့်တက်ရာမှ ထွက်ပေါ်လာသော နယ်ပယ်စွမ်းအား ဖြစ်သည့်အတွက် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများအတွက် အလွန်ကိုမှ အသုံးဝင်ပေ၏။

မိုးမြေကောင်းချီ ပထမတစ်လှိုင်း ကျဆင်းလာသည့် အချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့လေ၏။ ထိုလှိုင်းကြောင့် မိုင်တစ်သောင်းပတ်လည် မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့ရ၏။ ထိုအဖြစ်အပျက်ကို ကြည့်ရင်း တန်ခိုးရှင်အဆင့် ပညာရှင်များစွာ မျက်နှာဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြလေသည်။

ထိုလူများသည် သူတို့ကိုယ်သူတို့ ချင်းတုန်နေရာတွင် ဝင်ခံစားကြည့်နေခြင်း ဖြစ်သည်။ သူတို့ လက်ရှိခွန်အားဖြင့် ထိုစွမ်းအားကို မည်သို့မှ တောင့်ခံနိုင်လိမ့်မည် မဟုတ်မှန်းလည်း နားလည်ထားကြသည်။ ချင်းတုန်နေရာတွင် သူတို့သာဆိုပါက ထိုမိုးမြေစွမ်းအင်စွမ်းအင်အောက်တွင် စိစိညက်ညက်သာ ကြေသွားရပေလိမ့်မည်။

တန်ခိုးရှင်ဘုရင်အဆင့်သို့ အဆင့်တက်ခြင်းသည် ဤမျှပင် ကြောက်မက်ဖွယ်ကောင်းသည်လား…

ချင်းတုန် အဆင့်တက်နေသည်ကို ကြည့်ရင်း လူအချို့မှာ ယုံကြည်ချက် ပျောက်ချင်သလိုလို ဖြစ်လာကြသလို အချို့မှာမူ ပို၍ စိတ်အားထက်သန်လာကြ၏။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် ချင်းတုန်ကို အာရုံစိုက်နေသလို ပတ်ပတ်လည်ရှိ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများကိုလည်း အာရုံစိုက်နေခဲ့သည်။ မည်သူကများ ပျိုးထောင်ပေးရန် ထိုက်တန်သည့် လူတစ်ယောက် ဖြစ်မလဲ ဆိုသည်ကို စူးစမ်း

ပထမတစ်လှိုင်း ကျဆင်းလာပြီးနောက် မကြာခင်မှာပဲ ဒုတိယလှိုင်း၊ တတိယလှိုင်း၊ စတုတ္ထလှိုင်း စသဖြင့် တစ်လှိုင်းပြီးတစ်လှိုင်း ကျဆင်းလာခဲ့လေသည်။

မကြာမီ ကြောက်မက်ဖွယ်ရာ မိုမြေစွမ်းအင်များသည် ရပ်တန့်ခြင်းမရှိဘဲ ချင်းတုန်အပေါ်သို့ တောက်လျှောက် ကျဆင်းလာလေတော့သည်။

ချင်းတုန်၏ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ သူ့အော်သံအရ မည်မျှပြင်းထန်သော ဖိအားကို သူခံစားနေရသလဲ ခန့်မှန်းကြည့်နိုင်၏။

ချင်းတုန်၏ ရှီစွမ်းအင်သည်လည်း တဖျက်ဖျက် လှုပ်ခါနေပြီး တဖြည်းဖြည်းနှင့် အခြားသော စွမ်းအင်တစ်မျိုး အဖြစ်သို့ စတင် ပြောင်းလဲနေခဲ့သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ရန်ကိုင်တို့ ပို၍ စိတ်ပူလာခဲ့ရလေသည်။

ချင်းတုန်၏ အော်သံသည် တဖြည်းဖြည်း တိုးညင်းလာသလို သူအရှိန်အဝါမှာလည်း အားပျော့သည်ထက် အားပျော့လာနေ၏။ သူ့အသက်စွမ်းအင် ဆိုလျှင်လည်း အတော်လေးကိုမှ အားနည်းနေခဲ့လေပြီ။

လက်ရှိ ချင်းတုန်သည် မုန်တိုင်းအလယ်ထဲ ရောက်နေသော လှေငယ်လေး တစ်စင်းနှင့်ပင် တူနေသည်။

“အခြေအနေ သိပ်မကောင်းဘူး” လူအိုကြီးကျိုက ရေရွတ်လိုက်၏။

“ဟုတ်တယ်။ ဒီမိုးမြေကောင်းချီက ကျွန်မကြုံခဲ့တာထက်တောင် အများကြီး ပိုအားကောင်းနေတယ်” လီဝမ်နင်းလည်း မျက်မှောင် ကြုတ်သွားခဲ့သည်။

“မိုးမြေစွမ်းအင် ပိုအားကောင်းလေ ရတဲ့ စွမ်းအားကလည်း ပိုမြင့်လေပဲ။ အဆင့်ချိုးဖျက်တိုင်း ရောက်လာမယ့် မိုးမြေကောင်းချီက တူမှာမဟုတ်ဘူး။ မိုးမြေကောင်းချီကို ကျော်ဖြတ်နိုင်ရင် မတူညီတဲ့ အဆင့်တစ်ခုကို ရောက်နိုင်မယ် ဆိုပေမယ့် မကျော်ဖြတ်နိုင်ဘူးဆိုရင်တော့ အဆင့်တက်ရင်း တစ်ခါတည်း သေသွားရလိမ့်မယ်” လော့ဟိုင်က သက်ပြင်းချ၍ “ဟိုအချိန်ကတည်းက ပြန်ရေတွက်လိုက်မယ်ဆိုရင် ဒီအဆင့်မှာ ရပ်တန်သွားတဲ့ ပါရမီရှင်တွေ ဘယ်လောက်တောင် ရှိနေခဲ့ပြီလဲ။ အရှေ့ပိုင်း အဆင့်ကြီးတွေက အဆင့်တက်ရ လွယ်ပေမယ့် သူတော်စင်ဘုရင်အဆင့်ကို ရောက်လာပြီဆိုတာနဲ့ နောက်ထပ် အဆင့်ကြီးတစ်ဆင့်ကို ဘယ်လိုမှ အလွယ်တကူ တက်လို့ မရတော့ဘူး။ အဆင့်တက် ဖြစ်စဉ်တိုင်းက သေခြင်းရှင်ခြင်း မျဉ်းကြောင်းပေါ်မှာ လမ်းလျှောက်ရသလိုပဲ”

အကုန်လုံး ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

အကုန်လုံးသည် ထိုအဆင့်များကို ဖြတ်ကျော်လာဖူးသူများ ဖြစ်သည့်အတွက်ကြောင့် ထိုအချက်ကို ကောင်းကောင်း နားလည်ထားကြသည်။

လော့ဟိုင် ပြောသည်မှာ မှန်ပေသည်။ သူတော်စင်ဘုရင်အဆင့် ပညာရှင်တစ်ဦး တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်သည့်အခါ သေခြင်းရှင်ခြင်း စိန်ခေါ်မှုကို ရင်ဆိုင်ရလေသည်။ ထိုစိန်ခေါ်မှုကို မကျော်ဖြတ်နိုင်ပါက မုချ သေရပေလိမ့်မည်။

အခြား ဖြစ်နိုင်ချေ မရှိချေ။

မိုးမြေစွမ်းအင်များ စုဝေးလာပြီ ဆိုသည်နှင့် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလေမလား၊ ကြိုးစားရင်းပဲ သေသွားလေမလား ဟူ၍သာရှိသည်။ အခြား ဖြစ်နိုင်ချေ မရှိပါချေ။

လူအိုကြီးကျိုသည် ရန်ကိုင်ဘက်သို့ လှည့်၍ ပြောလိုက်၏ “ကောင်လေး၊ မင်းစိတ်ခိုင်ခိုင်သာ ထားပေတော့။ မင်းအကြီးအကဲရဲ့ အခြေအနေက သိပ်မကောင်းဘူး”

ရန်ကိုင်ကမူ ရယ်သွမ်းသွေး၍သာ “အကြီးအကဲချင်း ကျိန်းသေ အောင်မြင်လိမ့်မယ်”

လူအိုကြီးကျိုကမူ ခေါင်းခါ၍ “ဒီလောကကြီးမှာ တစ်ခါတစ်လေကျ ဇွဲကောင်းရုံ၊ စိတ်ဓါတ်မာကျောရုံလောက်နဲ့ ဖြစ်မလာနိုင်တာတွေ အများကြီးရှိတယ်ကွ။ အဲ့လူအိုကြီးလည်း အဲ့လူ အောင်မြင်ဖို့ မျှော်လင့်နေတာပဲ။ ဒါပေမယ့်…”

သူဆက်မပြောတော့ချေ။ ရန်ရှုကျုနှင့် အခြားသူများလည်း စတင် စိုးရိမ်ပူပန်လာခဲ့ကြသည်။

သူတို့ငါးယောက်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ခွင့်ရလို ရငြား ရန်ကိုင်နောက်သို့ လိုက်လာခဲ့၏။ တောင်စိမ်းကြယ်သို့ ရောက်လာပြီးနောက် နှစ်တစ်သောင်းလောက်မှ တစ်ခါ ကြုံရသည့် သွေးအကျဉ်းထောင်စမ်းသပ်ပွဲနှင့် လာကြုံတွေ့ခဲ့၏။ ထိုစမ်းသပ်ပွဲ အတွင်း ချင်းတုန်သည် အခွင့်အရေးအချို့ရှိပြီး တန်ခိုးရှင်ဘုရင် အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားခွင့်ခဲ့ရသည်။ နောက်ဆုံး အခိုက်အတန့်သို့ ရောက်မှ သူကျရှုံးသွားမည်ကို မည်သူမှ မမြင်ချင်ကြပေ။

သူသာ အောင်မြင်သွားခဲ့လျှင် ချင်းတုန်သည် အရိပ်ကြယ်တွင် နှစ်တစ်သိန်းခန့်ကြာပြီးနောက် ပထမဆုံး တန်ခိုးရှင်ဘုရင် အဆင့်သို့ ပြန်ရောက်နိုင်ခဲ့သူ ဖြစ်လာပေလိမ့်မည်။

အခြားကြယ်တစ်လုံးပေါ်တွင် အဆင့်တက်နေခြင်း ဖြစ်သော်လည်း ချင်းတုန်သာ အောင်မြင်သွားခဲ့လျှင် ရန်ရှုကျုနှင့် အခြားသူများလည်း တန်ခိုးရှင်ဘုရင်အဆင့်ကို သူပင်လျှင် ချိုးဖျက်နိုင်လေရာ ငါတို့ကော ဘာလို့ မချိုးဖျက်နိုင်ရမှာလဲ ဟူသည့် အတွေးမျိုး တွေးမိလာပေလိမ့်မည်။ သူသာ မအောင်မြင်သွားလျှင်တော့ အခြားသူများလည်း အတော်လေး စိတ်ဓါတ်ကျသွားနိုင်ပေသည်။

အဆက်မပြတ် ကျဆင်းလာနေသော မိုးမြေစွမ်းအား အောက်တွင် ချင်းတုန်၏ အော်ဟစ်သံများ တဖြည်းဖြည်း တိုးညင်းလာခဲ့၏။ မကြာမီ ချင်းတုန်၏ အသက်စွမ်းအင်သည် မုန်းတိုင်းထဲသို့ ရောက်နေသည့် ငြိမ်းတော့လုနီးနီး ဖြစ်နေသော ဆီမီးတိုင်နှယ် ဖြစ်လာခဲ့သည်။

“ကြည့်ရတာ သူမအောင်မြင်တော့ဘူးနဲ့ တူတယ်” မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီးက နှမြောတသ အမူအရာဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

“ဟုတ်တယ်။ ဒီအဆင့်ထိ ရောက်ပြီးမှ အခုလို ဖြစ်သွားတာ တကယ် နှမြောစရာပဲ” လူအိုကြီးကျိုကလည်း ခေါင်းညိတ်လိုက်၏။

ချင်းတုန်၏ အသက်စွမ်းအင်သည် လုံးဝ ရှင်နိုင်ချေ မရှိတော့သည်အထိ အားနည်းနေပြီမှန်း သူတို့ တွေ့ရှိလိုက်ရ၏။

မည်သည့် မမျှော်လင့်ထားသည့် အရာမှ ဖြစ်မလာခဲ့လျှင် ချင်းတုန် ကျိန်းသေ သေရပေလိမ့်မည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၁၉)

တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရာတွင် အရာရာသည် ခွန်အားပေါ် မူတည်မနေဘဲ ကံတရားပေါ်သာ မူတည်နေတတ်၏။

ချင်းတုန်သည် တကယ်ကို ကံမကောင်းခဲ့ခြင်း ဖြစ်သည်။

သူ့ခွန်အားသည် သာမန် တန်ခိုးရှင်တတိယအဆင့်များထက် အများကြီး ပိုမြင့်ပြီး သွေးအကျဉ်းထောင်ထဲ အကျိုးအမြတ်များစွာ ရခဲ့သော်ငြား သူရင်ဆိုင်ရသည့် မိုးမြေကောင်းချီးသည် အလွန်ကိုမှ အားကောင်းလွန်းနေခဲ့သည်။

ဤအချိန်ထိရောက်အောင် တောင့်ခံနိုင်လာခဲ့သည်ကို ကြည့်လျှင်ပင် သူမည်မျှအားကောင်းကြောင်း မြင်တွေ့နိုင်၏။

သို့သော်လည်း နောက်ဆုံး အချိန်ထိသို့ ရောက်အောင် တောင့်ခံဖို့ရာတော့ မဖြစ်နိုင်တော့သည့်ပုံပင်။ ကောင်းကင်ပေါ်ရှိ အနက်ရောင် တိမ်တိုက်များသည် တစ်ဝက်လောက်သာ ပျောက်ကွယ်သေးပြီး ကျန်တစ်ဝက်မှာ ကျန်ရှိနေသေး၏။

လက်ရှိ ချင်းတုန်၏ အခြေအနေဖြင့် ကျန်တစ်ဝက်ကို မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်သည် ချင်းတုန် အောင်းမြင်လိမ့်မည်ဟု ပြောခဲ့သော်ငြား သူ့စိတ်ထဲတွင်တော့ ကြိတ်၍ စိုးရိမ်မိနေသေးသည်။

သူကိုယ်တိုင်လည်း ဤကဲ့သို့ မြင်ကွင်းမျိုး တစ်ခါမှ မကြုံဖူးသည့်အတွက် တပ်အပ် မပြောနိုင် ဖြစ်နေခဲ့သည်။ သို့သော်လည်း သူပေးထားသည့် ရတနာကိုသာ သုံးလိုက်လျှင် ဤမိုးမြေကောင်းချီးကို ချင်းတုန် ဖြတ်ကျော်နိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေဆဲပင်။

အရိပ်ကြယ်ရှိ ကျင့်ကြံသူများ တန်ခိုးရှင်ဘုရင်အဆင့်သို့ မည်မျှ ရောက်ချင်ကြသလဲ ဆိုသည်ကို သာမန်လူများ နားမလည်ကြပေ။ နှစ်ပေါင်းများစွာ တန်ခိုးရှင်တတိယအဆင့်တွင် အမြဲတမ်း တစ်ဆို့နေခဲ့ရပြီးနောက်ပိုင်း အရိပ်ကြယ်မှ လူများသည် တန်ခိုးရှင် ဘုရင်အဆင့်သို့ အလွန်အမင်း ချိုးဖျက်ရောက်ရှိချင်လာကြ၏။

