အပိုင်း ၂၂၀•၃
” ငါ့ဘေးကနတ်မိမယ် ”
°°°
” အခုဘာဖြစ်လို့ သူ့နဲ့ဒီလောက်တောင်မှ ရင်းရင်းနှီးနှီးခံစားနေရလဲဆိုတာကိုနားလည်သွားပြီ မင်းက သူနဲ့ယှဥ်လိုက်မယ်ဆိုရင် အသက်သုံးလေးနှစ်လောက်ပိုပြီးတော့ငယ်နေတယ်…သူက ငါတို့အတူတူပေါင်းပြီထုတ်လွှတ်ခဲ့တဲ့ အလင်းတန်းနတ်မိမယ်နဲ့ပိုပြီးတော့တူတယ်…ဒီတော့နောက်နှစ်နှစ်လောက်ကြာပြီဆိုရင် သူနဲ့မင်းက လုံး၀ကိုရုပ်ရည်တစ်ထပ်ထဲဖြစ်သွားလိမ့်မယ်…ပြောရမယ်ဆိုရင် မင်းတို့နှစ်ယောက်က အရမ်းကိုတူလွန်လို့ ညီမတွေဖြစ်နေသလိုပဲပေါ့ ”
၀မ်သုန့်အယ်နဲ့ ၀မ်ချိုးအယ် နှစ်ယောက်က တကယ်တော့လုံး၀ကိုမတူညီတဲ့လူတွေပါ။ ဒါပေမယ့် ရုပ်ဆင်တူနေတာက အရမ်းကိုထူးဆန်းလှပါတယ်။ အထူးသဖြင့် ၀မ်သုန့်က ၀မ်သုန့်အယ်ဖြစ်လာတာကိုနားလည်ပြီတဲ့နောက်မှာ ဒီလိုတူနေတာက ပိုပြီးကြောက်စရာကောင်းနေခဲ့တယ်။
” ကံကောင်းစွာနဲ့ပဲ ကိုယ်တို့နှစ်ယောက်မှာကဟောင်သုန့်စွမ်းအားရှိနေတယ်…တခြားသူတွေက မင်းတို့နှစ်ယောက်အတူတူရပ်နေခဲ့မယ်ဆိုရင် ဘယ်သူကဘယ်သူလဲဆိုတာကို ပြောဖို့ခက်ပေမဲ့ ကိုယ်တို့အတွက်တော့မတူညီဘူး ”
၀မ်သုန့်က ဟို့ယွိဟောင်ရဲ့နဖူးကို ခပ်ဖွဖွလေးပွတ်နေခဲ့ရင်း ပြောလာခဲ့ပါတယ်။
” နင်ကြည့်ရတာ အမှန်ကိုပြောနေတဲ့ပုံပဲ သေချာရဲ့လား အဲ့ဒီနေ့တုန်းက အဖျားကြီးပြီပေါက်ကရတွေမြင်နေတာမဟုတ်ဘူးဆိုတာလေ ”
ဟို့ယွိဟောင်ကတော့ သူ့ခေါင်းသူကုတ်နေရင်းနဲ့သာရယ်နေခဲ့ပါတယ်။
” ဒါလဲဖြစ်နိုင်တာပဲလေ ငါရဲ့နတ်မိမယ်လေးကိုလွမ်းလွန်လို့ကော ဒါ့အပြင် အမြွှာအစ်မရှိတဲ့လို့ပြောထားတာတွေကြောင့်ပါ ထင်ယောင်ထင်မှားဖြစ်နေတာဖြစ်နိုင်တယ်…ထားလိုက်ပါ သူရှိရှိ မရှိရှိကိစ္စမရှိတော့ဘူး…ငါဘ၀မှာလိုတာ ၀မ်သုန့်အယ်လေးပဲရှိတော့တယ် ”
ပင်လယ်နတ်ဘုရားခန်းမဆောင်ဆီကို စကားတပြောပြောနဲ့သာ ပြန်လာခဲ့ကြပါတယ်။ အထဲကို၀င်ပြီတဲ့နောက် ဟို့ယွိဟောင်ကတော့ ရယ်နေခဲ့တယ်။
” ဒီညမင်းအခန်းကြီးထဲမှာပဲနေမလား ဒါမှမဟုတ် ငါအခန်းထဲမှာပဲနေမလား ”
” ဘာတွေလာပြောနေတာလဲ အတူတူနေလို့ဘယ်ရမလဲ ဒါကလက်ထပ်ပြီတဲ့နောက်မှသာနေရမှာပေါ့ ”
၀မ်သုန့်အယ်ရဲ့မျက်နှာကတော့ ပန်းသီးတစ်လုံးလိုမျိုးနီရဲနေခဲ့ပါပြီ။ ဟို့ယွိဟောင်က သူမကိုနမ်းရှိုက်ဖို့ပြင်လိုက်ပေမဲ့ သူမက ခုန်ရှောင်လိုက်ပါတယ်။
” အကွာအဝေးကိုသေချာထိန်းပြီနေစမ်းပါ ”
” အတွေးလွန်နေပါပြီ ငါက အတူတူလေ့ကျင့်ကြမလားလို့ ပြောချင်တာပါ ဟောင်သုန့်စွမ်းအားနဲ့ဆိုရင် စွမ်းအင်ရဲ့ကျင့်ကြံမှုအရှိန်နှုန်းက ပိုပြီးမြင့်လာနိုင်တယ်မလား ဒါက်ိုသိပြီဆိုမှတော့ ဘာဖြစ်လို့ငါကတစ်ယောက်ထဲလေ့ကျင့်ရဦးမှာလဲ ”
၀မ်သုန့်ကတော့ သတိကြီးကြီးထားနေဆဲပါ။ ဒါပေမယ့် သူမ ပျော်တော့ပျော်နေခဲ့ပါတယ်။
” အကယ်၍ နင်စိတ်သာတစ်ခုခုပြောင်းသွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာဘယ်သူသိနိုင်မှာလဲ ကိုယ့်အခန်းကိုယ်ပြန်ပြီတော့ အိပ်စက်ပါ ”
ဟို့ယွိဟောင်ကတော့ သနားစရာမျက်နှာဘေးလေးလုပ်ပြနေခဲ့ပါတယ်။
” ဒါပေမယ့် ပြောစရာစကားတွေက အများကြီးရှိသေးတာကို ”
” မနက်ဖြန်မှပြောလဲရတယ်လေ ဒီပွဲတော်ကြောင့် အတော်လေးပင်ပန်းနေတာမဟုတ်ဘူးလား အခုပဲနှလုံးသားခုန်သံတွေကိုမြန်နေတာကိုကြားနေရတယ်…ငါရဲ့လုံခြုံစိတ်ချမှုကို အာမခံနိုင်ဖို့အတွက် အခန်းကိုအရင်စောစောပြန်တော့မယ် ”
သူပြောပြီတဲ့နောက် ခပ်မြန်မြန်ပဲ ပြေးထွက်လို့သွားပါတော့တယ်။ ဟို့ယွိဟောင်ကတော့ ရယ်မောရင်းလိုက်ဖမ်းနေခဲ့တယ်။ သူ့ရဲ့၀ိညာဥ်ရှပ်ပြေးကိုသုံးထားတာကြောင့် ၀မ်သုန့်အယ်ရဲ့လမ်းကို မြန်မြန်ဆန်ဆန်ပဲ ပိတ်နိုင်ခဲ့ပါပြီ။
” ဘယ်ပြေးမလဲကြည့်ကြသေးတာပေါ့ ”
ဟို့ယွိဟောင်က လက်နှစ်ဖက်ကိုဆန့်ထုတ်ထားကာသူမကို ပျော်ပျော်ကြီးကြည့်ရင်းပြောနေခဲ့ပါတယ်။
၀မ်သုန့်ကလဲ ပြေးနေတာကိုရပ်လိုက်ပါပြီ။ သူမဆက်ပြီးတော့မပြုံးတော့သလို ဟို့ယွိဟောင်ဆီကိုဖြည်းဖြည်းချင်းလျှောက်လာရင်းနဲ့ သူ့ခါးကိုဖက်ကာမျက်နှာကိုရင်ဘတ်ထဲအပ်ရင်းနဲ့ ငြိမ်သက်သွားခဲ့ပါတယ်။
သူမရဲ့ခန္ဓာကိုယ်က အရမ်းကိုနူးညံ့လွန်လှပြီ ဟို့ယွိဟောင်မတော်တဆဖက်မိတဲ့အချိန်တွေတုန်းကထက်တောင် ပိုပြီးနူးညံ့လို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ နှလုံးခုန်သံတွေလဲ ပိုပြီးမြန်ဆန်လာခဲ့ရပါပြီ။ ၀မ်သုန့်အယ်ကို ဖက်တာကပထမဆုံးအကြိမ်မဟုတ်ပါဘူး။ သူတို့နှစ်ယောက်သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကို ထုတ်သုံးပြီအချိန်ကထဲက သူ့ကိုမကြာခဏဖက်လေ့ရှိပါတယ်။ ဒါပေမယ့် အခုလက်ရှိအချိန်က တခြားအချိန်တွေထက် လုံး၀ကို ကွာခြားနေခဲ့တယ်။ ဒါက သူ့ရဲ့ညီနောင်ကောင်းမဟုတ်တော့ပဲ သူချစ်ရတဲ့သူဖြစ်နေခဲ့လို့ပါ။
” ယွိဟောင် သိရဲ့လား ငါတကယ်ပဲပျော်မိတယ်…အရင်တုန်းက ဘယ်လောက်တောင် စိတ်မသက်မသာဖြစ်ခဲ့ရလဲဆိုတာနားလည်နိုင်မှာမဟုတ်ဘူး.,,ငါကိုမရွေးမှာတကယ်ကြောက်မိခဲ့တယ်လေ အကယ်၍ နင်သာ ငါကိုမရွေးခဲ့ဘူးဆိုရင် ငါဘာလုပ်ရမလဲမသိတော့ဘူး ”
” အဲ့ဒီအချိန် နင်မရွေးခင်တုန်းက ငါဘာဆိုဘာမှမတွေးနိုင်အောင် စိတ်လွှတ်နေခဲ့တာ နောက်ဆုံးတော့လဲ နင့်ထျန်းနဲ့ အစ်မကြီးလင်တို့နှစ်ယောက်စလုံးက အရမ်းကိုထူးချွန်ကြတယ်လေ အကယ်၍ သူတို့သာနင်နဲ့အတူတူရှိမယ်ဆိုရင် အများကြီးကူညီနိုင်မှာပဲ အဲ့ဒီအချိန်မှာ ငါကဘယ်သူဆိုတာလဲ နင်သိသေးတာမဟုတ်ဘူး ”
” ခေါင်းပေါ်က မျက်နှာကာနဲ့ဦးထုပ်ကိုဖယ်ပြစ်ပြီ ရုပ်ရည်ကြည့်လိုက်တာနဲ့ တစ်ခါထဲမှတ်မိစေချင်တဲ့စိတ်က အမြဲတမ်းရှိခဲ့တယ်…ဒါပေမယ့်လဲ ဒီကြင်ဖက်တွေ့ဆုံပွဲမှာ ရုပ်ရည်ကြောင့်မလို့ ပြဿနာမတက်စေချင်ဘူး…အခုတော့အရာအားလုံးက အဆင်ပြေသွားပြီ ”
” ဒါပေမယ့် ဒီလိုမျိုးပုံစံအသစ်ပြောင်းသွားတာကိုလက်ခံနိုင်ဖို့အတွက် အချိန်တော့နည်းနည်းယူရဦးမယ် ငါရဲ့ခံစားချက်တွေကလဲ ညီအစ်ကိုတစ်ယောက်လိုမျိုးခံစားတာလား ဒါမှမဟုတ် ချစ်ခြင်းမေတ္တာကြောင့်ဖြစ်လာတာလားဆိုတာ သေချာမသိသေးဘူး…ငါတို့တွေအစကနေပြန်စလို့ရနိုင်မလား အချိန်တချို့တော့ယူရဦးမှာပေါ့လေ ”
၀မ်သုန့်ရဲ့ဆက်တိုက်ပြောစကားကို ကြားနေချိန်မှာ ဟို့ယွိဟောင်က သူမရဲ့လက်တွေကို ခပ်ဖွဖွလေးဆွဲယူလိုက်ရင်းအနားကိုပိုကပ်လိုက်ပါတော့တယ်။ သူတို့နှစ်ယောက် ခန္ဓာကိုယ်ပေါင်းစည်းချင်နေသလိုပါပဲ။
” စိတ်ဆိုးနေလို့လား ”
၀မ်သုန့်က မေးလိုက်ပါတယ်။ ဟို့ယွိဟောင်ကတော့ ခေါင်းသာခါနေခဲ့တယ်။
” မဟုတ်ဘူး မင်းပြောတာမှန်တယ် ဒီလောကကြီးထဲမှာ မင်းကငါကိုအနားလည်ဆုံးသူပဲ ငါတို့ခံစားချက်အပြောင်းအလဲဖြစ်ဖို့အတွက် အချိန်နည်းနည်းတော့လိုလိမ့်ဦးမယ် ”
” ငါရဲ့ခံစားချက်က မင်းနဲ့ပတ်သက်လာရင်းညီအစ်ကိုတစ်ယောက်လိုမျိုးချစ်ခင်လား ဒါမှမဟုတ် ချစ်ခြင်းမေတ္တာတရားကြောင့်လားဆိုတာမသေချာဘူး ”
” ဒါပေမယ့် ”
” ဒါပေမယ့်ဘာဖြစ်လဲ ”
ဟို့ယွိဟောင်ရဲ့ လက်မောင်းထဲကနေထွက်ဖို့ရုန်းကန်နေရင်း မေးလာခဲ့ပါတယ်။
ဟို့ယွိဟောင်က ဒီအချိန်မှာပြုံးပြရင်းနဲ့ ပြောလာခဲ့တယ်။
” ဒီလိုအချိန်မျိုးမှာ ပြောနေရုံနဲ့တင် ငါကိုနှာဘူးကောင်တစ်ယောက်လို့ ထင်သွားနိုင်တယ်မလား ”
” ဟုတ်တယ် နင်ကနှာဘူးကောင်ပဲလေ ”
သူပြောပြီတဲ့နောက် လှည့်ထွက်ပြီပြေးပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ပြင်ဆင်ထားပြီးသားပါ။ သူမကိုအနောက်ကနေပြန်ဆွဲယူလိုက်ပြီ နောက်တစ်ကြိမ်ဖက်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်က သူမရဲ့ခါးလေးကိုဖက်ထားရင်းနဲ့ ပြောလာခဲ့ပြန်ပါတယ်။
” မင်းကငါကိုအရူးလေးလို့ခေါ်ခဲ့ပေမဲ့ မင်းကိုယ်တိုင်ကလဲ တကယ်အရူးလေးပဲလေ ငါ့ကိိုနားလည်ဆုံးသူက မင်းပဲမဟုတ်ဘူးလား မင်းရဲ့ဆန္ဒမပါပဲနဲ့ ငါကမင်းကိုလက်ဖျားနဲ့တောင် တို့မှာမဟုတ်ဘူး..ငါစောင့်နိုင်ပါတယ် ”
” ဒါပေါ့ နင်စောင့်ရမှာပေါ့ အကယ်၍ နင်တစ်ဘ၀တာလုံးစောင့်ရမယ်ဆိုရင် သေချာပေါက် စောင့်ရဦးမှာပဲ ငါအကွက်ကိုကြည့်လိုက်စမ်း”
သူပြောပြီတဲ့နောက် ရုတ်တရက်လှည့်ထွက်ကာ ဟို့ယွိဟောင်ကိုတစ်စုံတစ်ရာပေးလိုက်ပါတော့တယ်။
” အဲ့ဒါဘာလေးလဲ ”
သူ့ရဲ့လက်ထဲမှာရှိနေတဲ့အိတ်ကလေးကိုကြည့်ရင်း ဟို့ယွိဟောင်က နားမလည်နိုင်ဖြစ်နေခဲ့တယ်။
” ဒါကဘာလဲဆိုတာတော့ ငါမသိဘူး ဘကြီးကပေးလိုက်တာပဲ သူပြောတာကတော့ ”
သူမပြောနေရင်းကနေ မျက်နှာတစ်ခုလုံးနီရဲလို့သွားရင်းခေါင်းငုံ့နေခဲ့ပါတော့တယ်။
” အကယ်၍ နင်သာငါအတွက် မှန်ကန်တဲ့သူဆိုတာသေချာပြီဆိုရင် ဒီအိတ်ကိုပေးလိုက်တဲ့ အထဲမှာဘာရှိလဲဆိုတာ ငါလဲမသိဘူး ”
ဟို့ယွိဟောင်လဲ နားမလည်ခဲ့ပါဘူး။ ဘာကြောင့်များ ကြည်လင်ကောင်းကင်မျိုးနွယ်စုရဲ့မျိုးနွယ်ခေါင်းဆောင်က ဒီအိတ်ကိုပေးရတာလဲ ဟို့ယွိဟောင်ဖွင့်ဖို့ပြင်ပါတော့တယ်။ ဒါပေမယ့် ၀မ်သုန့်အယ်က သူ့ကိုတားလိုက်တယ်။
” ဒါကိုတိုက်ရိုက်ဖွင့်လို့မရဘူး…ဘကြီးက ဒါကိုစိတ်၀ိညာဥ်စွမ်းအားနဲ့ ဖုံးထားတာအကယ်၍ အားသုံးပြီဖွင့်လိုက်မယ်ဆိုရင် အထဲမှာရှိသမျှအားလုံးပျက်စီးသွားလိမ့်မယ်…သေချာပေါက် ငါလဲတစ်ချက်ကြည့်လိုက်သေးတယ်..ပထမဆုံးဒါကိုဖွင့်ပြီ အထဲကရှိတဲ့အရာတွေကိုကြည့်နိုင်မယ်ဆိုရင် လုံလောက်တဲ့စိတ်၀ိညာဥ်စွမ်းအားရှိဖို့လိုလိမ့်မယ် ”
ဟို့ယွိဟောင် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုပြီးဖွင့်ဖို့ကြိုးစားကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ကြောက်စရာကောင်းလွန်လှတဲ့ တားဆီးမှုတစ်ခုကို သူချက်ချင်းပဲတွေ့ကြုံလိုက်ရတော့တယ်။ လက်ရှိအချိန်မှာ ဒီအိတ်အသေးလေးအပေါ် သုံးထားတဲ့ နျိုထန်ရဲ့စိတ်၀ိညာဥ်စွမ်းအားခိုင်မာမှုကို နားလည်ပြီတဲ့နောက် ချက်ချင်းဟို့ယွိဟောင်အံ့အားသင့်သွားပါတော့တယ်။
သူ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် ဒီအိတ်ရဲ့ချိတ်ပိတ်စည်းကို ကျော်လွှားနိုင်မှာမဟုတ်ပါဘူး။ သေချာပေါက် ၀ိညာဥ်ဧကရာဇ်တစ်ယောက် ဖြစ်လာပြီတဲ့နောက်မှသာ အိတ်ကိုဖွင့်နိုင်ဖို့အစွမ်းအစရှိလာမှာပါ။ ဒါ့အပြင် အရှိန်ကောင်းကောင်းနဲ့လဲစိတ်၀ိညာဥ်စွမ်းအားက တိုးတက်ဖို့လိုနေပါဦးမယ်။
” ကောင်းပြီလေသုန့်အယ် ငါမင်းကိုမေးစရာတစ်ခုရှိတယ် ”
၀မ်သုန့်အယ်ကတော့ အခုအချိန်မှာ စိတ်ရှုပ်ထွေးနေဆဲပါ။
” ဘာဖြစ်လို့ မင်းဆံပင်တွေအဲ့လောက်ရှုပ်ပွနေရတာလဲ ”
” အရူးကောင် ငါကမနက်တုန်းက ကျစ်ဆံမြီးကျစ်လာပေမဲ့ လေတအားတိုက်လွန်လို့ဒီလိုကျစ်ဆံမြီးက လွှင့်သွားပြီဆံပင်တွေရှုပ်ကုန်တာလေ အဲ့ဒါကြောင့် အခုလိုဖြစ်နေတာ ”
” သွားတော့မယ် ”
၀မ်သုန့်က သူ့ကိုလက်ဝှေ့ရမ်းပြရင်းနဲ့ နှုတ်ဆက်ပါတော့တယ်။ ဟို့ယွိဟောင်ကတော့ စိတ်ညစ်နေခဲ့ပါပြီ။
” တကယ်ပဲ အတူတူလေ့ကျင့်လို့မရဘူးလား ”
” မရဘူး စိတ်ငြိမ်အောင်အရင်လုပ်ဦး ”
၀မ်သုန့်က ပြောပြီတဲ့နောက် ပြုံးပြလိုက်ပါတော့တယ်။ သူတို့တွေအကြည့်ချင်ဆုံသွားချိန်မှာတော့ တခဏတာငြိမ်သက်လို့သွားခဲ့ပြန်ပါပြီ။ ဒီလိုအံ့ဩစရာကောင်းတဲ့ညမှာ သူတို့စိတ်ခံစားချက်တွေက ထိန်းချုပ်ဖို့မလွယ်ကူနိုင်ပါဘူး။
ဒါပေမယ့် လက်ရှိအချိန် သူတို့နှစ်ယောက်ကြားမှာတော့ အလွှာတစ်လွှာက ခြားသွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရော ၀မ်သုန့်ရော နှစ်ယောက်စလုံးကဒါကိုကောင်းကောင်းခံစားမိခဲ့ပါတယ်။ သူတို့ရဲ့စိတ်နှလုံးသားထဲမှာတစ်ယောက်နဲ့တစ်ယောက်က နက်နက်ရှိုင်းရှိုင်းချိတ်ဆက်ထားကြပေမဲ့ လက်ရှိအချိန်ဒီဆက်ဆံရေးမှာတော့ အပြောင်းအလဲကိုလက်ခံဖို့အတွက် အချိန်ယူရပါဦးမယ်။
၀မ်သုန့်ထွက်သွားတာကိုကြည့်ရင်း ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာလမ်းပျောက်လို့နေခဲ့ပါတယ်။ အခန်းထဲကို အိတ်လေးတစ်လုံးယူပြီပြန်သွားခဲ့ပေမဲ့ နှလုံးသားခုန်သံတွေကတော့ ပိုပြီးမြန်ဆန်လာနေခဲ့ပါပြီ။ ၀မ်သုန့်နဲ့အတူတူတွေ့ကြုံခဲ့သမျှအရာအားလုံးကိုပြန်လည်တွေးတောမိခဲ့ရင်း ပင်လယ်နတ်ဘုရားရေကန်မှာဖြစ်ခဲ့သလိုမျိုးနှလုံးခုန်သံတွေက ပိုမိုမြန်ဆန်လို့လာခဲ့ပါတော့တယ်။
ကိစ္စတွေက ဒီညမှာပြောင်းလဲလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ မလေ့ကျင့်နိုင်ခဲ့ပါဘူး။ သူ့ရဲ့စိတ်ထဲမှာ ၀မ်သုန့်အယ်ရဲ့ရုပ်သွင်ကသာပြည့်လို့နေခဲ့ပါတယ်။ အကြောင်းအရင်းတချို့ကြောင့် သူမရဲ့ရုပ်သွင်က သူ့အိပ်မက်တွေထဲအထိပါလာရောက်နှောင့်ယှက်နေဆဲပါ။
မနက်ခင်းနေရောင်ခြည်က သူ့ခန္ဓာကိုယ်ပေါ်မှာကျရောက်လို့လာခဲ့ပါတယ်။ မနေ့ညတုန်းက အတော်ကြီးကို အတွေးလွန်သွားခဲ့တာကြောင့် လက်ရှိမနက်မှာအတော်ကိုပျင်းလို့နေခဲ့တော့တယ်။
” သုန့်အယ် သုန့်အယ် ”
သူပြောရင်းနဲ့ ချက်ချင်းဆိုသလို အိပ်ရာဘေးကိုဖြည်းဖြည်းချင်းလှည့်လိုက်ပါတော့တယ်။
” ဘန်း ဘန်း ဘန်း ”
တံခါးခေါက်သံသုံးခုပေါ်လာပြီတဲ့နောက် အိပ်တစ်၀က် နိုးတစ်၀က်ဖြစ်နေတဲ့ ဟို့ယွိဟောင်လဲ ၀ုန်းကနဲထထိုင်မိလိုက်ပါပြီ။ ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီတဲ့နောက် ခပ်မြန်မြန်ပဲ သူထရပ်ရင်းနဲ့ ရုတ်တရက်အော်လိုက်မိပါတော့တယ်။
” သုန့်အယ်လား ”
သူသွားရင်းတံခါးကိုဖွင့်လိုက်ချိန်မှာတော့ ၀မ်သုန့်ရှိမနေခဲ့ပါဘူး။ အဲ့ဒီအစား လူအိုကြီးတစ်ယောက်သာရှိနေခဲ့ပါတယ်။
ရန်ရှောင်ကျဲ့ကတော့ ဟို့ယွိဟောင်ကိုကြည့်ရင်းနဲ့ ပြောနေခဲ့တော့တယ်။
” လူငယ်လေးတို့ကတော့ တကယ်လူငယ်လေးပဲ သေချာပေါက် တစ်ညလုံးအတွေးလွန်နေတာပဲ ဖြစ်ရမယ် ”
ဟို့ယွိဟောင်ကတော့ မျက်နှာတစ်ခုလုံးနီရဲနေခဲ့ပါပြီ။
” ကျောင်းအုပ်ရန် ”
” ဂုဏ်ပြုပါတယ် သေချာပေါက်မင်းလဲ ၀မ်သုန့်က ကောင်မလေးတစ်ယောက်ဆိုတာ မမျှော်လင့်ထားဘူးမဟုတ်လား ”
” ကျောင်းအုပ်ရဲ့လေသံအရဆိုရင် ကြည့်ရတာသိနေတဲ့ပုံပဲ ”
” ဒါပေါ့ ငါလဲသိတယ် အကြီးအကဲမုလဲသိတယ်လေ…ဒါကြောင့်သာ ၀ိညာဥ်ပညာရှင်တွေဆိုတာက သင်ယူဖို့အများကြီးရှိတယ်လို့ပြောခဲ့တာပဲ စာကြည့်တိုက်ထဲမှာနည်းပါးတဲ့သိုင်းပညာ၀ိညာဥ်တွေအကြောင်းကို မှတ်တမ်းတင်ထားတဲ့ စာအုပ်တစ်အုပ်ရှိတယ် ”
” အကယ်၍ မင်းမှာအချိန်ရှိတယ်ဆိုရင် အဲ့ဒါကိုငှားပြီသွားဖတ်လိုက် အဲ့မှာတောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်အကြောင်းကို အသေးစိတ်ရေးထားတယ်…တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ဆိုတာက အရမ်းကိုလှပလွန်တဲ့အပြင် အမျိုးသမီး၀ိညာဥ်ပညာရှင်တွေပဲ ပိုင်ဆိုင်နိုင်တယ်…ဒါကြောင့်သာ သူကျောင်းတော်ထဲကို၀င်လာကထဲက မိန်းကလေးတစ်ယောက်ဆိုတာ ငါတို့သိနေခဲ့တာပဲ ”
” ဒါဖြင့် ဘာများမပြောခဲ့သလဲကျောင်းအုပ်ရန်ရယ် ဒီလိုသိတာတောင်မှ သူ့နဲ့အခန်းတစ်ခန်းထဲမှာအတူနေဖို့ခွင့်ပြုထားတယ်တဲ့လား ”
ဟို့ယွိဟောင်တအံ့တဩမေးပါတော့တယ်။
” ၀မ်သုန့်အယ်က ကြည်လင်ကောင်းကင်မျိုးနွယ်စုကလူဆိုတာမင်းသိမယ်လို့ ငါထင်ပါတယ်…ဒါ့အပြင် သူကမျိုးနွယ်စုရဲ့အသင့်တော်ဆုံးအမွေဆက်ခံသူလဲဖြစ်နေတယ်လေ ငါတို့ကျောင်းတော်က ကြည်လင်ကောင်းကင်မျိုးနွယ်စုနဲ့ အတော်လေးကိုရင်းနှီးတယ်…ဘာဖြစ်လို့သူ့အကြောင်း ငါတို့ကပြောရမှာလဲ သွားကြရအောင် လူတွေအများကြီးမင်းကိုစောင့်နေကြတယ် ”
” အမ်း ကျွန်တော်ကိုစောင့်နေကြတယ်လား ”
ဟို့ယွိဟောင် အနည်းငယ်အံ့အားသင့်လို့သွားခဲ့ပါတယ်။ သေချာပါတယ် ညတုန်းကသူကောင်းကောင်းမအိပ်ရသေးပါဘူး။
အပိုင်း ၂၂၀•၃ ပြီး၏။