Switch Mode

Chapter – 1246 & 1260

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၄၆)

မဟာကောင်းကင်ဆွဲအား ပညာရပ်သည် ကောင်းကင်နတ်ဘုရား ပညာရပ်ကိုးခုထဲမှ တစ်ခု ဖြစ်ပေသည်။ ကောင်းကင်နတ်ဘုရား ပညာရပ်များသည် ထုန်းရွှမ်လောကကြီးမှ အရင်းတည်လာခြင်း ဖြစ်သော်လည်း အလွန်ကိုမှ အားကောင်းလှသည်။ ထို့ကြောင့် မဟာကောင်းကင်ဆွဲအား ပညာရပ်ကို မှော်ရတနာစိတ်ဝိဥာဉ်အပေါ် သုံးလိုက်၍ သူပြန်ဒဏ်ရာ ရသွားမည်ကို ရန်ကိုင် မကြောက်ခြင်း ဖြစ်သည်။

အကုန်လုံးသည် အဆင်ပြေပြေ ချောချောမွေ့မွေ့နှင့် ပြီးဆုံးသွားခဲ့သည်။ မှော်ရတနာစိတ်ဝိဥာဉ်၏ ဝိဥာဉ်အပိုင်းအစကို ရလိုက်ပြီး သူ့အသိစိတ်ပင်လယ်ထဲတွင် သိမ်းထားလိုက်လေသည်။

ဤနည်းဖြင့် မှော်ရတနာစိတ်ဝိဥာဉ်၏ သေခြင်းရှင်းခြင်းကို သူထိန်းချုပ်နိုင်သွားလေပြီ။ ထိုကောင်သာ သူ့အား တစ်ခုခု အကောက်ကြံမည်ဆိုပါက ထိုဝိဥာဉ်အမှတ်အသားကို ဖျက်စီးပစ်လိုက်ရုံပင်

ဝိဥာဉ်အမှတ်အသားကို ဆုံးရှံးသွားပြီးနောက် မှော်ရတနာစိတ်ဝိဥာဉ်၏ မျက်နှာ ရှုံ့သွားခဲ့သည်။ တောင်ပံနှစ်ဖက်ကို တဖျက်ဖျက်ခတ်ပြီး ရန်ကိုင်အားကြည့်ကာ စူးစူးဝါးဝါး အဆက်မပြတ် အော်ဟစ်သည်။ မှော်ရတနာစိတ်ဝိဥာဉ် စိတ်ညစ်နေပြီမှန်း သူသိသည်။ သို့သော် ဂရုမစိုက်ချေ။ ထို့နောက် ပန်ပဲမီးဖိုအား ဖုံးလွှမ်းထားသည့် ရေခဲများကို ဖယ်ရှားလိုက်လေသည်။ မှော်ရတနာစိတ်ဝိဥာဉ်ကို အညံ့ခံအောင် လုပ်ပြီးသွားပြီ ဖြစ်လေရာ ပန်းပဲမီးဖိုကို ဆက်ခဲထားစရာ မလိုတော့ချေ။ ပန်းပဲမီးဖိုအား ခဲထားခြင်းသည် မှော်ရတနာစိတ်ဝိဥာဉ်ကို မည်သည့်ဒဏ်ရာမှ မရစေသော်လည်း သူ့အား အတော်လေးကိုမှ ထိခိုက်စေပေသည်။

ပန်းပဲမီးဖိုပေါ်မှ ရေခဲလွှာများ ကွာကျသွားသည်ကိုမြင်သော် မှော်ရတနာစိတ်ဝိဥာဉ်၏ ဒေါသ အတော်လေး ပြေလျော့သွားခဲ့သည်။ သို့သော်လည်း ကလေးဆိုးလေး တစ်ယောက်ကဲ့သို့ စိတ်ကောက်နေဆဲ။

ရန်ကိုင်က တစ်ခုခုကို စဉ်းစားမိသွားပြီး သူ့လက်ချောင်းကို ဆန့်ထုတ်၍ ရွှေရောင်သွေးစက် တစ်စက်ကို ထုတ်ပြလိုက်ကာ မေးလိုက်သည် “မင်းဒါလိုချင်လား”

နတ်ဘုရားသစ်ပင်သည် ရွှေရောင်သွေးစက် နှစ်စက်ကို သောက်ပြီး ချက်ချင်း ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်တွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ရွှေရောင်သွေးစက် နတ်ဘုရားသစ်ပင်အား အကျိုးပြုသည်ကို ရန်ကိုင် နားလည်နိုင်သည်။ တကယ်တော့ ရွှေရောင်သွေးစက်ထဲတွင် သိပ်သည်းလှသော အသက်စွမ်းအင်များ ပါဝင်နေသည် မဟုတ်ပေလော။

သို့သော်လည်း ထိုရွှေရောင်သွေးစက်အား မှော်ရတနာစိတ်ဝိဥာဉ် စိတ်ဝင်စားမလား၊ စိတ်မဝင်စားဘူးလား ဆိုသည်ကိုမူ ရန်ကိုင် မသိချေ။ ထိုကောင်သာ စိတ်ဝင်စားမည်ဆိုပါက သူနှင့်ထိုကောင်ကြားမှ ဆက်ဆံရေး ပို၍ တိုးတက်လာနိုင်ပေသည်။

သို့သော်လည်း မှော်ရတနာစိတ်ဝိဥာဉ် စိတ်မဝင်စားလောက်ဘူးဟု ထင်သော်လည်းငြာ ရွှေရောင်သွေးစက်ကို မှော်ရတနာစိတ်ဝိဥာဉ် အမှန်တကယ် စိတ်ဝင်စားသွားခဲ့ပေသည်‌။ ရွှေရောင် သွေးစက်ကို မြင်လိုက်သည်နှင့် မှော်ရတနာစိတ်ဝိဥာဉ်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့ပြီး ချက်ချင်းပဲ အလင်းတန်းတစ်ခု အသွင်သို့ပြောင်းကာ ရန်ကိုင်ဆီ ပြေးဝင်လာလေသည်။

ရန်ကိုင် ချက်ချင်းပဲ သူတော်စင်ချီကို လှည့်ပတ်ကာ ခုခံရန် ပြင်လိုက်သည်။ သို့သော် မှော်ရတနာစိတ်ဝိဥာဉ်ဆီမှ မည်သည့် ရန်လိုစိတ်ကိုမှ မခံစားမိသော် ချက်ချင်းပဲ သူ့စိတ်ကို ဖြေလျော့လိုက်သည်။

အနီရောင်အလင်းတန်းသည် ရန်ကိုင်အား ဖြတ်ကျော်သွားပြီး သူ့လက်ချောင်းထိပ်ပေါ်မှ ရွှေရောင်သွေးစက်ကိုပါ ယူသွားခဲ့သည်။ ခဏအကြာတွင် အနီးအနား တစ်နေရာ၌ မီးငှက် ပြန်ပေါ်လာခဲ့သည်။ ယခင်က မှေးမှိန်ကာ ပျောက်ကွယ်တော့မလိုပင် ဖြစ်နေသော မီးငှက်၏ ခန္ဓာကိုယ်သည် အလွန်ကိုမှ မြန်ဆန်သော အမြန်နှုန်းဖြင့် တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာနေခဲ့သည်။

ရန်ကိုင် ကြောင်သွားခဲ့သည်။

ရွှေရောင်သွေးစက်ကို ထုတ်ပြလိုက်ရခြင်းမှာ သူ့အဖိုးတန်ရတနာများအနက် ရွှေရောင် သွေးစက်သည်သာ အခြားသူများဆီ ဝေငှပေးနိုင်သောကြောင့် ဖြစ်ပေသည်။ စမ်းသပ်ခြင်းသာ ဖြစ်ပြီး တကယ်ကြီး အလုပ်ဖြစ်သွားမည်ဟု မထင်ထားခဲ့ချေ။ ထို့အပြင် ရွှေရောင်သွေးစက်သည် မီးငှက်အား ကြီးကြီးမားမား ကူညီပေးနိုင်လိမ့်မည်ဟုလည်း မထင်ထားခဲ့ချေ။

သေချာစဉ်းစားကြည့်လိုက်သည့်အခါ ရန်ကိုင် နားလည်သွားခဲ့သည်။ မှော်ရတနာစိတ်ဝိဥာဉ်သည် ရုပ်ခန္ဓာကိုယ်ကို မပိုင်ဆိုင်ထားသော်လည်း ၎င်း၏ လက်ခံသူသည် ပန်းပဲမီးဖိုဖြစ်သည်။ အသိဥာဏ်ရအောင် လုပ်နိုင်ခဲ့သဖြင့် ထိုမှော်ရတနာစိတ်ဝိဥာဉ်သာ သာမန်မှော်ရတနာစိတ်ဝိဥာဉ် တစ်ခု မဖြစ်နိုင်ချေ။ ထိုအရာနှင့် ပန်းပဲမီးဖိုကြားမှ ဆက်ဆံရေးကို ဖြတ်တောက်နိုင်ပြီး၊ သင့်လျော်သော ခန္ဓာကိုယ်တစ်ခု ရှာနိုင်မည်ဆိုပါက မှော်ရတနာစိတ်ဝိဥာဉ် အနေဖြင့် အစစ်အမှန် သက်ရှိတစ်ကောင် ဖြစ်လာနိုင်ပေသည်။

ရုပ်ခန္ဓာကိုယ်တစ်ခုကို ရရှိနိုင်စွမ်းရှိသည့် အတွက်ကြောင့် ရွှေရောင်သွေးစက် သူ့အတွက် အသုံးဝင်သည်မှာ မထူးဆန်းချေ။

သို့သော်လည်း ရွှေရောင်သွေးစက်ကို စုပ်ယူပြီးသည့်နောက် မှော်ရတနာစိတ်ဝိဥာဉ် ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိခဲ့ချေ။ အခြေအုတ်မြစ်နှင့် စွမ်းအင် အဆီအနှစ်များ ပြန်လည် ပြည့်တင်းလာရုံသာရှိသည်။ ရွှေရောင်သွေးစက်ကို စုပ်ယူပြီးနောက် ရန်ကိုင်ဆီသို့ ဖားဖားယားယား အမူအရာဖြင့် ခေါင်းလေးစောင်းပြီး ကြည့်လာသည်။ နောက်ထပ် ရွှေရောင် သွေးစက် တစ်စက် ထပ်လိုချင်နေသည့်ပုံပင်။

ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ ထိုမီးငှက် အတော်လေးကိုမှလည်း အသိဥာဏ် မြင့်မားရမည်မှန်း သိလိုက်သည်။ စဉ်းစားကြည့်လိုက်လျှင်လည်း ထူးတော့ မထူးဆန်းပါချေ။ မှော်ရတနာစိတ်ဝိဥာဉ် အသက်ရှင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့လေပြီ။ မှော်ရတနာစိတ်ဝိဥာဉ်သာ ဥာဏ်ရည်မမြင့်မားလျှင် ရန်ကိုင်အနေဖြင့် ထိုကောင်အား ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရလိမ့်မည် မဟုတ်ချေ။

“ငါ့မှာ ရွှေရောင်သွေးစက် ထပ်မရှိတော့ဘူး။ ဒါပေမယ့် ဒါတော့ ရှိသေးတယ်” ပြောပြီးနောက် ပဲစေ့အရွယ် မီးသလင်းကျောက်တစ်တုံးကို ထုတ်ကာ မှော်ရတနာစိတ်ဝိဥာဉ်ဆီ ပစ်ပေးလိုက်လေသည်။

ရွှေရောင်သွေးစက်သည် သူ့အတွက် အလွန် အဖိုးတန်လွန်းသည်။ ဘယ်လောက်စားစား ဗိုက်ဝမည့်ပုံမပေါ်သော ထိုမီးငှက်သည် သူ့ရွှေရောင်သွေးစက်အားလုံးကို ပေးလိုက်၍ မဖြစ်ချေ။ ထို့ကြောင့် မီးတောက်သလင်းကျောက်များဖြင့် ချွေးသိပ်ပေးရပေလိမ့်မယ်။ တကယ်တော့ သူ့တွင် မီးတောက်သလင်းကျောက် အများကြီး ရှိသည်မဟုတ်ပေလော။ မီးငှက်ကို ချွေးသိပ်ရန် နည်းနည်းပါးပါးလောက် ပေးလိုက်ရ၍ သူ့အတွက် ဘာမှ မဖြစ်မသွားချေ။

မီးတောက်သလင်းကျောက်ကို မြင်လိုက်သည်နှင့် မှော်ရတနာစိတ်ဝိဥာဉ် ချက်ချင်းပဲ မီးတောက်အသွင်သို့ပြောင်းကာ မီးတောက်သလင်းကျောက် တစ်ခုလုံးကို ရစ်ပတ်လိုက်သည်။ မှော်ရတနာစိတ်ဝိဥာဉ် မီးငှက်အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားသည့်အခါတွင်မူ သလင်းကျောက်မှာ မရှိတော့ချေပြီ။

သို့သော်လည်း မီးငှက်၏ အမူအရာအရ ထိုမျှ မကျေနပ်သေးသည့်ပုံပင်။ စားကောင်းသောက်ဖွယ်များကို စားသောက်ပြီးသောလူအား သာမန် မုန့်သရေစားများ သွားကျွေးလျှင် မကျေနပ်တတ်ကြသည်မှာ သဘာဝသာဖြစ်သည်။

“ဒီနေ့တော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေတော့။ အခု ငါဒီကနေ ပြန်ထွက်ရမယ်။ မင်းရဲ့ မီးဖိုထဲ မြန်မြန် ပြန်ဝင်ပေတော့” မှော်ရတနာစိတ်ဝိဥာဉ်ကို အများကြီး ပေးကမ်းလိုက်၍ မဖြစ်ချေ။ ထိုကောင်သည် သူ့အပေါ် အပြည့်အဝ မနာခံသေးချေ။ သူ့ဝိဥာဉ် အမှတ်အသားကြောင့်သာ ရန်ကိုင်အပေါ် နာခံနေခြင်းဖြစ်သည်။ မှော်ရတနာစိတ်ဝိဥာဉ်သည် နတ်ဘုရားသစ်ပင်နှင့် မတူ။ နတ်ဘုရားသစ်ပင်သည် ရန်ကိုင်အတွက် အစစ်အမှန် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်သည်။

ရန်ကိုင်က ပြန်သွားခိုင်းသော်လည်း မှော်ရတနာစိတ်ဝိဥာဉ်က ပြန်မသွားသေးဘဲ တစ်ချက်အော်ဟစ်ကြွေးလိုက်ပြီး အခန်းထဲရှိ ကျောက်တုံးစားပွဲ လေးခုပေါ်တွင် ပတ်ဝဲကာ ပျံသန်းနေလေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော်လည်း မီးငှက်၏ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်ကာ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် ပြန်မေးလိုက်လေသည် “ဒီအစီအရင်ကို ငါ့ကို အသက်သွင်းခိုင်းတာလား”

မီးငှက်သည် နောက်တစ်ကြိမ် ထပ်ဝဲလိုက်ပြီး ရန်ကိုင်ရှေ့သို့ ခုန်ဆင်းလာလေသည်။ ရန်ကိုင် မှန်ကြောင်း ပြောနေသည့်ပုံပင်။

“ကောင်းပြီလေ” ရန်ကိုင်လည်း ကျောက်တုံးစားပွဲခုံများကိုထဲသို့ သူတော်စင်ချီ ပို့လွှတ်၍ အစီအရင်ကို အသက်သွင်းလိုက်လေသည်။ မြောက်မြားလှစွာသော မီးစွမ်းအင်တို့သည် မြေအဆုတ်မီးတောက်ကန်တွင်းမှ ပန်းပဲမီးဖိုထဲသို့ စီးဝင်လာကြလေသည်။

မှော်ရတနာစိတ်ဝိဥာဉ်သည် ၎င်း၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ‌ မြေကြီးထဲသို့ ထိုးဆင်းသွားလေသည်။ ဘာလုပ်မလဲ ဆိုသည်ကိုမူ ပြောမသွားခဲ့ချေ။

မှော်ရတနာစိတ်ဝိဥာဉ် ထွက်ပြေးသွားမည်ကို ရန်ကိုင် စိတ်မပူ။ ၎င်း၏ ဝိဥာဉ် အမှတ်အသားသည် သူ့လက်ထဲတွင် ရှိနေသလို ပန်းပဲမီးဖိုသည်လည်း ဤနေရာတွင် ရှိနေသည်။

ခဏအကြာတွင် ရန်ကိုင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။ မှော်ရတနာစိတ်ဝိဥာဉ် ဘာလုပ်လိုက်သည့် အတွက်ကြောင့်လဲမသိ၊ မြေအဆုတ်မီးတောက်ကန် အတွင်းမှ ပန်းပဲမီးဖိုတွင်းသို့ စီးဝင်နေသော မီးစွမ်းအင်သည် ရုတ်တရက် အဆပေါင်းများစွာ ပိုမို ပြင်းထန်လာခဲ့သည်။ ပြင်းထန်လှသော မီးစွမ်းအင်ကြောင့် အခန်းတွင်းရှိ အစီအရင်များပင် အက်ကွဲမည့် အရိပ်အယောင်များ ပြလာသည်။

များပြားလှစွာသော မီးစွမ်းအင်များ တိုးဝင်လာနေသည့် အတွက်ကြောင့် ပန်းပဲမီးဖိုသည် အချိန်မရွေး ‌ပေါက်ကွဲထွက်တော့မည့်နှယ် အဆက်မပြတ် တုန်ခါလာခဲ့သည်။ တစ်ချိန်တည်းတွင် ပန်းပဲမီးဖို မျက်နှာပြင်ထက် ရှေးဟောင်း အမှတ်အက္ခရာများနှင့် စွမ်းအင်ချိန်းကြိုးများ ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် ထိုအရာများကို သေချာ စိုက်ကြည့်နေသည်။

ထိုစွမ်းအင်ချိန်းကြိုးများကို သူတစ်ခါ မြင်ဖူးပေသည်။ လွန်ခဲ့သော တစ်လခန့်က မီးငှက် သူ့အား လိုက်လံတိုက်ခိုက်စဉ် ထိုစွမ်းအင်ချိန်းကြိုးများ မီးငှက်ကိုယ်ပေါ်တွင် ပေါ်လာခဲ့သည်။ ထိုစဉ်က ထိုမီးတောက်ချိန်းကြိုးများကြောင့် ရန်ကိုင် လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု တစ်ကြိမ် ထိုချိန်းကြိုးများကို ထပ်မံ မြင်တွေ့လိုက်ရပြီးနောက် ဘာဖြစ်ပျက်နေလဲ ရန်ကိုင် နားလည်သွားခဲ့သည်။ ထိုချိန်းကြိုးများသည် ပန်းပဲမီးဖိုအား ဤနေရာမှ မထွက်သွားနိုင်အောင် ချုပ်နှောင်ထားခြင်း ဖြစ်သည်။

ဒီဆိုလိုရင် မီးငှက်က ဟိုးလွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက မွေးလာခဲ့တာပေါ့ ပန်းပဲမီးဖိုပိုင်ရှင်သည် ပန်းပဲမီးဖိုအား ဤနေရာမှ ထွက်မသွားနိုင်အောင် ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်ရပေမည်။ မဟုတ်လျှင် မီးငှက်၏ စွမ်းရည်ဖြင့် ဤမြေအဆုတ်မီးတောက်ကန်ထဲမှ ကျိန်းသေ ထွက်သွားနိုင်ပေလိမ့်မည်။ ဤနေရာတွင် ထာဝရ ပိတ်မိနေလိမ့်မည် မဟုတ်ချေ။

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင် ခါးသက်စွာ ရယ်မောလိုက်သည်။ သူသာ မှော်ရတနာစိတ်ဝိဥာဉ်ကို ဤနေရာမှ ခေါ်ထုတ်သွားလိုလျှင် ထိုချိန်းကြိုးများကို အရင် ဖျက်စီးပစ်ရမည့်ပုံပင်။ မီးငှက်တွင် ထိုချိန်းကြိုးများကို ဖျက်စီးနိုင်သည့်စွမ်းရည် ရှိသည့်ပုံမပေါ်။ မဟုတ်လျှင် အစောကြီးကတည်းက ချိန်းကြိုးများကို ဖျက်စီးပြီး ဤနေရာမှ ထွက်သွားပြီးလောက်ပေပြီ။

ရန်ကိုင် သက်ပြင်းချလိုက်သည်။ မှော်ရတနာစိတ်ဝိဥာဉ်ဆီမှ မည်သည့် အကူအညီမှ မရသေးသော်လည်း သူ့ဘက်မှ ရွှေရောင်သွေးစက်တစ်စက်၊ မီးတောက်သလင်းကျောက် တစ်တုံးနှင့် အခြားအကူအညီများ ပေးကမ်းနေခဲ့ရလေပြီ။

အနီရောင်အလင်းတစ်ချက်နှင့်အတူ မီးငှက် အခန်းထဲတွင် ပြန်ပေါ်လာခဲ့သည်။ ထို့နောက် ပန်းပဲမီးဖိုအား ချုပ်နှောင်ထားသော ချိန်းကြိုးများကို ကြည့်ရင်း စူးစူးရှရှ အော်ဟစ်ပြသည်။ မီးငှက် ဘာပြောချင်နေလဲ ရန်ကိုင် သိသည်။ ထို့ကြောင့် ချက်ချင်းပဲ ရေခဲမီးတောက်များဖြင့် ချိန်းကြိုးများကို တိုက်ခိုက်လေသည်။

ထိုချိန်းကြိုးများသည် အတော်လေးကိုမှ ခိုင်ခံသော်လည်း အဆုံးတွင်မူ ထိုအရာများသည် အစီအရင်သက်သက် တစ်ခုသာဖြစ်သည်။ နေ့တစ်ဝက်ကြာပြီးနောက် ရန်ကိုင်၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်၌ ချိန်းကြိုးများ‌ ပျက်စီးသွားခဲ့ရလေသည်။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင်ဘေးတွင် ရပ်နေသော မှော်ရတနာစိတ်ဝိဥာဉ် ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်ပြီး ပန်းပဲမီးဖိုထဲသို့ ထိုးဝင်သွားလေသည်။

မှော်ရတနာစိတ်ဝိဥာဉ်နှင့် ပန်းပဲမီးဖို ပေါင်းစပ်သွားသည့်အခိုက် ထွက်ပေါ်လာသော သိပ်သည်းလွန်းလှသည့် မီးအရှိန်အဝါကြောင့် ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့သည်။

ယခုမှသာ သူနှင့်တိုက်ခိုက်စဉ်က မီးငှက် သူ့စွမ်းအားအပြည့်ကို ထုတ်မသုံးနိုင်မှန်း ရန်ကိုင် သိလိုက်သည်။ မီးငှက်သာ သူ့စွမ်းအား အပြည့်အဝကို ထုတ်သုံးနိုင်မည်ဆိုပါက တိုက်ပွဲ၏ ရလဒ်သည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပေလိမ့်မည်။

ထိုချိန်းကြိုးများ ရှိနေခဲ့သည်မှာ သူ့အတွက် ကံကောင်းသွားခဲ့ပေသည်။ မဟုတ်လျှင် မှော်ရတနာစိတ်ဝိဥာဉ်ကို အညံ့ခံ‌အောင် မလုပ်နိုင်သည့်အပြင် သူပါ သေသွားရပေလိမ့်မည်။

သူအံ့အားသင့်နေစဉ်မှာပဲ ပန်းပဲမီးဖိုသည် မြေပြင်ပေါ်မှ ဖြည်းဖြည်းချင်း ကြွတက်လာပြီး အဆက်မပြတ် လှည်ပတ်ရင်း ကျုံ့သွားခဲ့သည်။ မကြာမီ ပန်းပဲမီးဖိုသည် ရန်ကိုင် လက်တစ်ဝါး အရွယ်အစားလောက်သာ ရှိတော့သည်။ ပန်းပဲမီးဖိုသည် ရန်ကိုင်လက်ထဲသို့ သူ့အလိုလို ပျံသန်းသွားလေသည်။ ထို့နောက် ပန်းပဲမီးဖိုဆီမှ အနီရင့်ရောင် ပုံရိပ်တစ်ခု ပျံသန်းထွက်လာခဲ့သည်။

ရန်ကိုင် သက်ပြင်းဖွဖွလေး တစ်ချက် ချလိုက်ပြီး ပန်းပဲမီးဖိုကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။ ပန်းပဲမီးဖိုအား အနက်ရောင်စာအုပ်ထဲသို့ မထည့်ရခြင်းမှာ အနက်ရောင်စာအုပ်ထဲတွင် အဖိုးတန်ပစ္စည်းများစွာ ရှိနေသောကြောင့် ဖြစ်သည်။

မှော်ရတနာစိတ်ဝိဥာဉ်သည် လိမ်လိမ်မာမာနေမည့်ပုံစံမပေါ်။ ရန်ကိုင်သာ ပန်းပဲမီးဖိုကို အနက်ရောင်စာအုပ်ထဲသို့ ထည့်ထားလိုက်မည်ဆိုပါက သူ့အဖိုးတန်ရတနာအားလုံး မှော်ရတနာစိတ်ဝိဥာဉ် စားလို့ ကုန်သွားပေလိမ့်မည်။

ပန်းပဲမီးဖိုကို ရပြီးနောက် အခန်းနံရံတွင်ရှိနေသော အလင်းလုံးရှစ်လုံးကို ဖြုတ်ကာ သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်ပြီး ကျောက်တုံးခန်းထဲမှ ထွက်လာခဲ့လိုက်လေသည်။

ဤနေရာတွင် ဆက်နေစရာ အကြောင်းမရှိတော့။ မြေအဆုတ်မီးတောက်ကန်ထဲရှိ ကျောက်တုံးအခန်း အားလုံးကို ရန်ကိုင် ရှင်းလင်းပြီးသွားခဲ့လေပြီ။ မည်သည့် အဖိုးတန်ရတနာမှ မရှိတော့သော ဤနေရာတွင် ဆက်နေလျှင် အချိန်ဖြုန်းရာသာ ရောက်ပေလိမ့်မည်။

မကြာမီ လိုဏ်ဂူပေါက်ဝသို့ ရောက်လာခဲ့သည်။ အပေါ်သို့ မော့ကြည့်လိုက်သာ တွင်းပေါက်ဝကို မြင်ရုံလေးသာ မြင်နိုင်လေသည်။

ဤနေသည် မြေမျက်နှာပြင်အောက် မီတာထောင်ပေါင်းများစွာ အကွာတွင် ရှိနေသည့်အပြင် မြေအဆုတ်မီးတောက်ကန်ထဲရှိ ချော်ရည်များသည် မကြာမကြာ ထပေါက်နေသည်။ ထို့ကြောင့် အပေါ်ကို ပြန်တက်ဖို့ရာ အတော်လေးတော့ ခက်ခဲပေဦးမည်။

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်၏ အကြည့် တောက်ပသွားခဲ့ပြီး သိုလှောင်လက်စွပ်ထဲမှ ပန်းပဲမီးဖိုကို ထုတ်လိုက်သည်။

မှော်ရတနာစိတ်ဝိဥာဉ် ပျံသန်းနိုင်သည်ကို သူမေ့နေသည်။ ကျောက်တုံးခန်းထဲတွင်သာ ပျံသန်းခြင်းဖြစ်သော်လည်း ထိုကဲ့သို့ ပျံသန်းနိုင်ခြင်းသည် ဤနေရာ၏ နိယာမများသည် ၎င်းအပေါ် သက်ရောက်ခြင်းမရှိဟု ဆိုလိုနေသည်။

မေးကြည့်လိုက်သည့်အခါ မှော်ရတနာစိတ်ဝိဥာဉ် အမှန်တကယ် ပျံသန်းနိုင်သေည်ကို သိလိုက်ရလေသည်။ ထို့ကြောင့် ချက်ချင်းပဲ မှော်ရတနာစိတ်ဝိဥာဉ်အား သူ့ကို ဤနေရာမှ ခေါ်ထုတ်သွားခိုင်းလိုက်လေသည်။

ခဏအကြာတွင် ငါးလွှာမြောက်၏ တစ်ခုနေသော နေရာဆီမှ အနီရောင်အလင်းတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်နှင့် မှော်ရတနာစိတ်ဝိဥာဉ်တို့ ထွက်ပေါ်လာခဲ့သည်။

မြေအဆုတ်မီးတောက်ကန်ထဲမှ ထွက်လာလိုက်နိုင်သည်နှင့် မှော်ရတနာစိတ်ဝိဥာဉ်သည် ဘဝသစ်တစ်ခုကို ရလိုက်သည့်အလား စူးစူးရှရှ ဟစ်ကြွေးလျက် ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။

သို့သော်လည်း အမြင့်တစ်နေရာသို့ ရောက်ပြီးနောက် မှော်ရတနာစိတ်ဝိဥာဉ် ရပ်တန်သွားခဲ့သည်။ ဆက်မပျံသန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာကာ မြေကြီးပေါ် ခေါင်းစိုက်သွားလေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် မှော်ရတနာစိတ်ဝိဥာဉ်သည် ဤနေရာ၏ မိုးမြေနိယာမများဆီမှ အပြည့်အဝ ကင်းလွတ်ခြင်းမရှိသေးမှန်း နားလည်လိုက်သည်။ သူတို့လောက်သာ သက်ရောက်မှု မခံရခြင်းဖြစ်သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၄၇)

မှော်ရတနာစိတ်ဝိဥာဉ်ကို သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်ချင်သော်လည်း မှော်ရတနာစိတ်ဝိဥာဉ်သည် ၎င်း၏ လွတ်လပ်မှုကို ပြန်လည် ရရှိပြီးနောက် ထပ်မံ ချုပ်လှောင်ထားမခံချင်တော့ချေ။ ထို့ကြောင့် သိုလှောင်လက်စွပ်ထဲသို့ ပြန်မဝင်ဘဲ ငှက်ငယ်လေး တစ်ကောင်အဖြစ်သို့ အသွင်ပြောင်းလျက် ရန်ကိုင် ပခုံးတွင် နားနေသည်။ ၎င်း၏ နှုတ်သီးဖြင့် ရန်ကိုင်၏ ဆံပင်ကို ဖီးပေးနေလိုက်သေးသည်။ ရန်ကိုင် သူ့အား သိုလှောင်လက်စွပ်ထဲသို့ ပြန်မပို့အောင် အသည်းအသန် ဖားယားနေသည့်ပုံပင်။

ရန်ကိုင်လည်း အချိန်ထပ်မဖြုန်းချင်တော့သည့် အတွက်ကြောင့် ထိုအတိုင်းသာ ထားလိုက်လေသည်။ ပန်းပဲမီးဖိုကိုလည်း သိုလှောင်လက်စွပ်ထဲသို့ ပြန်ထည့်၍ မရချေ၊ မဟုတ်လျှင် မှော်ရတနာစိတ်ဝိဥာဉ်လည်း သိုလှောင်လက်စွပ်ထဲသို့ ပြန်ဝင်ရပေလိမ့်မည်။ ထို့ကြောင့် ပန်းပဲမီးဖိုကို သိုလှောင်လက်စွပ်ထဲ သိမ်းမထားဘဲ အပြင်တွင် ထုတ်ထားရုံသာ တတ်နိုင်ခဲ့သည်။ ပန်းပဲမီးဖိုသည် သေးသေးလေး ဖြစ်နေပြီ မဟုတ်လော။ ကိစ္စမရှိတော့ချေ။

ငါးလွှာမြောက်သည် လွန်ခဲ့သော တစ်လကနှင့် အတူတူဖြစ်နေဆဲပင်။ အပူလှိုင်းလုံးများ အဆက်မပြတ် တိုက်ခတ်နေပြီး အားကောင်းလွန်းလှသော မီးတောက် အဆိပ်များသည် နေရာအနှံ့ ပြန့်ကျဲတည်ရှိနေသည်။ မြင်မြင်သမျှ အရာအားလုံးသည် အနီရင့်ရောင်ချည်းများသာ။

သို့သော်လည်း ယခု ဤနေရာရှိ အပူဓါတ်ကို ခုခံရာတွင် ပို၍ လွယ်ကူလာသည်ဟု ရန်ကိုင် ခံစားမိသည်။

သူ့ခွန်အား တိုးတက်လာသလို သူ့ကျင့်ကြံခြင်းလည်း အဆင့်သေးတစ်ဆင့် တိုးတက်လာခဲ့သည်။ သို့သော် ဤနေရာရှိ အပူဓါတ်ကို ခုခံနိုင်ရသည့် အဓိကအကြောင်းပြချက်မှာ နတ်ဆိုးမီးတောက်များ၏ အအေးစွမ်းအားကို ထိန်းချုပ်လားနိုင်သောကြောင့် ဖြစ်ပေသည်။

လွန်ခဲ့သော တစ်လခန့်က ရန်ကိုင်သည် နတ်ဆိုးမီးတောက်၏ စွမ်းအားကို လိုသလို မထိန်းချုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် ငါးလွှာမြောက်၏ အပူဓါတ်ကို ခုခံရာတွင် အတော်လေး ဒုက္ခရောက်ခဲ့ရသည်။ သို့သော်လည်း ယခုမူ မတူတော့ချေ။ နတ်ဆိုးမီးတောက်အား အပူလိုလျှင် အပူမီးတောက်၊ အအေးလိုလျှင် အအေးမီးတောက် အဖြစ်သို့ ပြောင်းလဲနိုင်လေပြီ။ ထို့ကြောင့် မီးတောက်အဆိပ်များ၊ မီးတောက်လှိုင်းလုံးများကို ကြောက်နေစရာ မလိုတော့ချေ။

ရန်ကိုင် မြေအဆုတ်မီးတောက်ကန်ထဲမှ ထွက်လာပြီးပြီးချင်း ခဏ ရပ်စဉ်းစားနေလိုက်သည်။ ဘာတွေ ဖြစ်ပျက်နေသလဲ နားလည်သွားပြီးနောက် ဝမ်းသာ ပျော်ရွှင်သွားခဲ့လေသည်။

ထို့အပြင် မလိုအပ်သည်များကို သူစိတ်ပူနေခြင်းဖြစ်မှန်း နားလည်လိုက်သည်။ ယင်နေကြာရေစင်ကို သန့်စင်ပြီးနောက် သဲမီးတောက်နယ်မြေ ပိတ်မသွားခဲ့ချေ။ သူ့တွက်ချက်မိသလောက် ရက်အနည်းငယ်အတွင်းတော့ ပိတ်ပေလိမ့်မည်။

ရက်အတော်များများ ကျန်သေးသည့် အတွက်ကြောင့် လေးလွှာမြောက်သို့ ပြန်သွားပြီး အချိန်မဖြုန်းလိုချေ။ ထို့အစား ခြောက်လွှာမြောက် ရှိမရှိကိုသာ သွားစူးစမ်းချင်မိသည်။ ရှိလျှင် ခြောက်လွှာမြောက် မည်ကဲ့သို့ ဖြစ်မလဲ ဆိုသည်ကို သူအမှန်တကယ် သိချင်မိသည်။

နတ်ဆိုးမီးတောက်၏ စွမ်းအား တိုးတက်လာသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ခြောက်လွှာမြောက် ရှိမရှိကို သွားစူးစမ်းနိုင်လိမ့်မည် မဟုတ်ချေ။ လွန်ခဲ့သော တစ်လခန့်ကဆိုလျှင် ခြောက်လွှာမြောက်အား စူးစမ်းဖို့ရာ မဆိုထားနှင့်၊ ငါးလွှာမြောက်ထဲသို့ ဝင်လာပြီးပြီးချင်းမှာပင် အတော်လေး ဒုက္ခရောက်ခဲ့ရသည်။ ထိုပုံစံဖြင့် ရှေ့ဆက်သွားဖို့ရာ မဖြစ်နိုင်ချေ။ ယခုမူ သူ့စွမ်းအားအပေါ် ယုံကြည်ချက်အပြည့် ရှိနေပေပြီ။

လွန်ခဲ့သော နှစ်သန်းပေါင်းများစွာခန့် အချိန်အထိ သဲမီးတောက်နယ်မြေ၏ တတိယအလွှာကို မည်သူမှ မစူးစမ်းဖူးချေ။ သဲမီးတောက်နယ်မြေ၏ အလွှာတစ်ခုချင်းစီးတိုင်းသည် အံ့ဩဖွယ်ရာများ၊ အဖိုးတန်ရတနာများ၊ အခွင့်အလမ်းများဖြင့် ပြည့်နေသည်။

ဖယောင်းနီသီးသည် တတိယအလွှာတွင် ပေါ်လာခဲ့သည်။ ဂိုဏ်းပျက်ကြီးကို လေးလွှာမြောက်တွင် မြင်တွေ့ခဲ့ရသည်။ ကံမကြောင်းစွာဖြင့် ထိုဂိုဏ်းပျက်ကို ရန်ကိုင် မစူးစမ်းနိုင်ခဲ့ချေ။ ငါးလွှာမြောက်တွင် မြေအဆုတ်မီးတောက်ကန်နှင့် မှော်ရတနာစိတ်ဝိဥာဉ် ဖြစ်တည်ပြီးသော တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခုကို တွေ့ခဲ့သည်။ ခြောက်လွှာမြောက်သာ ရှိသည်ဆိုလျှင် မည်သို့သော အဖိုးတန်ရတနာများသည် သူ့အား စောင့်ကြိုနေလိမ့်မည်နည်း။

စိတ်ပိုင်းဖြတ်ပြီးသော် ရန်ကိုင် ဆက်လက် တုန့်ဆိုင်းတွေဝေမနေတော့ချေ။ သဲမီးတောက်နယ်မြေသည် မကြာတွင် ပိတ်တော့မည် အဖြစ်ရာ အချိန်သည် အလွန်ကိုမှ အဖိုးတန်နေသည်။ ထို့ကြောင့် ချက်ချင်းပဲ ယွမ်သံလိုက်အိမ်မြောင်ကို ထုတ်၍ ဦးတည်ရာကို သတ်မှတ်လိုက်ပြီးနောက် ချက်ချင်း စထွက်ခွာလေသည်။

အအေးမီးတောက်များ၏ ကာကွယ်ပေးထားမှုကြောင့် ငါးလွှာမြောက်တွင် သွားလာရသည်မှာ ရန်ကိုင်အဖို့ အတော်လေး လွယ်ကူနေခဲ့သည်။ သူတော်စင်ချီလည်း အရမ်းကြီး မကုန်တော့ချေ။

မမြင်နိုင်သော အရံအတားများ၊ အန္တရာယ်များသည့် အစီအရင်များထဲသို့ မကျရောက်သွားစေရန်အတွက် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အဆက်မပြတ် အသုံးပြုခဲ့သည်။

ခရီးလမ်းတစ်လျှောက်လုံး မည်သည့် အန္တရာယ်နှင့်မှ ရန်ကိုင် မတွေ့ခဲ့ရ။ မှော်ရတနာစိတ်ဝိဥာဉ်သည်ပင်လျှင် အတော်လေး နာခံရိုကျိုးနေသည်။ ရံဖန်ရံခါသာ ထပျံလေ့ရှိပြီး ပျံသန်းပြီးသည်နှင့် ရန်ကိုင်ပခုံးပေါ် အလျင်အမြန် ပြန်လာနားသည်။

ဤနေရာသည် အတော်လေးကို အန္တရာယ်များမှန်း မှော်ရတနာစိတ်ဝိဥာဉ် သိထားသည့်ပုံပင်။

ငါးလွှာမြောက်ထဲတွင် သုံးရက်တိုင်တိုင် ရန်ကိုင် လမ်းလျှောက်နေခဲ့သည်။ ယွမ်သံလိုက်အိမ်မြောင်ကြောင့်သာ မဟုတ်ပါက သူလမ်းပျောက်ပြီးလောက်ပေပြီ။

တစ်နေ့၊ ရန်ကိုင် လမ်းလျှောက်နေစဉ်၊ သူ့ပခုံးပေါ်တွင် နားနေသော မှော်ရတနာစိတ်ဝိဥာဉ်သည် ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း ရုတ်တရက် စူးစူးဝါးဝါး ထအော်ဟစ်လေသည်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး အလျင်အမြန်ပဲ ရပ်လိုက်ကာ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်းလိုက်သည်။ သို့သော်လည်း ဘာမှ ရှာမတွေ့လိုက်သည့် အတွက်ကြောင့် ရန်ကိုင် မျက်စိပျက်မျက်နှာပျက် ဖြစ်သွားရသည်။

သဲမီးတောက်နယ်မြေထဲတွင် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးပင် ရှာမတွေ့နိုင်သည့် အလွန်ကိုမှ အသေးစိတ် စီစဉ်ထားသော အစီအရင်များ ရှိသည်ကို သူသိသည်။ ယခု ထိုကဲ့သို့ အစီအရင်တစ်ခုရှေ့သို့ သူရောက်နေသည့်ပုံပင်။

သို့သော်လည်း ထိုအစီအရင်ကို မှော်ရတနာစိတ်ဝိဥာဉ်က ရှာတွေ့ခဲ့သည်။ ထို့ကြောင့် ရန်ကိုင် အတော်လေး အံ့အားသင့်နေမိသည်။

မှော်ရတနာစိတ်ဝိဥာဉ်သည် ပန်းပဲမီးဖိုမှ မွေးဖွားလာခြင်း ဖြစ်သည့်အတွက် အရံအတား၊ စိတ်ဝိဥာဉ်အစီအရင်များအကြောင်း သိပ်မသလောက်ချေ။ ထိုသို့ဆိုလျှင် တစ်ခုခု မူမမှန်သည်ကို မှော်ရတနာစိတ်ဝိဥာဉ် မည်ကဲ့သို့ ရှာတွေ့ခဲ့သနည်း။ ရန်ကိုင် မှော်ရတနာစိတ်ဝိဥာဉ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သို့သော်လည်း မှော်ရတနာစိတ်ဝိဥာဉ်သည် သူ့အား အန္တရာယ်ရှိသည် ဟူ၍သာ ထပ်တလဲလဲ သတိပေးနေခဲ့သည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင် အမူအရာ အပြောင်းကြီး ‌ပြောင်းလဲသွားခဲ့ပြီး “ငါတို့ အစီအရင်ထဲ ရောက်နေတယ်လို့ မင်းပြောချင်တာလား”

မှော်ရတနာစိတ်ဝိဥာဉ် ဘာမှထပ်မပြောတော့။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်း မည်ပေသည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ရန်ကိုင် အတော်လေးကို ထိတ်လန့်နေမိသည်။ လာရာလမ်းတစ်လျှောက်လုံး သူအတော်လေးကို သတိထားခဲ့သည်။ အန္တရာယ်များသည်ဟု ထင်ရသော မည်သည့် နေရာထဲကိုမှ သူမဝင်ခဲ့။ အလွန်ကိုမှ လုံခြုံလောက်မည့် လမ်းကြောင်းများကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မှော်ရတနာစိတ်ဝိဥာဉ် ပြောပုံအရ၊ အစီအရင်တစ်ခုထဲသို့ သူမတော်တဆ ခြေချမိလိုက်သည့်ပုံပင်။

လှည့်ပတ်ကြည့်လိုက်သော်လည်း ဘာထူးခြားမှုကိုမှ မရှာမတွေ့ခဲ့။ ဤနေရာသည် အခြားနေရာများနှင့် အတူတူပင်။ မည်သည့် အန္တရာယ် အငွေ့အသက်ကိုမှလည်း မခံစားမိ။

ဤအစီအရင်သည် ပုံရိပ်ယောင်အစီအရင် တစ်ခုဖြစ်လောက်သည်။ မှော်ရတနာစိတ်ဝိဥာဉ်သည် အကြောင်းမဲ့သက်သက် ရေးကြီးခွင့်ကျယ်လုပ်မည့်သူမျိုး မဟုတ်ချေ။ ထို့ကြောင့် သူတို့ ရောက်နေသော အစီအရင်သည် ပုံရိပ်ယောင်အစီအရင် သို့မဟုတ် စိတ်ထွေပြားခြင်း အစီအရင်တစ်ခု ဖြစ်လိမ့်မည်ဟုသာ ရန်ကိုင် ကောက်ချက်ချလိုက်သည်။

ထို့အပြင် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးပင်လျှင် အစီအရင်၏ အားနည်းချက်ကို မမြင်တွေ့နိုင်ရာ သူတို့ ဤနေရာမှ မည်ကဲ့သို့ ရုန်းထွက်ရမည်နည်း။

ထိုသို့သာဆိုလျှင် သဲမီးတောက်နယ်မြေ ပိတ်သည့်အချိန်ထိ စောင့်ပြီး ဤနေရာရှိ လောကနိယာမများ သူ့အား အပြင်ခေါ်ထုတ်သွားမည့် အချိန်ကို ထိုင်စောင့်နေရုံသာ ရှိသည်။ ကံကောင်းစွာဖြင့် သဲမီးတောက်နယ်မြေသည်လည်း ရက်အနည်းငယ်အတွင်း ပိတ်တော့ပေမည်။ ထို့ကြောင့် ရန်ကိုင် အရမ်းကြီး ပျာယာခတ်၊ စိတ်ပူမနေတော့ချေ။

သဲမီးတောက်နယ်မြေ ပိတ်မည့်အချိန်ကို ထိုင်စောင့်ရန်အတွက် တင်ပလင်ခွေ ထိုင်တော့မည်အပြု၊ သူ့ပခုံးပေါ်တွင် နားနေသော မှော်ရတနာစိတ်ဝိဥာဉ်သည် စူးစူးရှရှ အော်ဟစ်လျက် အလင်းတန်းတစ်ခု အသွင်သို့ပြောင်းကာ တစ်ခုသောဘက်ဆီ ပြေးထွက်သွားလေသည်။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် မှော်ရတနာစိတ်ဝိဥာဉ်ကို ပြန်လာရန် မပြောခဲ့။ မှော်ရတနာစိတ်ဝိဥာဉ် တစ်ခုခု ရှာတွေ့သည့် အတွက်ကြောင့်သာ ယခုကဲ့သို့ ပြေးထွက်သွားခြင်း ဖြစ်ရပေမည်။

ထို့ကြောင့် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

ခဏအကြာတွင် မီးစွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး လောကကြီးတစ်ခုလုံး စတင် တွန့်လိမ်စပြုလာသည်။ ထိုကဲ့သို့ ဖြစ်သွားပြီးနောက် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးဖြင့် အစီအရင်၏ အားနည်းချက်အချို့ကို ရန်ကိုင် မြင်နိုင်သွားသည်။

မှော်ရတနာစိတ်ဝိဥာဉ်သည် အကြောင်းမဲ့သက်သက် ရေးကြီးခွင်ကျယ် လုပ်နေခြင်း မဟုတ်ချေ။ သူတို့ ပုံရိပ်ယောင်အစီအရင်တစ်ခုထဲသို့ အမှန်တကယ် ရောက်နေခဲ့သည်။ ဘာကြောင့် ထိုကဲ့သို့ ဖြစ်ရသလဲဆိုသည်ကိုမူ ရန်ကိုင်လည်း မသိချေ။

မီးစွမ်းအင်များ ပိုမို ပြင်းထန်လာသည်နှင့်အမျှ အစီအရင်လည်းလည်း ပို၍ မငြိမ်မသက် ဖြစ်လာခဲ့သည်။ ဘေးပတ်ဝန်းကျင်တစ်ခုလုံး အက်ကွဲကြောင်းတို့ဖြင့် ပြည့်လာခဲ့ပြီး အက်ကွဲသွားသော မှန်တစ်ချပ်နှယ် ဖြစ်လာခဲ့သည်။

မကြာမီ အက်သံအကျယ်ကြီးနှင့်အတူ ရန်ကိုင် ဘေးပတ်ပတ်လည်တစ်ခု ရုတ်တရက် ပြိုကျသွားခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင် ရပ်နေသော နေရာပတ်လည်ရှိ ကြမ်းတမ်း၊ ပြင်းထန်သော ပတ်ဝန်းကျင်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီး စိမ်းလန်းစိုပြေ၍ မိုးမြေစွမ်းအင်တို့ သိပ်သည်းနေသော ပတ်ဝန်းကျင်တစ်ခုက အစားထိုး ဝင်ရောက်လာခဲ့သည်။

ရန်ကိုင် လုံးဝ အံ့ဩသွားခဲ့သည်။ ဤအရာသည် နောက်ထပ် ပုံရိပ်ယောင်အစီအရင်တစ်ခု ဖြစ်လိမ့်မလားဟု တွေးထင်မိသွားသည်။

သို့သော်လည်း ပြန်လှည့်ကြည့်လိုက်သည့်အခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားရလေသည်။

သူ့နောက်ဘက် ဆယ်မိုင်အကွာတွင် အနီရောင်အလင်းအကာအရံကြီးတစ်ခု ရှိနေခဲ့သည်။ ထိုအလင်းအကာအရံ၏ နောက်ဘက်တွင် ချစ်ချစ်တောက် ပူလောင်သော မီးတောက်လေပြင်းတို့ဖြင့် ပြည့်နေသည့် နေရာကြီးတစ်ခု ရှိနေသည်။ ထိုနေရာသည် သဲမီးတောက်နယ်မြေ၏ ငါးလွှာမြောက် ဖြစ်ပေသည်။

ရုတ်တရက် ရန်ကိုင် တစ်ခုခုကို စဉ်းစားမိသွားသည်။

ငါးလွှာမြောက်မှ ထွက်လာပြီး ခြောက်လွှာမြောက်သို့ ရောက်လာခြင်းပေလော။

သူရပ်နေသည့်နေရာသည် သူရှိမရှိ စူးစမ်းချင်နေသည့် ခြောက်လွှာမြောက် ဖြစ်ပေသည်။ ရန်ကိုင် ထိုကဲ့သို့ ပြောနိုင်ခြင်းမှာ ဤနေရာရှိ မိုးမြေစွမ်းအင်သည် လေးလွှာမြောက်ရှိ မိုးမြေစွမ်းအင်ထက် သိသိသာသာ ပိုသိပ်သည်းသန့်စင်နေသောကြောင့် ဖြစ်ပေသည်။

ခြောက်လွှာမြောက်ထဲသို့ မည့်သည့် အချိန်ကတည်းက သူခြေချမိလိုက်မှန်း ရန်ကိုင် မသိ။ သို့သော် ခြောက်လွှာမြောက်ထဲသို့ သူခြေချမိလိုက်သည့် အချိန်သည် အစီအရင်ထဲ ခြေချမိလိုက်သည့် အချိန်နှင့် အတူတူဖြစ်မှန်းတော့ သိသည်။ မှော်ရတနာစိတ်ဝိဥာဉ်ကြောင့်သာ မဟုတ်လျှင် ငါးလွှာမြောက်ထဲတွင်သာ ရှိနေသေးသည်ဟု သူထင်မိနေဦးမည်သာ။

ခြောက်လွှာမြောက် ပေါ်လာပြီဖြစ်သဖြင့် ပုံရိပ်အယောင်အစီအရင် ပျက်စီးသွားပြီဟု ဆိုလိုပေသည်။

ရန်ကိုင် လှည့်ကြည့်လိုက်သည့်အခါ အနီရောင်အလင်းတန်းတစ်ခု သူ့ဆီ ပျံလာနေသည်ကို တွေ့လိုက်ရသည်။ ခဏအကြာတွင် မှော်ရတနာစိတ်တိဥာဉ် ပြန်ပေါ်လာခဲ့သည်။ ၎င်း၏ ပါးစပ်တွင် လက်သီးဆုပ်အရွယ် ခြောက်ထောင့်ပုံ သလင်းကျောက်လေးတစ်ခုကိုပါ ကိုက်ချီလာသည်ကို တွေ့လိုက်ရသည်။

ထိုခြောက်ထောင့်ပုံ သလင်းကျောက်သည် အတော်လေးကို ထူးဆန်းလှသည်။ ၎င်း၏ အရောင်ကို ပြောပါဆိုလျှင် အကြည်ရောင်ဟု ပြော၍ရသလို ခရမ်းနီရောင်ဟု ပြော၍လည်း ရပေသည်။ ထိုသလင်းကျောက်ကို သေချာ စူးစမ်းကြည့်တော့မည်အပြု၊ သလင်းကျောက်ဆီမှ အနက်ရောင်ချီတို့ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး မိစ္ဆာစိတ်ဝိဥာဉ်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

ရန်ကိုင်လည်း သူ့လက်ကို ကမန်းကတန်း ဝှေ့ရမ်း၍ မီးဘေားလုံးများ ဖန်တီးကာ ထိုမိစ္ဆာစိတ်ဝိဥာဉ်များကို တားဆီးလိုက်သည်။

သို့သော်လည်း ထိုဟိတ်ဟန်ကြီးမားလှသော မိစ္ဆာစိတ်ဝိဥာဉ်များသည် မီးဘောလုံံးနှင့် တွေ့လိုက်သည့်အခိုက် ချက်ချင်း ပျောက်ကွယ်သွားရသည်။ မိစ္ဆာစိတ်ဝိဥာဉ်များ ပျောက်ကွယ်သွားပြီးနောက် ဒေါသတကြီး အော်ဟစ်သံများကို ရန်ကိုင် ကြားလိုက်ရသည်။

ရန်ကိုင် တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားပြီး ရှေ့တည့်တည့်သို့ ကြည့်လိုက်ရာ ခြောက်ထောင့်ပုံ သလင်းကျောက်ကိုကိုက်ရင်း တောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ ရန်ကိုင်အား ကြည့်လျက် အဆက်မပြတ် အော်ဟစ်နေသည့် မီးငှက်ကို တွေ့လိုက်ရသည်။

ရန်ကိုင်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် မီးငှက် ကြောင်သွားသည့်ပုံပင်။

သို့သော်လည်း မီးငှက်၏ အော်ဟစ်သံများကို ရန်ကိုင် အရေးမစိုက်နိုင်သေး။ အစောပိုင်းက ကိစ္စကိုသာ ပြန်စဉ်းစားနေမိသည်။

ယခုမှပဲ အစောပိုင်းက မိစ္ဆာစိတ်ဝိဥာဉ်များ အစစ်အမှန် မဟုတ်သည်ကို သိလိုက်သည်။ ခုဏက ပေါ်လာသည့် မိစ္ဆာစိတ်ဝိဥာဉ်များသည် ပုံရိပ်ယောင်များ ဖြစ်ကြပေသည်။ ထို့ကြောင့်ပဲ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသည် သူတို့၏ အစစ်အမှန်ပုံပန်းသွင်ပြင်ကို ရှာမတွေ့ခဲ့ခြင်း ဖြစ်သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၄၈)

ရန်ကိုင်၏ ဝိဥာဉ်သည် အလွန်ကိုမှ အားကောင်းသည်။ သို့တိုင် ထိုသလင်းကျောက်သည် သူ့အား ပုံရိပ်ယောင်ထဲသို့ ရောက်အောင် လုပ်နိုင်သည်။ ထိုအခြင်းအရာကို ကြည့်လျှင် သလင်းကျောက် မည်မျှ အားကောင်းသလဲ မြင်တွေ့နိုင်ပေသည်။ ထိုအရာသည် ပျက်စီးသွားသည့် အစီအရင်၏ အူတိုင် ဖြစ်လောက်သည်။

မှော်ရတနာစိတ်ဝိဥာဉ်မှ အူတိုင်ကို ဖယ်ထုတ်လိုက်သည့် အတွက်ကြောင့် အစီအရင် ပျက်စီးသွားခြင်း ဖြစ်လောက်သည်။

တွေးလေ၊ တွေးလေ သလင်းကျောက်ကို သူပိုစိတ်ဝင်စားလာလေ ဖြစ်နေခဲ့သည်။ သေချာ စိတ်ငြိမ်အောင် လုပ်ပြီးနောက် သလင်းကျောက်ကို နောက်တစ်ကြိမ် ထပ်စစ်ဆေးကြည့်သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင် သလင်းကျောက်ဆီမှ မည်သည့် အနက်ရောင်ချီမှ ဖြာမထွက်လာတော့ချေ။ ထို့အစား သူ့အသိစိတ်ပင်လယ် မတည်မငြိမ် ဖြစ်လာပြီး ခေါင်းမူးလာသလို ရန်ကိုင် ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး ပေါ့ရွှတ်သွားပြီး ကောင်းကင်နှင့် မြေပြင် ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလို တဒင်္ဂတာ ခံစားမိလိုက်သ်ည။

ရန်ကိုင်လည်း ထိတ်ထိတ်လန့်လန့်နှင့် အလျင်အမြန် မျက်လုံး ပိတ်ချလိုက်ပြီး သူ့စိတ်ကိုငြိမ်အောင် ကြိုးစားလိုက်သည်။

သလင်းကျောက်ကို သူထပ်မစူးစမ်းရဲတော့ချေ။ မှော်ရတနာစိတ်ဝိဥာဉ်ကို သူ့ဆီ သယ်လာရန် ပြောလိုက်ပြီး သလင်းကျောက်ကို သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်သည်။ နောက်မှ သေချာလေ့လာရပေမည်။

ရန်ကိုင် ပုံမှန်ပြန်ဖြစ်သွားသည်ကို မြင်သော် မှော်ရတနာစိတ်ဝိဥာဉ် ထပ်မအော်တော့။ ရန်ကိုင် ပခုံးပေါ်ဆီသို့သာ ပြန်ဆင်းနားလိုက်လေသည်။

ခြောက်လွှာမြောက်သို့ ရောက်နေသည်မှာ အတော်လေး ကြာနေပြီ ဖြစ်သော်လည်း အစီအရင် ရောက်နေသဖြင့် ခြောက်လွှာမြောက်သို့ ရောက်နေမှန်းမသိခဲ့။ ယခုမှသာ ခြောက်လွှာမြောက်ကို သေချာ စစ်ဆေးကြည့်ခွင့်ရတော့သည်။

စစ်ဆေးကြည့်ပြီးသည့်နောက် ရန်ကိုင် ကြောင်သွားခဲ့သည်

အကြောင်းမှာ ခြောက်လွှာမြောက်သည် အလွန်ကိုမှ ကျဉ်းသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ခြောက်လွှာမြောက်၏ အစနှင့်အဆုံးကို သူလှမ်းမြင်နေရသည်။ အကျယ်အရ ပြောပါဆိုလျှင် အနည်းဆုံး မိုင်းအနည်းငယ်လောက်သာ ကျယ်ပေသည်။

သို့သော် ခြောက်လွှာမြောက်၏ မိုးမြေစွမ်းအင်သည် အလွန်ကိုမှ သိပ်သည်းပေသည်။ ရန်ကိုင် ရပ်နေရာမှ မိုင်အနည်းငယ်ခန့် အကွာတွင် ဝါးတောလေးတစ်ခု ရှိနေခဲ့သည်။ ဝါးပင်လေးများသည် သေးသွယ်ပြေပြစ်လျပြီး လေနှင့်အတူ ယိမ်းယွဲ့နေခဲ့သည်။

ခြောက်လွှာ တစ်ခုလုံးကို ငါးလွှာက ဝန်းရံထားသည်။ သို့သော်လည်း ငါးလွှာမြောက်ထဲရှိ အပူဓါတ်များသည် ခြောက်လွှာမြောက်ထဲသို့ စိုးစဉ်းမျှပင် မဝင်နိုင်ခဲ့ချေ။ တစ်နည်းဆိုရသော် ခြောက်လွှာမြောက်သည် သဲကန္တာရထဲရှိ အိုအေစစ်တစ်ခုနှင့်ပင် တူနေသည်။

ဝါးတော၏ အလယ်ဗဟိုတွင် အိမ်လေးတစ်လုံး ရှိနေခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင် ထိုအိမ်လေးသည် ပျက်စီးပျောက်ကွယ်သွားခြင်း မရှိသေးချေ။ ထိုအိမ်လေးကို ရန်ကိုင် အသေအချာ စိုက်ကြည့်နေမိသည်။

လေးလွှာမြောက်တွင် ဂိုဏ်းပျက်တစ်ခုကို ရှာတွေ့ခဲ့ပြီး သဲမီးတောက်နယ်မြေထဲတွင် ယခင်က လူများ နေထိုင်ခဲ့သည် ဆိုသောအချက်ကို သိခဲ့ရသော်လည်း ဤနေရာတွင် အိမ်လေး တစ်လုံးကို လာတွေ့လိုက်သည့် အတွက်ကြောင့် ရန်ကိုင် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ချေ။

ဤနေရာရှိ မိုးမြေစွမ်းအင်သည် လေးလွှာမြောက်ထက် အများကြီး ပိုသိပ်သည်းသည်။ ထို့ကြောင့် ဤနေရာရှိအိမ်သည် သာမန်လူတစ်ယောက်၏အိမ် မဟုတ်တန်ရာ။ သူတွေ့ခဲ့သော ဂိုဏ်းပျက်ကြီးမှ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက်ယောက်၏ အိမ်သာ ဖြစ်တန်ရာသည်။

ထို့အပြင် အိမ်ပိုင်ရှင်သည် အမျိုးသမီး ဖြစ်လောက်သည်။ အကြောင်းမှာ အိမ်ပတ်ဝန်းကျင်ကြောင့် ဖြစ်သည်။ အိမ်ပတ်ဝန်းကျင်သည် အလွန်ကိုမှ သေသပ်သပ်ရပ် လှပသည်။ ယောကျာ်းသားများ‌ နေထိုင်သည့် အိမ်များတွင် ထိုကဲ့သို့ ပတ်ဝန်းကျင်မျိုး မရှိချေ။

အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်းထားရင်း အိမ်လေးဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

ဤနေရာသို့ ရောက်ပြီးမှဖြင့် လက်ဗလာဖြင့် မပြန်နိုင်ချေ။ ထိုအိမ်လေးထဲတွင် အဖိုးတန်ပစ္စည်းရှိမရှိ သွားစစ်ဆေးကြည့်ရပေမည်။ ထို့အပြင် ဝါးတောလေးကိုလည်း စစ်ဆေးကြည့်ချင်သေးသည်။ ဤနေရာတွင် ပေါက်ရောက်သော မည်သည့်ဝါးမဆို သာမန်ဝါး မဟုတ်နိုင်ချေ။

အစကမူ ဝါးတောနားတွင် အစီအရင်များ ရှိနေလေမလားဟု စိုးရိမ်နေခဲ့မိသည်။ သို့သော် အတော်ဝေးဝေးသို့ လျှောက်လာပြီးနောက် မည်သည့် အန္တရာယ်မှ မရှိသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် အတော်လေးလည်း အံ့အားသင့်မိသွားသည်။

မည်သို့ပင် ဖြစ်နေစေကာမူ ရန်ကိုင် နည်းနည်းလေးမှ သတိမပေါ့လိုက်ရဲချေ။ ဝါးတောရှေ့သို့ ရောက်သည့်အခါ၊ နတ်ဆိုးမီးတောက်ဓါးကို ဖန်တီး၍ သူ့ရှေ့တည့်တည့်ရှိ မီတာများစွာ မြင့်မားသော ဝါးပင်ကို ခုတ်ချလိုက်သည်။

ဝါးပင်တစ်ပင်ချင်းစီတိုင်းသည် မြစိမ်းရောင်တောက်နေပြီး အားကောင်းသော အသက်စွမ်းအင်ကို ထုတ်လွှတ်နေသည်။ ထိုဝါးများကို ပန်းပဲထုရာတွင် သုံးလျှင် အတော့်ကို အသုံးဝင်ပေလိမ့်မည်။ ဤနေရာတွင် ဝါးပင်အများကြီး ရှိနေသဖြင့် နည်းနည်းပါးပါး ခုတ်ယူသွားပြီး ယန်ယန်အား မှော်ရတနာ ပြန်လုပ်ခိုင်းရပေမည်။

သို့သော်လည်း ခုတ်လိုက်ပြီးသည့်နောက် ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။ သူ့ဘက်က ခုတ်လိုက်သော်လည်း ဝါးပင်သည် ဘာမှဖြစ်မသွားခဲ့။ ယုတ်စွဆုံး သူ့ဓါးထိမှန်သွားသည့် နေရာတွင် ခြစ်ရာလေးပင် ထင်မသွားခဲ့ချေ။

ထိုဝါးပင်များ၏ မာကျောကို အထင်သေးလိုက်မိပြီမှန်း သိလိုက်သည်။ အတော်လေးကို ထိတ်လန့်အံ့ဩမိသွားသော်ငြား ပျော်လည်း ပျော်သွားမိခဲ့သည်။ ဝါးပင်များသည် အလွန်ကို မာကျောသည့်အတွက်ကြောင့် မှော်ရတနာ ပြုလုပ်ရာတွင် အလွန်ကိုမှ အသုံးဝင်ပေလိမ့်မည်။

ထိုကဲ့သို့ တွေးလိုက်မိသည်နှင့် ဝါးပင်များကို အားရပါးရ ခုတ်တော့လေသည်။

နာရီဝက်ကြာပြီးသည့်အခါ၊ ရန်ကိုင်သည် သံပုရာသီး ကိုက်ထားရသည့်ရုပ်ဖြင့် သူ့ရှေ့တည့်တည့်ရှိ ဝါးပင်ကို မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။

ရှိရှိသမျှ နည်းလမ်းအကုန်အစင်သုံး၍ နာရီဝက်ကြာအောင် ဝါးပင်များကို ခုတ်နေခဲ့သော်လည်း တစ်ပင် ပင်လျှင် ရအောင် မခုတ်နိုင်ခဲ့ချေ။ သူ့ဝှက်ဖဲဖြစ်သော လေဟာနယ် ဓါးသွားများကို အသုံးပြုခဲ့သည့်တိုင် ဝါးပင်ပေါ်တွင် အလွန်ကိုမှ သေးငယ်လှသော ခြစ်ရာလေး တစ်ခုသာ ထင်အောင် လုပ်နိုင်ခဲ့သည်။

ဤနှုန်းဖြင့်သာဆိုပါက ဝါးပင်တစ်ပင်ကိုခုတ်ရန် အနည်းဆုံး ဆယ်ရက်လောက် အချိန်ယူရပေလိမ့်မည်။ သို့သော်လည်း ထိုမျှသော အချိန်ကို သူဘယ်က ရမည်နည်း။ ထို့ကြောင့် လက်လျှော့လိုက်ရုံသာ တတ်နိုင်ခဲ့လေသည်။ ဝါးပင်ကို မခုတ်နိုင်သဖြင့် ဂရုစိုက်မနေတော့ဘဲ အိမ်လေးဆီသို့သာ လျှောက်သွားလိုက်တော့သည်။

ဝါးပင်များနှင့်စာလျှင် အိမ်လေးကို ရန်ကိုင် ပို၍ စိတ်ဝင်စားပေသည်။

မကြာမီ အိမ်လေးရှေ့သို့ ရန်ကိုင် ရောက်လာခဲ့သည်။ သို့သော် အိမ်ထဲသို့ ချက်ချင်း ပြေးမဝင်သွားသေးဘဲ ဝင်ပေါက်တွင် ရပ်၍သာ နှစ်ပေါင်းများစွာကြာ တည်ရှိနေပြီဖြစ်သော အဆောက်အဦးကြီးကို စိုက်ကြည့်နေလိုက်သည်။

အိမ်လေးသည် လက်ရှိ အိမ်ပုံစံများနှင့် အတော်လေး ကွာခြားသည်။ အိမ်ကို မည်သည့် ပစ္စည်းဖြင့် ဆောက်လုပ်ထားသလဲ ဆိုသည်ကို မသိသော်ငြား အိမ်သည် လုံးဝ အကောင်းအတိုင်း ရှိနေဆဲပင်။ အိမ်ရှေ့တံခါးဆိုလျှင် ဖုန်ပင်မရှိချေ။

အိမ်သည် သုံးထပ်အိမ်လေးတစ်လုံး ဖြစ်ပြီး တစ်ထပ်ချင်းစီသည် ငါးမီတာခန့် မြင့်ကာ အမိုးသည် အမိုးခုံးပုံစံမျိုး ဖြစ်သည်။

အထဲသို့ သွားစစ်ဆေးချင်သော်လည်း ရန်ကိုင် တုန့်ဆိုင်းနေမိသည်။ ထို့ကြောင့် နောက်ဆုံး မှော်ရတနာစိတ်ဝိဥာဉ်ကို ကြည့်လိုက်လေသည်။ မှော်ရတနာစိတ်ဝိဥာဉ်သည်လည်း အိမ်လေးကို သေသေချာချာ စိုက်ကြည့်နေသည်။ သူလည်း ဤအိမ်ကို အတော်လေး စိတ်ဝင်စားနေသည့်ပုံပင်။ သို့သော် ရန်ကိုင်၏ အကြည့် သူ့အပေါ် ရောက်လာသည်ကို သတိပြုမိလိုက်သည့်နောက် သူ့စိတ်ထဲ မကောင်းသည့် အငွေ့အသက်တို့ ရလိုက်သည်။ ထို့ကြောင့် ချက်ချင်းပဲ ပန်းပဲမီးဖို့ထဲသို့ ပြန်ဝင်ပြေးလေသည်။

သောက်သုံးမကျတဲ့ငှက်စုတ် ရန်ကိုင် ကြိတ်၍ ကျိန်ဆဲလိုက်သည်။ မှော်ရတနာစိတ်ဝိဥာဉ်ကို အိမ်ထဲ အရင် ဝင်စစ်ဆေးခိုင်းလိုခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကောင် ထိုမျှ ပါးလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ သူ့အကြည့်ကို သတိပြုမိလိုက်သည်နှင့် သူဘာကြံနေလဲ ဆိုသည်ကို ချက်ချင်း နားလည်သွားကာ ပန်းပဲမီးဖိုထဲ ပြေးပုန်းတော့လေသည်။

ထိုကောင်က မသွားချင်သဖြင့် ရန်ကိုင်လည်း သွားတွန်းအားပေးမနေခဲ့ချေ။ တကယ်တော့ ထိုငှက်ကြောင့်သာ ပုံရိပ်ယောင်အစီအရင်ထဲမှ လွတ်မြောက်နိုင်ခဲ့ခြင်း မဟုတ်ပေလော။

ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် အိမ်ရှေ့တံခါးကို ဖြည်းဖြည်းချင်း ဆွဲဖွင့်လိုက်သည်။

ကျွီ………

အိမ်ထဲသို့ မဝင်ခင် သူတော်စင်ချီကို ကြိုတင် စုစည်းထားလိုက်သည်။

သို့သော် တံခါးလုံးဝ ပွင့်သွားသည့်တိုင် အိမ်ထဲမှ မည်သည့် အန္တရာယ် အငွေ့အသက်ကိုမှ မခံစားရ။ သူ့စိတ်တစ်ခုလုံး ငြိမ်းသွားသလိုသာ ခံစားလိုက်ရသည်။ အကြောင်းအရင်းကို စစ်ဆေးကြည့်လိုက်သော် အမွှေးတိုင်အိုးလေးတစ်အိုးမှ ထွက်ပေါ်နေသည့် သင်းရနံ့ကြောင့် ဖြစ်မှန်း သိလိုက်ရသည်။

ရန်ကိုင်လည်း မျက်မှောင်ကြုတ်ရင်း ထိုအမွှေးတိုင်အိုးကို သွားစစ်ဆေးကြည့်လေသည်။

အမွှေးတိုင်အိုးသည် အရွယ်အစား ကျုံးထားသည့် ပန်းပဲမီးဖိုနှင့် ဆင်တူသည်။ ထို့အပြင် ၎င်း၏ အဆင့်မှာလည်း မနိမ့်ကျ၊ တန်ခိုးရှင်ဘုရင်အဆင့်နိမ့် အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သို့သော် အမွှေးတိုင်အိုးသည် အမွှေးတိုင်ထွန်းရန် သက်သက်သာ လုပ်ထားခြင်းဖြစ်ပြီး မည်သည့် တိုက်ခိုက်ရေးစွမ်းအင်မှ မရှိချေ။

အမွှေးတိုင်အိုးကဲ့သို့ သာမန် တန်ဆာပလောလေးတစ်ခုင်လျှင် တန်ခိုးရှင်ဘုရင် အဆင့်နိမ့် မှော်ရတနာ ဖြစ်နေသည်။

ရန်ကိုင် အံ့အားသင့်သွားရသည်ကား အမွှေးတိုင်အိုးမဟုတ်ဘဲ အိုးအတွင်းတွင် ရှိနေသာ လက်မအရွယ် အမွှေးနံ့သာလေးပင်။ ထိုခရမ်းရောင် စန္ဒကူးသားသည် အလွန်ကိုမှ ထူးခြားလှသည်။ ၎င်းဆီမှ ထွက်ပေါ်နေသော အနံ့သည် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းအတွက် အလွန်ကိုမှ အကူအညီ ဖြစ်စေပေသည်။ ထိုအနံ့ကို ရှူရှိုက်သည့်လူတိုင်း ဈာန်ဝင်စားသည့် အခြေအနေတွင်းသို့ အလျင်အမြန် ရောက်သွားနိုင်ပေသည်။

“နှစ်တစ်သောင်းအမွှေးနံ့သာ” ခဏလောက် စဉ်းစားကြည့်ပြီးနောက် ရန်ကိုင် စိတ်လှုပ်ရှားစွာဖြင့် ထအော်လိုက်သည်။

မြင်မြင်ချင်း မမှတ်မိသော်လည်း ခဏလောက် စဉ်းစားကြည့်ပြီးနောက် ထိုအရာဘာလဲ ရန်ကိုင် သိသွားခဲ့လေပြီ။ သူအရာသာ သူထင်သည့်အတိုင်း နှစ်တစ်သောင်းအမွှေးနံ့သာ ဖြစ်မည် ဆိုပါက အလွန်ကိုမှ အဖိုးတန်သော ရတနာတစ်ခု ဖြစ်သွားပေလိမ့်မည်။

နှစ်တစ်သောင်းအမွှေးနံ့သာသည် နာမည်အတိုင်း နှစ်ပေါင်းတစ်သောင်းတိတိ အလောင်ကျွမ်းခံနိုင်သည်။ ထိုလက်မအရွယ်သည် အမွှေးနံ့သာလေးသည် နှစ်ပေါင်းတစ်သောင်း တိတိ အလောင်ကျွမ်းခံလာခဲ့ခြင်း ဖြစ်သည်။

နှစ်တစ်သောင်းအမွှေးနံ့သာသည် သဘာဝအတိုင်း ဖြစ်လာခြင်းမဟုတ်ဘဲ လူများ ထုတ်လုပ်သည့် အရာတစ်ခု ဖြစ်သည်။ ထိုအရာကို ပြုလုပ်ဖို့ရာ လိုအပ်သော ကုန်ကြမ်းများမှာလည်း အံ့အားသင့်စရာ ကောင်းလှ၏။ အမျိုးအစား မတူညီသော အဆင့်တစ်ဆယ် မွန်းစတားသားရဲ ဆယ့်နှစ်ကောင်၏ အစိတ်အပိုင်းများကို အဓိကအမယ်အဖြစ် လိုအပ်သည်။ ထိုပစ္စည်းများအနက် အရှားပါးဆုံးသည် ခုနှစ်ရောင်ခြယ်သမင်ကြီး၏ နှလုံးဖြစ်သည်။

ခုနှစ်ရောင်ခြယ်သမင်းကြီးသည် မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်သော မွန်းစတားသားရဲ တစ်ကောင် ဖြစ်သည်။ ထိုသားရဲသည် ကလေးဘဝတွင် အဆင့်ရှစ်ဖြစ်ပြီး အရွယ်ရောက်အဆင့်တွင် အဆင့်တစ်ဆယ်ဖြစ်သည်။ ထိုကောင်များသည် ရှားပါးရုံသာမက အလွန်ကိုမှ အားကောင်းလှသည့် မွန်းစတားသားရဲ မျိုးစိတ်များလည်း ဖြစ်ကြသေးသည်။ ထိုသားရဲများ ထုတ်လွှတ်သည့် ခုနှစ်ရောင်ခြယ် ရောင်စဉ်သည် မည်သည့်အတားအဆီးကိုမဆို ထိုးဖောက်နိုင်စွမ်းရှိသည်။ ထို့ကြောင့် တန်ခိုးရှင်ဘုရင်အဆင့်များပင်လျှင် ထိုသားရဲများနှင့် တွေ့မည်ဆိုပါက လက်လျှော့ရုံသာ တတ်နိုင်သည်။

အရွယ်ရောက် ခုနှစ်ရောင်ခြယ်သမင်းကြီး တစ်ကောင်ကို သတ်ဖို့ရာအတွက် အနည်းဆုံး တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူငါးယောက် လိုအပ်ပေသည်။

ခုနှစ်ရောင်ခြယ်သမင်ကြီး၏ နှလုံးကို ထုတ်ယူပြီးနောက် ဆယ်ရက်အတွင်း အသုံးပြုရသည်။ မဟုတ်လျှင် ၎င်း၏ အနံ့ လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။

ထိုအကြောင်းကြောင့် နှစ်တစ်သောင်းအမွှေးနံ့သာ အလွန်ရှားပါးနေရခြင်း ဖြစ်သည်။ ထိုအရာသည် ကျင့်ကြံသူတစ်ယောက်အား ဈာန်ဝင်စားသည့် အခြေအနေထဲသို့ ရောက်အောင် ကူညီပေးနံ့သလို ၎င်း၏ အနံ့ကို ရှူရှိုက်ခြင်းဖြင့် ဥာဏ်အလင်းပွင့်နိုင်သည့် ရာခိုင်နှုန်းကို တိုးမြှင့်နိုင်ပေသည်။ ထိုမျှသာမကသေး၊ ကျင့်ကြံသူတစ်ယောက်၏ စိတ်ကို ကြည်လည် ငြိမ်းချမ်းအောင် လုပ်ဆောင်ပေးနိုင်ပြီး အတွင်းနတ်ဆိုးများကိုလည်း ရှင်းထုတ်ပေးနိုင်သည်။

ကျင့်ကြံသူတစ်ယောက် အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖျက်သည့်အခါ ကောင်းကင်လမ်းစဉ်၊ သိုင်းတာအိုအပေါ် အတိုင်းအတာတစ်ခုထိ ထိုးထွင်းသိမြင်ထားရန် လိုအပ်သလို ကိုယ်တွင်း နတ်ဆိုးများကိုလည်း ရင်ဆိုင်ရန် လိုအပ်သည်။ ထိုကိုယ်တွင်းနတ်ဆိုးများသည် သူတို့ စိတ်ထဲတွင် ကိန်းအောင်းနေသော နာကျင်မှုများနှင့် နောင်တတရားတို့ ဖြစ်ကြသည်။ ပုံမှန်အားဖြင့် ထိုကိုယ်တွင်းနတ်ဆိုးများကို ဖိနှိပ်ထားနိုင်လေ့ ရှိကြသော်လည်း အဆင့်သစ်တစ်ခုသို့ ချိုးဖျက်သည့်အခါ ပြန်လည်ထွက်ပေါ်လာပြီး ကျင့်ကြံသူများ၏ စိတ်ကို တိုက်ခိုက်ကြကာ ယိုင်နဲ့အောင် လုပ်ကြသည်။

ကိုယ်တွင်းနတ်ဆိုးကြောင့် ချီသွေဖယ်ပြီး ဒုက္ခတိဖြစ်သွားသူများ၊ နတ်ဆိုး ဖြစ်သွားသူများ အများကြီး ရှိပေသည်။

သူ့ကျင့်ကြံခြင်းတစ်လျှောက် ကိုယ်တွင်းနတ်ဆိုးများနှင့် ရန်ကိုင် ကြုံတွေ့ခဲ့ဖူးခြင်း မရှိချေ။ အကြောင်းမှာ သူ့တွင် ထိုကဲ့သို့ နာကျင်မှုများ၊ နောင်တများ ရှိမနေသည့် အတွက်ကြောင့် ဖြစ်သည်။ သူ့ချစ်ရသူများနှင့် ခွဲခွာခဲ့ရသည့် အတွက်ကြောင့် ဝမ်းနည်းမိသည်သာ ရှိသည်။ သို့သော်လည်း တစ်နေ့တွင် သူချစ်ရသူများနှင့် ပြန်လည် ပေါင်းစည်းနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ပေသည်။ ထို့ကြောင့် ထိုအရာများသည် သူ့အဆင့်ချိုးဖျက်ရာတွင် အနှောင့်အယှတ် မဖြစ်စေနိုင်ခဲ့ချေ။

သို့သော်လည်း တစ်နေ့တွင် သူလည်း ကိုယ်တွင်းနတ်ဆိုး မကြုံတွေ့နိုင်ဘူးဟု မည်သူမှ တထစ်ချ မပြောနိုင်ချေ။ သူ့အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖျက်နေတုန်း ကိုယ်တွင်းနတ်ဆိုးသာ ပေါ်လာမည်ဆိုပါက အကျိုးဆက်ကား မတွေးရဲစရာပင်။

ယခု ဤနှစ်တစ်သောင်းအမွှေးနံ့သာဖြင့် ဆိုပါက ထိုကိစ္စကို အလွယ်တကူ ဖြေရှင်း၍ ရပေပြီ။

နှစ်တစ်သောင်းအမွှေးနံ့သာကို ရန်ကိုင် သိနေရခြင်းမှာ ထိုအရာသည် ဆေးပညာနှင့် ဆက်စပ်သော ပစ္စည်းတစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပေသည်။

နှစ်တစ်သောင်းအမွှေးနံ့သာကို တွေ့လိုက်သည့် အတွက်ကြောင့် ရန်ကိုင် အတော့်ကို ပျော်နေသည်။ ချက်ချင်းပဲ ထိုလက်မအရွယ် အပိုင်းအစလေးကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်လေသည်။ နောက်ထပ် အဖိုးတန်ပစ္စည်းများ ထပ်ရှာမတွေ့လျှင်ပင် ကိစ္စမရှိတော့။ ယခုခရီးသည် နှစ်တစ်သောင်းအမွှေးနံ့သာ တစ်ခုတည်းနှင့်ပင် တန်နေလေပြီ။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၄၉)

ခေါင်းမော့ကြည့်လိုက်သည့်အခါ အမွှေးနံ့သာအိုးနောက်တွင် ပန်းချီကားတစ်ချပ် ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုပန်ချီကားချပ်တွင် အမျိုးသမီးတစ်ဦး၏ ကျောပြင်ကို ရေးဆွဲထားသည်။ အမျိုးသမီးသည် အဖြူရောင်အဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး တင့်တယ်ကျော့ရှင်းလှသည်။

ထိုအမျိုးသမီး၏ ကြည့်မိလိုက်သည့်အခိုက် သူ့စိတ်ထဲ ကြည်ညိုလေးစားစိတ်တို့ တဖွားဖွား ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပဲ ထိုင်ဦးညွှတ်ချင်မိသွားခဲ့သည်။ တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိသည်နှင့် ကျင့်စဉ်ကို အလျင်အမြန် လှည့်ပတ်၍ ထိုခံစားချက်ကို ဖိနှိပ်လိုက်လေသည်။

သေချာ အနီးကပ်ကြည့်လိုက်သည့်အခါ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ထိုကျောပြင်ကို တစ်နေရာရာတွင် သူမြင်ဖူးနေသလို ခံစားရသည်။ သို့သော် မည်သည့်နေရာတွင် မြင်ဖူးနေမှန်း မစဉ်းစားမိ ဖြစ်နေခဲ့သည်။

ထို့အပြင် သူ့စိတ်ထဲရှိ ကြည်ညိုလေးစားစိတ်တို့ ပျောက်ကွယ်သွားပြီးနောက် ပန်းချီကားချပ်ကို ပြန်ကြည့်လိုက်သည့်အခါ ပန်းချီကားချပ်သည် သာမန် ပန်းချီကားချပ်နှင့် ဘာမှ မကွာတော့သည်ကို တွေ့လိုက်ရသည်။

ခေါင်းယဲ့ယဲ့လေး ခါလိုက်ရင်း ပန်းချီကားချပ်ကို ကောင်းကင်စိတ်အာရုံဖြင့်ပါ သေချာ ထပ်စစ်ဆေးကြည့်သည်။ ဘာမှ မထူးခြားမှန်း သိလိုက်ပြီးသည့်နောက် ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်လေသည်။

ပန်းချီကားချပ်ထဲရှိ အမျိုးသမီးသည် ဤနေရာ၏ ပိုင်ရှင် ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် ဤနေရာနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်နေသူတစ်ဦး ဖြစ်ရပေလိမ့်မည်။ မဟုတ်လျှင် သူမ၏ ကျောပြင်ကို ဆွဲသားထားသည့် ပန်းချီကားချပ် ဤနေရာတွင် ရှိနေလိမ့်မည် မဟုတ်ချေ။

ထိုပန်းချီကားချပ်ကိုတော့ ယူသွားရန် ရန်ကိုင် မကြိုးစားခဲ့။ နှစ်တစ်ထောင် အမွှေးနံ့သာကို ရပြီးသည်ကတစ်ကြောင်း၊ ပန်းချီကားချပ်သည် ဘာမှမထူးခြားသည်က တစ်ကြောင်းတို့ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် အလေးခံပြီး သူစိမ်းတစ်ယောက်၏ ကျောပြင်အား ဆွဲသားထားသည့် ပန်းချီကားချပ်ကို သယ်မသွားနိုင်ပေသည်။

ဒုတိယတစ်ကြိမ် ထပ်စူးစမ်းကြည့်လိုက်ပြီး ဘာအဖိုးတန်း ပစ္စည်းမှ မရှိတော့မှန်း သေချာသွားသည့်နောက် ဒုတိယထပ်ဆီသို့ ထပ်တက်သွားလေသည်။ မကြာမီ ဒုတိယထပ်ဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။

သို့သော် ဒုတိယထပ်သို့ ရောက်ရောက်ချင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် ကြောင်သွားခဲ့သည်။ ဒုတိယထပ်သည် အခြားနေရာ မဟုတ်ဘဲ အမျိုးသမီးတစ်ဦး၏ အခန်း ဖြစ်နေခဲ့သည်။ အခန်းထဲတွင် ဘာပစ္စည်းများများစားစားမှ မရှိသော်လည်း ပရိဘောဂ၊ အသုံးအဆောင် ပစ္စည်းများအရ ဤနေရာသည် အမျိုးသမီးတစ်ဦးနေသည့် နေရာဖြစ်ကြောင်း ရန်ကိုင် ပြောနိုင်သည်။

ဤအထပ်တွင် ကုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ထိုင်ခုံတစ်လုံးနှင့် ကျင့်ကြံရေးဖျာ တစ်ချပ်တို့သာ ရှိနေခဲ့သည်။ အခြားဘာမှရှိမနေခဲ့ချေ။

အခန်း ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ပြီး နောက်ဆုံးတွင် ရန်ကိုင်၏ အကြည့်သည် ကျင့်ကြံရေးဖျာပေါ်သို့ ရောက်သွားခဲ့သည်။ ဤအိမ်ပိုင်ရှင်သည် ဤအထပ်တွင်နေပြီး ထိုဖျာပေါ်တွင် ထိုင်ကျင့်ကြံခဲ့ဟန်တူသည်။ ထို့ကြောင့် ထိုဖျာသည်လည်း သာမန်ဖျာတစ်ချပ် မဟုတ်တန်ရာ။

ထိုကဲ့သို့ စဉ်းစားမိလိုက်သည်နှင့် ထိုကျင့်ကြံရေးဖျာကို ရန်ကိုင် သွားယူလေသည်။

သို့သော်လည်း သူ့လက်နှင့်ဖျာ ထိမိလိုက်သည်နှင့် ဖျာတစ်ချပ်လုံး ဖုန်ဖြစ်သွားခဲ့သည်။

ထိုဖျာသည် ထူးခြားသည့် ဖျာတစ်ချပ်မဟုတ်ဘဲ သာမန်ဖျာတစ်ချပ်သာ ဖြစ်နေခဲ့သည်။ ထိုအခြင်းအရာကို မြင်လိုက်သော် ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ရုတ်တရက် ထရယ်လေသည်။ ပစ္စည်းကောင်းများစွာကို ရပြီးသည့်နောက် သူအတော်လေး လောဘ ကြီးလာသည့်ပုံပင်။ တစ်ပါးသူ ထိုင်ခဲ့သည့် ဖျာကိုပင် အလွတ်မပေးတော့ချေ။

ဒုတိယကို နည်းနည်းပါးပါး ထပ်ရှားလိုက်ပြီး ဘာအဖိုးတန် ပစ္စည်းမှ မတွေ့သည့်နောက် တတိယထပ်သို့ တက်လာခဲ့လိုက်လေသည်။

သဲမီးတောက်နယ်မြေတွင် အကျိုးအမြတ်၊ အဖိုးတန်ရတနာများစွာကို သူရခဲ့ပြီးလေပြီ။ အစောပိုင်းက ဖျာကိစ္စပြီးနောက် ရန်ကိုင်၏စိတ် အတော်လေး တည်ငြိမ်သွားခဲ့သည်။ တတိယထပ်တွင် မည်သည့် ရတနာမှမရှိလျှင်ပင် သူဂရုစိုက်တော့မည် မဟုတ်ချေ။

ထိုကဲ့သို့ စဉ်းစားပြီးနောက် တတိယထပ်သို့ အလျင်အမြန် တက်သွားလေသည်။ သို့သော်လည်း တတိယတွင် ပစ္စည်းတစ်ခုခု ရှိနေခဲ့ပေသည်။ လှမ်းကြည့်လိုက်သည့်အခါ လေထဲတွင် ဝဲနေသည့် တိုကင်ပြားတစ်ပြား ဖြစ်ကြောင်း သိလိုက်ရသည်။

ထိုတိုကင်ပြားကို မြင်လိုက်သည့်အခိုက် ရန်ကိုင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပြီး ချက်ချင်းပဲ အနက်ရောင်စာအုပ်ထဲ လှန်လှောရှာတော့လေသည်။

ခဏအကြာတွင် ရန်ကိုင်လက်ထဲ တိုကင်ပြားတစ်ပြား ပေါ်လာခဲ့သည်။ ထိုတိုင်ကင်ပြားသည် တတိယထပ်တွင် ဝဲနေသည့် တိုကင်ပြားနှင့် တစ်ပုံစံတည်းနီးပါးပင်။ တိုကင်ပြားနှစ်ပြားစလုံးကို မည်သည့် ပစ္စည်းမှ ထုလုပ်ထားမှန်း မသိရသော်လည်း တိုကင်ပြား နှစ်ပြားစလုံးသည် ထူးထူးခြားခြား တန်ဆာဆင်ထားခြင်းမျိုး မရှိဘဲ “ဧကရာဇ်” ဆိုသော စကားလုံးကိုသာ တိုကင်မျက်နှာပြင်ပေါ်တွင် ထိုးထွင်းထားလေသည်။

သူ့လက်ထဲမှ တိုကင်ပြားသည် မြင်လိုက်သူတိုင်အား နှလုံးမြန်သွားစေနိုင်သော ခံစားချကက်ို ပေးစွမ်းနေခဲ့သည်။

“ကြယ်ဧကရာဇ်တံဆိပ်ပြား” ရန်ကိုင် မျက်နှာ လေးနက်သွားခဲ့သည်။

ကြယ်ဧကရာဇ်တံဆိပ်ပြားများကို ကြယ်တာရာကောင်းကင်ဧကရာဇ်မှ ဖန်တီးခဲ့သည်ဟု ပြောကြသည်။ ကြယ်တံဆိပ်ပြားစုစုပေါင်း ဆယ်ပြားရှိသည်ဟု ကွေ့ဇူ သူ့အား တစ်ခါ ပြောဖူးသည်။ သို့သော်လည်း ထိုကြယ်တာရာကောင်းကင် တံဆိပ်ပြားများ မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။ ကြယ်တံဆိပ်ပြား တစ်ခုချင်းစီတိုင်းထဲတွင် ကြယ်တာရာကောင်းကင်ဧကရာဇ်ဩ တိုက်ကွက်တစ်ခုစီကို ချိတ်ပိတ်ထားလေသည်။ ထိုတိုက်ကွက် တစ်ကွက်ချင်းစီတိုင်းသည် တန်ခိုးရှင်ဘုရင်အဆင့် တစ်ယောက်ကို အလွယ်တကူ သတ်ပစ်နိုင်သည်အထိ စွမ်းအားကြီးပေသည်။

ရန်ကိုင် လက်ရှိကိုင်ထားသည့် ကြယ်တာရာကောင်းကင်တံဆိပ်ပြားကို ကွေ့ဇူမှ အသက်ကြယ်ကျေးဇူးအဖြစ် သူ့အား ပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူအန္တရာယ်တစ်ခုခုနှင့် ကြုံလျှင် တံဆိပ်ပြားထဲ သူတော်စင်ချီ ထည့်သွင်းပြီး အထဲတွင် ချိတ်ပိတ်ထားသည့် ကြယ်တာရာကောင်းကင်ဧကရာဇ်၏ တိုက်ကွက်ကို အသက်သွင်းနိုင်သည်ဟု ကွေ့ဇူ သူ့အား ပြောခဲ့သည်။

သို့သော် ကြယ်ဧကရာဇ်တံဆိပ်ပြားကို သုံး၍ ရန်သူကို သတ်နိုင်သည်ဆိုလျှင် ရန်ကိုင်၏ လက်ရှိ ကျင့်ကြံခြင်းအရ သူလည်း တန်ပြန်ဘေးထွက်ဆိုးကျိုးမှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်ကိုသတ်ရင်း သူပါတစ်ခါတည်း သေသွားနိုင်ပေသည်။ တကယ်တော့ ကြယ်တာရာကောင်းကင် ဧကရာဇ်၏ တိုက်ကွက်သည် အလွန်ကိုမှ စွမ်းအားကြီးလွန်းသည် မဟုတ်ပေလော။

ထို့ကြောင့် ကြယ်တာရာကောင်းကင် တံဆိပ်ပြားကို ရသည့်အချိန်မှစ၍ တစ်ကြိမ်ခါ ထုတ်မသုံးခဲ့ဘဲ အနက်ရာင်စာအုပ်ထဲတွင်သာ ထည့်သိမ်းထားခဲ့သည်။ လုံးဝကို ရင်မဆိုင်နိုင်သည့် ရန်သူများနှင့် မတွေ့ခဲ့သည့် အတွက်ကြောင့်လည်း ပါပေသည်။

သဲမီးတောက်နယ်မြေ၏ ခြောက်လွှာမြောက်တွင် ကြယ်ဧကရာဇ်တံဆိပ်ပြားတစ်ပြားကို လာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။

သို့သော်လည်း ထိုလေထဲ ဝဲနေသော ကြယ်ဧကရာဇ်တံဆိပ်ပြားနှင့် ပက်သက်ပြီး တစ်ခုခု ထူးခြားနေသည်ကို ရန်ကိုင် သတိပြုမိလိုက်သည်။ ထိုကြယ်ဧကရာဇ်တံဆိပ်ပြားသည် သူ့လက်ထဲရှိ ကြယ်ဧကရာဇ်တံဆိပ်ပြားနှင့် တူညီသော အရှိန်အဝါကို ထုတ်လွှတ်နေသော်ငြား ထိုအရာဆီမှ မည်သည့် အန္တရာယ် အငွေ့အသက်ကိုမှ မခံစားရချေ။

ထိုကြယ်ဧကရာဇ်တံဆိပ်ပြားသည် သုံးပြီးသား တံဆိပ်ပြားတစ်ခု ဖြစ်ရပေမည်။ သို့သော်လည်း အထဲတွင် ချိတ်ပိတ်ထားသော တိုက်ကွက်ကို အသုံးပြုလိုက်ပြီးသည့်တိုင် ပျက်စီးသွားခြင်းမရှိသည့် ကြယ်ဧကရာဇ်တံဆိပ်ပြား၏ မာကျောမှုကို ရန်ကိုင် အတော်လေး အံ့အားသင့်နေမိသည်။

သုံးပြီးသာ တံဆိပ်ပြားပင် ဖြစ်စေကာမူ၊ ကြယ်ဧကရာဇ်တံဆိပ်ပြားတစ်ခု ဖြစ်သည့်အတွက်ကြောင့် ဤအတိုင်း လက်မလွှတ်လိုက်ချင်ချေ။ ထို့ကြောင့် ရှေ့တက်ပြီး တံဆိပ်ပြားကို သွားယူလိုက်သည်။ ထိုသို့ လှမ်းယူလိုက်သည့်အခိုက်၊ ထိုကြယ်ဧကရာဇ် တံဆိပ်ပြားဆီမှ မှိန်ဖျဖျအလင်းလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့သည်။

ထိုအလင်းလှိုင်းထဲတွင် ပါဝင်သော သတ်ဖြတ်လိုစိတ်ကို သတိပြုမိလိုက်သည်နှင့် ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူတော်စင်ချီကို ကမန်းကတန်း လှည်ပတ်ကာ ချက်ချင်းပဲ နောက်ပြန်ဆုတ်လိုက်သည်။ သို့သော်လည်း အလင်းလှိုင်းသည် သူ့ထက် ပိုမြန်နေခဲ့ရာ အလျင်အမြန်ပဲ သူ့ဆီသို့ ရောက်ရှိလာခဲ့သည်။

ရန်ကိုင်မျက်နှာ သွေးဆုတ်ဖြူလျော်သွားခဲ့သည်။ ထိုကြယ်ဧကရာဇ်တံဆိပ်ပြားသည် သုံးပြီးသား တံဆိပ်ပြားတစ်ခု ဖြစ်နေသည့်တိုင် လူတိုင်း ထိချင်တိုင်း ထိ၍ရသည့် ပစ္စည်းတစ်ခု မဟုတ်သည့်ပုံပင်။

သူတော့ကံဆိုးပြီးဟု ထင်နေသည့်အချိန်မှပဲ သူ့လက်ထဲရှိ ကြယ်ဧကရာဇ်တံဆိပ်ပြားမှ အလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့ပြီး သူ့ဆီသို့ တိုးဝင်လာနေသော အလှိုင်းကို ချေဖျက်သွားသည်။

လေထဲတွင် ဝဲနေသော ကြယ်ဧကရာဇ်တံဆိပ်ပြားသည်လည်း ထောက်တိုင် ပျောက်သွားသည့်အလား လေထဲမှ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာခဲ့လေသည်။

ရန်ကိုင်မှာမူ ယခုထိ အကြောက်မပြေသေး။ သူ့လက်ထဲရှိ ကြယ်ဧကရာဇ်တံဆိပ်ပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။

ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ သူ့ကြယ်ဧကရာဇ်တံဆိပ်ပြားကိုသာ မကိုင်ထားခဲ့လျှင် ယခုအချိန်လောက်ဆို ပြင်းပြင်းထန်ထန် ဒဏ်ရာရနေလောက်ပေပြီ။ ထိုအလင်းလှိုင်းလေးထဲတွင် ပါဝင်သော စွမ်းအားသည် လက်ရှိသူ ကိုင်တွယ်နိုင်သည့် စွမ်းအားမျိုး မဟုတ်ချေ။

စိတ်ကို ပြန်ငြိမ်အောင် လုပ်ပြီးသည့်အခါမှ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။

ထိုစဉ် လောကကြီးတစ်ခုလုံး ရုတ်တရက် တုန်ခါလာခဲ့သည်။ ပတ်ဝန်းကျင် လေဟာနယ် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်ကို ရန်ကိုင် ခံစားမိလိုက်သည်။ အဘက်ဘက်ဆီမှ သူ့တည်ရှိမှု ငြင်းဆန်နေဟန်ရသော အားအင်တစ်မျိုး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းတွင် ကျောက်စိမ်းသဖွယ် ချောမွတ်သွယ်လျလှပသော ပုံရိပ်ယောင် လက်တစ်ချောင်း ကောင်းကင်ထက်တွင် ရုတ်တရက် ပေါ်လာပြီး ရန်ကိုင်အား ဖမ်းဆုပ်လေသည်။

ထိုကျောက်စိမ်းဖြူရောင် လက်သည် အမျိုးသမီးတစ်ဦး၏ လက်ဖြစ်သည်။ သို့သော် လက်သည်ကား အံ့အားသင့်ဖွယ် ကြီးမားလွန်းလှသည်။ အလွှာတစ်ခုလုံးကို ဖုံးအုပ်လုမတတ် ဖြစ်နေပြီး အိမ်လေးကို ဖြတ်ကျော်ကာ ရန်ကိုင်ဆီသို့ တည့်တည့်မတ်မတ် ရောက်လာသည်။

သဲမီးတောက်နယ်မြေ ပိတ်တော့မည်မှန်း သိလိုက်သော် ရန်ကိုင်၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့လေသည်။ ထို့ကြောင့် ပတ်ဝန်းကျင် လေဟာနယ်သည် သူ့အား လက်မခံလိုတော့ခြင်း ဖြစ်သည်။

သူတစ်ယောက်တည်းသာမဟုတ်၊ အခြားသူများလည်း ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် တွေးမိလိုက်သည်။ ရန်ကိုင် တွေးသည်မှာ မမှားချေ။ အခြားသူများလည်း သူ့ကဲ့သို့ ဖြစ်နေပေသည်။ ပထမအလွှာမှစ၍ လေးလွှာမြောက်အထိ၊ ပုံရိပ်ယောင်လက်များ ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး လမ်းလျှောက်၊ အနားယူ၊ တိုက်ခိုက်နေကြသော ကျင့်ကြံသူများကို ဖမ်းဆုပ်ကာ ပျောက်ကွယ်သွားလေသည်။

ထို့နောက် သဲမီးတောက်နယ်မြေ၏ အပြင်ဘက်တွင် ပုံရိပ်များစွာ ထွက်ပေါ်လာခဲ့သည်။

တတိယအလွှာတွင်၊ ရန်ကိုင်သည် သူတော်စင်ချီကို လှည့်ပတ်၍ ထိုကျောက်စိမ်းဖြူရောင် လက်ဆီ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

သို့သော်လည်း သူ၏ မဟာကောင်းကင်ဖုံးလက်သည် ထိုကျောက်စိမ်းဖြူရောင်လက်အား တစ်စက္ကန့်လေးပင် မတောင့်ခံနိုင်ထားနိုင်ဘဲ ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့ရသည်။ ကောင်းကင်ဖုံးလက် မတားနိုင်သည်ကိုမြင်သော် လေဟာနယ်ဓါးသွားများကို ပစ်လွှတ်လိုက်သည်။

လေဟာနယ်ဓါးသွားများကို ပစ်လွှတ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ် ပြုတ်ကျနေသော ကြယ်ဧကရာဇ်တံဆိပ်ပြားကို အမြန် ကုန်းလောက်လိုက်သည်။ ပြီးသည့်နောက် ယခင်ကကဲ့သို့ မခုခံနေတော့ဘဲ ငြိမ်ငြိမ်လေး ရပ်နေပေးလိုက်သည်။

သို့သော်လည်း ကျောက်စိမ်းဖြူရောင်လက်မှ ရန်ကိုင်အား ဖမ်းကိုင်ပြီး သူ့အား အပြင်ဘက်သို့ ပြန်ပို့တော့မည်အပြု၊ ရန်ကိုင်လက်ထဲရှိ ကြယ်ဧကရာဇ်တံဆိပ်ပြားနှစ်ခု အရောင်တောက်လာပြီး သူ့ပတ်ပတ်၍ အပြာရောင်အရံအတားတစ်ခုကို ဖန်တီးလိုက်လေသည်။

ကျောက်စိမ်းလက် ပျောက်ကွယ်သွားပြီး ရန်ကိုင်သည် တတိယထပ်တွင် နားမလည်နိုင်စွာဖြင့် ကျန်ရစ်ခဲ့သည်။ တွန့်လိမ်နေသော လေဟာနယ်သည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီး သူ့အား ဤနေရာမှ ငြင်းပယ်နေသော စွမ်းအားတို့သည်လည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ခဏအကြာမှသာ ရန်ကိုင် အသိပြန်ဝင်လာခဲ့သည်။ အသိပြန်ဝင်လာသည့်အခိုက် ရန်ကိုင် ပြုံးမိသွားခဲ့သည်။

အစောပိုင်းက လက်ပေါ်လာသည့် ကိစ္စသည် သဲမီးတောက်နယ်မြေ ပိတ်တော့မည့် အတွက်ကြောင့်ဖြစ်မှန်း ရန်ကိုင်သိသည်။ ကျောက်စိမ်းလက်သည် အခြားသူများကဲ့သို့ သူ့ကိုလည်း အပြင်ပြန်ပို့ရန် လုပ်သော်ငြား ကြယ်ဧကရာဇ်တ့ဆိပ်ပြားနှစ်ပြားက ဝင်ရောက်တားဆီးခဲ့သည်။

သူပျော်သွားရသည့် အကြောင်းအရင်းသည်ကား သူ့တွင် အချိန်အများကြီး ရှိလာပြီ ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ သို့သော်လည်း စိုးရိမ်စရာတစ်ချက် ရှိနေသည်။ ဤနေရာမှ ပြန်ထွက်သည့်အခါ မည်သို့သော အန္တရာယ်မျိုးနှင့် ရင်ဆိုင်ရမလဲ ဆိုသည်ပင်။

တကယ်တော့ သ◌ြမီးတောက်နယ်မြေ ဖွင့်သည့်အခါ မီးတောက်နယ်မြေထဲရှိ အန္တရာယ်များသည် အဆပေါင်းများစွာ လျော့ကျသွားခဲ့သည်။ ယခု သဲမီးတောက်နယ်မြေ ပြန်ပိတ်သွားပြီ ဖြစ်သဖြင့် မီးတောက်နယ်မြေသည်လည်း အလွန်ကိုမှ အန္တရာယ် ပြန်များလာပေတော့မည်။ ရန်ကိုင်သာ အပြင်သို့ ထွက်သွားချင်သည်ဆိုပါက ခြောက်လွှာမြောက်ကို ဖြတ်သွားမှ ရပေလိမ့်မည်။

သို့သော်လည်း ယခုလောလောဆယ်၌ ထိုအကြောင်းများကို ထိုင်စဉ်းစားနေ၍ ဘာအကျိုးမှမရှိ။ လက်ရှိ အခိုက်အတန့်ကို မည်ကဲ့သို့ အကျိုးရှိရှိ အသုံးချရမလဲ ဆိုသည်ကို စဉ်းစားခြင်းသည်သာ သူ၏ ပထမဦးစားပေး ဖြစ်သည်။

ကြယ်ဧကရာဇ်တံဆိပ်ပြားနှစ်ပြားကို ရန်ကိုင် ပြန်မသိမ်းရဲချေ။ သိမ်းလိုက်သည်နှင့် ဘာဖြစ်မလဲဆိုသည်ကို သူမပြောတတ်။ ထို့ကြောင့် တံဆိပ်ပြားနှစ်ပြားကို လက်အိတ်ထဲ ထည့်ထားလိုက်သည်။

artial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၀)

သဲမီးတောက်နယ်မြေ၏၊ ပထမမီးတောက်အလွှာ…

ရန်ကိုင်သည် သူ့ရင်ဘတ်မှ ဖြာထွက်နေသော အပြာရောင်အလင်းစက်ကွင်း၏ အကူအညီဖြင့် အေးအေးဆေးဆေး လမ်းလျှောက်နေသည်။ ထိုအလင်းစက်ကွင်းသည် သူ့ပတ်လည်ရှိ အန္တရာယ်အားလုံးမှ သူ့အား ကာကွယ်ပေးထားသည်။ အလွန်ပြင်းထန်သော အပူဓါတ်နှင့် မီးအဆိပ်ပင်လျှင် ထိုအလင်းစက်ကွင်းကို မထိုးဖောက်နိုင်ချေ။ ထို့ကြောင့် ရန်ကိုင်အတွက် အတော်လေးကို သာသာယာယာ ဖြစ်နေခဲ့သည်။ သဲမီးတောက်နယ်မြေထဲတွင် လမ်းလျှောက်နေသော်လည်း သူတော်စင်ချီကိုပင် အသုံးပြုစရာ မလိုချေ။

သဲမီးတောက်နယ်မြေ ပိတ်သွားသည်မှာ နှစ်ဝက်ရှိသွားခဲ့လေပြီ။ ထိုနှစ်ဝက် အတောအတွင်း သူ့အချိန်အများစုကို ခြောက်လွှာမြောက်တွင် ဖြုန်းတီးခဲ့သည်။

ရတနာရှာနေသည့် အတွက်ကြောင့် အချိန်ကြာနေခြင်းမဟုတ်။ ထိုအိမ်လေးထဲတွင် ရှိရှိသမျှသော ရတနာများကို သူယူပြီးသွားခဲ့လေပြီ။

အချိန်ကြာနေရခြင်းသည်ကား ဝါးပင်များကို ခုတ်နေသည့် အတွက်ကြောင့် ဖြစ်သည်။

ရန်ကိုင်သည် မူလက ဝါးပင်နည်းနည်းလောက် ခုတ်ပြီး ထွက်သွားရန် စီစဉ်ထားသည်။ သို့သော်လည်း ဝါးပင်များသည် သူထင်ထားသည်ထက်ပင် ပိုမာနေလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ လေဟာနယ်ဓါးသွားကို အသုံးပြုသည့်တိုင် လက်မတစ်ချောင်းစာ အထူရှိသော ဝါးကိုခုတ်ရန် ရက်နှစ်ဆယ်တိတိ အချိန်ယူခဲ့ရသည်။

သို့သော်လည်း လေဟာနယ်ဓါးသွားကို ရက်နှစ်ဆယ်ဆက်တိုက် အသုံးပြုးခြင်းသည် သူ့အတွက် အကျိုးမယုတ်သည့်အပြင် အကျိုးပင် ရှိသွားသေးသည်။ လေဟာနယ်ဓါးသွားကို ထပ်တလဲလဲ အသုံးပြုခဲ့သည့် အတွက်ကြောင့် လေဟာနယ်ဓါးသွားကို ပို၍ ကျွမ်းကျင်လာခဲ့လေသည်။

လေဟာနယ်ဓါသွားကို အသုံးပြုရင်းပြုရင်း ပိုပို၍ တိုးတက်လာသည်ကို သတိပြုမိသော် ရန်ကိုင်လည်း အချိန်ကုန်သည်ကို ဂရုမစိုက်တော့ဘဲ ဝါးများကို ထိုင်ခုတ်တော့လေသည်။

နောက်ထပ်ခြောက်လအတွင်းတွင် ရန်ကိုင်သည် ဝါးတောအုပ်ကို လေ့ကျင့်ရင်းကွင်း တစ်ခုအဖြစ် အသုံးချခဲ့သည်။ ထိုခြောက်လအတောအတွင်း ဝါးပင်နှစ်ဆယ်သာ ခုတ်နိုင်ခဲ့လေသည်။ သူနောက်ကျလွန်းနေလျှင် ဝူရီနှင့် ယန်ယန်တို့ စိတ်ပူမည် စိုးသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုဝါးတောတွင် ဝါးဆက်ခုတ်နေပေသည်။

ဤသို့ဖြင့် လွန်ခဲ့သော တစ်လခန့်က ခြောက်လွှာမြောက်မှ ရန်ကိုင် ထွက်လာခဲ့သည်။

ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ကြယ်ဧကရာဇ်တံဆိပ်ပြားနှစ်ပြားကို ကိုယ်နှင့်မကွာ‌ ဆောင်ထားသည်။ သိုလှောင်လက်စွပ်ထဲသို့ လုံးဝ ပြန်မထည့်။ သဲမီးတောက်နယ်မြေ ပိတ်သွားပြီးနောက် အထဲတွင် ရှိနေသော အန္တရာယ်များသည် ကြောက်မခန်းလိလိ များပြားလာခဲ့သည်။ ဒုတိယအလွှာနှင့် လေးလွှာမြောက်သည် သိပ်ပြီး ပြောင်းလဲသွားခြင်း မရှိသော်လည်း သုံးလွှာမြောက်နှင့် ငါးလွှာမြောက်ရှိ အပူစွမ်းအင်တို့မှာ ယခင်ထက် ဆယ်ဆမက ပိုမို အားကောင်းလာခဲ့လေသည်။

ထိုအပူစွမ်းအင်ကို သူ့အအေးမီးတောက်ပင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ကံကောင်းစွာဖြင့် သူ့တွင် ကြယ်ဧကရာဇ်တံဆိပ်ပြားမှ ဖန်တီးပေးထားသည့် အလင်းစက်ကွင်း ရှိနေခဲ့သည်။

ကြယ်ဧကရာဇ်တံဆိပ်ပြားသည် မီးတောက်နယ်မြေ၏ ပတ်ဝန်းကျင်ကို ဘာကြောင့် ကန့်သတ်နိုင်မှန်း ရန်ကိုင်နားမလည်။ သို့သော် ဤနေရာသည် ကြယ်တာရာကောင်းကင် ဧကရာဇ်ဖြင့် တစ်နည်းနည်းနှင့် ပက်သက်နေရလိမ့်မည်ဟု ယုံကြည်နေသည်။ မဟုတ်လျှင် သုံးပြီးသား ကြယ်ဧကရာဇ်တံဆိပ်ပြားသည် ခြောက်လွှာမြောက်ရှိ အိမ်လေးထဲတွင် ပေါ်လာလိမ့်မည် မဟုတ်ချေ။

ယခုနေသာ သဲမီးတောက်နယ်မြေထဲသို့ တစ်ယောက်ယောက် ဝင်ရန် ကြိုးစားပါက ထိုလူ ကျိန်းသေ သေရပေလိမ့်မည်။ ထို့ကြောင့် အရိပ်ကြယ်ပေါ်ရှိလူများည် သဲမီးတောက်နယ်မြေ၏ အပူဓါတ် သိသိသာသာ လျော့နည်းသွားသည့် အချိန်မှသာ ဝင်ကြခြင်းမှာ အထူးအဆန်း မဟုတ်တော့ချေ။

အနီရင့်ရောင် အလင်းအကာအရံကို မြင်လိုက်သည့်အခါတွင် ရန်ကိုင်သည် ထိတ်လန့်ကြောက်ရွံ့သွားခြင်း မရှိဘဲ သေမှာကို ကြောက်ရွံ့ခြင်း မရှိသည့် လူတစ်ယောက်နှယ် ပျော်ပင် ပျော်သွားခဲ့သည်။

သို့သော်လည်း စွမ်းအင်အရံအတားဆီသို့ မရောက်သေးခင်မှာပဲ အရံအတားသည် တစ်ခုခုကို အာရုံခံမိလိုက်သည့အလား အလိုလို အက်ကွဲသွားပြီး ရန်ကိုင် သွားနိုင်ရန်အတွက် လမ်းကြောင်းတစ်ခု ဖန်တီးပေးလိုက်လေသည်။

ရန်ကိုင် ဖြတ်သွားပြီးနောက် ထိုအက်ကွဲကြောင်းသည် သူ့အလိုလို ပြန်ပိတ်သွားခဲ့သည်။

ထိုအရံအတားကို ဖြတ်ကျော်လိုက်သည်နှင့် မတူကွဲပြားသော မြင်ကွင်းတစ်ခုသည် ရန်ကိုင်အား ဆီးကြိုနေခဲ့သည်။ သူ့ခြေထောက်အောက်ရှိ မြေပြင်သည် ပက်ကြားအက်နေပြီး ပတ်ဝန်းကျင်သည် အနည်းငယ် ပူနေသေးသော်လည်း ရှူခင်းအဖုံဖုံသည် မီးတောက်နယ်မြေနှင့် လုံးဝ ကွဲပြားနေခဲ့သည်။

နောက်ဆုံး သူထွက်လာနိုင်ခဲ့လေပြီ။ သဲမီးတောက်နယ်မြေသည် အလွန်ကိုမှ ကျယ်ပြောပေသည်။ မိုးကြိုးမီးတောက်တောင်ပံများကို အသုံးပြုခဲ့သည့်တိုင် အတွင်ပိုင်းဆုံးမှ အပြင်ဘက်ဆုံးသို့ ရောက်ရန် တစ်လတိတိ ကြာခဲ့သည်။

သဲမီးတောက်နယ်မြေ၏ အတွင်းဘက်မှ အပြင်ဘက်ဆုံးထိ အနည်းဆုံး မီတာ သိန်းနှင့်ချီ ကွာဝေးပေသည်။ ထိုအကြောင်းကို အခြား မည်သူမှ မသိရခြင်းမှာ သူမှလွဲ၍ အခြားမည်သူမှ သဲမီးတောက်နယ်မြေ၏ အတွင်းဘက်ဆုံးသို့ မရောက်ဖူးသောကြောင့် ဖြစ်ပေသည်။

အပြင်သို့ရောက်သည်နှင့် ကြယ်ဧကရာဇ်တံဆိပ်ပြား နှစ်ပြားကို အနက်ရောင်စာအုပ်ထဲသို့ ပြန်ထည့်ထားလိုက်လေသည်။

သို့သော်လည်း မကြာမီ ရန်ကိုင် မျက်မှောင်ကြုတ်သွားရလေသည်။ အပြင်သို့ ရောက်လာပြီး ဖြစ်သော်လည်း မည်သည့်နေရာသို့ ရောက်နေမှန်း သူမသိချေ။ သူ့တွင် ရှိနေသော ယွမ်သံလိုက်အိမ်မြောင်သည် သဲမီးတောက်နယ်မြေ အတွက်သာ အလုပ်လုပ်သည်။ ထိုယွမ်သံလိုက်အိမ်မြောင်သည် သဲမီးတောက်နယ်မြေ၏ အတွင်းပိုင်းသို့ အဆက်မပြတ် ညွှန်ပြနေသည်။ ထို့ကြောင့် ညွှန်ပြရာနှင့် ဆန့်ကျင်ဘက်သို့ ထွက်လာလိုက်မည် ဆိုပါက သဲမီးတောက်နယ်မြေထဲမှ ထွက်လာနိုင်ပေလိမ့်မည်။

အခြေအနေလေး အကြမ်းဖျင်းသိရအောင် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးတော့မည်အပြု ရန်ကိုင် မျက်ခုံးကြောတို့ တွန့်ကွေးခဲ့ပြီး တစ်ခုသော ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင် ရပ်နေရာမှ မလှမ်းမကမ်း အရပ်ဆီမှ လူတစ်ယောက်သည် သူ့ဆီသို့ ပျံသန်းလာနေခဲ့သည်။ နှစ်ယောက်သား အကြည့်ချင်း ဆုံးသွားသည့်အခိုက် လူစိမ်း ထိတ်လန့်သွာခးဲ့လေသည်။

သဲမီးတောက်နယ်မြေ ပိတ်သွားသည်မှာ ခြောက်လရှိနှင့်နေခဲ့ပြီ။ ဂိုဏ်းကြီး၊ ဂိုဏ်းငယ်မှ လူအားလုံး အသီးသီး ပြန်ထွက်သွားကုန်ကြလေပြီ။ ထို့ကြောင့် သဲမီးတောက်နယ်မြေနားတွင် လူတစ်ယောက် တွေ့လိုက်ရသဖြင့် ထိုလူ အံ့ဩသွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ချက်ချင်းဆိုသလို ထိုလူသည် သူ့အား သိနေသည့်အလား လက်ဝှေ့ရမ်းပြလာခဲ့သည်။

ရန်ကိုင်လည်း အလွန်ကို အံ့အားသင့်နေခဲ့သည်။ ထိုလူကို သူသိပေသည်။

ထိုလူနာမည်ကို သူမသိသော်လည်း ထိူလူကို တစ်ကြိမ် မြင်ဖူးပေသည်။ သဲမီးတောက်နယ်မြေ စဖွင့်စဉ်၊ ရန်ကိုင် အထဲသို့ ဝင်သွားစဉ် သူနှင့်ရှေ့ဆင့်နောက်ဆင့် လိုက်ဝက်လာသည့် လူနှစ်ယောက်ရှိသည်။ ယခု သူ့ဆီ ပျံသန်းလာနေသည့်လူသည် သူ့အား အတူတူသွားမလားဟု ဖိတ်ခေါ်ခဲ့သည့်လူ ဖြစ်သည်။

ထိုစဉ်က သဲမီးတောက်နယ်မြေ၏ ဝင်ပေါက်သည် လူများကို ကြုံရာနေရာဆီသို့ ပို့ပေးသည်။ ရန်ကိုင် ရောက်သွားသည့် နေရာဆီသို့ အခြားလူနှစ်ယောက်လည်း ရောက်လာခဲ့သည်။ တစ်ယောက်သည် အရိပ်လခန်းမ၏ တပည့်တစ်ယောက်ဖြစ်ပြီး အခြား တစ်ယောက်သည် ထိုလူ ဖြစ်ပေသည်။

သို့သော်လည်း ရန်ကိုင်က ထိုလူ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။

ရန်ကိုင် မြင်သော် ထိုလူပျော်သွားခဲ့သည်။ ချက်ချင်းပဲ လမ်းကြောင်းပြောင်းပြီး ရန်ကိုင် ရှိနေသည့်နေရာဆီ ပြေးသွားတော့မည့်အပြု၊ သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် ရပ်တန့်လိုက်လေသည်။

သူရပ်တန့်လိုက်သည်နှင့် တစ်ပြိုင်နက် ဆိုသလို ကျင့်ကြံသူ တစ်ယောက် ပေါ်လာပြီး သူ့လမ်းတွင် ပိတ်ရပ်လိုက်သည်။ ချက်ချင်းပဲ နောက်ထပ် ကျင့်ကြံသူတစ်ယောက် ထပ်ပေါ်လာပြီး ထိုလူရှေ့တွင် ပိတ်ရပ်လိုက်သည်။

ထိုလူ မျက်နှာပျက်သွားပြီး ရန်ကိုင်ဆီ အလိုလို လှမ်းကြည့်လိုက်သည်။ တစ်ခုခု ပြောချင်နေသော်လည်း ပြောမထွက်သည့်ပုံပင်။

ထိုလူအား အောင်အောင်မြင်မြင် ပိတ်ဆို့လိုက်နိုင်သည်ကို မြင်သော် အသစ် ရောက်လာသည့် လူနှစ်ယောက် စိတ်သက်သာရာ ရသွားခဲ့သည်။ ကောင်းကင်စိတ်အာရုံ သုံး၍ ရန်ကိုင်အား တိတ်တဆိတ် စစ်ဆေးကြည့်ပြီးသွားလေပြီ။ ရန်ကိုင်သည် သူတော်စင်ဘုရင် ဒုတိယအဆင့်သာ ရှိသေးသည့်အတွက် သူ့အား အဖက်မလုပ်ခြင်း ဖြစ်သည်။

အရပ်ရှည်ရှည်နှင့် ကျင့်ကြံသူက ရယ်သွမ်းသွေးလျက် သူတားထားလိုက်သည့်လူကို ကြည့်ကာ ပြောလိုက်သည် “ဂျူနီယာညီလေးတုန့် ဘာလို့ ဒီဘက်ပြေးလာနေလဲ မှတ်တယ်။ လတ်စသတ်တော့ အကူရှိနေတာကိုး။ ဒါပေမယ့် မင်းအကူက သူတော်စင်ဘုရင် ဒုတိယ အဆင့်ပဲ ရှိသေးတာ၊ ငါတို့ကိုကူပြီး တားပေးနိုင်မယ်ထင်လား”

ခရမ်းရောင်ဝတ်ရုံ ဝတ်ထားသည့် ကျင့်ကြံသူကလည်း ခေါင်းညိတ်၍ ဝင်ပြောလိုက်သည် “ဂျူနီယာညီလေးတုန့်က အမြင့်ရောက်သွားတော့ ကောင်းကောင်း မစဉ်းစားတတ်တော့ဘူးနဲ့ တူတယ်။ မဟုတ်ရင် ဘာလို့ ဒီလိုနေရာဆီ ပြေးလာမှာလဲ။ စီနီယာအစ်ကိုရယ်၊ သူနဲ့ အပိုစကားတွေ ပြောမနေနဲ့တော့”

လမ်းပိတ်ထားခံရသည့် တုန့်နင်က သုန်သုန်မှုန်မှုန်ဖြင့် ပြန်မေးလိုက်သည် “ရဲ့ယန်ရုန်၊ အန်းဇီ၊ သွေးပေါင်းစပ်ဆေးလုံးလေး တစ်လုံးအတွက်နဲ့ မိတ်ဆွေ သံယောဇဉ်ကိုမှ မထောက်၊ မင်းတို့ လုပ်ရက်တယ်ကွာ”

ရဲ့ယန်ရုန်ဆိုသော အရပ်ရှည်ရှည်နှင့် ကျင့်ကြံသူက လှောင်ပြုံးပြုံးလျက် “မိတ်ဆွေ သံယောဇဉ်၊ နတ်ဆိုးသွေးကျောင်းတော်မှ၊ မိတ်ဆွေသံယောဇဉ် ရှိလို့လား။ ဒီက စီနီယာအစ်ကိုကလည်း မင်းဆီက ဘာမိတ်ဆွေသံယောဇဉ်ကိုမှ မမျှော်လင့်ဘူး။ ဂျူနီယာညီလေးတုန့်၊ မင်းအခြေအနေကို မင်းနားလည်သင့်တယ်နော်။ သွေးပေါင်းစပ်ဆေးလုံးကို ပေးလိုက်၊ အဲ့ဒါဆို ငါတို့အချင်းချင်း ခင်မင်ခဲ့တာကို ထောက်ထားပြီး မင်းကို ခက်ခဲအောင် မလုပ်တော့ဘူး”

“အို၊ တကယ်ကြီးလား” တုန့်နင်က လှောင်ရယ်ရယ်လိုက်ပြီး “ငါသူသေကိုယ်သေ ပြန်တိုက်မှာကို မင်းတို့ ကြောက်နေတာမလား။ နှစ်ယောက်ရှိတယ်ဆိုပြီး ငါ့ကို အလွယ်တကူ အနိုင်ယူနိုင်မယ် မထင်နဲ့။ ငါသေရမယ်ဆိုရင်တောင် မင်းတို့ထဲက တစ်ယောက်ကို အပါ ခေါ်သွားနိုင်သေးတယ်”

ထိုစကားကို ကြားလိုက်သည့်အခါ ရဲ့ယန်ရုန်နှင့် အန်းဇီတို့ နှစ်ယောက်စလုံး မျက်နှာပျက်သွားခဲ့သည်။ တုန့်လည်း တုန့်ဆိုင်းသွားမိကြသည်။ တုန့်နင် သူ့တို့အား လျှာအရိုးမရှိတိုင်း ခြိမ်းခြောက်နေခြင်း မဟုတ်မှန်းကို နှစ်ယောက်စလုံး သိကြပေသည်။

အန်းဇီ မျက်မှောင်ကြုတ်သွားခဲ့ပြီး သတ်ဖြတ်လိုစိတ်ကို တတ်နိုင်သမျှ ချုပ်တည်း၍ ပြေပြေလည်လည်ဖြင့် ပြောနိုင်ရန် ပြင်လာသည် “ဂျူနီယာညီလေးတုန့်၊ သဲမီးတောက်နယ်မြေ ထဲကနေ အကျိုးအမြတ်အများကြီး မင်းရခဲ့တယ်လေ၊ ဟုတ်တယ်မလား။ အဲ့ဒါကြောင့်ပဲ အကြီးအကဲက မင်းကို ဆုချခဲ့တာလေ။ ဒါပေမယ့် ငါသိသလောက် မင်းရတဲ့ဆုက အဲ့တစ်ခုတည်း မဟုတ်ပါဘူး။ မင်းကို သိုင်းကျမ်းဆောင်ကနေ သိုင်းပညာရပ် ရွေးချင်းပေးထားသလို မှော်ရတနာတစ်ခုလည်း ပေးထားသေးတယ်၊ ဟုတ်တယ်မလား။ အဲ့ဒါကို ဘာလို့ သွေးပေါင်းစည်းဆေး တစ်လုံးတည်းကို လိုက်တွယ်ကပ်နေတာလဲ။ ငါတို့ မင်းရဲ့ အခြား ရတနာတွေကို မလိုချင်ဘူး။ သွေးပေါင်းစည်းဆေး တစ်လုံးတည်းကိုပဲ လိုချင်တာ။ အလကား မပေးနိုင်ဘူးဆိုရင်လည်း သူတော်စင်သလင်းကျောက် သုံးသောင်းနဲ့ ဝယ်မယ်ကွာ”

သူသာ ထွက်ပေါက်ပေးလိုက်လျှင် တုန့်နန် လက်လျှော့သွားလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း သူ့ဘက်က အလျှော့ပေးနေသည့်တိုင် တုန့်နန် ဆက်ခေါင်းမာနေဦးမည်ဟု မည်ကဲ့သို့ ထင်ခဲ့ပါမည်နည်း။ သူ့ဘက်က ပြောပြီးသည့်နောက် ကြားချင်နေသည့် စကားကို မကြားရင် တုန့်နင်က ထေငေါ့စကားကိုသာ ကြားလိုက်ရလေသည် “သုံးသောင်းဟုတ်လား။ စီနီယာအစ်ကိုအန်းက နတ်ဆိုးသွေးကျောင်းတော်က တပည့်တစ်ယောက် ဖြစ်ပြီးတော့ သွေးပေါင်းစပ်စည်းဆေးလုံးရဲ့ တန်ဖိုးကို မသိတာလား။ သူတော်စင်သလင်းကျောက် သုံးသောင်းလေးနဲ့ သွေးပေါင်းစည်းဆေးလုံးကို ဝယ်ချင်နေတာ ကျုပ်ကို အရူးမှတ်နေတာလား။ စဉ်းစားမစဉ်းလိုက်နဲ့”

အန်းဇီမျက်နှာ ချက်ချင်း အေးစက်သွားခဲ့သည်။ တစ်ခုခု ပြောတော့မည်အပြု တုန့်နန်က ဆက်ပြောလိုက်ပြန်သည် “စီနီယာအစ်ကိုအန်း၊ စီနီယာအစ်ကိုရဲ့ ဘယ်လိုလူမျိုးလဲ ဆိုတာကို ကျုပ်သတိမပေးလို့ဆိုပြီး ကျုပ်ကို လာအပြစ်မတင်နဲ့ဦးနော်။ သွေးပေါင်းစည်းဆေးလုံး တစ်လုံးပဲ ရှိတယ်ဆိုတာ လူတိုင်းသိတယ်။ ဒီသွေးပေါင်းစည်းဆေးလုံးကို စီနီယာအစ်ကိုတို့လက်ထဲ ထည့်ပေးလိုက်မယ်ဆိုရင်တောင် ဘယ်သူယူမလဲဆိုတာကို ဘယ်လို ဆုံးဖြတ်မှာလဲ။ စီနီယာအစ်ကိုရဲ့ ရဲ့ ယုံတမ်းစကားကို ယုံနေတယ်ဆိုရင်တော့ စီနီယာအစ်ကိုအန်းရဲ့ အနာဂတ်က မတွေးရဲစရာပဲ”

ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် အန်းဇီ၏ အမူအရာ အရုပ်ဆိုးသွားခဲ့သည်။ သူလည်း ထိုအကြောင်းကို တွေးထားပြီးသားပင်။ သို့သော်လည်း ကျားပေါ် ခွစီးလျက်သား ဖြစ်နေသဖြင့် ရဲ့ယန်ရုန်နှင့်အတူ ပူးပေါင်းပြီး သွေးပေါင်းစည်းဆေးလုံးကို လူရုံသာ ရှိတော့သည်။

သွေးပေါင်းစည်းဆေးလုံးကို ရပြီး မည်ကဲ့သို့ ဝေစုခွဲမလဲ ဆိုသည့်ကိစ္စကိုမူ နောက်မှသာ စဉ်းစားရပေလိမ့်မည်။

အန်းဇီ၏ အမူအရာ ပြောင်းလဲသွားသည်ကိုမြင်သော် ရဲ့ယန်ရုန်က အလျင်အမြန်ပဲ ဝင်ပြောလိုက်သည် “ဂျူနီယာညီလေးအန်း၊ သူ့စကားကို မယုံနဲ့။ သူငါ့ကိုတို့ကို သက်သက် သွေးခွဲနေတာ။ ငါတို့ပြောထားတဲ့အတိုင်း၊ သွေးပေါင်းစည်းဆေးလုံးကို ရတဲ့သူ အပိုင်ပဲ။ စီနီယာအစ်ကို ကံကောင်းပြီး ရသွားခဲ့မယ်ဆိုရင် ငါမင်းကို ကောင်းကောင်း ပြန်အလျော်ပေးမယ်”

ထိုစကားကို ကြားလိုက်သည့်အခါမှပဲ အန်းဇီ၏ အမူအရာ ပြေလျော့သွားခဲ့ပြီး အားတင်းပြုံးလျက် “ဂျူနီယာညီလေး ကံကောင်းသွားတယ် ဆိုရင်လည်း စီနီယာအစ်ကိုလိုပဲ လုပ်မှာပဲ”

နှစ်ယောက်စလုံးသည် အခြား ရည်ရွယ်ချက်များ ရှိနေပေသည်။ သို့သော်လည်း လောလောဆယ်တွင် နှစ်ယောက်စလုံး ပူးပေါင်းထားကြသည်။

သူ့အကြံအစည် အလုပ်မဖြစ်သည်ကိုမြင်သော် တုန့်နန် အံကြိတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ အံ့အားသင့်ဖွယ် သွေးချီတို့ ပါဝင်နေသော ကြက်သွေးရောင်ဆေးလုံး တစ်လုံးကို ထုတ်လိုက်လေသည်။

“သွေးပေါင်းစပ်ဆေးလုံး” ထိုဆေးလုံးကို မြင်လိုက်သည်နှင့် ရဲ့ယန်ရုန်နှင့် အန်းဇီတို့၏ မျက်လုံးများ လောဘရိပ်တို့ဖြင့် တလက်လက် တောက်ပလာခဲ့လေသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၁)

“သွေးပေါင်းစည်းဆေးလုံးက အကြီးအကဲတွေ ငါ့ကို ပေးထားတာ။ ဒီဆေးလုံးကို အဆင့်တစ်ဆို့အတားအဆီးတွေ ကြုံရရင် ချိုးဖျက်နိုင်ဖို့ အကြီးအကဲတွေ ပေးထားတာ။ အဲ့ဒါကို မင်းတို့က လိုချင်နေကြတယ်ပေါ့၊ ဟုတ်လား” တုန့်နန်က ကောက်ကျစ်ယုတ်မာတော့မည့် အပြုံးဖြင့် မေးလိုက်သည်။ ပြီးသည်နှင့် သွေးပေါင်းစပ်ဆေးလုံးကို သဲမီးတောက်နယ်မြေဘက်သို့ ပစ်ထည့်လိုက်ပြီး အရူးတစ်ယောက်နှယ် ရယ်မောရင်း “လိုချင်ရင် အဲ့မှာ သွားယူကြပေတော့။ ယူနိုင်၊ မယူနိုင်တာက မင်းတို့ကိစ္စဖြစ်သွားပြီ”

သွေးပေါင်းစည်းဆေးလုံးကို သူဆက်ယူမထားနိုင်တော့မှန်း သိသည်။ သူပစ္စည်းကို သူမပိုင်နိုင်မှတော့ ဖျက်စီးပစ်ရပေလိမ့်မည်။

“သူ့ကိုတား” ရဲ့ယန်ရုန်က အော်ဟစ်လိုက်သည်။ တုန့်နန်ကို တိုက်ခိုက်ဖို့ ပြင်နေသော်လည်း မတိုက်ခိုက်နိုင်တော့ဘဲ ချက်ချင်း သွေးပေါင်းစည်းဆေးလုံး နောက်သို့ ပြေးလိုက်သွားလေသည်။

အန်းဇီသည်လည်း ရဲ့ယန်ရုန်ကဲ့သို့ပင် သွေးပေါင်းစည်းဆေးလုံးနောက် ပြေးလိုက်သည်။

သို့သော်ငြား တုန့်နန်သည် ဘာမှပြောညာမပြောဖြင့် အားကုန်သုံးကာ ပစ်လိုက်ခြင်း ဖြစ်သည့်အပြင် သဲမီးတောက်နယ်မြေသည်လည်း အနီးအနားတွင် ရှိနေသောကြောင့် မျက်တောင် တစ်ခတ်အတွင်း သွေးပေါင်းစည်းဆေးလုံးသည် သဲမီးတောက်နယ်မြေထဲသို့ ရောက်သွားခဲ့သည်။ ရဲ့ယန်ရုန်နှင့် အန်ဇီတို့ စတင်ပြေးလိုက်သည့် အချိန်တွင် အရမ်း နောက်ကျနေခဲ့လေပြီ။

နှစ်ယောက်စလုံး မိဘများ အသတ်ခံလိုက်ရသည့် လူများနှယ် တုန့်နန်အား စားတော့ဝါးတော့မတတ် အကြည့်ဖြင့် စိုက်ကြည့်လိုက်ကြသည်။ နှစ်ယောက်စလုံးဆီမှ အားကောင်းသော သတ်ဖြတ်လိုစိတ်တို့ ဖြာထွက်လာခဲ့လေပြီ။ နှစ်ယောက်စလုံး တုန့်နန်၏ အသားကိုစား၊ အရိုးကိုဝါးကာ သူ့သွေးကို သောက်ပစ်ချင်လောက်အောင် ဒေါသထွက်နေလေပြီ။

သွေးပေါင်းစပ်စည်းဆေးလုံးသည် သဲမီးတောက်နယ်မြေထဲ ပြန်ရောက်သွားပြီ ဖြစ်သဖြင့် လုံးဝ ပြန်ရနိုင်တော့မည် မဟုတ်ချေ။ သူတော်စင်ဘုရင် တတိယအဆင့်ပင် ဖြစ်လင့်ကစား တားမြစ်နယ်မြေထဲသို့ အသက်ရှင်လျက် ဝင်နိုင်လိမ့်မည်ဟု မထင်။ သဲမီးတောက်နယ်မြေသည် လောလောဆယ်တွင် သေမင်းထောင်ချောက် တစ်ခုနှင့် မခြားချေ။

တုန့်နန်သည် သွေးပေါင်းစည်းဆေးလုံးကို သဲမီးတောက်နယ်မြေထဲသို့ လွှင့်ပစ်ပြီးသည်နှင့် ချက်ချင်း ထွက်ပြေးရန် ပြင်သည်။ သို့သော်လည်း သူပြေးမလွတ်သေးခင်မှာပဲ ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်သည် အနက်ရောင် သွေးတိမ်တိုက်အဖြစ် ပြောင်းလဲသွားပြီး တုန့်နန် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။

သွေးတိမ်တိုက်ဆီမှ မိစ္ဆာချီတို့ မိုးထိမတတ် ပျံ့လွင့်လာပြီး သွေးနံ့တို့လည်း လှိုင်လှိုင် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် တုန့်နန်၏ ထိတ်လန့်ခြောက်ခြားနေသည့် အော်သံ ထွက်ပေါ်လာခဲ့လေသည် “သွေးနတ်ဆိုးခန္ဓာကိုယ်၊ မင်းဘယ်တုန်းက ဒီပညာရပ်ကို ကျင့်ထားလိုက်တာလဲ”

ရဲ့ယန်ရုန် အသုံးပြုနေသည့် ပညာရပ်ကြောင့် သူအတော်လေး အံ့အားသင့်နေသည့်ပုံပင်။ တိုက်ခိုက်သံများ၊ တုန့်နန်၏ နှာခေါင်းရှုံ့သံများကိုလည်း သွေးတိမ်တိုက်တွင်းမှ ကြားနေရသည်။

မကြာမီ ရဲ့ယန်ရုန်၏ လှောင်ပြောင်သံ ထွက်ပေါ်လာခဲ့သည် “စီနီယာအစ်ကိုက သိပ်ပြီး ပါရမီမပါတော့ ဒီပညာရပ်ကို တတ်ဖို့ သုံးနှစ်လောက် လေ့ကျင့်လိုက်ရတယ်။ ဒါတောင် တတ်ထားတာ မကြာသေးဘူး။ ဘယ်သူမှ ငါ့ကို ဒီကျင့်စဉ်သုံးဖို့ ဖိအားမပေးဖူးသေးဘူး။ ဂျူနီယာညီလေးတုန့်က ပထမဆုံးပဲ။ ဂျူနီယာညီလေးတုန့်၊ မင်းအခု ဘယ်ပြေးမလဲ”

ပြောပြီးသည်နှင့် အန်းဇီအား လှမ်းအော်ပြောလိုက်လေသည် “ဂျူနီယာညီလေးအန်း၊ ဟိုသူတောင်းစားကို သတ်ပြီး ငါ့ကို လာကူပေးဦး။ သွေးပေါင်းစည်းဆေးလုံး မရှိတော့ပေမယ့် ဂျူနီယာညီလေးတုန့်မှာ နတ်ဆိုးသွေးမျှင် ပညာရပ်ရှိသေးတယ်။ မင်းလိုချင်တယ်ဆို မြန်မြန် ငါ့ကို လာကူပေး”

အစကမူ ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်ကို သွေးတိမ်တိုက်သို့ ပြောင်းလဲသွားသည့်အခါ အန်းဇီ မျက်နှာ မှုန်ကုတ်သွားခဲ့သည်။ သူ့စီနီယာအစ်ကိုသည် ထိုကဲ့သို့သော ပညာရပ်အား တတ်ထားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့ကြောင့် အန်းဇီ ကြောက်လန့်မိသွားသည်။

ယခု သွေးပေါင်းစည်းဆေးလုံး မရှိတော့သဖြင့် ပြန်ဆုတ်ရန် ကြံနေခြင်းဖြစ်သည်။ တကယ်တော့ ရဲ့ယန်ရုန်နှင့် ပူပေါင်းပြီး တုန့်နန်ကို သတ်နိုင်လျှင်ပင် အကျိုးအမြတ် များများစားစား ရလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ယခု တုန့်နန်တွင် နတ်ဆိုးသွေးမျှင် ပညာရပ် ရှိနေကြောင်း သူသိလိုက်သည်။ သူအတော်လေးကို စိတ်လှုပ်ရှားမိသွားသော်လည်း ဝင်ပါရန် တုန့်ဆိုင်းနေမိသည်။

အန်းဇီ ဘာအား စိတ်ပူနေသည်ကို ရဲ့ယန်ရုန် နားမလည်ဘဲ ဘယ်နေမည်နည်း။ ထို့ကြောင့် ချက်ချင်းပဲ အော်ပြောလိုက်လေသည် “ဂျူနီယာညီလေးအန်း၊ မင်းဘာမှ စိုးရိမ်နေစရာ မလိုဘူး။ ဒီပညာရပ်က အရမ်း သူတော်စင်ချီစားလို့ ဂျူနီယာညီလေးတုန့်နဲ့ ရင်ဆိုင်ဖို့လောက်ပဲ သုံးနိုင်မှာ၊ ဆက်ပြီး အသုံးပြုနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဂျူနီယာညီလေးအန်းရဲ့ ခွန်အားကို ငါသိပြီးသား။ ဒါကြောင့် ငါ့ကိုငါ ဒုက္ခရောက်စေမယ့် အလုပ်မျိုး လုပ်မှာမဟုတ်ဘူး”

အန်းဇီသည် ချက်ချင်း မလှုပ်ရှားသေး။ ခဏလောက် စဉ်းစားနေလိုက်သေးသည်။ ပြီးမှ ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ဂျူနီယာညီလေး ဝင်ကူပေးရတာပေါ့”

ပြောပြီးနောက် ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် လှည့်ကြည့်လိုက်လေသည်။

ထိုစဉ် သဲမီးတောက်နယ်မြေထဲမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင်၏ ကိုယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားလေသည်။ ထိုအခြင်းအရာကို မြင်လိုက်သည့် အန်းဇီ မျက်မှောင်ကြုတ်သွားပြီး “အဲ့ဒါဘာလဲ”

“ဘာမှမဟုတ်ဘူး” ရန်ကိုင်က သက်ပြင်းတစ်ချက်ချ၍ မေးလိုက်သည် “မင်းဂျူနီယာညီလေးက ငါနဲ့ဘာမှမဆိုင်ဘူးလို့ ပြောရင် မင်းယုံမှာလား”

“မင်းဘယ်လိုထင်လဲ” အန်းဇီက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“ငါဆိုရင်တော့ မယုံဘူး” ရန်ကိုင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ အန်းဇီ သူ့အား မြင်စဉ် ပျော်သွားသည်ကို ထည့်မတွက်လျှင် ဤကဲ့သို့ အလွန်ပူပြင်းသော သဲမီးတောက်နယ်မြေ အပြင်ဘက်နားတွင် အကြောင်းအရင်းမရှိ ရန်ကိုင် ရုတ်တရက်ကြီး ပေါ်လာသည်မှာ တကယ်ကို သံသယဝင်စရာ ကောင်းပေသည်။ သူသာ တုန့်နန်၏ အကူမဟုတ်လျှင် ဤကဲ့သို့ နေရာမျိုးဆီသို့ ဘာကြောင့် ရောက်နေသနည်း။

သဲမီးတောက်နယ်မြေ ပွင့်သည့်အချိန်မှလွဲ၍ အခြားအချိန်များတွင် မည်သူမှ ဤနေရာသို့ မလာချင်ကြချေ။

တုန့်နန်အား လိုက်ဖမ်းနေသည့် အတွက်ကြောင့် မဟုတ်လျှင် ရဲ့ယန်ရုန်နှင့် အန်းဇီတို့ ဤနေရာသို့ လာလိမ့်မည် မဟုတ်ချေ။ တုန့်နန်သည်လည်း သူ့စီနီယာအစ်ကို နှစ်ယောက်အား မျက်ခြေဖျတ်ချင်သည့် အတွက်ကြောင့်သာ ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သွေးပေါင်းစည်းဆေးလုံးမှာ အလွန်ကိုမှ တပ်မက်ဖွယ် ကောင်းလှသဖြင့် သူ့စီနီယာအစ်ကို နှစ်ယောက်သည် သူ့အား မရမက လိုက်ဖမ်းခဲ့သည်။

ရန်ကိုင်သည် သူတို့ကိစ္စထဲ အဆစ်ပါသွားခြင်း ဖြစ်ပေသည်။

“မင်းဘာသာ လုပ်မှာလား။ ငါလုပ်ပေးရမှာလဲ” အန်းဇီသည် ရန်ကိုင်အား မျက်လုံးထဲပင် မထည့်။ အောင်နိုင်သူတစ်ယောက်နှယ် ရန်ကိုင်အား မေးလိုက်သည်။ ရန်ကိုင်အား အလျင်စလို လတ်စမသတ်ချင်ချေ။ ရန်ကိုင်နှင့်သာ အချိန်ဆွဲနေနိုင်လျှင် တုန့်နန်နှင့် ရဲ့ယန်ရုန်ကြားမှ တိုက်ပွဲသည် ပို၍ ပြင်းထန်လာပေလိမ့်မည်။ ထိုအခါ သူ့အတွက် ပိုအကျိုးရှိပေလိမ့်မည်။ နှစ်ယောက်သား တိုက်ခိုက်နေရင်း နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလျှင် သူ့အတွက် ပို၍ပင် ကောင်းပေသေးသည်။

“ဘာကွာလို့လဲ” ရန်ကိုင်က စပ်ဖြဲဖြဲပြုံးလျက် ပြန်မေးသည်။

“ကွာတာပေါ့။ မင်းဘာသာ လုပ်မယ်ဆိုရင် ပျော်ပျော်ကြီး သေလိုက်လို့ရတယ်။ ငါလုပ်ရမယ်ဆိုရင်တော့ ဟဲဟဲ…”

“ဘာမှကွာတယ်လို့တော့ ငါမထင်ဘူး” ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ ထို့နောက် လှောင်ပြုံးပြုံးလျက် “ဘယ်လိုပဲလုပ်လုပ် သေရမယ့်လူက မင်းပဲ ဖြစ်နေမှာလေ”

ရန်ကိုင်စကားကြောင့် အန်းဇီ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော် ချက်ချင်းပဲ အသိပြန်ဝင်လာပြီး မှုတ်ကုတ်ကုတ် မျက်နှာထားဖြင့် “မင်းက တကယ် လေကြီးတဲ့ကောင်ပဲကွ။ တုန့်နန် မင်းဆီကနေ အကူအညီ တောင်းတာလည်း မထူးဆန်းတော့ပါဘူးလေ။ သေရမယ့်လူက ငါပဲလို့ ပြောတယ်နော်။ ကဲငါကို ဘယ်လိုသေအောင် လုပ်မလဲ ပြပါဦး”

ပြောပြီးသည်နှင့် သူ့ဆီမှ သွေးအရှိန်အဝါတို့ ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင် မဆိုသလောက်ကလေး မျက်မှောင်ကြုတ်သွားခဲ့သည်။ သွေးနတ်ဆိုးကျောင်းမှ လူများနှင့် တစ်ခါမှ မတိုက်ခိုက်ဖူးသော်လည်း ရဲ့ယန်ရုန်နှင့် အန်းဇီတို့၏ အရှိန်အဝါအရ နှစ်ယောက်စလုံး မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံထားမှန်း သူပြောနိုင်သည် မဟုတ်လျှင် သူတို့၏ အရှိန်အဝါ ဤမျှ ကြမ်းကြုတ်နေလိမ့်မည် မဟုတ်ချေ။

ထိုကဲ့သို့သော အရှိန်အဝါမျိုးအား အမြင့်ဆုံးအထိ ကျင့်ကြံနိုင်သည့်အခါ ရန်သူနှင့် ရင်ဆိုင်ရာတွင် အရှိန်အဝါကို ထုတ်လွှတ်လိုက်ရုံဖြင့် တစ်ဖက်ရန်သူကို ခြိမ်းခြောက်နိုင်ပေသည်။ စိတ်ဓါတ်အားနည်းသည့် လူများဆိုလျှင် ထိုမိစ္ဆာအရှိန်အဝါ၏ လွှမ်းမိုးခြင်းခံရပြီး ပြန်၍ပင် မတိုက်ခိုက်နိုင်တော့ဘဲ ချက်ချင်းပဲ အရှုံးပေးသွားနိုင်ပေသည်။

သို့သော် ထိုနည်းတူစွာပင် ထိုမိစ္ဆာချီကို အလွယ်တကူ ကန့်သတ်နိုင်ပေသည်။ အားကောင်းသော ယန်စွမ်းအင်ကိုသာ ပိုင်ဆိုင်ထားသရွေ့ မိစ္ဆာချီကို အလွယ်တကူ ဖိနှိပ်နိုင်ပေသည်။

ရွှေရောင်အရိုးခြောက်ထဲတွင် ပါဝင်သော စွမ်းအင်သည် မိစ္ဆာချီဖြစ်သည်။ ထို့ကြောင့် မိစ္ဆာချီနှင့် ရန်ကိုင် အတော်လေး ရင်းနှီးနေခြင်း ဖြစ်သည်။

အန်းဇီသည် သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီးနောက် ချက်ချင်း မတိုက်ခိုက်သေးဘဲ ရန်ကိုင်အား စိတ်ဝင်တစားဖြင့်သာ စိုက်ကြည့်လိုက်သည်။ သူ့အရှိန်အဝါအောက်တွင် ရန်ကိုင် ကြောက်လန့်သွားလေမလား သူမြင်ချင်နေမိသည်။

တစ်ဖက်လူ၏ ကျင့်ကြံခြင်းသည် သူ့ထက် တစ်ဆင့်ပိုနိမ့်သည့် အတွက်ကြောင့် အရှိန်အဝါဖြင့် သူ့ရန်သူကို ဖိနှိပ်နိုင်လိမ့်မည်ဟု အန်းဇီ ယုံကြည်နေပေသည်။ တစ်ဖက်လူကို တိုက်ခိုက်ချင်သာ ပျောက်အောင် လုပ်နိုင်လျှင် ထိုကောင်သည် သူ့လက်ခုပ်ထဲရှိရေ ဖြစ်သွားပေလိမ့်မည်။ ထိုအခါ သူ့စိတ်ကြိုက် ထိုကောင်ကို ထိုင်နှိပ်စက်၍ ရပေပြီ။

သို့သော်လည်း သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်သည့်တိုင် တစ်ဖက်လူသည် ကြောက်လန့်သည့် အရိပ်အယောင် နည်းနည်းလေးမှ မပြဘဲ သူ့အား အထင်အမြင်သေးသည့် အကြည့်ဖြင့် ပြန်စိုက်ကြည့်နေသေးသည်။ သူ့တစ်ဘဝလုံး ထိုကဲ့သို့ အဖြစ်အပျက်မျိုး တစ်ခါမှ မကြုံဖူးသဖြင့် အန်းဇီ အတော့်ကိုမှ ကြောင်သွားခဲ့ရသည်။ ခဏအကြာတွင် အသိပြန်ဝင်လာပြီး ခေါင်းတစ်ချက်ညိတ်၍ “ကောင်းတယ်၊ ကောင်းတယ်၊ မင်းကြည့်ရတာ အရည်အချင်း ရှိသားပဲ။ ငါမင်းကို အထင်မသေးတော့ဘူး”

ပြောပြီးသည့်နောက် ဆရာကြီးပုံစံကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်မှ စီးထွက်လာနေသော သွေးများကို သွေးမြူအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ ထို့နောက် သွေးမြူများသည် ဧရာမလက်ကြီးတစ်ဖက် အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်အား ရိုက်ချလာခဲ့လေသည်။

အသူရာသွေးလက်ဝါး…

ထိုပညာရပ်သည် သွေးနတ်ဆိုးကျောင်းတော်မှ တပည့်များသာ ကျင့်ကြံနိုင်သော သိုင်းပညာရပ်တစ်ခု ဖြစ်သည်။ ထိုပညာရပ်သည် အရမ်းကြီး ကြောက်မက်ဖွယ်ကောင်း မရှိသော်ငြား လက်ဝါးထဲတွင် ပါဝင်နေသော မိစ္ဆာအရှိန်အဝါသည် ရန်သူ၏ သွေးကို အလိုလို ဆူပွက်လာအောင် လုပ်နိုင်ပေသည်။ ထိုသွေးမြူများနှင့် ထိမိလျှင် အလွန်ကိုမှ နာကျင်ရပေသည်။

သွေးနတ်ဆိုးကျောင်းတော်မှ သိုင်းပညာရပ် အားလုံးသည် ထိုကဲ့သို့ချည်းသာ။ ထို့ကြောင့် အရိပ်ကြယ်ပေါ်မှ ကျင့်ကြံသူများသည် သွေးနတ်ဆိုးကျောင်းတော်မှ ကျင့်ကြံသူများနှင့် ရင်ဆိုင် တိုက်ခိုက်ရလျှင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လေ့မရှိချေ။

အသူရာလက်ဝါးကို ထုတ်ဖော်လိုက်ပြီးသည်နှင့် အန်းဇီသည် နောက်ထပ် လှံတို ဆယ်ချောင်းကိုပါ ထပ်ပစ်လွှတ်လိုက်သည်။ ထိုလှံတိုဆယ်ချောင်းသည် အသူရာသွေးလက်ဝါး၏ နောက်မှ ထပ်ထပ်မခွာ လိုက်ပါသွားခဲ့လေသည်။

ရန်ကိုင်အား ထိုအသူရာသွေးလက်ဝါး တစ်ခုတည်းဖြင့် သတ်နိုင်လိမ့်မည်ဟု အန်းဇီ မထင်။ ရန်ကိုင် ပြသသွားသည့်ပုံစံအရ တစ်ဖက်လူသည် အားနည်းသည့်ပုံမပေါ်။ ထို့ကြောင့် ထိုနည်းဖြင့် ရန်ကိုင်၏ စွမ်းအား အတိမ်အနက်ကို စူးစမ်းရန် ကြံထားခြင်း ဖြစ်သည်။

အသူရာသွေးလက်ဝါး သူ့ဆီ ကျဆင်းလာနေသည်ကို မြင်သော်ငြား ကြောက်ရွံ့ခြင်း အရှင်းမရှိ ချစ်ချစ်တောက် ပူပြင်းလှသော နတ်ဆိုးမီးတောက် လက်သီးတစ်လုံးကို တန်ပြန် ပစ်လွှတ်လိုက်သလေသည်။

တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်ဆုံသွားသည့်အခိုက် အသူရာသွေးလက်ဝါးသည် နေရောင်အောက် ရောက်သွားသည့် နှင်းပမာ အရည်ပျော်ကျသွားရသည်။ သွေးလက်ဝါးသည် အနက်ရောင်မီးတောက်များ၏ ဖျက်စီးခြင်း ခံလိုက်ရပြီး ကြက်သွေးရောင်သည် အလင်းသည်ပင် အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။ အသူရာသွေးလက်ဝါးနောက်မှ လိုက်ပါလာသည့် လှံတိုများသည်လည်း ရန်ကိုင်အား မည်သည့် ထိခိုက်ဒဏ်ရာမှရအောင် မလုပ်နိုင်ချေ။ အကုန်လုံးသည် ရန်ကိုင် ပတ်လည်တွင် ကာရံထားသည့် မဟာကောင်းကင်ဒိုင်းများ၏ တားဆီးခြင်း ခံလိုက်ရလေသည်။

ထိုအခြင်းအရာကို မြင်သော် မှုတ်ကုတ်ကုတ် အန်းဇီ ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်၏ ခွန်အားသည် သူ့အောက် နည်းနည်းမျှပင် မနိမ့်ကျမှန်း ချက်ချင်း နားလည်သွားခဲ့သည်။ ရန်သူကို ထပ်အထင်မသေးရဲတော့သည့် အတွက်ကြောင့် ချက်ချင်းပဲ သူ့မှော်ရတနာကို ထုတ်လိုက်သည်။ သူ့လက်ထဲတွင် သွေးရောင်ပုဆိန်တစ်လက် ပေါ်လာခဲ့သည်။

ပြီးသည်နှင့် ပုဆိန်ကိုမြှောက်ကာ ရန်ကိုင်အား ရက်ရက်စက်စက် ခုတ်ချလေသည်။

ပုဆိန်ဆီမှ သွေးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လခြမ်းကွေးဓါးသွားအဖြစ်သို့ ပြောင်းလဲကာ ရန်ကိုင်ဆီသို့ တိုးဝင်သွားလေသည်။ တစ်ကြိမ် ခုတ်ပြီးသွားသည်နှင့် ရပ်တန့်ခြင်း မရှိသေးဘဲ အန်းဇီသည် အချက်ပေါင်းများစွာ ထပ်ခုတ်လိုက်ပြန်သည်။ ချက်ချင်း လခြမ်းကွေး ဓါးသွားပေါင်းများစွာ ထွက်ပေါ်လာပြီး ဓါးမုန်တိုင်းအဖြစ် ပြောင်းလဲကာ ရန်ကိုင်ပေါ်သို့ သက်ဆင်းလာခဲ့လေသည်။

တစ်ဖက်ရန်သူ အစွမ်းကုန် ထုတ်တိုက်နေပြီမှန်း သိလိုက်သည်နှင့် ရန်ကိုင် မျက်လုံး မှေးစဉ်းသွားခဲ့သည်။ ရန်သူက အစွမ်းကုန် တိုက်ခိုက်နေမှဖြင့် သူလည်း ပေါ့ပျက်ပျက် တိုက်နေ၍ မဖြစ်တော့ချေ။ ထို့ကြောင့် ခရမ်းရောင်ဒိုင်းကိုထုတ်ကာ သူ့ကိုယ်သူ ချက်ချင်း ကာကွယ်လိုက်သည်။

ခရမ်းရောင်ဒိုင်းသည် စိတ်စွမ်းအင်ပိုင်းသည် မှော်ရတနာစိတ်ဝိဥာဉ်နှင့် တိုက်ပွဲတွင် ထိခိုက်သွားသည့် အတွက်ကြောင့် ၎င်း၏ သဲမုန်တိုင်းစွမ်းအားကို ထုတ်မသုံးနိုင်တော့သော်ငြား အကာအကွယ် စွမ်းရည်မှာမူ အရမ်းကြီး ထိခိုက်သွားခဲ့ခြင်း မရှိချေ။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၂)

သူ့ဒိုင်းကို ထုတ်ကာပြီးပြီးချင်းမှာပဲ မရေမတွက်နိုင်သော သွေးဓါးသွားများ မိုးသီးမိုးပေါက်များနှယ် သူ့ပေါ်သို့ ကျဆင်းလာခဲ့သည်။

ချွင်… ချွင်… ချွင်… ဓါးသွားများ၏ ရိုက်ခတ်အားကြောင့် ရန်ကိုင် နောက်သို့ ဆုတ်သွားခဲ့ရသည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ အန်းဇီ ပျော်မသွားသည့်အပြင် သူ့အမူအရာ ပို၍ပင် လေးနက်သွားခဲ့လေသည်။ တစ်ဖက်လူ ထုတ်သုံးလိုက်သည့် ဒိုင်းကာသည် အရောင်မှိန်နေပြီး အဆင့်နိမ့်သည့်ဟန် ထင်ရသော်လည်း သူ့သွေးဓါးသွားများအား ကာနိုင်သည်ကို ကြည့်လျှင် အဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်မည်မှာ သေချာသလောက် ရှိသည်။ ထိုအချက်ကို နားလည်လိုက်သည်နှင့် သူ့ပုဆိန်ကို နောက်တစ်ကြိမ် ဝေ့ရမ်းလိုက်သည်။

သူထိုသို့ ဝှေ့ရမ်းလိုက်သည့်အခါ ရန်ကိုင်၏ ဒိုင်းကာကို တိုက်ခိုက်နေကြသော သွေးဓါးများအားလုံး လေထဲသို့ ပျံတက်သွားခဲ့ပြီး အဆက်မပြတ် လှည့်ပတ်ရင်း ရန်ကိုင်အား ရှေ့တစ်ဖက်တည်းမှ မဟုတ်တော့ဘဲ အဘက်ဘက်မှ တိုက်ခိုက်လာကြတော့လေသည်။

“ယွမ်ချီထိန်းချုပ်ခြင်း ပညာရပ်လား” ရန်ကိုင် မျက်မှောင်ကြုတ်သွားသည်။ သို့သော်လည်း သူ့အထင် မှားနေမှန်း ချက်ချင်း သိလိုက်သည်။ အန်းဇီ ထိုသွေးဓါးသွားများကို ထိန်းချုပ်နိုင်ရခြင်းသည် သူကိုင်ထားသည့် သွေးပုဆိန်ကြောင့်သာ ဖြစ်ပေသည်။ ထိုအချက်ကို နားလည်လိုက်သည့်အခါ ရန်ကိုင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သူခုပဲ ခုခံနေရခြင်းသည် သွေးနတ်ဆိုးကျောင်းတော်မှ တပည့်များ မည်ကဲ့သို့သော အစွမ်းအစများ၊ ပညာရပ်များ ပိုင်ဆိုင်ထားသလဲ ဆိုသည်ကို သိချင်သည့် အတွက်ကြောင့် ဖြစ်သည်။ တကယ်တော့ သူသည် အရိပ်ကြယ်ပေါ်တွင် ဘယ်လောက်မှန်းမသိကြာအောင် ဆက်နေရပေဦးမည်။ ထို့ကြောင့် ဒေသခံအင်အားစုများမှ ကျင့်ကြံသူများအကြောင်းကို ထိုလူများကို ရင်ဆိုင်ရန်အတွက် ပို၍ ကောင်းကောင်း ပြင်ဆင်နိုင်လေပင်။

သို့သော်လည်း သူတော်စင်ဘုရင် တတိယအဆင့်သို့ပင် ရောက်နေသော အန်းဇီသည် အလွန်ကိုမှ အားနည်းပြီး သူ့သူတော်စင်ချီမှာလည်း မသန့်စင်ဘဲနေလိမ့်မည်ဟူ သူမည်ကဲ့သို့ ကြိုသိခဲံပါမည်နည်း။ သူသုံးသွားသည့် နည်းလမ်းများသည် အနည်းငယ် ထူးဆန်းသော်လည်း ရန်ကိုင်အား မည်သည့် အန္တရာယ်မှ မပေးနိုင်ချေ။

ထိုအချက်ကို နားလည်လိုက်သည့်အခါ ရန်ကိုင် အန်းဇီ မည်မျှ အားကောင်းသလဲ ဆိုသည်ကို စစ်ဆေးကြည့်ရန် စိတ်မဝင်စားတော့။ ထို့ကြောင့် ခရမ်းရောင်ဒိုင်းကို ပြန်သိမ်းလိုက်လေတော့သည်။

ထိုအခြင်းအရာကို မြင်သော် အန်းဇီ ပျော်သွားခဲ့သည်။ ရန်ကိုင် ဘာကြောင့် မခုခံတော့သလဲ ဆိုသည်ကို သူမသိ။ သို့သော် သူ့အတွက် လက်လွှတ်မခံသင့်သည့် အခွင့်အရေး တစ်ခု ဖြစ်သည့်အချက်ကိုမူ သိထားသည်။ ထို့ကြောင့် ပုဆိန်ကို အားပါးတရ ဝှေးရမ်းရင်း ‌သွေးဓါးသွားများအား ရန်ကိုင်ကို တစ်ချိန်တည်း တိုက်ခိုက်စေလိုက်သည်။

ရန်ကိုင်သည် အန်းဇီအား ထူးမခြားနားဟန်ဖြင့်သာ စိုက်ကြည့်နေသည်။ သွေးဓါးသွားများ သူ့အား ထိတော့မည့်ဆဲဆဲတွင် ရန်ကိုင်သည် သူ့တစ်ကိုယ်လုံးကို နတ်ဆိုးမီးတောက်ဖြင့် လွှမ်းခြုံပစ်လိုက်လေသည်။ နတ်ဆိုးမီးတောက်များသည် အလွန်ကိုမှ ပူပြင်းလှလေရာ ထိုမီးတောက်များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင် အပူချိန်သည် ရုတ်ချည်း အဆပေါင်းများစွာ မြင့်တက်သွားခဲ့သည်။

နတ်ဆိုးမီးတောက်နှင့် သွားထိသည့် သွေးဓါးသွားမှန်သမျှ ပြာဖြစ်ကုန်သည်။ နတ်ဆိုးမီးတောက် အလွှာကို လုံးဝ မဖြတ်ကျော်နိုင်ခဲ့ချေ။

ထိုမြင်ကွင်းကြောင့် အန်းဇီ လုံးဝ မှင်သက်သွားခဲ့သည်။ သို့သော် သူထပ်မလှုပ်ရှားရသေးခင်မှာဘဲ ရန်ကိုင် ပုံရိပ် ပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်းဆိုသလို သူ့ရှေ့တွင် ပြန်ပေါ်လာခဲ့သည်။ ရန်ကိုင် ပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်ပတ်လည်တွင် ရှိနေသော နတ်ဆိုးမီးတောက်များသည် အန်းဇီ တစ်ကိုယ်လုံးအား ဝါးမြိုသွားခဲ့လေသည်။

အန်းဇီသည် ကြောက်လန့်တကြီး အော်ဟစ်နေရင်း သွေးရူးသွေးတန်း ပြန်တိုက်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း နတ်ဆိုးမီးတောက်သည် သူ့မိစ္ဆာချီအား လုံးဝကို ဖိနှိပ်ထားနိုင်သည်။ နတ်ဆိုးမီးတောက်ဖြင့် လွှမ်းခြုံခြင်း ခံလိုက်ရသည့်အခိုက် သူ့ခွန်အား အများစုကို ထုတ်မသုံးနိုင်တော့ချေ။ သူဝတ်ထားသည့် အကာအကွယ် မှော်ရတနာနှစ်ခုကြောင့်သာ မဟုတ်လျှင် ယခုအချိန်လောက်ဆို သူသေသွားလောက်ပေပြီ။

ထိုလူငယ်လေးသည် သူတော်စင်ဘုရင် ဒုတိယအဆင့်ကော ဟုတ်မှ ဟုတ်ပါလေစ။ တန်ခိုးရှင်အဆင့် တစ်ယောက်ကများ ရုပ်ဖျက်ထားခြင်းပေလား။ အန်းဇီ အတွေးတို့ ယောက်ယတ်ခတ်နေခဲ့သည်။

ရန်ကိုင်နှင့် အန်းဇီတို့ တိုက်ခိုက်နေကြချိန် ရဲ့ယန်ရုန်နှင့် တုန့်နင်တို့လည်း အသီးသီး တိုက်ခိုက်နေကြသည်။ ယခုအချိန်ထိတိုင် တုန့်နင်သည် ရဲ့ယန်ရုန်၏ သွေးမြူထဲ ပိတ်မိနေဆဲ။ တတ်စွမ်းသမျှ နည်းလမ်းကုန်သုံး၍ တိုက်ခိုက်နေသော်ငြား သူ့ကိုယ်သူ ကာကွယ်နိုင်ရုံသာ တတ်နိုင်သည်။ အများဆုံး ခုခံနိုင်မှ အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာလောက်သာ တောင့်ခံနိုင်ပေလိမ့်မည်။ ထို့ထက် ကျော်သွားလျှင် သူဆက်တောင့်ခံနိုင်တော့မည် မဟုတ်ချေ။

တုန့်နင်ရင်ထဲ ကြောက်လန့်လာနေမိသည့် အချိန်မှာပဲ ရဲ့ယန်ရုန်သည် သွေးမြူခိုးထဲမှ သူ့စွမ်းအင်အချို့ကို ပြန်ရုတ်သိမ်းလိုက်လေသည်။ တုန့်နင် ပျော်သွားခဲ့ပြီး ချက်ချင်းပဲ အားကုန်သုံးကာ တန်ပြန် တိုက်ခိုက်တော့လေသည်။

ထိုစဉ် သွေးမြူခိုးထဲမှ ရဲ့ယန်ရုန်၏အသံ ရုတ်တရက် ပျံ့လွင့်လာခဲ့သည် “ဂျူနီယာညီလေးအန်း၊ မင်ဘာလုပ်နေတာလဲ။ ဟိုကောင်ကို မြန်မြန်သတ်ပြီး ငါ့ကို လာကူဦးဟ”

အန်းဇီ၏ အော်သံများကို ကြားသော်လည်း သူနှင့် တုန့်နင်တို့ အပြန်အလှန် တိုက်ခိုက်ရင်း နှစ်ယောက်စလုံး ဒဏ်ရာရသွားသည့် အချိန်ထိ စောင့်လိုသည့် အတွက်ကြောင့် တုန့်နင် တမင်သက်သက် အချိန်ဆွဲနေခြင်း ဖြစ်သည်ဟုသာ ရဲ့ယန်ရုန် ထင်နေခဲ့သည်။ သို့သော် သူမသိသည်ကား အန်းဇီ တကယ် ဒုက္ခရောက်နေခြင်းကိုပင်။ အန်းဇီသည် သူ့ဒုက္ခနှင့်သူ တိုင်ပတ်နေသဖြင့် ရဲ့ယန်ရုန်အား ပြန်၍ပင် မပြောနိုင်တော့ချေ။

အန်းဇီကို မသင်္ကာ ဖြစ်နေသည့်အတွက် ရဲ့ယန်ရုန်သည် တုန့်နင်နှင့် ရင်ဆိုင်ရာတွင် စွမ်းအားကုန် ထုတ်မသုံးခဲ့ချေ။ အန်းဇီ တစ်ခု ကြံစည်ထားသည်များရှိလျှင် တန်ပြန်နိုင်ရန် အတွက် သူ့ခွန်အားကို ထိန်ချန်ထားပေသေးသည်။

ရဲ့ယန်ရုန်သည် စွမ်းအားကုန် မသုံးဘဲ တိုက်ခိုက်နေသည့် အချိန်တွင် အန်းဇီမှာမူ စွမ်းအားကုန် သုံးနေသော်လည်း ခွေးဘဝ ရောက်နေခဲ့ရသည်။

သို့သော်လည်း မကြာမီ ထိုအခြေအနေ အဆုံးသတ်သွားခဲ့သည်။

ရန်ကိုင်နှင့် လက်ဖက်ရည်ခွက်တစ်ဝက်စာ ကြာအောင် တိုက်ခိုက်နေခဲ့သော အန်းဇီ ရုတ်တရက် သွေးပျက်ခြောက်ခြားစွာ ထအော်လေသည်။ ထိုစဉ် သူ့ခန္ဓာကိုယ် လေထဲသို့ လွင့်ထွက်သွားခဲ့လေသည်။ အဆက်မပြတ် သွေးအန်နေပြီး မျက်နှာတစ်ပြင်လုံး သွေးဆုတ် ဖြူလျော်နေကာ မျက်လုံးများဟာလည်း ထိတ်လန့်မှုတို့ဖြင့် ပြည့်နေခဲ့လေသည်။

အန်းဇီ မြေကြီးပေါ် မပြုတ်ကျသေးခင်မှာပဲ ရန်ကိုင် သူ့ရှေ့တွင် ပေါ်လာပြီး သူ့ရင်ဘတ် တည့်တည့်ကို ထိုးချလိုက်သည်။

အန်းဇီ ရင်ဘတ် ချိုင့်ဝင်သွားပြီး သနားစဖွယ် အော်ဟစ်လေသည်။ ထို့နောက် သူ့မျက်ဝန်းများ တဖြည်းဖြည်း အသက်မဲ့လာခဲ့ပြီး သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားလေသည်။

တုန့်နင်နှင့် တိုက်ခိုက်နေသော ရဲ့ယန်ရုန်မှာမူ အန်းဇီ၏ အော်ဟစ်သံများကို ကြားလိုက်ချိန် ထိတ်လန့်တုန်လှုပ် သွားခဲ့လေသည်။ မသင်္ကာသဖြင့် လှည့်ကြည့်လိုက်ရာ အန်းဇီ တစ်ကိုယ်လုံး ပေါက်ကွဲသွားသည့် မြင်ကွင်းကို သွားမြင်လိုက်ရလေသည်။ ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် အလန့်တကြား ရေရွတ်မိလိုက်သည် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

သူ့စိတ် မတည်မငြိမ် ဖြစ်သွားသည့်အတွက် သွေးမြူများလည်း မတည်မငြိမ် ဖြစ်သွားသည်။ တုန့်နင်သည် ထိုအခိုက်အတန့်ကို အမိအရ ဖမ်းဆုပ်ကာ သွေးမြူထဲမှ ချက်ချင်း ထွက်ပြေးလေသည်။ သွေးမြူခိုးဆီမှ လွတ်မြောက်လာပြီးနောက် ရန်ကိုင် ရှိနေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်ရာ တစ်စစီ ဖြစ်နေသော အသားစများကို တွေ့လိုက်ရသည်။

အန်းဇီသည် တစ်စစီဖြစ်အောင် အထိုးခံရပြီး သေသွားပြီ။ တုန့်နင်သည်လည်း သူ့သွေးတိမ်တိုက်မှ လွတ်မြောက်သွားခဲ့ပြီ။အခြေအနေ သူ့ဘက် လုံးဝ အလေးမသာတော့မှန်း ရဲ့ယန်ရုန် သိလိုက်သည်။ ထို့ကြောင့် သွေးတိမ်တိုက်ကို ပြန်သိမ်းလိုက်ပြီး သူ့ခန္ဓာကိုယ် ပြန်ဖွဲ့စည်းလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် ရန်ကိုင်အား တိတ်ဆိတ်စွာ စိုက်ကြည့်နေလိုက်သည်။

“မင်းလှုပ်ရဲလှုပ်ကြည့်၊ ငါမင်းကိုသတ်မယ်” ရန်ကိုင်က သူ့လက်မှ သွေးများကို ခါထုတ်လိုက်ပြီး ရဲ့ယန်ရုန်ကိုကြည့်ကာ ပြောလိုက်သည်။ သားကောင်ကို အမဲဖျက်တော့မည့် သားသတ်သမား တစ်ယောက်ကဲ့သို့သော ရန်ကိုင်၏ ပုံစံကြောင့် ရဲ့ယန်ရုန် တစ်ကိုယ်လုံး ရေခဲတွင်းထဲ ပစ်ချခံလိုက်ရသည့်နှယ် တဆတ်ဆတ် တုန်ရီသွားခဲ့သည်။

ရန်ကိုင်သည် စကားဖြင့် ခြိမ်းခြောက်လိုက်ခြင်းသာ ဖြစ်သော်လည်း သူ့တွင် ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိနေသည်ဟု ရဲ့ယန်ရုန် အလိုလို ခံစားနေမိသည်။ သေရမည်ကို ကြောက်သဖြင့် ရဲ့ယန်ရုန်လည်း မလှုပ်ရဲတော့ချေ။

ပါးစပ်ဟပြီး တစ်ခုခု ပြောတော့မည်အပြု၊ သူဘာမှ မပြောရသေးခင်မှာပဲ တုန့်နင်က လက်သီးဆုပ်၍ ကြားဖြတ်ပြောလိုက်လေသည် “ငါ့အသက်ကို ကယ်ပေးလို့ ဒီကမိတ်ဆွေကို ကျေးဇူးအများကြီး တင်ပါတယ်”

သူရန်ကိုင် အမှန်တကယ် ကျေးဇူးတင်ခြင်း ဖြစ်သည်။ တကယ်တော့ ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် သူကျိန်းသေ သေရပေလိမ့်မည်။ သူသည် သွေးနတ်ဆိုးကျောင်းတော်မှ တပည့် တစ်ယောက် ဖြစ်လင့်ကစား သူ့အသက်အား ကယ်ခဲ့သူတစ်ယောက် ကျေးဇူးတင်ရမည်မှန်း သိပေသည်။

“မင်းနဲ့ဘာမှမဆိုင်ဘူး” ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ ထိုတုန့်နင် ဆိုသောကောင်ကို သူအတော်လေး အမြင်မကြည် ဖြစ်နေသည်။ ထိုကောင်သည် သူ့စီနီယာ နှစ်ယောက်၏ လိုက်ဖမ်းခြင်း ခံနေရစဉ်က၊ ရန်ကိုင်ကို မြင်လိုက်သည့်အခါ ယခင်သွားနေသည့် လမ်းကြောင်းအတိုင်း ဆက်မသွားဘဲ ရန်ကိုင်တည့်တည့်ဆီသို့ ပျံသန်းလာခဲ့လေသည်။ ရန်ကိုင်ကိုပါ သူ့အရှုပ်ထုပ်ထဲ ဆွဲသွင်းရန် ကြံခဲ့သည့်အတွက်ကြောင့် ရန်ကိုင် သူ့ကို အမြင်မကြည် ဖြစ်နေသည်မှာ သဘာဝသာ ဖြစ်သည်။

ရဲ့ယန်ရုန်နှင့် အန်းဇီတို့သည် ရန်ကိုင်အား တုန့်နင်၏ အကူဟု ပြောခဲ့သည်။ တုန့်နင်ကလည်း မဟုတ်ဘူးဟု ဝင်မပြောခဲ့။ နှုတ်ဆိတ်၍သာ နေခဲ့သည်။ သူ့နေရာတွင် အခြားသူတော်စင်ဘုရင် ဒုတိယအဆင့် တစ်ယောက်သာဆိုပါက အန်းဇီ လက်ချက်ကြောင့် အသက်ပျောက်သွားလောက်ပေပြီ။ ယခု ဤနေရာတွင်ပင် ရပ်နေနိုင်တော့လိမ့်မည် မဟုတ်ချေ။

သို့သော် သူသာ တုန့်နင်နေရာတွင် ဆိုပါက ထိုနည်းတူသာ လုပ်မိပေလိမ့်မည်။ ထို့အတွက်ကြောင့် တုန့်နင်၏ လုပ်ပုံကို မကြိုက်သော်လည်း သူ့အား အပြစ်မတင်ခဲ့ချေ။ တစ်ဖက်လူသည် အသက်ဘေးမှ လွတ်မြောက်အောင် ကြိုးစားနေသည် ဖြစ်လေရာ မည်ကဲ့သို့ ကိုယ်ကျင့်သိက္ခာဆိုသော အရာမျိုးကို စဉ်းစားနိုင်တော့မည်နည်း။ သူ့အသက်ရှင်နိုင်ရန် အတွက် မရရသည့် နည်းလမ်းများကို ထုတ်သုံးပေိမ့်မည်။

ရန်ကိုင် စကားကြောင့် တုန့်နင် ရှက်သွားခဲ့သည်။ သို့သော်လည်း ပြန်ရှင်းပြရန် မကြိုးစားခဲ့ဘဲ အလေးအနက် အမူအရာဖြင့်သာ အော်ပြောလိုက်သည် “ရောင်းရင်း၊ လုပ်လက်စနဲ့ နည်းနည်းလောက် ထပ်သတ်သွားပေးပါဦးလား။ မင်းသာ ဒီကောင့်ကို ကူသတ်ပေးမယ်ဆိုရင် ငါမင်းကို ကောင်းကောင်း အလျော်ပြန်ပေးမယ်ကွာ”

တုန့်နင်ပါးစပ်မှ ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ရဲ့ယန်ရုန်၏ အမူအရာ အပြောင်းကြီး ‌ပြောင်းလဲသွားခဲ့သည်။ ယခုမှပဲ ထိုသူတော်စင်ဘုရင် ဒုတိယအဆင့် လူငယ်လေးသည် တုန့်နင်၏ အကူ မဟုတ်မှန်း သိလိုက်ရသည်။ တစ်ပတ်လှည့် ခံလိုက်ရပြီမှန်း သိလိုက်ရသည့်နောက် ရဲ့ယန်ရုန်၏မျက်နှာ မဲ့ရွဲ့သွားခဲ့လေသည်။

အစောကြီးကတည်းကသာ သိခဲ့လျှင် အန်းဇီအား ထိုကောင်လေးအား သွားပြဿနာ ရှာခိုင်းခဲ့လိမ့်မည် မဟုတ်ချေ။ သူ့အား ဘာမှမလွတ်ဘဲ လွှတ်ပေးလိုက်မည်သာ။ သို့သော်လည်း ယခုမှ နောင်တရနေတော့ကာ ဘာအသုံးဝင်တော့မည်နည်း။ ထိုလူငယ်လေးက အန်းဇီကို သတ်လိုက်ပေပြီ။ ထို့အပြင် သူသည် ဘာမဆိုင်ညာမဆိုင် သူတို့ အရှုပ်ထုပ်ထဲ ဆွဲသွင်းခံရသဖြင့် စိတ်ညစ်နေလောက်သည်။ အန်းဇီကို လက်ဖက်ရည် ခွက်တစ်ဝက်စာ အချိန်အတွင်း သတ်နိုင်သဖြင့် တုန့်နင်နှင်သာ လက်တွဲမည်ဆိုပါက သူ့အား ကျိန်းသေ သတ်နိုင်လောက်သည်။

ရဲ့ယန်ရုန် ရန်ကိုင်အား ရင်တထိတ်ထိတ်ဖြင့် ကြည့်နေသည်။ ရန်ကိုင် သဘောတူလိုက်မည်ကို သူအတော်လေး ထိတ်လန်နေမိပေသည်။

သို့သော်လည်း ရန်ကိုင်က စိတ်မဝင်စားသည့်ဟန်ဖြင့် ခေါင်းခါ၍ ပြန်ပြောလိုက်သည် “မင်းတို့ ပြဿနာကို ငါစိတ်မဝင်စားဘူး”

ယခုမှပဲ ရဲ့ယန်ရုန် စိတ်သက်သာရာ ရတော့သည်။ သို့သော်လည်း သူစိတ်သက်သာရာရလို့ မပြီးသေးခင်မှာပဲ တုန့်နင်က အလျင်အမြန် ဆက်ပြောလိုက်သည် “ရောင်းရင်း၊ မင်းအခု ငါတို့ သွေးနတ်ဆိုးကျောင်းတော်က တပည့်တစ်ယောက်ကို သတ်လိုက်ပြီဆိုတော့ မင်းသာ ရဲ့ယန်ရုန်ကို လွှတ်ပေးလိုက်မယ်ဆိုရင် သူဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို ဂိုဏ်းအကြီးအကဲတွေဆီ ကျိန်းသေ ပြန်ပြောလိမ့်မယ်။ အဲ့အခါ မင်းဒုက္ခရောက်ပြီပဲ”

“ဒီတော့ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေ မပေါက်ကြားအောင် မင်းတို့ နှစ်ယောက်စလုံးကို ငါသတ်ပစ်သင့်တယ်ပေါ့၊ ဟုတ်လား” ရန်ကိုင်က သွားပေါ်အောင် ပြုံးလျက် ရဲ့ယန်ရုန်ကို တစ်လှည့်၊ တုန့်နင်ကိုတစ်လှည့် စိုက်ကြည့်လိုက်သည်။ ရန်ကိုင် အကြည့်ကြောင့် ရဲ့ယန်ရုန်နှင့် တုန့်နင်တို့ နှစ်ယောက်စလုံး ရင်ထိတ်သွားခဲ့ပြီး ချွေးစေးများပျံလာရလေသည်။

ရဲ့ယန်ရုန် ထိုသောက်ပါးစပ် ပိတ်မထားနိုင်သည့် တုန့်နင်ကို စိတ်ထဲမှနေ၍ ကြိတ်ကျိန်ဆဲနေလိုက်သည်။ သို့သော်လည်း ထိုလူငယ်လေး ပြောသည်ကို ကြားပြီးနောက် သူ့စိတ်ထဲ အကြံတစ်ခု စဉ်းစားမိသွားသည်။ ထို့ကြောင့် ချက်ချင်းပဲ တုန့်နင်ဘက်သို့ လှည့်၍ မေးလိုက်လေသည် “ဂျူနီယာညီလေးတုန့်၊ ဒီကောင်က ပြောရဆိုရကောင်းတဲ့ပုံ မပေါက်ဘူး။ ငါတို့ ရန်ငြိုးတွေကို ခဏဘေးဖယ်ထားပြီး အဲ့ကောင်ကို အရင်ပေါင်းသတ်ကြမလား”

သို့သော်လည်း တုန့်နင်က တစ်ချက်ကလေးပင် မစဉ်းစားပဲ သူ့ကမ်းလှမ်းချက်ကို ချက်ချင်း ငြင်းပယ်လိုက်လေသည် “အားတော့နာပါရဲ့ကွာ။ မင်းလို လူမျိုးနဲ့ ပူးပေါင်းဖို့ ငါတကယ်ကို စိတ်မဝင်လို့”

ရဲ့ယန်ရုန်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ပြီးနောက် ရန်ကိုင်ဘက်သို့ လှည့်၍ ပြောလိုက်သည် “သတင်းမပေါက်ကြားအောင် မျက်မြင်သက်သေတွေကို နှုတ်ပိတ်တာ မဆိုဘူး။ မိတ်ဆွေ ငါ့ကို နှုတ်ပိတ်ချင်တယ်ဆိုလည်း နှုတ်ပိတ်လိုက်။ ငါဘာမှပြောမှာ မဟုတ်ဘူး။ တကယ်တော့ မင်းဝင်ပါလိုက်တာကြောင့်သာ မဟုတ်ရင် ငါသေနေလောက်ပြီ။ ဒါပေမယ့် ငါသေရမယ်ဆိုရင်တောင် ဒီသူတောင်းစားကိုတော့ လုံးဝ အလွတ်မပေးနိုင်ဘူး

ပြောပြီးသည်နှင့် ရဲ့ယန်ရုန်အား ကြည့်ကာ ကြမ်းကြုတ်စွာ ပြုံးလိုက်သည်။ သွေးပေါင်းစည်းဆေးလုံးကို လက်မလွှတ်လွှတ်ရအောင် တွန်းအားပေးခံရသဖြင့် တုန့်နင် ရဲ့ယန်ရုန်ကို သေလောက်အောင် မုန်းနေပေသည်။

“မင်းရူးနေပြီ” ရဲ့ယန်ရုတ် ထိတ်လန့်သွားခဲ့ပြီး နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည် သူနောက်သို့ တစ်လှမ်းလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အလွန်ကိုမှ အားကောင်းလှသော ကောင်းကင်စိတ်အာရံဒ သူ့အပေါ်သို့ ကျရောက်လာခဲ့လေသည်။ ထိုကောင်းကင်စိတ်အာရုံသည် သူ့အသိစိတ်ပင်လယ် အတားအဆီးကို တစ်မုဟုတ်ချည်း ချိုးဖျက်သွားခဲ့သည်။ သို့သော်လည်း သူ့အား မည်သည့် အန္တရာယ်မှ ဆက်မပေးတော့ဘဲ ထိုနေရာတွင် ရပ်တန့်သွားသည်။

ရဲ့ယန်ရုန် နဖူးပြင်တစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွှဲနေလေပြီ။ သူသာ နောက်တစ်လှမ်း လှမ်းလိုက်သည်နှင့် သူ့အသိစိတ်ပင်လယ် တိုက်ခိုက်ခံရမယ်မှန်း သိလိုက်သည်။ ထိုလူငယ်လေး၏ ကောင်းကင်စိတ်အာရုံသည် တန်ခိုးရှင်ဒုတိယအဆင့် ပညာရှင်တစ်ယောက်အောက် လုံးဝ နိမ့်ကျခြင်းမရှိချေ။ ထိုကဲ့သို့သော ကောင်းကင်စိတ်အာရုံမျိုးသည် သူခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။

ထို့ကြောင့် ရဲ့ယန်ရုန် တစ်ချက်ကလေးပင် မလှုပ်ရဲတော့ဘဲ ရန်ကိုင်အား ကြောက်လန့်မှု အပြည့်ဖြင့်သာ ကြည့်နေလိုက်သည်။ ထိုလူငယ်လေးသည် ထိုမျှ အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတကယ်ကို မထင်ထားခဲ့ချေ။

သူ့အသိစိတ်ပင်လယ် အတားအဆီးကို ဖျက်စီးလိုက်ခြင်းသည် သတိပေးချက် တစ်ခုသာ ဖြစ်သည်။ ရန်ကိုင်သည် ရဲ့ယန်ရုန်အားသတ်ရန် အလျင်မလိုသေးဘဲ တုန့်နင်ဘက်သို့ လှည့်၍ မေးလိုက်သည် “ငါမင်းကို မကူညီနိုင်တာတော့ မဟုတ်ဘူး။ မင်းဘယ်က ဘယ်လို အကျိုးအမြတ် ပေးနိုင်လဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တာ”

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၃)

ကျူပင်ခုတ်ကျူငုတ်မကျန် ဆိုသော စကားကို ရန်ကိုင် ကောင်းကောင်း နားလည်သည်။ အစကမူ တုန့်နင်ကိုပါ သတ်ရန် စဉ်းစားထားခြင်း ဖြစ်သည်။ သို့သော် တုန်နင်၏ သူသေလျှင် သေပါစေ၊ ရဲ့ယန်ရုန်သေလျှင် ပြီးရောဆိုသော စကားကို ကြားလိုက်ရပြီးနောက် တုန့်နင်အား အမြင်တစ်မျိုးဖြင့် ကြည့်လိုက်မိသည်။

သေသေ၊ ရှင်ရှင် ဂရုမစိုက်တတ်သော ယောကျာ်းတစ်ယောက်၏ စကားကို ယုံကြည်ကောင်း ယုံကြည်နိုင်ပေသည်။

တုန့်နင်အား အကျိုးအမြတ် တောင်းလိုက်ရခြင်းမှာလည်း အကြောင်းပြချက် တစ်ခုသာ ဖြစ်သည်။ ရန်ကိုင်သည် သူများကိစ္စတွင် အကြောင်းအရင်းမရှိ ဝင်မပါချင်ချေ။ အန်းဇီအား သတ်လိုက်ရခြင်းမှာလည် ထိုကောင်က သူ့အား အရင်လာတိုက်ခိုက်သောကြောင့် ဖြစ်သည်။

တုန့်နင် သူ့အား ဘာပေးနိုင်သလဲ ဆိုသည့် ကိစ္စနှင့် ပက်သက်လျှင်ပင်၊ တုန့်နင်ပေးသည့် အရာ သူ့အတွက် အဖိုးတန်တန်၊ မတန်တန် ဂရုမစိုက်ချေ။

သိုသော် ရန်ကိုင်က ထိုကဲ့သို့ ပြောလိုက်သည်နှင့် တုန်နင်က ပြုံး၍ ပြန်ပြောလာသည် “နတ်ဆိုးသွေးမျှင်ပညာရပ်ကို မိတ်ဆွေ စိတ်ဝင်စားမလား မသိဘူး”

“တုန့်နင်” ရန်ကိုင် ပြန်မဖြေရသေးခင်မှာပဲ ရဲ့ယန်ရုန်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။ ရဲ့ယန်ရုန်သည် တုန့်နန်အား မယုံကြည်နိုင်စွာ ထိတ်လန့်တကြား စိုက်ကြည့်၍ “မင်း အပြင်လူကို ဂိုဏ်းရဲ့ ပညာရပ် သင်ပေးရဲတယ်လား။ ဂိုဏ်းအကြီးအကဲတွေသာ ဒီအကြောင်းကို သိသွားရင် ဘာဖြစ်သွားနိုင်လဲ မင်းသိလား”

တုန့်နင်က အမှုမထားဟန်ဖြင့် ရဲ့ယန်ရုန်ဘက်သို့လှည့်၍ အေးစက်စက်ပြုံးကာ ပြန်ပြောလိုက်သည် “ငါ့ဝိဥာဉ် ဆွဲထုတ်ခံရပြီး နှိပ်စက်ခံရမယ်။ ခန္ဓာကိုယ်ကလည်း နုတ်နုတ်စင်းပစ်ခံရမယ်မလား”

တုန့်နင်၏ လုံးဝ ဂရုမစိုက်သည့်ပုံစံကြောင့် ရဲ့ယန်ရုန် ဆွံ့အသွားခဲ့ရသည်။

တုန့်နင်က ခေါင်းထပ်ခါလိုက်ပြီး လှောင်ပြောင်ပြောဆိုလိုက်သည် “ပြီးတော့ စီနီယာအစ်ကိုရီ၊ မင်းမေ့နေတာလား။ မင်သာ သေသွားခဲ့ရင် ဒီနေ့အကြောင်းတွေကို ဘယ်သူ ပြန်ဖွနိုင်တော့မှာလဲ”

ရဲ့ယန်ရုန်၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။ ယခုမှပဲ တုန့်နင် သူ့အား မည်မျှ မုန်းတီးနေမှန်း သိရတော့သည်။ တုန့်နင်သည် သူ့အား သတ်နိုင်ရန်အတွက် ဂိုဏ်းမှ ချမှတ်ထားသော ဂိုဏ်းပညာရပ်အား အပြင်လူဆီ မသင်ပေးရ ဟူသော စည်းမျဉ်းကိုပင် ဖောက်ဖျက်ခဲ့သည်။ တစ်ဖက်လူသာ သဘောတူလိုက်လျှင် သူသေရတောမည်မှန်း ရဲ့ယန်ရုန် သိသည်။ ထို့ကြောင့် ချက်ချင်းပဲ ရန်ကိုင်အား အလျင်စလို လှမ်းပြောလိုက်သည် “ရောင်းရင်း၊ အဲ့တုန်နင် ပြောတာကို မယုံနဲ့။ နတ်ဆိုးသွေးမျှင်ပညာရပ်က ဂိုဏ်းရဲ့ အဓိကတပည့်တွေပဲ လေ့ကျင့်လို့ရတဲ့ တကယ်ကို အားကောင်းတဲ့ ပညာရပ်ဆိုတာ မှန်ပေမယ့် မင်းက ငါတို့ဂိုဏ်းရဲ့ ကျင့်စဉ်ကို မလေ့ကျင့်ထားလို့ အဲ့ပညာရပ်ကို လေ့ကျင့်လို့ ရမှာမဟုတ်ဘူး။ ပြီးတော့ မင်းသာ ဒီထိပ်တန်းအဆင့် ပညာရပ်ကို ရသွားရင် ဂိုဏ်းက အကြီးအကဲတွေ ငြိမ်နေမှာမဟုတ်ဘူး။ မင်းအဲ့ပညာရပ်ကို သင်ထားတဲ့အကြောင်းသာ ဂိုဏ်းက အကြီးအကဲတွေ သိသွားတာနဲ့ မင်းကို ကျိန်းသေလိုက်ဖမ်းကြမှာ”

ပြောပြီးသည်နှင့် ရဲ့ယန်ရုန် တစ်ခုခုကို စဉ်းစားမိသွားသည်။ ရုတ်တရက် တစ်ခုခုကို နားလည်သွားလိုက်သည်နောက် သူ့မျက်နှာ ဖြူလျော်သွားခဲ့ပြီး တုန့်နင်အား စိုက်ကြည့်၍ တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်သည် “ဒီတော့ ဒါက မင်းရဲ့အစီအစဉ်ပေါ့”

ရဲ့ယန်ရုန် နားလည်သွားသည်ကို မြင်သော် တုန့်နင် အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။ ဆက်လက်ဖုံးကွယ်ထားရန် မကြိုးစားတော့ဘဲ ရန်ကိုင်ဘက်သို့ လှည့်၍သာ ပြောလိုက်သည် “ရောင်းရင်း၊ မင်းဘယ်သူ၊ ဘယ်ကလာလဲ ဆိုတာ ငါမသိဘူး။ အခုလောလောဆယ်လည်း အဲ့ဒါတွေကို ငါစိတ်မဝင်စားဘူး။ ဒီခွေးသူတောင်းစားကို သတ်ချင်နေတာပဲ ငါသိတယ်။ နတ်ဆိုးသွေးမျှင် ပညာရပ်ကို ပေးလိုက်လို့ မင်းအတွက် နည်းနည်းပါးပါး အန္တရာယ်ရှိတယ် ဆိုပေမယ့် ငါ့အတွက်လည်း အတူတူပဲ။ ဒီအကြောင်းသာ ပေါက်ကြာသွားရင် ငါဆိုးဆိုးရွားရွား အနှိပ်စက်ခံရမှာ။ ဒါကြောင့် ငါမင်းကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။ ဒါကြောင့် အဲ့ကိစ္စနဲ့ ပက်သက်ပြီး မင်းစိတ်ချထားလို့ရတယ်”

တုန်နင်သည် တကယ်ကို အကင်းပါးသည့်ကောင်ပင်။ ရန်ကိုင် သူတို့ နှစ်ယောက်စလုံးအား သတ်ချင်နေသည်ကို အစကတည်းက သတိပြုမိသည့်ပုံပင်။ ထို့ကြောင့် နတ်ဆိုးသွေးမျှင် ပညာရပ်ကို သုံး၍ ရန်ကိုင်အား သူသစ္စာမဖောက်နိုင်အောင် လုပ်လိုက်သည်။

ရန်ကိုင်သာ သဘောတူလိုက်သည် ဆိုပါက တုန့်နင်အနေဖြင့် သူ့အား ဘယ်တော့မှ သစ္စာဖောက်လို့ ရလိမ့်မည် မဟုတ်ချေ။ သူသာ သစ္စာဖောက်ရဲလျှင် သူကိုယ်တိုင်လည်း ဒုက္ခကြီးကြီး ရောက်ပေလိမ့်မည်။ သို့သော်လည်း သူ့နည်းလမ်း အလုပ် ဖြစ်မဖြစ် မသေချာသေး။ ရန်ကိုင် မည်ကဲ့သို့ ဆုံးဖြတ်မလဲ ဆိုသည့်အပေါ်တွင် မူတည်နေပေသည်။

ရန်ကိုင်၏ တုန့်ဆိုင်းတွေဝေနေသည့် အမူအရာကို မြင်သော် တုန့်နင်က အခြားအကျိုးအမြတ်တစ်ခုပါ ထပ်ပေါင်း၍ ကမ်းလှမ်းလိုက်ရင် ပြင်လိုက်သည် “ရောင်းရင်း မကျေနပ်သေးဘူးဆိုရင် ငါ…”

“ရတယ်။ မလိုတော့ဘူး။ နတ်ဆိုးသွေးမျှင် ပညာရပ်နဲ့တင် လုံလောက်ပြီ” ရန်ကိုင်က ဖြတ်ပြောလိုက်သည်။ တုန့်နင် ဘာလုပ်ချင်နေလဲ သူသိပေသည်။ သို့သော်လည်း ထိုအရာလေးတွေ သူဂရုမစိုက်ချေ။

ရန်ကိုင် ခေါင်းညိတ်လိုက်သည်ကို မြင်သော် ရဲ့ယန်ရုန်မျက်နှာ ဖြူလျော်သွားခဲ့သည်။ သူနှင့်ဆန့်ကျင်ဘက်၊ တုန့်နင်ကမူ အလွန်ကိုမှ ပျော်သွားခဲ့လေသည်။

“မင်းအရင်စလိုက်” ရန်ကိုင်က ရုတ်တရက် တုန့်နင်ကို ပြောလိုက်သည်။

တုန့်နင် ကြောင်သွားခဲ့သည်။ သို့သော်လည်း ရန်ကိုင် သူ့အား ကူညီလိမ့်မည်ဟု တွေးလျက် ဘာမေးခွန်းမှ ထပ်မေးမနေတော့ဘဲ သွေးချီကို ရူးသွပ်စွာ လှည့်ပတ်လိုက်သည်။ ထိုမျှနှင့်ပင် မကျေနပ်သေးဘဲ လျှာကိုကိုက်ကာ သွေးမြူများကို ထွေးထုတ်လိုက်သည်။ ထိုသွေးမြူသည် အလျင်အမြန်ပဲ လှံတိုတစ်ချောင်းအဖြစ်သို့ သိပ်သည်းသွားလေသည်။ တုန့်နင်သည် ထိုလှံတိုကို ကိုင်၍ ရဲ့ယန်ရုန်ဆီ ပြေးဝင်သွားလေသည်။

သို့သော်လည်း နောက်ဖြစ်ပျက်သွားသည့် အရာကြောင့် တုန့်နင် ထိတ်လန့်သွားရသည်။ ရဲ့ယန်ရုန်သည် သူ့တိုက်ခိုက်မှုကို ရှောင်ရန် ကြိုးစားလိုက်သော်လည်း ရှောင်ဖို့ လုပ်လိုက်သည်နှင့် သူ့မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့သွားခဲ့ပြီး တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွဦးလေသည်။

တုန့်နင်၏ လှံတိုသည် ရဲ့ယန်ရုန်၏ ရင်ဘတ်ကို အလွယ်တကူပဲ ဖောက်ထွက်သွားခဲ့လေသည်။

ရဲ့ယန်ရုန်၏ တုန်လှုပ်ခြောက်ခြားနေသည့် အမူအရာနှင့်အတူ သွေးစိမ်းရှင်ရှင်တို့ ဖြာထွက်လာခဲ့သည်။ ရဲ့ယန်ရုန်သည် လက်နှစ်ဖက်သည် လှံတိုကိုကိုင်ထားခဲ့သည်။ လှံကို သူ့ရင်ဘတ်မှ ဆွဲထုတ်ချင်သော်လည်း သူ့လက်တွင် အားမရှိတော့သည့်ပုံပင်။ မျက်တောင် တစ်ခတ်အတွင်း ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်မှ အသက်ဓါတ်တို့ ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအဖြစ်အပျက်ကြောင့် တုန်နင် မှင်သက်မိနေသည်။ ရဲ့ယန်ရုန်၏ ခန္ဓာကိုယ် မြေပြင်နှင့် သွားရိုက်သည့်အသံ ထွက်ပေါ်လာမှသာ အသိပြန်ဝင်လာခဲ့သည်။

သူ့စီနီယာအစ်ကို နည်းနည်းလေးမှ မလှုပ်နိုင်ရခြင်းသည် ထိုသူတော်စင်ဘုရင် ဒုတိယ အဆင့်သာ ရှိသေးသည့် လူငယ်လေးကြောင့် ဖြစ်မှန်း တုန့်နင် သေချာသိနေသည်။

ထိုလူငယ်လေး ထိုမျှ အားကောင်းသည်လား။

သူ့ကိုယ်သူ အားနည်းသည်ဟု တုန့်နင်မထင်။ သို့သော်လည်း ယခုဘာတွေ ဖြစ်ပျက်သွားခဲ့သလဲ သူဘာကြောင့် အလွယ်တကူ အနိုင်ရသွားလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူသိသည်ကား ထိုလူငယ်လေးသည် သူ့စီနီယာအစ်ကိုကို အလွယ်တကူ သတ်နိုင်အောင် ကူညီပေးနိုင်မျှဖြင့် သူ့ကိုလည်း အလွယ်တကူ သတ်နိုင်ပေလိမ့်မည်။

ထိုကဲ့သို့ တွေးလိုက်မိသည်နှင့် တုန့်နင် တစ်ကိုယ်လုံး ချွေးအေးတို့ဖြင့် စိုရွှဲလာသည်။

ရန်ကိုင် အန်းဇီအား သတ်လိုက်သည်ကို မြင်လိုက်စဉ်က ရန်ကိုင်သည် အင်အားစုကြီး တစ်ခုမှ လက်ရွေးစင်တစ်ယောက် ဖြစ်မည်မှန်း သိလိုက်သည်။ သို့သော်လည်း ထိုလူငယ်လေး မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ယခုမှသာ နားလည်သွားတော့သည်။

သူ့စိတ်ထဲ အတွေးပေါင်းစုံတို့ ဖြတ်ပြေးနေပြီး ခဏကြာမှသာ ရန်ကိုင်အား လှည့်ကြည့်လိုက်သည်။ အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားသော်လည်း ရန်ကိုင်ကို မကြောက်ဘဲ မနေနိုင်အောင် ဖြစ်နေခဲ့သည်။ တတ်နိုင်သမျှ အားတင်းပြုံးရင်း လက်သီးဆုပ်၍ “အခုလို ကူညီပေးတဲ့အတွက် ရောင်းရင်းကို ကျေးဇူးအများကြီး တင်ပါတယ်။ ရောင်းရင်းကို သဲမီးတောက်နယ်မြေမှာ မြင်လိုက်တုန်းက ရောင်းရင်းနဲ့ ပက်သက်ပြီး တစ်ခုခု ထူးခြားတယ်လို့ ထင်နေခဲ့တာ။ အခုမှပဲ ငါထင်တာ မမှားနေမှန်း သိတော့တယ်”

ရန်ကိုင်ကမူ ခေါင်းသာညိတ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ချေ။

ရန်ကိုင်၏ ပြောင်းလဲခြင်း မရှိသည့် ရုပ်တည်ကြီးကြောင့် တုန့်နင် ရင်ထိတ်သွားခဲ့သည်။ တကယ်တော့ ရန်ကိုင် မည်ကဲ့သို့သော လူစားမျိုးလဲ ဆိုသည်ကို သူမသိသေးချေဘူးလေ။ သူစကားမှားသွား၍ ရန်ကိုင် ဒေါသထွက်မည်ကို ကြောက်လန့်နေမိသည်။ ယခုမှပဲ ခုဏတုန်းက လုပ်ထားသည့် သဘောတူညီချက်ကို ပြန်သတိရလိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲမှ သားရဲသားရေ တစ်မျိုးမျိုးဖြင့် လုပ်ထားသည် စာလိပ်တစ်ခုကို ထုတ်ကာ ရန်ကိုင်လက်ထဲသို့ ယဉ်ယဉ်ကျေးကျေး ထည့်ပေး၍ ပြောလိုက်လေသည် “ဒီမှာ နတ်ဆိုးသွေးမျှင်ကျင့်စဉ်၊ အမှတ်မလောက်လို့ ကျင့်စဉ်ရဲ့ ပထမပိုင်းပဲ ရလာတယ်။ ပြီးတော့ ဒါက မူရင်းမိတ္တုတစ်ခုပဲ။ မိတ္တူဆိုပေမယ့် မူရင်နဲ့ ဘာမှ မကွာဘူးဆိုတာ ငါလုံးဝ အားမခံတယ်”

ပြောနေရင်း ရန်ကိုင်၏ အမူအရာကို သေချာ စောင့်ကြည့်လေ့လာနေသည်။

တကယ်တော့ သူလက်ရှိ ပေးနေသည့်အရာသည် သဘောတူထားသည်နှင့် အနည်းငယ် ကွဲလွဲနေခဲ့သည်။ ထို့ကြောင့် တုန့်နင် အနည်းငယ် စိတ်ပူနေမိသည်။

ရန်ကိုင်သည် တုန့်နင်ကို ခဏလောက် စိုက်ကြည့်နေပြီးနောက် စာလိပ်ကို ယူလိုက်သည်။ ထို့နောက် စာလိပ်ကို တစ်ချက်ကလေးပင် မကြည့်ဘဲ သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ရန်ကိုင်အတွက် နတ်ဆိုးသွေးမျှင် ကျင့်စဉ်တစ်ဝက်သည် ကျင့်စဉ် တစ်ခုလုံးနှင့် အတူတူပင် ဖြစ်သည်။ မကျင့်မည့် ကျင့်စဉ်တစ်ခုကို အပြည့်အစုံ ဖြစ်သည်၊ မဖြစ်သည်ကို ဘာကြောင့် ဂရုစိုက်နေရမည်နည်း။

ရန်ကိုင် စာလိပ်အား သိမ်းလိုက်ပြီး သူ့အား မေးခွန်းမထုတ်သည်ကို မြင်လိုက်မှပဲ တုန့်နင် သက်ပြင်းချနိုင်တော့သည်။

“မင်းတို့ သွေးနတ်ဆိုးကျောင်းတော်က တပည့်တွေကို ကျင့်စဉ်တွေ မိတ္တုကူးခွင့် ပေးတာလား” ရန်ကိုင်က တုန့်နင်အား အပြည့်ဖြင့် မေးလိုက်သည်။

တုန့်နင်က ရယ်သွမ်းသွေးလိုက်ပြီး “ဒါပေမယ့် ငါက မှတ်ဥာဏ်က အရမ်း ကောင်းတယ်လေ။ မိတ်ဆွေ နားလည်တယ်မလား”

ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“ရောင်းရင်းရဲ့ နာမည်ကို သိလို့ရမလား” တုန့်နင်က မေးလိုက်သည်။ ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သော်လည်း သူ့နာမည်ကို ပြောပြလိုက်ပေသည်။

တုန့်နင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “ငါ့က သွေးနတ်ဆိုးကျောင်းတော်က တုန့်နင်ပဲ။ ငါ့နာမည်ကို ရောင်းရင်းရန် သိပြီးလောက်ပြီပေါ့။ ရောင်းရင်း စိတ်ချထားလိုက်။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ငါဘယ်သူ့ကိုမှ ပြန်ပြောမှာမဟုတ်ဘူး”

“ငါအဲ့ဒါကို မစိုးရိမ်ဘူး။ ဒါပေမယ့်… မင်းစီနီယာအစ်ကိုနှစ်ယောက် ဒီမှာ သေသွားတော့ မင်းပြဿနာ မတက်ဘူးလား” ရန်ကိုင်က အနားရှိ အလောင်းများကို ကြည့်ရင်း မေးလိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခိုက် တုန့်နင်၏ အမူအရာ ထူးဆန်းသွားခဲ့သည်။ ထို့နောက် ရန်ကိုင်အား ထူးထူးဆန်းဆန်း စိုက်ကြည့်၍ ပြန်မေးလိုက်သည် “ရောင်းရင်း ငါတို့ သွေးနတ်ဆိုးကျောင်းတော်အကြောင်း တစ်ခါမှ မကြားဖူးဘူးလား”

“မင်းဘာပြောချင်တာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

တုန့်နင်သည် ဝေ့လည်ကြောင်ပတ် လုပ်မနေရဲဘဲ ချက်ချင်း လိုရင်းကို တန်းပြောလိုက်လေသည် “ကြည့်ရတာ ရောင်းရင်း အခုမှ ငါတို့ သွေးနတ်ဆိုးကျောင်းတော် အကြောင်း ကြားဖူးတာနဲ့တူတယ်။ အံ့ဩစရာမဟုတ်တော့ပါဘူးလေ။ ဒီနှစ်ယောက် သေသွားတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ရောင်းရင်း ဘာမှစိတ်ပူနေစရာ မလိုဘူး။ သွေးနတ်ဆိုးကျောင်းတော်မှာ ဂိုဏ်းသားအချင်းချင်း သတ်တာကို မတားမြစ်ထားဘူး။ မတားမြစ်ထားတဲ့အပြင် သူတို့က အားတောင် ပေးသေးတယ်။ ပြီးတော့ ဂိုဏ်းထဲမှာ ဂိုဏ်းသားအများကြီးပဲရှိတာ။ တစ်ယောက်၊ နှစ်ယောက်လောက် သေသွားတာကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး”

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် မျက်လုံးပြူးသွားရသည်။

လောကကြီးသည် တကယ်ကို ကျယ်ပြောလွန်းလှပေသည်။ ဂိုဏ်းသား အချင်းချင်း ပြန်သတ်သည်ကို အားပေးသည့် ဂိုဏ်းမျိုးပင် ဤလောကကြီးတွင် ရှိနေသည်။ ပို၍ အံ့ဩစရာ ကောင်းသည်ကား ထိုဂိုဏ်းသည် ထိုကဲ့သို့ လုပ်နေသည့်တိုင် ယခုအချိန်အထိ တည်ရှိနေနိုင်ခြင်း ဖြစ်ပေသည်။

တုန့်နင်သည် စကားများသည့် အမျိုးအစားထဲ ပါပေသည်။ ထို့ကြောင့် ရန်ကိုင်က ဘာမှမမေးရသေးသည့်တိုင် သူ့ဘာသာ ဆက်ပြောလေသည် “ငါတို့ကျောင်းတော်က ငါးနှစ်တစ်ကြိမ် ဂိုဏ်းတွင်းစစ်ပွဲလေးတစ်ပွဲ ဖြစ်လေ့ရှိတယ်။ ဆယ်စုနှစ်တိုင်းတော့ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်တယ်။ အဲ့လိုဖြစ်တိုင်း ဂိုဏ်းတစ်ဂိုဏ်းလုံး သွေးချောင်းစီတာပဲ။ အဲ့ဒါကြောင့် ငါတို့ဂိုဏ်းက အရိပ်လပေါ်မှာ တော်တော်လေး ကျော်ကြာတယ်”

“အဲ့ဒါဆို မင်းတို့ဂိုဏ်း ဘာလို့ အဖျက်စီးမခံရသေးတာလဲ” ရန်ကိုင်က ပြန်၍ မေးလိုက်သည်။

“ရောင်းရင်းရန် အဲ့လိုမပြောကောင်းဘူးလေ…” တုန့်နင် ပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး “ဂိုဏ်းက အချင်းချင်း သတ်ဖြတ်တာကို အားပေးလို့ ဂိုဏ်းသားအရေအတွက်ပဲ လျော့သွားတာ မဟုတ်ဘူးလေ။ ဂိုဏ်းသားတွေရဲ့ ခွန်အားလည်း တိုးလာသေးတယ်။ တိုက်ပွဲတစ်ပွဲပြီးတိုင်း တပည့်တွေအများကြီး နောက်တစ်ဆင့် ချိုးဖျက်ကုန်ရော။ ဒါကြောင့် ဂိုဏ်းလုံးပြတ် အသတ်ခံလိုက်ရတယ်ဆိုတာ ဘယ်တော့မှမဖြစ်တာ”

တုန့်နင်သည် စိတ်ရှည်ရှည်ဖြင့် ရှင်းပြနေလေသည်။

ရန်ကိုင်မှာ ကြားလေကြားလေ၊ ပို၍ မယုံကြည်လာနိုင်လေ ဖြစ်လာခဲ့လေသည်။ ထို့ကြောင့် ထပ်မေးမနေတော့ဘဲ အခြားခေါင်းစဉ်တစ်ခု ပြောင်းမေးလိုက်လေသည် “မင်းတို့ သွေးနတ်ဆိုးကျောင်းတော်က ဒီနားမှာမလား”

“ဟုတ်တယ်”

“ကောင်းကင်ကံကြမ္မာမြို့တော်ကဆို ဘယ်လောက်လောက် ဝေးလဲ”

“ကောင်းကင်ကံကြမ္မာမြို့တော်” ထိုနာမည်ကို ကြားလိုက်သည့် အချိန်တွင် တုန့်နင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ရုတ်တရက် တစ်ခုခုကို နားလည်သွားလိုက်ကာ “လတ်စသတ်တော့ ရောင်းရင်းရန်က လအရိပ်ခန်းမက ဖြစ်နေတာကိုး။ ရောင်းရင်းရန် ဒီလောက် အားကောင်းနေတာလည်း အံ့ဩစရာ မဟုတ်တော့ပါဘူးလေ။ ဒီတုန့် ရောင်းရင်းရန်ကို တကယ် အထင်ကြီးသွားပြီ”

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၄)

ရန်ကိုင်မှ ကောင်းကင်ကံကြမ္မာမြို့တော် အကြောင်း မေးလိုက်သည့် အတွက်ကြောင့် တုန့်နင်သည် ရန်ကိုင်အား အရိပ်လခန်းမ၏ တပည့်တစ်ယောက် ဖြစ်သည်ဟု အထင်လွဲသွားခြင်း ဖြစ်သည်။ သို့သော်လည်း ရန်ကိုင်လည်း အလုပ်ရှုပ်ခံပြီး မဟုတ်ဘူးဟု ပြန်ပြောမနေချေ။

နည်းနည်းပါးပါး ချီးမွမ်းပြီးနောက် တုန့်နင်က ပြောလိုက်သည် “ကောင်းကင်ကံကြမ္မာ မြို့တော်က ဒီနေရာနဲ့ တော်တော်လေး ဝေးတယ်။ ကြယ်လွန်းပျံနဲ့ သွားမယ်ဆိုရင် အနည်းဆုံး ခြောက်လလောက် ကြာလိမ့်မယ်”

“အဲ့လောက်တောင် ဝေးတာလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ အရိပ်ကြယ်သည် အလွန်ကိုမှ ကြီးမားသည့်ကြယ်တစ်လုံး ဖြစ်မှန်း သူသိသည်။ ရွှေရောင်သွေးစက်ဖြင့် အရိပ်ကြယ်အား လှည့်ပတ်ကြည့်စဉ်က ၎င်း၏ ကြောက်မခန်းလိလိ အမြန်နှုန်းဖြင့်ပင် အတော်လေး အချိန်ယူခဲ့ရပေသည်။ သို့သော်လည်း ကောင်းကင်ကံကြမ္မာ မြို့တော်ဆီ ပြန်ရန် ခြောက်လလောက် ကြာခြင်းသည် အတော်လေးကို များလှသည်။ အဲ့လောက်လည်း သူစိတ်မရှည်ချေ။

ခြောက်လအတွင်း သူလုပ်ချင်သည့်အရာ အများကြီး လုပ်လို့ရပေသည်။

ရန်ကိုင် မျက်နှာအမူအရာ ‌ပြောင်းလဲသွားသည်ကို မြင်သော် တုန့်နင် တစ်ခဏတာ တိတ်ဆိတ်သွားခဲ့သည်။ ခဏလောက် တုန့်ဆိုင်းနေပြီးနောက် အံကြိတ်၍ ပြောလိုက်သည် “ဒီကနေ ဆယ်မိုင်လောက်ဝေးတဲ့ သွေးနတ်ဆိုးမြို့တော်က ဟင်းလင်းပြင်အစီအရင်ကို သုံးမယ်ဆိုရင်တော့ အတော်လေး အချိန်ကုန်သက်သာလိမ့်မယ်။ သွေးနတ်ဆိုးမြို့တော်ရဲ့ အစီအရင်က ကောင်းကင်ကံကြမ္မာမြို့တော်ဆီ တိုက်ရိုက် မရောက်ပေမယ့် ကျောက်တုံးပြာ မြို့တော်ဆီ အရင်ပို့ပေးလိမ့်မယ်။ အဲ့ကနေ ဆက်သွားမယ်ဆိုရင် ကောင်းကင်ကံကြမ္မာ မြို့တော်ဆီ ရောက်ဖို့ တစ်လလောက်ပဲ လိုလိမ့်မယ်။ ကျောက်တုံးပြာမြို့တော်က မီးတောက်ကျောင်းတော်ရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေတာ။ ရောင်းရင်းရန်သာ မီးတောက်ကျောင်းတော်က အဓိကတပည့် တစ်ယောက်ယောက်နဲ့ သိတယ်ဆိုရင် ကျောက်တုံးပြာမြို့တော်က ဟင်းလင်းပြင် အစီအရင်ကိုသုံပြီး ကောင်းကင်ကံကြမ္မာ မြို့တော်ဆီ တိုက်ရိုက်သွားနိုင်လိမ့်မယ်”

“သွေးနတ်ဆိုးမြို့တော်ရဲ့ ဟင်းလင်းပြင်အစီအရင်က ကျောက်တုံးပြာမြို့တော်ရဲ့ ဟင်းလင်းပြင်အစီအရင်နဲ့ ဆက်သွယ်ထားတာလား” ရန်ကိုင် မျက်ခုံးပင့်လိုက်သည်။

“ဟုတ်တယ်။ သွေးနတ်ဆိုးကျောင်းတော်နဲ့ မီးတောက်ကျောင်းတော်နဲ့ မကြာခဏ ကုန်ရောင်း၊ ကုန်ဝယ် လုပ်လေ့ရှိတယ်လေ။ ပြီးတော့ တပည့်အချင်းချင်းကလည်း အတော်လေး ရင်းနှီးတယ်လို့ ပြောလို့ရတယ်။ ဂိုဏ်းနှစ်ဂိုဏ်းက တပည့်တွေပေါင်းပြီး တာဝန်တွေ ထမ်းဆောင်တာတောင် ရှိသေးတယ်” တုန့်တင်က အပြုံးဖြင့် ရှင်းပြလိုက်သည်။ ထို့နောက် ဆက်မေးလိုက်သည် “ရောင်းရင်းရန် သွားချင်သမဆိုရင် ငါနဲ့အတူ သွေးနတ်ဆိုးမြို့တော်ဆီ လိုက်ခဲ့လို့ရတယ်။ ငါက သွေးနတ်ဆိုးကျောင်းတော်ရဲ့ အဓိကတပည့်တစ်ယောက် ဆိုတော့ ရောင်းရင်းရန်ကို ဟင်းလင်းပြင်အစီအရင် သုံးနိုင်အောင် ကူညီပေးလို့ ရနိုင်လောက်တယ်”

ထိုစကားကို ကြားလိုက်သည့်အခါ ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ရသည်။ တုန့်နင်အား အသက်ရှင်ခွင့်ပေးလိုက်သည်မှာ အတော်လေး အသုံးဝင်သားပဲဟုလည်း တွေးလိုက်မိသည်။ သို့သော်လည်း မျက်နှာ အမူအရာကိုသာ နည်းနည်းလေးမှ ပြောင်းလဲမသွားစေဘဲ ရုပ်တည်ဖြင့်သာ ပြန်မေးလိုက်သည် “မင်းတို့ ဟင်းလင်းပြင်အစီအရင်ကို သုံးမယ်ဆို ဘာပေးရမှာလဲ”

တုန့်နင်က သူ့လက်ကို အလျင်အမြန် ဝှေ့ရမ်းလိုက်ပြီး “အဲ့ကိစ္စနဲ့ ပက်သက်ပြီး ရောင်းရင်းရန် စိတ်ပူနေစရာ မလိုဘူး။ ရောင်းရင်းရန်ကြောင့်သာ ဒီတုန့် အသက်ရှင်ခွင့် ရခဲ့တာ။ အဲ့အသက်ကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲ စဉ်းစားနေတာ။ အခွင့်အရေး မရသေးလို့သာ။ အခု အခွင့်အရေး ရလာပြီဆိုတော့ ဒီတုန့်ကပဲ ကူညီပေးရမှာပေါ့။ ပြီးတော့ ဟင်းလင်းပြင်အစီအရင်ကို သုံးခက သူတော်စင်သလင်းကျောက်တွေပဲ ပေးရတာလေ။ အဲ့လောက်လေးကို ဒီတုန့်ပဲ အကုန်အကျ ခံလိုက်မှာပေါ့။ ဘာလို့ ရောင်းရင်းရန်ကို အကုန်အကျ ခံခိုင်းရမှာလဲ”

တုန့်နင်က သူ့ရင်ဘတ်ကိုပုတ်၍ ပြောလိုက်သည်။

ရန်ကိုင် ခဏလောက် စဉ်းစားလိုက်သည်။ ဂိုဏ်းအကြီးအကဲ တစ်ယောက်ဆီမှ အမိန့်မရလျှင်၊ သို့မဟုတ် တာဝန်တစ်ခုခုကြောင့်သာ မဟုတ်လျှင်၊ ဂိုဏ်းတပည့်များသည် သူတို့၏ ဟင်းလင်းပြင်အစီအရင်ကို သူတော်စင်သလင်းကျောက် သက်သက်ဖြင့် သုံးခွင့်ရလိမ့်မည် မဟုတ်ချေ။ အခြား အဖိုးတန်ပစ္စည်းများလည်း ပေးချေရပေသေးသည်။ သို့သော် တုန့်နင်က ထိုကဲ့သို့ ပြောလာမှဖြင့် ရန်ကိုင်ကကော ဘာကြောင့် ငြင်းနေရဦးမည်နည်း။ ထို့ကြောင့် ပြုံး၍ ခေါင်းညိတ်လက်ခံလိုက်လေသည် “အဲ့လိုဆိုရင် ရောင်းရင်းရန်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့”

“ဟားဟား၊ ဒီလောက်ကတော့ ဒီတုန့် လုပ်သင့်တာပဲလေ” သူ့အပေါ် ရန်ကိုင်၏ သဘောထား ပြောင်းလဲသွားသည်ကို မြင်သော် တုန့်နင် အတော်လေးကို ပျော်သွားခဲ့သည်။ ဤအပေးအယူတွင် သူအရှုံးမရှိချေ။ အသက်ကယ်ကြွေးကို ပြန်ဆပ်နိုင်သည့် အပြင် အမြတ်ပင် ထွက်သွားသေးသည်။

“ရောင်းရင်ရန်၊ ခဏလောက်စောင့်နော်။ ငါဟိုသူတော်စားကောင်းရဲ့ ခန္ဓာကိုယ်ကို သွားလတ်စသတ်လိုက်ဦးမယ်” ပြောပြီးသည်နှင့် တုန့်နင် အလျင်အမြန် ပြေးထွက်သွားသည်။

လူကိုသတ်ပြီးလျှင် အလောင်းကိုပါ ဖျောက်ပစ်ရပေမည်။ ထိုကဲ့သို့သော ကိစ္စမျိုးကို ရန်ကိုင် လုပ်နေကျအရာတစ်မျိုး ဖြစ်သည်။ သို့သော်လည်း တုန့်နင် ထွက်သွားပြီးနောက် သူ့ရင်ဘတ်ဆီသို့ ရန်ကိုင် လက်လှမ်းလိုက်သည်။

သူ့ရင်ဘတ်ထဲတွင် ရှိနေသည်ကား ပန်းပဲမီးဖို သေးသသေးလေပင်။ သို့သော် လက်ရှိတွင် ပန်းပဲမီးဖိုအတွင်း၌ သိပ်သည်းလှသော သွေးချီတို့ ဖြာထွက်နေသည့် အနီရောင် ဆေးလုံးတစ်လုံး ရှိနေခဲ့သည်။

ထိုဆေးလုံးသည် တုန့်နင် သဲမီးတောက်နယ်မြေထဲသို့ လွှင့်ပစ်လိုက်သည့် သွေးပေါင်းစည်း ဆေးလုံး ဖြစ်ပေသည်။

သူတော်စင်ဘုရင်အဆင့် မိတ်ဆွေသုံးယောက် အချင်းချင်း ပြန်သစ္စာဖောက်ရအောင် လုပ်နိုင်သည့် ဆေးလုံးသည် မည်ကဲ့သို့သော ဆေးလုံးမျိုး ဖြစ်သလဲဆိုသည်ကို ရန်ကိုင် သိချင်မိသည်။ ထို့ကြောင့် တုန့်နင် ထိုဆေးလုံးကို သဲမီးတောက်နယ်မြေထဲသို့ လွှင့်ပစ်လိုက်သည့် အချိန်တွင် ရန်ကိုင်သည် ထိုလူများမသိအောင် ပန်းပဲမီးဖိုအား ထိုဆေးလုံးကို တိတ်တိတ်လေး သွားယူခိုင်းခဲ့သည်။

သဲမီးတောက်နယ်မြေ ပိတ်သွားလျှင် ထိုထဲသို့ မည်သူမှ မဝင်နိုင်သော်ငြား မှော်ရတနာ စိတ်ဝိဥာဉ် မဝင်နိုင်ဟု မဆိုလိုချေ။ မှော်ရတနာစိတ်ဝိဥာဉ်သည် မြေအဆုတ်မီးတောက်ကန်၏ သန့်စင်သော မီးစွမ်းများမှ ဖြစ်ပေါ်လာပြီး ထိုနေရာရှိ မီးစွမ်းအင်များကို နှစ်ပေါင်းသောင်းနှင့် ချီအောင် စုပ်ယူနေခဲ့သည်။ ထို့ကြောင့် သဲမီးတောက်နယ်မြေ၏ အပူဓါတ်လေးကို မည်ကဲ့သို့ ဂရုစိုက်မည်နည်း။

ရန်ကိုင် ရင်ဘတ်ထဲသို့ ပြန်ဝင်လာသည့် အန်းဇီ မြင်လိုက်ရသော အနီရောင် အလင်းတန်းသည် မှော်ရတနာစိတ်ဝိဥာဉ် ဖြစ်ပေသည်။

သေချာ မစစ်ဆေးရသေးသော်ငြား ၎င်းမှ ထုတ်လွှတ်နေသော သွေးချီအရ ထိုဆေးလုံးကို ဖော်စပ်ရန် သွေးစတေးနှင့် ဆင်တူသော အရာတစ်ခုခု ပါဝင်ရလိမ့်မည် ဖြစ်ကြောင်း ရန်ကိုင် ခန့်မှန်း ပြောဆိုနိုင်သည်။ ထိုကဲ့သို့ ပြောရခြင်းမှာ ထိုဆေးလုံး၏ အားကောင်းလှသော မိစ္ဆာ အရှိန်အဝါကြောင့် ဖြစ်သည်။ ထို့အပြင် ထိုဆေးလုံးသည် သွေးနတ်ဆိုး ကျောင်းတော်မှ တပည့်များအတွက် အရမ်းကိုမှ အသုံးဝင်ပေသည်။ ဆေးလုံး၏ မိစ္ဆာအရှိန်အဝါသည် သွေးနတ်ဆိုး ကျောင်းတော်မှ တပည့်များကို မည်သည့် ဒုက္ခမှ မဖြစ်စေသည့်အပြင် သူတို့၏ ကျင့်ကြံခြင်းကို ပို၍ တိုးတက်အောင်ပင် ကူညီပေးနိုင်သည်။

မှော်ရတနာစိတ်ဝိဥာဉ်အား ထိုဆေးလုံးကို ယူခိုင်းလိုက်ရခြင်းမှာ ဆေးလုံးသည် မည်ကဲ့သို့သော ဆေးလုံးမျိုး ဖြစ်သည်ကို သိချင်သည့် အတွက်ကြောင့်သာ ဖြစ်သည်။ အခြား အတွေးမရှိချေ။

ထိုဆေးလုံးအကြောင်း ပြန်စဉ်းစားနေစဉ်မှာပဲ တုန့်နင် ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်ဆီ ရောက်သွားခဲ့သည်။ သို့သော် ရန်ကိုင် တွေးထားသကဲ့သို့ ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်ကို ဖျက်စီးပစ်ခြင်းမျိုး မလုပ်ဘဲ တုန့်နင်သည် ကျေနပ်အားရနေသည့် အမူအရာဖြင့် အလောင်းနားတွင် ထိုင်ချလိုက်သည်။ ထို့နောက် အမျိုးမျိုးသော လက်ကွက်များစွာ ထုတ်ဖော်လိုက်ရာ ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်မှ ခြောက်ခြားဖွယ် အော်ဟစ်သံများနှင့်အတူ သွေးချီတို့ ထွက်ပေါ်လာခဲ့သည်။

တစ်နာရီလောက် ကြာပြီးသည့်နောက်တွင် ရဲ့ယန်ရုန်၏ ခန္ဓာကိုယ်တစ်ခုလုံး မည်သည့် အသားမှမကျန်တော့ဘဲ အရိုးဖြူဖြူကြီးများသာ ကျန်ရစ်တော့သည်။ တုန့်နင်၏ လက်ထဲတွင်မူ သွေးပေါင်းစည်းဆေးလုံးနှင့် ဆင်တူသော ဆေးလုံးတစ်လုံး ရှိနေခဲ့သည်။ တုန့်နင်သည် ထိုဆေးလုံးကို ကျေနပ်အားရစွာဖြင့် သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီးနောက် အရိုးဖြူးများကို ထိုးချေပစ်လိုက်လေသည်။

ထို့နောက် ရဲ့ယန်ရုန်နှင့် အန်းဇီတို့၏ သိုလှောင်လက်စွပ်များကို ကောက်သိမ်း၍ ရန်ကိုင်ဆီသို့ ပြန်လာခဲ့လေသည်။

ရန်ကိုင် မျက်နှာထက်ရှိ ထူးဆန်းသည့် အမူအရာကို မြင်လိုက်သည့်အခါ တုန့်နင်က ပြုံး၍ ရှင်းပြလိုက်လေသည် “ရောင်းရင်းရန်ကို မမြင်သင့်တာတွေ မြင်စေမိလိုက်ပြီနဲ့တူတယ်။ ကျုပ်လိမ်နေတာတော့ မဟုတ်ဘူး။ သွေးနတ်ဆိုးကျောင်းတော်အတွက်၊ ဂိုဏ်းတူဂိုဏ်းသားတွေ ဆိုတာ အသက်ရှင်နေတဲ့ ကျင့်ကြံရေး ဆေးလုံးတွေပဲ။ ဒါကြောင့် ဂိုဏ်းတွင်း စစ်ပွဲတွေ ဘယ်တော့မှ မရပ်တန့်သွားတာ”

ရန်ကိုင်က သူ့မေးစေ့ကိုပွတ်၍ ပြန်ပြောလိုက်သည် “ဒီတော့ ငါက ဆေးလုံးတစ်လံးကို ဖျက်စီးမိလိုက်တာပေါ့”

အန်းဇီ၏ ခန္ဓာကိုယ်ကို သူဖျက်စီးလိုက်သည့် အတွက်ကြောင့် တုန့်နင် အနေဖြင့် အန်းဇီ၏ အလောင်းကို ဆေးလုံးအဖြစ် သန့်စင်၍ မရတော့ချေ။

“ဘာမှမဖြစ်ဘူး။ ဒီလောက်နဲ့တင် ကျေနပ်တယ်။ ဂိုဏ်းက တပည့်တွေ အချင်းချင်း ပြန်တိုက်ခိုက်ဖို့ အားပေးတယ်ဆိုပေမယ့် အဆင့်တူ တပည့်တစ်ယောက်ကို သတ်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ အခြားတစ်ယောက်ကို သတ်ဖို့ကြံရင် ပြန်သေးသွားတဲ့ တပည့်တွေလည်း အများကြီးပဲ။ ဒါကြောင့် ဂိုဏ်းက အချင်းချင်း ပြန်သတ်တာကို အားပေးတယ် ဆိုရင်တောင် ဘယ်သူမှ တစ်ယောက်နဲ့တစ်ယောက် အလွယ်တကူ ပြဿနာ ရှာလေ့မရှိကြဘူး”

တုန့်နင်သည် ရန်ကိုင်အား အသေးစိတ် ရှင်းပြမနေရဲတော့သဖြင့် အလျင်အမြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “ဒါတွေက ငါ့စီနီယာအစ်ကို နှစ်ယောက်ရဲ့ သိုလှောင်လက်စွပ်တွေပဲ။ အထဲမှာရှိတဲ့ ပစ္စည်းအများစုက ရောင်းရင်းရန်အတွက် အသုံး မဝင်လောက်ဘူး။ ဒါပေမယ့် သူတော်စင်သလင်းကျောက်တွေကတော့ ရောင်းရင်းရန် အတွက် အသုံးဝင်လိမ့်မယ်”

ရန်ကိုင်က တုန့်နင်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ဝှေ့ရမ်း၍ “မလိုဘူး။ မင်းပဲ သိမ်းထားလိုက်။ သွေးနတ်ဆိုးမြို့တော်က ဟင်းလင်းပြင်အစီအရင်ကို အသုံးပြုခလို့သာ မှတ်ထားလိုက်”

ထိုသိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများသည် သူ့အတွက် အသုံးမဝင်ဘူးဟု တုန့်နင်က အရိပ်အခြေ ပေးနေလေပြီ။ တုန့်နင် ဘာပြောချင်နေလဲ ဆိုသည်ကို ရန်ကိုင် မသိဘဲ ဘယ်နေမည်နည်း။ သူတော်စင် သလင်းကျောက် နည်းနည်းပါးပါးသည် သူ့အတွက် ဘာမှမျှ မဟုတ်လေရာ ထိုသိုလှောင်လက်စွပ် နှစ်ကွင်းကို တုန့်နင်ဆီ ပေးလိုက်၍ ဘာမှ မဖြစ်ချေ။

တုန့်နင်သည် ထိုစကားကို ကြားကြားချင် ပျော်သွားခဲ့သည်။ သို့သော် တာဝန်တ္တရားအရ အိုင်တင်ခံကာ ငြင်းနေပေသေးသည်။ သို့သော် နောက်ဆုံးတွင်တော့ သဘောတူသွားခဲ့လေသည်။

ထိုကိစ္စပြီးသွားသည်နှင့် တုန့်နင်နှင့် ရန်ကိုင်သည် ကြယ်လွန်းပျံ အသီးသီးကို ထုတ်၍ နတ်ဆိုးမြို့တော်ဆီသို့ စတင် ထွက်ခွာလေသည်။

လမ်းတွင် တုန့်နင်သည် ရန်ကိုင်အား စကားလာပြောရင်း အရိပ်လခန်းမရှိ သူ့အဆင့်အတန်းကို သိနိုင်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း အချည်းနှီးသည်သာ။

စကားနည်းနည်းပါးပါး ပြောပြီးနောက် သဲမီးတောက်နယ်မြေထဲတွင် တုန့်နင်တွေကို တွေ့စဉ်က သူ့အသံအား ဘာကြောင့် ရင်းနှီးနေသလဲဟု ခံစားခဲ့ရသည်ကို နောက်ဆုံးတွင် ရန်ကိုင် နားလည်သွားခဲ့သည်။

တုန့်နင်သည် ရတနာစံအိမ် လေလံပွဲသို့ တက်ဖူးပေသည်။ ထိုစဉ်က သူသည် သွေးနတ်ဆိုးကျောင်းတော်ကိုယ်စား လေလံဈေး ဝင်ခေါ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပဲ တုန့်နင်အသံကို ရန်ကိုင် ရင်းနှီးနေသလို ခံစားရခြင်း ဖြစ်သည်။ လေလံပွဲအကြောင်း စကားရောက်သွားသည်နှင့် တုန့်နင်သည် ထိုစဉ်က‌ ပေါ်လာခဲ့သော ရတနာများအကြောင်း စကားတစ်ဖန် စလေသည်။ သို့သော်လည်း သူမသိသည်ကား ထိုစဉ်က ပေါ်လာခဲ့သော အဖိုးတန်ရတနာများသည် ရန်ကိုင်၏ ပစ္စည်းများ ဖြစ်သည်ကိုပင်။

စကားတပြောပြောနှင့် ရှေ့ဆက်သွားနေလိုက်ရာ မကြာမီ ကြီးကျယ်ခမ်းနားသော မြို့တစ်မြို့ရှေ့သို့ ရန်ကိုင်တို့ ရောက်လာခဲ့သည်။

သွေးနတ်ဆိုးမြို့တော်သည် သွေးနတ်ဆိုးကျောင်းတော်နှင့် မိုင်တစ်ထောင်ခန့် ကွာဝေးသော နေရာတွင် တည်ရှိသည်။ သွေးနတ်ဆိုးကျောင်းတော်သည် မိစ္ဆာဂိုဏ်းတစ်ဂိုဏ်း ဖြစ်သော်လည်း အရိပ်ကြယ်တစ်ခုလုံးမှ ကျင့်ကြံသူများသည် သွေးနတ်ဆိုးမြို့တော်သို့ လာရောက်ကြလေသည်။ ထို့ကြောင့် သွေးနတ်ဆိုးမြို့တော်သည် အခြားမြို့ကြီးများနှင့် ဘာမှသိပ်မခြားနားခြင်း ဖြစ်သည်။

တစ်ခုတည်းသော ကွာခြားချက်သည်ကား မြို့ထဲသို့ လာရောက်ကြသူများသည်လည်း မိစ္ဆာကျင့်ကြံသူများ ဖြစ်နေခြင်းပင်။

ဟုတ်ပေသည်။ သွေးနတ်ဆိုးမြို့တော်ထဲသို့ ဝင်လာပြီးနောက် ရန်ကိုင် တွေ့လိုက်ရသည့် လူအများစုသည် အေးစက်စက် အမူအရာများကို ဆင်မြန်းထားကြပြီး မှုန်ထိုင်းထိုင်း အရှိန်အဝါ၊ အငွေ့အသက်တို့ဟာလည်း သူတို့ ခန္ဓာကိုယ်မှ ဖြာထွက်နေကြသည်။

သွေးနတ်ဆိုးမြို့တော်ထဲတွင် အခြားအင်အားစုများမှ ဖွင့်ထားသည့် ဆိုင်များစွာ ရှိပေသည်။ ထိုကဲ့သို့ ဆိုင်ဖွင့်ထားရခြင်းမှာ သွေးနတ်ဆိုးကျောင်းတော်နှင့် အသက်အသွယ် လုပ်လိုသည်က တစ်ကြောင်း၊ ဤဒေသ၏ သတင်းများကို သိလိုက်သည့် အတွက်က တစ်ကြောင်းတို့ကြောင့် ဖြစ်သည်။

တုန့်နင်သည် ရန်ကိုင်အား သွေးနတ်ဆိုးမြို့တော်ထဲသို့ လမ်းပြခေါ်သွားပြီး မြို့တော်၏ ရိုးရာဓလေ့၊ အခြား အကြောင်းအရာများကို ရှင်းပြလိုက်သည်။ နေ့တစ်ဝက်လောက် လျှောက်လာပြီးနောက် နန်းတော်ကြီးတစ်လုံးရှေ့သို့ ရောက်လာကြလေသည်။

“ရောက်ပြီ။ သွေးနတ်ဆိုးမြို့တော်ရဲ့ ဟင်းလင်းပြင်အစီအရင်က အထဲမှာပဲ” တုန့်နင်က ရပ်လိုက်ပြီး ရှေ့တည့်တည့်ကို ညွှန်ပြလိုက်သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၅)

ရန်ကိုင် မြင်သလောက် ခန်းမသည် အတော်လေး အစောင့်အကြပ် ထူထပ်ပေသည်။ ခန်းမပတ်လည်တွင် သူတော်စင်ဘုရင် ဒုတိယ၊ တတိယအဆင့် ရှိမည့် မိုးပြာရောင်သံကြပ်ကာ အင်္ကျီကို ဝတ်ဆင်ထားကြသည့် သွေးနတ်ဆိုးကျောင်းတော်မှ တပည့် ခုနှစ်ယောက်၊ ရှစ်ယောက် ရှိနေကြသည်။ အတွင်းထဲတွင်လည်း တန်ခိုးရှင်အဆင့်တစ်ယောက်၏ အရှိန်အဝါကို အာရုံခံနေမိသည်။

“ရောင်းရင်းရန် ခဏလေးစောင့်နော်၊ တာဝန်ကျနေတဲ့ အကြီးအကဲကို သွားအသိပေးလိုက်ဦးမယ်။ စီစဉ်စရာတွေ စီစဉ်ပြီးသွားပြီး ရောင်းရင်းရန်ကို လာပြန်ခေါ်မယ်” တုန့်နင်က ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။

ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး စောင့်ကြည့်နေသည့် သွေးနတ်ဆိုးကျောင်းတော်မှ တပည့်များ၏ အကြည့်အောက်၌ နန်းတော်၏ အဓိကခန်းမထဲသို့ လမ်းလျှောက်ဝင်သွားလေသည်။

ရန်ကိုင်သည် တုန့်နင်နှင့် အတူလာခြင်း ဖြစ်သည့်အတွက်ကြောင့် မည်သည့် တပည့်ကမှ သူ့အား လာမတားဆီးခဲ့ကြချေ။

နာရီဝက်လောက် ကြာပြီးနောက် တုန့်နင် ပြန်ပေါ်လာခဲ့သည်။ သို့သော်လည်း သူ့မျက်နှာသည် ဆေးခါးကြီး စားထားရသည့်နှယ် ခါးသက်သက် ပုံစံမျိုး ဖြစ်နေသည်။

တုန့်နင်၏ အမူအရာကို မြင်လိုက်သည်နှင့် သူ့ခန့်မှန်းချက် မှန်နေမှန်း ရန်ကိုင် ချက်ချင်း သိလိုက်သည်။ ဂိုဏ်း၏ ဟင်းလင်းပြင်အစီအရင်အား အပြင်လူတစ်ယောက်ကို မည်သို့မှ အလွယ်တကူ သုံးခွင့်ပေးလိမ့်မည် မဟုတ်ချေ။ တုန့်နင် အနေဖြင့် ရန်ကိုင် အသုံးပြုနိုင်ရန် အတွက် တန်ဖိုးကြီးကြီးတစ်ခု ပေးချေခဲ့ရပေမည်။

တုန့်နင်သည် သူ့အတွက် ထိုမျှ လုပ်ပေးခဲ့သည့် အတွက်ကြောင့် ရန်ကိုင်စိတ်ထဲ သိပ်အပြစ်မကင်းသလို ခံစားလိုက်ရသည်။ လွန်ခဲ့သော ရက်ပိုင်းခန့်က သူသည် တုန့်နင်ကို သတ်လျှင် စဉ်းစားနေခဲ့သည်။ ယခု တုန့်နင်သည် ဤနေရာရှိ ဟင်းလင်းပြင်အစီအရင်ကို သူအသုံးပြုနိုင်အောင် ကူညီပေးခဲ့သည်။ တုန့်နင်နှင့် မိတ်ဆွေဖွဲ့ရသည်မှာလည်း မဆိုးသည့်ပုံပင်။

ရန်ကိုင်စိတ်ထဲ ကြိတ်တွေးနေခဲ့သည်။

ခန်းမအတွင်းပိုင်းထဲမှ လမ်းလျှောက်ထွက်လာပြီးနောက် တုန့်နင်၏ အမူအရာ ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီး ရယ်မောလျက် အော်ပြောလိုက်သည် “ရောင်းရင်းရန် စောင့်ရတာ ကြာသွားလား။ အခု အားလုံး စီစဉ်ပြီးသွားပြီး။ ကျုပ်နောက် လိုက်ခဲ့ပေတော့”

“ကောင်းပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သူ့သဘောထားသည် ယခင်နှင့်စာလျှင် ပိုမို ကောင်းမွန်လာခဲ့သည်။ တစ်ဖက်လူသည် သူ့အား ဤမျှ ကူညီပေးခဲ့သဖြင့် နောက်ပိုင်း တုန့်နင်အား ပြန်တွေ့လျှင် ကူညီပေးမည်ဟု ဆုံးဖြတ်လိုက်လေသည်။

တုန့်နင်၏ ဦးဆောင်ဖြင့် သူတို့ နှစ်ယောက်သည် အတွင်းခန်းမထဲသို့ အတားအဆီးမရှိ ဝင်ရောက်လာနိုင်ခဲ့သည်။ ကောင်းကင်ကံကြမ္မာမြို့တော်တွင် ဟင်းလင်းပြင်အစီအရင်ကဲ့သို့ အစီအရင်တစ်ခု အတွင်းခန်းမ အလယ်ဗဟိုတွင် ခင်းကျင်းထားခဲ့သည်။ ထိုစက်ဝိုင်းပုံ စင်မြင့်၏ အောက်ဘက်ရှိ မြောင်းငယ်လေးများအားလုံး သူတော်စင်သလင်းကျောက်များ ပြည့်နေခဲ့သည်။ တုန့်နင် ပြောသည့်အတိုင်း အကုန်လုံး အဆင်သင့် ဖြစ်နေလေပြီ။

ထို့အပြင် အတွင်းခန်းမထဲကို စောင့်ကြပ်နေသော တန်ခိုးရှင်အဆင့် ပညာရှင် သုံးယောက်နှင့် သူတော်စင်ဘုရင်အဆင့် ဒါဇင်ကျော် ရှိနေပေသေးသည်။ တန်ခိုးရှင်အဆင့် နှစ်ယောက်သည် ခန်းမ၏ တစ်ဖက်တစ်ချက်စီတွင် ရန်ကိုင်နှင့် တုန်နင်တို့ ရောက်လာသည်ကို လုံးဝ သတိမမူမိသည့်ပုံဖြင့် ထိုင်နေကြသည်။

အခြား တန်ခိုးရှင်အဆင့် ပညာရှင်မှာမူကား စင်မြင့်အလယ်ဗဟိုတွင် ထိုင်နေသော ဆံဖြူလူအိုကြီး ဖြစ်ပေသည်။ ထိုလူအိုကြီးသည် သူ၏ သိမ်းငှက်ကဲ့သို့ စူးရှသော မျက်ဝန်း အစုံဖြင့် ရန်ကိုင်အား ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် တုန့်နင်ဘက်သို့ လှည့်၍ မေးလိုက်လေသည် “တူလေးရန်၊ မင်းပြောတဲ့လူကသူလား”

“ဟုတ်ပါတယ်၊ ဂိုဏ်းတူဦးလေးလျူ၊ သူက ကျုပ်မကြာသေးခင်က သိထားတဲ့ မိတ်ဆွေ တစ်ယောက်ပါ” တုန့်နင်က အလျင်အမြန်ပဲ လေးလေးစားစား ပြန်ဖြေလိုက်သည်။

“မိတ်ဆွေ…ဟတ်” မျိုးရိုးနာမည်လျူဆိုသော လူအိုကြီးက သွားပေါ်အောင် ပြုံးလိုက်သည်။ မိတ်ဆွေဆိုသော စကားကို လှောင်ရယ်ချင်နေသည့်ပုံပင် “မင်းက အရိပ်လခန်းမကဆို”

ရန်ကိုင်သည် ထူးမခြားနားဟန်ဖြင့်သာ ရှိနေခဲ့သည်။ သူ့အကြောင်းကို ထိုလူအိုကြီး မေးထားပြီးသွားပြီမှန်း ရန်ကိုင်သိသည်။ ထို့ကြောင့် ငြင်းပယ်ရန် မကြိုးစားဘဲ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည် “စီနီယာလျူကို နှုတ်ဆက်ပါတယ်”

ရန်ကိုင်၏ အပြုအမူကို မြင်ပြီးနောက် လူအိုကြီးလျူ အသာအယာ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “ငါတို့ သွေးနတ်ဆိုးကျောင်းတော်က အရိပ်လခန်းမနဲ့ အဆက်အသွယ် မရှိပေမယ့် ဂိုဏ်းတူတူလေးတုန့်က မင်းအတွက် အာမခံပေးထားလို့ မင်းကို အစီအရင် သုံးခွင့် ပေးလိုက်မယ်။ ဒါပေမယ့် မင်းနဲ့ ဂိုဏ်းတူတူလေးရန် ဘယ်လောက်တောင် ခင်နေလို့ မင်းအစီအရင်ကို အသုံးပြုနိုင်ဖို့အတွက် သူ့အမှတ်သုံးဆယ်ကိုတောင် သုံးလိုက်တာလဲ။ အဲ့အမှတ်သုံးဆယ်ဆိုတာ အကြိမ်ကြိမ် သက်စွန့်ဆံဖျား ကြိုးစားပြီးမှ ရနိုင်တဲ့ အမှတ်မျိုးတွေ”

တုန့်နင်၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားပြီး ရန်ကိုင်ဆီ တစ်ချက် လှမ်းကြည့်လိုက်သည်။ ရန်ကိုင်သည် ရုပ်တည်ကြီးဖြင့်သာ ရပ်နေသည်ကိုမြင်သော် တုန့်နင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေသည် “အဲ့ဒါက ရှင်းပါတယ်။ ဂိုဏ်းတူတူလေးတုန့်က ရောင်းရင်းရန်ကို အသက်ကြွေးတင်နေတာလေ။ အဲ့အသက်ကြွေးနဲ့ ယှဉ်လိုက်ရင် ဒီအမှတ်သုံးဆယ်က ဘာပြောပလောက်တော့မလဲ”

“အသက်ကြွေးလား” လူအိုကြီးလျူ၏ မျက်လုံးထဲ အေးစက်စက် အလင်းတန်းတို့ ဖြတ်ပြေးသွားခဲ့ပြီး “သူတော်စင်ဘုရင် ဒုတိယအဆင့်လေးက မင်းအသက်ကို ကယ်ခဲ့တယ်၊ ဟုတ်လား။ မင်းရဲ့ သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံခြင်းက ဘယ်ရောက်သွားတာလဲ”

တုန့်နင်၏ အမူအရာ ဖြူလျော်သွားခဲ့ပြီး ချွေးသီးတို့ သူ့နဖူးပေါ်မှ စီးျကလာခဲ့လေသည်။

“ပြီးတော့ငါသိသလောက်ဆို အရိပ်လခန်းမမှာ မင်းနဲ့ခင်တဲ့လူ တစ်ယောက်မှမရှိပါဘူး။ ဘာလဲ ကောင်းကင်ကံကြမ္မာမြို့တော်ဆီ သွားတုန်းက အဲ့က တပည့်တစ်ယောက် တစ်ယောက်နဲ့ မိတ်ဆွေ ကောက်ဖွဲ့လိုက်တာလား” လူအိုကြီးလျူက သင်္ကာမကင်း အမူအရာဖြင့် ထပ်မေးလိုက်သည်။

လူအိုကြီးလျူ၏ မေးခွန်းကြောင့် တုန့်နင် အကြပ်ရိုက်ရချေပြီ။ မည်ကဲ့သို့ ပြန်ဖြေရမလဲ သူမသိတော့။

တုန့်နင် အကြပ်ရိုက်နေသည်ကိုမြင်သော် ရန်ကိုင်က ဝင်ဖြေပေးလိုက်လေသည် “စီနီယာအထင်လွဲနေပြီတဲ့တူတယ်။ ကျုပ်နဲ့ တုန့်နင်က ကောင်းကင်ကံကြမ္မာမြို့တော်မှာ သိခဲ့တာမဟုတ်ဘူး။ သဲမီးတောက်နယ်မြေထဲကို ဝင်ရင်းနဲ့ သိကြတာ။ အဲ့တုန်က ရောင်းရင်းတုန့် ဒုက္ခရောက်နေတာကို တွေ့လို့ ဝင်ကယ်ပေးလိုက်တာ။ အဲ့လို ကယ်ပေးလိုက်နိုင်တယ် ဆိုတာကလည်း ကျင့်ကြံခြင်းနဲ့ ဘာမှမဆိုင်ဘူး။ ရောင်းရင်းတုန့်ရဲ့ ခွန်အားက ကျုပ်ထက် အများကြီး ပိုမြင့်တယ်”

“သဲမီးတောက်နယ်မြေ။ မင်းလည်း သဲမီးတောက်နယ်မြေထဲ ဝင်ခဲ့တာလား။ အဲ့ဒါဆို ချင်းတုန်တို့နဲ့အတူ ပြန်မသွားဘဲ ဘာလို့ ဒီမှာ အကြာကြီး ကပ်ကျန်နေတာလဲ” လူအိုကြီးလျူ အံ့အားသင့်သွားလေသည်။

“အကြီးအကဲချင်းနဲ့ အစောကြီး ပြန်မလိုက်သွားနိုင်တဲ့ အခြား အကြောင်းအရင်းအချို့ ရှိနေတာကိုး” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“အို” လူအိုကြီးလျူ အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ကြည့်ရတနာ သဲမီးတောက်နယ်မြေ ထဲမှာ မင်းအတော်လေး မြတ်ခဲ့တယ်နဲ့တူတယ်”

ရန်ကိုင် မျက်ခုံး ပင့်သွားခဲ့သည်။ သူ့စိတ်ထဲ သတိထားနေသော်ငြား ထိတ်လန့်နေခြင်း မရှိ။ ခဏလောက် စဉ်းစားနေပြီးနောက် ပြန်ပြောလိုက်သည် “ဂျူနီယာ နည်းနည်းပါးပါတော့ ရလိုက်တယ်။ ဒါပေမယ့် အကြီးအကဲရဲ့ မျက်လုံးထဲမှာ ဘာမှမဟုတ်မှာ စိုးရတယ်”

ပြောပြီးသည်နှင့် ခိုဥအရွယ် မီးတောက်သလင်းကျောက် ငါးတုံးကိုထုတ်ကြီး လူအိုကြီးလျူဆီ တိတ်တဆိတ် ပေးကာ “စီနီယာနဲ့ ပထမဆုံးအကြိမ် တွေ့တာ ဖြစ်ပေမယ့် ဘာလက်ဆောင်မှ ပြင်မလာမိခဲ့လို့ ဒီလက်ဆောင်လေးတွေကိုပဲ လက်ခံပေးဖို့ ဂျူနီယာ မျှော်လင့်ပါတယ်”

ထိုမီးတောက်သလင်းကျောက် ငါးတုံးကိုမြင်သော် လူအိုကြီးလျူ၏ အကြည့် ဝင်းလက်သွားခဲ့သည်။ ရန်ကိုင်သည် တကယ်ကို အလိုက်သိသည့် လူငယ်လေးဖြစ်သည် ဟူ၍လည်း စိတ်ထဲတွင် တွေးလိုက်သည်။ ရန်ကိုင်ဆီမှ နည်းနည်းပါးပါး အရည်ညစ် အမြတ်ထုတ်လိုသည့် အတွက်ကြောင့် သူ့အား ရစ်နေခြင်း ဖြစ်သည်။ သို့သော် ရန်ကိုင်သည် ငတုံးတစ်ယောက်မဟုတ်၊ သူရည်ရွယ်ရင်းကို အလျင်အမြန်ပဲ နားလည်သွားလေသည်။

ထို့ကြောင့် သူ့အတွက်လည်း ခက်ခဲမနေတော့။ မီးတောက်သလင်းကျောက် ငါတုံးကို သိမ်းလိုက်ပြီးနောက် လူအိုကြီးလျူက အပြုံးကြီးပြုံးလျက် ခေါင်းညိတ်လိုက်ပြီး “ကောင်းတယ်၊ ကောင်းတယ်၊ မင်း ဂိုဏ်းတူတူလေးရန် မိတ်ဆွေဖြစ်လာနိုင်တာ အံ့ဩစရာမဟုတ်ဘူး။ မင်းက တကယ်ကို အကင်းပါးပြီး ရက်ရောတဲ့ကောင် ဖြစ်နေတာကိုး။ ကောင်းပြီ။ မင်းက အရိပ်လခန်းမက တပည့်တစ်ယောက် ဆိုမှတော့ ငါမင်းကို ဘာမှမပြောတော့ဘူး။ မင်းကို အခုလို မေးနေရတယ် ဆိုတာကလည်း အရိပ်လခန်းမက တပည့်အယောင်ဆောင်ပြီး ပြဿနာရှာမှာ စိုးရိမ်လို့။ အခု မင်းတို့ သွားလို့ရပြီ”

မီးတောက်သလင်းကျောက် ငါတုံးကို ရပြီးနောက် လူအိုကြီးလျူ၏ အပြုအမူ အပြောင်းကြီး ပြောင်းလဲသွားခဲ့သည်။

“စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်က ယဉ်ယဉ်ကျေးကျေး လက်သီးဆုပ်၍ ပြန်ပြောလိုက်သည်။

တုန့်နင်က လူအိုကြီးလျူ သူတို့အား လွှတ်ပေးလိုက်သည်ကို မြင်လိုက်တော့မှပဲ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် လူအိုကြီးလျူကို လှမ်းသတိပေးလိုက်လေသည် “ဂိုဏ်းတူဦးလေးလျူ၊ ရောင်းရင်းရန်ကို ယာယီတံဆိပ်ပြား ပေးရဦးမယ်နော်။ မဟုတ်လို့ ကျောက်တုံးပြာမြို့တော်ရောက်ရင် မီးတောက်ကျောင်းတော်က တပည့်တွေက သူ့ကို လွတ်လွတ်လပ်လပ် သွားခွင့်ပေးမှာ မဟုတ်ဘူး”

“မင်းငါ့ကိ သတိပေးနေစရာ မလိုဘူး။ ငါသိတယ်”လူအိုကြီးလျူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ရန်ကိုင် လက်ထဲသို့ ကြက်သွေးရောင် တံဆိပ်ပြားတစ်ခု ထည့်ပေးလိုက်လေသည်။

ရန်ကိုင်လည်း တံဆိပ်ပြားကို လှမ်းဖမ်းလိုက်ကြပြီး ကြည့်လိုက်ရာ ခြောက်ခြားဖွယ် ကောင်းသည့် ခေါင်းတစ်ခေါင်း တံဆိပ်ပြားပေါ်တွင် ထိုးထွင်းထားသည်ကို တွေ့လိုက်ရသည်။

လူအိုကြီးလျူက ရှင်းပြလိုက်သည် “ဒါက ငါတို့ သွေးနတ်ဆိုးကျောင်းတော်ရဲ့ ယာယီတံဆိပ်ပြားပဲ။ ဒီတံဆိပ်ပြားနဲ့ဆို့ ဟင်းလင်းပြင်အစီအရင်ကို ဖြတ်သွားလို့ ရလိမ့်မယ်။ မီးတောက်ကျောင်းတော်က တပည့်တွေ မေးခွန်းထုတ်တာ မခံရတော့ဘူး။ ဒါပေမယ့် ဒါက သုံးရက်ပဲခံမှာ။ သုံးရက်ဆိုပေမယ့် သုံးရက်က ကောင်းကင်ကံကြမ္မာမြို့တော်ဆီ သွားဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်”

“ဂျူနီယာနားလည်ပါတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ အထဲတင်လိုက်၊တော့။ ငါအစီအရင်ကို ဖွင့်ပေးမယ်” လူအိုကြီးလျူက ရန်ကိုင်ကို လက်ဝှေ့ရမ်းပြလိုက်သည်။ ရန်ကိုင်လည်း စက်ဝိုင်းပုံပေါ် စင်မြင့်ပေါ် ချက်ချင်း တက်သွဦးလိုက်လေသည်။

တုန့်နင်သည် ဘေးတွင်ရပ်၍ လက်သီးဆုပ်ကာ ပြုံးလျက် ပြောလိုက်သည် “ရောင်းရင်းရန်ရဲ့ ခရီး ဖြောင့်ဖြူးပါစေလို့ ဒီတုန့် ဆုတောင်းပေးလိုက်ပါတယ်။ နောက်ပိုင်း သွေးနတ်ဆိုးမြို့တော်ဆီ လာဖြစ်ခဲ့ရင် ဒီတုန့်ကို အားနာမနေဘဲ လာရှာလိုက်နဲ့။ အဲ့ကျ တစ်ခွက်တစ်ဖလားလောက် သောက်ကြတာပေါ့”

“ရောင်းရင်းတုန့် ကောင်းကင်ကံကြမ္မာမြို့တော်ဆီ လာဖြစ်ခဲ့ရင်လည်း ဒီရန်ဆီ လာခဲ့လိုက်။ ဒီရန် ကောင်းကောင်း ဧည့်ခံပေးမယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်သည့်အခါ တုန့်နင် ပျော်ရွှင်သွားသည်။ သူ့အားစိုက်မှု အချည်းနှီး ဖြစ်မသွားမှန်း သိလိုက်သည်။ အမှတ်သုံးဆယ်သည် သူ့အတွက် နှလုံးသွေးယိုစရာ အမှတ်ပင်။ သိုသော် အမှတ်သုံးဆယ်စတေးပြီး ရန်ကိုင်ကဲ့သို့ လူတစ်ယောက်နှင့် မိတ်ဆွေဖြစ်ခွင့် ရသည်မှာ တန်ပေသည်။

သူတို့နှစ်ယောက် စကားပြောလို့ ပြီးသွားသည်နှင့် ဟင်းလင်းပြင် အစီအရင် အသက်ဝင်လာပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို ဟင်းလင်းပြင်စွမ်းအားတို့ လွှမ်းခြုံလာသည်။

ရန်ကိုင်၏ မြင်ကွင်းတစ်ခုလုံး အဖြူရောင်အလင်းတို့ဖြင့် ပြည့်နှက်သွားခဲ့ပြီးနောက် သူ့ကိုယ်သူ နောက်ထပ် ကြီးကျယ်ခမ်းနားသော ခန်းမတစ်ခုထဲ ရောက်နေမှန်း တွေ့လိုက်ရသည်။

ချက်ချင်းဆိုသလို အားကောင်းလှသော ကောင်းကင်စိတ်အာရုံများစွာ သူ့အပေါ် စုပြုံ ရောက်ရှိလာခဲ့လေသည်။ တစ်ချိန်တည်းတွင် လေတိုးသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများစွာ သူ့အား ဝိုင်းလိုက်ကြသည်။

ထိုအခြင်းအရာကိုမြင်သော် ရန်ကိုင် ထိတ်လန့်သွားခြင်း မရှိဘဲ အကြီးအကဲလျူ ပေးလိုက်သည့် တံဆိပ်ပြားကိုသာ အားအကောင်းဆုံးဖြစ်သော တန်ခိုးရှင်အဆင့် ပညာရှင်ဆီ ပစ်ပေးလိုက်လေသည်။

တန်ခိုးရှင်အဆင့် ပညာရှင်သည် တံဆိပ်ပြားကို စစ်ဆေးကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်၍ “သွေးနတ်ဆိုးကျောင်းတော်ကလူလား”

ပြောပြီးသည်နှင့် တံဆိပ်ပြားကို ပြန်ပေးလိုက်ပြီး ပြောလိုက်သည် “ဒီတံဆိပ်ပြားက သုံးရက်ပဲခံတယ်။ သုံးရက်အတွင်းမှ ပြန်မလာလို့ရျိရင် ဒီဟင်းလင်းပြင်အစီအရင်ကို မင်းအတွက် ဖွင့်တော့မှာမဟုတ်ဘူး”

“ဂျူနီယာနားလည်ပါတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

ထို့နောက် တန်ခိုးရှင်အဆင့် ပညာရှင်သည် သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူများနှင့် အတူ ပြန်ထွက်သွားလေသည်။ ရန်ကိုင်အား မည်သူမှ ဂရုမစိုက်ကြတော့။

ထိုနေရာမှ ထွက်လာပြီးနောက် ရန်ကိုင်သည် ကျောက်တုံးပြာမြို့တော်ရှိ လူအုပ်ကြီးထဲ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။ ဤနေရာတွင် နေရန် သူမစဉ်းစား။ တစ်နာရီလောက် ကြာပြီးနောက် ကျောက်တုံးပြာမြို့တော်ဆီမှ အပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိုးကုတ်စက်ဝိုင်းဆီသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့လေသည်။

ကျောက်တုံးပြာမြို့တော်ဆီမှ ကောင်းကင်ကံကြမ္မာမြို့တော်ဆီသို့ မည်ကဲ့သို့ သွားရမလဲ လမ်းသိပြီးနောက် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ မီးတောက်ကျောင်းတော်တွင် သူ့အသိမရှိသဖြင့် ကျောက်တုံးပြာမြို့တော်ရှိ ဟင်းလင်းပြင်အစီအရင်ကို အသုံးမပြုနိုင်ချေ။

ကံကောင်းစွာဖြင့် ကျောက်တုံးမြို့တော်မှ ကောင်းကင်ကံကြမ္မာမြို့တော်သို့ ခရီးသည် တစ်လလောက်သာကြာသည်။ သွေးနတ်ဆိုးမြို့တော်နှင့် ယှဉ်လျှင် အများကြီး ပိုနီးလေရာ ထိုမျှလောက်ကို ရန်ကိုင် လက်ခံနိုင်ပေသည်။

ရန်ကိုင်သည် ကြယ်လွန်းပျံပေါ်တွင် ထိုင်ရင်း သဲမီးတောက်နယ်မြေအတွင်း ရခဲ့သည့် ပစ္စည်များကို စတင် ထုတ်ယူ စစ်ဆေးလေတော့သည်။

သဲမီးတောက်နယ်မြေသို့ ဝင်ပြီးနောက်ပိုင်း အခွင့်အလမ်းများစွာနှင့် ကြုံတွေ့ခဲ့ရသလို အကျိုးအမြတ်များစွာလည်း ရခဲ့သည်။ သို့သော်လည်း ထိုပစ္စည်းများအား မည်ကဲ့သို့ အသုံးပြုရမလဲ ဆိုသည်ကိုမူ မစဉ်းစားရသေးချေ။

နည်းနည်းလောက် စစ်ဆေးကြည့်လိုက်ပြီးနောက် သူရရှိလာသည့် ပစ္စည်းများကြောင့် သူကိုယ်တိုင်ပင် ပြန်အံ့အားသွားခဲ့ရသည်။ သဲမီးတောက်နယ်မြေမှ ရခဲ့သည့် ပစ္စည်းများကို စစ်ဆေးကြည့်ပြီးနောက် သွေးပေါင်းစပ်ခြင်းဆေးလုံးကို စတင် စစ်ဆေးတော့သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၆)

နည်းနည်းပါးပါး စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင် အံ့အားသင့်သွားရသည်။ သွေးပေါင်းစပ်ခြင်း ဆေးလုံးထဲတွင် သူထင်ထားသကဲ့သို့ပင် အားကောင်းလှသော သွေးချီ၊ အသက်စွမ်းအင်နှင့် မိစ္ဆာစွမ်းအင်တို့ ပါဝင်နေခဲ့သည်။

သာမန်ကျင့်ကြံသူ တစ်ယောက်သာ ထိုဆေးလုံးကို သွားစားပါက တစ်ခါတည်း စိတ်ရူး ဖောက်သွားနိုင်ပေသည်။ ထိုဆေးလုံးသည် သွေးနတ်ဆိုးကျောင်းတော်ကဲ့သို့သော ဂိုဏ်းများမှ တပည့်များအတွက်သာ အသုံးဝင်ပေသည်။

သို့သော်လည်း ရန်ကိုင်အတွက်မူ မိစ္ဆာချီသည် သူ့အား အန္တရာယ်ပေးနိုင်သည့် အရာ မဟုတ်ချေ။ သူ့တွင်လည်း မိစ္ဆာချီကဲ့သို့သော ချီမျိုး ရှိသည် မဟုတ်ပေလော။

သွေးပေါင်းစည်းခြင်း ဆေးလုံး၏ ဆေးအမယ်များကို စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် ထိတ်လန့်သွားရသည်။ ထိုဆေးလုံးကို ဖော်စပ်ရာတွင် အသုံးပြုသော ဆေးအမယ် အများစုသည် ရှားပါးလှသော ဆေးပင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတော်စင်ဘုရင် တတိယအဆင့်များ ဖြစ်ကြသော တုန့်နင်နှင့် သူ့စီနီယာအစ်ကိုနှစ်ယောက်တို့ နှစ်ယောက် ထိုသွေးပေါင်းစည်းခြင်း ဆေးလုံးအတွက် အသည်းအသန် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

သွေးနတ်ဆိုးကျောင်းတော်သည် ဤကဲ့သို့သော ဆေးလုံးမျိုး အများကြီး မထုတ်နိုင်လောက်။ ဂိုဏ်းအတွက် အထူး အကျိုးဆောင်ပေးသည့် တပည့်များကို ဆုချရန် အတွက်သာ ဖော်စပ်ထားခြင်း ဖြစ်လောက်သည်။ တုန့်နင်သည် သဲမီးတောက်နယ်မြေထဲတွင် အကျိုးအမြတ်များစွာ ရရှိပြီး ဂိုဏ်းဆီ ပြန်အပ်ခဲ့သော အကြီးအကဲများမှ သူ့အား ထိုဆေးလုံး ဆုချခဲ့ခြင်း ဖြစ်ရမည်။

တုန့်နင်အား ဂိုဏ်းမှ သွေးပေါင်းစည်းခြင်းဆေးလုံး ဆုချလိုက်သည့် သတင်းသည် ရဲ့ယန်ရုန်နှင့် အန်းဇီဆီ တစ်နည်းနည်းဖြင့် ရောက်သွားခဲ့သည်။

“ဟူး…” ရန်ကိုင် ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို ဆက်မစဉ်းစားတော့ချေ။ ထို့အစား သွေးပေါင်းစည်းဆေးလုံးကိုသာ သောက်လိုက်လေသည်။

နတ်ဆိုးမီးတောက်ကို သန့်စင်သော ယန်စွမ်းအင်အဖြစ်သို့ ပြောင်းလဲ၍ သွေးပေါင်းစည်းခြင်း ဆေးလုံး၏ ဆေးအာနိသင်များကို အလျင်အမြန် သန့်စင်လိုက်သည်။ အအေးစွမ်းအင်များ သူ့သွေးကြောတစ်လျှောက် ပျံ့နှံ့လာခဲ့သော်လည်း နတ်ဆိုးမီးတောက်၏ အပူဓါတ်သည် ထိုအအေးစွမ်းအင်ကို အလျင်အမြန် ရှင်းထုတ်ပစ်လိုက်လေသည်။

နောက်ဆုံး ကျန်တော့သည်ကား သွေးပေါင်းစည်းဆေးလုံးထဲတွင် ပါဝင်သော အားကောင်းလှသည့် အသက်ဓါတ်စွမ်းအင်များသည်။ ထိုစွမ်းအင်များသည် သွေးကြောများ တစ်လျှောက် စီးဆင်းသွားပြီး ရန်ကိုင်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့သည်။

သွေးပေါင်းစည်းဆေးလုံးကို သန့်စင်လိုက်ပြီးနောက် တုန့်နင် သူ့အား ပေးခဲ့သော နတ်ဆိုးသွေးမျှင် ပညာရပ်ကို စတင် စစ်ဆေးကြည့်လေသည်။

နတ်ဆိုးသွေးမျှင် ပညာရပ်ကို ကျင့်ကြံရန် မစဉ်းစားထားသော်လည်း ထိုပညာရပ် မည်ကဲ့သို့သော သိုင်းပညာရပ် ဖြစ်မလဲ ဆိုသည်ကို သိချင်မိသည်။ ထို့ပြင် နောင်အခါ သွေးနတ်ဆိုးကျောင်းတော်မှ တပည့်များနှင့် ရင်ဆိုင်တိုက်ခိုက်ရလျှင် ပြင်ဆင်မှုများ ကြိုတင်လုပ်ဆောင်ထားနိုင်ပေသည်။ အခြားသူများနှင့် တိုက်ခိုက်ရာတွင် တစ်ဖက်လူ၏ အားနည်းချက်၊ အားသာချက်များကို ကြိုသိထားခြင်းသည် ကိုယ့်အား အသာရစေနိုင်ပေသည်။

သို့သော် ထိုသိုင်းပညာရပ်ကို လေ့လာကြည့်ပြီးနောက် ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။ မကြာမီ ထိုသိုင်းပညာရပ်ကို လေ့လာရာတွင် လုံးဝ စိတ်နစ်မြုပ်သွားခဲ့လေသည်။ ထိုပညာရပ်ကို လေ့လာရင်း လေ့လာရင်း ရန်ကိုင်၏ အမူအရာ တဖြည်းဖြည်း ‌ပြောင်းလဲလာခဲ့သည်။ တစ်ခါတစ်ခါ အံ့အားသင့်သွားလိုက်၊ တစ်ခါတစ်ခါ မျက်မှောင်ကြုတ်သွားလိုက်၊ တစ်ခါတစ်ခါ အတွေးနက်သွားလိုက် ဖြစ်နေခဲ့သည်။

တစ်လကြာပြီးနောက်၊ ကောင်းကင်ကံကြမ္မာမြို့တော်အနီး အပြာရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး နဂါးလိုဏ်ဂူတောင်ကြားဆီသို့ ဆက်သွားလေသည်။ မကြာမီ ထိုအပြာရောင် အလင်းတန်းနေရာ နဂါးလိုဏ်ဂူတောင်သို့ ရောက်ရှိလာပြီး ၎င်းနေရာတွင် ရန်ကိုင် ပေါ်လာခဲ့သည်။

နဂါးလိုဏ်ဂူတောင်ကြားအား လှည့်ကြည့်လိုက်သည့်အခိုက် ရန်ကိုင်သည် ကြောင်ဆေး မိခံလိုက်ရသည့်အလား လုံးဝကို မှင်သက်ထိတ်လန့်သွားခဲ့လေသည်။

သဲမီးတောက်နယ်မြေဆီသို့ သူထွက်သွားခဲ့သည်မှာ တစ်နှစ်သာ ရှိသေးသော်လည်း ထိုတစ်နှစ်အတွင်း နဂါးလိုဏ်ဂူတောင်သည် လုံးဝကို ပြောင်းလဲနေခဲ့လေပြီ။

အပေါ်မှ ငုံ့ကြည့်မည်ဆိုပါက ယခင်က တည်ရှိခဲ့သော တောင်ထွတ်များကို မြင်နိုင်တော့မည် မဟုတ်ဘဲ အလိပ်လိုက်အလိပ်လိုက် ဖြစ်နေသော တိမ်စိုင်တိမ်တိုက်များကိုသာ မြင်တွေ့ရပေလိမ့်မည်။ ထိုတိမ်တိုက်များသည် သိပ်သည်းလှသော မိုမြေစွမ်းအင်များမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ထိုတိမ်တိုက်များကို ဖြတ်ကျော်ကြည့်လျှင် သူယခင် နေခဲ့သည့် လိုဏ်ဂူနှင့် ပြန့်ကျဲနေသော အဆောက်အဦးအချို့ကို တွေ့နိုင်သည်။

ထိုမြူခိုးထုများကြား ကူးကလန်ခတ် သွားလာနေသော ဝေဝါးဝါး ပုံရိပ်များလည်း ရှိနေခဲ့သည်။

ဒါတကယ်ကြီး နဂါးလိုဏ်ဂူတောင်ကြားလား သူများ နေရာမှာပြီး ရောက်လားသလားဟုပင် ရန်ကိုင် ပြန်တွေးမိသွားသည်။ သို့သော် စဉ်းစားကြည့်လိုက်သည့်အခါ သူနေရာမမှားချေ။ ဤနေရာသည် နဂါးလိုဏ်ဂူတောင်မှ မိုင်ငါးဆယ်အကွာတွင် ရှိနေသည်။ ပြီးလျှင် အစောကလေးတင်မှ ကောင်းကင်ကံကြမ္မာမြို့တော်ကို သူဖြတ်လာခဲ့ခြင်း ဖြစ်သည်။

သူ့ရှေ့ရှိမြင်ကွင်းသည် ကိန်းကြီးခန်းကြီး ဂိုဏ်းကြီးတစ်ခု၏ ဌာနချုပ်နှင့် မတူသော်ငြား နဂါးလိုဏ်ဂူတောင် တစ်နှစ်အတွင်း ဤမျှ ပြောင်းလဲသွားသည်ကို ရန်ကိုင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ထိုကဲ့သို့ ပြောင်းလဲသွားရခြင်းသည် ယန်ယန်ကြောင့်သာ ဖြစ်ရပေမည်။ သူမ ခင်းကျင်းခဲ့သည့် မိုးမြေစွမ်းအင်စုစည်းခြင်း အစီအရင်သည် နဂါးလိုဏ်ဂူတောင် ဤကဲ့သို့ ပြောင်းလဲသွားရခြင်း၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ ထို့အပြင် နဂါးလိုဏ်ဂူတောင် တစ်ခုလုံးကို အားကောင်း‌သော စိတ်ဝိဥာဉ်အစီအရင်ဖြင့် ဝန်းရံထားလေသည်။ သူ့ကောင်းကင်စိတ်အာရုံဖြင့် မစစ်ဆေးနိုင်သည့် အချို့နေရာများပင် ရှိသေးသည်။

ရန်ကိုင်၏ လက်ရှိကောင်းကင်စိတ်အာရုံသည် တန်ခိုးရှင်ဒုတိယအဆင့်အောက် မနိမ့်ကျချေ။ သို့တိုင် သူပင်လျှင် ထိုအရံအတားကို ထွင်းဖောက်၍ မမြင်နိုင်။ အရိပ်ကြယ်၏ အားအကောင်းဆုံးသော ပညာရှင်များပင်လျှင် သူ့ထက် ပိုကောင်းအာင် လုပ်နိုင်လိမ့်မည် မဟုတ်ဟု ရန်ကိုင် ယုံကြည်သည်။

ဒီလိုဖြစ်အောင် ယန်ယန် တကယ်ကြီး လုပ်လိုက်တာပဲဟ ရန်ကိုင် ထိတ်လန့်နေမိသည်။ သဲမီးတောက်နယ်မြေသို့ သူမသွားခင် နဂါးလိုဏ်ဂူတောင်ပတ်လည်တွင် အားကောင်းသော စိတ်ဝိဥာဉ်အစီအရင်ကြီးတစ်ခု ခင်းကျင်းချင်သည်ဟု ယန်ယန် သူ့ကိုပြောခဲ့သည်။ သို့သော် တစ်နှစ်အတွင်း ထိုအစီအရင်ကို ပြီးမြောက်အောင် ခင်းကျင်းနိုင်လိမ့်မည်ဟု ရန်ကိုင် တကယ် ထင်မထားခဲ့ချေ။

ထိုခင်းကျင်းထားသော စိတ်ဝိဥာဉ်အစီအရင် ပြီးမပြီး ဆိုသည်ကို သူသေချာ မသိသေးချေ။ မပြီးသေးဘူး ဆိုလျှင်ကား ပို၍ ကြောက်ဖို့ကောင်းဖို့သာ ရှိတော့သည်။

သို့သော် သူချန်ထားခဲ့သည် သူတော်စင်သလင်းကျောက် သန်းတစ်ရာတွင် ဘယ်လောက်များ ကျန်ပါဦးမည်နည်း။ ထိုကဲ့သို့သော အစီအရင်တစ်ခုကို ခင်းကျင်းရန် အလွန်ကို များပြားလှသော အရင်းအမြစ်များ ကုန်ကျမည်မှာ မြေကြီးလတ်ခတ်မလွဲပင်။ ထိုအကြောင်းကို စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင်မျက်နှာ မဲ့သွားခဲ့သည်။

ထိုအရံအတားကို ရန်ကိုင် စစ်ဆေးနေစဉ်မှာပင် အားနည်းသော ကောင်းကင်စိတ်အာရုံ အချို့ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း ရန်ကိုင်အား အာရုံခံမိပြီးနောက် အလျင်အမြန် ပြန်ဆုတ်သွားခဲ့သည်။

ချက်ချင်းဆိုသလို နဂါးလိုဏ်ဂူတောင်အတွင်းမှ ရောင်စုံအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင်ရှေ့တည့်တည့်၌ ဝင်ပေါက်တစ်ပေါက် ထွက်ပေါ်လာလေသည်။ ထိုဝင်ပေါက်တွင်းမှ နဂါးလိုဏ်ဂူတောင် အတွင်းပိုင်းကို လှမ်းမမြင်ရ။ သို့သော် ဤဝင်ပေါက်သည် နဂါးလိုဏ်ဂူတောင် အလယ်ဆီ ဦးတည်နေမည်မှာ သေချာသလောက် ရှိသည်။

အထဲတွင် ရှိနေသည့်လူများ သူ့အား ရှာတွေ့သွားပြီးမှန်း ရန်ကိုင် သိလိုက်သည်။ ထို့ကြောင့် နှောင့်နှေးမနေတော့ဘဲ ချက်ချင်း ထိုဝငပေါက်ထဲသို့ ထိုးဆင်သွားလေသည်။

ဝင်ပေါက်ထဲသို့ ဝင်သွားပြီး ခဏအကြာတွင် သူ့ပတ်ပတ်လည်ရှိ မြင်ကွင်းအဖုံဖုံ ပြောင်းလဲသွားခဲ့သည်။ ထိုမြင်ကွင်းများကို ကြည့်ရင်း ရန်ကိုင် ယန်ယန်ကို အလေးစားကြီး လေးစားနေမိသည်။ နဂါးလိုဏ်ဂူတောင် ပြောင်းလဲသွားသည်မှာ သူကိုယ်တိုင်ပင် မမှတ်နိုင်တော့သည်အထိ ဖြစ်ခဲ့၇သည်။

မကြာမီ သူ့ဆီသို့ လူရိပ်များဆီ ရောက်ရှိလာခဲ့သည်။ ဦးဆောင်လာသည့်လူကား ဝတ်နေဆဲ အနက်ရောင်ဝတ်ရုံကြီးကို ဝတ်ထားသည့် ယန်ယန်ပင် ဖြစ်လေသည်။ ယန်ယန်သည် မြန်မြန် ပြေးလာနေသည့် အတွက်ကြောင့် သူမရင်ဘတ်နေရာရှိ စနေနှစ်ခိုင်မှာ နိမ့်သွားလိုက်၊ မြင့်သွားလိုက် ဖြစ်နေခဲ့လေသည်။ သူမ၏ မျက်နှာလေးဟာဆိုလျှင်လည်း အပြုံးကြီး ပြုံးနေလိုက်သည်။ ရန်ကိုင်ကို မြင်လိုက်သည့်အခိုက် ဝန်ထုပ်ဝန်ပိုးကြီးကို လွှတ်ချလိုက်နိုင်သည့်နှယ် သက်ပြင်းအမောကြီး ချလိုက်လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင်နောက်မှ ဝူရီနှင့် ယုဖုန်းတို့ ထွက်ပေါ်လာခဲ့သည်။

ချန်ချီနှင့် ဟောင်အန်းတို့လည်း ရှိနေခဲ့သည်။

အရိပ်လခန်းမ၏ တန်ခိုးရှင်ပထမအဆင့် ပညာရှင် လော့ချင်ပင် ရှိနေခဲ့သည်။

ရန်ကိုင်ကို မြင်လိုက်သည်နှင့် အကုန်လုံး အပြုံးကြီး ပြုံးလိုက်ပြီး သက်ပြင်းအသီးသီး ချလိုက်ကြသည်။

ရန်ကိုင် နှစ်ဝက်ကြာသည့်တိုင်အောင် ပြန်မလာသေးသဖြင့် သူတို့ အကုန်လုံး စိုးရိမ်နေကြ၇သည်။

“နင်ပြန်လာပြီ” ယန်ယန်သည် ရန်ကိုင်ဆီသို့ ခြေလှမ်းစိပ်စိမ်ဖြင့် ပြေးသွားလိုက်ပြီး သူမ၏ မျက်လုံးလှလှလေးများဖြင့် ခေါင်းအစခြေအဆုံး သေချာ စစ်ဆေးကြည့်သည်။ ရန်ကိုင် ဘာမှမဖြစ်မှန်း သိလိုက်ရပြီးနောက် ဝမ်းပန်းတသာဖြင့် သူ့ပခုံးကို ပုတ်လိုက်ပြီး ခေါင်းတညိတ်ညိတ် လုပ်လိုက်လေသည်။

ထို့နောက် ဝူရီ၊ ယုဖုန်းနှင့် အခြားသူများ ရောက်လာပြီး သူ့အား ပျော်ရွှင်စွာ လာရောက် နှုတ်ဆက်ကြလေသည်။

ထိုလူများ၏ အပြုအမူကြောင့် ရန်ကိုင်ရင်ထဲ နွေးထွေးသွားရသလို ယုံကြည်စိတ်၊ တွယ်တာစိတ်တို့လည်း ဖြစ်ပေါ်လာရသည်။ ကြယ်တာရာကောင်းကင်ထဲသို့ ဝင်လာကတည်းက သူရင်ထဲ ဗလာလိုလို ဖြစ်နေရသည်။ ဤကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ထဲတွင် သူသည် တစ်ကောင်ကြွက်ဖြစ်သည်။ သူ့လုံခြုံရေးကို စိုးရိမ်ပေးမည့်လူ တစ်ယောက်မှမရှိ။ သူမည်သည့်နေရာသို့ ရောက်သနေလဲ ဆိုသည်ကို စိတ်ပူပေးမည်လူ တစ်ယောက်မှမရှိ။ သူသေသည်၊ ရှင်သည်ကိုပင် မည်သူမှ ဂရုမစိုက်ကြချေ။ သူမရှိလျှင် သူ့အကြောင်းတွေးမည့်လူ မည်သူမှမရှိသလို သူပြန်လာလျှင်လည်း သူအဆင်ပြေလား၊ ဘာညာမေးမည့်လူ တစ်ယောက်မှ မရှိ။ တုန်းရွှမ်လောကကြီး တုန်းကနှင့် လုံးဝ ကွာခြားပေသည်။

သို့သော်လည်း လက်ရှိတွင် ထိုကဲ့သို့သော ခံစားချက်မျိုးကို နောက်တစ်ကြိမ် ထပ်မံ ခံစားခဲ့ဖူးလေပြီ။ တစ်ခဏတာလောက် တုန်းရွှမ်လောကကြီးဆီသို့ ပြန်ရောက်သွားပြီး သူ့စီနီယာမမလေး၊ မန်ဝူရ၊ လင်းတိုင်ရှု၊ ချူလင်းရှောင်၊ သူ့မိတ်ဆွေများနှင့် သူမိသားစုဝင်များနှင့် ပြန်တွေ့လိုက်ရသလို ခံစားလိုက်ရသည်။

“အင်း၊ ငါပြန်ရောက်လာပြီ” ရန်ကိုင် ရိုးရိုးလေး ပြန်ပြောလိုက်သည်။ သို့သော် သူရင်ထဲ အလွန်ကိုမှ နှစ်သိမ့်ကြည်နူး၊ နွေးထွေးနေရလေသည်။

“နင်ပြန်လာတာကောင်းတယ်၊ အင်း။ တကယ်ကို ကောင်းတယ်။ လွန်ခဲ့တဲ့ လတွေတုန်းက အကုန်လုံး နင့်သတင်း မကြားရတော့ စိတ်ပူနေကြတာ။ နင်းများ တစ်ခုခု ဖြစ်သွားသလားပေါ့” ဝူရီက ရှေ့ထွက်ပြီး ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်သည်။ ထို့နောက် ဘေးနားရှိ လော့ချင်ကို ကြည့်၍ ရှင်းပြလိုက်လေသည် “နင်မသိလို့။ သဲမီးတောက်နယ်မြေ ပိတ်သွားပေမယ့် နင်ပြန်မရောက်လာသေးလို့ အကြီးအကဲချင်က နင့်ပြန်လာတာကိုစောင့်ဖို့ ဒီကို လူအချို့ စေလွှတ်ထားလိုက်သေးတယ်။ ဒါပေမယ့် အတော်ကြာတာတောင် နင်ပြန်မလာခဲ့ဖူးလေ။ နှစ်ဝက်လောက်ကြာအောင် သူတို့ စောင့်လိုက်သေးတယ်။ နင်ပြန်မလာတော့ သူတို့လည်း ပြန်သွားကုန်ကြရော”

နှစ်ဝက်လား ရန်ကိုင် မျက်ခုံးနှစ်ဖက် တွန့်ကွေးသွားသည်။ အရိပ်လခန်းမ တပည့်များသည် သူသဲမီးတောက်နယ်မြေထဲမှ မထွက်လာခင် ရက်အနည်းငယ်လောက်က ပြန်သွားခြင်း ဖြစ်လောက်သည်။

ထို့ကြောင့် ရန်ကိုင်က အလျင်အမြန် လက်သီးဆုပ်၍ လော့ချင်ကို ပြောလိုက်လေသည် “အစ်ကိုလော့ကို နှုတ်ဆက်ပါတယ်။ အကြီးအကဲချင်းကို ကျေးဇူးတင်ဖို့ အစ်ကိုလော့ကိုပဲ ကျုပ်ဒုက္ခပေးရတော့မယ်။ သဲမီးတောက်နယ်မြေ ပိတ်သွားတုန်းက ကျုပ်မလုပ်ရမဖြစ်တဲ့ အရေးကြီးကိစ္တစ်ခု တစ်ခုရှိနေလို့ ပြန်မလာဖြစ်လိုက်တာ။ ကျုပ်သတင်းမပို့လိုက်တော့ အကြီးအကဲချင်းတို့ကို စိတ်ပူအောင် လုပ်မိသွားတယ်နဲ့ တူတယ်”

လော့ချင်က ရယ်မောလိုက်ပြီး “ညီလေးရန် ဒီလိုကြီး လုပ်နေစရာ မလိုပါဘူးကွ။ မင်းသာ လုံလုံခြုံခြုံ ပြန်ရောက်လာသရွေ့ အကြီးအကဲချင်း ကျိန်းသေ ပျော်နေမှာ။ အခု မင်းလုံလုံခြုံခြုံနဲ့ ပြန်ရောက်လာပြီုဆိုတော့… အို၊ ညီလေးရန် သူတော်စင်ဘုရင် ဒုတိယအဆင့်ကို ချိုးဖျက်သွားတာလား၊ အံ့ဩစရာပဲ။ ဂုဏ်ယူပါတယ်ကွာ”

သဲမီးတောက်နယ်မြေထဲသို့ ဝင်နိုင်သော ရန်ကိုင်တို့ကို ကြည့်ရင်း လော့ချင် အတော်လေး အားကျနေမိသည်။ သူသည် တန်ခိုးရှင်အဆင့်တစ်ယောက် ဖြစ်နေသည့် အတွက်ကြောင့် သဲမီးတောက်နယ်မြေထဲသို့ ဝင်လို့ မရတော့ချေ။ ထို့ကြောင့် သူအတော်လေး နောင်တရမိသည်။ ယခုတစ်ကြိမ် သဲမီးတောက်နယ်မြေထဲသို့ ခရီးတွင် ကျင့်ကြံသူများစွာ လုံလုံခြုံခြုံ ပြန်လာနိုင်ပြီး အကျိုးအမြတ်များစွာ ရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြားသိခဲ့ရသည်။ တော်တော်များများသည်လည်း နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်ဟုပင် ကြားခဲ့ရသည်။ ရန်ကိုင်ကို မြင်ပြီးနောက် ထိုကောလဟာလများ အမှန်ဖြစ်နေမှန်း သိလိုက်ရသည်။

လော့ချင် ပြောသည်ကိုကြားသော် အကုန်လုံး၏မျက်နှာ ဝင်းပသွားခဲ့သည်။

အမှန်အတိုင်း ပြောရသော် အကုန်လုံး ဤနေရာတွင် စုဝေးနေရခြင်းသည် ရန်ကိုင်ကြောင့် ဖြစ်သည်။ ရန်ကိုင်သည် ဤနေရာ၏ အစစ်အမှန်ခေါင်းဆောင် ဖြစ်သည်။ ယခု ရန်ကိုင်၏ ကျင့်ကြံခြင်း တိုးတက်လာသည် ဖြစ်လေရာ သူတို့လည်း စိတ်လှုပ်ရှားပျော်ရွှင်ပေသည်။

စကားနည်းနည်းပါးပါး ထပ်ပြောပြီးနောက် လော့ချင် ထွက်ခွာသွားလေသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၇)

ရန်ကိုင်သတင်း သိရအောင် လော့ချင်အား အကြီးအကဲချင်းတုန်မှ ဤနေရာသို့ စေလွှတ်ထားခြင်း ဖြစ်သည်။ ယခု ရန်ကိုင် လုံလုံခြုံခြုံဖြင့် ပြန်ရောက်လာပြီ ဖြစ်သဖြင့် အကြီးအကဲချင်းတုန်ဆီ ခပ်မြန်မြန် ပြန်သတင်းပို့ရပေမည်။

ရန်ကိုင်လည်း‌ လော့ချင်အား တားမနေဘဲ သွားခွင့်ပေးလိုက်သည်။

လော့ချင် ထွက်သွားပြီးနောက် ရန်ကိုင်က ပြောလိုက်သည် “သွားကြမယ်။ ဘာတွေ ပြောင်းလဲသွားတယ် ဆိုတာ နင်တို့ငါ့ကို သေချာရှင်းပြဖို့လိုတယ်။ ဒါမှ နောက်နောင် အချို့ အစီအရင်တွေကို ငါမတော်တဆ သွားမထိမိမှာ”

ယန်ယန်က ပြုံးလျက် “ပြောပြရမှာပေါ့၊ ဒါပေမယ့် အဲ့ကိစ္စကိုတော့ နင်စိတ်ပူမနေနဲ့။ ဒီကအစီအရင်တွေ အကုန်လုံး နင့်ကို ဘာမှလုပ်မှာ မဟုတ်ဘူး”

ရန်ကိုင်တို့အဖွဲ့သည် ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောရင်း နဂါးလိုဏ်ဂူတောင်ထဲသို့ ပြန်ဝင်သွားကြလေသည်။

ယန်ယန်၊ ဝူရီ၊ ယုဖုန်း၊ ချန်ချီနှင့် ဟောင်အန်းတို့သည် ရန်ကိုင် ယခင် ကျင့်စဉ်ဝင်နေကျ လိုဏ်ဂူအပြင်ဘက်တွင် လုပ်ထားသော စားပွဲတစ်ခုပတ်ပတ်လည်တွင် ဝိုင်းလျက် ထိုင်နေကြသည်။ စားပွဲခုံပေါ်တွင်မူကား နဂါးလိုဏ်ဂူတောင် တစ်ခုလုံးကို အသေးစိတ် ဖော်ပြထားသည့် စက်ဝိုင်းပုံ ချပ်ပြားလေးတစ်ပြား ရှိနေခဲ့သည်။ သစ်ပင်တိုင်း၊ မြက်ပင်တိုင်းကို ချပ်ပြားပေါ်တွင် မြင်နေရသည်။ အလင်းစက်လေးများ၊ အနက်ရောင် အစက်လေးများလည်း ရှိနေကြပြီး အချို့သည် ရွေ့လျားနေကြကာ အချို့သည် ရပ်နေကြသည်။ ထိုအစက်လေးများသည် နဂါးလိုဏ်ဂူတောင်ထဲတွင် လှုပ်ရှားသွားလာနေကြသော လူများကို ကိုယ်စားပြုပေသည်။

ဤချပ်ပြားလေသည် ယန်ယန်၏ ပန်းပဲပညာနှင့် အစီအရင်ပညာရပ်ကို ပေါင်းစပ်ပြီး ဖန်တီးထားသည့် အရာတစ်ခု ဖြစ်သည်။ ကောင်းကင်မျက်လုံးဆိုသော ဤချပ်ပြားလေးတွင် မည်သည့် အတိုက်အခိုက်စွမ်းရည်၊ အကာအကွယ်စွမ်းရည်မှ မရှိဘဲ ၎င်းကို နဂါးလိုဏ်ဂူတောင် ပတ်လည်တွင် ရှိနေသော လှုပ်ရှားမှုများကို စောင့်ကြည့်ရန်အတွက်သာ အသုံးပြုနိုင်သည်။

ကောင်းကင်မျက်လုံးချပ်ပြားကို အသုံးပြုခြင်းဖြင့် ရန်ကိုင် ပြန်လာသည်ကို ယန်ယန် သိသွားခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်သည် တောသားမြို့ရောက်သည့်နှယ် ကောင်းကင်ချပ်ပြားပေါ်ရှိ အရာများကို လက်ညိုးတထိုးထိုးလုပ်ရင်း အဆက်မပြတ် မေးမြန်းနေခဲ့သည်။ ယန်ယန်နှင့် အခြားသူများသည် သူ့အား စိတ်ရှည်ရှည်ဖြင့် ရှင်းပြလေသည်။ တစ်နာရီလောက် ကြာပြီးနောက် လက်ရှိ နဂါးလိုဏ်ဂူတောင် အကြောင်း ရန်ကိုင် နားလည်သွားခဲ့သည်။

တစ်ချိန်တည်းတွင် တစ်နှစ်အတွင်းတွင် ဤမျှ ပြောင်းလဲသွားနိုင်သည့် အပေါ်တွင်လည်း အလွန်ကိုမှ အံ့ဩနေမိခဲ့သည်။

နဂါးလိုဏ်ဂူတောင် ပတ်လည်တွင် မရေမတွက်နိုင်သော တိုက်ခိုက်ရေး အစီအရင်များ၊ ကာကွယ်ရေး အစီအရင်များကို ခင်းကျင်းထားပြီးသွားလေပြီ။ တန်ခိုးရှင်အဆင့် ပညာရှင်တစ်ယောက် ကျူးကျော်လာမည် ဆိုလျှင်ပင် အလွယ်တကူ ပြန်ထွက်သွားနိုင်လိမ့်မည် မဟုတ်ချေ။ ယန်ယန်ပြောပုံအရ တန်ခိုးရှင်တတိယအဆင့်သာ မပါသရွေ့ နဂါးလိုဏ်ဂူတောင်၏ အစီအရင်ကြီးကို ချိုးဖျက်ရန် လုံးဝ မဖြစ်နိုင်ပါချေ။

သို့သော်လည်း တန်ခိုးရှင်တတိယအဆင့်များသည် နဂါးလိုဏ်ဂူတောင်ကြားကို မည်ကဲ့သို့ ပြေးလာတိုက်ခိုက်မည်နည်း။ အများကြီး လာတိုက်ဖို့ဆိုလျှင်လည်း ပို၍ပင်ဝေးစွ။ လူတိုင်းသည် အကျိုးအမြတ်ကို လိုလား၍ လုပ်ကြသည့်လူများချည်းသာ။ အကျိုးအမြတ် နည်းနည်းလေး အတွက်နှင့် အားအရမ်းစိုက်ရမည့် အလုပ်ကို မည်သူက လုပ်မည်နည်း။ ထို့အပြင် နဂါးလိုဏ်ဂူတောင်၏ အစီအရင်သည် အပြည့်အဝ ပြီးစီးခြင်း မရှိသေးချေ။ လုံလောက်သည့် ငွေကြေးအင်အားသာ ရှိမည်ဆိုပါက ထိုအစီအရင်ကို ထပ်မံ အဆင့်မြှင့်နိုင်သေးသည်ဟု ယန်ယန် ယုံကြည်နေမိသည်။

နဂါးလိုဏ်ဂူတောင်၏ ပြောင်းလဲမှုများကို နးလည်သွားပြီးနောက် ရန်ကိုင် နောက်တစ်ကြိမ် သက်ပြင်းချလိုက်သည်။ ယန်ယန်အား ကောင်းကင်ကံကြမ္မာမြို့တော်မှ ခေါ်လာခဲ့ခြင်းသည် သူလုပ်ခဲ့သည့် ဆုံးဖြတ်ချက်များအနက် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်ကြောင်းကိုလည်း နားလည်သွားခဲ့သည်။

ယန်ယန်သည် နဂါးလိုဏ်ဂူတောင်လေး တစ်လုံးကို ချိုးဖျက်မရနိုင်သည့် ခံတပ်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲပစ်နိုင်ခဲ့သည်။ ထို့ကြောင့် ရန်ကိုင်သာ ထုန်းရွှမ်လောကကြီးဆီမှ သူ့မိတ်ဆွေများနှင့် မိသားစုဝင်များကို ခေါ်လာခဲ့မည်ဆိုလျှင် သူမ၏ ကဏ္ဍသည် ပို၍ပင် အရေးပါလိမ့်ဦးမည် မဟုတ်ပေလော။

“ဒါပေမယ့် ဒါတွေအားလုံးကို ပြုလုပ်ဖို့ သူတော်စင်သလင်းကျောက် တော်တော်လေး ကုန်သွားတယ်” ဝူရီက မျက်မှောင်ကြုတ်ရင်း ရန်ကိုင်အား ပြောလိုက်လေသည် “နင်ပေးခဲ့တဲ့ သူတော်စင်သလင်းကျောက် သန်းတစ်ရာလုံး အကုန်ကုန်သွားပြီ။ ဧည့်အကြီးအကဲချန် ပြန်ယူလာတဲ့ သူတော်စင်သလင်းကျောက် သုံးသုံးဆယ်တောင် မရှိတော့ဘူး။ ဒါပေမယ့် ဒီလောက် ပစ္စည်းတွေအများကြီး ဝယ်နေပေးလို့ ငါတို့ နဂါးလိုဏ်ဂူတောင်က အရိပ်လခန်းမရဲ့ အရေးအပါဆုံး ဖောက်သည်တွေထဲက တစ်ဦး ဖြစ်သွားပြီ”

“ဧည့်အကြီးအကဲချန် သူတော်စင်သလင်းကျောက် သန်းသုံးဆယ် ယူလာတာလား” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ချန်ချန်ဆီ လှမ်းကြည့်လိုက်သည်။ သို့သော်လည်း သဲမီးတောက်နယ်မြေထဲရှိ မြေအောက်လိုဏ်ဂူတွင်းထဲရှိ သလင်းကျောက်အားလုံးကို ချန်ချီ တူးထုတ်ခဲ့ရခြင်း ဖြစ်မည်မှန်း အလျင်အမြန် သိလိုက်သည်။

ရန်ကိုင် ထွက်သွားသည့်နောက်ပိုင်း ချန်ချီသည် သဲမီးတောက်နယ်မြေ ပိတ်သည်အထိ မရပ်မနား သလင်းကျောက် ထိုင်တူးနေခဲ့သည့်ပုံပင်။ မဟုတ်လျှင် ထိုမျှ များပြားလှသော သလင်းကျောက်များကို ရခဲ့လိမ့်မည် မဟုတ်ချေ။

“ဧည့်အကြီးအကဲချန်၊ အဲ့သလင်းကျောက်တွေကို ခဏလောက် ချေးထားဦးနော်။ ကျုပ်နောက်မှ ပြန်ဆပ်မယ်”

ချန်ချီက မျက်မှောင်ကြုတ်လိုက်ပြီး “ရန်ကိုင်၊ မင်းအဲ့လိုပြောတော့ ငါက အပြင်လူကြီးကို ဖြစ်လို့။ မင်းသာ ငါ့ကို သလင်းကျောက်တွင်းဆီ ခေါ်မသွားခဲ့ရင် အဲ့သလင်းကျောက်တွေကို ငါဘယ်က ရနိုင်မှာလဲ။ အစကတည်းက တစ်ဝက်လောက်ကို မင်းပိုင်ပြီးသား။ ပြီးတော့ မင်းသာ မရှိရင် ငါတို့ လူအိုကြီးနှစ်ယောက်စလုံး အိုးမဲ့အိမ်မဲ့ ဖြစ်နေမှာ။ ငါ့မှာ သလင်းကျောက်တွေ အများကြီး ရှိတော့ကော ဘာအရေးလည်း။ ငါ့ခွန်အားနဲ့သာဆိုရင် ကောင်းကျိုးမရှိတဲ့အပြင် ပြဿနာတွေ တစ်ပြုံတစ်ခေါင်းနဲ့တောင် ရင်ဆိုင်ရဦးမယ်။ အဆုံးကျရင် ငါ့ကိုယ်ငါ ကာကွယ်နိုင်ဖို့ အခြားအင်အားစု တစ်ခုကို ပေါင်းရတော့မှာ။ အဲ့လိုဖြစ်သွားရင် ငါ့မှာ ရှိတဲ့ သူတော်စင်သလင်းကျောက်တွေကို သူ့တို့ဆီ ပေးလိုက်ရဦးမှာပဲလေ”

ဟောင်အန်းကလည်း ဝင်ပြောလိုက်သည် “ဟုတ်တယ်၊ ရန်ကိုင်၊ သဲမီးတောက်နယ်မြေ မဖွင့်ခင်မှာ ငါတို့ကို လက်ခံပေးလိုက်တဲ့အတွက် ငါတို့မှာ အိမ်လို့ခေါ်လို့ရမယ့် အရာတစ်ခု ရှိလာခဲ့တာ။ ငါတို့ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကူညီပေးခဲ့တဲ့အတွက် ငါတို့ မင်းကို အမြဲတမ်း ကျေးဇူးတင်နေတာ။ ဒီသူတော်စင်သလင်းကျောက်တွေကို ငါတို့ရဲ့ ကျေးဇူးတင်လက်ဆောင် လို့သာ သဘောထားလိုက်။ ပြီးတော့ ငါတို့က နောက်ထပ် အကြာကြီး နေနိုင်တော့မှာမှ မဟုတ်တာ။ ငါတို့မှာ ကလေးတွေလည်း ရှိတာမဟုတ်ဘူး။ ဒီလောက် သလင်းကျောက်တွေ အများကြီး ရှိနေပြီး သုံးမကုန်ရင် ဘာလုပ်မှာလဲ။ အခုဆို နဂါးလိုဏ်ဂူတောင်က တစ်ကိုယ်တော် ကျင့်ကြံသူတွေ ဝင်ချင်နေတဲ့ နေရာတစ်ခုဖြစ်လာပြီ။ အဲ့လိုနေရာမျိုးကို ငါတို့က ဘာမှ မလုပ်ရဘဲ အလွယ်တကူ ဝင်နိုင်လိုက်တာ၊ ဘယ်လိုလုပ်ပြီး မကျေနပ်ဘဲ နေနိုင်မှာလဲ။ ဒါကြောင့် မင်းဘာမှ ထပ်ပြောမနေနဲ့တော့”

ရန်ကိုင် ခါးသက်စွာ ပြုံးလိုက်သည်။ သူသာ ဆက်ငြင်းနေလျှင် အခြားသဘော သက်ရောက်တော့မည်ကို သိလိုက်သဖြင့် ငြင်းမနေတော့ဘဲ လက်သီးဆုပ်၍ ခေါင်းညိတ်ကာ “အဲ့လိုဆိုမှတော့ ဧည့်အကြီးအကဲတို့ နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်ဗျာ”

ချန်ချီက ရယ်မောလိုက်ပြီး “ကျေးဇူးတင်နေစရာ မလိုပါဘူးကွာ။ ငါတို့ရဲ့ လက်ကျန် နှစ်တွေကို ဒီမှာ အေးအေးဆေးဆေး နေနိုင်တာနဲ့တင် သေပျော်ပြီ”

သို့သော်လည်း ရန်ကိုင်က ခေါင်းခါ၍ “ဒါပေမယ့် ဧည့်အကြီးအကဲတို့သာ တန်ခိုးရှင်အဆင့်ကို ချိုးဖျက်နိုင်မယ်ဆိုရင် ပိုပြီး အသက်ရှင်လာနိုင်မယ်မလား”

“တန်ခိုးရှင်ဆအင့်…” ချန်ချီ၏ မျက်ဝန်းအစုံ ဝင်းလက်သွားခဲ့သည်။ ရုတ်တရက် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်ကို ပြန်သတိရလိုက်သည်။ သို့သော်လည်း မကြာမီ သက်ပြင်းပြန်ချလျက် “အဲ့ဒါရှိရင်တောင် မဖြစ်နိုင်လောက်ဘူး”

“အဲ့ကိစ္စကို စိတ်ပူမနေနဲ့။ ဂျူနီယာတာဝန်သာ ထားလိုက်။ အကြီးအကဲတို့ စိတ်ငြိမ်သွားအောင်သာ အရင် ပြင်ဆင်ထားလိုက်”

ချန်ချီနှင့် ဟောင်အန်းတို့ အချင်းချင်း ကြည့်လိုက်သည်။ သူတို့ အလွန်ကိုမှ စိတ်လှုပ်ရှား ရင်ခုန်နေလေပြီ။ သို့သော်လည်း ဘာမှမပြောဘဲ တိတ်တိတ်လေး စောင့်နေရန်သာ ဆုံးဖြတ်လိုက်သည်။

နဂါးလိုဏ်ဂူတောင် အလွန်ကိုမှ ငွေလိုအပ်နေသဖြင့် ရန်ကိုင်သည် သဲမီးတောက်နယ်မြေ အတွင်းမှ သူတူးယူရရှိလာခဲ့သော သူတော်စင်သလင်းကျောက်များကို ဝူရီဆီသို့ ပေးလိုက်လေသည်။

မြေအဆုတ်မီးတောက်ကန်၏ ကျောက်တုံးခန်းများထဲတွင် တွေ့ခဲ့သော ပန်းပဲထုရာတွင် သုံးသည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ယန်ယန် လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

ထိုပစ္စည်းများကို မြင်လိုက်လျှင် ယန်ယန် ပျော်သွားခဲ့ပြီး ပစ္စည်းအားလုံးကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ထည့်သိမ်းလိုက်လေသည်။

ရန်ကိုင် ပေးသည့် သူတော်စင်သလင်းကျောက်များကြောင့် နဂါးလိုဏ်ဂူတောင်၏ ဘဏ္ဏာရေး ကိစ္စကို ရေတိုအတွက် ဖြေရှင်းသွားလိုက်နိုင်လေပြီ။ ယန်ယန်သည် ဆက်ပြီးတော့ ဖြုန်းပစ်မနေလျှင် သူတို့အားလုံးကို အချိန်အတော်ကြာအောင် ထောက်ပံ့ပေးရန်အတွက် လုံလောက်ပေသည်။

ရန်ကိုင်သည် သဲမီးတောက်နယ်မြေမှ ပြန်လာလာချင်း ဖြစ်သည့်အတွက်ကြောင့် အကုန်လုံးသည် သူနှင့် စကားစမည် ပြောချင်နေသော်လည်း သူ့အား အကြာကြီး မနှောင့်ယှတ်ချင်သည့် အတွက်ကြောင့် နည်းနည်းပါးပါးလောက် ပြောပြီးသွားသည်နှင့် အသီးသီး ပြန်ထွက်သွားကြကုန်လေသည်။

ရန်ကိုင်သည် သူနေသည့် ကျောက်တုံးခန်းဆီသို့ ပြန်လာခဲ့သည်။

နဂါးလိုဏ်ဂူတောင်၏ မူလလိုဏ်ဂူသည် တားမြစ်နေရာတစ်ခု ဖြစ်လာခဲ့လေပြီ။ ယခု ယန်ယန်နှင့် ကျောက်တုံးရုပ်သေးရုပ်၏ ပြုပြင်ပေးမှုကြောင့် ထိုနေရာသည် ကြီးမားလှသော လိုဏ်ဂူစံအိမ်ကြီးတစ်လုံး ဖြစ်လာခဲ့လေပြီ။

ရန်ကိုင် အသုံးပြုရန်အတွက် အထူးသီးသန့် တည်ဆောက်ပေးထားသည့် ကျောက်တုံးခန်း များစွာလည်း ရှိပေသည်။ ဟိုင်ခဲမိသားစုမှ ကျင့်ကြံသူများသည် အသစ်ဆောက်လုပ်ထားသည့် အပြင်ဘက်ရှိ အဆောက်အဦးများတွင် နေနေကြသည်။

မိုးမြေစွမ်းအင်သည် လိုဏ်ဂူစံအိမ်ကြီးထဲတွင် အသိပ်သည်းဆုံး ဖြစ်သည်။

ရန်ကိုင် တင်ပင်လင်ခွေ ထိုင်လိုက်ပြီး မကြာခင်မှာပဲ မြေအောက်ထဲမှ ခေါင်းတစ်ခေါင်း ပြူထွက်လာသည်။

“ကျောက်တုံးရုပ်သေးရုပ်” ရန်ကိုင်က ထိုအရဘာမှန်း တန်းသိလိုက်သည်။ လှမ်းခေါ်လိုက်ရာ ကျောက်တုံးရုပ်သေးရုပ်သည် တူးထားသည့် တွင်းထဲမှ ထွက်လာပြီး ရန်ကိုင် ပခုံးပေါ်သို့ ကုန်းရုန်းတက်သွားလိုက်သည်။

ရန်ကိုင် ကျောက်တုံးရုပ်သေးရုပ်ကို အနီးကပ် စစ်ဆေးကြည့်လိုက်သည်။ အတော်လေး ကြာအောင် မမြင်တွေ့လိုက်ရသည့်နောက် ကျောက်တုံးရုပ်သေးရုပ်လည်း အများကြီး ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။

ကျောက်တုံးရုပ်သေးရုပ် မွေးဖွားလာစဉ်က ၎င်း၏ ခန္ဓာကိုယ်သည် သာမန် ကျောက်တုံး တစ်တုံးကဲ့သို့ မွဲညစ်ညစ်ဖြစ်သည်။ သို့သော်လည်း ယခုမူ ကျောက်တုံးသားများသည် အကာအကွယ် အလွှာတစ်ခုကို အပေါ်မိုးအုပ်၍ ဆင်မြန်းထားသည့်အလား သလင်းကျောက် ကဲ့သို့ ဖြစ်နေလေပြီ။

ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ကျောက်တုံးရုပ်သေးရုပ်၏ အပေါ်ယံအလွှာသည် အလွန်ကိုမှ မာကျောကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ ရန်ကိုင် အားကုန်သုံး၍ ထိုမည်ဆိုလျှင်ပင် ထိုအလွှာကို ကွဲအောင် ထိုးနိုင်လိမ့်မည် မဟုတ်ချေ။

ကျောက်တုံးရုပ် သူ့ဘာသာ ပြောင်းလဲသွားခြင်းလား၊ ယန်ယန်ကြောင့်ပဲ ပြောင်းလဲသွားခြင်းပေလား၊ ရန်ကိုင် မစဉ်းစားတတ်။

ရန်ကိုင် ထိုအကြောင်းကို စည်းစားနေစဉ်မှာပဲ ကျောက်တုံးရုပ်သေးရုပ်သည် တစ်ခုခုကို သတိရသွားသည့်နှယ် ခေါင်းကိုကုတ်လိုက်ပြီး ပါးစပ်ကိုဟကာ တူးထားသည် လေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို အန်ထုတ်ပေးလိုက်လေသည်။

မျက်တောင်တစ်ခတ်အတွင်း ထောင်ပေါင်းများစွာသော လေဟာနယ်ဝိဥာဉ် သလင်းကျောက်များ ရန်ကိုင်ရှေ့တွင် တောင်သဖွယ် စုပြုံလာခဲ့သည်။

“ဒါတွေက လေဟာနယ်သလင်းကျောက် မိုင်းတွင်းက ထုတ်ပေးလိုက်တဲ့ နောက်ဆုံး လေဟာနယ်ဝိဥာဉ်သလင်းကျောက်တွေပဲ” ချိုသာသော အသံတစ်သံ ရန်ကိုင် ဘေးဘက်မှ ထွက်ပေါ်လာခဲ့သည်။ ဘယ်အချိန်ကတည်းကမှန်းမသိ ယန်ယန်သည် အခန်းထဲသို့ ရောက်နေခဲ့သည်။

ရန်ကိုင်သည် ယန်ယန် ရောက်နေသည့် အတွက်ကြောင့် အံ့အားသင့်နေခြင်းမျိုး မဖြစ်ခဲ့။ ခေါင်းသာညိတ်ပြလိုက်ပြီး ထိုလေဟာနယ်ဝိဥာဉ် သလင်းကျောက်များကို အနက်ရောင် စာအုပ်ထဲသို့ ထည့်သိမ်းထားလိုက်လေသည်။

“သုံးပုံတစ်ပုံကို ငါ့အတွက် ယူထားလိုက်ပြီ၊ ဟဲဟဲ” ယန်ယန်က စပ်ဖြဲဖြဲပြုံးလျက် ရန်ကိုင်ရှေ့တွင် ထိုင်ချလိုက်သည်။

“နင်လည်း လေဟာနယ်ဝိဥာဉ်သလင်းကျောက်တွေကို သုံးဖို့ လိုတယ်ပေါ့”

“လိုတာပေါ့” ယန်ယန်က ချိုသာစွာ ပြုံးလိုက်သည်။ မည်သည့်အတွက် သုံးမလဲ ဆိုသည်ကိုမူ ပြောမပြချေ။

ရန်ကိုင်လည်း မေးမနေခဲ့။ မည်သို့ပင်ဖြစ်စေ ထိုလေဟာနယ်ဝိဥာဉ် သလင်းကျောက်များသည် သူလေ့ကျင့်ရန်အတွက် အချိန် အတိုင်းအတာ တစ်ခုလောက်အထိ လုံလောက်ပေလိမ့်မည်။

“နင်ဘာလို့ ငါ့ကို ခေါ်လိုက်တာလဲ။ အခြားသူတွေ မြင်လို့မဖြစ်တဲ့ ပစ္စည်းကောင်းလေးတွေ ငါ့ကို ပြချင်လို့လား” ယန်ယန်၏ မျက်ဝန်းထဲ ညစ်ကျယ်ကျယ် အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။

“ဟုတ်တယ်။ အခြားသူတွေကို မမြင်စေချင်တဲ့ ပစ္စည်းအချို့ရှိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ သို့သော် ထိုပစ္စည်းများကို အရင် ထုတ်မပြသေးဘဲ ယန်ယန်ကို အသေအချာ စိုက်ကြည့်နေရင်း ရုတ်တရက် ကောက်မေးလိုက်လေသည် “ယန်ယန်၊ ငါ့မှာ မေးစရာတစ်ခုရှိတယ်။ နင်ရိုးရိုးသားသား ဖြေပေးနော်”

ရန်ကိုင် ဤမျှ အလေးအနက် ဖြစ်သည်ကို ယခုမှသာ ယန်ယန် ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် ယန်ယန် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော်လည်း သေချာ စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်လိုက်လေသည် “ကောင်းပြီလေ”

“နင်ဒီခန္ဓာကိုယ်ရဲ့ တကယ့် ပိုင်ရှင်လား” ရန်ကိုင်က မျက်လုံးမှေးစဉ်၍ ယန်ယန်အား မမှိတ်မသုံ စိုက်ကြည့်ရင်း မေးလိုက်သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၈)

ရန်ကိုင်ကို မေးခွန်းကို ကြားကြားချင်း ယန်ယန် ကြောင်သွားခဲ့သည်။ သို့သော် ရုတ်တရက် ဆိုသလို သည်းလှိုက်အူလှိုက် ထရယ်တော့လေသည်။

“ဘာတွေရယ်စရာ ပါနေလို့လဲ” ရန်ကိုင်က စိတ်ပျက်ပျက်ဖြင့် ပြန်မေးသည်။

ယန်ယန် သူမလက်ကို ဝှေ့ရမ်း၍ ဘာမှမဟုတ်ကြောင်း ပြောချင်နေသော်လည်း ရယ်ချင်စိတ်ကို မအောင့်အည်းနိုင် ဖြစ်နေခဲ့သည်။ ရယ်ရလွန်းသဖြင့် မျက်ရည်များပျင် ထွက်ကျလာခဲ့ရသည်။

ရန်ကိုင် မျက်ဖြူလှန်ပြလိုက်ပြီး နောက်တစ်ကြိမ် ထပ်မေးလိုက်သည် “အဲ့လိုဆို နင်က ရုပ်ရည်နုပျိုအောင် လုပ်ထားတဲ့ ဘွားတော်ကြီး တစ်ယောက်လား”

ယခုတစ်ကြိမ်တွင်တော့ ယန်ယန် မရတော့ချေ။ အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်နှယ် ရန်ကိုင်အား စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး အံကြိတ်၍ ပြောလိုက်သည် “ဘာရုပ်ရည်နုပျိုအောင် လုပ်ထားတဲ့ ဘွားတော်ကြီးလဲ။ ငါအဲ့လိုလူတစ်ယောက် မဟုတ်ဘူး”

“ဟုတ်တယ်နော်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ယန်ယန်သာ နှစ်ပေါင်းထောင်နှင့်ချီ အသက်ရှင်ခဲ့သည့် ဘွားတော်ကြီး တစ်ယောက် ဖြစ်မည်ဆိုပါက ယခုကဲ့သို့ ကလေးဆန်၊ အတွေ့အကြုံ မရင့်ကျက်ဘဲ နေလိမ့်မည် မဟုတ်ချေ။ ယန်ယန်သည် အတွေ့အကြုံ ရင့်ကျက်သည့် လူတစ်ယောက်နှင့် မတူဘဲ လောကကြီးအကြောင်း နားမလည်သေးသည့် ကလေးတစ်ယောက်နှင့် ပိုတူပေသည်။

ယန်ယန်၏ အမူအရာ ရုတ်တရက် လေးနက်သွားခဲ့သည်။ သူမ၏ မျက်နှာသည်လည်း အနည်းငယ် ဖြူလျော်သွားဟန်ရသည်။ အချိန်အတော်ကြာပြီး နောက်ဆုံးတွင် ယန်ယန်က မေးလိုက်သည် “ငါဒီခန္ဓာကိုယ်ကို အပိုင်စီးထားမထား ဆိုတာကို နင်သိချင်နေတာမလား”

“အင်း” ရန်ကိုင်က ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ရသည်။ နှစ်ပေါင်းများစွာ အသက်ရှည်သည့် ဘွားတော်ကြီး မဟုတ်လျှင် ခန္ဓာကိုယ် အပိုင်စီးထားသည့် လူတစ်ယောက် ဖြစ်သည်ဟူသော ရှင်းပြချက်သာ ယန်ယန်သည် အသက်ငယ်ငယ်လေးသည် အစီအရင် ပညာတွင် ဘာကြောင့် ထိုမျှကျွမ်းကျင်နေသလဲ ဆိုသည်ကို ရှင်းပြနိုင်ပေလိမ့်မည်။

လူတစ်ယောက်၏ အသက်နှင့် လုပ်နိုင်စွမ်းသည် အကန့်အသတ် ရှိသည်။ ရန်ကိုင်သည် ဆေးပညာအရာတွင် အတော်လေး ကျွမ်းကျင်သော်လည်း ကျင့်ကြံခြင်းတွင် လက်မလျှော့သ‌ရွေ့ အခြားတစ်ဖက်တွင် အာရုံစိုက်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ယန်ယန်ကမူ ပန်းပဲထုခြင်းနှင့် အစီအရင်ပညာ နှစ်ခုစလုံးတွင် အလွန်ကိုမှ မြင့်မားသော အဆင့်သို့ ရောက်နေခဲ့သည်။ သူမ၏ ပန်းပဲစွမ်းရည်ဆိုလျှင် အရိပ်ကြယ်ပေါ်ရှိ ပန်းပဲပညာရှင်ထက်ပင် ပိုမို သာလွန်ပေသေးသည်။ သူမ ထိုကဲ့သို့ ဖြစ်လာအောင် မည်ကဲ့သို့ လုပ်ခဲ့သနည်း။

ဤလောကကြီးတွင် ပါရမီရှင်များ မရှားပါးချေ။ ယန်ယန်သည် အလွန်ကိုမှ ထူးခြားသည့် ပါရမီရှင် တစ်ယောက်ဆိုလျှင် သူမ၏ အသက်နှင့် ကျွမ်းကျင်မှုသည် တစ်ခြားစီ ဖြစ်နေသည်။ ထို့ကြောင့် ရန်ကိုင် ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။

“နင်ငါ့ကို သင်္ကာမကင်း ဖြစ်နေတာ ကြာပြီလား” ယန်ယန်က ပြန်မေးသည်။

“နင်အစီအရင် ပညာကိုပါ ကျွမ်းကျင်ထားတယ်လို့ သိလိုက်တဲ့ အချိန်က စပြီးတော့ပဲ။ ဒါပေမယ့် နင့်ဘာသာ ဒီခန္ဓာကိုယ်ကို အပိုင်စီးထားထား၊ မထားထား၊ ငါဂရုမစိုက်ဘူး။ ငါသိတာက နင်ပဲ။ အရင်ခန္ဓာကိုယ်ပိုင်ရှင် မဟုတ်ဘူး။ အဲ့ဒါကိုတော့ နင်စိတ်ချထားလို့ ရတယ်” ရန်ကိုင်က ပြောလိုက်သည်။

ယန်ယန် ခါးသက်စွာ ရယ်လိုက်သည်။ ခဏလောက် တိတ်နေစပြီးနောက် စပြောလေသည် “သင်္ကာမကင်း ဖြစ်နေတာ နင်တစ်ယောက်တည်း မဟုတ်ဘူး။ တစ်ခါတစ်လေဆို ငါကိုယ်ငါ ဘယ်သူလဲတောင် မသိဘူး… ဒါပေမယ့် ဒီခန္ဓာကိုယ်ကို အပိုင်စီးထားတယ်လို့တော့ ငါမထင်ဘူး။ ငါ့ငယ်ငယ်က မှတ်ဥာဏ်တွေ အကုန်လုံးကို သေချာ မှတ်မိနေတုန်းပဲ။ မှတ်ဥာဏ် ပြတ်တောက်နေတာမျိုးလည်း မရှိဘူး”

“ဒါဆို ဆရာ့ဆရာကြီး တစ်ယောက်ယောက်က နင့်ကို ပန်းပဲပညာတွေ၊ အစီအရင် ပညာတွေ သင်ပေးသွားတာလား” ရန်ကိုင် ဆက်မေးလိုက်သည်။

ယန်ယန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး နှုတ်ခမ်းလေးကိုကိုက်ရင်း သူမ၏ အဝတ်စလေးကို လက်နှစ်ဖက်ဖြင့် ကြိတ်ချေနေလိုက်သည်။ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် မျက်လုံးဖွင့်ကာ တိုးတိုးလေး ပြောလိုက်သည် “ငါအခုလို လုပ်နေနိုင်ရတဲ့ အကြောင်းအရင်းက ငါမွေးလာကတည်းက အစီအရင်တွေကို ဘယ်လိုခင်းကျင်းရမယ်၊ မှော်ရတနာတွေကို ဘယ်လို ဖန်တီးရမလဲဆိုတာ သိနေလို့လို့ ပြောရင် နင်ယုံမှာလား”

“ဘယ်လိုလုပ်ပြီး ဖြစ်နေမှာလဲ” ရန်ကိုင် လုံးဝကို ထိတ်လန့်သွားခဲ့သည်။

ယန်ယန်က ခါးသက်စွာ ပြုံးလိုက်ပြီး “ယုတ္တိမရှိမှန်း ငါသိတယ်။ ဒါပေမယ့် အဲ့ဒါ အမှန်ပဲ။ ငါသိထားတာတွေ အကုန်လုံးက မွေးကတည်းက ပါလာတဲ့ ငါ့မှတ်ဥာဏ်တွေပဲ။ အစီအရင်တွေကို ဘယ်လို ခင်းကျင်းရမလဲ၊ မှော်ရတနာတွေကို ဘယ်လို ဖန်တီးရမလဲ ဆိုတာတွေ အကုန်လုံးကို ငါ့မှတ်ဥာဏ်တွေထဲမှ ချိတ်ပိတ်ထားသလိုပဲ။ ငါမှော်ရတနာတွေ ဖန်တီး၊ အစီအရင်းခင်းကျင်း၊ အဲ့လိုလုပ်ရင်းလုပ်ရင်းနဲ့ အဲ့မှတ်ဥာဏ်တွေက တဖြည်းဖြည်း ပွင့်လာတာ။ ဒါကြောင့် ငါ့အရည်အချင်းကလည်း ပိုပိုပြီး မြင့်လာရတာ။ ပြီးတော့၊ ငါတစ်ခါမှ မမြင်ဖူး၊ မကြားဖူးတဲ့ ရှားပါးရတနာတွေကို မြင်တာတောင် သိနေတာမျိုးကိုရော ထူးဆန်းတယ်လို့ နင်မထင်ဘူးလား”

ရန်ကိုင် မှင်သက်သွားခဲ့သည်။

ဤအရာသည် ထူးဆန်းသည်ဟု ပြော၍ရသည့် အဆင့်မျိုး မဟုတ်တော့ချေ။ မည်သူမှ အကြောင်းအရင်းမရှိ မွေးကတည်းက ပန်းပဲထုတတ်၊ အစီအရင် ခင်းကျင်းတတ်လိမ့်မည် မဟုတ်ချေ။ အကြောင်းတစ်ခုခုတော့ ရှိကိုရရပေမည်။ သို့သော်လည်း ထိုအကြောင်းအရင်းကို ကာယကံရှင်ဖြစ်သော ယန်ယန် ကိုယ်တိုင်ပင် မသိချေ။

ထို့အကြောင်းများကြောင့်ပဲ ယန်ယန်သည် တစ်ခါတစ်ခါ သူမကိုယ်သူမ ပြန်ကြောက်မိနေခြင်း ဖြစ်သည်။

ယန်ယန်တွင် သူမကိုယ်သူမ လိမ်စရာအကြောင်း မရှိချေ။ ထို့ကြောင့် အမှတ်ကို ပြောနေခြင်း ဖြစ်လောက်ပေသည်။

တစ်ခါတစ်ခါ ယန်ယန်သည် အတော်လေးကိုမှ ထူးဆန်းလှပါလားဟု သူ့စိတ်ထဲ ခံစားမိသော်ငြား ဤမျှ ထူးဆန်းနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်လည်း ရန်ကိုင် ထိုအကြောင်းကို ထပ်မမေးတော့ချေ။ ယန်ယန်သည် အခြားတစ်ယောက်၏ ခန္ဓာကိုယ်ကို အပိုင်စီးထားသည့် လူပဲဖြစ်ဖြစ်၊ သူ့ဘာသာ ဘယ်သူပဲဖြစ်ဖြစ် ရန်ကိုင် ဂရုမစိုက်၊ လက်ရှိ ယန်ယန်သည် သူ့အတွက် လုံလောက်ပေပြီ။

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်က မေးလိုက်သည် “နင်အခု ဘယ်အဆင့် မှော်ရတနာတွေကို လုပ်နိုင်ပြီလဲ”

“တန်ခိုးရှင် အထွဋ်အထိပ်အဆင့်လောက်ကတော့ ပြဿနာမရှိဘူး။ ငါ့မှာ လေ့ကျင့်စရာ ပစ္စည်းတွေသာဆိုရင် အနှေးနဲ့အမြန် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတွေကို လုပ်နိုင်မယ်လို့ ယုံကြည်တယ်” ထိုအကြောင်း ပြောလိုက်စဉ် ယန်ယန်၏ မျက်နှာထက် ဂုဏ်ယူဝံ့ကြွားသည့် အရိပ်အယောင် ပြန်ပေါ်လာခဲ့သည်။

“ကောင်းပြီ။ ငါ့ကို ဒါပြန်ပြင်ပေးပါဦး” ရန်ကိုင်သည် ကသိကအောက် အမူအရာဖြင့် ခရမ်းရောင်ဒိုင်းကို ထုတ်လိုက်လေသည်။

ခရမ်းရောင်ဒိုင်းသည် ယခင်ကဲ့သို့ တောက်ပခြင်း မရှိတော့ချေ။ ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် ယန်ယန်၏ မျက်နှာထက် စိုးရိမ်ရိပ်တို့ ထွက်ပေါ်လာခဲ့သည်။ ဒိုင်းကို ကောက်ယူလိုက်ပြီး အသာအယာ ပွတ်သပ်ရင်း အလျင်အမြန် မေးလိုက်သည် “မီးစွမ်းအင် အစီအရင် တစ်ခုခုထဲ နင်ရောက်သွားတာလား။ တစ်ချက်တည်းနဲ့တောင် တန်ခိုးရှင် အလယ်အလတ်အဆင့် အကာအကွယ် ရတနာကို ဒီလိုမျိုး ဖြစ်သွားအောင် လုပ်နိုင်တယ် ဆိုတော့”

“ဟုတ်တယ်။ ဒါပေမယ့် နောက်ဆုံးတော့ လုံလုံခြုံခြုံ ပြန်ထွက်လာနိုင်လိုက်တယ်” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်သည်။

“ကောင်းပြီလေ။ နင်ပေးတဲ့ ပစ္စည်းတွေနဲ့ဆို ဒါကို တန်ခိုးရှင် အထွဋ်အထိပ်အဆင့် ရောက်အောင် ပြန်ပြင်ပေးလို့ ရလောက်တယ်” ပြောပြီးနောက် ခရမ်းရောင်ဒိုင်းကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ထည်သိမ်းလိုက်လေသည်။ ထို့နောက် ဆံပင်ကို နားသယ်နောက် သပ်တင်လိုက်ပြီး ဝမ်းသာအားရနေသည့် မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား စိုက်ကြည့်၍ မေးလိုက်လေသည် “အခြား ဘာပစ္စည်းတွေ နင်ရလာသေးလဲ။ ငါ့ကို တစ်ချက် ပြကြည့်ပါလား”

“ကောင်းပြီလေ” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲ မွှေနှောက် ရှာတော့သည်။ ပစ္စည်းကောင်းများစွာ သူရလာခဲ့သည်။ အချို့ပစ္စည်းများဆိုလျှင် သူပင် မသိချေ။ ထို့ကြောင့် ယန်ယန်ကိုပြပြီး မေးမြန်းရန်အတွက် သူမကို ခေါ်လိုက်ခြင်း ဖြစ်သည်။

မကြာမီ ပန်းကန်ပြား အရွယ်အစားလောက်ရှိသော မီးနီရောင် တောက်နေသည့် သလင်းကျောက်ကြီးတစ်တုံးကို ရန်ကိုင် ထုတ်လိုက်သည်။

“ဒါ…” ထိုအနီရောင် သလင်းကျောက်ကြီးကို မြင်သည်နှင့် ယန်ယန်၏ မျက်ဝန်းအစုံ တဖျက်ဖျက် လင်းလက်တောက်ပသွားသည်။

“မီးတောက်သလင်းကျောက်လို့ ပြောကြတာပဲ” ရန်ကိုင်က သူ့မေးစေ့ကို ပွတ်သပ်ရင်း “အဲ့ဒါဘာလို့ ဒီလောက် ထူးထူးဆန်းဆန်း ကြီးနေရတာလဲ ဆိုတာကိုပဲ ငါနားမလည်တာ။ အခြား မီးတောက်သလင်းကျောက်တွေဆို သေးသေးလေးတွေပဲ။ ပြီးတော့ ဒါကို ရဖို့က တော်တော်လေး ထူးဆန်းသေးတယ်။ အခြား မီးတောက်သလင်းကျောက်တွေက မီးတောက်ဝိဥာဉ်သားရဲတွေက ရတာဆိုပေမယ့် ဒါက…”

ရန်ကိုင်သည် ထူးဆန်းသော တောင်ကြားထဲတွင် ကြုံတွေ့ခဲ့ရသည့် သူ့အတွေ့အကြုံကို အကျဉ်းချုံး ပြန်ရှင်းပြလိုက်လေသည်။ ရန်ကိုင်က သူ့အတွေ့အကြုံအကြောင်း ရှင်းပြနေစဉ် ယန်ယန်သည် မီးတောက်သလင်းကျောက်ကို သေချာစိုက်ကြည့်ရင်း သူမ လက်ကလေးဖြင့် အသာအယာ ပွတ်သပ်နေခဲ့သည်။

ရန်ကိုင် ရှင်းပြပြီးနောက် ယန်ယန်က ခေါင်းညိတ်၍ “နင်ပြောသလိုပဲ ဒါက မီးတောက်သလင်းကျောက်တတုံးပဲ။ ဒါပေမယ့် အခြား မီးတောက်သလင်းကျောက်တွေနဲ့ မတူတာက ဒီမီးတောက်သလင်းကျောက်ထဲမှ သဘာဝအတိုင်း ဖြစ်လာတဲ့ အစီအရင်တစ်ခု ရှိနေတာပဲ။ ဒါကြောင့် နင့်လမ်းကို ပိတ်ဖို့ မီးတောက်ဝိဥာဉ်သားတွေ အများကြီး ဖန်တီးနိုင်ခဲ့တာ”

“သဘာဝအတိုင်း ဖြစ်လာတဲ့ အစီအရင်လား” ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့သည်။ ထိုစဉ်က ထိုအချက်ကို သူမစစ်ဆေးမိခဲ့ချေ။

“ဟုတ်တယ်။ သဘာအတိုင်း ဖြစ်လာတဲ့ အရမ်းကို နက်နဲတဲ့ အစီအရင်တစ်ခုပေါ့” ယန်ယန်က ပြုံးလိုက်ပြီး “ဒီပစ္စည်းကို မှော်ရတနာလုပ်တဲ့နေရာမှာ သုံးလို့ရတယ် ဆိုပေမယ့် အဲ့လိုသုံးလိုက်ရင် ကောင်းကင်ပေးတဲ့ လက်ဆောင်ကို ဖြုန်းတီးလိုက်သလို ဖြစ်သွားလိမ့်မယ်။ မှော်ရတနာလုပ်တဲ့ နေရာထက်စာရင် အစီအရင်တစ်ခုရဲ့ အမြူတေအဖြစ် သုံးရင် ပိုပြီး အသုံးဝင်လိမ့်မယ်”

“ကောင်းပြီလေ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ယန်ယန်သည် လုပ်ပေးမည့် အစီအရင်သည် နဂါးလိုဏ်ဂူတောင်အတွက် ဖြစ်လေရာ အဆုံးတွင် အကျိုးရှိမည့် လူသည် သူသာ ဖြစ်နေပေသေးသည်။

“အခြား ဘာရှိသေးလဲ” ယန်ယန်သည် မီးတောက်သလင်းကျောက်ကို သူမ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သိမ်းလိုက်ပြီးနောက် သူမ၏ လှပသော မျက်ဝန်းအစုံဖြင့် ရန်ကိုင်အား စိုက်ကြည့်လိုက်လေသည်။

“ဒါရှိသေးတယ်” မြက်စေ့နှင့်ဆင်တူသော သွေးနီရောင် ပုတီးစေ့တစ်စေ့ကို ရန်ကိုင် ထပ်ထုတ်ပြလိုက်သည်။

“သွေးဓါးမြက်အစေ့လား” ထိုအရာလေးကို မြင်လိုက်သည်နှင့် ယန်ယန်၏ မျက်နှာ ဖြူလျော်သွားပြီး အလန့်တကြား ထအော်လေသည်။

“လိုက်လိုက်တဲ့နာမည်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ သဲမီးတောက်နယ်မြေထဲတွင် သွားလာနေစဉ် စိတ်ရှုပ်ထွေး အစီအရင်ထဲသို့ ရောက်သွားခဲ့သည်။ ထိုအစီအရင်ကို ချိုးဖျက်ပြီးနောက် လမ်းကျဉ်းလေး တစ်ခုကို မြင်လိုက်ရသည်။ ထိုလမ်းကျဉ်းလေး၏ ဘေးနှစ်ဖက်နှစ်ချပ်တွင် သွေးနီးဓါးသွားကဲ့သို့ မြက်ပင်များ ပေါက်ရောက်နေကြပေသည်။

ထိုသွေးနီရောင်ဓါးသွားမြက်ပင်များသည် အလွန်ကိုမှ မာကျောသလို ထက်ရှပေသည်။ သူ့ခန္ဓာကိုယ်ပင်လည်း ထိုအရာများ၏ တိုက်ခိုက်မှုကို မခုခံနိုင်ချေ။

“သဲမီးတောက်နယ်မြေထဲမှာ ဒါတွေ ရှိနေတာလား” ယန်ယန် မျက်နှာ ဖြူလျော်နေသည်။

“ဒါတွေက အဲ့လောက်တောင် ကျော်ကြားလို့လား” ယန်ယန်၏ ကြောက်လန့်နေသည့် အမူအရာကိုမြင်သော် ရန်ကိုင် သိချင်မိသွားသည်။

“ကျော်ကြားလား မကျော်ကြားလားတော့ မသိဘူး။ အဲ့ဒါ ဘယ်လောက် ကြောက်ဖို့ ကောင်းလဲ ဆိုတာကိုတော့ ငါသိတယ်။ အသားနဲ့သွေးသာ လုံလောက်ရင် ဒါတွေ အဆုံးမရှိ ကြီးထွားနိုင်တယ်။ အမြင့်အဆင့်ထိ ရောက်သွားပြီဆိုရင် တန်ခိုးရှင်ဘုရင်အဆင့်ရဲ့ ခန္ဓာကိုယ်ကိုတောင် ဖြတ်တောက်ပစ်နိုင်တယ်”

“အဲ့လောက်တောင် ကြောက်ဖို့ကောင်းတယ်” ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင်တစ်ကိုယ်လုံး ရေအေးတစ်ခွက်ဖြင့် လောင်ချခံလိုက်ရသလို ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့သည်။

ယန်ယန်ပြောသည်သာ အမှန်ဖြစ်မည်ဆိုလျှင် သူကြုံတွေ့ခဲ့သည့် သွေးဓါးမြက်ပင်များ အပြည့်အဝ မကြီးထွားသေးလောက်ချေ။ မဟုတ်လျှင် သူတစ်ခါတည်း သေသွားလောက်ပေပြီ။

“ဒါက တကယ့်ကို နာမည်ဆိုးနဲ့ ကျော်ကြာတား။ အရင်းတုန်က ဂိုဏ်းကြီးတွေကို သူတို့ရဲ့ တားမြစ်နယ်မြေကို ကာကွယ်ဖို့ဆိုပြီး ဒါတွေကို အဲ့တားမြစ်နယ်မြေတွေဲ့ ပတ်လည်မှာ စိုက်ထားတတ်တယ်” ယန်ယန်က သွေးဓါးမြက်အစေ့ကို စစ်ဆေးရင်း ပြောလိုက်သည်။

“တစ်စေ့ရှိတာ ဆိုးတာပဲ။ အများကြီးသာရှိရင်…”

“တစ်စေ့တည်းရှိလည်း ဘာမှမဖြစ်ဘူး” ယန်ယန်က ပြန်ပြောလိုက်သည် “ဒါတွေ သူ့ဘာသာ မျိုးပွားနိုင်တယ်။ အဓိကက အသားနဲ့သွေးနဲ့။ အသားနဲ့သွေးသာ လုံလောက်ရင် အစေ့တစ်စေ့တည်း ရှိရင်တောင် အဆုံးမရှိ ကြီးထွားနိုင်တယ်”

ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင်၏ မျက်ဝန်းအစုံ ဝင်းလက်သွားခဲ့သည်။

“နင်ဘာလုပ်ချင်နေတာလဲ” ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် လက်သွားသည်ကို မြင်သော် ယန်ယန် အလျင်စလို မေးလိုက်သည်။

“ဘာမှမဟုတ်ဘူး” ရန်ကိုင် အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး သွေးဓါးမြက်အစေ့ကို ယန်ယန် လက်ထဲမှယူ၍ သေချာ ပြန်သိမ်းထားလိုက်လေသည်။

“ငါနင့်ကို အရင်ပြောထားဦးမယ်။ နင်ဒါကို စိုက်မယ်ဆိုရင် ငါ့ကို အရင်ပြောပြီးမှ စိုက်နော်။ ဒါပေမယ့် ဘာမှစိတ်ပူစရာမရှိပါဘူးလေ။ ဒါတွေက အသားနဲ့သွေးမရှိရင် ကြီးမှာမှ မဟုတ်တာ”

“ငါသိတယ်” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲမှ နောက်ထပ် ပစ္စည်းနှစ်ခုကို ထပ်ထုတ်လိုက်လေသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၅၉)

ရန်ကိုင် ထုတ်လိုက်သည့် ပစ္စည်းတစ်ခုသည် တစ်မီတာအရှည်ရှိပြီး ကလေးလက်မောင်း တစ်ချောင်းစာထူသော ကြည်လင်နေသည့် အရိုးတစ်ချောင်းပင်။ ဒုတိယတစ်ခုသည် ခိုဥအရွယ် အလုံးလေးတစ်လုံး ဖြစ်ပြီး ထိုအလုံးလေးထဲတွင် ကူးခတ်သွားလာနေသော အစိမ်းရောင် မြွေလေးတစ်ကောင် ရှိနေခဲ့သည်။

ထိုမြွေသေးသေးလေးဆီမှ အားနည်းသော်လည်း ဖိနှိပ်အား ပြင်းထန်သည့် အရှိန်အဝါတို့ ဖြာထွက်နေခဲ့သည်။

ထိုအလုံးလေး ပေါ်လာသည်နှင့် ရန်ကိုင်ကိုယ်တွင်းမှ နဂါးဟိန်းသံ ပဲ့တင်ထပ်လာခဲ့ပြီး တစ်ချိန်တည်းတွင် ထူးဆန်းသော ဖိအားတစ်မျိုး ရန်ကိုင်ဆီမှ ဖြာထွက်လာခဲ့သည်။

ယန်ယန် အံ့အားသင့်သွားပြီး ရန်ကိုင်အား တစ်ချက်‌ မော့ကြည့်မိလိုက်သည်။ သို့သော် မကြာမီ အရိုးနှင့် အလုံးလေးကိုသာ ပြန်အာရုံစိုက်နေတော့သည်။

ထိုအရာနှစ်ခုကို လေ့လာနေရင်း ယန်ယန် ပို၍ အံ့အားသင့်လာခဲ့ရသည်။ လေ့လာနေရင်း ယန်ယန်၏ အမူအရာသည် အတွေးနက်သွားလိုက်၊ အံ့ဩသွားလိုက်၊ သင်္ကာမကင်းဖြစ်လိုက် စသဖြင့် အမျိုးမျိုး ပြောင်းလဲနေသည်။

အချိန်အတော်ကြာပြီးနောက် ရန်ကိုင်အား မော့ကြည့်လိုက်လေသည်။

“အဲ့ဒါဘာတွေလဲ နင်သိလား” သူ့နှုတ်ခမ်းများ ခြောက်သွေ့လာသလို ရန်ကိုင် ခံစားလိုက်ရသည်။ ထိုပစ္စည်းများ သူ့သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည် အချိန် အတော် ကြာနေပြီ ဖြစ်သော်လည်း ပြန်မြင်လိုက်ရသည့်အခါ စိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။

“နင့်ကံ အရမ်းကောင်းတာပဲ။ ဒီနဂါးအရိုးနဲ့ နဂါးပုတီးစေ့ကို နင်ဘယ်ကနေ ရလာလဲ ငါတကယ်ကို မသိဘူး” ယန်ယန်က သူမ၏ နှုတ်ခမ်းလေးကို ကိုက်လျက် ပြောလိုက်သည်။ သူမသည်လည်း ထိုပစ္စည်းနှစ်ခုကို မြင်လိုက်သည့်အခိုက် အတော်လေး စိတ်လှုပ်ရှားနေသည့်ပုံပင်။

“တကယ်ကြီး နဂါးအရိုးနဲ့ နဂါးပုတီးစေ့လား” ရန်ကိုင် အလွန် ပျော်သွားလေသည်။ ထိုနှစ်ခုသည် နဂါးနှင့် ပက်သက်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း သိပ်တော့ မသေချာခဲ့။

“ဟုတ်တယ်။ နဂါးအရိုးနဲ့ နဂါးပုတီးစေ့ပဲ”

ရန်ကိုင် အလွန်ကိုမှ ကျေနပ်အားရ ဝမ်းသာနေလေပြီ။ ယန်ယန်သည်လည်း‌ ပျော်နေသည့်ပုံပင်။ နှစ်ယောက်စလုံး တစ်ခဏကြာ အားရပါးရ ထရယ်နေလိုက်ကြသည်။

ခဏကြာတော့မှပဲ ရန်ကိုင်နှင့် ယန်ယန်တို့နှစ်ယောက် အရယ်ရပ်သွားခဲ့ပြီး ယန်ယန်က မေးလိုက်သည် “နင်ဒါတွေနဲ့ ဘာလုပ်မှာလဲ”

“နင်အဲ့ဒါတွေနဲ့ မှော်ရတနာတစ်ခုလောက် လုပ်ပေးလို့ရလား။ ငါ့မှာ တိုက်ခိုက်ရေး မှော်ရတနာမရှိလို့” ရန်ကိုင်က ပြောလိုက်သည်။ တိုက်ခိုက်ရေး မှော်ရတနာများကို ရန်ကိုင် ဂရုမစိုက်ချေ။ တန်ခိုးရှင်အထွဋ်အထိပ်အဆင့် မှော်ရတနာတစ်ခုပင် သူ့ကိုယ်ပိုင်စွမ်းအင်ထက် ပိုမိုအားကောင်းသော တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူမယုံ။ တန်ခိုးရှင်ဘုရင် အဆင့်ဆိုပြန်လျှင်လည်း သူ့လက်ရှိကျင့်ကြံခြင်းဖြင့် အပြည့်အဝ အသက်သွင်းနိုင်မည် မဟုတ်။ ယခု နဂါးအရိုးတစ်ချောင်းနှင့် နဂါးပုတီးစေ့တစ်လုံးကို ရလာခဲ့လေပြီ။ သူသာ ထိုပစ္စည်းနှစ်ခုကို သုံး၍ မှော်ရတနာတစ်ခု သန့်စင်လိုက်ပါက သူ့တိုက်ပွဲစွမ်းရည် သိသိသာသာ မြင့်တက်လာပေလိမ့်မည်။

သူ့တွင်ရှိသော တောင်တစ်ရာ ပန်းချီကားချပ်သည် မဆိုးလှသော်လည်း ထိုအရာကို ရန်ကိုင် သိပ်၍ မကြိုက်လှ။

“အဲ့… ဒါ… တော်တော်လေး… ခက်လိမ့်မယ်” မှော်ရတနာပြုလုပ်ခြင်းနှင့် ပက်သက်လျှင် အမြဲဂုဏ်ယူဝံ့ကြွားတတ်သော ယန်ယန်သည် ထူးခြားစွာပင် ယခုတစ်ကြိမ်၌ သူမကိုယ်သူမ နှိမ့်ချလာခဲ့သည်။

ထို့ကြောင့် စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေသော ရန်ကိုင် စိတ်ပျက်သွားခဲ့ရသည်။

“အဲ့ဒါတွေကိုသုံးပြီး မှော်ရတနာတစ်ခု ငါမလုပ်နိုင်ဘူးလို့ ပြောနေတာ မဟုတ်ဘူး။ ငါလုပ်နိုင်တယ်။ ဒါပေမယ့် ငါလုပ်လိုက်မယ်ဆိုရင် အဲ့ဒါတွေရဲ့ စွမ်းအား သိသိသာသာ လျော့ကျသွားလိမ့်မယ်”

“နင်ဘာပြောချင်တာလဲ” ရန်ကိုင် မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။

“ဒီနဂါးအရိုးက နဂါးအစစ်တစ်ကောင်ရဲ့ အရိုးပဲ။ အရိုးထဲမှ အရမ်းအားကောင်းတဲ့ စွမ်းအားတွေ ရှိနှင့်နေပြီးသား။ ဒီနဂါးပုတီးစေ့ကျတော့၊ သူ့ထဲမှ ဝိဥာဉ်ရဲ့ အရောင်က အစိမ်းရောင်ဆိုသော နဂါးက သစ်သားစွမ်းအင်သုံးတဲ့ နဂါးပဲ ဖြစ်လိမ့်မယ်။ ဒီပစ္စည်းနှစ်ခုရဲ့ မွေးရာပါ စွမ်းအားတွေ ဘယ်လိုစွမ်းအားတွေမျိုးလဲ ဆိုတာ ငါမသိဘူး။ ဒါပေမယ့် ဒီပစ္စည်း နှစ်ခုစလုံးက သူ့ဘာသာ အဆင့်မြင့် မှော်ရတနာတွေ ဖြစ်နေပြီ။ နင်သာ သူတို့ကို သန့်စင်လိုက်ရင် အဲ့ပစ္စည်းနှစ်ခုထဲမှာ ရှိနေတဲ့ စွမ်းအင်တွေကိုတောင် လျော့သွားစေဦးမယ်။ ငါတန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲပညာရှင် ဖြစ်နေရင်တော့ အဲ့ပြဿနာမျိုး ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ငါ့လက်ရှိ အဆင့်နဲ့တော့ အဲ့လိုမျိုးဖြစ်အောင် မလုပ်နိုင်သေးဘူး။ ဒီပစ္စည်းနှစ်ခုကို ပြီးပြည့်စုံအောင် သန့်စင်ဖို့က အရမ်းခက်တယ်”

“ဒီတော့ ငါဘာလုပ်သင့်လဲ” ရန်ကိုင် သူ့ပေါ် ရေအေးတစ်ခွက် လောင်းချလိုက်သလို ခံစားလိုက်ရသည်။ အလွန်ကိုမှ လှုပ်ရှားနေသော သူ့စိတ်လေး ယန်ယန် စကားကြောင့် တစ်ခါတည်း ငြိမ်သက်သွားခဲ့ရသည် “နင်တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာတဲ့အထိ ငါစောင့်ရမှာလား”

ယန်ယန် မျက်မှောင်ကြုတ်သွားပြီး တိတ်သွားလေသည်။

ခဏအကြာတွင် ရန်ကိုင်ကိုကြည့်၍ ပြုံးကာ ပြောလိုက်သည် “နင့်ကိုယ်ထဲက သူတော်စင်ချီက ယန်ဓါတ်မလား”

“သိပ်တော့မသေချားဘူး။ အရင်တုန်းကတော့ ယန်ဓါတ်ဟုတ်တယ်” ရန်ကိုင် ခေါင်းခါလိုက်သည်။ ယခု သူ့သူတော်စင်ချီသည် အနက်ရောင် နတ်ဆိုးမီးတောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ ထို့ကြောင့် သူ့သူတော်စင်ချီသည် ယန်ဓါတ် ဖြစ်မဖြစ် ဆိုသည်ကို သေချာမပြောနိုင်တော့ခြင်း ဖြစ်သည်။

“နင့်သူတော်စင်ချီကို တစ်ချက်ပြကြည့်” ယန်ယန်က ပြောလိုက်သည်။

ရန်ကိုင်လည်း နတ်ဆိုးမီးတောက်ကို အလျင်အမြန် ထုတ်ပြလိုက်သည်။

နတ်ဆိုးမီးတောက်ကို မြင်သည့်အခါ ယန်ယန်၏ မျက်လုံး ဝင်ပသွားခဲ့ပြီး ပြုံးလျက် ပြန်ပြောလေသည် “အဲ့လိုဆိုရင်တော့ ကိစ္စမရှိဘူး။ နင်တကယ် ကံကောင်းတယ်။ ဒီနဂါးအရိုးနဲ့ နဂါးပုတီးစေ့ကိုသာ အခြားတစ်ယောက် ရသွားမယ်ဆိုရင် ငါတန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲပညာရှင် ဖြစ်လာတဲ့အထိ စောင့်နေရမှာ။ နင်ကတော့ စောင့်နေစရာမလိုဘူး။ နင့်သူတော်စင်ချီနဲ့ နင့်ဘာသာ သန့်စင်လိုက်လို့ ရတယ်”

“ငါ့ဘာသာ သန့်စင်ရမှာ” ရန်ကိုင် ကြောင်သွားသည်။

“ဟုတ်တယ်၊ နင့်ဘာသာ သန့်စင်ရမှာ။ အဲ့လိုဆို ပိုပြီး အကျိုးရှိတယ်။ နင်လက်ရှိ ကျင့်ကြံခြင်းနဲ့တော့ ဒါကို အပြည့်အဝ သန့်စင်နိုင်ဦးမှာ မဟုတ်သေးဘူး။ ဒါရဲ့ စွမ်းအား အပြည့်အဝကိုလည်း ထုတ်ဖော်နိုင်ဦးမှာ မဟုတ်ဘူး။ ဒါပေမယ့် အချိန်ကြာလို့ နင့်ကျင့်ကြံခြင်း မြင့်တက်လာတာနဲ့ နဂါးအရိုးက ထုတ်ဖော်နိုင်တဲ့ စွမ်းအားကလည်း မြင့်တက်လာလိမ့်မယ်။ အချိန်တွေ ကြာလာလို့ရှိရင် ဒါက နင့်ဝိဥာဉ်နှင့် ချိန်ဆက်နေတဲ့ မှော်ရတနာတစ်ခုတောင် ဖြစ်လာနိုင်တယ်” ယန်ယန်က စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်သည်။

“ဒါပေမယ့် ငါက ပန်းပဲပညာရှင် မဟုတ်ဘူးလေ။ ဒါကို ဘယ်လိုလုပ်ပြီး သန့်စင်ရမှာလဲ” ရန်ကိုင် စိတ်ရှုပ်နေဆဲပင်။

“ပန်းပဲပညာရှင်ဖြစ်ဖို့ မလိုဘူး။ ဒါက မှော်ရတနာတစ်ခု ဖြစ်နေပြီ။ ဘာမှ ထပ်လုပ်နေစရာ မလိုတော့ဘူး။ နင့်သူတော်စင်ချီနဲ့ အားဖြည့်ပေးဖို့ပဲ လိုတော့တာ။ ရော့၊ ဒါ ဘယ်လိုသုံးရမလဲ ဆိုတဲ့ ကျင့်စဉ်ပဲ”

“အဲ့လိုလား” ရန်ကိုင် အလွန် ပျော်သွားခဲ့လေသည်။

“ဟုတ်တယ်။ ပြီးတော့ နင့်မှာ နဂါးဝိဥာဉ် ရှိနေတဲ့ နဂါးပုတီးစေ့လည်း ရှိသေးတယ်။ နင်သာ ဒီနဂါးပုတီးစေ့ကို နဂါးအရိုးထဲ ပေါင်းထည့်လိုက်နိုင်မယ်ဆိုရင်… နဂါးအရိုး ဘယ်လို ဖြစ်လာမလဲ ငါတကယ် မတွေးတတ်တော့ဘူး” ယန်ယန်၏ မျက်ဝန်းအစုံ တဖျက်ဖျက် လင်းလက် တောက်ပလာခဲ့သည်။

ရှင်းပြပြီးသွားသည်နှင့် ယန်ယန်သည် ရန်ကိုင်အား မည်ကဲ့သို့ သန့်စင်ရမလဲ ဆိုသည့် နည်းလမ်းကို ခပ်မြန်မြန်ပဲ ပြောပြလိုက်လေသည်။

ရန်ကိုင်လည်း ယန်ယန် ပြောသည်ကို သေချာနားထောင်နေခဲ့သည်။ နားမလည်လျှင် ချက်ချင်း ပြန်မေးသည်။ ယန်ယန်ကလည်း စိတ်ရှည်ရှည်နှင့် ပြန်ရှင်းပြသည်။

သန့်စင်သည့် နည်းလမ်းသည် သိပ်မခက်ချေ။ ထို့ကြောင့် ရန်ကိုင်အဖို့ ထိုနည်းလမ်းကို မှတ်သားရန် နှစ်နာရီသာ အချိန်ယူလိုက်ရသည်။ ယန်ယန်က ခဏလောက် စဉ်းစားပြီးနောက် ဆက်ပြောလိုက်သည် “မြန်ချင်တယ်ဆိုရင်တော့ ငါ့ပန်းပဲမီးဖို နင့်ကို ငှားလို့ရတယ်။ ငါ့ပန်းပဲမီးဖိုက သိပ်မကောင်းဘူးဆိုပေမယ့် သန့်စင်တာကို ပိုမြန်အောင်တော့ လုပ်ပေးနိုင်တယ်”

“ပန်းပဲမီးဖိုလား” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး ထူးဆန်းသည့် အမူအရာဖြင့် “ငါ့မှာ တစ်လုံးရှိတယ်”

“နင့်မှာ ပန်းပဲမီးဖိုတစ်လုံး ရှိတာလား” ယန်ယန် ကြောင်သွားပြီး အလျင်အမြန်ပဲ ပြန်မေးလိုက်လေသည် “နင်က ပန်းပဲပညာရှင်မှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး နင့်မှာ ပန်းပဲမီးဖို ရှိနေရတာလဲ”

“သဲမီးတောက်နယ်မြေ သွားတုန်းက ရလာတာလေ။ ပြီးတော့ အဲ့ပန်းပဲမီးဖိုက သာမန် ပန်းပဲမီးဖိုတောင် မဟုတ်ဘူး” ပြောပြီးသည်နှင့် ပန်းပြမီးဖို သေးသေးလေးကို ထုတ်ပြလိုက်သည်။

ထိုပန်းပဲမီးဖိုကို မြင်လိုက်စဉ် ဘာမှသိပ်မထူးခြားသလို ယန်ယန် ခံစားလိုက်ရသည်။ ထူးခြားသည့်အရာဆို၍ ပန်းပဲမီးဖိုပေါ်ရှိ ငှက်ရုပ်လေးသာ ဖြစ်သည်။ သို့သော်လည်း ထိုငှက်ရုပ်ကို စူးစမ်းနေသည် ငှက်ရုပ်သည် အသက်ဝင်လာပြီး ပန်းပဲမီးဖို မျက်နှာပြင်တွင် စတင် ကူးခတ်လေသည်။ ထိုသို့ ကူးခတ်နေရင်းမှတစ်ဆင့် မီးဖိုထဲမှ ခုန်ထွက်လာပြီး မီးငှက် တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ချက်ချင်းဆိုသလို အခန်းတွင်းရှိ အပူချိန်သည် ယခင်ထက် အဆပေါင်းများစွာ ပိုမို မြင့်တက်လာခဲ့လေသည်။

“မှော်ရတနာစိတ်ဝိဥာဉ်လား” ယန်ယန် သူမပါးစပ်လေးကို လက်ဖြင့်အုပ်၍ အလန့်တကြား ထအော်လိုက်သည်။ ထိတ်လန့်သွားသော်လည်း သူမ၏ အကြည့်ထဲ အလွန်ကိုမှ စိတ်ဝင်စားသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။

ယန်ယန်၏ မီးတောက်မတတ် အကြည့်ကို သတိပြုမိသော် မှော်ရတနာစိတ်ဝိဥာဉ်သည် လေထဲတွင် တစ်ပတ်ပျံသန်းပြီးနောက် အလျင်အမြန်ပဲ ရန်ကိုင် ပခုံးပေါ်သို့ ဆင်းလိုက်သည်။ ရန်ကိုင် ပခုံးပေါ်‌ ရောက်သည်နှင့် တောင်ပံများကို သိမ်းလိုက်ပြီး နှုတ်သီးဖြင့် မွှေးတောင်များကို ထိုးဆိတ်နေသည်။ ထိုသို့လုပ်နေရင်း ရံဖန်ရံခါ ၎င်း၏ မျက်လုံးသေးသေးလေးများဖြင့် ယန်ယန်အား လှမ်းလှမ်းကြည့်နေတတ်သည်။ ယန်ယန်အား အတော်လေး သတိထားနေသည့် ပုံပင်။

ရန်ကိုင် ဆွံ့အသွားခဲ့သည်။ ရန်ကိုင် ပန်းပဲပညာရှင် မဖြစ်သည်မှာ အလွန်ကိုမှ နှမြောဖို့ ကောင်းလေစွဟုလည်း တွေးလိုက်မိသည်။

ရန်ကိုင်တွင် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်ရန် သင့်လျော်သော သူတော်စင်ချီ ရှိသလို အားကောင်းလည်း ဝိဥာဉ်လည်းရှိသည်။ ထို့အပြင် သူ့တွင် ကျောက်တုံးရုပ်သေးရုပ် ရှိသေးသလို ယခု မှော်ရတနာစိတ်ဝိဥာဉ် ဖြစ်တည်နေသော ပန်းပဲမီးဖိုတစ်လုံးပါ ရှိနေခဲ့သည်။ ထိုပန်းပဲမီးဖိုသည် တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲမီးဖို ဖြစ်ပေသည်။

မတရားလိုက်လေခြင်း…

သူမကံနှင့် ရန်ကိုင်ကံကို ယှဉ်ကြည့်လိုက်သည့်အခါ ယန်ယန် အလွန်ကိုမှ စိတ်ဓါတ်ကျသွားခဲ့ရသည်။

မှော်ရတနာစိတ်ဝိဥာဉ်သည် ရန်ကိုင် အပိုင် ဖြစ်နေခဲ့လေပြီ။ သူမ လိုချင်လျှင်ပင် ယူ၍ မရတော့ချေပြီ။ မှော်ရတနာစိတ်ဝိဥာဉ်သည် ရန်ကိုင်ကို အညံ့ခံထားသဖြင့် ရန်ကိုင် မသေသရွေ့ အခြားတစ်ယောက်ကို အညံ့ခံဖို့ရာ မဖြစ်နိုင်ချေ။

“ဒီလို ပန်းပဲမီးဖို ရှိနေမှတော့ အချိန်နှစ်ဆမက သက်သာသွားလိမ့်မယ်” ယန်ယန်က ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေရင်း ပြောလိုက်သည်။

“အဟမ်း… ငါ အခြားမီးဖိုတွေလည်း ယူလာသေးတယ်။ အဲ့မီးဖိုတွေ တော်တော်များများက တန်ခိုးရှင်ဘုရင်အဆင့်တွေပဲ”

“တကယ်လား” ယန်ယန်၏ မျက်ဝန်းများ တဖျက်ဖျက် ဝင်းပကုန်လေသည်။

“ဒါပေမယ့် အကုန်လုံး နည်းနည်းပါးပါး ထိခိုက်ထားကြတယ်” ရန်ကိုင်က ပန်းပဲမီးဖိုများကို ထုတ်ရင်း ‌ပြောလိုက်သည်။

ထိုမီးဖိုများကို မြင်ပြီးနောက် ယန်ယန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်. သို့သော်လည်း မီးဖိုများကို စစ်ဆေးကြည့်လိုက်ပြီးနောက် စိတ်ညစ်ညစ်ဖြင့် ပြန်အော်ပြောလေသည် “ဒါက ဘယ်လိုလုပ်ပြီး နည်းနည်းလေး ထိခိုက်ထားတာ ဖြစ်ရမှာတုန်းဟဲ့။ ဒီလောက် စုတ်ပြတ်သတ်နေတာကို”

“သုံးလို့ရသေးလား”

“မသိဘူး။ ဒါပေမယ့် ငါအတတ်နိုင်ဆုံး ပြန်ပြင်ကြည့်မယ်” ယန်ယန်က သူမလက်ကို ဝှေ့ရမ်း၍ ပန်းပဲမီးဖိုအားလုံးကို သိမ်းလိုက်လေသည်။

ထို့နောက် ရန်ကိုင်သည် သဲမီးတောက်နယ်မြေအတွင်းမှ ရလာသော အခြားပစ္စည်းများကို တစ်ခုချင်းထုတ်၍ ယန်ယန်ဆီ အပ်လိုက်သည်။

မီးတောက်သလင်းကျောက်တုံးများ၊ မီးတောက်သလင်းကျောက် အဆီအနှစ်၊ မီးစုန်း…

ရန်ကိုင် မီးစုန်း စုစုပေါင်း ရှစ်ကောင် ဖမ်းမိခဲ့သည်။ ထို့ကြောင့် ယန်ယန်အား တစ်ကောင် ပေးလိုက်ပြီးနောက် သူ့တွင် ရှစ်ကောင် ကျန်နေပေသေးသည်။ မီးစုန်းကို သန့်စင်ခြင်းဖြင့် သူ့အသိစိတ်ပင်လယ်အား ပိုအားကောင်းလာအောင် လုပ်နိုင်မလား ရန်ကိုင် သိချင်နေမိသည်။

မန်ဟုန်လျန်ကို သတ်ပြီး ရရှိလာသော ရှေးဟောင်း မြေပုံအပိုင်းအစကိုလည်း ယန်ယန် လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ ယခု ယန်ယန်တွင် မြေပုံအပိုင်းအစ နှစ်ခု ရှိနေလေပြီ။ ထိုနှစ်ခုဖြင့် မြေပုံတစ်ခု မဖြစ်သေးသော်လည်း ယခင်ထက်စာလျှင် ပိုမို ကောင်းမွန်လာခဲ့သည်။

ခြောက်လွှာမြောက်တွင် အစီအရင်ကို ဖျက်စီးပြီး မီးငှက် ယူလာခဲ့သော ခြောက်ထောင့်ပုံ သလင်းကျောက်ကိုလည်း ယန်ယန်ဆီ ပေးလိုက်သည်။ ထိုအရာသည် ပုံရိပ်ယောင်ကျောက်တုံး ဖြစ်သည်ဟု ယန်ယန်က ပြောသည်။ ထိုကျောက်တုံးသည် ပုံရိပ်ယောင် အစီအရင်များကို ခင်းကျင်ထားရာတွင် အလွန်အသုံးဝင်သဖြင့် ယန်ယန်ကပဲ ယူထားလိုက်လေသည်။

ခြောက်လလောက် ကြာအောင် ထိုင်ခုတ်လာခဲ့ပြီးမှ ရလာသော ဝါးအချောင်း နှစ်ဆယ်ကိုလည်း ယန်ယန်ဆီ ပေးလိုက်လေသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၂၆၀)

သဲမီးတောက်နယ်မြေထဲတွင် ရခဲ့သည့် ဆေးဖက်ဝင် အသီး၊ အပင်များဖြစ်သော နေမီးတောက်အသီး၊ မြစိမ်းရောင်ပိုးသားမြက်ပင်… စသည့် ဆေးပင်များကိုမူ ယန်ယန်အား မပေးဘဲ သူကိုယ်တိုင်သာ သိမ်းထားလိုက်သည်။

ဖယောင်းနီးသီး၊ ဖယောင်းနီရိုးတံ၊ အခက်ကိုးခက်ကျောက်စိမ်းသစ်ပင်၊ နေမီးတောက်အသီးပင်၊ နှစ်တစ်ထောင် အမွေးနံ့သာနှင့် အခြားရှားပါးသော ပစ္စည်းအချို့ကိုလည်း သူကိုယ်တိုင်သာ သိမ်းထားလိုက်သည်။

ပစ္စည်းကောင်းများစွာ ရရှိပြီးနောက် ယန်ယန် ပျော်ရွှင်စွာ ပြန်လည် ထွက်ခွာသွားသည်။ ထိုပစ္စည်းများစွာဖြင့် ဆိုပါက သူမဖန်တီးချင်သည့် အရာမှန်သမျှကို ဖန်တီး၍ရချေပြီ။ သူမ မသွားခင် ရန်ကိုင်အား တံဆိပ်ပြားကြီးတစ်ခု ပေးခဲ့သည်။

ထိုတံဆိပ်ပြားပေါ်တွ၍် နက်နဲဆန်းကြယ်သော စည်းတံဆိပ်များ၊ အင်းကွက်ကဲ့သို့ အရာများစွာ ရှိနေခဲ့သည်။

ထိုတံဆိပ်ပြားနှင့်ဆိုလျှင် သူ့လိုဏ်ဂူစံအိမ်ကို သူ့စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်လေပြီ။ ထိုမျှသာမကသေး၊ လိုဏ်ဂူပတ်လည်ရှိ အရံအတားကိုလည်း အသက်သွင်းနိုင်သေးသည်။ ထိုအရံအတားကို အသက်သွင်းလိုက်မည် ဆိုပါက ရန်ကိုင်မှအပ အခြားမည်သူမှ သူ့လိုဏ်ဂူထဲသို့ ဝင်၍ ရတော့မည်မဟုတ်ချေ။ ယန်ယန်ပင်လျှင် အစီအရင်ကို မဖျက်စီးသရွေ့ ဝင်လို့ရလိမ့်မည် မဟုတ်ချေ။

ထိုအခြင်းအရာနှင့် ပက်သက်၍ ရန်ကိုင် အလွန် ကျေနပ်မိသွားသည်။ အပြင်ဘက်ရှိ အသစ်ဆောက်ထားသော အိမ်များတွင် ရန်ကိုင် သွားမနေချင်ချေ။ ကျောက်တုံးလိုဏ်ဂူကို သူပို၍ နှစ်သက်ပေသည်။ ကောင်းကင်စံအိမ်တွင် ရှိစဉ်က ရစ်ခွေနဂါးစမ်းချောင်း ဘေးနားတွင် ကိုယ်တိုင် ကျောက်တုံးလိုဏ်ဂူတစ်ခု တူးပြီး နေခဲ့သည့် အတွက်ကြောင့် ကျောက်တုံးလိုဏ်ဂူများတွင် နေရသည်ကို နှစ်သက်ခြင်းလည်း ဖြစ်နိုင်သည်။ ဤကဲ့သို့ ကျောက်တုံးလိုဏ်ဂူများတွင် နေရသည်မှာ တိတ်ဆိတ်ပြီး အထီးကျန်စရာ ကောင်းသည်။ သို့သော်လည်း ကျင့်ကြံရန်အတွက် လုံးဝကို သင့်တော်ပေသည်။

ယန်ယန်သည် လိုဏ်ဂူစံအိမ်ပုံစံကို သေချာ ပြင်ဆင်ပေးထားသည်။ နဂါးလိုဏ်ဂူတောင် တစ်ခုလုံးတွင် ဤနေရာသည် အစီအရင်၊ အရံအတား အများဆုံးနေရာတစ်ခု ဖြစ်သည်။ မိုးမြေစွမ်းအင် အသိပ်သည်းဆုံး နေရာလည်း ဖြစ်သည်။ နဂါးလိုဏ်ဂူတောင်ကို ပြန်ရောက်လာပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်စဉ်က ဤလိုဏ်ဂူစံအိမ်သည် သူ့ကောင်းကင်စိတ်အာရုံဖြင့် မစစ်ဆေးနိုင်ခဲ့သည့် နေရာတစ်ခု ဖြစ်ပေသည်။

ယန်ယန် ထွက်သွားပြီးနောက် ရန်ကိုင်သည် တင်ပလင်ခွေထိုင်ရင်း သူ့ဘာသာ အတွေးရေယာဉ်ကြောထဲ နစ်မြောနေခဲ့သည်။ ယန်ယန်သာမဟုတ်၊ ဝူရီ၊ ယုဖုန်း၊ ချန်ချီ၊ ဟောင်းအန်းနှင့် ဟိုင်ခဲမိသားစုမှ အခြား တပည့်များစွာတို့သည်လည်း ဤနေရာကို သူတို့၏ အိမ်အဖြစ် သတ်မှတ်ထားပြီမှန်း ရန်ကိုင် သတိပြုမိသည်။ ထို့ကြောင့် ဤနေရာကို သေသေချာချာ ဂရုတစိုက် ပြုပြင်တည်ဆောက်ကြလေသည်။

ထိုကိစ္စနှင့် ပက်သက်၍ ရန်ကိုင် အတော်လေး ကျေနပ်မိသည်။

ခဏလောက် အတွေးကမ္ဘာထဲ နစ်မြောနေပြီးနောက် ဆေးမီးဖို၊ မြစိမ်းရောင်ပိုးသား မြက်ပင်နှင့် တန်ခိုးရှင်အခြေတည်ဆေးလုံး ဖော်စပ်ရန် လိုအပ်သော အခြား ဆေးအမယ်များကို ထုတ်လိုက်သည်။ သဲမီးတောက်နယ်မြေထဲသို့ ခရီးကြောင့် သူအတော်လေး တိုးတက်လာခဲ့ရာ တန်ခိုးရှင်အခြေတည် ဆေးလုံးကို ဖော်စပ်ရန်မှာလည်း သူ့အတွက် ပိုလွယ်ကူလာခဲ့ရသည်။ သူဖော်စပ်လိုက်သည့် ဆေးလုံးများအနက် တစ်ဝက်ကျော်လောက်သည် ဆေးသွေးကြောပါသည့် ဆေးလုံးများ ဖြစ်ကြသည်။

ထိုတန်ခိုးရှင်အဆင့် ဆေးလုံးများသည် ချန်ချီနှင့် ဟောင်အန်းတို့အတွက် ဖြစ်ကြပေသည်။ နှစ်ယောက်စလုံးသည် သူတော်စင်ဘုရင် တတိယအဆင့်တွင် တစ်ဆို့နေသည်မှာ အချိန် အတော် ကြာနေခဲ့လေပြီ။ ထို့ကြောင့် တန်ခိုးရှင်အခြေတည်ဆေးလုံး၏ အကူအညီဖြင့်သာ တန်ခိုးရှင် အဆင့်သို့ ချိုးဖျက်နိုင်လောက်ပေလိမ့်မည်။

သို့သော်လည်း ဆေးလုံးများကို ဖော်စပ်ပြီးသည်နှင့် သွားမပို့သေးဘဲ သူ့လိုဏ်ဂူကို အရင် ပြင်ဆင်နေလိုက်သည်။

ကျောက်တုံးခန်းတစ်ခန်းထဲတွင် ရန်ကိုင်သည် သူတော်စင်သလင်းကျောက်များနှင့် ဆေးပေါင်းရည်ကို သုံး၍ မိုမြေစွမ်းအင်သိပ်သည်းသည့် နေရာတစ်ခု ဖန်တီးလိုက်သည်။ ယခင်ကတည်းက မိုးမြေစွမ်းအင် သိပ်သည်းလှသော လိုဏ်ဂူစံအိမ်သည် သူတော်စင် သလင်းကျောက်၊ ဆေးပေါင်းရည်တို့ကြောင့် ပို၍ မိုးမြေစွမ်းအင် သိပ်သည်းလာခဲ့ရလေသည်။

ထိုကျောက်တုံးခန်းလေးထဲတွင် ဥယျာဉ်တစ်ခု ထပ်မံ ဖန်တီးလိုက်ပြီး ဖယောင်းနီရိုးတံများကို ဆေးပေါင်းရည်ဖြင့် ရောစပ်၍ စိုက်ပျိုးလိုက်သည်။ဤမိုးမြေစွမ်းအင် သိပ်သည်းနှုန်းနှင့် ဆိုပါက ဖယောင်းနီရိုးတံ ညိုးမခြောက်သွားလောက်ဟု ရန်ကိုင် ထင်သည်။

ထိုကိစ္စပြီးသွားလျှင် ဖယောင်းသီအပိုင်းလေးကို ထုတ်လိုက်သည်။ ထိုအပိုင်းလေးသည် အသီးတစ်လုံးလုံးနှင့်စာလျှင် အတော်လေး တန်ဖိုး နိမ့်ကျသွားသော်လည်း ထိုအရာလေးကို ဖယောင်းနီရိုးတံပေါ်တွင် သေသေချာချာလေး တင်ထားလိုက်သည်။ ထိုကဲ့သို့ လုပ်ထားလိုက်လျှင် ဖယောင်းနီသီး၏ ဆေးအာနိသင်များကို ထိန်းသိမ်းထားနိုင်မည့်အပြင် ပို၍ အားကောင်းလာအောင်ပင် လုပ်နိုင်လောက်ပေသည်။

လက်ရှိတွင် ဖယောင်းနီးသီးအား မသုံးနိုင်၊ သုံးစရာ မလိုသေးသော်လည်း နောင်အနာဂတ်တွင် သုံးစရာမလိုဘူးဟု မည်သူ ပြောနိုင်မည်နည်း။

ပြီးသွားသည့်နောက် ယန်ယန် ပေးခဲ့သော တိုကင်ပြားကိုထုတ်ကာ လက်ရှိ ကျောက်တုံးခန်းတွင်းရှိ အရံအတားကို အသက်သွင်းလိုက်လေသည်။ အလင်းအရံအတား တစ်ခု ထွက်ပေါ်လာပြီး ကျောက်တုံးခန်းတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ မကြာမီ ကျောက်တုံးခန်း သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ ကောင်းကင်စိတ်အာရုံကို အသုံးပြုလျှင်ပင် ထိုအရာများ၏ တည်ရှိမှုကို အာရုံခံနိုင်တော့မည် မဟုတ်ချေ။

ဤနေရာနှင့် ပက်သက်၍ ဘာမှထူးဆန်းမနေခဲ့။ မိုးမြေစွမ်းအင် အလွန်ကိုမှ သိပ်သည်းနေသည့် အချက်သည်သာ အနည်းငယ် ထူးဆန်းနေပေလိမ့်မည်။

ရန်ကိုင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ကျောက်တုံးခန်းအတွက် ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ပြီးနောက် အခြားကျောက်တုံးခန်းတစ်ခန်းဆီ ပြောင်းလိုက်လေသည်။

ထိုကျောက်တုံးခန်းတွင် သဲမီးတောက်နယ်မြေ၏ ခြောက်လွှာမြောက်မှ ရလာသော အမွှေးတိုင်အိုးနှင့် နှစ်တစ်ထောင် အမွှေးနံ့သာကို ထားလိုက်သည်။ ချက်ချင်းဆိုသလို အခန်း တစ်ခန်းလုံး သင်းပျံ့သော ရနံ့တို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။ ထိုအနံ့ကို ရလိုက်သည်နှင့် ရန်ကိုင်၏စိတ် ရုတ်တရက် ငြိမ်းချမ်းသွားခဲ့သည်။ ပြဿနာများ၊ စိုးရိမ်စရာများအားလုံး အရှင်းပျောက်ကွယ်သွားသည့်နှယ်။ သူ့အသိစိတ်ပင်လယ်ပင်လျှင် တည်ငြိမ်လာခဲ့သည်။

နှစ်တစ်သောင်းအမွှေ့နံ့သာ ဆိုသည့်အတိုင်းပင်။ ဤအနံ့ကို ရှူရှိုက်ရင်း ကျင့်ကြံမည် ဆိုပါက ကျင့်ကြံခြင်းအတွက် အလွန်ကိုမှ အထောက်အကူ ဖြစ်ပေလိမ့်မည်။

လောလောဆယ်တွင် နှစ်တစ်သောင်းအမွှေ့နံ့သာ၏ အနံ့ကို ဤအခန်းထဲတွင်သာ ရနိုင်သေးသည်။ သို့သော် ထိုအနံ့ကို နဂါးလိုဏ်ဂူတောင် တစ်ခုလုံးသို့ပျံ့အောင် လုပ်နိုင်မည့် နည်းလမ်း တစ်ခုခုကို ယန်ယန် စဉ်းစားနိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။

ထိုကိစ္စပြီးသော် နောက်ထပ် ကျောက်တုံးခန်းတစ်ခန်းဆီ ပြောင်းလိုက်သည်။

ထို့နောက် အခက်ကိုးခက်ကျောက်စိမ်းသစ်ပင်ကို ထိုကျောက်တုံးခန်းထဲတွင် ထည့်ထားလိုက်သည်။ တစ်ယောက်ယောက်သာ ဤအခန်းထဲတွင် တံခါးပိတ်ကျင့်စဉ် ဝင်မည်ဆိုပါက အခက်ကိုးခက်ကျောက်စိမ်းသစ်ပင်မှ ထုတ်လွှတ်သော ထူးဆန်သည့် အရှိန်အဝါ၏ အကူအညီဖြင့် ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုကို ပို၍ လွယ်ကူစွာ ထိုးထွင်းဆင်ခြင် နိုင်ပေလိမ့်မည်။

တန်ခိုးရှင် အခြေတည်ဆေးလုံးနှင့်၊ နှစ်တစ်သောင်း အမွှေ့နံ့သာတို့နှင့်ပင် ချန်ချီနှင့် ဟောင်အန်းတို့ တန်ခိုးရှင်အဆင့်သို့ ချိုးဖျက်ရန် အခက်ကိုးခက် ကျောက်စိမ်းသစ်ပင်၏ အကူအညီကိုပင် မယူရလောက်ချေ။

အားလုံး ပြင်ဆင်ပြီးသွားသည်နှင့် အပေါက်များဖြင့် ပြည့်နေသော ထူးဆန်းသည့် ကျောက်တုံးတစ်တုံးရှိသည့် အခန်းဆီ သွားလိုက်သည်။

ထိုကျောက်တုံးသည် နောက်ဆုံးလေလံပွဲတွင် သူတော်စင်သလင်းကျောက် အများကြီး သုံးပြီး သူဝယ်ခဲ့သည့် အင်းဆက်ကျောက်တုံး ဖြစ်ပေသည်။

ထိုကျောက်တုံးကို ဝယ်ပြီးနောက် ဝိဥာဉ်ဝါးမြိုအင်းဆက်များကို ထိုကျောက်တုံးထဲ ထည့်ထားလိုက်သည်။ အင်းဆက်ကျောက်တုံးသည် ရှေးဟောင်းအင်းဆက်များ ကြီးထွားရန် အတွက် အလွန်ကိုမှ သင့်တော်သည့် နေရာတစ်ခုဟု ယန်ယန် ပြောခဲ့သည်။ သဲမီးတောက်နယ်မြေသို့ မသွားခင် ဤအခန်းနားသို့ မည်သူ့ကိုမှ မလာခိုင်းရန် ယန်ယန်အား မပြောခဲ့သည်။

ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ ကျောက်တုံးထဲတွင် သောင်းနှင့်ချီသော ဝိဥာဉ်ဝါးမြိုအင်းဆက်လေးများ ငြိမ်းချမ်းစွာ အိပ်စက်နေသည်ကို တွေ့လိုက်ရသည်။ အင်းဆက် ကျောက်တုံးတွင်းရှိ အပေါက်များသည်လည်း တဖြည်းဖြည်း ကျယ်လာနေခဲ့သည်။

ဝိဥာဉ်ဝါးမြို အင်းဆက်များသည် ဆင့်ကဲပြောင်းလဲနေဆဲ ဖြစ်သောကြောင့် ရန်ကိုင်အတွက် ဘာမှလုပ်ပေးနိုင်ဦးမည် မဟုတ်သေးချေ။ အင်းဆက်ကျောက်တုံး လုံးဝ ပျောက်ကွယ်သွားမှသာ ထိုကောင်များ ပြန်နိုးလာပေလိမ့်မည်။

ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲရှိ ခြောက်ရောင်ခြယ်ဝိဥာဉ်ကြာပန်းသည်လည်း ဆင့်ကဲပြောင်းလဲနေသေးသည်။ ထို့ကြောင့် ဝိဥာဉ်ဝါးမြိုအင်းဆက်များတွင် လောလောဆယ် နေစရာနေရာ မရှိသေးချေ။ ထိုအကြောင်းကြောင့်ပဲ ရန်ကိုင်သည် ဝိဥာဉ်ဝါးမြိုအင်းဆက်များကို သွားမနှိုးခဲ့ချေ။

ဝိဥာဉ်ဝါးမြိုအင်းဆက်များ၏ ဆင့်ကဲပြောင်းလဲမှုနှင့် ပက်သက်၍ ရန်ကိုင် အတော်လေး မျှော်လင့်မိနေသည်။ ယခုတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် ပြီးနောက်တွင် ထိုကောင်များ မည်ကဲ့သို့ ပြောင်းလဲလာမည်လဲ ဆိုသည်ကို ရန်ကိုင် အတော်လေး သိချင်နေမိသည်။ ခဏလောက် စဉ်းစားပြီးနောက် အင်းဆက်ကျောက်တုံးကို ကောက်ယူ၍ အခက်ကိုးခက် ကျောက်စိမ်းသစ်ပင် ရှိနေသည့် အခန်းထဲတွင် ထားလိုက်လေသည်။

လိုဏ်ဂူစံအိမ်ထဲမှ ထွက်လာပြီးနောက် ချန်ချီနှင့် ဟောင်အန်းတို့ဆီ သွားလိုက်ပြီး တန်ခိုးရှင်အခြေတည်ဆေးလုံး တစ်လုံးဆီ ပေးလိုက်သည်။ ထို့နောက် စိတ်ကြိုက်အခန်းတစ်ခန်း ရွေးကာ ကျင့်စဉ်ဝင်ရန် ပြောလိုက်လေသည်။

နဂါးလိုဏ်ဂူတောင်တွင် မကြာမီ တန်ခိုးရှင်အဆင့် ပညာရှင်နှစ်ယောက် ရှိလာတော့မည်ဟု ရန်ကိုင် ယုံကြည်နေမိသည်။

ပထမအဆင့်သာ ဖြစ်သော်လည်း တန်ခိုးရှင်အဆင့် ပညာရှင် ဖြစ်နေဆဲ မဟုတ်လော။ နောက်ပိုင်း နဂါးလိုဏ်ဂူတောင်တွင် ရန်ကိုင် မရှိသည့်အခါ သူတို့အပေါ် အားကိုး၍ ရပေသည်။ တန်ခိုးရှင်အဆင့်နှစ်ယောက်၏ အကူအညီ ရှိနေသည့်အတွက်ကြောင့် နဂါးလိုဏ်ဂူတောင် ပို၍ လုံခြုံမည်မှာ ပြောနေစရာပင် မလိုချေ။

နောက်ရက်ပိုင်းအတွင်း ရန်ကိုင် တောက်လျှောက် အလုပ်ရှုပ်နေခဲ့သည်။ သူဘာတွေ လုပ်နေလဲ မည်သူမှမသိ။ သို့သော် မကြာမီ နဂါးလိုဏ်ဂူတောင်တွင် နေမီးတောက်အပင် တစ်ပင် ပေါက်နေသည်ကို အကုန်လုံး အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။ အပင်ပေါ်တွင် အသီးမရှိသေးသော်လည်း ထိုအပင်သည် အဆင့်မြင့် အသီးပင်တစ်ပင် ဖြစ်သည်မှာ ပြောနေစရာ မလိုချေ။ ထိုအပင်ကြောင့် နဂါးလိုဏ်ဂူတောင်မှာ ပို၍ ကြည့်ကောင်းသွားသည်။

နေမီးတောက်အသီးပင်ကို စိုက်ခြင်းနှင့် ပက်သက်၍ ယန်ယန်မှ သူ့အား မပြီးနိုင် မဆုံးနိုင်လှသော သင်ခန်းစာရှည်ကြီး ကောင်းကောင်း ပို့ချခဲ့ပေသည်။ ယန်ယန်၏ ဆူပူ အော်ငေါက်ခြင်း ခံခဲ့ရပြီးမှပဲ သူအရမ်းအခဲ့ပါလား ဆိုသည်ကို နားလည်သွားခဲ့သည်။

နေမီးတောက်အသီးပင်ကို သာမန် ပတ်ဝန်းကျင်တွင် သွားစိုက်၍ မရချေ။ ရန်ကိုင်တွင် အနက်ရောင်စာအုပ်ကဲ့သို့သော ရတနာမျိုးသာ မရှိပါက နေမီးတောက်အပင်ကို သဲမီးတောက် နယ်မြေထဲမှ အပြင်သို့ပင် ယူလာနိုင်လိမ့်မည် မဟုတ်ချေ။ နေမီးတောက်အသီးပင်ကို သိုလှောင် လက်စွပ်တစ်ခုထဲတွင် ထည့်သယ်လာခဲ့ပါက ယခုအချိန်လောက်ဆို ညိုးခြောက်နေလောက်ပေပြီ။ ဤနေရာတွင် ပြန်စိုက်ခဲ့သော်လည်း နေမီးတောက်အပင် ရှင်နိုင်ချေမှာ သုံးဆယ်ရာခိုင်နှုန်းသာ ရှိသည်။ ယန်ယန်မှာ နေမီးတောက်အပင် ရှင်သန်နိုင်ရန် သင့်လျော်သော ပတ်ဝန်းကျင်ဖြစ်အောင် အစီအရင်များစွာကို ခင်းကျင်းခဲ့ရပေသည်။ သို့တိုင် အပင်ရှင်မရှင်ကို တပ်အပ်မပြောနိုင်ချေ။

သို့သော်လည်း သွေးဓါးသွားမြက်အစေ့၏ ပြောင်းလဲမှုသည် ရန်ကိုင်နှင့် ယန်ယန်အား လုံးဝကို အံ့အားသင့်အောင် လုပ်နိုင်ခဲ့သည်။

ယန်ယန်သည် သွေးဓါးသွားမြက်အစေ့ကို ယူပြီး သင့်လျော်သည့် တစ်နေရာတွင် ကောက်စိုက်ထားလိုက်သည်။ အသွေးအသားသာ မကျွေးလျှင် ထိုအပင် ချက်ချင်းကြီး ကြီးထွားလာလိမ့်မည် မဟုတ်သည့် အတွက်ကြောင့် သွေးဓါးသွားမြက်ပင်အား သိပ်ပြီး အာရုံမစိုက်ခဲ့ချေ။ သို့သော်လည်း ရန်ကိုင်က သွေးဓါးသွားမြက်ပင်အား စိုက်ထားသည့် နေရာတွင် ရွှေရောင်သွေးစက်တစ်ချက် ချလိုက်သည်။

ဖြစ်ပျက်သွားသည်ကား မျက်တောင်တစ်ခတ်အတွင်း သွေးဓါးသွားမြက်ပင်သည် အလွန်အမင်း လျင်မြန်စွာ ကြီးထွားလာခြင်းပင်။ တစ်ခဏအတွင်း မီတာသုံးဆယ်အထိ ရှည်ထွက်လာပြီး ဆက်ကြီးထွားနေသေးသည်။ ထိုမျှနှင့်ပင် အဆုံးမသတ်သေး။ သွေးဓါးမြက်ပင် တစ်ပင်သာ ပေါက်သင့်သည့် နေရာတွင်လည်း အခြားသွေးဓါးမြက်ပင်များစွာ စတင် ပေါက်လာခဲ့လေသည်။ ထိုအပင်များသည် မိခင်အပင်ကြီးထက် မရှည်သော်လည်း တစ်ပင်လျှင် ဆယ်မီတာလောက်တော့ ရှည်ပေသည်။

နာရီဝက်အတွင်း သွေးဓါးမြက်အစေ့ စိုက်လိုက်သည့် မီတာတစ်ထောင် ပတ်လည် တစ်ခုလုံး သွေးဓါးမြက်ပင်လေးများဖြင့် ပြည့်သွားခဲ့သည်။ ထိုအခြင်းအရာကို မြင်လိုက်သည့် အခိုက် ယန်ယန်မျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီး အလန့်တကြား ထအော်လေသည်။

ထို့အပြင် ထိုသွေးဓါးမြက်ပင်များသည် သူမ မြင်ခဲ့ဖူးသည့် သွေးဓါးမြက်ပင်များနှင့် မတူချေ။ လက်ရှိ သွေးဓါးမြက်ပင်များသည် အနီရောင်မဟုတ်ဘဲ နီရွှေရောင် ဖြစ်နေခဲ့သည်။

ထိုပြောင်းလဲမှုကြောင့် ယန်ယန်သာမဟုတ်၊ ရန်ကိုင်ပါ မှင်သက်ခဲ့ရသည်။

ရွှေရောင်သွေးစက်တစ်စက်သည် သွေးဓါးမြက်ပင်အား ဤမျှ ပြောင်းလဲသွားစေလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ ရွှေရောင်သွေးစက်သည် သွေးဓါးမြက်ပင်အား နည်းနည်းပါးပါး ကူညီပေးနိုင်လိမ့်မည်ဟုသာ ထင်သည့်အတွက်ကြောင့် ထိုမြက်ပင်များကို ရွှေရောင်သွေးစက်တစ်စက် ကျွေးလိုက်ခြင်းဖြစ်သည်။

သို့သော်လည်း ရွှေရောင်သွေးစက်သည် သွေးဓါးမြက်ပင်များအား နည်းနည်းလေးသာ မဟုတ်ဘဲ ကြီးကြီမားမား ကူညီပေးနိုင်ခဲ့လေသည်။ အကျိုးဆက်အနေဖြင့် ဤနေရာသို့ ရောက်လာသော ဟိုင်ခဲမိသားစုမှ ကျင့်ကြံသူများ ဒုက္ခရောက်ကြရလေတော့သည်။ ရန်ကိုင် ထိုလူများအား အချိန်မှီ ကယ်တင်လိုက်နိုင်သည်မှာ ကံကောင်းသွားခဲ့သည်။ မဟုတ်လျှင် သူဖော်စပ်လိုက်သည့် ဆေးကြောင့် သူ့လူများ ပြန်သေရသည့် အဖြစ် ရောက်သွားရပေလိမ့်မည်။

Comment

Leave a Reply

Options

not work with dark mode
Reset