အပိုင်း ၂၂၁•၃
” ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ဆက်ခံသူ ”
°°°
” ဦးတည်ရာတစ်ခုထဲကိုပဲအာရုံစိုက်ဖို့အကြံပြုချင်တယ်..အကယ်၍ စိတ်၀ိညာဥ်တွေရဲ့အင်အားက ပေါင်းစည်းတဲ့ဖြစ်စဥ်မှာချိတ်ပိတ်ထားနိုင်တယ်ဆိုရင် ၀ိညာဥ်ပညာရှင်က ဒုတိယပေါင်းစည်းမှုလုပ်တဲ့အချိန်မှာ နောက်ထပ်၀ိညာဥ်စွမ်းရည်တွေကို ထပ်ပြီပေါင်းထည့်နိုင်လိမ့်မယ်. ”
” အကယ်၍ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ၀ိညာဥ်စက်ကွင်းက ၀ိညာဥ်ပညာရှင်တစ်ယောက်ကို ၀ိညာဥ်စွမ်းရည်တွေအများကြီးပေးနိုင်လိမ့်မယ်…ငါတို့လဲ ၀ိညာဥ်သားရဲကောင်ကိုအမဲလိုက်တဲ့နှုန်းထားက လျော့ကျသွားလိမ့်မယ်…၀ိညာဥ်ပညာရှင်တွေက စိတ်၀ိညာဥ်တစ်ခုကနေ ၀ိညာဥ်စက်ကွင်းတွေအများကြီးရနိုင်ပြီဆိုတာကို မင်းသက်သေပြပြီးသားပဲမဟုတ်လား “:
ဟို့ယွိဟောင်လဲ အံ့ဩထိတ်လန့်နေခဲ့ပါတယ်။ အကြီးအကဲရွှမ်လဲ ပင်လယ်နတ်ဘုရားခန်းမဆောင်သခင်နေရာနဲ့ ထိုက်တန်တဲ့သူပါ။ ဟို့ယွိဟောင်အတွက် ရှာဖွေရမဲ့လမ်းကိုရိုးရှင်းတဲ့စကားလုံးတွေအသုံးပြုရင်းနဲ့ လမ်းညွှန်ပြသပေးလိုက်ပါပြီ။ ဟို့ယွိဟောင်က တကယ်ပဲ အတွေ့အကြုံနည်းလွန်ပါသေးတယ်။
” ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်…ဒါ့အပြင် ကျောင်းတော်ကိုချိတ်ပိတ်တဲ့မန္တန်လဲ ပေးအပ်မှာပါ ”
ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်းပြန်ဖြေလိုက်ပါတယ်။ ဟို့ယွိဟောင် ပြောချိန်မှာတော့ အားလုံးက အံ့အားသင့်သွားခဲ့ပါပြီ သူတို့တွေတစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း တအံ့တဩဖြစ်နေကြတာကို အထင်သားမြင်နေခဲ့ရပါတယ်။
အကြီးအကဲရွှမ်က အစည်းအဝေးပွဲကိုသိမ်းတော့မလိုပြင်နေခဲ့ပေမဲ့ဒီစကားကိုကြားချိန်မှာ နောက်တစ်ကြိမ်ပြန်ထိုင်လိုက်ရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ယွိဟောင် ဒီကိစ္စကိုမင်းသေချာစဥ်းစားဖို့လိုလိမ့်မယ် ”
အခုစကားကိုပြောနေချိန်မှာအကြီးအကဲရွှမ်က အရမ်းကိုတည်ကြည်လေးနက်လွန်ပါတယ်။ အကြီးအကဲတွေအားလုံးကလဲ ဟို့ယွိဟောင်ဆီကို အာရုံစိုက်နေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ တကယ်ကိုမြန်မြန်ဆန်ဆန်ပြန်ဖြေလာခဲ့ပါတယ်။
” အကြီးအကဲရွှမ်နဲ့ အကြီးအကဲတို့ ကျွန်တော်ဒါကိုသေချာစဥ်းစားပြီးပါပြီ ကျွန်တော်က မိသားစုမရှိတဲ့မိဘမဲ့တစ်ယောက်ပါ ဒါ့အပြင် ဒီနေ့ကျွန်တော်ရလာတာမှန်သမျှအားလုံးကို ကျောင်းတော်ကပေးအပ်ထားတာပါပဲ ကျောင်းတော်သာကျွန်တော်ကိုမြေတောင်မြောက်ပြီမမွေးမြူးပေးခဲ့ဘူးဆိုရင် ဒီနေ့အခုနေရာမှာကျွန်တော်ရှိနေမှာမဟုတ်ပါဘူး ”
” ကျွန်တော်ဒီနေရာမှာ အကောင်းဆုံးပညာရေးကိုရော ဂရုစိုက်မှုကိုရောရရှိခဲ့တဲ့အပြင် မိသားစုနွေးထွေးမှုကိုပါခံစားခဲ့ရတယ်…ဒါ့အပြင် အခုရဲ့ရလဒ်က ၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်သားရဲကောင်တွေကြားမှာရှိတဲ့ ပဋိပက္ခကိုဖြေရှင်းဖို့များ အသုံး၀င်လာမှာပါ အကယ်၍ အောင်မြင်သွားခဲ့မယ်ဆိုရင် ကျွန်တော်တို့နဲ့ ၀ိညာဥ်သားရဲကောင်တွေကြားက လုံး၀ကိုစစ်ပြေငြိမ်းသွားလိမ့်မယ်….ဒါကိုကျွန်တော်တစ်ယောက်ထဲ ဘယ်လိုများလုပ်နိုင်မှာလဲ ကျောင်းတော်ကိုပေးအပ်ဖို့ဆန္ဒရှိရုံတင်မကပါဘူး…အနာဂတ်မှာ၀ိညာဥ်ပညာရှင်တွေအားလုံးအတွက် စိတ်၀ိညာဥ်တွေဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ဖို့ ကျောင်းတော်အနေနဲ့ တစ်ခုခုဖောက်လုပ်နိုင်ဖို့လဲမျှော်လင့်ပါတယ် ”
” ယွိဟောင် မင်းဒါကိုပေးပြီတာနဲ့ ပြန်သိမ်းလို့မရတော့ဘူးဆိုတာနားလည်တယ်မလား ဒါ့အပြင် ဂါတာမန္တန်ရဲ့တန်ဖိုးကို မင်းဘယ်လိုတွက်ချက်ရမလဲဆိုတာတွေးပြီးပြီလား လုံး၀ကိုတန်ဖိုးမဖြတ်နိုင်အောင်တန်ဖိုးကြီးတယ်ဆိုတာကို မင်းသိမှာပါ ဒါ့အပြင် ကျောင်းတော်ကမင်းအတွက်ဒီသုတေသနကိုပြီးဆုံးအောင် လုပ်ပေးနိုင်ပေမဲ့လဲ ဒီလိုမျိုးတန်ဖိုးကြီးတဲ့သုတေသနအတွက် ဘာမှပြန်ပြီပေးအပ်နိုင်မှာမဟုတ်ဘူး..ငါတကယ်ပဲ စိတ်ထဲမှာမသက်မသာဖြစ်မိတယ်…မင်းအတွက် ကျောင်းတော်အတွက် မရေမတွက်နိုင်တဲ့၀ိညာဥ်လက်နက်တွေကိုပုံကြမ်းပို့ပြီတော့တောင် အများကြီးစွမ်းဆောင်ပြီးပြီ ဒီလိုမျိုးမင်းဆီကနေ တန်ကြေးရှိတဲ့အရာကို ငါတို့ဘယ်လိုများထပ်ယူနိုင်တော့မလဲ ”
” အကြီးအကဲရွှမ် ကျွန်တော်လဲဘာပြောရမှန်းမသိတော့ဘူး ..ဒါပေမယ့် ကျောင်းတော်အနေနဲ့ စိတ်၀ိညာဥ်တွေကိုထိန်းချုပ်ဖို့နည်းလမ်းတစ်ခုခုကိုရှာမယ်ဆိုတဲ့ကိစ္စက သေချာပေါက် ကိစ္စကောင်းတစ်ခုဖြစ်လာမှာလေ အကယ်၍ ကျွန်တော်လက်ထဲမှာရှိနေမယ်ဆိုရင် ကျွန်တော်အတွက်တော့ သိပ်ပြီမကောင်းတဲ့အရာတစ်ခုပါပဲ ဒါကြောင့်သာ ကျောင်းတော်ကိုပေးအပ်ထားဖို့အတွက် မျှော်လင့်ထားခဲ့တာပါ ”
” မကြာခင်ရောက်ရှိလာတော့မဲ့ အနာဂတ်မှာလဲ တစ်လောကလုံးဆီကို ကျောင်းတော်ဖက်ကနေထုတ်ပြလာဖို့အတွက် ကျွန်တော်မျှော်လင့်ပါတယ်…ဒါ့အပြင် စိတ်၀ိညာဥ်တွေကို သုတေသနလုပ်တာက ကျောင်းတော်ဘက်ကနေပဲ ပြီးပြည့်စုံအောင်လုပ်ရမှာပါ ကျွန်တော်တစ်ယောက်ထဲလုပ်လို့မဖြစ်နိုင်ပါဘူး…ဒီလိုနည်းနဲ့ကျွန်တော်ပြဿနာတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ် ”
” လာမဲ့လအနည်းငယ်အတွင်းမှာပဲ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲက မကြာခင်စတင်တော့မှာပါ ကျွန်တော်လဲ အဖွဲ့နဲ့အတူယှဥ်ပြိုင်ရပါလိမ့်မယ်..ဒါဆိုရင် စိတ်၀ိညာဥ်ကိုလဲ အသုံးပြုဖို့လိုလာလိမ့်မယ်…အကယ်၍ ကျွန်တော်ရဲ့ကိုယ်ပိုင်နည်းလမ်းတစ်ခုနဲ့သာ ဒါတွေကိုဖန်တီးပြီထိန်းချုပ်ခဲ့တယ်ဆိုတာအပြင်လူတွေသိသွားခဲ့မယ်ဆိုရင် ကျွန်တော်အတွက် အများကြီးအန္တရာယ်များသွားပါလိမ့်မယ် ”
” ကျွန်တော်က ထန်မျိုးနွယ်နဲ့ ကျောင်းတော်အတွက်ကိုပိုပြီးအကျိုးရှိမဲ့ကိစ္စတွေ လုပ်ဆောင်ချင်နေတုန်းပါပဲ ဒါ့အပြင် ကျွန်တော်ကိုအကြပ်အတည်စိုက်မဲ့အခြေအနေမျိုးရောက်သွားမှာအကြီးအကဲတို့လဲ မမြင်ချင်ကြဘူးမလား ကျောင်းတော်အနေနဲ့ကျေးဇူးပြုပြီး ဒီ၀န်ထုတ်၀န်ပိုးကို ကျွန်တော်ဆီကနေယူဆောင်ပေးဖို့မျှော်လင့်ပါတယ် ”
ဟို့ယွိဟောင်ရဲ့စကားတွေကိုကြားပြီချိန်မှာတော့ အကြီးအကဲတွေစပြီ ပြုံးရယ်လာပါတော့တယ်။ ဒါပေမယ့် လေးစားမှုကိုလဲ မဖုံးကွယ်နိုင်ပါဘူး။
ဟို့ယွိဟောင်အနေနဲ့ သူ့သုတေသနတွေအကြောင်းကိုပြောပြတဲ့အချိန်မှာ ဒီချိတ်ပိတ်တဲ့ဂါတာမန္တန်ကိုပေးအပ်ဖို့ ဘယ်အကြီးအကဲကမှ မတောင်းဆိုခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် တန်ဖိုးကြီးလွန်လို့ပါပဲ။
အကြီးအကဲရွှမ်ပြောခဲ့တဲ့အတိုင်း စိတ်၀ိညာဥ်တွေဆိုတာက ၀ိညာဥ်ပညာရှင်တွေရဲ့ အမြင်အရဘယ်လိုပဲဖြစ်ဖြစ် အဖိုးမဖြတ်နိုင်လောက်အောင်တန်ဖိုးကြီးမားလွန်လှပါတယ်။
ဒီလိုလျှို့၀ှက်ချက်မျိုးရှိနေတဲ့ ဟို့ယွိဟောင်က ဘယ်နေရာကိုပဲသွားသွား သူ့ရဲ့သူ့ခေတ်သူ့ခါမှာထိပ်သီးပညာရှင်အဖြစ်ရပ်တည်နေမှာပါ သူပြောသမျှအရာအားလုံးကမှန်ကန်နေပေမဲ့ ဒီလိုမျိုးတန်ဖိုးကြီးသုတေသနကို ပိုင်ဆိုင်ထားတဲ့လူက ကျောထောက်နောက်ခံကောင်းကောင်းရှာဖို့ဆိုတာ ဘယ်လောက်များခက်ခဲမှာမလို့လဲ။
အကြီးအကဲရွှမ်က သူ့ရဲ့ခန်းမမှာရှိသူတွေအားလုံးကို ကြည့်လိုက်ပါတော့တယ်။
” အားလုံးဘယ်လိုတွေးကြလဲ ကျောင်းတော်ကယွိဟောင်ကို ကောင်းကောင်းစောင့်ရှောက်မွေးမြူးနိုင်တယ်လို့ပဲ ငါပြောနိုင်တော့တယ်…သူကျောင်းတော်အတွက် ပြန်လည်စွမ်းဆောင်ပေးခဲ့နေတာတွေက ကျောင်းတော်အနေနဲ့ ပေးအပ်ခဲ့တာထက် အများကြီးကျော်လွန်နေပြီးပြီ ဒါ့အပြင် အခုအချိန်မှာ တန်ဖိုးကြီးတဲ့သုတေသနတစ်ခုကိုလဲ ကျောင်းတော်အတွက်ပြန်ပြီ ကမ်းလှမ်းပေးအပ်နေသေးတယ်…အမှန်အတိုင်းပြောရမယ်ဆိုရင် ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့သခင်ဖြစ်တဲ့ငါကိုယ်တောင်မှ တကယ်အတော်လေးကို စိတ်ဖိအားများမိတယ် ”
ပြောပြီတဲ့နောက် အကြီးအကဲရွှမ်လဲ ပြုံးနေခဲ့ပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကိုကြည့်ရင်း သူအတော်ကြီးဂုဏ်ယူနေခဲ့ပုံရတယ်။
အကြီးအကဲတွေအားလုံးက တိတ်ဆိတ်နေခဲ့ပါပြီ။ ဒီလိုတန်ဖိုးကြီးတဲ့သုတေသနကို အလကားယူလိုက်ရမှာက အရမ်းများလွန်ပါတယ်။ ဒါပေမယ့် ကျောင်းတော်အနေနဲ့ ဟို့ယွိဟောင်အတွက် ဘာများပေးနိုင်မှာလဲ သူ့မှာမပြည့်စုံတာဘာမှမရှိပါဘူး။ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကိုပိုင်ဆိုင်ထားတဲ့အပြင် အဆင့်မြင့်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်တောင်ဖြစ်နေခဲ့ပါပြီ။
ဟို့ယွိဟောင်က ချက်ချင်းဆိုသလို အဖြေကိုတွေးမိပါတော့တယ်။
” အကြီးအကဲရွှမ် ကျွန်တော်ဒီလိုလုပ်လို့ရပါတယ်…ကျွန်တော်ဒီသုတေသနကို ကျွန်တော်ရဲ့ဒီကျေးဇူးရှင်ဖြစ်တဲ့ ဆရာသခင်မုအန်းဆီတိုက်ရိုက်ပေးအပ်လိုက်တယ်လို့ မှတ်တမ်းတင်လို့ရတယ်…ကျွန်တော်က ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ သခင်ဟောင်းအကြီးအကဲမုဆီကို ကိုယ်စားပြုပြီး ဒီသတင်းအချက်အလက်ကို ကျွန်တော်ရဲ့သားစဥ်မြေးဆက်တစ်လျှောက် လက်ဆင့်ကမ်းပေးချင်ပါတယ်…ဆရာကဆုံးပါးသွားပြီဖြစ်တဲ့အတွက် ကျောင်းတော်ကသူချန်ရစ်ထားခဲ့သမျှအရာအားလုံးကို သေချာပေါက် မှတ်တမ်းတင်ထားမယ်မဟုတ်လား ဒီလိုမျိုးလုပ်မယ်ဆိုရင် အဆင်ပြေတယ်ဟုတ်တယ်ဟုတ် “:
” ဒါကကိုယ့်ကိုကိုယ်လှည့်စားနေတာပဲမဟုတ်ဘူးလား ဒါ့အပြင် ငါမင်းကိုနောက်ထပ်ပြောစရာမလိုတော့ဘူး…ဒီလိုမျိုးမင်းရဲ့လက်ဆောင်ကို ကျောင်းတော်ကိုယ်စားလက်ခံပေးမယ်…ဒီသုတေသနအချက်အလက်တွေအားလုံးက မင်းရဲ့အပိုင်အဖြစ် ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့စာကြည့်တိုက်ထဲမှာ မှတ်တမ်းတင်ထားလိမ့်မယ်…ငါတို့တွေက အပြင်လောကမှာတော့ ကျောင်းတော်ရဲ့သုတေသနလို့ပဲ ထုတ်ဖော်ပြသမယ်..ဒါ့အပြင် ငါရဲ့လက်ရှိပင်လယ်နတ်ဘုရားခန်းမဆောင်သခင် အဆင့်အတန်းနဲ့ မင်းကိုနောက်တက်မဲ့ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့သခင်အလျောင်အလျာအဖြစ် အတည်ပြုပေးလိုက်မယ်…ဘယ်သူတစ်ဦးတစ်ယောက်ကများ ငြင်းပယ်စရာရှိလဲ ”
ဟို့ယွိဟောင် ထိတ်လန့်လို့သွားပါတော့တယ်။ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အမွေဆက်ခံသူလား ဒါဆိုရင်အကြီးအကဲရွှမ်အနေနဲ့ ပင်လယ်နတ်ဘုရားခန်းမဆောင်သခင်အဖြစ် တာ၀န်ကိုပြီးမြောက်သွားပြီပြီဆိုရင်ရော ဟို့ယွိဟောင်က သူ့နေရာကို၀င်ယူရတော့မှာလား။ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ သခင်ဆိုတာ ကျောင်းတော်ထဲမှာ အမြင့်ဆုံးဩဇာအာဏာအရှိန်အ၀ါကိုပိုင်ဆိုင်ထားတဲ့သူပါ။
” အကြီးအကဲရွှမ် ဒါမျိုးမလုပ်သင့်ပါဘူး..ကျွန်တော်ကအရည်အချင်းမပြည့်မီသေးပါဘူး ”
ဟို့ယွိဟောင်က ကမန်းကတန်းငြင်းပါတော့တယ်။
သူကပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ဆရာသခင်ဖြစ်နိုင်ဖို့ သူ့မှာဘယ်လိုလုပ်အရည်အချင်းရှိတယ်လို့ထင်နိုင်မှာလဲ အကြီးအကဲရဲ့ အသက်အရွယ်ကိုပဲကြည့်ပါဦး ဟို့ယွိဟောင်က အခုမှအသက်နှစ်ဆယ်သာရှိသေးတာပါ တကယ်တမ်းမှာတော့ ဒီနေရာကိုဆက်ခံဖို့ အသင့်တော်ဆုံးသူက ရန်ရှောင်ကျဲ့ပဲဖြစ်ပါလိမ့်မယ်။ ရန်ရှောင်ကျဲ့ကအသက်နှစ်တစ်ရာကျော်နေပြီဖြစ်တဲ့အပြင် သူ့အလှည့်ပြီတော့မှ ဟို့ယွိဟောင်ကို လက်ဆင့်ကမ်းပေးမယ်ဆိုရင်တောင် ဟို့ယွိဟောင်က အသက်ငါးဆယ်ခြောက်ဆယ်သာရှိဦးမှာပါ။
” မင်းကဘာဖြစ်လို့ အရည်အချင်းမပြည့်မီရမှာလဲ ကျောင်းတော်ထဲကအကြီးအကဲတွေအားလုံးကို မင်းရဲ့စွမ်းဆောင်မှုအကြောင်းနဲ့ အရည်အချင်းပြည့်မီမပြည့်မီမေးကြည့်လိုက်ပါဦး ဘယ်သူကမှကျောင်းတော်အတွက် မင်းလောက်စွမ်းဆောင်ထားတာမရှိဘူး ”
” ဒါကြောင့် ဆုလာဘ်ပေးတဲ့နေရာမှာ မင်းကအားလုံးထက်ပိုရသင့်တယ်…ဒါ့အပြင် ငါမင်းကိုတစ်ခုမပြောရသေးဘူး…အကြီးအကဲမု သက်ရှိထင်ရှားရှိတဲ့အချိန်ကထဲက မင်းကိုပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့နောက်အမွေဆက်ခံမဲ့အလျောင်အလျာကိုသူကိုယ်တိုင်းအတည်ပြုပြီးသွားပြီ မင်းရဲ့အသက်အရွယ်က ငယ်လွန်သေးတာကြောင့်သာ ငါထုတ်ဖော်မပြောကြားခဲ့တာ ဒါပေမယ့် အခုတော့မင်းကငါ့ကိုဒီတစ်ကြိမ်မှာ ဖိအားပေးနေပြီလေ ”
ဟို့ယွိဟောင်လဲ ရုတ်တရက် ကျန်းလဲ့ရွှမ်ကိုကြည့်လိုက်မိပါတယ်။ ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာ သူမက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အမွေဆက်ခံသူလို့ထင်ခဲ့တာပါ ဒါ့အပြင် အတွင်းနယ်မြေထဲမှာ ထိပ်တန်းပါရမီရှင်အဖြစ်အသိအမှတ်ပြုခံရတယ်ဆိုတာက သာမန်မဟုတ်နိုင်ပါဘူး။
သူမက အသက်သုံးဆယ်ကျော်နေပြီဖြစ်သလို ၀ိညာဥ်စက်ကွင်းရှစ်ကွင်းလဲရှိနေပါပြီ။ ဘွဲ့အမည်ခံသော့်လော့တစ်ယောက်ဖြစ်ဖို့ သိပ်ပြီမဝေးတော့ပါဘူး။ ဘာကြောင့်များ အတွင်းနယ်မြေတပည့်သားတွေက သူ့ကိုဒီလောက်အထိ လေးစားလာနေခဲ့ကြတာလဲဆိုရင် ရုပ်ရည်ချောမောရုံတင်မကပဲ တကယ်အစွမ်းအစရှိတဲ့သူတစ်ယောက်ဖြစ်နေခဲ့လို့ပါ။
” လဲ့ရွှမ်ကို သွားမကြည့်နဲ့ လဲ့ရွှမ်က ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အစားထိုးအမွေဆက်ခံသူအဖြစ် မွေးမြူးခံထားရတဲ့သူ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့သခင်နေရာက အရမ်းကိုအရေးကြီးတယ်…ဒါကြောင့် အရာအားလုံးကိုသူတစ်ယောက်ထဲနဲ့လဲ ဆုံးဖြတ်ခွင့်မရှိဘူး ”
ကျန်းလဲ့ရွှမ်က ပြုံးပြလို့နေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အမူအရာကတော့ သိပ်ပြီပြောင်းသွားတဲ့ပုံမပေါ်ပါဘူး။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်အာရုံခံနိုင်စွမ်းက အရမ်းကိုထက်မြက်တိကျပါတယ်။ ဒါကြောင့် သူမတကယ်ပဲ စိတ်ခံစားချက်အပြောင်းအလဲမရှိဘူးဆိုတာ သူအာရုံခံနိုင်နေခဲ့တယ်။
” အားလုံးပဲ ငြင်းဆိုမဲ့သူရှိပါသလား ”
အကြီးအကဲရွှမ်က ထပ်ပြီမေးလိုက်ပါတယ်။ တကယ်ပဲဘယ်သူမှမပြောလာခဲ့ပါဘူး။ ဟို့ယွိဟောင်က ပင်လယ်နတ်ဘုရားကံကြမ္မာမှာ သူ့ရဲ့အစွမ်းအစတွေကို ထုတ်ဖော်ပြသခဲ့ပြီသားပါ။ ဒါ့အပြင် ၀မ်သုန့်အယ်နဲ့ ပူးပေါင်းရင်းအတွင်းနယ်မြေတပည့်သားငါးယောက်ကို ဖိနှိမ့်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ စွမ်းအားတွေရဲ့ဓာတ်သဘောဓာတ်သဘာ၀အရအားသာချက်ရှိကြပေမဲ့ သူ့အစွမ်းအစကိုအားလုံးက အသိအမှတ်ပြုပြီသားပါ။
အမြွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့အပြင် အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကိုပိုင်ဆိုင်ထားတဲ့သူက တကယ်ပါရမီရှင်ပါပဲ။ ဒါ့အပြင် ကျောင်းတော်ကိုမိသားစုအဖြစ်မှတ်ယူထားပြီ ဒီလိုအရေးကြီးတဲ့ရှာဖွေမှုအားလုံးကို ကျောင်းတော်ဆီအပြည့်အ၀ပေးအပ်နေခဲ့တာပါ။စည်းကမ်းတင်းကြပ်တဲ့အကြီးအကဲတွေတောင် သူ့ကိုပြစ်ချက်ရှာလို့မတွေ့နိုင်ပါဘူး။
” ကောင်းပြီ နောက်ထပ်အကြံပြုစရာမရှိဘူးဆိုမှတော့ ငါတို့မဲခွဲဆုံးဖြတ်ကြမယ်…ငါနဲ့အတူသဘောတူတဲ့သူတွေ လက်မြောက်လိုက်ကြပါ ”
ဟို့ယွိဟောင်ကလွဲပြီ ကျန်ရစ်တဲ့ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အဖွဲ့၀င်တွေအားလုံးက လက်မြောက်လိုက်ပါတယ်။ အကြီးအကဲရွှမ်ရဲ့ အတည်ပြုချက်ကို အားလုံးအပြည့်အ၀သဘောတူတယ်လို့ ဆိုလိုတာပါပဲ။
အစပိုင်းမှာတော့ ဟို့ယွိဟောင်က ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ရိုးရှင်းတဲ့အဖွဲ့၀င်တစ်ယောက်မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ဇစ်မြစ်ကို ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အပြင်ဘက်မှာကြော်ငြာထားချင်းမရှိပေမဲ့လဲ ကျောင်းတော်ထဲမှာရှိတဲ့ အဆင့်အတန်းကတော့ သိသိသာသာကိုတိုးတက်လို့သွားခဲ့ပါပြီ။
” ယွိဟောင် မင်းမှတ်တမ်းတင်ပြီတဲ့နောက်မှာ သုတေသနအချက်အလက်တွေအားလုံးကို ငါဆီတိုက်ရိုက်ပေးအပ်လို့ရတယ်…ဒါကိုစာကြည့်တိုက်ထဲမှာ အနီရောင်အဆင့်လျှို့၀ှက်မှတ်တမ်းအဖြစ် ထိန်းသိမ်းထားလိမ့်မယ်..ဒါကိုအနာဂတ်မှာဖတ်ချင်တဲ့ဘယ်သူမဆို သေချာပေါက် အစည်းအဝေးတစ်ခုကိုဖြတ်သန်းပြီတော့မှ အကြံအညံတင်ခွင့်တောင်းခံလို့ရလိမ့်မယ် ”
အကြီးအကဲတွေအားလုံးကလဲ ဒီအကြံပြုချက်ကိုသဘောတူကြပါတယ်။ အခုသုတေသနကအရမ်းကို အရေးကြီးလွန်လှတဲ့အတွက် ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အစောင့်အကြပ်တင်းကြပ်ဆုံးစာကြည့်တိုက်နေရာမှာ ထိန်းသိမ်းထားမှရမှာပါ။ ဒါ့အပြင် အသင့်တော်ဆုံးနေရာလဲ ဖြစ်နေခဲ့ပါသေးတယ်။
ဟို့ယွိဟောင်လဲ ချက်ချင်းခေါင်းညိတ်လိုက်ပြီ စိတ်ထဲလဲပေါ့ပါးလို့သွားခဲ့ရပါပြီ။ အခုလက်ရှိအချိန်မှာ သူ့စိတ်ထဲအတွေးတစ်ခုသာရှိပါတော့တယ်။ မိသားစုရှိတယ်ဆိုတာတကယ်ကောင်းတာပဲ ကျောင်းတော်သာရှိနေမယ်ဆိုရင် သူကတစ်ယောက်ထဲအထီးကျန်ရတော့မှာမဟုတ်ပါဘူး။ ဒါ့အပြင် သုတေသနရဲ့ဖိအားကလဲကြီးမားလွန်တဲ့အတွက် သူ့ရဲ့တန်ဖိုးနဲ့လိုက်ဖက်အောင်အန္တရာယ်ကလဲ များနေမှာပါ ကျောင်းတော်ဆီကိုပေးအပ်လိုက်တာက သေချာပေါက်အကောင်းဆုံးရွေးချယ်မှုပါပဲ။
” အစည်းအဝေးသိမ်းကြတော့မယ် ”
ဟို့ယွိဟောင်လဲ ချက်ချင်းထရပ်လိုက်ပြီ အကြီးအကဲတွေထွက်သွားတာကို ကြည့်နေခဲ့ရပါတော့တယ်။ သူတို့တွေအားလုံးထွက်သွားပြီမှသာ သူလဲပြန်လာခဲ့တော့တယ်။
အပိုင်း ၂၂၁•၃ ပြီး၏။