Chapter – 114 နောင်တကိုမိတ်ကပ်လိမ်းခြင်း
ရှောင်ဒို နဲ့ ဇုရွန် တို့ဟာ ချန်ရှန်ကို ခေါ်ပြီး သူတို့တည်းနေ ကျ ဟိုတယ်ကို ခေါ်သွားကြတယ် ။
သူတို့ ဟိုတယ် တတိယ အဆင့်ကို ရောက်တယ့် အခါ သူတို့ဟာ မြွေမျက်လုံး နဲ့ လူကို မြင်လိုက်ရတယ် ။ ဆူဝဲလောင် ပဲ ဖြစ်ပါတယ် ။ သူ၏ပုံစံမှာ မာနကြီးပုံပေါ် သော်လည်း ယန်ရှောင်ဒို နဲ့ ဇုရွန် တို့ဟာ သူ့ကို ကျေးဇူး တင်နေကြပါတယ် ။
“မြွေမျက်လုံးရေ ၊ ကျွန်တော်တို့နဲ့ လာသောက်ပါလား”
ရှောင်ဒို က အော်ပြောလိုက်တယ် ။
“မျိုးမစစ်လေး ၊ ငါမင်းကို ဒီလို မခေါ်ဖို့ ပြောခဲ့တယ်လေ ၊ မင်းဉာဏ်မကောင်းဘူးလား ၊ မင်းတော့ အရိုက်ခံရတော့ မယ်”
ဆူဝဲလောင် တချက်ကြည့်ပြီး ပြောပါတယ် ။ ထို့နောက် ဆက်လက်ပြီး –
“မင်းတို့ ကြတော့ ဘာလို့ မလာတာတုန်း”
ဇုရွန် က ရယ်မာပြီး –
“ကျွန်တော် တို့လာရင် ခင်ဗျား ရှင်းရမယ် ၊ တကယ်လို့ ခင်ဗျား လာရင်တော့ ခင်ဗျား ဘယ်လောက်စားစား ဘယ် လောက်သောက်သောက် ဒီကောင်လေး ယန် ရှင်းလိမ့် မယ်”
ဆူဝဲလောင် ခပ်ဖျော့ဖျော့ ပြုံးကာ –
“ဒီကောင်လေးကို ပေးရှင်းမယ်ဆိုတယ့် အကြံက မဆိုးပေဘူး ဟဟ”
ထိုသူလည်း ချန်ရှန်တို့ ဆီသို့ ကူးလာပါတော့တယ် ။ ထို့နောက်မှာတော့ ဈေးကြီးလှတယ့် အစားအသောက် များ ဝိုင်များအား မှာယူလိုက်ပါတယ် ။
“မြွေမျက်လုံးရေ ၊ ပြီးခဲ့တယ့် တစ်ခေါက်တုံးက ကျေးဇူးပါဗျာ”
ရှောင်ဒို ရယ်မော ပြောဆိုလိုက်တယ် ။
“ဟက် ဟက် ၊ မင်းင့ါကို ဒီလို ထပ်မခေါ်နဲ့တော့ ၊ မင်းငါ့ ကို တကယ်ကျေးဇူးတင်တယ် ဆိုရင်ပေါ့”
ဆူဝဲလောင် က အေးစက်စက် ပြောလိုက်ပါတယ် ။
ချန်ရှန်ကလည်း ရယ်မောကာဖြင့် ပြောလိုက်တယ် ။
“ဘယ်လိုပဲ ဖြစ်ဖြစ် ၊ မင်းတို့ မျိုးနွယ်ဟာ တကယ်ကို အသုံးမကျတာ ၊ မင်းတို့ရဲ့ ပုံရိပ်ဟာ မင်းတို့ မျိုးနွယ်မှာ ပုံမှန်လိုပဲ ။ မင်းတို့ ရိုက်ခံရတာတောင် မင်းတို့မျိုးနွယ်က မဖြေရှင်းရဲကြဘူး ။ အဲဒိနေရာ ငါ့မျိုးနွယ်သာဆိုလို့ကတော့ လက်ခံလို့ ရမယ့် အကြောင်းပြချက်ပေးရင်ပေး၊ မဟုတ်လို့ ကတော့ တန်ပြန်ပေးဆပ်ရမှာ အမှန်ပဲကွ”
ဆူဝဲလောင် ချန်ရှန် ကို မြင်တယ့်အခါ အံ့အားသင့် သွားပါတယ် ။ ချန်ရှန် ဒီလို မြန်မြန် လွတ်မြောက်လာမယ် လို့ မထင်ထားခဲ့ပါဘူး ။ ဒီဂိုဏ်းက လူတိုင်းဟာ ကန့်သတ် နယ်မြေအကြောင်းကို ကောင်းကောင်း သိကြပါတယ် ။ ထို နေရာဟာ အလွန် ကြောက်ဖို့ကောင်းတယ့် နေရာဖြစ်ပြီး တစ်စုံတစ်ဦးဟာ ထိုနေရာမှာသာ နှစ်နှစ်လောက် နေပါက ရူးသွားနိုင်ပါတယ် ။
“တစ်ဦးတည်းက စစ်မှန်သော နောက်လိုက်ကို ကိုယ် စားမပြုပါဘူး ။ သူတို့ ပုံရိပ်ဟာ သူတို့ မျိုးနွယ်တွေမှာ တူတူ ပဲ ၊ မင်းက တကယ်ကို ပါရမီ ထူးနေရင် မင်းကို မိသားစု က ပစားပေးပြီး အကျိုးကျေးဇူးထူးတွေ ရရှိမှာပဲ ။ ဒါပေမယ့် မျိုးနွယ်စုကြီး တစ်ခုလုံးရဲ့ အကျိုးနဲ့ ယှဉ်ရင်တော့ သူတို့ ထိခိုက်ခံမှာ မဟုတ်ပေဘူး”
ဆူဝဲလောင် ခပ်လှောင်လှောင် ပြောပါတယ် ။
ဇုရွန် နဲ့ ရှောင်ဒို တို့လည်း သက်ပြင်းသာ ချနိုင်ပါတယ် ၊ သူတို့နှစ်ယောက် ဒီကိစ္စကို ကောင်းကောင်း နားလည် တယ်လေ ။
ဇုရွန် က –
“အကိုတော် ဆူ ၊ ခင်ဗျားဟာ မဆိုးပါဘူး ။ ခင်ဗျားရဲ့ သဘောထားကို တဖက်ကို ပြောင်းလိုက်ရင် တော်တော် ကို ကောင်းသွားမှာဗျ”
ရှောင်ဒို မှလည်း ခေါင်းညိမ့်ကာ –
“ဟုတ်တယ် ။ ခင်ဗျားက သူများကို ကြည့်ရင် ဘာလို့ ခင်ဗျား မျက်စိတွေက မြွေလို စွေ နေတာလဲဗျ ။ အဲဒါက တဖက်လူကို တော်တော် အနှောက်အယှက် ဖြစ်တယ်”
“ဟဟ ၊ မင်းက ငါ့အကြောင်းပဲ စဉ်းစားနေတာလား ၊ အဲဒိအတွက် မွေးဖွားလာတာလားကွာ”
သူ၏ စကားကြောင့် ချန်ရှန်တို့ ငြိမ်သက်သွားကြပါ တယ် ။
ချန်ရှန် ၊ ဇုရွန် နဲ့ ရှောင်ဒိုတို့ ရယ်သာရယ်နေကြတာ ထပ်မလှောင်ဝံ့သလိုပါပဲ ။ ဒါကြောင့်ပင် ဆူဝဲလောင် မှ ဆက်လက်ပြီး –
“ဟဟ ၊ ချန်ရှန် ၊ မင်းက ပထမဆုံး ခြံဝန်းကို နိုင်ချင် တယ်ပေါ့ ။ မင်းကို အမှန်တိုင်းပြောမယ် ။ ဒီခြံဝန်းက ရတဲ့ အကျိုးကျေးဇူးဟာ တော်တော် ကြီးတယ်ကွ ။ ဒီလို သူတို့ ရဲ့ နေရာကို ထိန်းသိမ်းထားဖို့ အတွက် သူတို့ တတ်နိုင်တာ မှန် သမျှ လုပ်ကြတယ် ။ ဒါ့အပြင် သူတို့ ဒီနေရာကို တန်ဖိုး ထားကြတာဟာ သူတို့ မျိုးနွယ်တွေပါ ဂုဏ်တက်လို့ပဲ ။ နောက် သူတို့ဟာ သူတို့ မျိုးနွယ်တွေရဲ့ နယ်ပယ် အချို့ ကို ပါ အပိုင်စားရသေးတယ်လေ”
ပြင်းထန်သော သိုင်းပညာ စီရင်စုမှ အဓိက မျိုးနွယ် ကြီး များဟာ အလွန်ကြီးမားကြပြီး သူတို့ဟာ နယ်မြေများ စွာကို ပိုင်ဆိုင်ကြပါတယ် ။
“ခင်ဗျားက ကြောက်လို့လား”
“ကြောက်စရာလား ၊ နောက် ၊ ငါကလည်း အဲဒိခြံက မဟုတ်တော့ဘူး ။ နောက်ဆုံးတစ်ခေါက် ငါတားလိုက်တာ နဲ့ ငါ့ကို နှင်ထုတ်လိုက်ကြတယ်ဟေ့”
ဆူဝဲလောင် အသံမှာ ဒေါသတို့ စွက်ဖက်နေကြတယ် ။
ဒီလူဟာ တကယ်တော့ ကောင်းပါတယ် ။ ဒါပေမယ့် သူ့ပုံစံမှာ နည်းနည်း စိတ်ကြီး ၀င်ပုံပေါက်နေလို့ပါ ။ သူ၏ မွေးရာပါ ပုံစံကိုက ဒီလိုဖြစ်နေတော့လဲ သူ့ပုံစံဟာ တလောကလုံး သူရှာကျွေးထားသလို ပုံစံကို ဖြစ်နေတာပါ။
“အမှတ် ၅၀၀ ကို ဆင်းလာခဲ့လေ ။ အဲကောင်တွေ ကြောင့် ခင်ဗျား ပထမဆုံးခြံဝန်းက နေ ဆင်းလာရတာ မလား ကျွန်တော် ပြန်ပို့ပေးပါ့မယ်”
ချန်ရှန် သူ၏ ခွက်ကို ကိုင်မြောက်ကကာ ပြောလိုက် တယ် ။
ရှောင်ဒိုနဲ့ ဇုရွန်တို့လည်း သူတို့၏ ခွက်များကို ကိုင် မြောက်ကာ ကြိုဆိုပုံ ပြုလုပ်လိုက်ပါတယ် ။
“ငါလာလို့ ရပါတယ် ။ ဒါပေမယ့် ဒီကောင်လေး ငါ့ကို နောက်တစ်ခါ ဟိုလို ထပ်မခေါ်ရင်ပေါ့”
ဆူဝဲလောင် ပြုံးကာပြောလိုက်ပါတယ် ။
လေးယောက်သား ခွက်ကို ကိုင်မြောက်ကာဖြင့် ချီးယားစ် လုပ်လိုက်ကြတယ် ။ ခုတော့ ချန်ရှန်တို့ အဖွဲ့ မှာ စုစုပေါင်း လေးယောက် ဖြစ်သွားပြီ ဖြစ်ပါတယ် ။
“နဂါးမျက်လုံး ၊ ခင်ဗျား နောက်ဆုံးအခေါက် ကျွန်တော် တို့နဲ့ လောင်းတယ့် ချီဓာတ်ဆေး အလုံး ၁၀၀၀ ဘယ်က ရလာတာလဲဗျ ၊ ဒါဟာ နည်းတဲ့ပမာဏ မဟုတ်ပေဘူး”
ရှောင်ဒို ရယ်မော ကာ မေးလိုက်တယ် ။
( တရုတ်လို ဆူဝဲလောင် ဆိုသည်မှာ နဂါး ဟု အဓိပ္ပာယ် ရပေသည် ။ )
“ဟဟ ၊ မင်းမှာလည်း နေ့တိုင်း သူများကို နာမည် ပြောင်ပေးဖို့ စဉ်းစားနေပုံပဲ ၊ မင်းဒီလို ဆက်ခေါ်ချင်ရင် ငါနဲ့ ချမလား ၊ မင်းရိုက်ခံသွားရမယ်”
ဆူ ဝဲ လောင် ခပ်လှောင် လှောင် ပြောလိုက်တယ် ။
ဇုရွန် နဲ့ ချန်ရှန် တို့လည်း ရယ်မောလိုက်ကြတယ် ။
“ငါ ကောက်ရတာကွ ။ ခု ငါ့မှာ တစ်ထောင်မကတဲ့ ချီဓာတ်ဆေးတွေ ရှိသေးတယ်”
ဆူဝဲလောင် စကားက ဇုရွန် ၏ မျက်လုံးများကို ပြူးကျယ် သွားစေပါတယ် ။
“ဘယ်နေရာက ကောက်ရတာလဲ ။ ဘယ်လောက်များ များတောင် ရှိနေတာလဲ”
ဇုရွန် ခပ်မြန်မြန် မေးလိုက်တယ် ။
“ငါ မြို့ ပြင်ဘက်က ကုလားအုတ် တောင်ထိပ်မှာ အလုံး ၃၀၀၀ တွေ့ တာပဲ”
ဆူဝဲလောင် ဒီလိုပဲ ပြောရပါသေးတယ် ။ ဇုရွန် ဟာ ဝုန်းခနဲ့ မတ်တပ်ရပ်လိုက်ပါတယ် ။ သူ၏ ပုံစံမှာ ချက်ချင်း ပင် သွားရှာတော့မယ့် ပုံပါ ။
“သွားမနေနဲ့တော့ ။ ဒီနေရာကို ခဏခဏ သွားရှာပြီးပြီ၊ ဘာမှ မရှိတော့ဘူး ။ ရေကန်လိုပဲ ကျန်တယ်”
ဆူဝဲလောင် ပြောလိုက်ပါတယ် ။
ဇုရွန် ဟာ ပြန်ထိုင်ချပြီး သက်ပြင်းချကာ ဖြင့် –
“ငါလဲ ဒီလို ကံကောင်းမှုမျိုး ဘယ်တော့မှ ရမှာပါလိမ့်”
“မနက်ဖြန် မနက် ၊ ကျွန်တော်ပထမဆုံး ခြံဝန်းနဲ့ တိုက် မှာပဲ”
ချန်ရှန် ပြောလိုက်တယ် ။
“မင်း ငါ့အကူအညီ လိုသေးလား”
ဆူဝဲလောင် မေးလိုက်တယ် ။
“မလိုပါဘူး ၊ ကျွန်တော် တစ်ယောက်တည်း သွားမှာ”
ချန်ရှန် ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်တယ် ။ သူ၏ အဆိုပါ အပြုံးမှာတင် ယုံကြည်မှု များစွာ ပါနေသလိုပါပဲ ။ ရှောင်ဒိုနဲ့တကွ အားလုံးဟာ တုန်လှုပ်နေကြတယ် ။
ဆူဝဲလောင် မှ သက်ပြင်းချကာ –
“မင်းသေချာဂရုစိုက်ဖို့တော့ လိုမယ် ။ ၅ ယောက်သော သူတို့ဟာ အားက တူတူပဲ”
မိုယုဝမ်ဟာ အချောဆုံး စာရင်းမှာ ထိပ်ဆုံးနေရာကို ပိုင်ဆိုင်ထားပြီး အတော်ဆုံး သိုင်းပညာရှင် ၁၀ ယောက် စာရင်းမှာလည်း ပါဝင်ပါတယ် ။ အတွင်းစည်းအတော်ဆုံး ပညာရှင်စာရင်းဆိုတာ အတွင်းစည်း ခြံဝန်းတွေထဲမှာ အတော်ဆုံးကိုပြောတာပါ ။ ဆိုလိုတာကတော့ မိုယုဝမ် ဟာ အတွင်းစည်းမှာ အတော်ဆုံးအင်အားအကောင်းဆုံး လူ တစ်ယောက်ပဲ ဖြစ်ပါတော့တယ် ။
ချန်ရှန် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ကာ –
“ကောင်းကင်ကြီးက မည်းမှောင်နေတုန်းပဲ ၊ ပထမဆုံး ခြံဝန်းကို သွားကြရအောင် ။ နောက်ပြီး သူတို့ အမှတ် ၁၆ ဆိုင်းဘုတ်ကို ယူပြီး ကျွန်တော်တို့ အ၀င်ဝ မှာ ချိတ်ကြတာ ပေါ့”
ဇုရွန် နဲ့ ရှောင်ဒို တို ရိုက်ခံရတာဟာ လွန်ခဲ့တဲ့၂ နှစ်က သူသွားစိန်ခေါ်လို့ ဖြစ်မယ်လို့ ယုံကြည်နေမိတယ် ။ အဘယ်ကြောင့်ဆိုသော် အဲဒိအချိန်တည်းက မိုယုဝမ်ဟာ ကြောက်ရွံ့ ပုံပေါ်နေပြီး နောင်မှာ ချန်ရှန် ကို မနိုင်နိုင်ဘူးဆို တာ သိနေပုံပါ ။ ဒါကြောင့်ပဲ သူတို့ဟာ သူတို့၏ မျိုးနွယ်များ ကိုပါ အကျိုးအကြောင်းပြောကာ စည်းရုံးထား ပုံပါပဲ ။ ရှောင်ဒိုတို့ကို ရိုက်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါလိ့မ်မယ် ။ ဒါပေမယ့် ဒါကို သိတယ့် ဆူဝဲလောင်ဟာ အလယ်မှ ဖြန်ဖြေ ကာဖြင့် ၎င်းတို့အား ပြန်ခေါ်သွားခြင်းပါ ။
ချန်ရှန် သွားဖို့ ပြောပြီးနောက် သူပဲ ဦးဆောင် ထလိုက် ပါတယ် ။ သူဟာ သူ၏ ဝိုင်ခွက်ကို အကုန်သောက်ပြီးပြီ ဖြစ်ကာ ဇုရွန် နဲ့ ရှောင်ဒို တို့ဟာလည်း စားလက်စများကို လက်စသတ် လိုက်ကြပါတယ် ။
“ဟက် ၊ ငါမှာထားတာတွေ တောင်မရောက်သေးဘူး ကွ”
ရှောင်ဒိုဟာ စာပွဲထိုးအား ကျသင့်ငွေ ခေါ်ရှင်းလိုက်တဲ့ အတွက် ဆူဝဲလောင်က ပြောခြင်းပါ ။
“နဂါးမျက်စိ ၊ အကိုတော် ချန် ပထမဆုံး ခြံဝန်းကို အနိုင် ရမယ့် အချိန်ကိုစောင့်ပါဦး ။ အဲအခါကျမှ ကျွန်တော် တို့ ဒီထက်ကြီးကြီးကျယ်ကျယ် စားသောက်ကြတာပေါ့ ။ သိပ်မလိုတော့ပါဘူးဗျ”
ယန်ရှောင်ဒို ရယ်မော ပြောဆိုပါတယ် ။ ချန်ရှန် ပုံစံမှာ ယုံကြည်မှု အပြည့်ပါပဲ ။ ဇုရွန်လည်း ထို့အတူ ဖြစ်ကာနေပါ တယ် ။ အဘယ်ကြောင့်ဆိုသော် ချန်ရှန်ဟာ ၎င်းတို့ ထင်ထားသည်ထက်ပင် ပိုမိုစွာ အမြဲ လုပ်ပြတတ်လို့ပဲ ဖြစ်ပါတော့တယ် ။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
နေရောင်ခြည်ဟာ လင်းလက်လို့ လာခဲ့ပါပြီ ။ ပြင်းထန်သော သိုင်းပညာဂိုဏ်းတစ်ခုလုံးဟာ အုတ်အုတ် ကျက်ကျက် ဖြစ်နေကြတယ် ။ လွန်ခဲ့တယ့် ၂ နှစ်က ကန့်သတ်နယ်မြေမှာ အပစ်ပေးခံထားရသော ချန်ရှန်ဟာ လွတ်မြောက်လာခဲ့လို့ပါ ။ လွန်ခဲ့တယ့် ၂ နှစ်တည်းက သူ ဟာ ပထမဆုံး ခြံဝန်းကို စိန်ခေါ်ခဲ့တာဖြစ်ပြီး ယခုတခေါက် စိန်ခေါ်မှုဟာ အားလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေပါ တယ် ။ ငရဲဝိဉာဉ်တော် မြက်နဲ့ လောင်းကြးထပ်လို့ပါပဲ ။
ဒီအရာဟာ ချန်ဝူ စီရင်စု ၉ ခုလုံးမှာတောင် တော် တော်ရှားပါးလှတယ့် အရာဖြစ်ပြီး အရမ်းလည်း ဈေးကြီး မြင့်လှပါတယ် ။ ကံအလွန်ထူးသော သူသာလျှင် တွေ့ နိုင် တာပါ ။
ဒီလို ကြီးမားတယ့် လောင်းကြေးဟာ ပထမဆုံးခြံဝန်း မှ မိုယုဝမ်အဖို့ အတော် အကြပ်ရိုက်စေပါတယ် ။ ဒါ့အပြင် ချန်ရှန်ဟာ တစ်ယောက်တည်း တိုက်ခိုက်ဖို့လာတယ် ဆို တာကို သူသိနေပြီး ဒီလို လာတာတောင် သူတို့ ပထမဆုံး ခြံဝန်းမှ မတိုက်ဘူးလို့ ငြင်းဆန်ပါက လူအများအမြင်မှာ သိက္ခာကျ တော့မည် ဖြစ်ကာ အလွန် ကို ရှက်စရာကောင်းမှာပဲ ဖြစ်ပါတော့တယ် . . . ။