Switch Mode

Chapter – 111

ဆရာတူဦးလေး

Chapter – 111 ဆရာတူဦးလေး

ယခု တွင်းနက်ကြီးထဲကို ၀င်ပြီးနောက်မှာ စွမ်းအင်များ ဟာ ထိန်းချုပ်ခြင်း ခံထားရပြီး ပျံသန်းလို့လည်း မရပါဘူး ။ ဂိုဏ်းချုပ်ဟောင် ဟွမ်ဂျိရှန် တောင် တကယ်ကို ဘာမှ မလုပ်နိုင်ပါ ။ ယခုအခါ ကန့်သတ်နယ်မြေ၏ ထိန်းချုပ်မှု များဟာ ဂိုဏ်းချုပ်သစ်၏ စီမံမှုအောက်မှာ ရောက်နေတာ ပဲ ဖြစ်ပါတယ် ။
ဆရာကြီး ဝု ၏ စကားကို ကြားတယ့်အခါ ချန်ရှန် တော် တော် ပျော်သွားပါတယ် ။ သူ့ဘ၀ တစ်ခုလုံးကို ဒီ တွင်းကြီး ထဲမှာ အချိန်မကုန်ချင်ပါ ။
“ဆရာ ၊ ကျွန် . . .”
စကားပင် မဆုံးလိုက်ပါ ။ သူ၏ တင်ပါးမှာ နာကျင်မှု တစ်ခု ခံစားလိ်ုက်ရပြီး သူ့ကိုယ်လည်း လွင့်ထွက်သွားပါ တယ် ။ သူ့ကို လေထဲကန်လိုက်တာဟာ ဟွမ်းဂျိရှန် ဖြစ် တာကြောင့် သူတော်တော် အံ့သြသွားတယ် ။
ချန်ရှန် ဟာ စကားလုံးတွေ အများကြီးတွေးထားတာပါ ၊ ဆရာကို ပြန်ခါနီး သေချာ ဂါရ၀ ပြုကာ နှုတ်ဆက်မယ်လို့ တွေးထားပေမယ့် အခုတော့ သူ့အစီစဉ်တောင် မချလိုက် ရသေးခင်မှာပဲ သူ့ဆရာက တစ်ချက်ပြီး တစ်ချက် ကန်နေ တာကြောင့် သူပင် ဒေါသနည်းနည်း ထွက်သွားပါတော့ တယ် ။
ဒီလိုနဲ့ ချန်ရှန်ဟာ အရှိန်ပြင်းစွာဖြင့် တက်လိုက်ကျ လိုက် ဖြစ်နေပြီး နောက်ဆုံးတစ်ချက် ကန်ခြင်းကို ခံလိုက် ရတယ့် အခါမှာတော့ အပြင်ရောက်သွာပါပြီ ။ သူလည်း တော်တော့ကို နာကျင်လျက် ရှိပါတော့တယ် ။
ချန်ရှန် ကတုံး နဲ့ လူကြီးတစ်ယောက် ပျော်ရွှင်သော မျက်နာထားဖြင့် သူ့ဆီ လျှောက်လာတာကို တွေ့ လိုက်ရပါ တယ် ။
“ကောင်းတယ်ဟေ့ ၊ မင်း ထွက်လာမယ်လို့ မမျှော်လင့် မိခဲ့ဘူး”
ဆရာကြီး ဝု က ပြောတာပါ ။
ဆရာကြီး ဝု နဲ့ အတူ လူတစ်ယောက်လည်း ပါပါတယ် ၊ ထိုလူဟာ အသက်ငယ်ငယ် သာ ရှိသေးကာ သာမန် ထက် ထူးခြားလို့နေတယ် ။ ချောမောလှပပြီး မီးခိုးရောင် ၀တ်ရုံကို ၀တ်ဆင်ထားကာအပြုံးတစ်ခု ကို သူ၏ မျက်နာ ပေါ်တွင် မြင်နေရပါတယ် ။ ချန်ရှန် အကြည့်တစ်ချက်နဲ့ပင် ဒီလူ ဟာ ဂိုဏ်းချုပ် ဂုဒွန်ချန် ဆိုတာ သိလိုက်တယ် ။
“ဟဲဟဲ ၊ ဂိုဏ်းချုပ်ကို အရိုအသေ မပေးသေးဘူးလား”
ဆရာကြီးဝု ရယ်မော ပြောဆိုလိုက်တယ် ။
ဂိုဏ်းချုပ်ဟာ ဒီလို ငယ်ရွယ် ချောမောတယ့် လူဖြစ် မယ်လို့ ချန်ရှန် မထင်မိခဲ့ပါ ။ ချန်ရှန် ရုတ်တရက်ခံစား မိ လိုက်တာက ဂိုဏ်းရဲ့ အချောဆုံးစာရင်းမှာဆိုပါက ဒီလူ ပထမရလောက်တယ် လို့ ပါပဲ ။
ချန်ရှန် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ် ။ ထို့ နောက် မတ်တပ်ရပ်ပြီး ဖုန်များကို ခါကာ အပြုံးဖြင့် –
“အောက်မှာ ကျွန်တော် ဘယ်သူနဲ့တွေ့ ခဲ့တယ် ထင် လဲ ဗျ”
“ခန့်မှန်း ခိုင်းနေသေးတုန်းပေါ့ ၊ ဟုတ်ပြီ ဟို လူအိုကြီး လား ။မင်းကို တော့ မနှိပ်စက်ဘူးမလား”
ဂိုဏ်းချုပ် နည်းနည်း မျက်လုံးပြူးသွားတယ် ။ အဘယ် ကြောင့်ဆိုသော် ချန်ရှန်ဟာ သူ့ကိုတောင် မနှုတ်ဆက်ပဲ ချန်ရှန် ပုံစံမှာ အရိုအသေပေးဖို့ စိတ်မ၀င်စားပုံပင် ။
ချန်ရှန်လည်း လျှို့ ဝှက်စွာ ပြုံးပြီး –
“အဲဒိ လူအိုကြီးက ကျွန်တော့ကို သူ့ တပည့်အဖြစ် လက်ခံခဲ့တယ် ။ စီနီယာ အနေနဲ့ စဉ်းစားမယ်ဆို ခင်ဗျား သာ ကျွန်တော့ကို ဦးလေးလို့ ခေါ်ပြီး အရိုအသေ ပေးသင့် တာ မဟုတ်ဘူးလား”
(ယခု နေရာဟာ အနည်းငယ် ရှုပ်သွားနိုင်ပါတယ် ။ ယခု ဂိုဏ်းချုပ် ၊ ဆေးဆရာမကြီး နှင့် ဆရာကြီး ဝု တို့ဟာ ပညာသင်မြေးအဆင့်လို့ ဖော်ပြခဲ့ပါတယ် ။ တကယ်တော့ ပညာသင် မြေးဆိုတာ ဟွမ်ဂျိရှန် ဆီမှာ တိုက်ရိုက် ပညာ သင်ခဲ့ကြရတာ မဟုတ်ပေ ။ ၎င်းတို့၏ ဆရာ များသာ ထို ဂိုဏ်းချုပ်ဟောင်း၏ တပည့်များ ဖြစ်တာပါ ။ အဲဒိ အတွက် ဂိုဏ်းချုပ် ဟောင်းနဲ့ ယခု ၃ ယောက်ဟာ မြေးအဆင့်လို့ ပြောတာပဲ ဖြစ်တယ် ။ ချန်ရှန် ကတော့ ဂိုဏ်းချုပ်ဟောင်း ဆီမှ တိုက်ရိုက်သင်ကြားခဲ့ရခြင်းအတွက် ဦးလေး ဟု သတ် မှတ်လိုက်ခြင်း ဖြစ်ပါတယ် )
ဆရာကြီး ဝု နဲ့ ဂိုဏ်းချုပ်တို့ တုန်လှုပ်သွားကြတယ် ။ သံသယ လည်း နည်းနည်း ၀င်သွားကြပါတယ် ။ ဂုဒွန်ချန် က တစ်ခုခု ပြောရန်ပြင်သောအခါ ချန်ရှန် မှ သွေးသစ္စာ စာ ရွက်ကို ထုတ်ပြကာ –
“တွေ့ တယ်နော် ၊ ကျွန်တော် ခင်ဗျားတို့ကို ညာနေတာ မဟုတ်ဘူး”
ချန်ရှန် ပြုံးဖြီးဖြီးဖြင့် ပြောလိုက်တယ် ။ တဖက်မှ ဆရာ ကြီး ဝု နဲ့ ဂိုဏ်းချုပ်တို့ဟာ စာချုပ်ကို မြင်ပြီး နောက်မှာ စိတ် ထဲမှ ကျိန်ဆဲနေကြတယ် ။
“အေးဆေးပေါ့ ၊ လူရှေ့ မှာတော့ ကျွန်တော်က ခင်ဗျား တို့ကို ဂိုဏ်းချုပ် ၊ ဆရာကြီး ဆိုပြီး ခေါ်မယ် ။ ၁ ယောက်ချင်း ဆုံတဲ့အခါကျရင်တော့ ကျွန်တော့ကို ဦးလေး လို့ ခေါ်ကြပေ့ါ”
ချန်ရှန် ကျယ်လောင်စွာ ရယ်မောလိုက်တယ် ။ သူ၏ ရယ်သံမှာ ဂိုဏ်းချုပ်ဟောင်း၏ ရယ်သံနဲ့ပင် တူနေပါသေး တယ် ။
ဆရာကြီး ဝု နဲ့ ဂိုဏ်းချုပ်တို့ ချန်ရှန်ကို သေအောင် ရိုက်ချင်နေတယ် ။ ဒါပေမယ့် သူ့ ချန်ရှန် နဲ့ ဂိုဏ်းချုပ် ဟောင်းကို ကျိန်ဆဲနေမိတယ် ။ ဒါပေမယ့် တချိန်တည်းမှာ ပဲ အံ့လည်း အံ့သြနေကြတယ် ။ ဟွမ်ဂျိရှန် ၏ တပည့် ဖြစ် ဖို့ လိုအပ်ချက်တွေကို သူတို့ သိလို့ပါပဲ ။ ထိုလူ ၏ တပည့် တစ်ယောက်ဆို ဆရာထက်ပင် အစွမ်းထက်သွားကာ ကောင်းကင်နယ်ပယ်ကိုပါ ရောက်လျက် ရှိနေတယ် ။ ထိုလူဟာ ချန်ဝူ နယ်မြေတစ်ခုလုံး၏ ဒဏ္ဍာရီ သူရဲကောင်း ပါပဲ ။
သူတို့ စ်ိတ်ထဲ ချန်ရှန်တော့ အဖိုးကြီးဆီမှ နတ်ကျင့်စဉ် ရလာပြီဆိုတာ သဘောပေါက်သွားကြတယ် ။ ကံဆိုးစွာ ပင် ၎င်းတို့ဟာတော့ ဒီလို နတ်ကျင့်စဉ်အား မကျင့်နိုင်ပါပေ ၊ သူတို့ လေ့ကျင့်ခဲ့ဖူးပြီးလို့ပါပဲ ။
ဂိုဏ်းချုပ်ဟောင်း၏ တပည့်များကိုတော့ သူတို့ ၂ ယောက် တကယ်ကို လေးစားကြပါတယ် ။ ဒါပေမယ့် ယခု အသက် ၂၀ တောင် မပြည့်သေးသည့် ချာတိတ်လေးအား ဦးလေးလို့ ခေါ်ရမည့်အရာဟာ သူတို့အတွက် တော်တော် ခက်ခဲနေတာပါ ။ ဒါပေမယ့်လည်း စီနီယာ ဆိုတဲ့အသိကို တော့ ၀န်ခံရပါပေမည် ။
ချန်ရှန် လက်ကိုနောက်ပစ်လျက် လူကြီးတစ်ယောက် ကဲ့သို့ ၎င်းတို့ ၂ ယောက်အား ကြည့်နေတယ် ။ ချန်ရှန် နေရာ တစ်ယောက်ယောက် သာဆိုပါက အဲဒိနေရာတင် ပင် အမှုန့် ဖြစ်သွားလောက်ပါတယ် ။
“ခင်ဗျားတို့ လက်မခံရင်လည်း မေ့လိုက်ပါတော့ ၊ တကယ်လို့ နောင်အနာဂတ်မှာ ကျွန်တော့ စီနီယာ အကိုတွေ နဲ့ တွေ့ ရင်တော့ ကျွန်တော် လဲ ခင်ဗျားတို့လို နေမယ် ၊ သူတို့မေးမှသာ အကျိုးကြောင်းပြောရမှာပဲ”
ချန်ရှန် ခေါင်းခါကာ သက်ပြင်းချလိုက်တယ် ။
ဆရာကြီး ၀ုတို့ တော်တော် တင်းနေကြပါပြီ ။
ဆရာကြီး ဝု က ၀န်ခံရပါမယ် ။ သူဟာ အနာဂတ်မှာ ကောင်းကင်အဆင့်ကို သွားနိင်ကောင်း သွားနိုင်ခဲ့ပါက သူ့ ဆရာနဲ့ တွေ့ ပါလိ့မ်မယ် ။ အဲဒိအချိန်မှာ ချန်ရှန်သာ သူ၏ ဆရာကို တခုခု ပြောထားပါက သူ့အတွက် တော်တော် ခက်ခဲမှာပါ ။ သူ၏ ဆရာဟာ အရမ်းစည်းကမ်းတင်းကြပ် လှလို့ပါပဲ ။
“ဦးရီးတော်လေး ၊ မင်းအခုကျေနပ်ပြီလား”
ဆရာကြီးဝု က ပြောပြီး ပြုံးကာ ဂိုဏ်းချုပ်အား ကြည့် လိုက်ပါတယ် ။
“ဒါကို သာ အစောထဲက သိရင် ငါတို့မင်းကို လွှတ် မှာ မဟုတ်ဘူး ။ အဲအခါကျ အောက်က လူကြီးနဲ့လည်း မင်းတွေ့ လိမ့်မှာ မဟုတ်ဘူး”
ဂိုဏ်းချုပ်က ခပ်လှောင် လှောင် ပြောလိုက်တယ် ။
“ဦးရီးတော်လေး ၊ မင်းခု အေးဆေးပဲမလား ၊ ဆရာမ ထွက်လာတာကို စောင့်ကြမယ် ။ သူမင်းနဲ့ ဘယ်လို ဆက် ဆံမလဲ ကြည့်ကြစို့”
ချန်ရှန် သူ၏ မျက်နာမှာ ခပ်ပြုံးပြုံး အပြုံးတစ်ခု ဖြစ်ပေါ် သွားတယ် ။ ၎င်းတို့ သူ့ကို ဒီလိုခေါ်နေတာကို နားထောင် ရင်း ကျေနပ်နေမိတယ် ။
“ဒါက နောက်ကိစ္စပါ ။ အေးဆေးပေါ့ ၊ ဘာပဲ ဖြစ်ဖြစ် သူမ လက်ခံခံ မခံခံ နောက်ဆုံးတော့ ခင်ဗျားတို့အားလုံး ဟာ ကျွန်တော့ရဲ့ တူလေးတူမလေးတွေပါ”
ချန်ရှန် ကျယ်လောင်စွာ ရယ်မော ပြောဆိုပါတယ် ။
“ဟားးးဟားးဟားး ၊ ကတုံးလေး ၊ ငတုံးကောင်လေး . . .”
ဆရာကြီး ဝု တော်တော် ဒေါသထွက်နေတယ် ။ သူ့ကို ဒီလိုခေါ်ဝံ့တာဟာ သူ့ဆရာနဲ့ ဂိုဏ်းချုပ်ဟောင်းတို့သာ ရှိတာပါ ။ ဂိုဏ်းချုပ်ကတော့ တိတ်တိတ်ပဲ ရှိနေတယ်။ ဒီလို အသက် ၂၀ ၀န်းကျင်ကောင်လေးက သူ့တို့ရှေ့ မှာပင် ဒီလို ခေါ်နေတာကြောင့် ချန်ရှန် တင်ပါးအား ကန်ချင်နေကြပါပြီ။
ချန်ရှန်ကို ထပ်မခေါ်ချင်တော့တာကြောင့် ဆရာကြီး ဝု နဲ့ ဂိုဏ်းချုပ်တို့ဟာ ခပ်မြန်မြန်ပဲ လျှောက်လာကြတယ် ။ စက္ကန့် အနည်းငယ်အတွင်းမှာပဲ ၎င်းတို့ဟာ လျို့ ဝှက်ဆန်း ကြယ် နယ်ပယ်ထဲမှ ထွက်လာကြပြီး ချန်ရှန်ကတော့ နေခဲ့ ကာ ခဏနားနေပါတယ် ။ ထို့နောက်မှာတော့ အမှတ် ၅၀၀ ခြံဝန်းဘက်သို့ ထွက်လာပါတော့တယ် ။
နေရောင်ခြည်ကို မြင်ရတာ သူ့ကိုသူ တဖန်ပြန်မွေးဖွား လာသလို ခံစားမိပါတယ် ။ သူ့ပုံစံဟာ ပျော်နေပြီး သူ ကန့်သတ်နယ်မြေမှာ နေပြီး ကတည်းက သူ၏ အားအင် များဟာ တိုးပွားလာသလိုပါပဲ ။
သိုင်းပညာခြံဝန်းကြီးဟာ ၂ နှစ်လောက် လူသူကင်းမဲ့ နေတာကြောင့် တိတ်ဆိတ်လို့နေတယ်။ ရှောင်ဒို နဲ့ ဇုရွန် တို့ကို စောင့်ရင်း ခုံတန်းရှည်ပေါ်မှာ လှဲလျောင်လျက် နေပူ ဆာ လှုံလျက် ရှိနေတယ် ။
ပြန်လာပြီးနောက် ဆရာကြီးဝု ဟာ အတွင်းစည်း ဒုတိယစစ်ဆေးမှု အတွက် အလုပ်များလျက်ရှိတယ်ဆို တာ သိခဲ့တယ် ။ အတွင်းစည်းကို ၀င်တယ့် လူများစွာ ရှိ ပေမယ့် အမှတ် ၅၀၀ ကို ၀င်တယ့်လူက မရှိသလောက်ပါ ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ဟာ ဒီထက်မြင့်တာများ ကိုသာ ရွေးခဲ့ကြလို့ပါပဲ ။
“ဒီမှာ တစ်ယောက်ယောက် ရှိလား ၊ မြန်မြန် ထွက်ခဲ့”
မာနခပ်ကြီးကြီး အသံတစ်ခုကို ကြားလိုက်ရတယ် ။ မိန်းကလေး အသံပါပဲ ။
ချန်ရှန် ကြားပေမယ့် အာရုံမစိုက်ပဲ အရိပ်ထဲရှိ ခုံတန်း မှာသာအိပ်လို့နေတယ် ။ ကောင်မလေး ဘာလုပ်မလဲ သိချင်တာလဲ ပါပါတယ် ။
မကြာခင်မှာပဲ တစ်ယောက်တည်း မဟုတ်တာကို သိလိုက်ရတယ် ။ အုပ်စုလိုက်ကြီးပါ ၊ အားလုံးဟာ အလွန်ပဲ လှပကြပြီး ချန်ရှန်ဟာ မလှုပ်သေးပါဘူး ။
“အမှိုက် ၃ ခုက ဒီလိုနေရာကြီးတစ်ခုကို အပိုင်စီးထား တယ် ။ ဒီနေ့ ဒီမှာ ငါတို့နေကြမယ် ။ ငါတို့ ညီမတော်တွေ ညီတော်တွေကို ရှင်းခိုင်းမယ်ဟေ့”
ခေါင်းဆောင်လာသူ မိန်းကလေးက ဆိုပါတယ်။ သူမ အသံဟာ စိတ်ကြီးဝင်ကာ မာနများဖြင့် ပြည့်နေသလိုပါပဲ ။
“အမကြီး ၊ ဒီမှာ တစ်ယောက်ရှိနေတယ်”
ကောင်မလေး တစ်ယောက်ဟာ ချန်ရှန်ကို ညွှန်ပြကာ ပြောလိုက်တယ် ။
ချန်ရှန်ကို တွေ့ ပြီးနောက် သူတို့အားလုံးဟာ ချန်ရှန် နား ကို လျှောက်သွားကြတယ် ။ တစ်စုံတစ်ယောက်သာ လူရာဂဏန်းလောက် ဝိုင်းပြီး လာနေတာကို မြင်ပါက ထိတ်လန့်သွားမှဖြစ်ပြီး ချန်ရှန် ကတော့ ဟောက်သံပင် စည်းချက် ကျကျ ထွက်နေပါသေးတယ် ။
“ဟေးးးး ၊ ထစမ်း ၊ ဘယ်သူလာလဲ သိလား”
ကောင်မလေး တစ်ယောက် က ပြောပါတယ် ။
ချန်ရှန် ဟာ မသိပါ ။ ဒါပေမယ့်ထိုလူများထဲမှ အဝါ ရောင် ၀တ်ရုံဝတ် ကောင်မလေးဟာ လှပပြီး ခေါင်းဆောင် ဖြစ်ဟန် တူပါတယ် ။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ သူမ အလှဟာ ရွှီရှန်းရှန်း နဲ့ ကွင်းထဲမှ ညီမ ၂ ယောက်ကိုတော့ မမှီသေးပေဟု ကောက်ချက်ချလိုက်မိတယ် ။
ချန်ရှန် အိပ်ချင်မူးတူးနဲ့ အိပ်ချင်ယောင် ဆောင် နေ တာကို ကြည့်ရင်း ကောင်မလေး မှ ဒေါသတကြီးဖြင့် –
“ဒီလိုနေရာမှာ နေနေရတာ အံ့သြစရာ မရှိဘူး ၊ သူတို့ ဟာ အိပ်ဖို့ပဲ သိကြတာကိုး”
ပြောပြီးနောက်မှာတော့ သူမဟာ ချန်ရှန် ၏ ရင်ဘတ် ကို ရိုက်လိုက်တယ် ။ သူမ၏ အားဟာ ပျော့လှပါတယ် ။ ဒါပေမယ့် သူမရိုက်ပြီးတဲ့အခါ သူမကို ထူးဆန်းတဲ့ ဆွဲ ဆောင်မှုတစ်ခုမျိုး ချန်ရှန်ရင်ဘတ်မှ စုပ်ယူလိုက်သလို ခံ စားလိုက်ရတယ် ။
“မင်း . . . မင်းးး ၊ နေ့ခင်းကြောင်တောင်မှာတောင် ယောကျာ်းလေးတစ်ယောက်ကို ကိုယ်ထိလက်ရောက် လုပ်တယ်ပေါ့ ။ တော်တော်ဆိုးတယ့် ကောင်မလေး ဘယ်က လာတာလဲ”
ထိုအချိန်မှာပဲ ချန်ရှန်ဟာ မျက်စိဖွင့်ကာ အော်ပြော လိုက်ခြင်း ဖြစ်ပါတော့တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset