Switch Mode

Chapter – 110

ငရဲ

Chapter – 110 ငရဲ

ချန်ရှန် သူ၏ ကျင့်နည်း ကို ပြင်ပေးမယ် ဆိုတဲ့အခါ စိုးရိမ်မိသွားတယ် ။ သူ့စွမ်းအင်တွေ များလာတာနဲ့ အမျှ နာကျင်မှုက ပိုများမယ်ဆိုတာ သိနေလို့ပါပဲ ။
ရူးသွပ်စွာ ရယ်နေတဲ့ လူကြီးဟာ ရုတ်တရက် ပဲ –
“အခု ငါမင်းကို သင်ပေးမယ် ၊ မင်း စစ်မှန်တဲ့ သိုင်းပညာ နယ်ပယ်ကို ရောက်ရင် မင်းရဲ့ ချီဓာတ်ကို လေ့ ကျင့်တယ့် နည်းလမ်းဟာ တခြားလူနဲ့ ကွာခြားနေတာကို တွေ့ ရလိမ့်မယ်”
“ထိုက်ကျိ နတ်နဂါး ကျင့်စဉ်ဟာ အရာအားလုံးကို ဖုံးလွှမ်းထားတယ် ။ မင်းကောင်းကောင်း လေ့ကျင့်ပြီးရင် လက်သီးထိုးပုံထိုးနည်း ၊ ခြေကန်နည်း ၊ ပုံဆောင်ခဲ ထုတ် နည်း ၊ ဓားတို သုံးနည်း ၊ ဓားရှည်သုံးနည်း စတယ့် နည်း အမျိုးမျိုးကို လုပ်နိုင်သွားလိမ့်မယ် ။ နောက်ပြီး အဲဒါတွေ ဟာ ကြမ်းမယ် ပျော့မယ် ၊ အေးမယ် ပူမယ် ။ မြန်မယ် နှေး မယ် ။ မင်းရဲ့ အတွင်းအပြင် အင်အားတွေ ဟာ ဒီလို နည်း နဲ့ နဂါးအားအင်ကို ပြောင်းလဲသွားမှာပဲ ။ ဒီစွမ်းအားဟာ မင်း မြင်ခဲ့တဲ့ စွမ်းအားလိုပဲ ဖြစ်နေလိမ့်မယ်”
“ငါပထမဆုံး စစ်မှန်သော သိုင်းပညာနယ်ပယ် အကြောင်း ပြောချင်တယ် ။ နောက် ဒီနယ်ပယ်က ကျင့်စဉ် တွေပေါ့ ။ မင်း ကမ္ဘာကြီးရဲ့ ဝိဉာဉ်တော် ချီဓာတ် တွေကို အဆက်မပြတ် စုပ်ရင် မင်း စစ်မှန်သော ချီဓာတ် အဖြစ် သန့်စင် နိုင်လိမ့်မယ် ။ နောက် အဲဒါတွေကို စွမ်းအင် သိုလှောင်ရာမှာ ဖိနှိပ်မယ် ။ အဲဒိအခါ ချီဓာတ်တွေဟာ ပုံသွင်းသလို ဖြစ်သွားပြီး အရည်အသွေး ကောင်းမွန်လာ မယ် ။ ဒါကြောင့် ထုတ်လွှတ်တဲ့အခါလည်း ပိုမို စွမ်းအား ပြင်းထန်နေမှာပဲ ။ စစ်မှန်သော နယ်ပယ်ကို အချိန်ကြာကြာ ဖြတ်သန်းပြီးသွားရင် အဆင့် ၈၁ ခုကို ဖြတ် သန်းနိုင်သွားလိမ့်မယ် ။ ဒါပေမယ့် ငါတို့ဟာ ချီဒြပ်စင် ၅ ခု ကို အသုံးပြုနိုင်တယ့်အတွက် ငါတို့သုံးတယ့် ချီဓာတ်ပုံစံ ဟာ တခြားလူထက် ငါးဆ တောင် သာလွန်နေလိမ့်မယ်”
ချန်ရှန် ဒီ အကြောင်းကို သိပါတယ် ။ စစ်မှန်တဲ့ နယ်ပယ်ကို ရောက်ရင် ကျင့်ကြံသူဟာ ချီဓာတ် ပုံစံ ၉ ခု ကို ပြုလုပ်နိုင်မှာဖြစ်ပြီး ၎င်း ၉ ခု အား ၁ ခုတည်းအဖြစ် ပေါင်း စည်းနိုင်ပါတယ် ။ ထိုချီဓာတ်ပုံစံ တစ်ခုမှ တခြား ပုံစံ ၈ ခု အား ထပ်မံပြောင်းလဲကာ ထို ၉ ခုဟာလည်း တစ်ခုထဲ ထပ် မံ ပေါင်းစည်းနိုင်ပါတယ် ။
ချီဓာတ်ပုံစံတွေ ပေါင်းစပ်တိုင်း အဆင့်တစ်ခုတိုးမှာ ပဲ ဖြစ်တယ် ။ စုစုပေါင်းဟာ ၉ ဆင့် ရှိတာဖြစ်ပြီး တဆင့်ထက် တဆင့် ပိုမိုခက်ခဲနေမှာပါ ။
လူကြီးဟာ တခဏမျှ ရပ်နားကာ ဆက်ပြောတယ် ။
“ဒါပေမယ့် ငါတို့ လေ့ကျင့်နည်းက ကွဲပြားခြားနား တယ် ။ ငါတို့ဟာ အဓိကအားဖြင့် ချီဓာတ်ပုံစံတွေကို မဖိနှိပ် ရဘူး ။ ဒါပေမယ့် ငါတို့ဟာ ချီဓာတ်ပုံစံ ၅ ခုကိုနည်းနည်း ချင်း ငါတို့ စွမ်းအင်သိုလှောင်ရာထဲမှာ လည်ပတ်စေက မှာ ဖြစ်တယ် ။ အဲဒိ ချီဓာတ်ပုံစံ ၅ ခုရဲ့ ဒြပ်စင်အစေ့လေးတွေ ကို လုပ်ရမှာပေါ့”
“ဒါကြောင့် ပြောချင်တာက မင်း မှာ အခု အသက်ဝင် လှတယ့် ချီဓာတ်ပုံစံ ၅ ခု ရှိနေတယ် ။ မင်း နတ်နဂါး ကျင့် စဉ်ကို မှန်မှန်ကန်ကန် လုပ်မယ်ဆိုရင် စစ်မှန်တဲ့ သိုင်းပ ညာ နယ်ပယ်ကို ရောက်သွားလိမ့်မယ် ။ ပုံစံ ၅ခုကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မယ် ။ အဲဒိအထဲမှာမရေတွက်နိုင် တဲ့ ဒြပ်စင်အစေ့လေးတွေ ပါဝင်တယ် ။ အဲဒိ တစ်စေ့ ဟာ စစ်မှန်သော ချီဓာတ် ပုံစံ တစ်ခု နဲ့ ညီတယ် ။ ဒီအချိန်မှာ မင်းဟာ ချီဓာတ်တွေ အဆက်မပြတ် စုပ်ယူနိုင်ပြီး ဒီ အစေ့ လေးတွေကို အလင်းရောင် ပေးနိုင်ရင် အောင်မြင်တဲ့ ပုံစံ တစ်ခု လုပ်ယူနိုင်မှာပဲ ဖြစ်တယ်”
ချန်ရှန် ခေါင်းညိမ့်ကာဖြင့် –
“ဒီ ချီဓာတ် ပုံစံ ၅ ခုထဲက ဒြပ်စင်အစေ့လေး ၉ ခုကို အလင်းရောင်ပေးနိုင်ရင် စစ်မှန်သော သိုင်းပညာနယ်ပယ် နဲ့ နီးနေပြီပေါ့”
မကြာခင်မှာပဲ ကြောက်စရာ အော်သံများဟာ တွင်းနက်ကြီးအတွင်း ထွက်လို့နေပါတယ် ။ ဒီလိုအသံများ ထွက်နေတာ တစ်နှစ်လောက်ကို ကြာပြီ ဖြစ်တယ် ။
ချန်ရှန်ဟာ သူ၏ ဆရာ၏ စွမ်းအားလိုမျိုး သူ့စွမ်းအင် သိုလှောင်ရာမှာ လည်ပတ်စေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါ ဘူး ။ ကြိုးစားအားထုတ်ရင်း နောက်ဆုံးမှာတော့ ဒီလိုနည်း ကို ရှာဖွေနိုင်လိုက်ပါပြီ ။