ဂျုန်း…

နောက်ထပ် အားကောင်းသည့် လှိုင်းတစ်လှိုင်း ချင်းတုန်ပေါ်သို့ ထပ်မံ ကျရောက်လာပြန်လေသည်။ ချင်းတုန်၏ အသက် စွမ်းအင်သည် လုံးဝကို ပျောက်ကွယ်သွားတော့မည့် အရေးနှင့် ကြုံနေရလေပြီ။

ထိုအခြင်းအရာကို ကြည့်နေရင်း လင်းယုရောင်၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထအော်လိုက်လေသည်။

ရန်ရှုကျု၊ ချူဟန်းရီနှင့် မိုဟန်တို့လည်း မျက်စိပျက် မျက်နှာပျက် ဖြစ်ကုန်ကြလေသည်။

“တကယ်ကို မရတော့တာပါလား” လူအိုကြီးက နောင်တရရဖြင့် ခေါင်းခါရမ်းလျက် “ဒီကောင့်ကံကကို ဆိုးလွန်းတာ။ မဟုတ်ရင် ကျိန်းသေ တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်မှာ။ နှမြောစရာ ကောင်းလိုက်တာ… ဟန်၊ ဘာတွေဖြစ်နေတာလဲ”

ရုတ်တရက် လူအိုကြီးကျို မျက်လုံးပြူးသွားပြီး သူ့ရှေ့တည့်တည့်ကို သေချာ စိုက်ကြည့်လိုက်လေသည်။

အခြား တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များလည်း အံဩတကြီး ဖြစ်နေခဲ့ကြလေသည်။

“ဘယ်လိုဖြစ်ပြီး ဒီလူ အသက်စွမ်းအင် ရုတ်တရက်ကြီး ပြန်ကောင်းလာရတာလဲ”

“သူ့မှာ မှော်ဆန်ဆန် စိတ်ဝိဥာဉ်ဆေးလုံးများ ရှိနေတာလား။ ဒါပေမယ့် ဘယ်လို စိတ်ဝိဥာဉ်ဆေးလုံးကများ ဒါမျိုး လုပ်နိုင်တာလဲ”

“လျှောက်ပြောမနေနဲ့။ အဲ့လိုလုပ်နိုင်တဲ့ စိတ်ဝိဥာဉ်ဆေးလုံး တစ်လုံးမှမရှိဘူး။ တန်ခိုးရှင်ဘုရင်အဆင့် စိတ်ဝိဥာဉ် ဆေးလုံးတောင် ဒါမျိုး မလုပ်နိုင်ဘူး”

“ထူးဆန်းလိုက်တာ။ ဒါဆို သူဘာသောက်လိုက်တာလဲ”

ပျောက်ကွယ်ခါနီး ဖြစ်နေသော ချင်းတုန်၏ အသက်စွမ်းအင် ရုတ်တရက်ကြီး မည်ကဲ့သို့ ပြန်ကောင်းလာသလဲ ဆိုသည်ကို သူတို့အားလုံး နားမလည်နိုင် ဖြစ်နေခဲ့သည်။ ပြင်းထန်ပြီး ပရမ်းပတာ ဖြစ်နေသော စွမ်းအင်လှိုင်းများ ကာဆီးထားသည့်တိုင် လက်ရှိတွင် ထိုလူ၏ အသက်စွမ်းအင်ကို သေချာ ခံစားနေရ၏။

ရုတ်တရက် ချင်းတုန်၏ ရယ်သံနှင့်အတူ သူ့ပုံရိပ်သည် ထိုင်နေရာမှ ရုတ်တရက် ထရပ်လာခဲ့သည်။ ထို့နောက် ကောင်းကင်ပေါ်သို့ မော့ကြည့်၍ အော်ပြောလိုက်လေသည် “အသက်ပြည့်အောင်တောင် မနေရသေးတာ ငါ့လိုလူ တစ်ယောက် ဘယ်လိုလုပ်ပြီး နယ်ခြားမှ သေနိုင်မှာလဲ။ ကောင်းကင်၊ မင်းလုပ်နိုင်တာ ဒါအကုန်ပဲလားကွ”

လူအိုကြီးကျိုနှင့် အခြားသူများအားလုံး ကြောင်အမ်းအမ်း ဖြစ်ကုန်လေကြသည်။

ထိုလူသည် အဆင့်တက်နေဆဲတွင် ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားကို သွားစိန်ခေါ်ရဲသည်။ ဤကဲ့သို့ ရူးမိုက်သည့် လူမျိုးကို သူထို့အားလုံး ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သူ့ရင်ဆိုင်နေရသော မိုးမြေကောင်းချီတွင် အသိစိတ် အတိုင်းအတာတစ်ခုအထိ ရှိနေသည် ဆိုသည်ကို သူမသိလေသလော။

ထိုသို့လုပ်လိုက်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးလိုက်သလိုပင်။

သူတို့ ထင်ထားသည့်အတိုင်းပင်၊ ချင်းတုန်၏ အသံ ဆုံးသွားသည်နှင့် ကောင်းကင်ထက်ရှိ အနက်ရောင် တိမ်တိုက်များသည် အလွန်ကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် စတင် လည်ပတ်လာလေတော့သည်။ နားပင်းမတတ် ကျယ်လောင်လှသော မိုးချိန်းသံတို့ဟာလည်း အဆက်မပြတ် ထွက်ပေါ်လာတော့လေ၏။

မျက်တောင်တစ်ခတ်အတွင်း ချင်းတုန်၏ ဦးခေါင်းထက် ဧရာမ ဝဲကတော့ကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

ထို့နောက်တွင် စွမ်းအင်အလင်းတန်းကြီး တစ်ခု ချင်းတုန်ဆီသို့ တည့်တည့် ကျဆင်းလာခဲ့လေသည်။

ချင်းတုန်၏ နာနာကျင်ကျင် အော်ဟစ်သံများ ပြန်ထွက်ပေါ်လာပြီး သူ့အသက်စွမ်းအင်မှာလည်း အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် ပြန်လည် အားနည်းလာခဲ့ပြန်လေ၏။

“ဒီကောင်တော့” လူအိုကြီးကျို လုံးဝ ဆွံ့အနေမိလေပြီ။

မိုးမြေစွမ်းအင် မြောက်များစွာကို တစ်ပြိုင်တည်း အသုံးပြုလိုက်သည့် အတွက်ကြောင့်လားမသိရာ၊ ကောင်းကင်ထက်ရှိ အနက်ရောင် တိမ်တိုက်များသည် အလွန် လျင်မြန်သော အရှိန်ဖြင့် ပျောက်ကွယ်လာနေခဲ့၏။

အသက်ဆယ်ရှိုက်စာအတွင်း ကောင်းကင်တစ်ခုလုံး ပြန်လည် ကြည်လင်သွားပြီး အကုန်လုံးပေါ် စီးမိုးနေသည့် ပြင်းထန်လှသော ကြောက်မက်ဖွယ်ရာ ဖိအားကြီးလည်း အစအနမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

ချင်းတုန်ကမူ ခါးကိုဆန့်လျက် မလှုပ်မယှတ် ရပ်နေခဲ့သည်။ သို့သော် သူရပ်နေသည့်ပုံအရ အသက်ရှင်သေးလား၊ သေနေပြီလား ပြောရခက်လှသည်။

သို့ရာတွင် ချက်ချင်းဆိုသလို ချင်းတုန်ဆီမှ သိပ်သည်းလှသော ရှီစွမ်းအင်တစ်ရပ် လျင်မြန်စွာ ဖြာထွက်လာခဲ့ပြီး မိုင်ရာပေါင်းများစွာ အကျယ်အဝန်းကို တစ်မုဟုတ်ချည်း လွှမ်းခြုံသွားခဲ့လေသည်။ ထို့နောက်တွင် ထိုရှီစွမ်းအင်သည် ချင်းတုန်၏ ကိုယ်ထဲသို့ အလျင်အမြန် ပြန်လည် တိုးဝင်သွားခဲ့၏။

