Switch Mode

Chapter – 112

ပထမအလှ

Chapter – 112 ပထမအလှ

ကောင်မလေး လန့်သွားတယ် ။ ဘယ်လိုဖြစ်သွားမှန်း သူမ မသိလိုက်ဘူးဖြစ်နေတယ် ။ သူမ လက်ကို ချန်ရှန် ဆီ မှ ဖယ်တဲ့အခါ သိပ်လှုပ်မရသလိုကို ဖြစ်နေတာကြောင့် အံ့အားသင့်သွားပါတယ် ။ ချန်ရှန် ကို နှိပ်ပေးမိသလိုကို သူမ လက်အား စုပ်ယူနေသယောင် ဖြစ်နေတာပါ ။
“မင်းလက်ကို မဖယ်သေးဘူးလား ၊ ငါ့ကို ဘယ် လောက် ကြာကြာ ထိထားဦးမှာလဲ ။ ငါ့ရင်ဘတ်က ဟာ က မင်းထက်ကြီးတယ်လို့ ခွဲခြားဖို့ ကြိုးစားနေတာလား”
ချန်ရှန် ရှက်ချင်ယောင်ဆောင်လိုက်တာကြောင့် ကောင် မလေး မျက်နာ ရဲခနဲ ဖြစ်သွားပါတော့တယ် ။
ဘေးက ကောင်မလေးတွေလည်း အံ့သြသွားကြတယ် ၊ ဒီကောင်မလေး ဒီလို လုပ်လိမ့်မယ်လို့ မထင်မိဘူးလေ ။ လူများစွာရှေ့ မှာ သူမဟာ ချောမောလှပတယ့် ကောင် လေး ၏ ရင်အုံအား ဆုပ်ကိုင်နေလို့ပါပဲ ။ ဒါတင်မက နှိပ် ပေးသလို ဆုပ်နယ်နေတာပါ ။
ချန်ရှန်လဲ အချိန်ကျ ပြီဆိုတာကို သိသောကြောင့် သူ၏ စွမ်းအားကို ပြန်သိမ်းလိုက်သဖြင့် ကောင်မလေး လက်ကို လှုပ်လို့ရသွားပါပြီ ။ ကောင်မလေး သူ့ကို ဝိုင်း ကြည့်နေတယ့် လူများစွာ ကို တွေ့ တဲ့အခါ တော်တော် ၀မ်း နည်းသွားမိတယ် ။ ဘယ်လိုဖြစ်သွားလဲဆိုတာကို မရှင်းပြနိင်တော့ပဲ ငိုရုံသာတတ်နိုင်ပါတော့တယ် ။
“ရှင် ဘယ်လိုနည်းလမ်း သုံးလိုက်တာလဲ ၊ ရှောင်ဒီ ခု တော့ ငိုရပြီ”
အဝါရောင် ၀တ်ရုံ ၀တ် ကောင်မလေးက ဒေါသကြီး စွာ မေးလိုက်တယ် ။ နှစ်နှစ် အတွင်းမှာ ချန်ရှန် ၏ အမည် ဟာ လူတိုင်းမေ့လုနီးပါးဖြစ်နေပြီလေ ။ နာမည်သာ ထုတ် ဖော် မပြောပါက ဘယ်သူမှန်း သိမည် မဟုတ်ပါဘူး ။
“ဟဟ ၊ ဘာဖြစ်လို့လဲ ၊ ငါအိပ်တိုင်း ဒီလို ထူးဆန်းတဲ့ စွမ်းရည်ကို ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် သုံးလေ့ ရှိ တယ် ။ သူမသာ ငါ့ကို ခပ်ကြမ်းကြမ်း မလုပ်ဖူး ဆိုရင် သူမ လက်ကို ဒီလို စုပ်ထားမှာ မဟုတ်ဘူး”
ချန်ရှန် ရယ်မော ပြောဆို လိုက်တယ် ။
“ဟက် ၊ ရှင် လုပ်လိုက်တာကိုး”
ရှောင်ဒီလို့ ခေါ်တယ့် ကောင်မလေး ဒေါသတကြီး အော် ပြော တယ် ။
ချန်ရှန် သက်ပြင်းချကာ ဖြင့် –
“ ဒီ နှစ်နှစ် အတွင်း အတွင်းစည်း နောက်လိုက်တွေ တော်တော် ဆိုးလာပါလားဟ”
“သူ မ ဘယ် သူလဲ ရှင်သိလား ၊ သူမက ဝုကွမ်ချင် ပဲ ၊ အလှဆုံး မိန်းကလေး ၁၀ ယောက်ထဲက စွမ်းအား အကြီး ဆုံး ဖြစ်ပြီး အတွင်းစည်း နံပတ် ၁ ပညာရှင် မိုယုဝမ် တောင် လေးစားရတယ့် လူပဲ ။ ရှင် ရဲတင်းဝံ့သေးလား”
ရှောင်ဒီ အော်ပြောပါတယ် ။ သူမ၏ မျက်နာဟာလည်း မာနအပြည့်ဖြင့်ပါ ။ အဘယ်ကြောင့်ဆိုသော် သူသည် လည်း အလှဆုံး စာရင်းထဲမှာ ပါဝင်တာကြောင် ဖြစ်ပါ တယ် ။
ချန်ရှန် က ရယ်မောကာ –
“အိုဟိုးးး ၊ ဘယ်လိုမျိုး မြေကြီးပေါ်မှာ သူမကို လေးစား ရမှာပါလိ့မ် ၊ ငါက ဆီလိမ်းထားပြီး ပေါင်ဒါအဖွေးသားနဲ့ မျိုးမစစ်လေး မိုယုဝမ် မဟုတ်ဘူး ၊ ငါကငါပဲ”
“ဘယ်လို ၊ ရှင် က တကယ်ပဲ သခင်လေး မို ကို ဒီလို ပြောရဲတယ်ပေါ့ ၊ ပြသနာ ရှာချင်တာလား”
ကောင်မလေးတစ်ယောက်က အော်ပြောတယ် ။ တစ်ချိန်တည်မှာပင် သူမဟာ လက်သီးတစ်ခု ပစ်သွင်းလာ ပါတယ် ။ မမျှော်လင့်စွာပဲ ပြင်းထန်လှသာ ရေဓာတ်ချီ များ ဟာ လက်သီးမှာ သွားစုဆုံတယ် ။
ချန်ရှန် လုံးဝ မရှောင်ပါ ။ သူတမင်ကို အထိခံလိုက် တယ် ။ ကောင်မလေး လက်သီး ချန်ရှန်ကို ထိတဲ့အခါ သူမဟာ ပင်လယ်ထဲသို့ ကျောက်တုံးပစ်ချခံလိုက်ရတယ့် ခဲ တစ်လုံးလို ခံစားလိ်ုက်ရတယ် ။
ဒါဟာ ထိုက်ကျိ နတ်နဂါး ကျင့်စဉ်ကြောင့်ပါ ။ ၎င်းဟာ ချီဓာတ်များအား ကိုယ်မျက်နာပြင်ပေါ်တွင် စီးမျော စေ လိုက်တာ ဖြစ်ပါတယ် ။ ၎င်းချီဓာတ်များမှာ ပြင်းထန်လှပြီး စွမ်းအား အလွန်ကြီးမားလှပါတယ် ။ ဒါကို သုံးပါက သက်ရောက်လာမယ့် ပြင်းထန်မှုများကို နုူးညံ့ညင်သာ စွာ ခုခံနိုင်မှာပါ ။
“ငါ မိန်းကလေး တစ်ယောက်နဲ့ မတိုက်ချင်ဘူး ။ ဒါပေမယ့် ငါအိပ်နေတုန်း နောက်တစ်ခါ ဒီလိုထပ်လုပ် မယ် ဆိုရင်တော့ ငါမင်းတို့အားလုံးကို အပြင်ကို မောင်းထုတ်ပစ် ရလိမ့်မယ်”
ချန်ရှန် ၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူ၏ အသံ ဟာ ရုတ်တရက် ခံစားချက်မဲ့တဲ့ အသံ ပေါက်သွားတယ် ။
ဝုကွမ်ချင်၏ မျက်ခုံးများ မြင့်တက်သွားတယ် ။ သူမ ဟာလည်း အတော်အသင့် စွမ်းအားရှိသူဖြစ်တာကြောင့် အကြည့်တစ်ချက်နဲ့ပင် ချန်ရှန်၏ ချီဓာတ်များဟာ ကြောက် စရာကောင်းမှန်း သိလိုက်ရတယ် ။
“ရှင့် နာမည် ဘယ်လိုခေါ်လဲ”
ကောင်မလေးက အေးစက်စွာ မေးလိုက်တယ် ။
“ချန်ရှန်”
ဒီစကားစု ၂ လုံး သူမနားထဲ ၀င်သွားတယ့်အခါ အံသြ မှုကြီးစွာ ခံစားလိုက်ရပြီး ခြေလှမ်းအနည်းငယ်ပင် နောက် ဆုတ်လိုက်တယ် ။ သူမပုံစံဟာလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတော့တယ် ။ တခြားလူများဟာလည်း သူမနည်း တူပါပဲ ၊ လျင်မြန်စွာပင် နောက်ဆုတ်ပြီး ချန်ရှန်ကို ရှိန်သွား ကြတယ် ။
“ရှင် လွတ်လာပြီလား”
ကောင်မလေးက အံကြိတ်ပြီး မေးလိုက်တယ်။ သူမ ဟာ ချန်ရှန် အကြောင်းကြားဖူးပေမယ့် တခါမျှ မဆုံဘူးပေ။
“ငါ က လွတ်လာရုံပဲ ရှိပါသေးတယ် ။ ဒါပေမယ့် မင်းတို့ ဒီကို ဘာလာလုပ်တာလဲ ၊ မင်းတို့ မရှင်းပြချင်ဘူးဆိုရင် လည်း ထွက်သွားကြတော့ ငါအိပ်တော့မလို့”
ချန်ရှန် စိတ်မရှည်စွာ ဆိုပါတယ် ။
“ကျွန်မတို့က ဒီ ခြံဝန်းကို ကျွန်မတို့ လူတွေ လေ့ကျင့် ဖို့ သုံးချင်လို့”
ကောင်မလေး က ပြန်ပြောတယ် ။ သူမ၏ မျက်နာမှာ မာနတရားများတောင် မရှိတော့သလိုပင် ။ ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာရှင်တစ်ယောက်ကို သတ်ခဲ့သူဖြစ် ရုံမက စစ်မှန်သော သိုင်းပညာနယ်ပယ်မှ ဆေးဆရာမကြီး ၏ ပညာသင်တပည့်တစ်ဦးလည်း ဖြစ်ပါတယ် ။ ထိုကဲ့သို့ သူ၏ ရှေ့ မှာ သူမ ဘယ်လို မာနကြီးနိုင်ပါမည်နည်း ။
“စိတ်မကောင်းပါဘူး ။ ဒြီံခံဝန်းက ငါ နဲ့ ငါ့ကောင်လေး တွေ အတွက် လုံလောက်ရုံပဲ ရှိတာ ၊ ကျေးဇူးပြုပြီး ထွက် သွားပါတော့”
ချန်ရှန် ခေါင်းခါယမ်းပြီး ပြောလိုက်တယ် ။ ဒီခြံဝန်းဟာ သူတို့သာ လေ့ကျင့်ကြတာဖြစ်ပြီး လူများလာပါက အဆင် မပြေနိုင်လောက်ပါ ။
လူအုပ်စုကြီးဟာ တော်တော် အံ့သြနေကြတယ် ။ အ ဘယ်ကြောင့်ဆိုသော် ချန်ရှန် ဟာ အလှပဆုံး ကောင်မ လေး ၏ တောင်းဆိုမှုကို ငြင်းဆန်လို့ပဲ ဖြစ်ပါတယ် ။ ချန်ရှန် ကောင်မလေးနဲ့ စကားပြောချိန် သာမန် လူတစ် ယောက်လိုပဲ ကြည့်ကာ သူ၏ အမူအရာမှာ နည်းနည်း လေး တောင် ပြောင်းလဲမှု မရှိပါဘူး ။ ချန်ရှန်၏ အမူအယာ မှာ ကောင်မလေးကို စိတ်ထဲတွင် တော်တော် ဒေါသထွက် စေတာပါ ။ သူမစိတ်ထဲထင်မိတာက ချန်ရှန် ဟာ ယောက်ျားလေးများကိုသာ စိတ်ဝင်စားလားလို့ပါ ။
“အသင့်တော်ဆုံး ဖြေရှင်းလို့ရမယ့် နည်းလမ်းကို သုံး ကြစို့ ။ သိုင်းပညာဖလှယ် ကြမယ် ၊ ကျွန်မနိုင်ရင် ရှင်က ကျွန်မပြောတာကို လက်ခံပြီး ကျွန်မလူတွေကို ဒီမှာနေခွင့် ပြုရမယ်”
ကောင်မလေးက ပြောလိုက်တယ် ။ ချန်ရှန် နဲ့ ပတ် သက်တဲံ့ ကောလဟာလများစွာ ဟာ တော်တော် ပြင်းထန် ပါတယ် ။ ဒါပေမယ့် သူမ မှာ ယုံကြည်ချက် ရှိတယ်လို့ ယုံ ကြည်နေတယ် ။ သူမဟာလည်း အမှတ် ၁၈ ခြံဝန်းမှ မိန်း မပျို မို့လို့ပါပဲ ။
“ငါ့ အတွက်ကကော ဘာရမှာလဲ ၊ မင်းငါ့ကို ဘာမှ မပေး ဘူးဆိုရင် ငါ မပါဘူး”
ချန်ရှန် ပြောလိုက်တယ် ။ သူဟာ ဒီလို စိတ်မချမ့်မြေ့ ဖွယ်နေရာမှာ အချိန် အတော်ကြာနေထိုင်ခဲ့တာဖြစ်ပြီး ယခု သူနဲ့ မတိမ်းမယိမ်း ဟု ခန့်မှန်းရသော ကောင်မလေးမှ လာ ရောက် စိန်ခေါ်သောအခါ သူနည်းနည်း စိတ်ပါသလို ဖြစ် သွားပါတယ် ။
“ချီဒြပ်စင်ဆေး”
ကောင်မလေး က ပြောလိုက်တယ် ။ သူမ၏ နှုတ်ခမ်း များဟာလည်း တုန်နေလျက် ရှိတယ် ။
“ကောင်းပြီ”
ချန်ရှန် ချက်ချင်း ပြန်ဖြေလိုက်တယ် ။ ကောင်မလေး ၏ အမြင်မှာ ချီဒြပ်စင်ဆေးဟာ တော်တော် တန်ဖိုးကြီးတာ ပါ ။ ဒါပေမယ့် ချန်ရှန် အတွက်တော့ အဆိုပါဆေးဟာ ဂျယ်လီလေး တစ်ခုထက် မပိုပါဘူး ။
လူတိုင်းဟာစက်ဝိုင်းပုံ ဝိုင်းပြီး နောက် ချန် ရှန် က –
“ငါတို့ ရှုံးတယ်လို့ ၀န်ခံပါတယ် လို့ ပြောတဲ့ထိ တိုက် ကြမယ် ။ လက်နက်ယူ ခွင့် မပြုဘူး ၊ မင်း လက်နက် ထုတ် တာနဲ့ မင်း ရှုံးပြီ”
ကောင်မလေး ချန်ရှန် ဒီလို ဘာကြောင့် ပြောလဲဆို တာ နားလည်ပါတယ် ။ ကောလဟာလများအရ ချန်ရှန် ဟာ စစ်မှန်သော သိုင်းပညာရှင်တစ်ယောက် ကို သတ် လိုက်ပြီး နဂါးရတနာသိုက်မှ လက်နက်တစ်ခု ရလာတယ် လို့ သတင်း ထွက်နေတယ် ။ ၎င်းဟာ အဆင့် ၉ ဝိဉာဉ် တော်လက်နက်နဲ့ပင် နှိုင်းယှဉ်လို့ ရ ပြီး သူသာ အခု ထို လက်နက်အား အသုံးပြုမည် ဆိုပါက သူမ သေချာပေါက် ရှုံးပေလိမ့်မယ် ။
“စ”
အစွန်းက ကောင်မလေး တစ်ယောက်က အော်လိုက် ပါတယ် ။ သူတို့ အားလုံးဟာ ဝုကွမ်ချင် ကို တော်တော် လေးစားနေကြတာ ဖြစ်ပြီး ၎င်းတို့ရဲ့ အမတော်ကြီးသာ ဒီ ပွဲမှာ နိုင်မယ်လို့ ယုံကြည်နေကြတယ် ။
အတွေး ဟာ လှသလောက် ၊ လက်တွေ့ မှာတော့ အကျဉ်းတန်လွန်း လှပါတယ် ။
သူမ၏ ပထမဆုံး တိုက်ကွက် အနေနဲ့ ကောင်မလေး ဟာ မီးချီဓာတ်များကို အသုံးပြုကာ ကောင်းမွန်လှတဲ့ တိုက်ကွက်ဖြင့် တိုက်ခိုက်တယ် ။ ဒီတိုက်ကွက် ဟာ မြေကြီးအဆင့်တော့ ရှိလိမ့်မယ်လို့ ချန်ရှန် ခန့်မှန်းမိပါ တယ် ။ ၎င်းဟာ ထူးကဲလှတယ့် ပုံဆောင်ခဲ တိုက်ကွက် ဖြစ်ပြီး သူမဟာ ပုံဆောင်ခဲကို လှပစွာ ထုတ်လိုက်တယ့် အခါ မှာ သူမ၏ ပတ်ပတ်လည်တွင် မီးများဟာ ကခုန်နေ ကြပါတော့တယ် ။ ပူပြင်းလှတယ့် မီးတောက်များဟာ သူမ၏ ပုံဆောင်ခဲမှ အဆတ်မပြတ် ထွက်နေပြီး ကြည့်ရှု နေသူများဟာ ကျယ်လောင်စွာ အားပေးနေကြတယ် ။
ချန်ရှန် သူ ၏ လက်နှစ်ဖက်ကို နောက်ပစ်လိုက်တယ် ။ မြေကြီးပေါ် တည်ငြိမ်စွာ ရပ်နေပြီး စိုက်ကြည့်နေပါတယ် ။ သူဝန်ခံရမှာတစ်ခုကတော့ ကောင်မလေး ၏ တိုက်ကွက် စွမ်းရည်ဟာ တကယ်ကို လှပလှတဲ့ လှုပ်ရှားမှု ဖြစ်တယ် ဆိုတာပါပဲ ။ ဒါပေမယ့် ယှဉ်ပြိုင်ခြင်းမှာ အားအင်သာ အဓိက ပါ ၊ လှုပ်ရှားမှု ကောင်းသည် ဆိုးသည်ဆိုတာက အရေးမကြီးပဲ ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် တိုက် နိုင်သလဲဆိုတာသာ အရေးကြီးတာပါ ။ ဒါကို သဘော ပေါက်ပါက ရန်သူကို လွယ်ကူစွာ ရင်ဆိုင်နိုင်ပါလိ့မ်မယ် ။
ဝုကွမ်ချင် ဟာ လက်ရာမြောက်လှတယ့် ပျံလွှားငှက် လေးနဲ့ တူပါတယ် ။ သူမ၏ ပုံဆောင်ခဲများကို အဆက်မ ပြတ် လှုပ်ရှားလျက် အတိုင်းအဆမရှိတဲ့ မီးများကို ဖန်တီး ရင်း ချန်ရှန် ဆီ လာနေပါတယ် ။ မျက်စိ တမှိတ် အတွင်းမှာ ပဲ ချီလှိုင်းများဟာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ချန်ရှန် အား တိုက်ခတ်သွားပါတော့တယ် ။
လူတိုင်းဟာ ချန်ရှန်တော့ တော်တော် ထိသွားပြီ လို့ ထင်သွားကြတယ် ။ ဒါပေမယ့် မီးပုံဆောင်ခဲများ ချန်ရှန် ကို ထိပြီးနောက်မှာတော့ ၎င်းတို့အားလုံး သူတို့ အိပ်မက်မက် နေတယ်ဆိုတာ သိသွားကြပါတယ် ။
မီးပုံဆောင်ခဲများဟာ ချန်ရှန်ကို ထိရိုက်သွားတယ် ။ ဒါပေမယ့် ချန်ရှန်ဟာ တည်တည်ငြိမ်ငြိမ် ရပ်နေတုန်းပါပဲ ။ ယခု မီးပုံဆောင်ခဲဟာ တောင်ကြီးတစ်ခုကို တောင် ဖြို ဖျက်နိုင်စွမ်းရှိလောက်ပါတယ် ။ ဒါပေမယ့် ယခုတော့ ပျောက်ကွယ်သွားရပြီ ဖြစ်ကာ လူတိုင်းဟာ မီးပုံဆောင်ခဲ ဟာ ချန်ရှန်၏ အ၀တ်ကိုတောင် မလောင်ကျွမ်းတာကို တွေ့ လိုက်ကြရပါတယ် ။
ကောင်မလေးလည်း တော်တော်ကို အံ့အားသင့်သွား ပါတယ် ။ ဒါပေမယ့် သူမ လျင်မြန်စွာပင် စိတ်ကိုထိန်းကာ နောက်တစ်ခါ ထပ်တိုက်ဖို့ ကြိုးစားပါတယ် ။ လက်သီးများ ခြေကန်ချက်များဟာ အတူတကွ ကျရောက်လာပြီး တစ်ခု စီ တိုင်းတွင် ပြင်းထန်သောချီငွေ့ များအား ထည့်သွင်းထား တာပဲ ဖြစ်တယ် ။ ပွဲကြည့်ပရိသတ်အားလုံး နောက်ကို ဆုတ်သွားကြပြီး ဝုကွမ်ချင် ၏ တိုက်ကွက်များကြောင့် ချွေး များပင် ထွက်လို့နေကြပါတယ် ။
ဒါပေမယ့်လည်း ခုနကလိုပါပဲ ။ ၎င်းတိုက်ကွက်များ သည်လည်း ချန်ရှန်ကို နည်းနည်းလေးမျှ နှောက်ယှက် နိုင် ခြင်းမရှိပါတော့ချေ . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset