Chapter – 113 အတူတကွ
ချန်ရှန် သူ၏ ကိုယ်အား ထာဝရမိစ္ဆာ ခန္ဓာကိုယ် အဆင့် ၁ အဖြစ်သို့ ပြုလုပ်လိုက်တယ် ။ အဆင့်တူတူချင်း ကြားထဲမှာ သက်ရောက်တဲ့အားသာ သိပ်မပြင်းထန်ပါက ချန်ရှန်ဟာ အေးအေးဆေးဆေးပင် ခံနိုင်ပါတယ် ။
ဒီအချိန်မှာ ချန်ရှန်၏ အရိုးများ အသားအရေများဟာ သံများ ကြေးနီများလို ပင်ဖြစ်ကာ ဝုကွမ်ချင် တိုက်ကွက် များဟာ သူ့အတွက် အယားပင်မပြေချေ ။ ကောင်မလေး ချွေးအတော်ပင် ပြန်နေပြီး တော်တော် ပင်ပန်းနေပုံလည်း ပေါက်နေပါပြီ ။ သူမဟာ တိုက်ကွက် ရာပေါင်းများစွာကို အသုံးပြုခဲ့ပြီး တိုက်ကွက်တိုင်းမှာလည်း အားပြင်းလှတဲ့ ချီအငွေ့ များကို ထည့်ထားတာ ဖြစ်ပေမယ့် ချန်ရှန်ကတော့ ဘာမှ မထူးခြားပါပေ ။
ထိုအချိန်မှာ ကောင်မလေး တော်တော် မောနေပြီ ဖြစ်ပါ တယ် ။ သူမဟာ ချီဓာတ်အမြောက်များကို အသုံးပြု လိုက်ရပြီးဖြစ်သဖြင့် ခြေလှမ်း အနည်းငယ် ဆုတ်ကာ မော ဟိုက်သော လေသံဖြင့် –
“ရှင်က စစ်မှန်သော သိုင်းပညာရှင်လား”
ချန်ရှန် ခပ်ဖျော့ဖျော့ ပြုံးကာ-
“မဟုတ်ပါဘူး ။ ဒါပေမယ့် ငါက သေချာ လေ့ကျင့်ထား တာ ၊ ငါ့ချီဓာတ်တွေကို ငါ့ အ၀တ်တွေ မီးမလောင်ဖို့နဲ့ မင်းတိုက်တာကို ခံနိုင်ဖို့ပဲ အသုံးပြုခဲ့တာကွ”
“အပြင်ပိုင်း သန်မာမှုပေါ့”
ကောင်မလေး တော်တော် လန့်သွားပါတယ် ။ သူမ၏ ကိုယ်လည်း အနည်းငယ် တုန်လှုပ်သွားပြီး နားလည်သွား ပြီးတဲ့နောက်မှာတော့ သူမဆီမှာ မည်သည့် စိတ်ကြီးဝင်မှု မျှ မရှိတော့ပါချေ ။ ချန်ရှန်ဟာ မည်သည့်တိုက်ခိုက်မှုမျိုး ကိုမှ မလုပ်ပါပဲနဲ့ သူမကို အနိုင်ယူခဲ့ပါပြီ ။ သူမစိတ်ထဲတွင် အတွင်းစည်း အဆင့် ၁ တောင် ဒီလို သန်မာမှုမျိုးမရှိနိုင်ဖူး ဟု တွေးနေမိတယ် ။
ခန္ဓာကိုယ် လေ့ကျင့်ခြင်းဟာ တော်တော် ခက်ခဲပါ တယ် ။ ချန်ရှန် ဒီလိုအခြေအနေရဖို့ တော်တော် နာနာ ကျင်ကျင် ပေးဆပ်ခဲ့ရမယ် ဆိုတာ သူမ သိနေတယ် ။ သူမ မျက်နာမှာ ချန်ရှန်ကို လေးစားစိတ်များ ပေါ်လာပါတယ် ။ ဒီလို အရာမျိုးကို မလေးစားပဲ နေနိုင်မှာ မဟုတ်ပေ ။
“ကျွန်မ ရှုံးပါတယ်”
ကောင်မလေး ခေါင်းငိုက်စိုက်ချကာ ညင်ညင်သာသာ ဆိုပါတယ် ။ သူမ ချန်ရှန် ကို မကြည့်ရဲပေ ။ အစက သူမကို ချန်ရှန် ဘာလို့ အဖြူထည်အကြည့်ဖြင့်ကြည့်လဲဆိုတာကို သူမ သဘောပေါက်သွားပါတယ် ။ အဘယ်ကြောင့် ဆိုသော် သူမ ဘယ်လိုပင် လှနေပါစေ သူမ၏ အားဟာ ချန်ရှန် အမြင်မှာ ပုရွတ်ဆိတ်လေး တစ်ကောင်လို ဖြစ်နေ မှာ ဖြစ်လို့ပါပဲ ။
“မင်း ဒြပ်စင်ဆေးကို ပြန်သိမ်းလိုက်ပါ ။ ငါ့မှာက ပေါ ပါတယ် ။ မင်းမျက်လုံးထဲမှာတော့ ငါက တော်တော် သန်မာ နေမှာပါ ။ ဒါပေမယ့် ဒီအထက် စစ်မှန်သော သိုင်း ပညာနယ်ပယ် ကသာ ပိုမို အင်အားကြီးတယ် ။ ချန်ဝူ နယ်မြေ တစ်ခုလုံးမှာ အဓိက လူတွေဟာ အဲဒိလူတွေပဲ ။ ငါတို့ဟာ အတွင်းစည်းတွေ ဖြစ်ပေမယ့် သူတို့ မျက်စိတွေ ထဲမှာတော့ ပုရွတ်ဆိတ်လေးတွေ သာသာ ပဲ ၊ငါ အဲဒိ ပညာရှင် တစ်ယောက်ရဲ့ ရိုက်ချက်ကို တစ်ခါခံဖူးတယ် ။ အဲဒိတချက်နဲ့ပင် ငါဟာ ရှုံးနိမ့်ခဲ့ရတယ် ။ ငါသာ မြန်မြန် မပြေးနိုင်ရင် သေမှာပဲ”
ချန်ရှန် ပြောရင်းနဲ့ ဒေါသထွက်လာသဖြင့် လက်သီးကို ဆုပ်လျက် ရှိပါတယ် ။
၀ုကွမ်ချင် ခန္ဓာကိုယ်လေး တုန်သွားပြန်ပါတယ် ။ သူမ ခန့်မှန်းခဲ့သလိုပဲ ချန်ရှန်ကို ဒဏ်ရာရအောင် လုပ်သူဟာ စစ်မှန်သော သိုင်းပညာရှင်ဖြစ်ပြီး သူ၏ လက်ချက်နဲ့ပင် ထို ပညာရှင် သေခဲ့တယ်ဆိုတဲ့ သတင်းဟာ အမှန်ပါ ။ အတွင်း စည်း ဆိုတာ တကယ်တော့ ၎င်းပညာရှင်များနဲ့ ယှဉ်လျှင် ဘာမျှ မဟုတ်ပါချေ ။
“ရှင့် အကြံဉာဏ်အတွက် ကျေးဇူးပါ”
ကောင်မလေး နှုတ်ခမ်းကိုက်ကာ ထွက်သွားပါတော့ တယ် ။
ချန်ရှန်လည်း အရူးတစ်ယောက်လိုရယ်မောကာ ပြန် လည် လှဲလျောင်းလိုက်ပြီး ဇုရွန် နဲ့ ရှောင်ဒို တို့အား စောင့် နေပါတော့တယ် ။
သူတို့ ပြန်လာတာနဲ့ အတွင်းစည်း ပထမခြံကို သွားကာ တိုက်ခိုက် အနိုင်ယူမှာပါ ။
သိပ်မစောင့်လိုက်ရခင်မှာပဲ ချန်ရှန် ၀၀ လူတစ်ဦး နဲ့ ဆယ်ကျော်သက်တစ်ဦး လျှောက်လာတာကို မြင်လိုက်ရ တယ် ။ ၂ နှစ်ကြာပြီးတဲ့အခါ သူတို့တော်တေ်ာ ပြောင်းလဲ သွားသလိုပါပဲ ။ ဇုရွန်ဟာ ပိုမို ၀လာပြီး ဖက်တီးလေးမှ ဖက်တီးကြီး ဖြစ်နေပြီ ဖြစ်ပါတယ် ။ ကလေးသာသာ ရှောင် ဒို ကတော့ မျက်နှာမှာ အရောင်ဖျော့ဖျော့ ဖြစ်နေကာ ပိုမို ရင့်ကျက်သွားသလိုပါပဲ ။
ချန်ရှန် ကိုယ်တိုင်လည်း ၁၉ နှစ်ရှိပြီ ဖြစ်ပြီး ၎င်းဆီမှ မရင့်ကျက်မှုများ ချစ်စရာကောင်းမှုများဟာ မှေးမှိန်သွား ပြီး ပိုမို ရင့်ကျက်တည်ငြိမ်တယ့် အသွင် ဆောင်နေပါတော့ တယ် ။
ချန်ရှန် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိတယ် ။ အဘယ်ကြောင့်ဆိုသော် ရှောင်ဒို နဲ့ ဇုရွန် တို့ပုံစံဟာ သိပ် မကောင်းပုံပေါ်လို့ပါ ။ သူတို့ဟာ ပြုံးနေပေမယ့်လည်း သူ တို့၏ မျက်လံထဲမှာတော့ ဒေါသများ ၊ အကူညီမဲ့ခြင်းများ ၊ နောင်တ ရခြင်းများ စတာတွေကို မြင်နေရလို့ပါပဲ ။
“အကိုတော် ချန် ၊ လွတ်မြောက်လာတာ ၀မ်းသာပါ တယ် ။ နေရာဟောင်းလေးမှာ သွားသောက်ကြတာပေါ့”
ရှောင်ဒို က ပြုံးလျက် ပြောပါတယ် ။
“ဒါလည်း မျိုးမစစ်လေး ယန် ရဲ့ ဒကာခံမှုပဲပေါ့”
ဇုရွန် က ရယ်လျက် ပြောပါတယ် ။
သူသာ အရင်လို ဆိုပါက ခပ်မြန်မြန်ပင် ပျော်ရွှင်စွာ သွား သောက်မိမှာဖြစ်ပါတယ် ။ ဒါပေမယ့် ခု သူဟာ သူ့သူ ငယ်ချင်းတို့ သူ့ကို တစ်ခုခုဖုံးကွယ်တာကို တွေ့ နေမိပါ တယ် ။
ချန်ရှန် သူ၏ လက် ၂ ဖက်ကို ဆန့်ထုတ်ကာ ရှောင် ဒို နဲ့ ဇုရွန်တို့၏ လက်ကောက်ဝတ် ကို ကိုင်လိုက်တယ် ။သူ၏ နတ်အတွင်းအား အာရုံများကို ထည့်ကာ ၎င်းတို့၏ စွမ်းအင် သို လှောင်ရာနှင့် ခန္ဓာကိုယ် အခြေအနေတို့အား ကြည့်လိုက်ပါတော့တယ် ။
ချန်ရှန် ပုံစံ ရုတ်တရက် ၀မ်းနည်းလာတယ် ။ အဘယ် ကြောင့်ဆိုသော် ဇုရွန် နဲ့ ရှောင်ဒို တို့ဟာ ဒဏ်ရာရနေလို့ ပါပဲ ။ ဒါတင်မက ဆိုးဆိုးရွားရွား ရခဲ့တာပါ ။ သူတို့ဟာ ယခု တဖြည်းဖြည်း ပြန်လည် သက်သာနေတာဖြစ်ပါတယ် ။
“၅၀ ရာခိုင်နှုန်းမကတဲ့ အခြေခံ ချီဓာတ်တွေဟာ ကျိုး ပျက်နေတယ် ။ အရိုးတွေဟာလည်း အကုန်လုံးနီးပါး အက် ကွဲနေပြီး ကံကောင်းတာက စွမ်းအင် သိုလှောင်ရာကတော့ သိပ်ပြင်းပြင်းထန်ထန် ဒဏ်ရာမရထားဘူး ။တနည်းအား ဖြင့် မင်းတို့ လေ့ကျင့်မှုအားလုံးကို ဆုံးရှုံးခဲ့ရတာပဲ”
ချန်ရှန် ၎င်းတို့ကို ပြန်လွှတ်ပြီး စိုးရိမ်စွာ ပြောလိုက်ပါ တယ် ။
“ဒါငါ့ကြောင့် မင်းတို့ ဒီလို လုပ်ခဲ့တာလား”
ချန်ရှန် အသံဟာ တည်ငြိမ်နေတယ် ဒါပေမယ့် ပြော နေချိန်မှာ သူ၏ ကိုယ်မှ ကြောက်စရာကောင်းလှတယ့် အငွေ့ တွေဟာ ထွက်နေပါတယ် ။ ရှောင်ဒို နဲ့ ဇုရွန်တို့ ဒီ အငွေ့ကို မြင်နေရတယ့် အတွက် ချန်ရှန် တော်တော် ဒေါသ ထွက်နေတယ်ဆိုတာ သိနေကြတယ် ။
၎င်းတို့ဟာ နှုတ်ဆိတ်နေတုန်းပါပဲ ။ ချန်ရှန်ကို ပြော လိုက်ပါက မည်ကဲ့သို့ ဖြစ်သွားမည် မသိသောကြောင့် ပြော သင့် မပြောသင့် ချင့်ချိန်နေကြပါတယ် ။
“ရှောင်ဒို ၊ ဇုရွန် ငါဒီလို မဟုတ်ဘူးဆိုတာ သိတယ် နော်”
ချန်ရှန် မျက်ခုံးများမြင့်တက်သွားတယ် ။ သူ၏ အသံ ဟာ အေးစက်လာပြီး၎င်းတို့ဟာ တုန်လှုပ်လာကြပါတယ် ။ သူတို့ဟာ ချန်ရှန်များ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို ၀င်ရောက်သွားပြီလားဟု ထင်နေကြတယ် ။ ချန်ရှန်ပုံစံဟာ တကယ်ကို ကြောက်ဖို့ကောင်းနေလို့ပါ ။ သူဟာ တည်ငြိမ် နေတယ် ဒါပေမယ့် သူ၏ ကိုယ်မှ ကြောက်စရာချီဓာတ်များ က ၎င်းတို့ကို အနေခက်စေပါတယ် ။
“ငါမင်းတို့ကို ထပ်မမေးတော့ဘူး ၊ မင်းတို့မဖြေရင် ငရဲ ထိ မင်းတို့ ပါးစပ်တွေပွင့်ပြီး ရောက်သွားအောင် ရိုက်ပစ် မယ်”
ချန်ရှန် သူ၏ လက်သီးများကို ဆုပ်လိုက်ပြီး ၇က်စက် တဲ့ အရိပ်ယောင်များကို ပါ မြင်လိုက်ရသလိုပါပဲ ။ ဇုရွန် အလန့်တကြားခုန်လိုက်ပါတယ် ။
သူ၏ နဖူးမှ ချွေးများကို သုတ်လိုက်ပြီးနောက် ရယ်မော ကာဖြင့် –
“ငါတို့ပြောပြမှာပါ ။ မင်းကတော်တော် ကြောက်စရာပဲ ၊ ငါတို့ မသေချင်သေးပါဘူးဟ”
ရှောင်ဒို က အလေးအနက်ဖြင့် –
“အဲဒါပထမခြံဝန်းက ကောင်တွေ လက်ချက်ပေါ့ ။ သူတို့ ကျွန်တော်တို့ကို ဒဏ်ရာရအောင် လုပ်တာ ။ ကျွန် ပဲ ၊ ငါတို့ မသေချင်သေးပါဘူးဟ”
ရှောင်ဒို က အလေးအနက်ဖြင့် –
“အဲဒါပထမခြံဝန်းက ကောင်တွေ လက်ချက်ပေါ့ ။ သူတို့ ကျွန်တော်တို့ကို ဒဏ်ရာရအောင် လုပ်တာ ။ ကျွန် တော်နဲ့ အကိုဇုတို့ မစ်ရှင်လုပ်ပြီး ပြန်လာတုန်း လမ်းမှာ သူတို့နဲ တွေ့ တာပဲ ။ ကျွန်တော်က စကားနည်းနည်းပဲ ပြောရသေးတယ် ဝိုင်းချကြတာပဲဗျာ”
ရှောင်ဒို မျက်နာ ဟာ ဒေါသများဖြင့် ပြည့်လာပြီး –
“သူတို့ ငါးယောက် က သေချာပြင်ဆင်လာပုံပဲ ။ တမင် သက်သက်ကို ရန်ရှာတာပါဗျာ”
ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်နေတယ် ။ ချီဓာတ်များစွာ ဟာ ကြောက်စရာကောင်းလောက်အောင် ဖုံးလွှမ်းလျက် ရှိ နေပြီး ချန်ရှန်ဟာ မျက်နာသေဖြင့် –
“မိုယုဝမ်ကော အဲဒိကောင်တွေနဲ့ ပါသေးလား”
“အဲဒိခွေးကောင်က သူတို့ကို ဦးဆောင်တာပဲ ။ ဒါပေ မယ့် ဟို မြွေမျက်စိနဲ့ လူက ကျွန်တော်တို့ကို ကယ်လိုက်တာ ၊ ဒီလူက စိတ်မခြမ်းမြေ့စရာကောင်းပေ မယ့် အကြိတ်အနယ် အခြေအနေမှာပဲ သူရောက်လာပြီး မိုယုဝမ်တို့ကို သတိပေးပြီး ခေါ်သွားတာ ။ ဒီလိုမဟုတ်လို့ ကတော့ ကျွန်တော်တို့ ဒုက္ခိတ ဖြစ်နေလောက်ပြီ”
ရှောင်ဒို အံကြိတ်လျက် ပြောပါတယ် ။
“ဒီလူတွေဟာ တော်တော် စွမ်းတယ် ။ အထူးသဖြင့် မိုယုဝမ် နောက် ချန်းစင်ဂျီ ၊ ရင်လင်း ၊ လဲ့ချီ နဲ့ လုယုံမင် ။ မိုယုဝမ် နဲ့ လဲ့ချီတို့ဟာ အဓိက မျိုးနွယ်ကြီး လေးခု ရဲ့ ကလေး တွေပဲ ။ ထုံးစံအတိုင်း သူတို့ဟာ မိုမျိုးနွယ် နဲ့ လဲ မျိုးနွယ် က ဖြစ်တဲ့အတွက် ဒီလို လုပ်ရဲတာပဲ ။ ရင်လင်း နဲ့ လုယုံမင်တို့ဟာလည်း တခြား မျိုးနွယ်ကြီးတွေက ဖြစ်ကြ တယ်”
ဇုရွန် က ပြောပြပါတယ် ။
ချန်ရှန် သက်ပြင်းရှည်ကြီး တစ်ခုကို ချလိုက်တယ် ။ သူ ၏ ချီဓာတ်များကို ပြန်သိမ်းကာ တစ်ချက်ကြည့်ပြီး မေး လိုက်တယ် ။
“ဘယ်တုန်း က ဖြစ်ခဲ့တာလဲ”
“လွန်ခဲ့တယ့် တစ်နှစ်က ပဲ ။ နောက်ပိုင်း ငါတို့ကလည်း သူတို့ကို သွားမရှာဖြစ်ဘူး ။ ငါတို့ရဲ့ ဆရာက တားထားလို့ ၊ ငါတို့ မျိုးနွယ်တွေက လည်း ဒါကို အသေးအဖွဲကိစ္စ တစ်ခု လို သဘောထားကြတယ် ။ မျိုးနွယ်စုကြီး လေးခု ကြားက ဆက်ဆံရေးနဲ့ အကျိုးအမြတ်တွေကို ဆက်လက် တည် ရှိ ချင်ကြလို့ပဲ ။ ဒီလို ဆက်ဆံရေးသာ ပျက်သွားရင် မျိုးနွယ် လေးခုလုံး အကျိုးယုတ်သွားမှာကြောင့်ဖြစ်တယ်”
ဇုရွန်က သက်ပြင်းချပြီး ပြောပါတယ် ။
“ဆရာကြီး ဝု ကကော ဘာမှ မလုပ်ဘူးလား”
ချန်ရှန် ၎င်းတို့၏ မျိုးနွယ်စု ခေါင်းဆောင်တွေကို စိတ် ပျက်သွားမိတယ် ။ ဒါသာ ချန်မျိုးနွယ် ဖြစ်ပါက အကျိုးအ မြတ် ရှိရှိ မရှိရှိ စိတ်ဝင်စားမည် မဟုတ်ပေ ။ မျိုးနွယ်စု ၏ ကလေးတွေကိုသာ ခုလို လုပ်ခံရပါက ပြုလုပ်သူကို ဆယ်ဆ ပြန်လည်ပေးဆပ်စေမှာပဲ ဖြစ်ပါတယ် ။
“ငါတို့လည်း ပြောတာပဲ ။ ဒါပေမယ့် သူက မင်းထွက် လာတာကို စောင့်ဖို့ပြောတယ် ။ မင်းသာ ငါ့တို့အစား ဖြေရှင်းပါစေတဲ့ ။ မင်းက ဒီအခြေအနေကို ကောင်းကောင်း ကိုင်တွယ် နိုင်လိမ့်မယ်လို့ သူကပြောတယ်”
ရှောင်ဒို အကူညီမဲ့နေပုံနဲ့ ပြောပါတယ် ။
ချန်ရှန် မျက်နာမှာ အပြုံးတစ်ချို့ ဖြစ်ပေါ်သွားတယ် ။
“ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ငါမင်းတို့ အမုန်းတရားတွေ အတွက် ကူညီ ဖြေရှင်းပေးပါ့မယ် ။ ခုတေ့ သွားသောက် ကြမယ်ဟေ့”
ချန်ရှန် အေးစက်စွာ ပြောလိုက်ပါတော့တယ် . . . ။