Chapter – 109 ထိုက်ကျိနတ်နဂါးကျင့်စဉ်
ဆရာတပည့်အဖြစ် သွေးသစ္စာဆိုပြီးနောက်မှာတော့ လူကြီးမှ –
“ဟဲဟဲ ၊ တပည့်ကောင်းလေး ၊ နောက်ကျ ငါ့ရဲ့ အစွမ်း ထက်ဆုံး နတ်နဂါး ကျင့်စဉ် မင်းကို ပေးမယ် ။ မင်းကြိုးစား ဖို့ တော့ လိုမယ် ။ နောင်ကျ မင်းအတွက် ကောင်းကောင်း အသုံးဝင်လာမှာပါ”
လူကြီးက ရယ်မောကာဖြင့် သူ ၏ ရှုပ်ပွေလှသော ဆံ ပင်များအား စီးလိုက်ပါတယ် ။
ချန်ရှန် လည်း နှစ်လိုဖွယ် ပြုံးကာဖြင့် –
“ဆရာ ၊ ဆရာ့ရဲ့ နောက်ထပ်ရှိမယ့် မျိုးဆက်သစ် တပည့်တွေက ကျွန်တော့ကို သိုင်းပညာဦးရီးတော်လို့ ခေါ် ကြမှာပေါ့နော်”
လူကြီးက စဉ်းစားပြီး ချန်ရှန် ခေါင်းးအား ပုတ်ကာ
“ကောင်လေး ၊ မင်းက တော်တယ် ။ ငါ အဲလိုပဲ သတ် မှတ်ပေးမှာပါ ။ ဒါနဲ့ မင်းဆရာ ငါဆိုတာ မသိသာစေနဲ့ ၊ ငါ့ကို လည်း အရူးတစ်ယောက်လို လာလာ မကြည့်နေနဲ့ ၊ ငါ့ကို မုန်းတဲ့လူတွေ အများကြီးရှိတာ ငါသိတယ် ။ မင်းဟာ ငါ့တပည့်မှန်း သိသွားကြတယ့်အခါ မင်းဒုက္ခ ရောက်လိမ့် မယ်”
ချန်ရှန် တခဏမျှ ဆွံ့ အသွားတယ် ။ ထို့နောက် ပြုံးကာ –
“ဆရာ ၊ မူလကတည်းက ဒီနေရာ ကို မှီခိုနေခဲ့တာ လား”
“ဟ ဟ ၊ မင်းဆရာက စွမ်းအားတော်တော် ကြီးပါတယ် ကွ ၊ ဒီနေရာကို မှီခိုရမယ်ပေါ့ ၊ ငါက ဒီနေရာမှာ ဘ၀သစ် ပြန် စနေတာ ၊ ငါက မသေနိုင်တယ့် ကောင်းကင်အဆင့် နယ်ပယ်ကို သွားမှာကွ”
လူကြီးမှ ချန်ရှန် ၏ ခေါင်းကို ပုတ်ပြီး ထပ်မံကာ –
“ကောင်လေး ၊ မင်း အပြင်ဘက် ပြန်ရောက်တယ့်အခါ မင်းဟာ ငါ့တပည့်ဆိုတာ လူတွေ မသိစေနဲ့ ၊ ဒါက ဂုဏ်ယူ စရာ အနေအထားဆိုပေမယ့် အန္တရာယ်များမှာကွ”
ချန်ရှန် နှုတ်ခမ်းများကို ကိုက်ကာ –
“ဘာလို့လဲဗျ ၊ ဆရာ့ရဲ့ တပည့် ဖြစ်ရတာလည်း ပုန်းနေ ရမယ့် ကြွက်လေးကျနေတာပဲ”
“ကောင်လေး ၊ နားထောင်စမ်းပါ ။ တကယ်တော့ မင်း ဆရာ ဒီနေရာမှာ နေနေရတယ့် ရည်၇ွယ်ချက်တစ်ခုက လွတ်မြောက်ချင်လို့ပဲ ၊ ဒါပေမယ့် နောင်တလည်း ရတယ် ။ ငါပုန်းနေတာက ငါ့ရဲ့ နတ်နဂါး ကျင့်စဉ်ကို ခိုးယူ ခံရခြင်းကို ရှောင်နေတာပဲ ။နတ်နဂါး ကျင့်စဉ်တွေဟာ များစွာ ရှိပေ မယ့် ၎င်းတို့အားလုံးဟာ အဆင့် ၃ ၊ ၆ သို့မဟုတ် ၉ ပဲ ရှိ ကြတယ် ။ ငါကတော့ အမြင့်ဆုံးပဲ ။ အားလုံးသော အမတ နယ်ပယ်က လူတွေတောင် ဒါကို လိုချင်ကြတာ”
လူကြီးက ရှင်းပြပါတယ် ။
ချန်ရှန် က နည်းနည်းသံသယ ဖြစ်ဟန်ဖြင့် –
“ဆရာ ၊ ကျွန်တော့်မှာလည်း နဂါးကျင့်စဉ်ရှိတယ်”
ချန်ရှန် ဟာ နဂါးငွေ့ တိုက်ကွက်ကို လူကြီအား ပြောပြ ချင်ပါတယ် ။ လူကြီးက အထင်သေးဟန်ဖြင့် –
“နဂါးငွေ့ အကွက်လား ၊ ဒီ အကွက်လောက်ကတော့ ငါ့မျက်လုံးထဲမှာ တော်တော် အဆင့်နိမ့်နေတယ် ။ သာမန် နဂါးလေး တစ်ကောင် အစွမ်းလောက်ပဲ ရှိမယ် ။ စစ်မှန်တဲ့ စွမ်းအားပြည့်ဝသော နဂါး ရဲ့ အားကို မင်းသိသွားရင် နား လည်သွားမှာပါ ။”
ပြောနေတုန်းမှာပဲ လူကြီးဟာ သူ၏ ပုံဆောင်ခဲကို ထုတ်လိုက်ပြီး အဖြူရောင် အလုံးလေးတစ်ခုဟာ သူ၏ ပုံ ဆောင်ခဲ မှာ ပေါ်လာတယ် ။ ဒီလိုအငွေ့ တွေထွက်လာတာ နဲ့ တပြိုင်နက် ချန်ရှန်ဟာ ထောင်ပေါင်းများစွာသော တန် ချိန် ရှိတယ့် ဖိအားများ သူ့အပေါ် ဖိလာတာကို ခံစားလိုက် ရပါတယ် ။ သူဟာ သမုဒ္ဒရာကြီး အလယ်က လှေငယ်လေး လိုပါပဲ ။ မျက်စိတမှိတ်အတွင်းမှာပဲ ဒီလို ကြီးမားလှတဲ့ စွမ်း အားကြောင့် လွင့်ထွက်သွားပါတော့တယ် ။
ချန်ရှန် ကျောက်နံရံအား ၀င်တိုက်သွားတယ် ။ သူ့ ကိုယ်ဟာ တော်တော် နာနေပါပြီ ။ အဘယ်ကြောင့်ဆို သော် အမြင့်မှလည်း ပြုတ်ကျထားသောကြောင့်ပါ ။ သူ နာကျင်စွာ ရေ၇ွတ်ကာ တချိန်တည်းမှာပဲ လူကြီး၏ ပုံဆောင်ခဲကို မြင်တွေ့ လိုက်ရတယ် ။ ဒါဟာ နေရာကို ပုံ ဖျက်ခြင်း သဘောပါပဲ ။
လူကြီးဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပြီး သူ၏ အလုံးလေး အား ထပ်မံ ရွေ့ လျားစေလိုက်ပါတယ် ။ ချန်ရှန်လည်း တော်တော် ဝေးဝေးမှ ရေကန်ထဲသို့ ပြုတ်ကျသွားပါတော့ တယ် ။ ပြန်လည် ကူးခတ်လာပြီးနောက်မှာတော့ လူကြီးက –
“မင်းအခု မင်းဆရာရဲ့ အစွမ်းထက်ပုံကို မြင်ပြီပေါ့”
လူကြီးဟာ မြေပေါ်လဲနေတယ့် ချန်ရှန် အား ကြည့်ကာ ရယ်မောနေပါတယ် ။
ချန်ရှန် တစ်ကိုယ်လုံးမှာ အားအင်တွေ မရှိတော့သလို ပါပဲ ။ သူဟာ မြေပေါ်မှာ မောနေပါတော့တယ် ။ ပြောစရာ စကားမရှိ ဆွံ့ အလျက် သူ့ရင်ထဲကကို ကြောက်နေပါတော့ တယ် ။ သူ့ဆရာ၏ စွမ်းအားကိုလည်း တုန်လှုပ်သွားမိပါ တယ် ။ သူ့စိတ်ထဲမှာ သူ့ဆရာဟာ ဆေးဆရာမကြီးထက် များစွာ အားကြီးတယ်လို့ သတ်မှတ်မိတယ် ။
ဒီလို ချီဓာတ်အလုံးလေးဟာ ပင် တော်တော် စွမ်းလှပါ တယ် ။ သူ၏ စွမ်းအား အကုန်ကိုသာ အသုံးချပါက ချန်ရှန် ဆက်မတွေးရဲတော့ပါ ။
“ဒီလူကြီး၏ အစွမ်းဟာ မော်တယ်လောက ရဲ့ ထိပ်ဆုံး အဆင့်မှာ ရှိနေတယ် ။ မင်းရဲ့ ဆရာဟာ တော်ပါတယ် ။ သူဟာ ဒီနေရာမှာ ပုန်းနေတာဟာ အကြောင်းတွေရှိတယ် ၊ သူသာ အပြင်မှာဆို တော်တော် မလွယ်ဘူး”
စုမေးယိုက အံ့အားသင့်စွာ ပြောပါတယ် ။
ဘိုင်ယုယု ကလည်း အလောတကြီးဖြင့် –
“သူက အမှန်တကယ်ကို ပြောနေတာ ၊ သူ့ရဲ့ နတ်နဂါး စွမ်းရည်ဟာ ကောင်းကင်ဘုံက လူတွေကိုတောင် မနာလို ဖြစ်စေတယ် ။ သူဒီမှာနေနေတာ အဲဒါတွေကို ရှောင်ဖို့ပဲ ၊ သူသာ ကောင်းကင်ကမ္ဘာ သိုင်းလောကကို သွားရင် သူ့ အတွက် တော်တော် အန္တရာယ်များမှာပဲ”
ချန်ရှန်၏ တစ်ကိုယ်လုံးဟာ နာကျင်နေတယ် ။ သူ့စိတ် ထဲမှာတော့ ကျေနပ်နေမိတယ် ။ အဘယ်ကြောင့်ဆိုသော် သူဟာ အရမ်းကို အစွမ်းထက်လှတယ့် ဆရာကို ရရှိထား လို့ပါပဲ ။
“ကောင်လေး ၊ မင်းဆရာခုနက သုံးသွားတာ နဂါးအား အင်ပဲ ။ နဂါးတစ်ကောင်က မွေးဖွားထားတဲ့ အားအင်မျိုး ပဲ ၊ အရမ်းကိုကြောက်စရာမကောင်းပေဘူးလား ။ နဂါးကြီး တစ်ကောင် ဟာ ဒီမော်တယ်လောကမှာ ပေါ်လာရင် ပေါ်လာရင် ၎င်းအမြီးတစ်ချက်နဲ့တင် မျက်စိတမှိတ်အတွင်း အားလုံး ပျက်စီးသွားမှာ”
လူကြီးဟာ နဂါးအကြောင်းပြောရင်းနဲ့တောင် နည်း နည်း ကြောက်ရွံ့ နေပုံ ပေါ်ပါတယ် ။
လူကြီး ချန်ရှန်နား သွားကာ ချန်ရှန် ၏ ကိုယ်အား ရိုက် ချနေတယ် ။ ချန်ရှန် ထူးဆန်းတဲ့ အေးစက်စက် စွမ်းအား မျိုး သူ၏ ကိုယ်မှာ စိမ့်ဝင်သွားသလိုခံစားလိုက်ရတယ် ။ နာကျင်မှုများဟာ ချက်ချင်းကို ပျောက်သွားပါတော့တယ်”
“ငါ့မှာ ယ င် နဲ့ ယန် သိမ်မွေ့ ကြောတွေ ရှိတယ် ။ မင်းရဲ့ စီနီယာမှာတော့ ယင်နဲ့ယန် ကောင်းကင် ကြောတွေ ရှိ တယ် ။ မင်းမှာကျ ယင် ယန် နတ်အကြောတွေရှိနေတာ ၊ အနာဂတ်မှာ မင်းဟာ ငါနဲ့ မင်းစီနီယာထက် သာနိုင်မယ်”
ဝိဉာဉ်တော်အကြော ၊ သိမ်မွေ့ အကြော ၊ ကောင်း ကင် အကြောနဲ့ နတ်အကြောတွေဟာ တစ်ခု နဲ့တစ်ခု မတူ ကြပဲ အဆင့်တွေ ကွာခြားကြတယ် ။ ယင် နဲ့ ယန် အကြော တွေကတော့ ပိုမိုပင် ရှားပါးလှတယ် ။ ချန်ရှန် ဟာ သူ့ ဆရာ နဲ့ စီနီယာမှာ ဒီလို အကြောတွေ ရှိနေတာကြောင့် အံ အားသင့်သွားပါတယ် ။
ပြင်းထန်သော သိုင်းပညာဂိုဏ်းမှာ အစွမ်းထက်တဲ့ နောက်လိုက်အချို့ တွင် အများအားဖြင့် သိမ်မွေ့ သို့မဟုတ် ကောင်းကင် အကြောတွေ ရှိနေတတ်ကြတယ် ။ ဒါပေမယ့် ၎င်းတို့ဟာ ထုတ်မပြတတ်ကြပါ ။ ရှောင်ဒို နဲ့ ဇုရွန်တို့ဟာ ဒီ လိုအကြောတွေ ရှိနေတယ့် ပညာရှင်တွေ ဖြစ်မယ်လို့ ချန် ရှန် တွက်ဆမိတယ် ။
“မင်းမှာ ထိုက်ကျိ ယင် နဲ့ ယန် ပုံသေချပ်လည်း ရှိနေတယ် ဟုတ်တယ်မလား ၊ ဟဲဟဲ ဒီလို ရှိတယ့် လူတွေ အတွက် ထိုက်ကျိနတ်နဂါးကျင့်စဉ် ဟာ အသင့်တော် ဆုံး ပဲ”
လူကြီးက ရယ်မော ပြောဆိုပါတယ် ။
စုမေးယို နဲ့ ဘိုင်ယုယုတို့ ဒီစကားကို ကြားတဲ့အခါ တော် တော် အံ့အားသင့်သွားကြတယ် ။
“ဒီ လို စွမ်းရည်မျိုး ရှိမယ်လို့ ငါမထင်ခဲ့မိဘူး”
စုမေးယို က အံ့သြတကြီး ပြောတာပါ ။
“ဒီ ကျင့်စဉ်ဟာ ထိုက်ကျိ ကျင့်စဉ်ကို အဆင့်မြင့်ထား တာ ဖြစ်မယ် ။ ငါတို့ဟာ ပထမဆုံးတွေ့ တာ ကျင့်စဉ် အကြွင်းအကျန်လောက်ကို ဖြစ်မယ် ။ တော်တော်ကို ထူး ဆန်းပါပေတယ်”
ဘိုင်ယုယု က အံ့အားသင့်စွာ ပြောတာပါ ။
လူကြီးဟာ ပြုံးကာ –
“ကောင်လေး ၊ ငါ မင်းရဲ့ လျို့ ဝှက်ချက်ကို မမေးပါ ဘူး ။ မင်းတခြား ကျင့်စဉ်တွေ ကျင့်တယ်ဆိုတာ သိတယ် ။ ၎င်းတို့ဟာ ကောင်းပေမယ့် သိပ်မပြည့်စုံသေးဘူး ။ ဒီ ထိုက် ကျိ နတ်နဂါးကျင့်စဉ်ရဲ့ အကြွင်းအကျန် သာသာ လောက်ပဲ ရှိမယ် ။ ဒါပေမယ့် သိပ်မကြာခင် မင်းနားလည် သွားမှာပါ”
ချန်ရှန် ခေါင်းညိမ့်ကာဖြင့် သူ့ကို သင်ပေးရန် မေးမြန်း ကာ နေပါတော့တယ် ။
လူကြီးတစ်ယောက် နဲ့ လူငယ် တစ်ယောက်ဟာ နက်နဲလှတယ့် ချောက်ကမ်းပါးကြီးထဲမှာ ရှိနေကြတယ် ။ လူကြီးဟာ ခက်ခဲလှတယ့် သိုင်းကျင့်စဉ်များအား ကျားကုတ် ကျားခဲ သင်ကြားပေနေလျက် ရှိပါတယ် ။
တစ်လလောက် ကြာပြီးနောက်မှာတော့ ချန်ရှန်ဟာ ထိုက်ကျိနတ်နဂါးကျင့်စဉ်ကို ဖန်တီးနိုင်ရန် ခေါင်းထဲမှာ သေချာ မှတ်မိနေပြီ ဖြစ်ပါတယ် ။ ဒီကျင့်စဉ်ကို ပြုလုပ်ရန် အရေးကြီးဆုံး လိုအပ်ချက်ကတော့ ယင် နဲ့ ယန် သွေး ကြောများ ရှိရမှာ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီကျင့်စဉ်ကို လူ များစွာဟာ လိုချင်နေကြတုန်းပါ ။ သူတို့ဟာ ပြည့်ဝစွာ အသုံးပြုနိုင်မည်မဟုတ်ပေမယ့် ဒါကို အသုံးပြုကာ တခြား သိုင်းစွမ်းရည်များအား ဖန်တီးနိုင်မှာ ဖြစ်ပါတယ် ။ ဥပမာ ထိုက်ကျိ ကျင့်စဉ်လို မျိုးပါ ။
ကွင်းအတွင်းမှ စုမေးယို နဲ့ ဘိုင်ယုယုတို့ဟာလည်း ဒီ ကျင့်စဉ်ကို သိသွားကြပါတယ် ။ ၎င်းတို့ဟာ မလေ့ကျင့်နိုင် ပေမယ့်လည်း ဒီကျင့်စဉ်အရ တခြားကျင့်စဉ်များကို ဖန်တီး နိုင်မှာ ဖြစ်ပါတယ် ။ ဒီ ဖြစ်စဉ်ဟာ အရမ်းကို ခက်ခဲ လှသော်လည်း သူတို့ဟာ ကွင်းအတွင်း မှာ ဘာမှလုပ်စရာ မရှိသဖြင့် အချိန်တိုင်း လေ့ကျင့်နိုင်မှာပါ ။
“မှတ်ထားပါ ။ ခုကစပြီး မင်းရဲ့ လေ့ကျင့်တဲ့ နည်းလမ်း ကို ငါ ပြင်ပေးမယ် ။ ကံကောင်းစွာပဲ မင်းဟာ စစ်မှန်သော သိုင်းပညာနယ်ပယ်ကို မရောက်သေးဘူး ။ မဟုတ်ရင် အစဉ်ပြေမှာ မဟုတ်ဘူး”
ဟွမ်ဂျိရှန် အရူးတစ်ယောက်လို ရယ်မောကာ ပြော လိုက်ပါတော့တယ် . . . ။