ချန်ရှန် သူဆရာ သူ့ကို ပြုပြင်ပေးမယ် မပြောခင်တုန်း က သူ့မှာ အရမ်းကောင်းတဲ့ နည်းလမ်း ရှိမယ်လို့ ထင်ခဲ့ တာပါ ။ ဒါပေမယ့် ခုတော့သူ့ဆရာကို ကောင်းကောင်း နားလည်သွားပါပြီ ။ တကယ်ကို ကြိုးစားအားထုတ်ခဲ့ရတာ ဖြစ်ပြီး ဒီတစ်နှစ်တာ ကာလဟာ သူ့ အတွက် ငရဲ လိုပါပဲ ။
ရယ်သံကြီး ထွက်ပေါ်လာပြီး ချန်ရှန်ဟာ သက်ပြင်း ချ လိုက်မိတယ် ။ အဘယ်ကြောင့်ဆိုသော် သူ့ဆရာ၏ အား ထုတ်မှုဟာ အောင်မြင်သွားပါပြီ ။
“ဆရာ ကျွန်တော့အပေါ် မစဉ်းစားပဲ ဘယ်လိုကြိုးစား ခဲ့တာလဲ ၊ အပုံ တစ်သန်း မှာ တစ်ပုံ ပဲ အောင်မြင်နိုင်တဲ့ အခွင့်အရေးရှိတာမလား”
ချန်ရှန် ပြုံးပြီးမေးလိုက်တယ် ။ ဒီနှစ်ထဲ သူဟာ ပုံသွင်း ထားတဲ့ ရွံ့ စေးလိုပါပဲ ။
လူကြီးက ရယ်မောကာဖြင့် –
“ငါဘယ်လို ကျရှုံးမလဲကွ ၊ ခု က မအောင်မြင်လို့လား”
ချန်ရှန် အံကြိတ်ကာ ပြန်ပြောလိုက်တယ် ။
“ဆရာ က ဒီလို အခွင့်အလမ်းနည်းတာကို ကြိုးစားခဲ့ တာ အရေးမကြီးဘူး ။ တကယ်လို့ မအောင်မြင်ခဲ့ရင် ကျွန် တော် ဘာဖြစ်သွားမယ်လို့ မတွေးဘူးမလား”
ချန်ရှန် ဒီကိစ္စကို သိပ်ဘ၀င်မကျပါ ။ အဘယ်ကြောင့် ဆိုသော် သူသာ ကျရှုံးပါက တစ်ခုခု ချို့ ယွင်းသွားနိုင်တာ ကြောင့်ပါပဲ ။
“အရူးပဲ ၊ ငါမှ မရှုံးနိုင်တာ ဘာလို့ ငါက စဉ်းစားနေရ ဦးမှာလဲ”
လူကြီးက မာန်မဲ လိုက်တယ် ။ သူဒီလူကြီးကို အတိုက် အခံမလုပ်သင့်ေ ပ ။ သူ့ဆရာဖြစ်သည့်အပြင် တစ်ခုခု အစွမ်း သုံးလိုက်ပါက ချန်ရှန် မတတ်နိုင်သောကြောင့်ပါပဲ ။
ချန်ရှန် သူ၏ စွမ်းအင်သိုလှောင်ရာမှာ လင်းလက်နေ တယ့် နတ်သားရဲ ငါးကောင်ကို ကြည့်နေရင် စိတ်ထဲ အံ့အားသင့်နေတယ် ။ ၎င်းတို့ထဲမှာ သေးငယ်လှတယ့် ဒြပ် စင်လေးတွေ ရှိနေကြတယ် ။ ဒီအရာတွေဟာ အဆင့် ၁၀ ပညာရှင်၏ ဖိနှိပ်ထားမှုကြောင့်ဖြစ်ပြီး သူသာ လုံးဝ အလင်းပေးလိုက်ပါက သားရဲငါးကောင်ဟာ များစွာသော ချီ ဒြပ်စင်လေးများ ဖြစ်သွားမှာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် သူ မရေတွက်နိုင်လှတယ့် စစ်မှန်သော ချီဒြပ်စင်လေးများ လိုအပ်နေတယ် ။ ဒီအချက်ကြောင့် ရင်ထဲ အံ့သြသွားတာ ပါ .။
“ဆရာ ၊ ဆရာက အကုန်လုံးကို အလင်းရောင် ပေးပြီး ပြီလား”
ချန်ရှန် မေးလိုက်တယ်။
“ငါသာ အကုန်လုံးကို ပေးပြီး ရင် ဒီမှာမနေတော့ဘူး ၊ ငါ့သားရဲ ငါးကောင် ပုံစံတွေကို ထောင်ဂဏန်းလောက်ပဲ အလင်းပေးရသေးတယ်ကွ”
လူကြီးက ပြန်ပြောပါတယ် ။
ထောင်ပေါင်းများစွာသော ချီဒြပ်စင်အစေ့များ တဲ့ ၊ ဘယ်လောက်တောင် ကျင့်ကြံခဲ့လည်း မသိနိုင်တော့ပါ ။ ချန်ရှန် ခုကြာမြင့်စွာ ကျင့်ခဲ့တာတောင် အစေ့ ၅ စေ့ပဲ ရနိုင် ပါသေးတယ် ။
“ဟုတ်ပြီ ၊ အခု မင်းရဲ့ ကျင့်နည်း က မှန် သွားပြီ ။ နောင်မှာ မင်းရဲ့ ကျင့်စဉ်အတွက် ထိုက်ကျိနတ်နဂါးကျင့် စဉ် လမ်းညွှန်မှုကို လိုက်နာရမယ် ။ အဲဒါက နဂါးကြီးရဲ့ အားကွ ၊ ဒါပေမယ့် မင်း ဒါကို မသုံးသင့်သေးဘူး ။ ယေဘူ ယျ အားဖြင့် မင်း ဟာ အဆင့်နိမ့်ချီငွေ့ ကိုသာ သုံးပါ”
လူကြီးက ပြင်းပြင်းထန်ထန် တိုက်တွန်းပါတယ် ။
ထိုက်ကျိ နတ်နဂါး ကျင့်စဉ်နည်းလမ်းနဲ့ ထိုက်ကျိ နတ် အတွင်းအားကျင့်စဉ် တို့ဟာ တူတူပါပဲ ။ ဒါပေမယ့် နတ်နဂါး ကျင့်စဉ်မှာ တခြား ကျင့်စဉ်တွေ များစွာပါဝင်ပြီး လှုပ်ရှားမှုတွေဟာလည်း သိမ်မွေ့ လှပါတယ် ။
၎င်းဟာ သူ၏ အရင်ကျင့်ကြံထားသော နတ်အတွင်း အားသင်္ကေတ ၄ ခုအပေါ် အကျိုးသက်ရောက်မှု မရှိပါချေ ၊ ဒါ့အပြင် ယခုသူ၏ ချီဓာတ်များဟာ တော်တော် အား ကောင်း နေပြီပဲ ဖြစ်ပါတယ် ။
“တစ်နှစ် ကြာတော့ ငါအခု ၁၈ နှစ်ပြည့်ပြီပေါ့ ၊ တစ်နှစ် သာကြာပေမယ့် ငါ့မှာ နှစ်တစ်ရာလောက် နေလိုက် ရသလိုပဲ”
ချန်ရှန် ရေရွတ်မိပါတယ် ။ ဒီတစ်နှစ်အတွင်း သူဟာ ငရဲတမျှ ခံစားခဲ့ရတာပါ ။
“မင်းထွက်သွားရင် ငါ့ရဲ့ ပညာသင် တပည့် ၃ ယောက် အပြင် ဘယ်သူ့ကိုမှ ငါ့တပည့် ဆိုတာ မပြောပါနဲ့”
လူကြီးက မှာကြားနေပါတယ် ။
“မစိုးရိမ်ပါနဲ့ ဆရာ ၊ ကျွန်တော် မှတ်မိပါတယ် ။”
ချန်ရှန် နုတ်ခမ်းများကို ကိုက်ကာ ပြောလိုက်ပြီး –
“ဒါနဲ့ ၊ ကျွန်တော် အခုထွက်လို့ ရနိုင်မလား ၊ ဂိ်ုဏ်းချုပ် က ဘယ်တော့ ထွက်လာမလဲ မသိသေးဘူး”
“ဒါနဲ့ ဆရာ ၊ ဆေးဆရာမကြီးရဲ့ နောက်ကြောင်းက ဘယ်လိုရှိလဲ ။ သူမနာမည် မသိပေမယ့် ဆေးပညာမှာ တော့ တော်တော် စွမ်းအားကြီးလှတယ် ။”
ချန်ရှန် မေးလိုက်ပါတယ် ။ ဒီတစ်နှစ်အတွင်း သူဟာ ဒီ စကားကို ခဏခဏ မေးခဲ့တယ် ။ ဒါပေမယ့် ဆရာဖြစ်သူမှ သူအောင်မြင်တဲ့အခါမှသာ ပြောမယ်ဆိုတာကြောင့်ပါ ။
“သူမဟာ ခရမ်းရောင် လကမ္ဘာက လာတာပဲ ၊ သူ့ မှာ ခရမ်းရောင်လဝိဉာဉ်တော် ရှိနေတယ် ။ သူမဟာ ဆေးပညာရှင် တစ်ယောက်လည်း ဖြစ်တယ် ။ သူမကို ခရမ်းရောင်လကမ္ဘာက လူတစ်ယောက်က လိုက်လံ သတ် ဖြတ်နေတယ် ။ ဒါကြောင့် သူမဟာ တခြားမသွားပဲ ဒီမှာ လာနေတာပဲ ။ သူမကိုယ်သူမ ထုတ်ဖော်မပြသတတ်ဘူး ၊ ခုတော့ သူမနဲ့ မင်းဟာ ဆရာတူ တူဝရီးတွေပေါ့”
ဆရာဖြစ်သူ က ရှင်းပြပါတယ် ။ သူ၏ ပုံစံမှာ ထိန်ချန် ထားသော အရာများလည်း ရှိသေးပုံပါပဲ ။
ချန်ရှန် လျို့ ဝှက်စွာ ပြုံးမိတယ် ။ ပြင်းထန်သော သိုင်း ပညာဂိုဏ်း၏ ထိပ်သီး ၃ ယောက်နဲ့ သူဟာ ဆရာတူ တူဝရီး များ ဖြစ်နေကြပါပြီ ။ သူ့ကိုယ်သူလည်း ကျေနပ်မိ တယ် ။ လူကြီးမှ ခေါင်းခေါက်ကာဖြင့် –
“ကျင့်စဉ်ကို အာရုံစူးစိုက်စမ်း ၊ မင်းရဲ့ သားရဲ ငါးကောင် ပုံကို ပိုမိုကြီးထွားလာအောင် လုပ်ရမယ် ။ မင်း ၎င်းတို့ ကို ပြင်းပြင်းထန်ထန် အလင်းပေးနိုင်တာနဲ့ စစ်မှန်သော သိုင်း ပညာနယ်ပယ် ကို ရောက်ပြီ”
ချန်ရှန် လည်း သူ၏ စွမ်းအင် သိုလှောင်ရာရှိ သားရဲ ငါး ကောင်ကို ကြည့်လိုက်တဲ့အခါ ချီဒြပ်စင်အစေ့များစွာ လို အပ်နေတာကို တွေ့ လိုက်ရတယ် ။ ဒါကိုကြည့်ရင် စစ်မှန် သော သိုင်းပညာနယ်ပယ် နဲ့ နည်းနည်းဝေးသွားသလို ခံ စားလိုက်မိတယ် ။
ဒီအောက်မှာတော့ ချန်ရှန်ဟာ ဆေးပညာနဲ့ ပတ်သက် ပြီး ဘာမှ မတွေးနိုင်ပါ ။ ကံကောင်းစွာပဲ ဝိဉာဉ်တော် ချီ ဓာတ်များဟာ ကြွယ်ဝစွာ ရှိနေပြီး သူအေးဆေး စုပ်ယူ နိုင် ပါတယ် ။ တနေကုန် ဘာမှကို မလုပ်နိုင်ပါဘူး ။ အဘယ် ကြောင့် ဆိုသော သူ၏ ဆရာမှ အမြဲတစေ စောင့်ကြည့်နေ လို့ပါ ။ နည်းနည်းလေး ပျင်းတယ့် အရိပ်အယောင် ပြတာနဲ့ အရိုက်ခံရပါတော့တယ် ။
တစ်နှစ်လောက် ထပ်ကြာတယ့် အခါမှာတော့ ချန်ရှန် ဟာ မိုးပြာနဂါးနဲ့ အနီရင့်ငှက်တို့၏ စစ်မှန်သော ချီဒြပ်စင် များကို အလင်းပေးနိုင်သွားပြီ ဖြစ်ပါတယ် ။ ဒါကြောင့် သူ ဟာ အဖြူရောင်ကျားအတွက် ကျင့်ကြံပါတော့တယ် ။
ဒီအချိန်မှာပဲ အသံတစ်ခု နားထဲကြားလိုက်တယ် ။
“ချန်ရှန် ၊ မင်း ခု လာနိုင်ပြီ ၊ မင်းဟာမင်း နည်းလမ်းရှာပြီး တက်ခဲ့ပါ ။ ဒီ တားမြစ်နယ်ရဲ့ ကန့်သတ်ချက်တွေကို မြင့်လိုက်ပီ”
ဒီအသံ၏ ပိုင်ရှင်ကတော့ ဆရာကြီး ဝု ပင် ဖြစ်ပါတော့ တယ် . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset