Switch Mode

Chapter – 116

အာရုံခံစွမ်းအား

Chapter – 116 အာရုံခံစွမ်းအား

ချန်ရှန် ဟာ ၂ နှစ်လောက် ကန့်သတ်နယ်မြေမှာ သွားနေရတယ့်အတွက် သူဟာ ၂ နှစ်စာလောက် မည် သည့် အကျိုးအမြတ်မျှ မရလိုက်ပါဘူး ။ ဒါကြောင့် သူ ယခု ပထမ အဆင့် ခြံဝန်းကို လိုချင်တယ်ဆိုတာ ထို အတွက် သာ မက ဂိုဏ်းမှာလည်း သူ့ကို ပို သတိထားမိပြီး လေးစား ကြအောင်ပါ ။
သူတို့ ဒီကို လာနေတုန်းမှာပဲ ဆူဝဲလောင် ဆီမှ ရရှိ သော သတင်းအရ ယခု ပထမအဆင့် ခြံဝန်းတွင် သတိထားစရာမှာ ငါးယောက်သာ ရှိပြီး ကျန်လေးယောက် မှာ သာမန်သာ ဖြစ်ပါတယ် ။ ဒီ လေးယောက်ဟာ မိုယုဝမ် မှ သူ၏ အင်အားကြီးလာစေရန် အတွက် လက်ခံထား ခြင်း သာ ဖြစ်ပါတယ် ။
ချန်ရှန် အကြည့်တစ်ချက်နဲ့ပင် ထိုလေးယောက်မှာ မည်သူများလဲ ဆိုတာ သိလိုက်တယ် ။ ထိုသူများဟာ မိုယု ၀မ် ထားရာနေ စေရာသွားများ ဖြစ်တယ့် အတွက် ယခု လည်း မိုယုဝမ် ၏ ရှေ့တွင် မားမားမတ်မတ် ရပ်နေကြ လျက် ရှိပါတယ် ။
“တစ်ယောက်ချင်း ချမယ် ။ ရှုံးသူက ဆက်ချခွင့် မရှိ ဘူး”
မို ယု ၀မ် ကပြောပါတယ် ။
“ငါ ဒီလေးယောက် လုံး နဲ့ တစ်ခါထဲ ချလို ရနိုင်မလား”
ချန်ရှန် စကားတစ်လုံးမှ မပြောတဲ့ အဆိုပါ လေးဦး အား ညွှန်ပြကာ ပြောလိုက်တယ် ။
“မင်း သဘောလေ”
မို ယု ၀မ် ချက်ချင်း ပြန်ပြောလိုက်တယ် ။
“မင်းတို့ လေးယောက် သွားချ ၊ ဂရုစိုက်ကြ”
ချန်ရှန် ဟာ တစ်ချိန်တည်းမှာ လေးယောက် တစ်ယောက် ချဖို့ စိန်ခေါ်လိုက်တာပါ ။ ဒီအချက်ဟာ အားလုံးကို အံ့အားသင့်သွားစေတယ် ။ ယခုတော့ အားလုံး ဟာ အဆင့်မြင့်ဆုံး အတွင်းစည်းများရဲ့ စွမ်းရည်များကို ကြည့် ရှုကြရတော့မှာပဲ ဖြစ်တယ် ။
ပြိုင်ပွဲက စတင်ပါပြီ ။
လေးယောက်စလုံး၏ ကိုယ်များဟာ ပြင်းထွက်စွာ လှုပ်ရမ်းသွားပြီး သူတို့၏ ချီဓာတ်များကို ကိုယ်ထဲသို့ စီးဆင်းစေလိုက်ကြတယ် ။ ချီလှိုင်းများဟာ အရပ်မျက်နာ မျိုးစုံမှ ထွက်လာပြီး လေပြင်းများဟာလည်း တိုက်ခတ် နေပါတယ် ။ ကြည့်ရုံနဲ့ပင် ၎င်းချီဓာတ်များဟာ အလွန်ပင် သန့်စင်လှပြီး သိပ်သည်းဆများလှတာကို တွေ့ နိုင်နေပါ တယ် ။
“တကယ်ကို အစွမ်းထက်လှတယ့် အတွင်းစည်း ပထမ အဆင့် ခြံဝန်းပဲ”
ဝုကွမ်ချင် မျက်လုံးလေးများ ပြူးကျယ်နေတယ် ။ သူမ ယခုမှ သေချာကို ဒီလိုပွဲမျိုး မြင်ဖူးခြင်းပါ ။
“ဒီ လူ တစ်ဦးချင်းဆီရဲ့ စွမ်းအားဟာ အမတော် ကြီး ထက်တောင် ပိုသာတယ် ။ ဒီ ချန်ရှန် လို့ ခေါ်တယ့် လူက တော့ သေမှပဲ”
ဝုရှောင်ဒီ သူမ၏ သွားများကို ကြိတ်ပြီး ပြောပါတယ် ။
ရုတ်တရက်ပဲ လူလေးယောက်ဟာ ပျောက်ကွယ် သွား တယ် ။ ၎င်းတို့၏ အမြန်နှုန်းဟာ မှန်းဆလို့ မရနိုင် လောက်အောင် ဖြစ်ပြီး ၎င်းတို့အား မည်သူမျှပင် မမြင်နိုင် တော့ပါချေ ။
ချန်ရှန် မျက်လုံးများ လည်နေတယ် ။ ထွက်ပေါ်နေတဲ့ အသံများကို သေချာစွာ နားထောင်ပြီးနောက် တချိန်တည်း မှာပင် သူ၏ နတ်အတွင်းအား အာရုံများကို ထုတ်လွှတ်ကာ သူ့ပတ်လည်မှာ ရှိနေတယ့် လေထဲရှိ ချီဓာတ်အတက် အကျကို အာရုံခံနေတယ် ။ ဒီလူလေးယောက်၏ အမြန် နှုန်း ဟာ လိုက်မမီလောက်ပါဘူး ။
“နှစ်ယောက်က ငါ့နောက်မှာ ၊ တစ်ယောက်က ရှေ့ မှာ ၊ တစ်ယောက်က လေထဲက ငါ့အပေါ်မှာ”
ချန်ရှန် သူတို့၏ လှုပ်ရှားမှုများကို သိလိုက်တယ် ။ သူ ခပ်ဖျော့ဖျော့ပင် ပြုံးကာ သူ၏ ကိုယ်တွင် ထိုက်ကျိနတ် နဂါး ကျင့်စဉ်ကို လည်ပတ်စေလိုက်တယ် ။ ချီဓာတ်များ ဟာ သူ၏ အရေပြားအပေါ်မှာ လည်ပတ်နေပြီး တချိန် တည်းမှာပင် အရာဝတ္ထုများဟာ စုပ်ယူနိုင်သော အားမျိုး အား ဖန်တီးလိုက်ပါတော့တယ် ။
ကွင်းပြင်ထဲရှိ လူအားလုံးဟာ အသက်တောင် ပြင်းစွာ မရှူရဲပဲ ၎င်း လူလေးယောက်ပြန်ပေါ်လာမည် အချိန်ကို သာ စောင့်ကြည့်နေတယ် ။ ကံကောင်းစွာပဲ ၎င်းတို့ သိပ် မစောင့်လိုက်ရပါဘူး ၊ အဘယ်ကြောင့်ဆိုသော် လူလေး ယောက်ဟာ ချန်ရှန် ၏ အရှေ့ အနောက် နဲ့ အပေါ်ဘက်တို့ မှ အသီးသီး တိုက်ခိုက်လိုက်ကြလို့ပါ ။
အရှေ့ မှာ လူ၏ လက်ဟာ လှံတစ်ချောင်းလိုပင် ချန်ရှန် ၏ ရင်ဘတ်ဆီသို့ ၀င်လာကာ အနောက်မှ လူ ၂ ယောက် မှာ ၎င်းတို့၏ လက်သီးများအား ပြင်းထန်လှသော ချီဓာတ် များ စီးဆင်းစေလျက် ချန်ရှန်ကို ထိုးချလိုက်တယ် ။ ထို အချိန်မှာပဲ အပေါ်မှလူဟာလည်း ကောင်းကင်ပေးမှ လှံ တစ်ချောင်း ကျလာသလိုပင် သူ၏ ခြေထောက်အား ချန်ရှန်ခေါင်းပေါ်သို့ တဟုန်ထိုး ထိုးချလာပါတော့တယ် ။
ဒီလို ရုတ်တရက် ပြင်းထန်သော တိုက်ခိုက်မှုမျိုးကို ကြည့်နေတယ့် ပရိသတ်များဟာ သူတို့သာ ဒီလို အလုပ်ခံ ရပါက သေချာပေါက်ကို အသက်ရှင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ကြတယ် ။
ချန်ရှန် ကတော့ တချက်လေးပင်း နောက်မဆုတ်ပဲ ထို နေရာမှာသာ မြဲမြံစွာ ရပ်နေလျက်ရှိတယ် ။ ထိုအချိန်မှာ ပဲ ထူးဆန်းလှသော မြင်ကွင်းတစ်ခုဟာ ဖြစ်ပေါ်လာတယ် ။ လူ လေးယောက်ဟာ လျှပ်စီးလိုပဲ လျင်မြန်စွာ ချန်ရှန် ကို တိုက်ခိုက်လိုက်ကြတယ် ။ ဒါပေမယ့် ၎င်းတို့ ချန်ရှန်ကို ထိ လိုက်ပြီးနောက်မှာတော့ ၎င်းတို့အားလုံး အေးခဲသွား သလို ခံစားလိုက်ကြရတယ် ။ နတ်ဆိုးတစ်ကောင်၏ စွမ်း အားဖြင့် ပြုစားလိုက်သလိုပင် သူတို့ဟာ မလှုပ်နိုင်ဖြစ် သွား ကြပါတော့တယ် ။
စစ်မှန်သော သိုင်းပညာနယ်ပယ် မရောက်ရှိသေး သည့် လူတိုင်းဟာ ဒီလို ပြင်းထန်တဲ့ တိုက်ခိုက်မှုမျိုးကို ခံ နိုင်ဖို့ဆို တာ လုံးဝ ကို မဖြစ်နိုင်ပါဘူး ။ ဒါပေမယ့်လည်း ချန်ရှန် ကတော့ သူ့ကို ထိသွားတာတောင် ဟန်မပျက်ပါ ချေ ။ ချန်ရှန် ၏ ရင်ဘတ်မှာ တစ်ယောက် ၊ အနောက် မှာ ၂ ယောက် နှင့် အပေါ်မှ တစ်ယောက်တို့ဟာ ရပ်တန့်သွား ကြတယ် ။
ချန်ရှန် ဟာ သူ့ကို ထိသွားတာ သိပေမယ့် ဘာမှ မလုပ် သေးပါဘူး ။ လူတိုင်းထင်တာက ချန်ရှန် တော့ ယခု လို တိုက်ခိုက်ခံရမှုကြောင့် အသားစများ ဖြစ်သွားမလား ၊ သွေးတွေအန်ပြီး လဲများ ကျသွားမလားဟု ထင်နေကြတာ ပါ ။ ဒါပေမယ့် ယခု အခါ ချန်ရှန် ဟာ သူ၏ မျက်တောင် ပင် မခတ်သွားပါချေ ။
ချန်ရှန်ကို တိုက်သည့် လူလေးယောက်မှာလည်း အံ့သြ ကာ တခဏမျှ ကြောင်နေကြတယ် ။ သူတို့၏ အား ကုန် ထည့်ပြီး တိုက်ခိုက်တာတောင် ချန်ရှန် ဘာမှ မဖြစ်ပုံ မှာ ရေကန်ထဲသို့ အားဖြင့် ထိုးလိုက်သော်လည်း လှိုင်းသေးသေးလေးပင် မဖြစ်ပေါ်သွားသလို အခြေအနေ ဖြစ်သွားတာပါ ။ ဒီထက်ပို အံ့သြစရာကောင်းတာက သူတို့ ၏ လက်များ ခြေထောက်များဟာ ချန်ရှန်၏ ကိုယ်မှာ ကော် ဖြင့် ကပ်ထားသလိုကို လှုပ်မရ ဖြစ်နေတာပါပဲ ။ ဒါ့ အပြင် သူတို့၏ ချီဓာတ်များကိုလည်း အသုံးပြုလို့မရတော့ ပါဘူး ။
လူတိုင်းဟာ ကြောင်နေတုန်းမှာပဲ ချန်ရှန် လှုပ်ရှား မှုကို စတင်လိုက်တယ် ။ သူ၏ လက်သီးအား အရှေ့ ရှိ လူ အား ပြင်းထန်စွာ ထိုးချလိုက်တာပါ ။ လက်သီးဟာ သာမန် လက်သီးထိုးချက်လိုပါပဲ ဒါပေမယ့် ထိသွားတယ့်လူမှာ ပေ ၃၀၀ လောက်ထိကို လွင့်ထွက်သွားပြီး ဒီလို လွင့်ထွက်နေ တုန်းမှာပဲ သွေးများဟာ တစက်စက်ကျလျက် မြေကြီးပေါ် ကို ပစ်လဲသွားပါတော့တယ် ။
“ဟုတ် ပြီ ၊ ဟုတ်ပြီ”
ချန်ရှန် လှောင်လိုက်တယ် ။ သူပြောနေတုန်းမှာပဲ သူ၏ ၀တ်ရုံဟာ အမှုန်များ ဖြစ်သွားတာကို မြင်လိုက်ကြ ရပြီး ကျစ်လျစ်တောင့်တင်းလှတယ့် ကြွက်သားများဟာ ပေါ်လာပါတော့တယ် ။ တချိန်တည်းမှာပင် မီးကဲ့သို့ အနီ ရောင် အငွေ့ များဟာ သူ၏ အသားအရေမှ ထွက်လာပြီး မမြင်နိုင်တယ့် အပူချီဓာတ်များဟာ အရပ်မျက်နာ ပေါင်းစုံ ကို ထွက်သွားကြတယ် ။ ထိုအပူဒဏ်ကို လူတိုင်းကို နေ မထိ ထိုင်မသာ ဖြစ်နေစေပါတယ် ။
ထိုအချိန်မှာပဲ ၊ သူ့ခေါင်းပေါ်ကို ကန်တဲ့လူနဲ့ သူ့နောက် မှ ကန်တဲ့လူ ၂ ယောက်တို့ဟာလည်း စူးစူး ဝါးဝါး အော် ဟစ် ကာ သူတို့၏ ပါးစပ်များမှ သွေးများဟာ ထွက်ကျလာ ပါတော့တယ် ။ မျက်နာများဟာလည်း နာကျင်မှု ကြောင့် ရှုံ့ တွနေပြီး ချန်ရှန်ကိုယ်မှ ထွက်သော ချီဓာတ်ကို မခံစား နိုင်ကြပါဘူး ။
“ဟဟ”
ချန်ရှန် ခပ်အေးအေးပင် လှောင်လိုက်ကာ သူ၏ ကိုယ် မှ ချီလှိုင်းကြီး တစ်ခုအား ထုတ်လွှတ်လိုက်တယ် ။ ထွက် ပေါ်လာတယ့် ချီလှိုင်းကြီးဟာ ထိုလူ လေးယောက်ကို ထိ မှန်သွားပြီးနောက်မှာတော့ ၎င်းတို့သည်လည်း သွေးများ ပါးစပ်မှ ထွက်ကာ အဝေးသို့ လွင့်ထွက် သွားကြပါတော့ တယ် ။
ချန်ရှန်ဟာ ၎င်းတို့အား ဒဏ်ရာကြီးကြီးမားမား ရအောင် ပြုလုပ်ခြင်း မရှိပါဘူး ။ အနည်းငယ်သော နာ ကျင် မှုကိုသာ ပေးတာဖြစ်ပြီး သူတို့ ရှုံးသွားပါက ဆက်မ တိုက်ရသဖြင့် ထိုကဲ့သို့ ဖြစ်အောင်သာ လုပ်ခြင်းပါ ။
“မင်းတို့ အရှုံးပေးမလား ဆက်တိုက်မလား ၊ တိုက်ရင် တော့ ငါက လုံးဝ ညှာလိမ့်မယ် မထင်နဲ့ ။ မင်းတို့ဘာ ကောင်တွေဖြစ်ဖြစ် ငါဂရုမစိုက်ဘူး”
ချန်ရှန် က မျက်နာသေဖြင့် ပြောပါတယ် ။ ဒေါသတကြီး လေသံကို အားလုံး ကြားလိုက်ကြရတယ် ။
ယခုအချိန်ရှိ ချန်ရှန် ဟာ လုံးဝကို ဒေါသထွက်နေတာ ဖြစ်ပြီး တော်တော် လည်း ကြောက်စရာကောင်းနေပါ တယ် ။
မျက်စိတမှိတ် အတွင်းမှာပဲ အတွင်းစည်း ပထမ အဆင့် ခြံဝန်း ၏ လူလေးယောက်အား အနိုင်ယူလိုက်တာ ပါ ။ ဒီလို စွမ်းအားကြောင့် လူတိုင်းဟာ သူ့ကို တော်တော် ကို ပင် ကြောက်လန့်သွားကြတယ် ။
ခပ်လှမ်းလှမ်း ရှိ ဆရာကြီး ဝု မှ တစ်ခုခုကို စိုးရိမ် ပူပန် ဟန်ဖြင့် –
“ဂိုဏ်းချုပ်ရေ ၊ ကျွန်တော်တို့ ဒီကောင်လေးကို မတား သင့်ဘူးလား ။ သူရက်ရက်စက်စက် တွေ လုပ်မှာဆိုး တယ် ၊ ပြိုင်ဖက်ကိုတောင် သတ်ပစ်ချင် သတ်ပစ်နိုင်သေးတယ်”
“မလို ပါဘူး ၊ ဒီကောင်လေးရဲ့ လှုပ်ရှားမှုတိုင်းဟာ တော်တော်ကို တွက်ချက်ပြီးမှလုပ်တာ ။ အများဆုံး ဒီလူတွေကို ကျိုးကြေသွားစေရုံလောက်ပဲ ။ ခင်ဗျားက ဘယ် သူ မရိုးမဖြောင့်လုပ်လဲဆိုတာပဲ စောင့်ကြည့်ပြီး အပစ်ပေးဖို့ လုပ်ပါ”
ဂုဒွန်ချန် ပြောလိုက်တယ် ။ သူ၏ လက်များကို နောက် ပစ်ကာ ချန်ရှန်ကို ကြည့်နေပါတယ် ။
“ဒီ ကောင်လေး ခုနက သုံးသွားတာ ထိုက်ကျိ နတ်နဂါး ကျင့်စဉ်ပဲ ၊ ကျွန်တော့် ဆရာက ဒီလိုအကွက်မျိုးကို တစ်ခါ ပြောဖူးတယ် ။ ဒီစွမ်းအင်း အသုံးပြုသူ နဲ့ ၎င်းရဲ့ ပြိုင်ဖက်ရဲ့ ချီဓာတ်ဟာ ကွာခြားမှုဟာ ကြီးမားရင် ပိုပြီး သက်ရောက်မှု ရှိတယ်”
“ဒါဆို သူ က တကယ်ပဲ ဟိုလူကြီးရဲ့ ပညာမွေကို ရလိုက်တာပေါ့ ၊ ဒါဆို သူ့မှာ ယင် နဲ့ ယန် . . .”
ဆရာကြီး ဝု အလန့်တကြားပြောလိုက်တယ် ။ သူ့မျက် နာမှာလည်း သွေးမရှိတော့သလိုပင် ဖြစ်သွားပါတယ် ။
ဂိုဏ်းချုပ်က ခေါင်းညိမ့်ကာဖြင့် –
“ဖြစ်နိုင်ပါတယ် ။ သူ ချီဓာတ် မျိုးစုံကို အသုံးပြုနိုင် တယ်လို့လည်း ကျွန်တော် ကြားထားတယ်”
မီးတောက်များဟာ ချန်ရှန် ၏ ကိုယ်မှ ထွက်နေကြ တယ် ။ ဒီမီးတောက်များလိုပဲ သူ၏ ရင်ထဲရှိ ဒေါသများ ဟာ လည်း ပြင်းထန်လျက်ရှိတယ် ။ သူ၏ ပုံစံမှာ ဒေါသထွက် နေ တဲ့ မီးဘုရင် တစ်ပါးလိုပါပဲ ။
“ဘယ်သူ လာရဲသေးလဲ ၊ ခုလာခဲ့ကြ”
ချန်ရှန် မျက်လုံးများ မှေးစဉ်းနေတယ် ။ တစ်ဖက်မှာ ရှိ နေတယ့် ရုပ်သန့်သန့် လူ ၅ ဦးအား ကြည့်နေတာပါ ။ ၎င်း တို့အားလုးံဟာ ပြင်းထန်သော သိုင်းပညာစီရင်စုမှ ထင်ရှား သောမျိုးနွယ်များ၏ မျိုးဆက်သစ် ကလေးများ ဖြစ်ပါတော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset