အပိုင်း ၂၂၁•၁
” ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အမွေဆက်ခံသူ ”
°°°
” ဒါပေါ့ ငါတို့မင်းကိုစောင့်နေကြတယ်လေမနေ့တုန်းက မင်းငါတို့အားလုံးကို သိစေချင်လို့အစွမ်းထုတ်ပြခဲ့တာမဟုတ်လား သွားမြန်မြန်ဆေးကြောသန့်စင်လိုက်ဦး ငါတို့တွေ ပထမအလွှာမှာစောင့်နေကြမယ်…အကြီးအကဲရွှမ်က မင်းအတွက် ဒီနေ့အထူးအစည်းအဝေးပွဲကိုခေါ်ယူထားတာ ခန်းမဆောင်ရဲ့အကြီးအကဲတွေအားလုံးရောက်နေလိမ့်မယ်…သူတို့ကိုစိတ်၀ိညာဥ်အကြောင်းဘယ်လိုမိတ်ဆက်ပေးရမလဲဆိုတာ စဥ်းစားထား ”
ဟို့ယွိဟောင် ရုတ်တရက်မှတ်မိလို့သွားပါတော့တယ်။ မနေ့တုန်းက ၀မ်သုန့်အယ်အကြောင်းကို အရမ်းကြီးအာရုံစိုက်လွန်တာကြောင့် အစောပိုင်းကကိစ္စတွေအားလုံးကို သူမေ့သွားခဲ့ရတယ်။ အခုအချိန်မှာကတော့ သူချက်ချင်းဆိုသလို သတိ၀င်လာခဲ့ပါပြီ။ ရန်ရှောင်ကျဲ့ရဲ့စကားကိုကြားချိန်မှာ မြန်မြန်ဆန်ဆန်သွားရောက်ပြီ မျက်နှာသစ်ဆေးကြောရပါတော့တယ်။
ရန်ရှောင်ကျဲ့ကတော့ ဟို့ယွိဟောင်ကိုကြည့်ရင်း ပြုံးပြီးတော့သာခေါင်းခါနေခဲ့တယ်။ ဒါပေမယ့် သဘောကျနှစ်ခြိုက်နေတဲ့ပုံစံကိုတော့ မဖုံးကွယ်ခဲ့ပါဘူး။ တစ်စုံတစ်ရာကိုသတိရသွားတဲ့အတိုင်း သက်ပြင်းချပြီလှည့်ထွက်လို့သွားပါတော့တယ်။
ဆေးကြောပြီတဲ့နောက် ဟို့ယွိဟောင်မနက်စာတောင်မစား၀ံ့ပဲ မြန်မြန်ဆန်ဆန်ပြေးထွက်လာရပါတော့တယ်။ ရန်ရှောင်ကျဲ့ပြောသလိုပဲ လက်ရှိအချိန် စားပွဲခုံရဲ့နှစ်ဖက်စလုံးမှာအကြီးအကဲတွေနဲ့ ပြည့်နေခဲ့ပါပြီ။ အကြီးအကဲရွှမ်ကတော့ ထိပ်ဆုံးမှာထိုင်နေခဲ့ပါတယ်။
လက်ရှိအချိန် အကြီးအကဲရွှမ် ခေါင်းဆောင်ဖြစ်ပြီတဲ့နောက် သူလဲစုတ်စုတ်ပြတ်ပြတ်နေနေတာကိုရပ်လိုက်ပါတော့တယ်။ လက်ရှိအချိန်မှာ သပ်ရပ်အောင်၀တ်စားလို့ထားခဲ့ပြီ ဆံပင်တွေကိုလဲကောင်းကောင်းဖြီးထားခဲ့တယ်။ ဒါ့အပြင် နူးညံ့ပြီ ညင်သာတဲ့အပြုံးကိုလဲ ပန်းဆင်လို့ထားခဲ့တယ်။
” အကြီးအကဲတို့အားလုံးကိုစောင့်ဆိုင်းနေစေရတဲ့အတွက် တောင်းပန်ပါတယ် ”
ဟို့ယွိဟောင် အပြေးလာရင်းနဲ့ပြောတော့တယ်။
” သေချာပေါက် မင်းတို့အတွက်တော့ ကောင်းမွန်တဲ့ညတစ်ညဖြတ်သန်းခဲ့ရပါတယ်..မင်းနဲ့ သုန့်အယ်လဲ နောက်ဆုံးတော့အတူတူရှိကြပြီ ငါတို့လဲ မနေ့ညတုန်းကကောင်းကောင်းမအိပ်ရဘူး…ငါတို့တွေက ဒီလောကကြီးအကြောင်းဘာမှမသိတဲ့ကလေးတွေလိုမျိုး မနေ့ညကအတော်လေးလေ့လာခဲ့ရတယ်လေ အခုလက်ရှိအချိန်မှာ အထူးအခွင့်အရေးပေးထားတာကြောင့် ငါတို့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာပြီ သေချာပေါက် ခန်းမရဲ့မှတ်တမ်းထဲက အသက်အရွယ်ကိုလဲချိုးဖြတ်လိုက်ပြီးပြီ ”
အကြီးအကဲရွှမ်ပြောတဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့အကြောင်းကိုကြားပြီချိန်မှာ အကြီးအကဲတွေအားလုံးလဲ ပြုံးနေခဲ့ကြပါတော့တယ်။ ဟို့ယွိဟောင်လဲ ဒီအချိန်မှသာ ခေါင်းမော့လိုက်တဲ့အတွက် ဆရာဖန်းယွီနဲ့ ကျန်းလဲ့ရွှမ်အပြင် ရင်းနှီးတဲ့အကြီးအကဲတွေကိုတွေ့လိုက်ရတော့တယ်။ သူတို့တွေအားလုံးလဲ ခေါင်းညိတ်လို့နေခဲ့ပါတယ်။
၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနရဲ့ လက်ထောက်ကျောင်းအုပ် ချင်းသောသောကတော့ ရယ်နေခဲ့တယ်။
” ယွိဟောင် ဒီကိုလာငါနဲ့ထိုင် ”
သူပြောပြီတဲ့နောက် သူဘေးနားကခုံကိုလက်ညိုးထိုးနေခဲ့ပါတယ်။ ဒါ့အပြင် ရန်ရှောင်ကျဲ့ကိုလဲ လှောင်ရယ်တဲ့အကြည့်နဲ့ကြည့်နေခဲ့တယ်။ ရန်ရှောင်ကျဲ့ကတော့ အေးအေးဆေးဆေးပါပဲ။ ချင်းသောသော အာဏာပြမှုကိုတစ်ချက်လေးတောင်ဂရုမစိုက်ခဲ့ပါဘူး။ ဟို့ယွိဟောင်ကတော့ ချင်းသောသောဘေးကိုအပြေးသွားရင်းနဲ့ ထိုင်ချလိုက်ပါတော့တယ်။ ကျန်းလဲ့ရွှမ်ကတော့ သူ့နဲ့မျက်နှာဆိုင်နေရာမှာရှိနေခဲ့တာပါ။ သူတို့က အဓိကထိုင်ခုံနဲ့အနီးဆုံးပါပဲ။
” ရှောင်ကျဲ့ အစည်းအဝေးပွဲကိုစတင်တော့မယ်..ယွိဟောင်ကို အရင်ဆုံးရှင်းပြလိုက် အခုလက်ရှိအချိန်မှာ သူပုံစံအရကောင်းကောင်းရှင်းပြနိုင်မဲ့ပုံမပေါ်သေးဘူး ”
ရန်ရှောင်ကျဲ့လဲ ခပ်မြန်မြန်ပဲခေါင်းညိတ်ခါပြန်ဖြေပါတော့တယ်။
” အကြီးအကဲတို့ဒီနေ့အစည်းအဝေးပွဲကို ခေါ်ဆိုလိုက်ရတာကတော့ ဟို့ယွိဟောင်ရဲ့မခန့်မှန်းနိုင်လောက်တဲ့ လိမ္မော်ရောင်၀ိညာဥ်စက်ကွင်းတွေနဲ့ သူမနေ့တုန်းကဖော်ထုတ်ပြသခဲ့တဲ့ ထူးခြားစွမ်းရည်ကြောင့်ပါပဲ တစ်ချိန်ထဲမှာ ကျွန်တော်တို့အားလုံးအတူတူဆုံးဖြတ်ဖို့လိုတဲ့တခြားကိစ္စတွေလဲပါနေခဲ့ပါသေးတယ် ”
ဒါ့အပြင် အာရုံစိုက်ဖို့လိုတဲ့အရေးကြီးကိစ္စတွေကို ရန်ရှောင်ကျဲ့ကဆက်တိုက်ပြောတော့တယ်။ ရိုးရှင်းတဲ့ဆွေးနွေးမှုတွေလုပ်ပြီတဲ့နောက် အကြီးအကဲတွေက ဆုံးဖြတ်ချက်ချလိုက်ပါပြီ။ ဒီအတိုင်းပဲ အစည်းအဝေးပွဲက ချောချောမွေ့မွေ့နဲ့ ဆက်သွားနေခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ အခုအချိန်မှာ အနည်းငယ်လန့်နေခဲ့တယ်။ ဒီလိုမျိုးအကြီးအကဲတွေနဲ့ တူညီတဲ့အဆင့်အတန်းကိုသူကရရှိထားတယ်လို့ပြောရမှာပါ ကံကောင်းစွာနဲ့ပဲ စိတ်၀ိညာဥ်ကသန်မာနေလို့သာ ဒီလောက်များပြားတဲ့ဖိအားတွေကို ခံနိုင်ရည်ရှိနေခဲ့တာပါ။ နောက်ဆုံးမှာတော့ စိတ်ပြန်လည်တည်ငြိမ်လို့သွားခဲ့ပြီ ၀မ်သုန့်အယ်အကြောင်းကို ယာယီမေ့သွားပါတော့တယ်။ သူပြောချင်တဲ့အကြောင်းအရာကိုသူစတင်ပြီ စဥ်းစားနေတော့တယ်။
” ယွိဟောင် အဆင်သင့်ဖြစ်ပြီလား မင်းရဲ့ထူးခြားတဲ့၀ိညာဥ်စက်ကွင်းတွေကို ငါတို့ဆီမိတ်ဆက်ပေးတော့မလား ”
တခြားကိစ္စတွေအားလုံးကို ရှင်းပြီတဲ့နောက် ဟို့ယွိဟောင်ဖက်ကို ရန်ရှောင်ကျဲ့လှည့်လာပါတော့တယ်။
ဟို့ယွိဟောင်က ခပ်မြန်မြန်ပဲထရပ်ရင်း ပြောလာတော့တယ်။
” ကျောင်းအုပ်ရန် အကြီးအကဲရွှမ်နဲ့ အကြီးအကဲတို့ ကျွန်တော်ရဲ့စွမ်းရည်ကိုနောက်တစ်ကြိမ်ထုတ်ဖော်ပြသခွင့်ပြုပါ ”
သူထရပ်ပြီတဲ့နောက် ကျယ်၀န်းတဲ့နေရာတစ်ခုဆီကိုသွားလိုက်ပါတော့တယ်။ သူတစ်ချက်တွေးလိုက်ရုံနဲ့တင် နှင်းလုံးလေးက ခန္ဓာကိုယ်အပြင်ဖက်ဆီကို ထွက်လာလို့လာခဲ့ပြန်ပါပြီ။
အရှေ့မှာရှိသူတွေအားလုံးကိုကြည့်နေရင်း သူမရဲ့မျက်လုံးပြာပြာတွေက တစ်ဖျတ်ဖျတ်ခတ်နေခဲ့ပါတယ်။ သူကလူစိမ်းတွေကို မကြောက်လန့်ပါဘူး။ အနည်းငယ်သိလိုစိတ်ပြင်းပြနေခဲ့ပြီ အကြီးအကဲရွှမ်ရှိရာဖက်ကို လက်ညိုးထိုးလိုက်ပါတော့တယ်။
ဟို့ယွိဟောင်လဲ ခပ်မြန်မြန်ပဲ သူလက်ညိုးထိုးတာကိုရပ်တန့်ဖို့အတွက် ကြိုးစားရပါတော့တယ်။ အကြီးအကဲရွှမ်ကို သူမထိခိုက်အောင်လုပ်မှာစိုးရိမ်နေခဲ့တာပါ။ နောက်ဆုံးတော့လဲ သူမရဲ့စိတ်ကမခန့်မှန်းနိုင်အောင်အပြောင်းအလဲမြန်လွန်လှပါတယ်။ ဒါ့အပြင် ဦးလေးထိုက်တန်တောင်မှ သူ့ကြောင့်ခဏခဏပြဿနာတက်ခဲ့ရတာပါ။
” ကျွန်တော်ကတော့ သူ့ကိုနှင်းလုံးလေးလို့ခေါ်ပါတယ်…လိမ္မော်နဲ့ရွှေရောင်စပ်ထားတဲ့၀ိညာဥ်စက်ကွင်းတွေကလဲ သူ့ဆီကနေရထားတာပဲ အကယ်၍ သူ့ကိုအမျိုးအစားခွဲရမယ်ဆိုရင် စိတ်၀ိညာဥ်လို့ခေါ်ရမှာပါ အမှီအခိုကင်းမဲ့တဲ့၀ိညာဥ်စက်ကွင်းတစ်ခုဖြစ်သလို ထူးခြားတဲ့တည်ရှိမှုတစ်ခုပါပဲ ဒါ့အပြင် ၀ိညာဥ်အရိုးသိုင်းပညာ၀ိညာဥ်တွေနဲ့လဲ မတူညီပါဘူး ”
ဟို့ယွိဟောင်ရဲ့ပထမဆုံးမိတ်ဆက်မှုကတင် အကြီးအကဲတွေအားလုံးရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့ပါတယ်။ နှင်းလုံးလေးကို အနီးကပ်မြင်နေရတဲ့သူတွေအားလုံးက ချစ်ခင်မြတ်နိုးရတဲ့အကြည့်တွေ ပေါ်လာခဲ့ပါပြီ။
ဟို့ယွိဟောင်လဲ တခဏတာစဥ်းစားပြီတဲ့နောက် ပြောလာခဲ့ပါတယ်။
” စိတ်၀ိညာဥ်တွေအကြောင်းကိုပြောရမယ်ဆိုရင် ဟိုအစကိုပြန်သွားရမှာပါ ဘာကြောင့်လဲဆိုတော့ ကျွန်တော်အနေနဲ့ အခုအချိန်အထိ ဘယ်တုန်းကမှ ဘယ်သူမှကိုမပြောပြဖူးတဲ့လျှို့၀ှက်ချက်နဲ့ သက်ဆိုင်နေလို့ပါပဲ အတိတ်အချိန်တုန်းက ဘယ်သူကိုမှလဲ ကျွန်တော်မပြောပြဖူးခဲ့သလို အကြီးအကဲမုတစ်ယောက်သာအနည်းငယ်သိပါတယ်…ဒါပေမယ့် သူလဲအပြည့်အစုံမသိခဲ့ပါဘူး အမှန်တရားကိုပြောရမယ်ဆိုရင် ကျွန်တော်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ နောက်ထပ်ဆရာအရှင်သခင်တစ်ယောက်ရှိပါတယ် ”
သူဒါကိုပြောလိုက်ချိန်မှာတော့ အားလုံးကထိတ်လန့်လို့သွားခဲ့ပါတော့တယ်။ အကြီးအကဲတွေက အသက်အရွယ်မငယ်ကြတော့ပေမဲ့ သူတို့ရဲ့သိလိုစိတ်ကတော့ လူငယ်အများစုထက်ကိုပိုပြီးကြီးမားလို့နေခဲ့တယ်။ အထူးသဖြင့် ဒီလောကကြီးထဲမှာနားမလည်နိုင်တဲ့အကြောင်းအရာကို သူတို့ကပိုပြီးစိတ်၀င်စားကြတာပါ။
စိတ်၀ိညာဥ်တွေအကြောင်းကိုပြောပြဖို့ အစွမ်းကုန်ပြောပြပြီချိန်မှာတော့ အကြီးအကဲလျှပ်စီးဧကရာဇ်နဲ့ ပတ်သက်တဲ့ကိစ္စကို သူမဖုံးကွယ်ထားနိုင်တော့ပါဘူး။ အကယ်၍ အသေးစိတ်ကိုသာ မဖော်ပြဘူးဆိုရင်သေချာပေါက် သူ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာရှိတဲ့ ချိတ်ပိတ်စည်းတွေနဲ့သမိုင်းတွေအကြောင်းကိုရှင်းပြဖို့ခက်ပါလိမ့်မယ်။
” ကျွန်တော်ကျောင်းတော်ထဲကိုမ၀င်ရောက်ခင်အချိန်မှာ ၀ိညာဥ်စွမ်းအားအဆင့်တစ်ဆယ်ကိုရောက်ပြီတဲ့နောက် မူလမိသားစုကနေထွက်ခွာလာခဲ့ရပါတယ်..အဲ့ဒီနောက် မဟာကြယ်တာရာသစ်တောထဲကိုဦးတည်သွားရောက်ခဲ့ပြီ အပြင်ဘက်အ၀န်းအ၀ိုင်းတစ်လျှောက်ကို ရောက်ရှိချိန်မှာတော့ အစ်ကိုကြီးပေ့ပေ့နဲ့ ဆရာရှောင်ယာ့ကိုတွေ့ဆုံခဲ့ရပါတယ် ”
အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့ နောက်ခံကြောင့် အမှန်တရားကိုသူပြောပြခဲ့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အကြောင်းကလွဲပြီ ရှိသမျှအရာအားလုံးကို သူပြောပြခဲ့ပါတယ်။ ဒါ့အပြင် လျှပ်စီးဧကရာဇ်က သူ့ရဲ့စိတ်၀ိညာဥ်ကျင့်ကြံမှုတွေကိုဘယ်လိုလမ်းညွှန်ခဲ့သလဲဆိုတဲ့အကြောင်းတွေနဲ့ စွမ်းရည်တချို့ပေးခဲ့တယ်ဆိုတာကိုပါ အသေးစိတ်ပြောပြခဲ့တယ်။
ဒါ့အပြင် လျှပ်စီးဧကရာဇ်ကို အလင်းအမျိုးအစားနတ်ဘုရားတစ်ပါးအဖြစ်သာ ပြောပြခဲ့တာပါ။ အောက်လမ်းပညာအကြောင်းဘာမှမပြောခဲ့ပါဘူး။ အကယ်၍ ကပ်ဆိုးတွေရဲ့အရှင်သခင်လျှပ်စီးဧကရာဇ်အကြောင်းကိုသာ ပြောပြခဲ့မယ်ဆိုရင် မိစ္ဆာ၀ိညာဥ်ပညာရှင်လို့ မှတ်ထင်ကြမှာပါ။ ဒါ့အပြင် အောက်လမ်းပညာထိန်းချုပ်မှုအကြောင်းကို လက်ဆင့်ကမ်းပေးခဲ့တာဆိုတာကိုလဲ သူပြောလို့မရနိုင်ပါဘူး။ ဒါမျိုးတွေအဖြစ်မခံချင်တဲ့အတွက် စိတ်၀ိညာဥ်ဆိုင်ရာမှာအားကောင်းလှတဲ့ လျှပ်စီးအမျိုးအစားပညာရှင်အဖြစ်သာ ပုံဖော်ပေးခဲ့ပါတယ်။
လျှပ်စီးဧကရာဇ်ရဲ့ နောက်ခံအင်အားအကြောင်းပြောပြီတဲ့အချိန်မှာတော့ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ သူတို့ကြုံခဲ့ရတဲ့လေလံပွဲနဲ့အတူ နှင်းဧကရီရဲ့သန္ဓေသားအကြောင်းကိုပါပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် ခန္ဓာကိုယ်မျိုးနွယ်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကို တိုက်ခိုက်ခဲ့ပုံနဲ့ နှင်းဧကရီရဲ့သန္ဓေသားကို ရယူခဲ့တဲ့အကြောင်းလေးတွေကိုပါ အသေးစိတ်ပြောပြခဲ့တော့တယ်။ အဲ့ဒီနောက် လျှပ်စီးဧကရာဇ်အကူအညီနဲ့အတူ နှင်းဧကရီကိုသူချိတ်ပိတ်ခဲ့တဲ့အကြောင်းကိုပါ ဆက်ပြောရပြန်ပါတယ်။
ကြည်လင်ကောင်းကင်မျိုးနွယ်စုကို သူနဲ့ ၀မ်သုန့်အယ်နဲ့အတူတူသွားရောက်တဲ့အချိန်မှာ ကျောက်စိမ်းအဆီအနှစ်အိပ်ရာကြောင့် သူပြဿနာတက်ခဲ့ရတဲ့အကြောင်းကိုပါ ပြောရပါတော့တယ်။ လျှပ်စီးဧကရာဇ်ရဲ့ သူ့ရဲ့နောက်ဆုံးကျန်ရစ်တဲ့နတ်အသိဉာဏ်ကိုအသုံးပြုပြီး သူနဲ့နှင်းဧကရီကို ပေါင်းစည်းစေကာ ၀ိညာဥ်စွမ်းအားတစ်ခုဖန်တီးပေးကာ သူရှင်းပြပေးခဲ့တော့တယ်။
အတွေ့အကြုံကြွယ်၀လွန်လှတဲ့ အကြီးအကဲတွေတောင်မှ ဒီလိုမယုံနိုင်စရာကောင်းလှတဲ့ဖြစ်စဥ်တွေကို ကြားပြီတဲ့နောက် အတော်ကိုအံ့အားသင့်နေခဲ့ကြပါတယ်။ အင်အားကြီးလွန်လှတဲ့ မှော်ဆရာနတ်ဘုရားတစ်ပါးတစ်ယောက်ရဲ့ နတ်အသိဉာဏ်တင်မက နှင်းဧကရီနဲ့ ဟို့ယွိဟောင်တို့ပါပေါင်းစည်းပြီ စိတ်၀ိညာဥ်ဖြစ်ပေါ်လာခဲ့တဲ့ကိစ္စအားလုံးကပါ သာမန်၀ိညာဥ်ပညာရှင်တွေတွေးထားတာထက်တောင် ကျော်လွန်နေခဲ့ပါတယ်။
” ဒီလိုကြောင့်သာ ကျွန်တော် နှင်းဧကရီရဲ့စိတ်၀ိညာဥ်ကိုပိုင်ဆိုင်လာခဲ့ရတာပါ ကျွန်တော်ကသူ့ကိုနှင်းလုံးလေးလို့ခေါ်ပါတယ်..သူ့ရဲ့ရုပ်ရည်က ရေခဲကောင်းကင်ရဲ့နှင်းဧကရီငယ်ရွယ်စဥ်ကရုပ်သွင်နဲ့ အတူတူပါပဲ ဒါ့အပြင် သူ့ရဲ့အစွမ်းအစတွေကတော့ ကျွန်တော်ရဲ့အများကြီးအနီးကပ်ဆက်နွယ်နေပါတယ်..ဒါပေမယ့် သူ့ရဲ့ကိုယ်ပိုင်အတွေးအခေါ်လဲရှိနေခဲ့တယ် ”
” တိုက်ပွဲတိုက်ခိုက်တဲ့အချိန်မှာ ကျွန်တော်နဲ့ပေါင်းစည်းနိုင်သလို ကျွန်တော်ရဲ့၀ိညာဥ်စွမ်းအားတွေအားလုံးကို သူမရဲ့စိတ်၀ိညာဥ်စွမ်းအားအဖြစ်လဲ သုံးစွဲနိုင်ပါတယ်…ရှု့ထောင့်တစ်ခုကနေကြည့်မယ်ဆိုရင် သူကလုံး၀ကို သီးသန့်ဖြစ်တည်နေတဲ့သက်ရှိတစ်ခုလိုပါပဲ ”
” ကျွန်တော်ရဲ့အကူအညီနဲ့ သူမရဲ့အစွမ်းအစတွေက သိသိသာသာတိုးတက်လာသလို သူ့ရဲ့အင်အားကသန်မာလွန်တာကြောင့်ပဲ ကျွန်တော်အတွက် အထောက်အကူပြုလာနိုင်တာပါ ဒါ့အပြင် ဆရာလျှပ်စီးဧကရာဇ်ရဲ့ နတ်အသိဉာဏ်က ကျွန်တော်တို့ဆီမှာလဲ ပေါင်းစည်းပြီရှိခဲ့ပါသေးတယ်…နှင်းဧကရီနဲ့ကျွန်တော် ပေါင်းစည်းတဲ့နောက် ၀ိညာဥ်စက်ကွင်းလေးကွင်းတိတိ ဖြစ်ပေါ်လာခဲ့ပါတယ် ”
” အဲ့ဒီအချိန်မှာ ကြည်လင်ကောင်းကင်မျိုးနွယ်စုရဲ့မျိုးနွယ်သခင်နျိုထန်ပြောခဲ့တာကတော့ နှင်းဧကရီရဲ့အင်အားကကြီးလွန်တာကြောင့် ၀ိညာဥ်စက်ကွင်းတွေအများကြီးဖြစ်ပေါ်လာပြီ နေရာယူဖို့လိုအပ်တာပါတဲ့ ဒါ့အပြင် ကျွန်တော်သုံးဖို့အတွက် အင်အားကြီးတဲ့ ၀ိညာဥ်စွမ်းရည်တွေကို ထုတ်ပေးနိုင်ဖို့အတွက်လဲ ဒီလိုမျိုး၀ိညာဥ်စက်ကွင်းနေရာကိုယူလိုက်ရတာပါ ”
” အခုလက်ရှိအချိန်မှာ ၀ိညာဥ်စက်ကွင်းလေးခုကသုံးခုရဲ့စွမ်းအားကိုတော့ အသုံးပြုနိုင်နေပါပြီ နောက်ဆုံး၀ိညာဥ်စက်ကွင်းရဲ့စွမ်းအားကိုတော့ဘယ်လိုအသုံးပြုရမလဲဆိုတာကျွန်တော်မတွေးတတ်သေးပါဘူး ”
” နှင်းဧကရီရဲ့စိတ်၀ိညာဥ်ကိုပိုင်ဆိုင်ပြီတဲ့နောက် ကျွန်တော်သေချာတွေးခဲ့ပါတယ်..ကျွန်တော်တို့ရဲ့ အခြေအနေက အတော်ကိုထူးခြားတဲ့အပြင် နှင်းဧကရီရဲ့အင်အားချိတ်ပိတ်ခံရပြီတဲ့နောက် ရုတ်တရက်အပြောင်းအလဲတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ ”
” ဒါပေမယ့် သာမန်၀ိညာဥ်သားရဲကောင်တစ်ကောင်ရဲ့စွမ်းအားနဲ့ စိတ်၀ိညာဥ်ကိုအသုံးပြုပြီး ၀ိညာဥ်ပညာရှင်နဲ့ပေါင်းစည်းလိုက်မယ်ဆိုရင်ကောဘယ်လိုမျိုးဖြစ်လာနိုင်သလဲ သေချာပေါက် အများကြီးတော့အန္တရာယ်များနိုင်မှာမဟုတ်ပါဘူး..အကယ်၍ ၀ိညာဥ်သားရဲကောင်သာလိုလိုလားလားဆန္ဒရှိတယ်ဆိုရင် ချိတ်ပိတ်စည်းကိုဖန်တီးပြီ နောက်ထပ်စိတ်၀ိညာဥ်တစ်ခုကို ဖန်တီးနိုင်ဖို့အတွက် ကျွန်တော်မှာယုံကြည်ချက်ခုနှစ်ဆယ်ရာခိုင်နှုန်းရှိပါတယ်..,အကယ်၍ တစ်ဖက်၀ိညာဥ်ပညာရှင်ရဲ့ကျင့်ကြံဆင့်ကသာ ကျွန်တော်အောက်နှိမ့်ပါးမယ်ဆိုရင် သေချာပေါက် ယုံကြည်ချက်ကတော့ ပိုပြီးမြင့်မှာပါ ”
ဒီနေရာမှာ သူစကားပြောတာရပ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် သူအချက်ပြလိုက်ချိန်မှာ နှင်းလုံးလေးကတော့ အကြီးအကဲရဲ့ပတ်လည်ကို လှည့်ပတ်ပြီပျံသန်းနေခဲ့တော့တယ်။ အကြီးအကဲတွေရဲ့အရှေ့မှာ တခဏတာရပ်တန့်ရင်း သူမဘယ်လောက်အထိ အံ့ဩစရာကောင်းတဲ့အကြောင်းကို ထုတ်ဖော်ပြသလို့နေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ နှင်းလုံးလေးက သူပုခုံးပေါ်ကိုရောက်လာခဲ့ပါပြီ။ သူမကတော့ အရင်လိုမျိုးစိတ်လှုပ်ရှားတက်ကြွနေဆဲပါပဲ။ လက်ရှိအချိန်မှာဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲအိပ်နေမဲ့အစား အပြင်မှာသာလှည့်ပတ်ပြီ ပျော်ချင်နေတဲ့ပုံပေါ်ပါတယ်။
အပိုင်း ၂၂၁•၁ ပြီး၏။