ပြန်ကျုံ့ဝင်နေစဉ်အတွင်း ထိုရှီစွမ်းအင်သည် ဆန်းကြယ်သော စွမ်းအင်တစ်မျိုးသို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့လေသည်။

ထိုအဖြစ်အပျက်ကို တန်ခိုးရှင်အဆင့်များ နားမလည်ကြသော်ငြား တန်ခိုးရှင်ဘုရင်အဆင့်များကတော့ နားလည်ကြပေသည်။

“ရှီကို နယ်ပယ်အဖြစ် သိပ်သည်းတာ… ဒီလူ တကယ်ကြီး အောင်မြင်သွားတာပဲ” မျိုးရိုးနာမည်လဲ့ အဘွားကြီးက ရေရွတ်လိုက်၏။

တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များကို တစ်ချိန်လုံး အာရုံစိုက်နေခဲ့သော ရန်ကိုင် ရယ်မောလိုက်လေသည်။

ချင်းတုန် အဆင့်တက်နေသည်ကို ကြည့်နေ၍လည်း ဘာမှ သေချာမသိသည့် အတွက်ကြောင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကိုသာ စောင့်ကြည့်နေရသည်။ ယခု မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီး ပြောသည်ကို ကြားပြီးနောက် သူစိတ်သက်သာရာ ရသွားခဲ့သည်။

ယနေ့တွင် ချင်းတုန်သည် အစစ်အမှန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ခဲ့လေပြီ။

သို့သော်လည်း လော့ဟိုင်နှင့် အခြားသော တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများနှင့်တော့ ဘယ်ယှဉ်နိုင်ဦးမည်နည်း။ ရှီစွမ်းအင်ကို နယ်ပယ်အဖြစ် သိပ်သည်းခြင်းသည် တစ်ရက်နှစ်ရက်အတွင်း ပြီးမြောက်နိုင်သည့် အရာမျိုးမှ မဟုတ်လေဘဲ။

ဤနေရာရှိ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များအနက်တွင် အကုန်လုံးသည် ချင်းတုန်ထက် အနည်းဆုံး နှစ်ငါးရာခန့်စောပြီး တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေကြသူများ ဖြစ်ကြသည်။ ထိုလူများနှင့် ယခုနေ ယှဉ်တိုက်ရပါက ချင်းတုန် အနေဖြင့် အသက်သုံးရှိုက်စာပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

ခဏမျှ စဉ်းစားပြီးနောက် ရန်ကိုင်က ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး လက်သီးဆုပ်၍ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏ “အကုန်လုံး အကြီးအကဲချင်းက အခုမှ အဆင့်တက်ပြီးတာ ဆိုတော့ သူ့ကျင့်ကြံခြင်းကို ပြန်ပြီး တည်ငြိမ်သွားအောင် လုပ်ဖို့လိုနေသေးတယ်။ ဒါကြောင့် အားလုံး ထွက်သွားပေးကြလို့ ရမလား။ အခုလို တောင်းဆိုရတာ နည်းနည်းများတယ် ဆိုပေမယ့် အကုန်လုံး နားလည်ပေးကြဖို့ မျှော်လင့်ပါတယ်”

သို့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့် အားလုံးသည် ဘာမှ ပြောမနေဘဲ လှည့်ထွက်သွားကြလေသည်။ အချို့သည် ရန်ကိုင်အား လက်သီးဆုပ် နှုတ်ဆက်သွားပြီး အချို့ကမူ ဂုဏ်ယူကြောင်း ပြောသွားကြလေသည်။

ယခင်ကဆိုလျှင်တော့ ရန်ကိုင်၏ စကားကို လျစ်လျူရှုထားမိမည် ဖြစ်သော်ငြား လက်ရှိတွင် ချင်းတုန်သည် အစစ်အမှန် တန်ခိုးရှင် ဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်နေခဲ့လေပြီ။ သူတို့သာ ထိုလူကို သွားရန်စနေလျှင် ကိုယ့်သေတွင်းသာ ကိုယ်တူးနေရပေလိမ့်မည်။

မည်သူမှ မသေချင်ကြပေ။

“စီနီယာတို့…” ထို့နောက် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များဘက်သို့ လှည့်၍ ပြောလိုက်သည်။

“ငါသိတယ်။ မင်းငါ့ကို ပြောနေစရာမလိုဘူး။ ငါထွက်သွားပေးမယ် ဟုတ်ပြီလား” လူအိုကြီးကျိုက နှာခေါင်းရှုံ့လျက် “ဒါပေမယ့် မင်းအကြီးအကဲ ပြန်နိုးလာရင်တော့ သူ့ကိုခေါ်ပြီး အနားက မြို့မှာ ငါတို့ကို လာတွေ့ဦးနော်။ သူက အခုမှ အဆင့်ချိုးဖျက်ထားတာ ဆိုတော့ ငါတို့ကို မေးချင်နေတဲ့ မေးခွန်းတွေ အများကြီး ရှိမှာပဲ။ သူသာ ဆန္ဒရှိရင် ငါတို့နဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရတယ်”

“ဟုတ်တယ်။ ငါတို့သာ သူ့ကို ကူညီပေးနိုင်ရင် ငါတို့ ကောင်းကောင်း ကူညီပေးမှာ” မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီးကလည်း ပြောလိုက်၏။

“အဲ့လိုဆို အကြီးအကဲချင်းကိုယ်စား ဂျူနီယာကပဲ စီနီယာတို့ကို ကျေးဇူးတင်ပါတယ်” ရန်ကိုင်က လေးလေးစားစား ခေါင်းညိတ်လိုက်၏။

တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် ပြန်လည် ထွက်ခွာသွားကုန်ကြလေသည်။

မထွက်သွားခင် လော့ဟိုင် တစ်ချက် ကြည့်သွားသည်ကို ရန်ကိုင် သေချာ သတိပြုမိလိုက်သည်။

ဤနေရာသည် အကြာကြီး နေလို့ကောင်းသည့် နေရာတစ်ခု လုံးဝ မဟုတ်ပါပေ။

“ရောင်းရင်းရန်၊ ငါလည်း သွားတော့မယ်နော်။ တစ်နေ့ကျ အခွင့်ကြုံရင် ပြန်တွေ့ကြတာပေါ့” ရှုပင်းပိုင်က ရန်ကိုင်အား လက်သီးဆုပ် နှုတ်ဆက်လိုက်၏။

“ရောင်းရင်းလည်း ဂရုစိုက်သွားဦးနော်” ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။ ရှုပင်းပိုင်းသည် မိတ်ဆွေဖွဲ့ထိုက်သည့် လူတစ်ယောက် ဖြစ်သော်လည်း လက်ရှိ အချိန်သည် ထိုအကြောင်း တွေးနေရမည့် အချိန် မဟုတ်သေးချေ။

မကြာမီ ရန်ကိုင်နှင့် သူတို့အဖွဲ့သားများသာ ကျန်ရစ်တော့သည်။

ကျောင်းထျန်ကျဲလည်း ထွက်မသွားသေးချေ။

“မြို့သခင်ကျောင်း” ရန်ကိုင်သည် ကျောင်းထျန်ကျဲဆီသို့ လျှောက်သွားပြီး ပြောလိုက်၏။

“ဂိုဏ်းချုပ်ရန် ဘာများ ညွှန်ကြားချင်လို့လဲ” ကျောင်းထျန်ကျဲက ပြန်မေးလိုက်၏။

“ဘယ်လိုလုပ်ပြီး မြို့သခင်ကျောင်းကို ညွှန်ကြားရဲမှာလဲ… ကျုပ်မကြာခင် ထွက်သွားတော့မယ်လို့ ပြောမလို့”

“ထွက်သွားတော့ဖို့” ကျောင်းထျန်ကျဲ ကြောင်သွားခဲ့ပြီး “ဘယ်ကို သွားမှာလဲ”

“အရိပ်ကြယ်ကို ပြန်မှာလေ” ရန်ကိုင်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။

“ဘာလို့ ဒီလောက် မြန်မြန်ကြီး ပြန်ဖို့ လုပ်နေတာလဲ” ကျောင်းထျန်ကျဲ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ရန်ရှုကျုနှင့် အခြားသူများသည်လည်း ရန်ကိုင်အားကြည့်လိုက်ကြ၏။ “ဟိုစီနီယာတွေ အကြီးအကဲချင်းကို ခေါ်ပြီး သူတို့ဆီ လာဖို့ ဖိတ်ခေါ်ထားတယ် မလား။ ဘာလို့…”

ပြောရင်း တစ်ခုခုကို နားလည်သွားသည့်အလား ကျောင်းထျန်ကျဲ မျက်မှောင်ကြုတ်သွားခဲ့သည်။

ရန်ကိုင်ကမူ အသေးစိတ် ရှင်းပြမနေဘဲ ပြန်၍သာ ပြောလိုက်၏ “အကြီးအကဲချင်း သူတို့ဂိုဏ်းထဲ ကျိန်းသေ ဝင်မှာ မဟုတ်ဘူး။ မဝင်မှတော့ သွားနေလည်း ဘာထူးမှာလည်း။ ပြီးတော့ ကျုပ်သူတို့ကို တစ်ကြိမ် ငြင်းထားပြီးပြီ။ အကြီးအကဲချင်းပါ ထပ်ငြင်းနေရင် သူတို့ ဒေါသထွက်သွားပြီး တစ်ခုခု မလုပ်နိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး”

“သူတို့ အဲ့လိုတော့ မလုပ်လောက်ပါဘူးမလား…” ကျောင်းထျန်ကျဲ နဖူးထက် ချွေးအေးများ ဝေ့သီလာခဲ့သည်။

ထိုတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် ထိုမျှ သဘောထား သေးသိမ်လိမ့်မည်ဟု သူမထင်သော်ငြား လူစိတ်သည် တကယ်ကို ခန့်မှန်းရ ခက်လှသည့်အတွက် ဘာကိုမှ အတပ်ပြောမရချေ။

“ဘာပဲဖြစ်ဖြစ်၊ သတိထားတာ အကောင်းဆုံးပဲ။ ဒါကြောင့် အကြီးအကဲချင်း နိုးတာနဲ့ ကျုပ်တို့ တောင်စိမ်းကြယ်က ချက်ချင်း ထွက်သွားတော့မယ်”

ကျောင်းထျန်ကျဲ ခေါင်းညိတ်လိုက်ပြီး သက်ပြင်းချလျက် “ဆိုးလိုက်တာ။ ဒီကျောင်း ဂိုဏ်းချုပ်ရန်ကို ရေစိမ်းမြို့ဆီ ဖိတ်ခေါ်ပြီး ဧည့်ခံချင်နေတာ”

“နောက်ပိုင်း အခွင့်အရေး ရလာမှာပေါ့” ရန်ကိုင်က ရယ်မောလျက် “အခုလောလောဆယ်တော့ ဂျူနီယာ မြို့သခင်ကျောင်းကို အကူအညီတောင်းစရာ တစ်ခုရှိတယ်”

“ဂိုဏ်းချုပ်ရန် ပြောချင်တာရှိရင် ပြောလေ။ ဒီကျောင်း အတတ်နိုင်ဆုံး ကူညီပေးမယ်” ကျောင်းထျန်ကျဲက အလျင်အမြန် ပြန်ပြောလိုက်သည်။

“မြို့သခင်ကျောင်း ရေစိမ်းမြို့တော်ဆီ ပြန်သွားပြီး ချင်းယွဲ့ကို ဒီကို ပြန်ခေါ်လာပေးလို့ရမလား”

“ချင်းယွဲ့ကိုလား”

ချင်းယွဲ့ကို ကျောင်းထျန်ကျဲ သိပေသည်။ ရန်ကိုင်သည် တောင်စိမ်းကြယ်မှ ထွက်သွားစဉ် အခြားသူအားလုံး ရေစိမ်းမြို့၌ နေရစ်ခဲ့သည်။ ချင်းယွဲ့လည်း အပါအဝင် ဖြစ်သည်။

ယခု သူပြန်ရတော့မည် ဖြစ်လေရာ ချင်းယွဲ့ကိုလည်း ပြန်ခေါ်သွားရပေလိမ့်မည်။

“ကိစ္စမရှိဘူး။ ဒီကျောင်း ချက်ချင်း သွားခေါ်လိုက်မယ်။ ခုနှစ်ရက်အတွင်း ချင်းယွဲ့ကို ဒီကျောင်း ပြန်ခေါ်လာပေးမယ်” ပြောပြီးသည်နှင့် ရန်ရှုကျုနှင့် အခြားသူများကို နှုတ်ဆက်၍ ထွက်သွားလေသည်။

“ဂိုဏ်းချုပ် ဘာလို့ ဒီလောက် စိုးရိမ်နေတာလဲ” ရန်ရှုကျုသည် ရန်ကိုင်အား နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ ရန်ကိုင် ဤနေရာမှ ထွက်သွားရန် ဘာကြောင့် အလွန် စိတ်စောနေသလဲ ဆိုသည်ကို သူနားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၆၂၀)

“အဲ့လူတွေကို ငြင်းရုံလောက်ပဲဆိုရင် ဂိုဏ်းချုပ် ဒီလောက် စိုးရိမ်နေမှာ မဟုတ်ဘူး။ သူတို့ ဖိတ်ခေါ်တိုင်း ကိုယ့်ဘက်က သွားစရာမလိုတာ။ ကိုယ်သွားချင်မှ သွားမှာပေါ့။ ဒီတော့ သူတို့ မကျေနပ်ရင်တောင် သူတို့ရဲ့ ဂုဏ်သတင်း အပျက်ခံပြီး ငါတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး”

ရန်ကိုင်က ခေါင်းခါ၍ “ကျုပ်တို့ ငြင်းလိုက်လို့ သူတို့ ဒေါသထွက်သွားမှာကို စိုးရိမ်နေလို့ မဟုတ်ဘူး။ အခြားတစ်ခုကို ကျုပ်စိုးရိမ်နေတာ”

“ဘာကို စိုးရိမ်နေတာလဲ” လင်းယုရောင်က မေးလိုက်သည်။

“တစ်ယောက်ယောက် ကျုပ်တို့ကို စောင့်ကြည့်နေတယ်” ရန်ကိုင်က မျက်နှာ မသာမယာဖြင့် ပြန်ပြောလိုက်သည်။

တောင်စိမ်းကြယ်သခင် ဖြစ်သော လော့ဟိုင် သွေးအကျဉ်းထောင်ထဲတွင် ဖြစ်ပျက်သွားသည့် အကြာင်းအရာများကို သိထားသဖြင့် ရန်ကိုင် အနေဖြင့် လုံးဝကို မပေါ့ဆရဲပါချေ။ လော့ဟိုင်သည် တန်ခိုးရှင်အဆီအနှစ် ကျောက်တုံး အကြောင်းကိုပင် သိထားနိုင်သည်။

တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးသာ သူ့လက်ထဲတွင် ရှိနေသေးလျှင် အကုန်လုံး အဆင်ပြေပေသေးသည်။ လော့ဟိုင် လိုချင်နေသည့် အရာကို ပေးလိုက်ရုံပင်။ သို့သော်လည်း လက်ရှိတွင် ထိုတန်ခိုးရှင်အဆီအနှစ်ကျောက်တုံးသည် သူ့လက်ထဲတွင်မှ ရှိမနေတော့လေဘဲ။ ယုရှုန်းဆီသို့ ရောက်နေခဲ့လေပြီ။

ထို့ကြောင့် ရန်ကိုင် မြန်မြန် ထွက်သွားလိုနေခြင်း ဖြစ်သည်။

ချင်းတုန် နိုးလာရန် အချိန်လိုနေသေးသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင် ချက်ချင်း ထွက်သွားလောက်ပေပြီ။

ရန်ကိုင်သည် ဘာမှ အသေးစိတ် ရှင်းပြမနေခဲ့ပေ။ သို့သော် သူလေသံနှင့် အမူအရာ ယခုကိစ္စသည် အတော်လေး အရေးကြီးမှန်း ယန်ရှုကျုနှင့် အခြားသူများ နားလည်လိုက်ကြ၏။ ထို့ကြောင့် ဘာမှ မေးမနေတော့ဘဲ ရန်ကိုင် ပြောသည့် အတိုင်းသာ လုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ချင်းတုန်သည် အဝေးတစ်နေရာတွင် မလှုပ်မယှတ်ဖြင့် မတ်တပ်ရပ်နေဆဲ။

ဘာမှလုပ်စရာ မရှိသေးသဖြင့် ယန်ရှုကျုနှင့် အခြားသူများသည် တင်ပလင်ခွေထိုင်ကာ သွေးအကျဉ်းထောင်ထဲမှ ရလာသည့် ဥာဏ်အလင်းများကို ပြန်လည် ဆင်ခြင်သုံးသပ်တော့လေသည်။

သူတို့အနေဖြင့် ချင်းတုန်ကဲ့သို့ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချက်ချင်း မချိုးဖျက်နိုင်သေးသော်ငြား အခွင့်အရေးများနှင့်သာ ကြုံရလျှင် အနာဂတ်၌ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။

ရန်ကိုင်ကမူ လော့ဟိုင်လက်မှ မည်သို့ ထွက်ပြေးလျှင် ကောင်းမလဲ ဆိုသည်နှင့် ပက်သက်၍ တောက်လျှောက် အကြံထုတ်နေခဲ့သည်။

အချိန်သည် တဖြည်းဖြည်းနှင့် ကုန်ဆုံးနေခဲ့ရာ သုံးရက် ကြာပြီးသည့်နောက်တွင် ကျောင်းထျန်ကျဲသည် ချင်းယွဲ့နှင့်အတူ ပြန်ရောက်လာခဲ့သည်။

ရန်ကိုင်ကို ပြန်မြင်လိုက်သည့်အခိုက် ချင်းယွဲ့ ပျော်မိသွားသွားသော်ငြား တောင်စိမ်းကြယ်တွင် နှစ်အတော်ကြာအောင် နေပြီး သတင်း လိုက်စုံစမ်းခဲ့သည့်တိုင် စုယန်၊ အခြားသူများနှင့် ပက်သက်သည့် အကြောင်းအရာ တစ်ခုတစ်လေမှ မရခဲ့သည့်အကြောင်း ပြန်စဉ်းစားမိလိုက်သည့် အခိုက် စိတ်ဓါတ်ပြန်ကျသွားခဲ့သည်။

ကျောင်းထျန်ကျဲသည် ကြာကြာမနေခဲ့ဘဲ ချင်းယွဲ့ကို ပို့ပြီးသည်နှင့် ရေစိမ်းမြို့တော်ဆီသို့ အမြန် ပြန်သွားလေသည်။

သွေးအကျဉ်းထောင် ဖွင့်သည့်အချိန်တွင် ဒုမြို့သခင်နှင့် အတူတူ ဝင်သွားခဲ့သော်ငြား ကံမကောင်းစွာဖြင့် ဒုမြို့သခင်သည် သွေးအကျဉ်းထောင်ထဲတွင် သေဆုံးသွားခဲ့သည်။

ကျောင်းထျန်ကျဲ အနေဖြင့် နောက်ထပ် ဒုမြို့သခင်တစ်ဦးကို အမြန် ပြန်ရွေးချယ်ရန် လိုအပ်နေပေသည်။

အချိန်သည် တဖြည်းဖြည်းနှင့် ဆက်လက် ကုန်ဆုံးနေခဲ့ရာ မကြာမီ နောက်ထပ် ငါးရက် ကုန်ဆုံးသွားခဲ့သည်။ ယနေ့တွင် ချင်းတုန်၏ အော်ဟစ်ရယ်မောသံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

ချင်းတုန်သည် ရုတ်တရက် ရပ်နေရာမှ ပျောက်ကွယ်သွားပြီး အားလုံးရှေ့တွင် ပြန်ပေါ်လာခဲ့သည်။

“ဂုဏ်ယူပါတယ် အကြီးအကဲချင်း” ယန်ရှုကျုက လက်သီးဆုပ်၍ ဂုဏ်ပြုလိုက်သည်။

“အကြီးအကဲချင်း တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်သွားတာ တကယ်ကို ဂုဏ်ယူစရာ အဖြစ်အပျက်တစ်ခုပဲ။ အခုအကြောင်းကိုသာ သိသွားရင် အရိပ်လခန်းမတင် မဟုတ်ဘူး၊ အရိပ်ကြယ်က အခြားကျင့်ကြံသူတွေလည်း စိတ်အားတက်သွားကြမှာ” မိုယုက ရယ်သွမ်းသွေး၍ ပြောလိုက်သည်။

“မင်းတို့အားလုံးက အတည်ကြီး လုပ်နေတာပဲ” ချင်းတုန်က ခေါင်းခါ၍ “ဒီတစ်ကြိမ် ငါသေခါနီးပဲ။ ရန်ကိုင်ကြောင့်သာ မဟုတ်ရင် အဆင့်တက်ရင်း ငါသေသွားတာ ကြာပြီ”

ပြောပြီးသည်နှင့် ရန်ကိုင်အားကြည့်၍ “ရန်ကိုင်၊ ငါမင်းကို နောက်ထပ် အကြွေး ထပ်တင်သွားပြန်ပြီ”

ရန်ကိုင် ပေးခဲ့သည့် ကျောက်စိမ်းပုလင်းထဲရှိ အရာကြောင့်သာ မဟုတ်လျှင် ချင်းတုန်အနေဖြင့် သူ့အသက်စွမ်းအင်ကို အလွန် လျင်မြန်စွာ ပြန်လည် ဖြည့်တင်းနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။

ရန်ကိုင် သူ့အား ပေးခဲ့သည်မှာ အသက်ရေစင်ဖြစ်မှန်း ချင်းတုန် သိသည်။ သူနှင့် ဖေးကျီတုတို့ နှစ်ဦးစလုံး အသက်ရေစင်ကို မြင်ဖူးခဲ့သည် မဟုတ်ပေလော။

“အကြီးအကဲချင်း အရမ်း ယဉ်ကျေးနေစရာ မလိုပါဘူး” ရန်ကိုင်က ရယ်သွမ်းသွေး၍ “အခု အကြီးအကဲချင်းလည်း နိုးလာပြီဆိုတော့ မြန်မြန် ထွက်သွားကြတာပေါ့။ ဒီနေရာက နေလို့ကောင်းတဲ့ နေရာမဟုတ်ဘူး”

“အခု ထွက်သွားဖို့” ချင်းတုန် မျက်မှောင်ကြုတ်သွားခဲ့၏။

“ဟုတ်တယ်။ အခုပဲ”

“ကောင်းပြီလေ” ချင်းတုန်သည် ဘာအပိုမေးခွန်းမှ မေးမနေဘဲ ရန်ကိုင် ပြောသည့်အတိုင်းသာလုပ်ရန် ဆုံးဖြတ်လိုက်သည်။

“လူတွေ အုံလိုက်ကြီးသွားရင် မကောင်ဘူး။ ဒီထဲ အရင် ဝင်နေလိုက်ကြ” ပြောပြီးသည်နှင့် ရန်ကိုင်သည် ကမ္ဘာငယ်လေးကို ဆင့်ခေါ်လိုက်၏။

ရန်ကိုင် ဘာလုပ်ချင်နေမှန်း သိသဖြင့် အကုန်လုံးသည် ခုခံနေခြင်း မဟုတ်ဘဲ ကမ္ဘာငယ်လေးထဲသို့ ဝင်သွားလိုက်ကြလေသည်။

“ငါတော့ မဝင်တော့ဘူး” ချင်းတုန်က ယဲ့ယဲ့လေးပြုံးလျက် “ငါအခုမှ အဆင့်ချိုးဖျက်ထားတာဆိုတော့ ဒီလောကကြီးရဲ့ နိယာမတွေနဲ့ နည်းနည်း ထပ်ထိတွေ့ချင်သေးတယ်”

ချင်းတုန်က ထိုကဲ့သို့ ပြောသဖြင့် ရန်ကိုင်လည်း သူ့အား တွန်းအားပေးမနေဘဲ ခေါင်းညိတ်၍သာ သတိပေးလိုက်လေသည် “ဒါပေမယ့်… အန္တရာယ်တစ်ခုခု ဖြစ်လာခဲ့ရင်…”

“ငါအခု တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက် ဖြစ်နေပြီလေ။ ဘယ်လိုဟာကများ ငါ့ကို အန္တရာယ်ပေးနိုင်မှာ မို့လို့လဲ” ချင်းတုန်သည် ရန်ကိုင် သတိပေးသည်ကို ဂရုမစိုက်ဘဲ ရယ်သာရယ်မောလိုက်လေသည်။

ရန်ကိုင် စိတ်ထဲ အတော်လေးကို စိုးရိမ်နေခဲ့သည်။ သို့သော် ရှင်းပြမနေခဲ့ဘဲ ချင်းတုန်ကို အချက်ပြပြီးတော့သာ သူ့ကြယ်လွန်းပျံကိုထုတ်၍ ကြယ်တာရာကောင်းကင်ထဲသို့ ပျံတက်သွားခဲ့လေသည်။

တောင်စိမ်းကြယ်ပေါ်တွင်သာ ရှိနေသေးသည့် အတွက်ကြောင့် ကြယ်သင်္ဘောကိုတော့ ထုတ်မသုံးရဲခဲ့ပေ။ တန်ခိုးရှင်ဘုရင် အဆင့် ကြယ်သင်္ဘောကိုသာ ထုတ်သုံးလိုက်လျှင် လော့ဟိုင်ကို အချက်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

နှစ်ယောက်စလုံးသည် အလွန် လျင်မြန်သော အမြန်နှုန်းဖြင့် သွားနေကြသည်။ ရန်ကိုင်ကသာ စိုးရိမ်ပူပန်နေခြင်းဖြစ်ပြီး ချင်းတုန်မှာတော့ အတော်လေးကို လွတ်လွတ်လပ်လပ် စိတ်အားတက်ကြွနေခဲ့သည်။

သူတို့ ကြယ်တာရာကောင်းကင်ထဲသို့ ထွက်သွားချိန်တွင် မိုင်တစ်ထောင်အကွာရှိ မြို့သခင်စံအိမ်တွင်၊ လူအိုကြီးကျိုနှင့် အခြားတန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်များသည် သူတို့၏ ကျင့်ကြံခြင်း အတွေ့အကြုံများကို ဖလှယ်ရင်း အချိန် ဖြုန်းနေခဲ့ကြသည်။

သူတို့အားလုံးသည် ချင်းတုန်နှင့် တွေ့ရန်အတွက် ဤနေရာ၌ စောင့်နေကြခြင်း ဖြစ်သည်။

ရန်ကိုင် ပြတ်ပြတ်သားသား ဆုံးဖြတ်သွားလိမ့်မည်ဟုတော့ သူတို့ တစ်ဦးမှ ထင်မထားခဲ့ကြပေ။

လော့ဟိုင်သည် အခန်းထိပ်ပိုင်းတွင်သာ ထိုင်နေပြီး တစ်ခါတစ်လေမှ ဝင်ပြောလေ့ရှိ၏။

ရုတ်တရက် လော့ဟိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

“လူကြီးမင်းလော့ဟိုင်၊ ဘာဖြစ်လို့လဲ” မျိုးရိုးနာမည်လဲ့နှင့် အဘွားကြီးက မေးလိုက်သည်။

“ဒီဘုရင် လုပ်စရာတစ်ခုခုရှိလို့ တစ်ဆိတ်လောက် ခွင့်ပြုပါဦး” ပြောပြီးသည်နှင့် သူ့ပုံရိပ်သည် စံအိမ်ထဲမှ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

“အစ်ကိုလော့ဟိုင် ဘာလို့ ရုတ်တရက်ကြီး ထွက်သွားတာလဲ” လူအိုကြီးကျိုနှင့် အခြားသူများအားလုံး နားမလည်နိုင် ဖြစ်နေကြသည်။

“သူ့ပုံစံကို ကြည့်ရတာတော့ အရေးကြီးတာတစ်ခုခု ဖြစ်သွားတဲ့ပုံပဲ။ ဒီမှာ မတော်တဆ တစ်ခုခု ဖြစ်သွားတာလား”

“မဖြစ်နိုင်လောက်ဘူး။ အစ်ကိုလော့ဟိုင်လို ကြယ်သခင်တစ်ပါး ရှိနေတာ ဘယ်သူက ဒီမှာ လာသောင်းကျန်းရဲမှာလဲ”

“အဲ့ဒါလည်း ဟုတ်တယ်။ ငါအတွေးလွန်နေတာပဲ ဖြစ်မှာပါ။ ဒါနဲ့ ဟိုအဆင့်တက်ထားတဲ့ တန်ခိုးရှင်ဘုရင် ဘာလို့ အခုထိ မရောက်လာသေးတာလဲ။ ငါတို့ စောင့်နေတာ တော်တော်လေး ကြနေပြီ။ သူထွက်ပြေးသွားတာတော့ မဟုတ်ပါဘူးနော်”

“ဘာလို့ ထွက်ပြေးရမှာလဲ။ ငါတို့ သူ့ကို မကောင်းတာ တစ်ခုခု လုပ်မှာမှ မဟုတ်တာ။ သူသာ ဆန္ဒရှိရင် ငါတို့ရဲ့ အတွေ့အကြုံတွေကိုတောင် ပြောပြပေးဦးမှာ။ သူသာ အရူး မဟုတ်ရင် ဒီလောက်ကောင်းတဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်မှာ မဟုတ်ဘူး”

“အဲ့ဒါဆို ဆက်စောင့်ကြတာပေါ့”

……

ရန်ကိုင်နှင့် ချင်းတုန်သည် လျင်မြန်စွာ ပျံသန်းနေရင်း တောင်စိမ်းကြယ်၏ စက်ကွင်းအတွင်းမှ လွတ်မြောက်ရန် ကြိုးစားနေခဲ့ကြသည်။

ရုတ်တရက် ချင်းတုန် မျက်မှောင်ကြုတ်သွားပြီး အော်ပြောလိုက်၏ “ရန်ကိုင်”

“ဘာဖြစ်လို့လဲ”

“ငါတို့ကို တစ်ယောက်ယောက် စောင့်ကြည့်နေတယ်” ချင်းတုန်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သော်ငြား မည်သူ့ကိုမှ ရှာမတွေ့သဖြင့် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။

“မသိချင်ယောင်ဆောင်နေလိုက်” ရန်ကိုင်က သူ့ကောင်းကင်စိတ်အာရုံကိုသုံး၍ သတိပေးလိုက်သည်။

“ရန်ကိုင် မင်းတစ်ခုခု သိထားတာလား” ချင်းတုန်က ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြန်မေးလိုက်သည်။

“နည်းနည်းတော့ သိတယ်” ရန်ကိုင်မျက်နှာ အရုပ်ဆိုးသွားပြီး “ကျုပ်ထင်တာသာ မမှားရင် ကျုပ်တို့ကို စောင့်ကြည့်နေတာ တောင်စိမ်းကြယ်ရဲ့ ကြယ်သခင်ပဲ”

“သူလား” ချင်းတုန် မျက်နှာအမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး “သူဘာလို့ ငါတို့ကို စောင့်ကြည့်နေတာလဲ”

“ကျုပ်တို့ကို မဟုတ်ဘူး၊ ကျုပ်ကို စောင့်ကြည့်နေတာ” ရန်ကိုင်က ခါးသက်စွာပြုံးလျက် “သူလိုချင်တာ တစ်ခုခု ကျုပ်ဆီမှာ ရှိနေတယ်လို့ ထင်နေတာ”

“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ” ချင်းတုန် ပျာယာခတ်သွား၏။

ထိုကဲ့သို့သော ပညာရှင်တစ်ယောက်၏ စောင့်ကြည့်ခြင်း ခံရသည်ကို ချင်းတုန်ပင်လျှင် လန့်မိပေသည်။ သူသည် တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်သော်လည်း လွန်ခဲ့သည့် ရက်ပိုင်းလောက်ကမှ အဆင့်တက်လာခဲ့သည့် တက်သစ်စ တန်ခိုးရှင်ဘုရင် တစ်ဦးသာ ဖြစ်ပြီး လော့ဟိုင်မှာတော့ ဝါရင့် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သလို တောင်စိမ်းကြယ်၏ ကြယ်သခင်လည်း ဖြစ်သည်။

ဤတောင်စိမ်းကြယ်ပေါ်တွင် လော့ဟိုင်သာ ချင်းတုန်၏ အသက်ကို လိုချင်လျှင်ကို သူ့လက်ကို ဝှေ့ရမ်းလိုက်ရုံဖြင့် အသာလေး လုပ်နိုင်ပေသည်။

“ဒီနေရာကြီးကနေ ကျုပ်တို့ မြန်မြန် ထွက်သွားမှဖြစ်မယ်။ ဒီကနေ ထွက်သွားနိုင်မှာပဲ လော့ဟိုင်လက်ကနေ လွတ်နိုင်ချေ ရှိလိမ့်မယ်။ မဟုတ်ရင်တော့ လုံးဝ လွတ်မှာမဟုတ်ဘူး” ရန်ကိုင်က ပြောလိုက်သည်။

ချင်းတုန်လည်း ခေါင်းညိတ်လိုက်သည်။

သူတို့သာ တောင်စိမ်းကြယ်၏ မိုးမြေစွမ်းအင်နိယာမများ လက်လှမ်းမမှီသည့် နေရာသို့သာ ရောက်သွားပါက လော့ဟိုင်သည် ထင်သလောက် ကြောက်ဖို့ကောင်းတော့လိမ့်မည် မဟုတ်ချေ။

ထိုသို့ တွေးလိုက်မိသည့်နောက် နှစ်ယောက်စလုံး အရှိန်တင်လိုက်ကြ၏။

“မင်းတို့ တောင်စိမ်းကြယ်ကနေ ထွက်သွားချင်နေတာလား” လော့ဟိုင်သည် သူတို့ ဘာကြံနေလဲဆိုသည်ကို သိသည့်အလား ယဲ့ယဲ့လေးပြုံးလျက် “အကြံကတော့ မဆိုပါဘူး။ ဒါပေမယ့် မင်းတို့ တုံးလွန်းနေသေးတယ်”

ပြောပြီးသည်နှင့် သူ့လက်ကို ဆုပ်ကိုင်လိုက်ရာ မိုင်တစ်ထောင် အကွာတွင် ရှိနေသော ရန်ကိုင်နှင့် ချင်းတုန်တို့ နှစ်ဦးစလုံး၏ မျက်နှာများ သွေးဆုတ်ဖြူလျော်သွားကြပြီး မိုးကြိုး ပစ်ခံလိုက်ရသည့်နှယ် နှစ်ယောက်စလုံး တုန့်ခနဲ ရပ်သွားကြ၏။

ကြယ်တာရာကောင်းကင်ကြီးကို ကြည့်ရင်း ရန်ကိုင်သည် အံကိုကြိတ်၊ သူတော်စင်ချီကို အသည်းအသန် လှည့်ပတ်၍ မမြင်နိုင်သော အချုပ်အနှောင်များလက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သော်ငြား မည်သို့မှ ရုန်းမထွက်နိုင်ခဲ့ပါချေ။

ဤအရာသည် ကြယ်သခင်တစ်ဦး၏ စွမ်းအားပေလော…

နည်းနည်းပဲ လိုတော့တာကိုကွာ…

သူတို့သာ နောက်ထပ် နည်းနည်းလောက် ဆက်သွားနိုင်လျှင် တောင်စိမ်းကြယ်၏ အချုပ်အနှောင်မှ လွတ်ပြီကို နောက်ဆုံး အခိုက်အတန့်ကျမှ တားဆီးခံလိုက်ရ၏။

ချင်းတုန်ကမူ ရန်ကိုင်ထက် နည်းနည်း ပိုအဆင်ပြေနေခဲ့သည်။ အနည်းဆုံး သူ့သူတော်စင်ချီကို ကောင်းကောင်းမွန်မွန် လှည့်ပတ်နိုင်နေခဲ့လေသည်။ ဘေးပတ်ပတ်လည်သို့ လှည့်ကြည့်ရင်း ချင်းတုန်က အော်မေးလိုက်သည် “ဘယ်သူလဲ”

ရန်ကိုင်နှင့် ချင်းတုန်တို့နှင့် မနီးမဝေးတွင် ရွှေရောင်သရဖူ တစ်လုံးကို ဆောင်းထားပြီး ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ဦး တိတ်တဆိတ် ပေါ်လာခဲ့သည်။

ထို့နောက် ချင်းတုန်အား အနည်းငယ် ချီးကျူးသည့် အမူအရာဖြင့် ကြည့်လိုက်၏။

တန်ခိုးရှင်ဘုရင်အဆင့်ကမှ မနေ့တစ်နေ့ကမှ အဆင့်တက်ခဲ့ခြင်း ဖြစ်သော်ငြား ကျင့်ကြံခြင်းအဆင့် မတည်ငြိမ်သေးလျက်နှင့် ယခုကဲ့သို့ လှုပ်ရှားနိုင်သည်မှာ အတော်လေး ချီးကျူးစရာပင်။ ချင်းတုန်ကိုသာ အချိန်လုံလုံလောက်လောက် ပေးလိုက်လျှင် ကျိန်းသေ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ချိုးဖျက်နိုင်ပေလိမ့်မည်။

သို့သော်လည်း ချင်းတုန်ကို သိပ်အာရုံစိုက်မနေခဲ့ဘဲ ရန်ကိုင်ကိုသာ ပြန်အာရုံစိုက်လိုက်သည်။

သူ့အဓိက ရည်ရွယ်ချက်သည် ရန်ကိုင် ဖြစ်သည်။

တောင်အုပ်ကြီးတွင် ရှိစဉ်က လူအများကြီး ရှိနေသည့်အတွက် ရန်ကိုင်အပေါ် လှုပ်ရှားရန် အခွင့်မသာခဲ့ချေ။ ယခု ရန်ကိုင်သည် တောင်စိမ်းကြယ်မှ ထွက်ပြေးရန် ကြိုးစားနေသည့်အတွက် လော့ဟိုင်လည်း ငြိမ်မနေနိုင်တော့ဘဲ လှုပ်ရှားရတော့လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset