အပိုင်း ၂၂၁•၂
” ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ဆက်ခံသူ ”
°°°
အကြီးအကဲတွေအားလုံးတိတ်ဆိတ်သွားကြပါတော့တယ်။ ဟို့ယွိဟောင်ပြန်ပြောပြခဲ့တဲ့အရာတွေက ထူးခြားလွန်နေခဲ့လို့ပါ။ သူတို့တွေရဲ့ မျက်လုံးတွေတောင်ပိုပြီးတောက်ပလို့လာခဲ့သလို နှလုံးခုန်သံတွေလဲ မြန်ဆန်းလို့လာခဲ့ပါပြီ။ စိတ်၀ိညာဥ်ဆိုတဲ့ဖြစ်တည်မှုက ဘယ်လောက်ထူးခြားသလဲဆိုတာ နားလည်သဘောပေါက်သွားပြီတဲ့နောက် သူတို့ရဲ့အာရုံ၀င်စားမှုက ပိုလို့တောင်ကြီးထွားလာပါတော့တယ်။
ဟို့ယွိဟောင်နဲ့ လျှပ်စီးဧကရာဇ်တို့နှစ်ယောက်အတူတူ ဖန်တီးခဲ့ပြီဟို့ယွိဟောင်တစ်ယောက်ထဲကသာ ချိတ်ပိတ်နိုင်စွမ်းရှိတဲ့ဒီဖြစ်တည်မှုက နောက်ထပ်အများကြီးအလားအလာတွေရှိနေဦးမှာပါ။ ဒါ့အပြင် အကယ်၍ အခြေအနေကိုသာ ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် အမျက်ဒေါသကျောင်းတော်မှာလဲ စိတ်၀ိညာဥ်တွေထပ်ပြီထွက်ပေါ်လာပါလိမ့်မယ်။ ဒါက ၀ိညာဥ်ပညာရှင်တွေအတွက်တော့အံ့ဩစရာကောင်းလွန်လှတဲ့ ကိစ္စပါပဲ။
စိတ်၀ိညာဥ်တွေက ၀ိညာဥ်စက်ကွင်းတွေကိုမှီခိုနေရပေမဲ့ သူတို့က၀ိညာဥ်စက်ကွင်းတွေနဲ့ မတူညီတဲ့ကိုယ်ပိုင်အသိဉာဏ်ကိုပိုင်ဆိုင်ထားကြပါတယ်။ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းတွေမရှိတဲ့ ထူးခြားတဲ့၀ိသေနလက္ခာဏာတွေကိုပိုင်ဆိုင်လို့ထားခဲ့တယ်။ အကယ်၍ ၀ိညာဥ်သားရဲကောင်သာ လိုလားမယ်ဆိုရင် ၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့သည်းခံနိုင်စွမ်းကို မူတည်ပြီပေါင်းစည်းနိုင်တဲ့ဖြစ်စဥ်ကလဲ အများကြီးတိုးတက်လာမှာပါပဲ။ ဥပမာအားဖြင့် ဟို့ယွိဟောင်က နှစ်ပေါင်းခုနှစ်သိန်းသက်တမ်းရှိတဲ့ ရေခဲကောင်းကင်ရဲ့နှင်းသခင်မကို ၀ိညာဥ်စက်ကွင်းအဖြစ် ပြောင်းလဲနိုင်လိုက်တာပါ။ ဒါကလျှပ်စီးဧကရာဇ်ရဲ့ နတ်အသိဉာဏ်ရှိမယ်ဆိုရင်တောင် နှင်းဧကရီသာလိုလိုလားလားမရှိခဲ့ရင်းဖြစ်နိုင်မှာလား။
နှင်းဧကရီရဲ့အင်အားအများကြီးက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်လို့နေပါတယ်။ ဒီစွမ်းအားတွေကို နှင်းလုံးလေးက ထိန်းချုပ်လို့ထားခဲ့တယ်။
ကျင့်ကြံဆင့်မြင့်တက်လာတာနဲ့အမျှ ဒီစွမ်းရည်တွေနဲ့ အင်အားကိုသူဆက်တိုက်စုပ်ယူနိုင်မှာပါ။ ဒါက၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့ကျင့်ကြံဆင့်အတွက် အရမ်းကိုအကျိုးရှိနေမှာပါပဲ။ အကယ်၍ ဒီသတင်းသာပျံ့နှံ့သွားခဲ့မယ်ဆိုရင် တိုက်ကြီးတစ်ခုလုံးမှာရှိတဲ့ ၀ိညာဥ်ပညာရှင်တွေအားလုံးက စိတ်၀ိညာဥ်ကိုပစ်မှတ်ထားပြီလေ့လာကြတော့မှာပါ။ ဒါ့အပြင် ၀ိညာဥ်ပညာရှင်တွေရဲ့လောကတစ်ခုလုံးကိုတောင် ပြောင်းလဲပြစ်နိုင်လောက်ပါတယ်။ ၀ိညာဥ်လက်နက်တွေရဲ့ ပေါ်ထွက်လာမှုကိုပါ အနည်းနဲ့အများတော့ရိုက်ခတ်မှုရှိလာလိမ့်မယ်။
အကြီးအကဲရွှမ်က အရမ်းစိတ်လှုပ်ရှားနေကြတဲ့ အကြီးအကဲတွေကိုကြည့်ရင်းဟို့ယွိဟောင်ကိုမေးလာခဲ့ပါတယ်။
” စိတ်၀ိညာဥ်တစ်ခုနဲ့ပေါင်းစည်းချင်တယ်ဆိုရင် တခြား၀ိညာဥ်ပညာရှင်တွေက ဘယ်လိုပြင်ဆင်မှုကိုလုပ်ထားဖို့လိုလဲ ဒါ့အပြင် ၀ိညာဥ်ပညာရှင်တစ်ယောက်မှာ စိတ်၀ိညာဥ်ဘယ်လောက်များများရှိလာနိုင်လဲ ပေါင်းစည်းနိုင်တဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့အခက်အခဲတွေကရော ဘာများလဲ ”
ဟို့ယွိဟောင် ဒီပြဿနာတွေကိုတွေးတောနေခဲ့တာအချိန်အတော်ကြာနေပြီဖြစ်တဲ့အတွက် အဖြေလဲရှိနေခဲ့ပါတယ်။ ဒါကြောင့် မတွေဝေပဲ ချက်ချင်းပြန်ဖြေတော့တယ်။
” ပထမဆုံးအနေနဲ့ စိတ်၀ိညာဥ်တစ်ခုနဲ့ပေါင်းစည်းချင်တယ်ဆိုရင် ၀ိညာဥ်ပညာရှင်တစ်ယောက်မှာ ၀ိညာဥ်စက်ကွင်းနေရာလွှတ်တွေရှိဖို့လိုပါတယ်..ဒါကမရှိမဖြစ်လိုအပ်တာပါပဲ…အကယ်၍ သူပေါင်းစည်းတဲ့စိတ်၀ိညာဥ်ကသာသူ့ရဲ့ခံနိုင်ရည်စွမ်းအား အကန့်အသတ်မှာရော ရောက်ရှိနေမယ်ဆိုရင်တော့ ပုံမှန်အတိုင်းပေါင်းစည်းလို့ရပါတယ် ”
” အကယ်၍ စိတ်၀ိညာဥ်ရဲ့ကျင့်ကြံဆင့်ကသာ ကိုယ်တိုင်ထက်အများကြီးမြင့်နေခဲ့ပြီ လုံလောက်တဲ့၀ိညာဥ်စက်ကွင်းနေရာမရှိတော့ဘူးဆိုရင်တော့ ပြဿနာရှိနိုင်ပါတယ်…ဒါက ကျွန်တော်မှာဖြစ်ခဲ့တဲ့ကိစ္စတွေပါပဲ နှင်းလုံးလေးက ၀ိညာဥ်စက်ကွင်းလေးကွင်းတိတိကို နေရာယူထားခဲ့တာပါ ဒါကတော့ နှင်းဧကရီရဲ့အင်အားကကြီးလွန်တာကြောင့် ဖြစ်လာတာပဲ ”
” ဒါပေမယ့် ၀ိညာဥ်ပညာရှင်တော်တော်များများမှာ ၀ိညာဥ်စက်ကွင်းနေရာလွတ်က တစ်ခုထဲရှိနိုင်တာလေ ”
အကြီးအကဲရွှမ်က မျက်မှောင်ကြုတ်နေခဲ့ပါတယ်။
” ဒါကြောင့်သာ ကျွန်တော်အထင်၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့၀ိညာဥ်သူတော်စင်အနေနဲ့ စတင်ပြီ စမ်းသပ်သင့်တာအကောင်းဆုံးဖြစ်မယ်လို့ထင်မိတာပါ ဒီလိုနည်းနဲ့ဆိုရင် သူတို့ရဲ့ခံနိုင်ရည်စွမ်းအားကလဲပိုပြီးကောင်းလာပါလိမ့်မယ်….ပိုသန်မာတဲ့စိတ်၀ိညာဥ်တွေနဲ့လဲ ပေါင်းစည်းနိုင်လိမ့်မယ်…ကျင့်ကြံဆင့်မြင့်တဲ့၀ိညာဥ်သားရဲကောင်တွေတော်တော်များများက ပိုပြီးအသိဉာဏ်ရှိကြပါတယ်….ဒါကြောင့် ပေါင်းစည်းတဲ့ဖြစ်စဥ်အတွက် သူတို့အတွက် ပိုပြီးအထောက်အကူပြုနိုင်ပါတယ် ”
” ဒါ့အပြင် ၀ိညာဥ်စက်ကွင်းနေရာတွေအတွက်ကို ပိုပြီးထူးခြားနိုင်တဲ့အစီအစဥ်ကလဲ ရှိနိုင်ပါတယ်…ဒါကတော့ အမြွှာသိုင်းပညာ၀ိညာဥ်တွေပါပဲ ”
” ဟုတ်တယ် အမြွှာသိုင်းပညာ၀ိညာဥ်တွေဆိုရင် ပုံမှန်အခြေအနေအရ အဓိက၀ိညာဥ်နဲ့ အထောက်အကူပြု၀ိညာဥ်ဆိုပြီး နှစ်ပိုင်းခွဲထားတယ်…ဒါ့အပြင် အမြွှာသိုင်းပညာ၀ိညာဥ်တွေက သူ့ရဲ့အထောက်အကူပြုသိုင်းပညာ၀ိညာဥ်ကို ၀ိညာဥ်စက်ကွင်းတွေ အလွယ်တကူထည့်ကြတာမဟုတ်ဘူး ”
အကြီးအကဲရွှမ်လဲ စဥ်းစားရင်းနဲ့ ပြောလာခဲ့ပါတယ်။
” အတိအကျပါပဲ ဒါကကျွန်တော်မှာဖြစ်ခဲ့တဲ့ကိစ္စပါ အမြွှာသိုင်းပညာ၀ိညာဥ်တွေက တခြားနေရာမှာအတော်ကြီးရှားပါးပေမဲ့ ကျွန်တော်တို့ကျောင်းမှာတော့ ကျွန်တော်အပြင် နောက်ထပ်အမြွှာသိုင်းပညာ၀ိညာဥ်ရှိသူတွေ ထပ်ရှိပါသေးတယ်…ဒါကြောင့်သာ အမြွှာသိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်တဲ့ ၀ိညာဥ်ပညာရှင်တွေကို ပိုပြီးသန်မာတဲ့စိတ်၀ိညာဥ်တွေနဲ့ ပေါင်းစည်းဖို့စမ်းသပ်ခိုင်းသင့်တာပါပဲ ဒါပေမယ့် ပထမဆုံး၀ိညာဥ်သားရဲကောင်အနေနဲ့ လိုလိုလားလားရှိဖို့လိုပါလိမ့်မယ်…ဒါ့အပြင် အကြီးအကဲတွေအနေနဲ့ပေါင်းစည်းတဲ့ကိစ္စမှာ သူတို့ရဲ့အသက်အန္တရာယ်လုံခြုံစေဖို့အတွက် ကာကွယ်ပေးထားရမှာပါ ”
” ဆက်ပြောပါဦး ”
” ဘယ်လောက်စိတ်၀ိညာဥ်များများကို လူတစ်ယောက်မှာပိုင်ဆိုင်နိုင်တဲ့အဖြေနဲ့ပတ်သက်ပြီတော့ တစ်ခုထဲပိုင်ဆိုင်တာက အသင့်တော်ဆုံးလို့ ကျွန်တော်ယုံကြည်ပါတယ်…စိတ်၀ိညာဥ်တွေဆိုတာက ၀ိညာဥ်ပညာရှင်တွေရဲ့အစွမ်းအစကိုအများကြီး တိုးတက်စေနိုင်ပါတယ်…ဒါ့အပြင် သူတို့ရဲ့အသိပညာကိုအသုံးပြုပြီး၀ိညာဥ်ပညာရှင်တွေနဲ့လဲပူးပေါင်းပြီဆောင်ရွက်နိုင်ကြတယ် ”
” ဒါပေမယ့် ၀ိညာဥ်ပညာရှင်ရဲ့စိတ်၀ိညာဥ်စွမ်းအားကို စုပ်ယူတဲ့အရှိန်နှုန်းက ပထမဆုံးအကြိမ် စိတ်၀ိညာဥ်တစ်ခုကိုဖန်တီးတဲ့အချိန်မှာ အတော်ကိုကြောက်စရာကောင်းလွန်လှပါတယ်..ကျွန်တော်ကတော့ စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်တစ်ယောက်ပါ ဒါတောင်မှ နှင်းဧကရီရဲ့စိတ်၀ိညာဥ်ကိုဖန်တီးဖို့အတွက် ကျွန်တော်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေအားလုံး ခြောက်သွေ့သွားတဲ့အထိ စုပ်ယူခံခဲ့ရပါတယ်…ကံကောင်းတာကြောင့်သာ မဟုတ်ဘူးဆိုရင် အနည်းဆုံးပြန်လည်ကောင်းမွန်ဖို့အတွက် သုံးနှစ်လောက်အချိန်ယူရမှာပါ ”
” ၀ိညာဥ်သားရဲကောင်တော်တော်များများက နှင်းဧကရီလောက်စိတ်၀ိညာဥ်စွမ်းအားကို စုပ်ယူမှာတော့မဟုတ်ပေမဲ့ သူတို့လဲအတိုင်းအတာတစ်ခုအထိတော့စုပ်ယူကြရပါလိမ့်မယ်…ဒါကြောင့်သာ ပထမဆုံးသန်မာတဲ့စိတ်၀ိညာဥ်စွမ်းအားပိုင်ဆိုင်တဲ့ ၀ိညာဥ်ပညာရှင်တွေတစ်ခုသာ စိတ်၀ိညာဥ်တစ်ခုနဲ့မပေါင်းစည်းခင်မှာ ကြိုးစားသင့်တယ်လို့ပြောခဲ့ရတာပါ ”
” ၀ိညာဥ်သားရဲကောင်တစ်ကောင်ထဲနဲ့ ပေါင်းစည်းမယ်ဆိုရင်တောင် စိတ်၀ိညာဥ်စွမ်းအားတွေက အများကြီးကုန်ဆုံးပါလိမ့်မယ်..ဒါ့အပြင် နောက်ထပ်ပေါင်းစည်းမယ်ဆိုရင် ပိုလို့အန္တရာယ်များမှာပါ ”
” ဒီကိစ္စက နောက်ထပ်လုံလောက်တဲ့စမ်းသပ်ချက်တွေလုပ်ဆောင်ပြီ ကောင်းကောင်းအတွေ့အကြုံရှိမှသာပိုပြီးနားလည်သဘောပေါက်လာမှာပါ အကယ်၍ ပေါင်းစည်းတဲ့စိတ်၀ိညာဥ်က အားနည်းနေမယ်ဆိုရင်တော့ ၀ိညာဥ်သားရဲကောင်တစ်ကောင်ထက်ပိုပြီး ပေါင်းစည်းလို့ရနိုင်ပါတယ်…ဒါပေမယ့် အကယ်၍ ၀ိညာဥ်သားရဲကောင်တစ်ကောင်ထက် ပိုပြီးတည်ရှိကြမယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်မှုဖြစ်မဖြစ်ဆိုတာကျွန်တော်မသေချာသေးပါဘူး…နောက်ဆုံးတော့လဲ စိတ်၀ိညာဥ်တစ်ခုချင်းဆီတိုင်းက သူ့ရဲ့ကိုယ်ပိုင်အသိဉာဏ်ကို ပိုင်ဆိုင်ထားတာကြောင့် စိတ်တွေက ခန့်မှန်းရခက်ခဲလို့ပါ အတော်အသင့်သန်မာပြီ ကိုယ်နဲ့လိုက်ဖက်ညီတဲ့ စိတ်၀ိညာဥ်တစ်ခုကို ရွေးချယ်ပြီပေါင်းစည်းတာက ၀ိညာဥ်ပညာရှင်တွေလုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးရွေးချယ်မှုလို့ ကျွန်တော်ယုံကြည်ရတာပါပဲ ”
ဟို့ယွိဟောင်လဲ အကြီးအကဲတွေအားလုံးအာရုံစိုက်နေတာကို မြင်ပြီတဲ့နောက် အပြည့်အ၀ရှင်းပြပါတော့တယ်။
” အခုကျွန်တော်တို့ကြုံတွေ့ရမဲ့ အကြီးဆုံးပြဿနာကတော့ ရှိနေပါသေးတယ်…ကျွန်တော်အနေနဲ့ ကိစ္စတစ်ခုကိုအဓိကအာရုံစိုက်ပြီ ပြောပြမှာပါ စိတ်၀ိညာဥ်နဲ့ ၀ိညာဥ်စက်ကွင်းတွေကြားက ကွာခြားချက်ဆိုတာက ၀ိညာဥ်သားရဲကောင်အနေနဲ့ လိုလိုလားလားပေးဆပ်ပြီ စတေးတာလို့ဆိုလိုပါတယ်…သူတို့တွေ ဒီလိုမျိုးလိုလားပြီစတေးဖို့အတွက် အတော်ကိုခက်ခဲမှာပါ ”
” သားရဲကောင်အများစုက လူသားတွေကိုမုန်းတီးကြပါတယ်…ဒါ့အပြင် အသက်ရှင်နိုင်ဖို့အတွက် အတော်အားနည်းပြီ အိုမင်းနေတဲ့၀ိညာဥ်သားရဲကောင်တွေကသာ လိုလိုလားလားပေါင်းစည်းဖို့ ဆန္ဒရှိမှာပါ ဒီလိုသားရဲကောင်တွေမျိုးကိုရှာဖွေဖို့ကလဲ အတော်ကိုခက်ပါလိမ့်မယ်…ဒါကြောင့်သာ ဒီကိစ္စနဲ့ပတ်သက်ပြီကျောင်းတော်အနေနဲ့ ဖြေရှင်းချက်တစ်ခုကိုတွေတောဖို့လိုအပ်နေတာပါပဲ ”
” ဒီကိစ္စကတော့ တကယ်ပြဿနာကြီးဖြစ်လာလိမ့်မယ်…ငါတို့မှာကိုယ်ပိုင်သားရဲကောင်တွေရှိနိုင်ပေမဲ့ သူတို့က လူသားတွေနဲ့မတူညီဘူး…အသိဉာဏ်ရှိဆုံး၀ိညာဥ်သားရဲကောင်တောင်မှ လူသားနဲ့မတူညီတဲ့အတွေးအခေါ်ကိုပိုင်ဆိုင်ထားကြတယ်..ဒါကြောင့် သူတို့ကိုဖျောင်းဖျပြီသိမ်းသွင်ဖို့ဆိုတာက သူတို့နဲ့ပေါင်းစည်းဖို့က အတော်ကိုခက်ခဲလွန်တယ်…ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားကြည့်ရင်တော့ တန်ကြေးရှိမှာပါ သေချာပေါက် အထူးချွန်ဆုံး၀ိညာဥ်ပညာရှင်တွေပဲ စိတ်၀ိညာဥ်တစ်ခုနဲ့ပေါင်းစည်းသင့်တယ်…ရှောင်ကျဲ့ ”
” ဟုတ်ကဲ့ပါ ”
ရန်ရှောင်ကျဲ့က ထရပ်လိုက်ပါတယ်။
” အခုအချိန်ကနေစပြီ ကျောင်းတော်ကစိတ်၀ိညာဥ်တွေနဲ့ ပတ်သက်လို့အနီရောင်အဆင့် လျှို့၀ှက်ချက်သုတေသနကို လုပ်ဆောင်ကြရမယ်….မင်းယွိယောင်နဲ့ ပူးပေါင်းပြီဆောင်ရွက်လိုက် အကယ်၍ အကူအညီလိုအပ်လာရင်း ပင်လယ်နတ်ဘုရားခန်းမဆောင်ကနေ အကူအညီကိုရယူပါ လုံခြုံစိတ်ချမှုဆိုတာက အရေးကြီးဆုံးပါပဲ ကိုယ်နဲ့သင့်တော်တဲ့၀ိညာဥ်သားရဲကောင်တွေကို ရှာတွေ့ပြီရင် အတွင်းနယ်မြေထဲက အကောင်းဆုံးသူကိုမင်းရွေးချယ်ပါ ဒါ့အပြင် သူတို့ကလဲ ပေါင်းစည်းမှုနဲ့ လိုလိုလားလားရှိစေဖို့ လိုအပ်လိမ့်မယ်…အကယ်၍ အားလုံးအဆင်ပြေသွားပြီဆိုရင်တော့ ချက်ချင်းဆောင်ရွက်လိုက်ပါ ”
ကျန်းလဲ့ရွှမ်က ချက်ချင်းဆိုသလို ပြောလာပါတော့တယ်။
” အကြီးအကဲရွှမ် ကျွန်မတို့မဟာကြယ်တာရာသစ်တောရဲ့အတွင်းပိုင်းနဲ့ဆက်သွယ်ပြီ သူတို့နဲ့ ညှိနိုင်လို့ရမဲ့ဖြစ်နိုင်ချေများရှိမလား ၀ိညာဥ်သားရဲကောင်အကြီးတွေကိုရှာဖို့က မလွယ်ပါဘူး..ဒါပေမယ့် သူတို့ဖက်ကဆိုရင်တော့ ”
အကြီးအကဲရွှမ်က ခေါင်းခါလိုက်ပါတယ်။
” လဲ့ရွှမ် မင်းရဲ့အကြံကအတော်ကောင်းတယ်..ဒါပေမယ့် ဒီကိစ္စကစိတ်ကူးယဥ်ဆန်လွန်နေတယ်…ငါတို့တွေက ရန်သူဖြစ်နေတာအတော်အချိန်ကြာပြီ ဒါ့အပြင် ဒီလောက်နှစ်တွေအကြာကြီးကြာပြီတာတောင် ဒီကိစ္စတွေက သွေးအေးအေးလေးနဲ့ ပြီးမသွားသေးဘူး…သူတို့နဲ့ညှိနိုင်ဖို့ဆိုတာက လွယ်ကူမှာမဟုတ်ဘူး…သေချာပေါက်သူတို့က ငါတို့ကိုအခွင့်အရေးမပေးလောက်ဘူး ”
” ဒီကိစ္စနဲ့ပတ်သက်ပြီ ကိုယ့်ကိုကိုယ်ပဲအားကိုးရအောင် ငါတို့စွန့်စားလို့မရဘူး..အကယ်၍ ကြယ်တာရာသစ်တောရဲ့ကောင်တွေသာ စိတ်၀ိညာဥ်တွေရဲ့တည်ရှိမှုကိုသိသွားခဲ့မယ်ဆိုရင် သူတို့ရဲ့အထင်လွဲမှုကပိုပြီးနက်ရှိုင်းသွားနိုင်တယ်..အမျက်ဒေါသမြို့တော်ကလဲ တောအုပ်နဲ့အရမ်းကြီးနီးလွန်နေတယ်..အရင်တစ်ခေါက်တွေ့ခဲ့ရတဲ့ ၀ိညာဥ်သားရဲကောင်လှိုင်းတွေကိုမမေ့သေးနဲ့ဦး ငါတို့တွေ သေချာပေါက် သုတေသနပြုပြီးတော့ အတွေ့အကြုံရှာဖွေရမှာဖြစ်ပေမဲ့လဲ ဒါကိုသိုသိုသိပ်သိပ်နဲ့ပဲလုပ်ရမယ် ”
ကျန်းလဲ့ရွှမ်လဲ ခေါင်းညိတ်ပြီဆက်မပြောတော့ပါဘူး။အကြီးအကဲတော်တော်များများကလဲ အကြီးအကဲရွှမ်နဲ့ စိတ်သဘောထားချင်တူညီကြပါတယ်။ ကျန်းလဲ့ရွှမ်ရဲ့စကားကိုကြားပြီချိန်မှသာ ဟို့ယွိဟောင်က ပိုပြီးတော့စိတ်လှုပ်ရှားသွားခဲ့ရတယ်။
သူမဘာပြောဖို့ကြိုးစားနေလဲဆိုတာ သူနားလည်ပါတယ်။ ကျောင်းတော်အနေနဲ့ မဟာကြယ်တာရာသစ်တောထဲက ၀ိညာဥ်သားရဲကောင်တွေနဲ့ညှိနိုင်ပြီ ဒီကိစ္စကိုလုပ်သင့်တယ်လို့အကြုံပြုနေခဲ့တာပါ။ အသန်မာဆုံးသော ရူးသွပ်သားရဲကောင်တွေက လူသားနီးပါးလောက်အသိဉာဏ်ရှိကြပါတယ်။ သူတို့တွေသာလိုလိုလားလားနဲ့ကြိုးစားကြည့်မယ်ဆိုရင် စိတ်၀်ညာဥ်တွေကို သုတေသနပြုတဲ့နေရာမှာပိုပြီးတော့ အထောက်အကူဖြစ်လာမှာပါ။
ဒါကြောင့် မသင့်တော်မှန်းသိပေမဲ့ သူကြားထဲကနေ၀င်ပြီပြောမိပါတော့တယ်။
” အကြီးအကဲရွှမ်နဲ့ အကြီးအကဲတို့ အစ်မကြီးပြောတာက အဓိပ္ပာယ်ရှိတယ်လို့ထင်မိပါတယ်..အကယ်၍ ကျွန်တော်တို့သာ သုတေသနပြုတဲ့နေရာမှာ အတော်လေးခရီးတွင်လာပြီဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ မဟာကြယ်တာရာသစ်တော၀ိညာဥ်သားရဲကောင်တွေနဲ့ အမုန်းတရားကိုဖယ်ရှားဖို့အခွင့်အရေးတစ်ခုဖြစ်လာနိုင်ပါတယ် ”
” အကယ်၍ ကျွန်တော်တို့သာ သုတေသနကိုအောင်မြင်နိုင်မယ်ဆိုရင် သူတို့နဲ့ ညှိနိုင်လို့ရလောက်တယ်..၀ိညာဥ်သားရဲကောင်ကိုအမဲလိုက်ဖို့လိုမှာမဟုတ်တော့ပါဘူး ပိုပြီးအသက်အရွယ်ကြီးရင့်ပြီဖြစ်နေတဲ့ ၀ိညာဥ်သားရဲကောင်တွေနဲ့လဲ အတူတူပေါင်းစည်းပြီ အလုပ်လုပ်လို့ရနိုင်ပါတယ်…သူတို့လဲအသက်ရှည်ရှည်နေနိုင်မှာဖြစ်သလိုနှစ်ဖက်စလုံးကလဲ ပိုပြီးတော့အကျိုးအမြတ်ရလာမှာပါ သူတို့တွေဘယ်လိုပဲတွေးကြပါစေ ဒီလိုမျိုးအကြုံပြုချက်ကိုတော့ ငြင်းပယ်မယ်လို့တော့မထင်ပါဘူး ”
အကြီးအကဲရွှမ်ကတော့ ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။
” လူငယ်တွေက တကယ်အလောကြီးကြတာပဲ ဒါပေမယ့် မင်းရဲ့အတွေးအခေါ်က မရင့်ကျက်သေးဘူးစိတ်၀ိညာဥ်ဘယ်နှစ်ခုကို လူသားတစ်ယောက်ပိုင်ဆိုင်နိုင်လဲဆိုတာ ငါမေးခဲ့တယ်မလား အကယ်၍ ၀ိညာဥ်ပညာရှင်တွေကသာ မင်းပြောသလိုစိတ်၀ိညာဥ်တစ်ခုထဲနဲ့ပဲ ပေါင်းစည်းနိုင်မယ်ဆိုရင် ၀ိညာဥ်ပညာရှင်တစ်ယောက်မှာ၀ိညာဥ်စက်ကွင်းက ဘယ်လောက်များရှိနေမယ်ထင်လဲ ကိုးခုလေ ထိပ်တန်းအဆင့်၀ိညာဥ်သားရဲကောင်တွေက အကယ်၍ ငါတို့ကိုစွမ်းအားပိုကြီးစေချင်ပြီ အနာဂတ်မှာသားရဲကောင်တွေကို ပိုလိုက်ဖမ်းဖို့အခွင့်အရေးပေးမယ်လို့များထင်နေတာလား ”
အကြီးအကဲရွှမ်ရဲ့စကားတွေကြောင့် ဟို့ယွိဟောင် အနည်းငယ်တွေဝေလို့သွားရပါတော့တယ်။ ဟုတ်ပါတယ် သူက ၀ိညာဥ်သားရဲကောင်တွေရဲ့အကျိုးအတွက်ပဲအဓိကအာရုံစိုက်နေခဲ့မိတာပါ။ ဒါပေမယ့် ၀ိညာဥ်ပညာရှင်တော်တော်များများက စိတ်၀ိညာဥ်တွေမလိုအပ်ကြပါဘူး။ ၀ိညာဥ်စက်ကွင်းတွေမရှိခဲ့ရင်း ၀ိညာဥ်ပညာရှင်ရဲ့ကျင့်ကြံဆင့်က ဘယ်လိုများတိုးမြင့်နိုင်မှာလဲ။ အကြီးအကဲရွှမ်ပြောသလိုပဲ သူကအပေါ်ယံကိုအာရုံစိုက်တာများသွားခဲ့တာပါ။
ဒီအချိန်မှာတော့ ကျန်းလဲ့ရွှမ်လဲ ခေါင်းသာညိတ်နေပြီ နောက်ထပ်ဘာမှမပြောတော့ပါဘူး။ ဟို့ယွိဟောင်လဲ သက်ပြင်းချနေခဲ့မိပါတယ်။ စိတ်၀ိညာဥ်စက်ကွင်းတွေကိုအစားထိုးလို့မဖြစ်နိုင်ပေမဲ့ အနည်းဆုံးတော့ သူလဲအသိပညာရသွားခဲ့ပါပြီ။
” ယွိဟောင် ဒါကိုအခုအချိန်မှာ အများကြီးသိပ်တွေးမနေနဲ့ လက်ရှိအချိန်မှာဖြစ်လာတဲ့ဒီနှင်းဧကရီရဲ့စိတ်၀ိညာဥ်က အတော်ကိုထူးခြားတယ်…အကယ်၍ သာမန်၀ိညာဥ်ပညာရှင်တွေအတွက် ဖန်တီးလိုက်တဲ့၀ိညာဥ်သားရဲကောင်နဲ့ သူ့ရဲ့စိတ်၀ိညာဥ်ကဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ မသိနိုင်သေးဘူး…အနာဂတ်မှာ သုတေသနတွေကိုပိုပြီးလုပ်ရင်းနဲ့မှသာ ၀ိညာဥ်စက်ကွင်းတွေကိုအစားထိုးနိုင်မလားဆိုတာသိလာရမှာဒါဆိုရင်တော့ သေချာပေါက် ၀ိညာဥ်ပညာရှင်တွေနဲ့ ၀ိညာဥ်သားရဲကောင်တွေကြားက ဆက်ဆံရေးလဲတိုးတက်လာနိုင်တယ် ”
အပိုင်း ၂၂၁•၂ ပြီး၏။