Switch Mode

Chapter – 115

နံပါတ်တစ်ခြံဝန်းအား စိန်ခေါ်ခြင်း

Chapter – 115 နံပတ်တစ်ခြံဝန်းအားစိန်ခေါ်ခြင်း

“အမတော်ကြီး ၊ချန်ရှန်လို့ ခေါ်တယ့် ကောင်လေးက သခင်လေး မိုနဲ့ စ်ိန်ခေါ်နေပြီတဲ့ ။ သွားမကြည့်ဘူးလား ၊ ဒီနေ့ချမှာနော် ။ နေရာကတော့ အတွင်းစည်း နံပတ် ၁ ခြံဝန်း ထဲမှာ”
ဝုရှောင်ဒီ ဟာ လှပစွာ ၀တ်ဆင်လျက် အဝါရောင် ၀တ် ကောင်မလေးအား ပြောလိုက်ပါတယ် ။
ဝုကွမ်ချင် လည်း နည်းနည်း အံ့သြသွားမိတယ် ။ သူမ ဟာ ချန်ရှန် တော့ သေချာပေါက် ဒီလို စိန်ခေါ်မယ်ဆိုတာ သိပေမယ့် ဒီလောက်မြန်မြန်ကြီး လုပ်လိမ့်မယ်လို့ မထင်မိ ခဲ့ပါ ။
“ရှောင်ဒီ ၊ သွားကြစို့ ၊ ဒီ ချန်ရှန် ဆိုတယ့်လူ ဘယ်လို စွမ်းအားကြီးလဲဆိုတာ ကြည့်ချင်တယ်”
ရှောင်ဒို က ခပ်လှောင်လှောင် လေသံဖြင့် –
“ဟက် ၊ ဒီစိတ်ပျက်စရာလူက သေချာပေါက် သခင်လေးမို လက်ချက်နဲ့ အညိုအမည်း ဆွဲတော့မှာ ၊ ဒီနေ့ ကျွန်မ ခံစားခဲ့ရတယ့်အရှက်ကွဲမှုကနေ လွတ်မြောက်နိုင် တော့မှာ”
ဝုကွမ်ချင် က လက်လျော့ဟန်ဖြင့် –
“မင်း ခုပွဲကြည့်ရင် အကျိုးကျေးဇူးတွေ ရမှာပါ ။ သွားစို့”
ရှောင်ဒို နှာခေါင်းရှုံ့ကာ ခြေဆောင့်ပြီး ညင်သာစွာပင် ရယ်နေတယ် ။ သူမ ချန်ရှန် ရင်ဘတ်ကို ပွတ်သွတ်လိုက် တာကို ပြန်စဉ်းစားမိပြီး မျက်နာများ ရဲလာပြန်ပါတယ် ။
သက်ကြီးခြံဝန်း၏ လျို့ ဝှက် ဆန်းကြယ်နယ်ပယ်ထဲ မှာ တော့ ဆရာကြီးဝု နဲ့ ဂိုဏ်းချုပ်တို့ ရှိနေကြတယ် ။ ဆရာကြီး ဝုက ပြုံးပြီး –
“ဂိုဏ်းချုပ် ၊ ကျွန်တော်တို့ သွားကြည့်သင့်မသင့် ဆုံး ဖြတ်ပေးပါဦး ။ ဒီ ဦးရီးတော်လေး ဘယ်လို ဖြစ်မလဲ လို့ သွားကြည့်ကြပါစို့ ။ သူတကယ်ပဲ အဆင့် ၁ ခြံဝန်းကို တစ် ကိုယ်တည်း စိန်ခေါ်လိုက်တာနော်”
ဂုဒွန်ချန် ခပ်ပြုံးပြုံးပင် –
“ဒါပေါ့ ။ ကျွန်တော်တို့ သွားကြမယ် ။ ကျွန်တော်က တော့ ဒီကောင်လေး ရှုံးဖို့ မျှော်လင့်မိတယ် ။ အဲဒိအခါ ကျွန်တော်တို့ ရှေ့ မှာ သူမာန ကြီးနိုင်ပါဦးမလားဆိုတာ ကြည့်ချင်တယ်”
ဂုဒွန်ချန် နဲ့ ဆရာကြီး ဝု တို့ လည်း လျို့ ဝှက်ဆန်းကြယ် နယ်ပယ်မှ ထွက်လာကြပြီးနောက်မှာတော့ များစွာသော လူအုပ်ကြီးကို မြင်တွေ့ လိုက်ကြရပါတယ် ။
၂ နှစ်လောက် ပျောက်ကွယ်နေခဲ့ပြီးနောက် ချန်ရှန် ဟာ ပြန်ပေါ်လာခဲ့ပြီး ချက်ချင်းပင် ကမ္ဘာမြေကြီးတုန်လှုပ် သွားစေလောက်သည့် အခြေအနေကို ဖန်တီးလိုက်တာပါ ပဲ ။ သူ့နာမည်ဟာ ဂိုဏ်းတစ်ခုလုံးအတွင်းမှာ ပြန်လည် လွှမ်းမိုးသွားပြန်ပါပြီ ။
ချန်ရှန်ဟာ ဂိုဏ်းအတွင်းမှာ ကျော်ကြားသူတစ် ယောက် ဖြစ်ရုံသာမက စီရင်စုထဲမှာလည်း ဂုဏ်သတင်း မွှေးသူ တစ်ယောက် ဖြစ်ပါတယ် ။ အဘယ်ကြောင့် ဆို သော် သူဟာ သားရဲဂိုဏ်းမှ စစ်မှန်သော နောက်လိုက် တစ် ယောက်အား သတ်လိုက်တာဖြစ်ပြီး ထိုဂိုဏ်းမှ ချန်ရှန်ခေါင်းအား ဖြတ်နိုင်ပါက သလင်းကျောက် တစ်သိန်း ပေးမည်ဟုပင် ကြော်ငြာထားတာပါ ။ ဒါဟာ သိုင်းလောက မှာ တော်တော် များတဲ့ပမာဏပါပဲ ။ ဒီလို ဆု ငွေကို ရဖို့အတွက် က လူများစွာဟာ ချန်ရှန် ရဲ့ ဇစ်မြစ်အား စုံးစမ်း လျက်ရှိကြပါတယ် ။
အတွင်းစည်းရဲ့ ပထမဆင့်ခြံဝန်းထဲမှာတော့ မိုယုဝမ် နဲ့ လူ ၉ ယောက်ဟာ ရပ်နေကြတယ် ။ သူတို့ဟာ မြေကွက် လပ် အလယ်မှာ ရှိနေကြတာဖြစ်ပြီး ချန်ရှန်လည်း ထိုနေရာမှာ ရှိနေပါတယ် ။ ထောင်ပေါင်းများစွာသော အတွင်းအပြင် စည်း မှ နောက်လိုက်များဟာ မိုယုဝမ် တို့ နောက်မှာ ရပ်နေကြတာဖြစ်ပြီး ဒီလူတွေဟာ သူတို့ရှေ့ မှာ ရှိတယ့် လူ ၁၀ ယောက်ရဲ့ လွှမ်းမိုးမှုကို ခံထားရတာလည်း ဖြစ်ပါတယ် ။ ချန်ရှန်ဘက်မှာတော့ ယန်ရှောင်ဒို ၊ ဇုရွန် နဲ့ ဆူဝဲလောင် တို့ ၃ ယောက်သာ ရှိ နေ ကြပါတယ် ။
မိုယုဝမ်ဟာ ခပ်တည်တည်ပါပဲ ၊ ထို့နောက်ပြုံးပြီး –
“ဆူဝဲလောင် မင်း သူတို့နဲ့ ပေါင်းမိသွားမယ်လို့ မထင် မိခဲ့ဘူး ။ ဒါပေမယ့် အံ့သြစရာပဲ ဒီနေ့ သူက ငါတို့အားလုံး နဲ့ တစ်ယောက်တည်း တိုက်ဖို့ လာတယ်ပေါ့”
“မင်းလဲ ဒီလောက်လူအများကြီး လာလိမ့်မယ်လို့ မထင်မိဘူးမလား”
ချန်ရှန် ပြုံးကာ ပြန်ပြောလိုက်တယ် ။
လေးထောင့်ကွင်းပြင်ကြီးထဲမှာ လူများစွာဟာ ကြည့်ရှု ရန် ရောက်နေကြတာပါ ။ ဒီလူအုပ်ထဲမှာ ထင်ရှားသူတွေ လည်း ပါပါသေးတယ် ။ အချောအလှဆုံး ယောကျာ်းလေး ၁၀ ယောက် မိန်းကလေး ၁၀ ယောက် သာမက စစ်မှန် သော သိုင်းပညာနယ်ပယ်မှ သိုင်းပညာရှင်များပါ ရှိနေကြ ပါတယ် ။
ဒီအချိန်မှာ ဇုရွန်ဟာ ချန်ရှန်၏ ပခုံးကို ပုတ်ကာဖြင့် နား နားသို့ ကပ်ပြောပါတယ် ။
“ညီတော်လေး ချန် ၊ ဟိုမှာ ချစ်စရာကောင်မလေး တစ် ယောက်ကို မြင်လား ၊ အဲဒါ င့ါညီမ ဇုရိုရူပဲ”
ချန်ရှန် တစ်ချက် လှည့်ကြည့်လိုက်တယ် ။ ပန်းရောင် စကပ်လေးကို ၀တ်ဆင်ကာ လူအုပ်ကြားထဲ မတ်တပ်ရပ် နေတယ့် ကောင်မလေးတစ်ယောက်ို တွေ့ လိုက်ရပါတယ် ၊ သူမ ဘေးမှ ကောင်မလေးများမှာ အကုန်လှပ ကြသော် လည်း သူမ မှာ ပိုမိုထင်ပေါ်စွာ လှပလျက်ရှိတယ် ။ လှပ ချို သာလှတယ့် အပြုံးကို သူမ မျက်နာပေါ်မှာ မြင်ရပြီး သူမ တစ်ကိုယ်လုံးဟာ သွယ်လျ လှပါလှပါတယ် ။
“မဆိုးပါဘူး ၊ ဒါပေမယ့် ကျွန်တော် စိတ်မ၀င် စားဘူး ဗျ”
ချန်ရှန် ခပ်တိုးတိုး ပြောလိုက်တယ် ။
ဒီအချိန်မှာပဲ ရှောင်ဒိုမှလည်း ချန်ရှန် အင်္ကျီလက်ကို ဆွဲကာ အဖြူရောင်စကပ်အား ၀တ်ဆင်ထားသော ကောင် မလေးကို ပြပြီးနောက် –
“သူမက ကျွန်တော့ အမလေ ၊ အလှဆုံး ၁၀ ယောက် မှာ ဒုတိယ နေရာရထားတယ့် ယန်စုရီ ပဲ”
ချန်ရှန် တစ်ချက် ကြည့်လိုက်ပြန်ပါတယ် ။ ကောင်မ လေးဟာ အရပ်ရှည်ရှည်ဖြင့် ရင့်ကျင့်ပုံပေါ်ပြီး လှပလှပါ တယ် ။ ဇုရွန် ၏ ညီမနဲ့ တော်တော် ကွာခြားတာကတော့ ဇုရွန် ညီမဟာ ချစ်စရာကောင်းပြီး လှပ ကလေးဆန် လှကာ ရှောင်ဒို အမကတော့ ရင့်ကျက်ဟန် ရှိပြီး လှပါတာ ပါပဲ ။
ဆူဝဲလောင် က ကျိန်ဆဲနေတယ် ။
“မင်းတို့ ဒီကို လာတာ တိုက်ဖို့လား ငမ်းဖို့လားဟ ၊ မင်းတို့ မချတော့ဘူးဆိုလည်း ငါလစ်တော့မယ်”
မိုယုဝမ် နဲ့ သူ့အဖွဲ့ ဟာ ဟန်လုပ်ကာနေရပြီး ချန်ရှန် ကို အနည်းငယ် ရှိနေကြပါတယ် ။ ချန်ရှန် ၊ ဇုရွန် နဲ့ ရှောင်ဒို တို့ ကောင်မလေးတွေ အကြောင်းပြောနေမယ်လို့ မမျှော်လင့် မိကြပါ ။ ဒီလိုလုပ်ခြင်းဟာ သူတို့ကိုဂရုမထားရာရောက် သဖြင့် သူတို့ သိပ်ပြီး မကျေနပ်ကြပါဘူး ။
သူတို့ဟာ ရှောင် ဒို နဲ့ ဇုရွန် တို့မှ သူတို့၏ ညီအမ များ ကို ချန်ရှန် နဲ့ မိတ်ဆက်ပေးနေတာကို မသိကြပါ ။
“အလွန်ပဲ လှပကြပါတယ် ။ တကယ်ကို ဒီလို အလှဆုံး စာရင်းမှာပါဖို့ ထိုက်တန်လှတယ် ။ မင်းတို့ သွားပြီး သူတို့ ကို ပြောလိုက်ပါ ။ ငါ့မှာ မိန်းမ သုံးယောက်နဲ့ ကိုယ်လုပ် တော် ၄ ယောက် ရှိမှာကို ကျေနပ်မယ် ဆိုရင် အချိန်မရွေး လာနိုင်ပါတယ် လို့ ။ ဒီက ဖေဖေကြီးက လူပျိုစစ်ပါလို့ ဟဲဟဲ”
ချန်ရှန် နောက်နေပါတော့တယ် ။
မိုယုဝမ် ထပ်မစောင့်နိုင်တော့ပဲ အေးစက်စွာဖြင့် –
“မင်းတို့ တိုက်မှာလား မတိုက်ဘူးလား”
“ဒါပေ့ါ ၊ ငါတို့ တိုက်မှာ ၊ ဒါပေမယ့် စည်းမျဉ်းတွေ အရင် ပြောပါဦး”
ချန်ရှန် ချောင်း ၂ ချက်ခန့် ဆိုးကာ မေးလိုက်တယ် ။ ဇုရွန် နဲ့ ရှောင် ဒိုတို့က ချန်ရှန် ကို စိုးရိမ်တဲ့ အကြည့်နဲ့ လှမ်း ကြည့်နေကြပါတယ် ။
မိုယုဝမ် မှ –
“ခုနက မင်းတိုက်ဖို့ ပြောလိုက်တယ်နော် ၊ ငါ့ဖက်မှာ များစွာသော နောက်လိုက်တွေ ရှိနေကြတယ် ။ သူတို့အား လုံးဟာ ပထမဆင့် နောက်လိုက်တွေလို့ သတ်မှတ်လို့ ရတယ်”
ရှောင်ဒို ဒေါသတကြီဖြင့် ထအော်ပါတော့တယ် ။
“သောက်ရူးလား ၊ ဒီလူတွေကြားမှာ တော်တော်များ များ က အတွင်းစည်း ဖြစ်ဖို့တောင် မတန်တဲ့လူတွေ ပါသေးတယ်”
အရင်တည်းက မိုယုဝမ်ဟာ ချန်ရှန်အား ရှုံးနိမ့်စေရန် အကွက်ချထားပြီး ဖြစ်သဖြင့် ဒီလို လုပ်လိ်ုက်ခြင်းပါ ။
“အတိအကျ ပဲ ၊ သူတို့ဟာ ပထမဆုံးခြံဝန်းက လူတွေ ဆိုရင် သူတို့ကို ပေးရတယ့် ငါတို့ ဂိုဏ်းဟာ မွဲသွားဖို့ပဲ ရှိ တယ် ။ အရူးလာမလုပ်စမ်းပါနဲ့ကွာ”
ဇုရွန် အေးစက်စက် ပြောလိုက်တယ် ။
“ငါက ဒီ ပထမဆုံး ခြံဝန်းရဲ့ ခေါင်းဆောင် တစ်ဦးပဲ ၊ ငါ ပြောတာကို နာခံကြမှာ ။ သူတို့ဟာ ဒီမှာအမြဲနေသူတွေ မဟုတ်ကြပေမယ့် အများအားဖြင့် မကြာခဏ ဒီကို လာ ရောက်ကြသူတွေဖြစ်တယ် ။ ဒါ့အပြင် ဂိုဏ်းက ပြုလုပ်တဲ့ မစ်ရှင်တွေကို လည်း အောင်မြင်ထားကြတာပဲ ။ သူတို့ အား လုံး မစ်ရှင်တစ်ခုစီတော့ အနည်းဆုံး အောင်မြင်ပြီး သွားကြပြီလေ”
မိုယုဝမ် က ပြောပါတယ် ။
ချန်ရှန် က ရယ်မောကာဖြင့် –
“ဆိုလိုတာက သူတို့ အောင်မြင်ခဲ့တဲ့ အလုပ်တွေ အတွက် မင်းက ဆုထပ်ပေးသေးတယ်လား ၊ မင်းဒီလို လူ များစွာကို တပ်သားသစ် စုဆောင်းနေမယ်လို့ မထင်မိဘူး”
မိုယုဝမ်၏ ပုံစံပြောင်းသွားပြီးနောက် –
“မင်း သဘောမတူရင် ထွက်သွားပါ”
ချန်ရှန် သာ သဘောတူပါက သူဟာ လူထောင်ပေါင်း များစွာ နဲ့ တိုက်ခိုက်ရမှာဖြစ်ပါတယ် ။ လူတစ်ယောက်ဟာ ဒီလို လုပ်နိုင်ပါမည်လော ၊ လူတိုင်းဟာ ဒါသက်သက် ညစ် တာလို့ ခံစားလိုက်ကြရတယ် ။ သူတို့သာ ချန်ရှန် နေရာမှာ ဆိုပါက သဘောတူမှာ မဟုတ်ပါဘူး ။ ဒါပေမယ့်လည်း ချန်ရှန် ကတော့ –
“အိုကေ ၊ ငါ တိုက်မယ် ဒါပေမယ့် တစ်ခုပြောချင်တာ က လူ ၉ ယောက်လုံး ရှုံးမှသာ သူတို့ ၀င်တိ်ုက်ခွင့်ပြုမယ်”
“ဟုတ်ပြီ ။ သူတို့ အားက နည်းနည်း ပျော့ပါတယ် ။ သူတို့ မင်းဆီက စုပြီး ပညာယူပါစေ”
မိုယုဝမ် ပြောလိုက်တယ် ။
ယခုတော့ ချန်ရှန် ဟာ မိုယုဝမ်၏ ကြောင်သူတော် မျက်နာကို ရှင်းလင်းစွာ မြင်လိုက်ရပါပြီ ။ သေမလောက် ယဉ်ကျေးပြနေပေမယ့် စိတ်ထဲမှာတော့ အညစ်အကြေး အပြည့်ဖြင့် လူမျိုးပဲ ဖြစ်ပါတော့တယ် ။
လူတိုင်းအံ့အားသင့်သွားတာကတော့ ချန်ရှန် လက်ခံ လိုက်တာပါပဲ ။ သူ အတွင်းစည်းမှ ၉ ယောက်ကို နိုင်မယ် ဆိုရင်တောင်မှပဲ ဒီလို ထောင်ပေါင်းများစွာသော နောက် လိုက်များကို နိုင်ဖို့ဆိုတာ မဖြစ်နိ်ုင်သလောက်ပါပဲ ။ ၎င်း တို့ အားလုံးဟာ အနည်းဆုံး အဆင့် ၉ ရှိသူများဖြစ်ပြီး ချန်ရှန် ဟာ ဆင်တစ်ကောင် ဖြစ်ရင်တောင်မှပဲ ပုရွတ်ဆိတ်များ ကိုက်တဲ့ ဒဏ်ကို ခံစားနိုင်မှာ မဟုတ်ပါဘူး ။
“အရူး ၊ မင်း ရှုံးရင် ဘယ်လိုလုပ်မလဲ ၊ ဒါငရဲဝိဉာဉ် တော် မြက်ဟ”
ဇုရွန် ကျိန်ဆဲနေပါတယ် ။
ရှောင်ဒို သူ့ကို ချသွားသည့် လူငါးယောက်ကို မျက်လုံး စိမ်းများဖြင့် ကြည့်ကာ အံကြိ်တ်ကာဖြင့် –
“အကိုတော် ချန် ၊ ခင်ဗျား သူတို့ လုပ်ခဲ့တာအတွက် သေချာ ပြန်ပေးဆပ်ခိုင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ ကျွန်တော့် စွမ်းအား ကြီးလာတယ့် နေ့ကို စောင့်ပါ ၊ အဲဒီနေ့ ကျရင် ဒီလူတွေ အားလုံးကို ကျွန် … ကျွန် တော် သတ် . . . .သတ် ပစ် မယ်”
ရှောင်ဒို ဒီလို ပြောပြီးနောက်မှာတော့ သူ၏ အမရှိရာ သို့ လျှောက်သွားပါတော့တယ် ။ ဇုရွန်လည်း ထို့အတူပါပင် ၊ သူ၏ ညီမထံသို့ သွားနေပါတယ် ။
“မင်း တကယ်ပဲ င့ါ အကူအညီ မလိုဘူးပေါ့”
ဆူဝဲလောင် မေးလိုက်တာပါ ။ သူ ဟာ ချန်ရှန် ဘေးမှာ ရပ်နေဆဲပါပဲ ။
“မလိုပါဘူးဗျာ ၊ ခင်ဗျား နောက်ဆုတ်ပြီးသာ ကြည့်နေ ၊ ခင်ဗျား အဆင့် ၁ ခြံဝန်းကို ရောက်ရမယ် ဟုတ်ပြီလား”
ချန်ရှန် တီးတိုး ပြောလိုက်တယ် ။ ရက်စက်ဟန် ရှိတယ့် အပြုံးတစ်ခုလည်း သူ၏ မျက်နာပေါ်မှာ ပေါ်သွားပါ တော့တယ် ။ ဒီလို အပြုံးကြောင့်ပဲ ဆူဝဲလောင် ၏ ရင်ထဲ တွင် တော်တော် ကြီး တုန်လှုပ်သွားပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset